Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

13. Kaṇḍijātakaṃ

Author: နိဿယ-1 @ IAPT

(၁၃) နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်။ ဓိရတ္ထုကဏ္ဍိနံသလ္လံ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤကဏ္ဍိဇါတ်ကိုဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊မယားဟောင်းသည်ဖြားယောင်းအပ်သော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘဝန္တော၊ တောတောင်စောင့်တတ်အသျှင်နတ်တို့။ လောကေ၊ လူ့ရွာ၌။ သလ္လံ၊ စူးဝင်တတ်သော။ ကဏ္ဍိနံ၊ မြားရှိထသော။ (သလ္လံကား ကဏ္ဍ၏ဝိသေသနတည်း။ ကဏ္ဍိ၏ ဝိသေသနမဟုတ်။ ယထာရူပေသည်အဒိန္န၏ဝိသေသနဖြစ်၏သို့တည်း)။ ။

တနည်းကား။ ကဏ္ဍိနံ၊ အထူးထူးအပြားပြားစီးသွားတတ်သော မြားရှိထသော။ သလ္လံ၊ ကုမုဒြာကြာရွက်သဏ္ဌာန်အပြင်ရှိ၍ အဖြောင့်သာလျှင်စူးဝင်သောလှံချွန်တံစူးလည်းရှိထသော။ ဂါဠှ-ဝေဓိနံ၊ ရက်စက်စိမ်းကားသနားခြင်းကင်း၍ပြင်းစွာထိုးပစ်တတ်ထသော။ ပုရိသံ၊ ကြမ်းကြုတ်သောအမှုရှိသောယောက်ျားကို။ ဓိ၊ ထွီဘွယ်သည်။ အတ္ထု၊ ဖြစ်စေလော့။ တနည်း။ ပုရိသံပုရိသဿ၊ ယောက်ျား၏။ ဓိ၊ ထွီဘွယ်သည်။ ဝါ၊ ရွံဘွယ်သည်။ အတ္ထု၊ ဖြစ်၏။ (ဓိရတ္ထုမံပူတိကာယံ,၌ကဲ့သို့ဂရဟာအနက်ရှိသောဓိသဒ္ဒါ၏အယှဉ်ဆဋ္ဌီအနက်၌ဒုတိယာသက်သတည်း)။ ယတ္ထ၊ အကြင်ဇနပုဒ်၌။ ဣတ္ထီ၊ မိန်းမသည်။ ပရိဏာယိကာ၊ ကြီးကဲစိုးအုပ်မင်းလုပ်၏။ တံဇနပဒံ၊ ထိုမိန်းမမင်းမူသောဇနပုဒ်ကိုလည်း။ ဓိ၊ ထွီဘွယ်သည်။ အတ္ထု၊ ဖြစ်စေလော့။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဝသံ၊ အလိုနိုင်ငံသို့။ ဂတာ၊ မိစ္ဆာမှားမိုက်နွားသို့လိုက်ကုန်၏။ တေစာပိ၊ ထိုမိန်းမနိုင်ငံသို့လိုက်သော သတ္တဝါတို့ကိုလည်း။ ဓိက္ကိတာဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်၏။ တနည်း။ ဓိက္ကိတာသဉ္ဇာတဓိက္ကာရာ၊ ထွီထွပြုဘွယ်အခြင်းအရာရှိကုန်၏။ (ရှေးအနက်ကား အဋ္ဌကထာ။ နောက်ကားဋီကာ)။ ။

ဤသို့ဘုရားလောင်းသည် တဂါထာဖြင့် သူတပါးတို့အားသနားကရုဏာကင်းသဖြင့်သေခြင်းဆင်းရဲကိုဖြစ်စေခြင်း၊မိန်းမ ကြီးကဲစိုးအုပ်မင်းလုပ်၍ စီရင်သောဇနပုဒ်၊ကာမရတိအားဖြင့် မိန်းမနိုင်ငံသို့လိုက်သောသတ္တဝါ။ ဤသုံးပါးသောဂရဟဝတ္ထုတို့ကိုပြ၍တောအုပ်ကို ပဲ့တင်ထပ်စေလျက် ဘုရားကဲ့သို့ တင့်တယ်စမ္ပါယ်ခြင်းဖြင့် တရားဟောတော်မူလေပြီ။ ။

ကဏ္ဍိဇာတကံတတိယံ။ ။