Issues
Select Version
နိဿယ-1
မြန်မာဘာသာ
法护-Dhammapāla
中文
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

2. Santhavavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ နသန္ဓဝံကာပုရိသေနကရိယာထ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဣန္ဒသမာနဂေါတ္တဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ဆုံးမခက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘုရားလောင်းသည် စက်ဆုပ်ဖွယ်ရှိသော ယောက်ျားနှင့်တကွပေါင်းဖော်ခြင်းကိုမပြုအပ်ဟုဆို၍။ ။

(၁၇၃) နသန္ဓဝံ ကာ-ပုရိသေန ကရိယာထ၊အရိယော အနရိယေန ပဇာန-မတ္ထံ။

စိရာနုဝုတ္ထောပိ ကရောတိ ပါပံ၊ဂဇော ယထာ ဣန္ဒသမာနဂေါတ္တံ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၇၃) ဘဝန္တော၊ အိုရသေ့တို့။ အတ္ထံ၊ အကျိုးစီးပွါးကို။ ပဇာနံပဇာ နန္တော၊ သိမြော်မြင်သော။ အရိယော၊ မြတ်သောအကျင့်ရှိသောသူသည်။ အနရိယေန၊ ယုတ်မာသောအကျင့်ရှိသော။ ကာ-ပုရိသေန၊ ပြင်းထန်အမျက်ထွက်တတ်သည်ဖြစ်၍စင်စစ်စက်ဆုပ်ဖွယ်ရှိသောသူနှင့်။ သန္ဓဝံ၊ တဏှာအားဖြင့် ပေါင်းဖော်ခြင်း,မိတ်ဖွဲ့သောအားဖြင့်ပေါင်းဖော်ခြင်းကို။ နကရိယာထ၊ မပြုရာ။ ကသ္မာ၊ အဘယ်ကြောင့်မပြုရာဟုငါဆိုသနည်းဟူမူကား။ ဣန္ဒသမာနဂေါတ္တေန၊ ဣန္ဒသမာနဂေါတ္တရသေ့သည်။ ပေါသိယမာနော၊ မွေးအပ်သော။ ဂဇော၊ အမုန်ရစ်သောဆင်သည်။ ဣန္ဒသမာနဂေါတ္တံ၊ ဣန္ဒသမာနဂေါတ္တရသေ့ကို။ ဟနန္တော၊ သတ်လျက်။ ပါပံ၊ မကောင်းမှုကို။ အကာသိယထာ၊ ပြု၏သို့။ ဧဝံတထာ၊ ထို့အတူ။ ယသ္မာ၊ အကြင်ကြောင့်။ အနရိယော၊ သူတော်မဟုတ်ယုတ်မာသောအကျင့်ရှိသောသူသည်။ စိရံ၊ မြင့်ရှည်စွာ။ အနုဝုတ္ထောပိ၊ အတူတကွနေဖူးသော်လည်း။ အဂဏေတွာ၊ ကာလမြင့်ကြာ အတူတကွနေဖူးသည်ကို မရေတွက်မူ၍။ ပါပံ၊ ယုတ်မာသောအမှုကို။ ကရောတိ၊ ပြုတတ်၏။ တသ္မာ၊ ထို့ကြောင့်။ သန္ဓဝံ၊ တဏှာအားဖြင့်ပေါင်းဖော်ခြင်း,မိတ်ဖွဲ့သောအားဖြင့်ပေါင်းဖော်ခြင်းကို။ နကရိယာထ၊ မပြုရာ။ ။ မပေါင်းဖော်သင့်သည်ကိုပြပြီး၍ ယခုအခါပေါင်းဖော်ရာသည်ကိုပြလိုရကား။ ။

(၁၇၄) ယံ တွေဝ ဇညာ သဒိသော မမ-န္တိ၊သီလေန ပညာယ သုတေန စာပိ။

တေနေဝ မေတ္တိံ ကယိရာထ သဒ္ဓိံ၊သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၇၄)တု၊ မပေါင်းဖော်ရာသည်မှတစ်ပါး ပေါင်းဖော်ရာသည်ကိုဆိုအံ့။ ယံဧဝ၊ အကြင်သသူကိုသာလျှင်။ အယံ၊ ဤသူသည်။ မမံ၊ ငါနှင့်။ သီလေန၊ သီလအားဖြင့်၎င်း။ ပညာယ၊ ပညာအားဖြင့်၎င်း။ သုတေနစာပိ၊ အကြားအမြင်အားဖြင့်၎င်း။ သဒိသော၊ တူ၏။ ဣတိ၊ ဤသို့။ ဇညာဇာနေယျ၊ သိရာ၏။ တေနေဝ၊ ထိုသူနှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ မိတ္တိံ၊ မိတ်ဖွဲ့ခြင်းကို။ ကရိယာထ၊ ပြုရာ၏။ ဟဝေ၊ စင်စစ်။ သပ္ပုရိသေနသောဘဏပုရိသေန၊ ကိုယ်နှုတ်နှလုံး အမူတင့်တယ်သောသူတော်ကောင်းနှင့်။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ (စတ္တာရောအရိယာအာစာရအရိယော, လိင်္ဂအရိယော, ဒဿနအရိယော,ပဋိဝေဓအရိယော,တိ။ တေသုအာစာရအရိယောဣဓအဓိပ္ပေတော။ ။ ဝသနိဝါသေ၊ ဓာထွတ္ထဖြစ်၍အနုဝုတ္ထော,ဟုဒန္တဇထသံယုဂ်နှင့်လိုသည်။ ဒေဝေါဝုဋ္ဌော,၌ကား ဝသ,သေဝနေ,ဓာထွတ္ထဖြစ်၍မုဒ္ဓဇဋ္ဌ,လိုသည်)။ ။

ဣန္ဒသမာနဂေါတ္တဇာတကံပဌမံ။ ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နသန္ဓဝသ္မာပရမတ္ထိပါပိယော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသန္ဓဝဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊မီးပူဇော်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

မိမိပူဇော်သောမီးသည်ပင်လျှင် မိမိကျောင်းဆောင်ကို လောင်ခဲ့ရကား၊ ဘုရားလောင်းပုဏ္ဏားသည်‌ကြောက်လန့်တကြားပြေး၍ အပ၌ရပ်လျက်စက်ဆုပ်ဖွယ်ရှိသောသူနှင့် ပေါင်းဖော်ခြင်းမည်သည်ကိုမပြုအပ်။ယခုအခါငါသည် ငြိုငြင်သဖြင့်ဆောက်လုပ်အပ်သော သစ်ရွက်မိုးသောကျောင်းကိုဤမီးသည်လောင်ခဲ့ပြီဟုဆို၍။ ။

(၁၇၅)န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော၊ယော သန္ထဝေါ ကာ-ပုရိသေန ဟောတိ။

သန္တပ္ပိတော သပ္ပိနာ ပါယသေန၊ကိစ္ဆာကတံ ပဏ္ဏ-ကုဋိံ အဒယှိ။

ဟူသောရှေးဦးစွာသောဂါထာကိုရွတ်၏။

(၁၇၅)ကာပုရိသေန၊ စက်ဆုပ်ဖွယ်သောယုတ်မာသသူနှင့်။ ယောသန္ဓဝေါ၊ အကြင်ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာသန္ဓဝါ၊ ထိုစက်ဆုပ်ဖွယ်ရှိသသူနှင့်ပေါင်းဖော်ခြင်းအောက်။ ပရံ၊ အလွန်။ ပါပိယော၊ အထူးသဖြင့်ယုတ်မာသောသဘောသည်။ နတ္ထိ၊ လောကဓာတ်ဝယ်မရှိပြီ။ ကသ္မာ၊ အဘယ့်ကြောင့်မရှိဟူ၍ငါဆိုသနည်းဟူမူကား။ သပ္ပိနာ၊ ထောပတ်ဖြင့်၎င်း။ ပါယာသေန၊ ဃနာဖြင့်၎င်း။ သန္တပ္ပိတောအပိ၊ ရောင့်ရဲပါစေလျက်လည်း။ အယံအဂ္ဂိ၊ ဤမီးသည်။ မယာ၊ ငါသည်။ ကိစ္ဆာကတံ၊ ငြိုငြင်သဖြင့်ပြုအပ်သော။ ပဏ္ဏ-ကုဋိံ၊ သစ်ရွက်မိုးသောကုဋီကို။ အဒယှိ၊ အားပါးမနာလောင်ခဲ့ပြီ။ တသ္မာ၊ ထို့ကြောင့် ငါဆိုပေသတည်း။ ။

ထိုဘုရားလောင်းသည် ဤသို့ဆို၍ အဆွေခင်ပွန်းကိုပြစ်မှားတတ်သောသင်ဖြင့်ငါ့အား အလိုမရှိဟုထိုမီးကိုရေဖြင့်ငြိမ်းစေ၍ သစ်ခက်ဖြင့်ပုတ်၍ ဟိမဝန္တာ၏အတွင်းသို့ဝင်သည်ရှိသော်၊ တစ်ခုသောရွှေနှင့်တူသောအဆင်းရှိသည်၏အဖြစ်ကြောင့်သာမာအမည်ရှိသောသမင်မကို၊ခြင်္သေ့၏၎င်း၊ ကျား၏၎င်း၊ သစ်၏၎င်း မျက်နှာကိုလျက်သည်ကိုမြင်၍သူတော်ကောင်းတို့နှင့်ပေါင်းဖော်ခြင်းထက်မြတ်ခြင်းမည်သည် မရှိဟုကြံ၍။ ။

(၁၇၆)န သန္ထဝ-သ္မာ ပရ-မတ္ထိ သေယျော၊ယော သန္ထဝေါ သပ္ပုရိသေန ဟောတိ။

သီဟဿ ဗျဂ္ဃဿ စ ဒီပိနောစ၊သာမာ မုခံ လေဟတိ သန္ဓဝေန။

ဟူသောဒုတိယဂါထာကိုရွတ်သတည်း။ ။

(၁၇၆)သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ ယောသန္ဓဝေါ၊ အကြင်ပေါင်းဖော်ရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာသန္ဓဝါ၊ ထိုသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရခြင်းထက်။ ပရံ၊ အလွန်။ သေယျော၊ အထူးသဖြင့်မြတ်သောသဘောသည်။ နတ္ထိ၊ လောကဓာတ်ဝယ်မရှိ။ သီဟဿ၊ ခြင်္သေ့၏၎င်း။ ဗျဂ္ဃဿစ၊ ကျား၏၎င်း။ ဒီပိနောစ၊ သစ်၏၎င်း။ မုခံ၊ မျက်နှာကို။ သာမာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသောသမင်မသည်။ သန္ဓဝေန၊ အဖော်ခုံမင် ချစ်ခင်မေတ္တာကြောင့်။ လေဟတိ၊ လျက်၏။ ။

(သန္တပ္ပိ တောသပ္ပိနာပါယာသေန၌ အဝိသဒ္ဒါစသဒ္ဒါတို့သည် နိပါတ်ဖြစ်၍ဇောတကမျှဖြစ်ရကား၊ ထင်ရှားမရှိသော်လည်း မိမိအနက်မပျောက်မပျက်အောင်ယောဇနာသကာလဘော်ရသည်)။ ။

သန္ဓဝဇာတကံ ဒုတိယံ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ကာဋ္ဌာမိဂါသေတဒန္တာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုသီမဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်း သုံးနေတော်မူစဉ်၊ အလိုဆန္ဒကိုညှိညွတ်၍လှူခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ထိုသုသီမမင်းသည် ခပ်သိမ်းသောတန်းဆာတို့ဖြင့်တန်းဆာဆင်လျက်ဆင်မင်္ဂလာအားလျောက်ပတ်သင့်တင့်သောအဆောက်အဦဘဏ္ဍာကိုယူစေ၍မင်္ဂလာပြုရာအရပ်သို့သွား၏။ဘုရားလောင်းသည်လည်းသူငယ်အဆောင်အယောင်ဖြင့်တန်းဆာဆင်အပ်သည်ဖြစ်၍မိမိ၏ပရိသတ်ဖြင့်ခြံရံအပ်သော အခြွေအရံရှိသည်ဖြစ်၍ မင်း၏အထံသို့သွား၍၊ မြတ်သောမင်းကြီး၊သျှင်မင်းကြီးတို့သည်အကျွန်ုပ်တို့၏၎င်း၊ သျှင်မင်းကြီးတို့၏၎င်း အနွယ်ကိုဖျက်၍တစ်ပါးကုန်သောပုဏ္ဏားတို့ကိုဆင်မင်္ဂလာကိုပြုစေ၍သင်တို့၏တန်းဆာတို့ကို၎င်း၊အဆောက်အဦတို့ကို၎င်း ထိုတစ်ပါးကုန်သောပုဏ္ဏားတို့အား ပေးအံ့ဟူ၍ဆိုတော်မူကုန်သည်ဟုကြားရသည်ကားမှန်သလောဟုဆို၍။ ။

(၁၇၇) ကာဠာမိဂါ သေတဒန္တာ တဝီ-မေ၊ပရော-သတံ ဟေမ-ဇာလာ-ဘိဆန္နာ။

တေ-တေ ဒဒါမီ-တိ သုသီမဗြူသိ၊အနုဿရံ ပေတ္တိ-ပိတာမဟာနံ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၇၈) သုသီမ၊ မင်းမြတ်သုသီမ။ တဝ၊ သျှင်မင်းမြတ်၏။ သန္တိကေ၊ အထံတော်၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတ-ဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရော-သတံ၊ တစ်ရာထက်လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ရက်ဖြင့်ကောင်းစွာဖုံးလွှမ်းအပ်ကုန်သော။ ဣမေဟတ္ထီ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ သုသီမ၊ မင်းမြတ်သုသီမ။ တွံ၊ သျှင်မင်းမြတ်သည်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်မြတ်၏၎င်း။ ဝံသေ၊ အနွယ်၌။ ပေတ္တိ-ပိတာမဟာနံ၊ အဘအဘိုးတို့၏။ အာစိဏ္ဏံ၊ အလေ့အကျက်ကို။ အနုဿရံအနုဿရန္တော၊ အောက်မေ့တော်မူနိုင်လျက်ပင်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်မြတ်၏၎င်း။ ဝံသံ၊ အနွယ်ကို။ နာသေတုံ၊ ဖျက်ဆီးခြင်းငှါ။ တေ-တေ တေဧတေ၊ ထိုဆိုအပ်ပြီးသော ဤဆင်တော်တို့ကို။ မယာ၊ အကျွန်ုပ်မှ။ အညေသံ၊ တစ်ပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဗြူသိကိရ၊ အမိန့်တော်ပြန်တော်မူသည်ဟု ကြားရသည်ကား။ သစ္စံ၊ မှန်သလော။ ။

သုသီမမင်းသည်ဘုရားလောင်း၏စကားကိုကြား၍။ ။

(၁၇၈)ကာဠာ မိဂါ သေတဒန္တာ မမီမေ၊ပရော-သတံ ဟေမဇာလာဘိစ္ဆန္နာ။

တေ-တေ ဒဒါမီ-တိ ဝဒါမိ မာဏဝ၊အနုဿရံ ပေတ္တိ-ပိတာမဟာနံ။

ဟူသောဒုတိယဂါထာကိုရွတ်၏။ ။

(၁၇၈)မာဏဝ၊ မောင်လုလင်။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုး ဖြစ်ကုန်ထသော။ သေတ-ဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရော-သတံ၊ တစ်ရာထက်လွန်ကုန်ထသော။ ဟေမ-ဇာလာ-ဘိဆန္နာ၊ ရွှေကွန်ရက်ဖြင့်ကောင်းစွာဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ပေတ္တိ-ပိတာမဟာနံ၊ အဘအဘိုးတို့၏။ ကြိယံ၊ အမှုကို။ အနုဿရံအနုဿရန္တော၊ အောက်မေ့လျက်။ တေ-တေတေဧတေ၊ ထိုဆိုအပ်ပြီးသောဤဆင်တော်တို့ကို။ တယာ၊ သင်မှ။ အညေသံ၊ တစ်ပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဒါမိ၊ ဆိုသည်ကား။ သစ္စမေဝ၊ မှန်သလျှင်ကတည်း။

(ဤဂါထာတို့၌ကာဠာ,ဟူသောပါဌ်ဖြင့် ဆင်ဖြူ,ဆင်နီ,စသည်မဟုတ်၊ဆင်မည်းအဖြစ်ကိုသိအပ်၏။ မိဂ,သဒ္ဒါသည်အခြေလေးချောင်းရှိသောသားမျိုးကိုဟောသည်ဖြစ်၍မိဂါဆိုသည်။ ဣမေ၌ဣမ,သည်အစ္စန္တသမီပပစ္စက္ခအနက်ကိုဟောသည်ဖြစ်၍။ တဝ၊ သင်အား,ဟုသမ္ပဒါနတ္ထယူသည်ရှိသော်၊ နိုင်ငံတော်အတွင်းအဝေးအနီးရှိသမျှကိုရသောကြောင့်၊ သန္တိကေ,ဟူသောပါဌသေသကိုသိသာသည်။ ဣမေ,သည်သဗ္ဗနာမ်ပုဒ်ဖြစ်၍ဝိသေသနဖြစ်ရကား၊ဟတ္ထီ,ဟူသောပဌာနပုဒ်ထည့်ရသည်။ ကြိယာသုညံကာရကံနာမနတ္ထိ,ဟု၊ပရိဘာသာလာသောကြောင့်၎င်း၊ ခပ်သိမ်းသော ပဒတ္ထသည်သတ္တာသဘောမကင်းသောကြောင့်၎င်း၊ ကုသလာဓမ္မာ,ဟောသော်၊သံဝိဇ္ဇန္တိ ကြိယာကိုသိရသကဲ့သို့၊သန္တိ,ဟူသောကြိယာကိုသိသာသည်။ ဒွီသုသဗ္ဗနာမေသုမေဝပဋ္ဌာနံ,ဟူသောပရိဘာသာကိုအရာခပ်သိမ်းမမှတ်အပ်။ လွန်လေပြီးသည်ကိုစွဲသောကြောင့်၊ တေ,ဟုဆိုပြီး၍ထိုအတ္ထသည်မျက်ကွယ်မဟုတ်ပစ္စက္ခဖြစ်သောကြောင့်၊ တေ,ဧတေ,ဟုနှစ်ထွေဆိုရကား၊ထိုဆိုအပ်ပြီးသောဤဆင်တော်တို့ကို ဟုယောဇနာရသည်။ ယဿဒါတုကာမောရောစတေဓာရယတေဝါတံ သမ္ပဒါနံ,ဟူသောကစ္စည်းစာရှိ၍ ဒဒါမိကြိယာသည် သမ္ပဒါန်ကို ငဲ့ရကား၊အရာအားလျော်စွာ ဗြာဟ္မဏာနံ,ဟူသောသမ္ပဒါန်ကိုသိသာသည်။ လုလင်သည်ပုရောဟိတ်သားဖြစ်လျက် သူ့ကိုမပေးခဲ့ရကား၊ အညေသံ,ဟူသောဝိသေသနနှင့်တကွ မယာ,ဟူသောအပါဒါန်ကိုသိသာသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို အပိုင်လှူသကဲ့သို့မဟုတ်သောကြောင့်၊ မင်္ဂလကရဏတ္ထာယ,ဟူသော ပါဌသေသကိုသိသာသည်။ ပေတ္တိပိတာမဟာနံ,ဟူသောပုဒ်သည်ဝိသေသနကိုငဲ့သောကြောင့်၊ဝံသေ,ဟူသော ပါဌသေသကိုထည့်ရသည်။ ထိုဝံသေ,ဟူသောသတ္တမီဝိသေသနသည်လည်းသမ္ဗန္ဓဝိသေသနကိုငဲ့သောကြောင့် ဝဒန္တပုဂ္ဂိုလ်၏အလိုအားလျော်စွာ အမှာကဉ္စအတ္တနောစ,ဟူသောဆဋ္ဌီဝိသေသနကိုထည့်ပြန်ရသည်။ ပေတ္တိပိတာမဟာနံ, ဟူသောသမ္ဗန်ကို အနုဿရံ,၌မစပ်ကောင်း။ အနုဿရံ,သည်လည်းကံကိုငဲ့သောကြောင့်၊ အာစိဏ္ဏံ,ဟူသောပါဌသေသကိုထည့်ရသည်။ အနွယ်၌အလေ့အကျက်ကိုသိလျက် အောက်မေ့နိုင်လျက်တစ်ပါးသောပုဏ္ဏားတို့အားပေးခြင်းသည် အနွယ်ကိုဖျက်ဆီး၏ဟူသောအတ္ထသည် ပြီးသောကြောင့်၊ဝံသံနာသေတုံ,ဟူသောပါဌသေသကိုသိသာသည်။ ဗြူသိ, ကြိယာသည်သူ့ကိုတူရူမဆို။ အဆင့်စကားကြားရသည်ကို လျှောက်သောကြောင့်၊ အနုဿဝထင်စိမ့်သောငှာ၊တူရူပင်မရှိသော်လည်း၊ကိရ,ပုဒ်ကိုထည့်၍ ဗြူသိကိရ,ဟုယောဇနာရသည်။ ထိုစကားသည် အကြားနှင့်တန္ထုထိုက်သော စကားဖြစ်၍သစ္စံ,ဟူသော ပါဌသေသကိုသိသာသည်။ ဤသို့အသီးအသီးစိစစ်၍ ရသောကြောင့် ပါဌသေသကိုပိုမိုသည်ဟု မဆိုသာ။ အဋ္ဌကထာနှင့်တိုက်ပါလေ)။ ။

သုသီမဇာတကံ တတိယံ။ ။

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယံနုဂိဇ္ဈောယောဇနသတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောမိဘတို့ကိုလုပ်ကျွေးသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ထိုအခါ၌ဘုရားလောင်းကိုမင်းသည်အိုလင်းတ၊လင်းတတို့သည်ကား၊ယူဇနာတစ်ရာထက်၌တည်ကုန်၍ သား ကောင်ကိုမြင်ကုန်လျက်၊အဘယ်ကြောင့်သင်သည်မိမိအကျိုးငှါထောင်အပ်သောကြော့ကွင်းကိုမမြင်သနည်းဟုမေးလိုကား။

(၁၇၉)ယံနု ဂိဇ္ဈော ယောဇန-သတံ၊ကုဏပါနိ အဝေက္ခတိ။

ကသ္မာ ဇာလဉ္စ ပါသဉ္စ၊အာသဇ္ဇာပိ န ဗုဇ္ဈသိ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၇၉)ဘောဂိဇ္ဈ၊ ဝေးယူဇနာ၊ ချင့်တရာက၊ အစာသားတစ်၊ ရှိသည့်ဖြစ်ကို၊ ထစ်ထစ်ထင်ထင်၊ရှုနိုင်မြင်လျက်၊ညွတ်တွင်မိထ၊အိုလင်းတ။ ဂိဇ္ဈောနုဂိဇ္ဈောနာမ၊ လင်းတမည်သည်ကား။ ယောဇန-သတံ၊ ယူဇနာတစ်ရာကို။ အတိက္ကမိတွာ၊ လွန်၍။ ဌိတာနိ၊ တည်ကုန်သော။ ကုဏပါနိ၊ အစာသားကောင်တို့ကို။ အဝေက္ခတိ၊ မြင်နိုင်သည်မဟုတ်လော။ အထ၊ ထိုသို့ဖြစ်လျက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ပိုက်သို့၎င်း။ ပါသဉ္စ၊ ကြော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ ကသ္မာ၊ အဘယ့်ကြောင့်။ နဗုဇ္ဈသိ၊ မသိဘိသနည်း။ ။

(ယန္တိနိပါတမတ္တံ။နူတိနာမတ္ထေနိပါတော,ဟူရကား၊ယံလွှတ်၍နုကိုနာမဖွင့်၍ယောဇနာသည်)။ ။

ထိုလင်းတသည်ထိုမင်း၏စကားကိုကြား၍။ ။

(၁၈ဝ)ယဒါပရာဘဝေါ ဟောတိ၊ပေါသော ဇီဝိတ-သင်္ခယေ။

အထ ဇာလဉ္စ ပါသဉ္စ၊အာသဇ္ဇာပိန ဗုဇ္ဈတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၈၀)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယဒါ၊ အကြင်အခါ၌။ ပေါသော၊ သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်အံ့သောအခါသည်။ ပတ္တေ၊ ရောက်လတ်သော်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ သောပေါသော၊ ထိုပျက်စီးလိုသောသတ္တဝါသည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ပိုက်သို့၎င်း။ ပါသဉ္စ၊ ကြော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ နဗုဇ္ဈတိ၊ မသိ။ ။

ဂိဇ္ဈဇာတကံ စတုတ္ထံ။ ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သန္ဓိံ ကတွာအမိတ္တေန,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤနကုလဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အမတ်စစ်သူကြီးနှစ်ယောက်တို့၏ ခိုက်ရန်ဖြစ်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘုရားလောင်းသည် ထိုမြွေပါကို ထိုအခြင်းဖြင့် ဝပ်၍အိပ်သည်ကိုမြင်၍။ မြွေပါ၊ သင်အားအဘယ်ကိုလျှင်မှီ၍ ဘေးသည်ဖြစ်သနည်းဟုမေးလိုရကား။ ။

(၁၈၁)သန္ဓိံ ကတွာ အမိတ္တေန၊အဏ္ဍဇေန ဇလာဗုဇ။

ဝိဝရိယ ဒါဌံ သေသိ၊ကုတော တေ ဘယမာဂတံ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၈၁)ဇလာဗုဇ၊ မြွေပါ။ တွံ၊ သင်သည်။ အမိတ္တေန၊ ရန်သူဖြစ်သော။ အဏ္ဍဇေန၊ မြွေနှင့်။ သန္ဓိံ၊ စေ့စပ်ခြင်းဟူသောမိတ်အဖြစ်ကို။ ကတွာ၊ ပြု၍။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဖော်၍။ သေသိ၊ အိပ်၏။ တေ၊ သင်အား။ ကုတော၊ အဘယ်မှ။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာသနည်း။ ။

ဤသို့ဘုရားလောင်းမေးအပ်သောမြွေပါသည်၊ အသျှင်ရသေ့၊ရန်သူမည်သည်ကို မထေမဲ့မြင်မပြုအပ်။ ရွံရှာအပ်သလျှင်ကတည်းဟုဆိုလိုရကား။ ။

(၁၈၂)သင်္ကေထေ-ဝ အမိတ္တသ္မိံ၊မိတ္တသ္မိံပိနဝိဿသေ။

အ-ဘယာ ဘယ-မုပ္ပန္နံ၊အပိ မူလာနိကန္တတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၈၂)အယျ၊ သျှင်ရသေ့။ အမိတ္တသ္မိံ၊ ရန်သူ၌၎င်း။ မိတ္တသ္မိမ္ပိ၊ အဆွေခင်ပွန်း၌၎င်း။ သင်္ကတေ-ဝ၊ ရွံရှာအပ်သည်သာလျှင်တည်း။ နဝိဿသေ၊ အကျွမ်းတဝင်မပြုရာ။ အဘယာ၊ ဤသူမှဘေးမဖြစ်ပြီဟု ထင်မှတ်အပ်သောအဆွေခင်ပွန်းမှ။ ဥပ္ပန္နံ၊ ဖြစ်သော။ ဘယံ၊ ဘေးသည်။ မူလာနိအပိ၊ အမြစ်အရင်းတို့ကိုသော်လည်း။ ကန္တတိ၊ ဖြတ်တတ်၏။

(ဇရံဇိရဏံ ဘေဒံယာတိ ဥပေတီတိဇလာဗု။ ဇရံဇိရဏံ ဘေဒံ၊ ပျက်စီးခြင်းသို့။ ယာတိဥပေတိ၊ ရောက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဇလာဗု၊ ဇလာဗုမည်၏။ အရကား။ အမိဝမ်း၌ကိန်းသောသတ္တဝါတို့၏ကိုယ်ကိုရစ်ပတ်ဖုံးလွှမ်းသောသူငယ်အိမ်အချင်းရ၏။ ရ,ကြီးကိုလ။ ယ,ငယ်ကိုဗ,ပြု၍ဇလာဗု,ပြီးသတည်း။ ဇလာဗုမှိဇာတောဇလာဗုဇော။ သူငယ်အိမ်အချင်း၌ဖြစ်သောသတ္တဝါရသတည်း။ နဣတောဘယံဥပ္ပန္နန္တိ အဘယော,ပြု၍ ဤသူမှဘေးမရှိပြီဟုမှတ်အပ်သောအဆွေခင်ပွန်းကိုရသတည်း။ အဆွေခင်ပွန်းမှဖြစ်သော ဘေးသည် သနစ်သနာအတွင်းပြင်သိသောကြောင့် အမြစ်အရင်းကိုသော်လည်းဖြတ်ရကား အားကြီးသည်ဟူလို)။ ။

နကုလဇာတကံပဉ္စမံ။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဥပသာလကနာမာနိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဥပသာလကဇာတ်ကို၊ဝေဠုဝန်ကျောင်းကြီးသီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော ဥပသာလကအမည်ရှိသောသူသေမချဘူးရာ သန့်ရှင်းစင်ကြယ်သော သင်းချိုင်းကိုရှာသောပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းရသေ့သည်၊ လုလင်၊ဤအရပ်၌သာလျှင်သင်္ဂြိုဟ်အပ်ကုန်သောသူတို့၏ အတိုင်းအရှည်သည်မရှိ။ သင်၏ အဘသည်ပင်လျှင် ဤရာဇဂြိုဟ်ပြည်၌ ပုဏ္ဏားမျိုး၌ဖြစ်၍ ဥပသာလကအမည်ရသည်သာလျှင်ဖြစ်၍၊ဤတောင်သုံးလုံးတို့၏အကြား၌ ဘဝတစ်သောင်းလေးထောင်တို့ပတ်လုံးဘုတ်ကြည်းသင်္ဂြိုဟ်သည်ကိုခံရဘူးလေပြီ။ ထိုစကားသည်မှန်၏။ မြေ၌သုသာန်မဟုတ်ရာ အရပ်ကို၎င်း၊မသေဖူးရာအရပ်ကို၎င်း၊ ရအံ့သောငှါမတတ်ကောင်းဟု ပုဗ္ဗေနိဝါသဉာဏ်ဖြင့်ပိုင်းခြား၍။ ။

(၁၈၃)ဥပသာလက-နာမာနိ၊သဟဿာနိ စတုဒ္ဒသ။

အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊နတ္ထိ လောကေ အနာမတံ။

(၁၈၄)ယမှိ သစ္စဉ္စ ဓမ္မောစ၊အဟိံသာ သံယမော ဒမော။

ဧတံ အရိယာ သေဝန္တိ၊ဧတံ လောကေ အနာမတံ။

ဟူသောနှစ်ဂါထာကိုဟော၏။ ။

(၁၈၃-၁၈၄)မာဏဝ၊ လုလင်။ အသ္မိံပဒေသ၊ ဤအရပ်၌။ ဥပသာလက-နာမာနိ၊ ဥပသာလကအမည်ရှိကုန်သော။ စတုဒ္ဒသသဟဿာနိ၊ တစ်သောင်းလေးထောင်ကုန်သောသူတို့ကို။ ဒဍ္ဎာနိ၊ ဘုတ်ကြည်းသင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လူ့ပြည်၌။ အနာမတံ၊ သုသာန်သင်းချိုင်းမဟုတ်သောအရပ်မည်သည်။ နတ္ထိ၊ မရှိ။ မာဏဝ၊ လုလင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ လောကုတ္တရာ၏ ရှေ့အဖို့၌ဖြစ်သော သစ္စာလေးထွေတို့ကို ဝေဖန်နိုင်သောဉာဏ်၎င်း။ ဓမ္မောစ၊ လောကုတ္တရာတရား၎င်း။ အဟိံသာစ၊ သူတပါးကိုမညှဉ်းဆဲကြောင်းကရုဏာ၎င်း။ သံယမောစ၊ ဝိရမိတဗ္ဗဝတ္ထုမှစောင့်ရှောက်သော သီလသံယမ၎င်း။ ဒမောစ၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း ဣန္ဒြိယသံဝရသီလ၎င်း။ ဣဒံဂုဏဇာတံ၊ ဤဂုဏ်လေးပါးအပေါင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့သည်။ သေဝန္တိ၊ မှီဝဲကုန်၏။ ဧတံဂုဏဇာတံ၊ ဤဆိုအပ်ပြီးသော ဂုဏ်လေးပါးအပေါင်းသည်။ လောကေ၊ လောက၌။ အနာမတံ၊ သေခြင်းကင်းသည်၏ အဖြစ်ကိုပြီးစေတတ်သည်၏အဖြစ်ကြောင့်အနာမတမည်၏။ ။

အမတံ,ဟူသောပုဒ်၌သုသာန်အရပ်ကိုပင်လျှင်အမင်္ဂလာကိုမင်္ဂလာကဲ့သို့ လှီးလွှဲဥပစာရအားဖြင့် အမတဟူ၍ဆိုသည်။ ထိုအမတကိုမြစ်၍ အနာမတ,ဟုဆိုရကား။ အနာမတံ၊ သုသာန်သင်းချိုင်းမဟုတ်သောအရပ်မည်သည်,ဟု၊ယောဇနာရသည်။ ဒုတိယဂါထာ၊ ဧတံလောကေ အနာမတံ၌ကား။ ဧတံလောကေအနာမတန္တိ ဧဝံဂုဏဇာတံလောကေ အမတဘာဝသာဓနတောအနာမတံနာမ,ဟု၊အဋ္ဌကထာဟူရကား။ မတမေဝအမတံ။နတ္ထိအမတံ မရဏံဧတသ္မိန္တိ အနာမတံ။ ဧတသ္မိံ၊ ထိုနိဗ္ဗာန်သည်။ ဝါ။ ဧတသ္မိံ၊ ထိုနိဗ္ဗာန်ကို။ အဓိဂတေ၊ ရအပ်သည်ရှိသော်။ အမတံမရဏံ၊ သေခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။ အနာမတံနာမ၊ အနာမတမည်၏။ ဤသို့သောနိဗ္ဗစနဖြင့် နိဗ္ဗာန်သည်မုချ။ နိဗ္ဗာန်သို့ရောက်ကြောင်း သစ္စဓမ္မစသောလေးပါးသောကျေးဇူးတရားအပေါင်းသည်ဖလူပစာရအားဖြင့်အနာမတမည်သတည်း)။ ။

ဥပသာလကဇာတကံဆဋ္ဌံ။ ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဘုတွာဘိက္ခသိဘိက္ခု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသမိဒ္ဓိဇာတ်ကို၊ ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍တပေါဒါရုံ ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်၊ သမိဒ္ဓိမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။

ထိုအခါဘုရားလောင်းသည် အလုံးစုံသောညဉ့်ပတ်လုံးလုံ့လကိုအားထုတ်၍ အရုဏ်တက်သောကာလ၌ရေချိုး၍ တစ်ထည်သောလျှော်တေသင်္ကန်းကိုဝတ်၍ တစ်ထည်သော လျှော်တေသင်္ကန်းကို လက်ဖြင့်ကိုင်၍ကိုယ်ကိုရေမရှိသည်ကိုပြုလျက်ရပ်၏။ ထိုအခါဘုရားလောင်း၏ အဆင်းအားဖြင့် တင့်တယ်သောအဖြစ်မြတ်သောအဖြစ်သို့ ရောက်သောကိုယ်တော်ကိုကြည့်မိ၍တပ်စွန်းသောစိတ်ရှိသော တစ်ယောက်သောနတ်သ္မီးသည်ဘုရားလောင်းကိုဖြားယောင်းလိုရကား။ ။

(၁၈၅)အဘုတွာ ဘိက္ခသိ ဘိက္ခု၊နဟိ ဘုတွာန ဘိက္ခသိ။

ဘုတွာန ဘိက္ခု ဘိက္ခဿု၊မာ တံ ကာလော ဥပစ္စဂါ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၈၅) ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရ-ကာလေ၊ ငယ်သောကာလ၌။ ကိလေသကာမ-ဝသေန၊ ကိလေသကာမ၏အစွမ်းအားဖြင့်။ ဝတ္ထုကာမေ၊ ဝတ္ထုကာမတို့ကို။ အ-ဘုတွာ၊ မခံစားမူ၍။ ဘိက္ခသိ၊ ဆွမ်းခံခြင်းငှါကျင့်ဘိ၏။ ဝါ၊ ရဟန်းပြုဘိ၏။ ပဉ္စကာမဂုဏေ၊ ငါးပါးသောကာမဂုဏ်တို့ကို။ ဘုတွာ၊ ခံစားပြီး၍။ ဘိက္ခာယ၊ ဆွမ်းခံခြင်းငှါ။ စရိတဗ္ဗံနနု၊ ကျင့်စကောင်းသည်မဟုတ်လော။ (ထည့်)။ တွံ၊ သင်မူကား။ ကာမေ၊ ကာမဂုဏ်တို့ကို။ နဘုတွာန၊ မခံစားမူ၍သာလျှင်။ ဘိက္ခသိ၊ ဆွမ်းခံသောအကျင့်သို့ကပ်ဘိ၏။ ဝါ၊ ရဟန်းပြုဘိ၏။ ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဒဟရ-ကာလေ၊ ငယ်သောကာလ၌။ တာဝ၊ ရှေးဦးစွာ။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဘုတွာန၊ ခံစားပြီး၍။ ပစ္ဆာ၊ နောက်မှ။ မဟလ္လက-ကာလေ၊ အိုမင်းသောကာလ၌။ ဘိက္ခဿု၊ ဆွမ်းခံသောအကျင့်သို့ကပ်ဘိလော့။ တံ၊ သင့်ကို။ ကာလော၊ ကာမချမ်းသာခံစားရာဖြစ်သောပျိုရွယ်သောကာလသည်။ မာဥပစ္စဂါ၊ မလွန်စေလင့်။ ။

ဘုရားလောင်းသည် နတ်သ္မီးတရားချသောစကားကိုကြား၍ မိမိအလိုကိုပြလိုရကား။ ။

(၁၈၆)ကာလံ ဝေါ-ဟံ န ဇာနာမိ၊ဆန္နော ကာလောန ဒိဿတိ။

တသ္မာ အ-ဘုတွာ ဘိက္ခာမိ၊မာ မံ ကာလော ဥပစ္စဂါ။

ဟူသောဒုတိယဂါထာကိုဆို၏။

(၁၈၆)ဒေဝတေ၊ နတ်သ္မီး။ အဟံ၊ ငါသည်။ ကာလံ၊ သေလတ်အံ့သောကာလကို။ နဇာနာမိ၊ မသိခဲ့။ မယှံ၊ ငါ့အား။ ကာလော၊ သေလတ်အံ့သောကာလသည်။ ဆန္နော၊ မောဟဖုံးလွှမ်းအပ်သည်ဖြစ်၍။ နဒိဿတိ၊ မထင်ခဲ့။ တသ္မာ၊ ထို့ကြောင့်။ ကာမေ၊ ကာမဂုဏ်တို့ကို။ အ-ဘုတွာ၊ မခံစားမှု၍။ မံ၊ ငါ့ကို။ ကာလော၊ ရဟန်းတရားအားထုတ်ရာကာလသည်။ မာဥပစ္စဂါ၊ မလွန်ပါစေလင့်ဟု။ အဟံ၊ ငါသည်။ ဘိက္ခာမိ၊ ဆွမ်းခံသောအကျင့်သို့ကပ်၏။ ဝါ၊ ရဟန်းပြု၏။

သမိဒ္ဓိဇာတကံ သတ္တမံ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သေနောဗလသာပတမာနော, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသကုဏဂ္ဃိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မိမိအလိုအားဖြင့်ဟောအပ်သောသကုဏောဝါဒသုတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဗီလုံးငှက်နှင့်သိမ်း,ရှေးအဖြစ်ကိုပြပြီး၍ ရဟန်းတို့အားကျက်စားရာဟုတ်သည် မဟုတ်သည်ကို ဟောတော်မူ၍ဘုရားအဖြစ်သို့ရောက်လတ်ပြီး၍။ ။

(၁၈၇)သေနော ဗလသာ ပတမာနော၊လာပံ ဂေါစရ-ဌာယိနံ။

သဟသာ အဇ္ဈပ္ပတ္တော-ဝ၊မရဏံ-တေနုပါဂမိ။

ဟူသောရှေးဦးစွာသောဂါထာကိုဟောတော်မူ၏။ ။

(၁၈၇)ဘိက္ခဝေ၊ ရဟန်းတို့။ ဂေါစရဌာယိနံ၊ မိမိနေရာမှထွက်၍အစာရှာစားခြင်းငှါတောအုပ်အစွန်၌တည်ထသော။ လာပံ၊ ဗီလုံးငှက်သို့။ သေနော၊ သိမ်းသည်။ ဗလသာ၊ အစွမ်းအားဖြင့်။ ပတမာနော၊ ထိုးအံ့သောငှါကျလေသည်ရှိသော်။ သဟသာ၊ လျင်မြန်စွာ။ အဇ္ဈပတ္တော-ဝ၊ ရောက်လေသလျှင်ကတည်း။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ သောသေနော၊ ထိုသိမ်းသည်။ မရဏံ၊ သေခြင်းသို့။ ဥပါဂမိ၊ ရောက်လေ၏။ ။

ထိုသိမ်းသည်သေခြင်းသို့ ရောက်သည်ရှိသော်၊ ဗီလုံးငှက်သည်မြေစိုင်ခဲအကြားမှထွက်၍ စင်စစ်လျှင်ငါသည်ရန်သူ၏ပျက်စီးခြင်းကိုမြင်အပ်ပြီဟုနှလုံးထား၍ဝမ်းမြောက်ဝမ်းသာကျူးရင့်လိုရကား။ ။

(၁၈၈)သော-ဟံ နယေန သမ္ပန္နော၊ပေတ္တိကေ ဂေါစရေ ရတော။

အပေတ-သတ္တု မောဒါမိ၊သမ္ပဿံ အတ္ထ-မတ္တနော။

ဟူသောဒုတိယဂါထာကိုရွတ်၏။ ။

(၁၈၈)နယေန၊ ဘေးမှလွတ်ခြင်းအကြောင်း ဥပါယ်ကိုသိသောဉာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ သောအဟံ၊ ထိုငါသည်။ ပေတ္တိကေ၊ အဘဥစ္စာဖြစ်သော။ ဂေါစရေ၊ ကျက်စားရာအရပ်၌။ ရတော၊ မွေ့လျော်သည်ရှိသော်။ အပေတသတ္တု၊ ရန်သူမှကင်းလွတ်သည်ဖြစ်၍။ အတ္တနော၊ ငါ၏။ အတ္ထံ၊ ရောဂါကင်းလွတ်သည့်အဖြစ်ဟုဆိုအပ်သောအစီးအပွါးကို။ သမ္ပဿံ၊ ကောင်းစွာမြင်ခြင်းကြောင့်။ မောဒါမိ၊ ဝမ်းမြောက်ရ၏။ ။

သကုဏဂ္ဃိဇာတကံအဋ္ဌမံ။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ယောဝေမေတ္တေနစိတ္တေန,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအရကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊မေတ္တသုတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။

ထိုဘုရားလောင်းအရကဆရာသည် ရသေ့အပေါင်းကိုဆုံးမသည်ရှိသော်၊ ရဟန်းမည်သည်ကား မေတ္တာကို ပွါးစေအပ်၏၊ ကရုဏာကိုပွါးစေအပ်၏၊ မုဒိတာကိုပွါးစေအပ်၏၊ ဥပေက္ခာကိုပွါးစေအပ်၏။ ထိုစကားမှန်၏။ ထိုမေတ္တာစိတ်မည်သည်ကားအပ္ပနာသို့ရောက်သည်ရှိသော် ဗြဟ္မာ့ပြည်လားရခြင်းကိုပြီးစေ၏ဟုမေတ္တာ၏အကျိုးအာနိသင်ကိုပြလိုရကား။ ။

(၁၈၉)ယော ဝေ မေတ္တေန စိတ္တေန၊သဗ္ဗ-လောကာ-နုကမ္ပတိ။

ဥဒ္ဓံ အဓောစ တိရိယံ၊အ-ပ္ပမာဏေန သဗ္ဗသော။

(၁၉၀)အပ္ပမာဏံ ဟိတံ စိတ္တံ၊ပရိပုဏ္ဏံ သုဘာဝိတံ။

ယံပမာဏ-ကတံ ကမ္မံ၊န တံ တတြာ-ဝသိဿတိ။

ဟူသောနှစ်ဂါထာတို့ကိုဟော၏။ ။

(၁၈၉-၁၉ဝ)ဘဝန္တောဣသိဂဏာ၊ အိုရသေ့အပေါင်းတို့။ ယောယောကောစိ၊ သမဏ-ဗြာဟ္မဏစသည်တို့တွင်အကြင်အမှတ်မရှိသောသူသည်။ ဥဒ္ဓံ၊ မြေအပြင်မှနေဝသညာနာသညာယတနဗြဟ္မာ့ပြည်တိုင်အောင်သောအရပ်ဟုဆိုအပ်သောအထက်မျက်နှာသည်၎င်း။ အဓော၊ မြေအပြင်မှ ဥဿဒ္ဒငရဲကြီးတိုင်အောင်သော အရပ်ဟုဆိုအပ်သောအောက်မျက်နှာသည်၎င်း။ တိရိယဉ္စ၊ လူတို့ပြည်၌အကြင်မျှလောက်ကုန်သောစကြဝဠာဟုဆိုအပ်ကုန်သောဘီလာအရပ်မျက်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဧတ္တကေ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနေ၊ အရပ်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ အ-ဝေရာ၊ ရန်မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဗျာပဇ္ဇာ၊ ကြောင့်ကြခြင်းမရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အ-နီဃာ၊ ဆင်းရဲမရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သုခီ၊ ချမ်းသာခြင်းရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ အတ္တာနံ၊ ကိုယ်ကို။ ပရိဟရန္တု၊ ဆောင်နိုင်စေကုန်သတည်း။ ဣတိ၊ ဤသို့။ သဗ္ဗသောသဗ္ဗာ-ကာရေန၊ ထက်အောက်ဘီလာအရပ်မျက်နှာဟု ဆိုအပ်သောသုဂတိ,ဒုဂ္ဂတိ,ဖြစ်သောခပ်သိမ်းသောအခြင်းအရာအားဖြင့်။ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ မေတ္တေန၊ မေတ္တာနှင့်ယှဉ်သော။ စိတ္တေန၊ စိတ်ဖြင့်။ သဗ္ဗလောကံ၊ အလုံးစုံသောသတ္တလောကကို။ ဝေ၊ စင်စစ်။ အနုကမ္ပတိ၊ စောင့်ရှောက်၏။ ။ တဿ၊ ထိုသူ၏။ အ-ပ္ပမာဏံ၊ အတိုင်းအရှည်မရှိသောသတ္တဝါလျှင်အာရုံရှိသည်ကို။ ကတွာ၊ ပြု၍။ သုဘာဝိတံ၊ ကောင်းစွာပွါးစေအပ်သော။ ပရိပုဏ္ဏံ၊ ပြည့်စုံစွာသော။ သဗ္ဗသတ္တေသု၊ ခပ်သိမ်းသောသတ္တဝါတို့၌။ ဟိတံ၊ အစီးအပွါးကိုအလိုရှိသော။ ယံစိတ္တံ၊ အကြင်ရူပါဝစရစိတ်၌ယှဉ်သောကံသည်။ အတ္ထိ၊ ရှိ၏။ တတြ၊ ထိုရူပါဝစရကံ၌။ ပမာဏ-ကတံ၊ အတိုင်းအရှည်အားဖြင့်ပြုအပ်သော။ ယံကမ္မံ၊ အကြင်ကာမာဝစရကံသည်။ အတ္ထိ၊ ရှိ၏။ တံကမ္မံ၊ ထိုကာမာဝစရကံသည်။ နအဝသိဿတိ၊ လွှမ်းမိုး၍မတည်နိုင်။ အထခေါ၊ စင်စစ်သော်ကား။ ရူပါဝစရကမ္မမေဝ၊ ရူပါဝစရကံသည်သာလျှင်။ ကာမာဝစရကမ္မံ၊ ကာမာဝစရကံကို။ အဝသိဿတိ၊ လွှမ်းမိုး၍တည်နိုင်၏။

အရကဇာတကံ နဝမံ။

နာယံပုရေ ဥန္နမတိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကကဏ္ဋကဇာတ်သည် မဟော်ဇာတ်၌ထင်စွာဖြစ်လတ္တံ့။ ။

ထိုမဟော်ဇာတ်၌ဝိဒေဟရာဇ်မင်းကြီးသည်အောက်သို့ မသက်မူ၍တံခါးတိုင်ဖျား၌သာလျှင်ဦးခေါင်းလှုပ်လျက်ဝပ်သောပုတ်သင်ငယ်၏အမူအရာကိုကြည့်၍၊သုခမိန်၊ဤပုတ်သင်ငယ်သည်ရှေး၌ကဲ့သို့ယခုအောက်သို့မသက်၊အကြောင်းအဘယ်သို့နည်းဟုဘုရားလောင်းကိုမေးလို၍။ ။

(၁၉၁)နာ-ယံပုရေ ဥန္နမတိ၊တောရဏ-ဂ္ဂေ ကကဏ္ဋကော။

မဟောသဓဝိဇာနာဟိ၊ကေန ထဒ္ဓေါ ကကဏ္ဋကော။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၉၁)မဟောသဓ၊ ချစ်သားမဟော်သဓာသုခမိန်။ အယံကကဏ္ဋကော၊ ဤပုတ်သင်ငယ်သည်။ ပုရေ၊ ရှေး၌ကဲ့သို့။ နဩတရတိ၊ မသက်။ တောရဏ-ဂ္ဂေ၊ တံခါးတိုင်ဖျား၌သာလျှင်။ ဥန္နမတိ၊ မာန်တက်ခဲ့၏။ တွံ၊ သင်သည်။ ဝိဇာနာဟိ၊ သိသည်မူလော့။ ကေန၊ အဘယ်အကြောင်းကြောင့်။ အယံကကဏ္ဋကော၊ ဤပုတ်သင်ငယ်သည်။ ထဒ္ဓေါ၊ ခက်ထန်သောအဖြစ်သို့ရောက်သနည်း။ ။

မဟော်သဓာသုခမိန်သည် မင်းကြီး၏စကားကိုကြား၍၊မြတ်သောမင်းကြီး၊ သားငါးမသတ်အပ်သော ဥပုသ်နေ့၌ဟင်းမျိုးကို မရသောကြောင့် မင်းချင်းသည်လည်၌ဆွဲအပ်သော ပဲဝက်မျှသောအသပြာကိုမှီ၍ ပုတ်သင်ငယ်အားမာန်တက်သည်ဖြစ်ရာ၏ဟုဆို၍။ ။

(၁၉၂)အ-လဒ္ဓ-ပုဗ္ဗံ-လဒ္ဓါန၊အဍ္ဎ-မာသံ ကကဏ္ဋကော။

အတိမညတိ-ရာဇာနံ၊ဝေဒေဟံ မိထိလဂ္ဂဟံ။

ဟူသောဒုတိယဂါထာကိုလျှောက်၏။ ။

(၁၉၂ )မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ အယံကကဏ္ဋကော၊ ဤပုတ်သင်ငယ်သည်။ အ-လဒ္ဓ-ပုဗ္ဗံ၊ မရစဖူးသော။ အဍ္ဎမာသံ၊ ပဲဝက်သောဥစ္စာကို။ လဒ္ဓါန၊ ရသောကြောင့်။ မိထိလဂ္ဂဟံ၊ မိထိလာပြည်ကြီး၌ ထီးနန်းသိမ်းပိုက်စံနေတော်မူသော။ ဝေဒေဟံ၊ ဝိဒေဟတိုင်းကို အစိုးရသော။ ရာဇာနံ၊ အသျှင်မင်းကြီးကို။ အတိမညတိ၊ မထေမဲ့မြင်ပြုသတည်း။

ကကဏ္ဋကဇာတကံ ဒသမံ။ ။ သန္ဓဝဝဂ္ဂေါဒုတိယော။ တဿုဒ္ဒါနံ။ ။

ဣန္ဒသမာနဂေါတ္တဉ္စ၊သန္ဓဝံ,သုသိမံ,ဂိဇ္ဈံ။

နကုလံ,ဥပသာလကံ,၊သမိဒ္ဓီစ,သကုဏဂ္ဃိ။

အရကဉ္စ,ကကဏ္ဋကံ။ ။