နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဓဇမပရိမိတံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော၊ ဤဒုတိယပလာယိတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော ပြေးသော ပရိဗိုဇ်ကိုပင်အကြောင်းပြု၍ဟောတော်မူ၏။ ။
ဤဝတ္ထု၌အထူးကားထိုပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော်သို့ဝင်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လူများဖြင့်ခြံရံအပ်သည်ဖြစ်၍ တန်းဆာဆင်အပ်သောတရားဟောနေရာတော်၌ နေတော်မူလျက်ဆေးတန်းမြင်းသီလာအပြင်၌ ခြင်္သေ့ သံကိုကြွေးကြော်သောခြင်္သေ့ပျိုကဲ့သို့ တရားကိုဟောတော်မူ၏၊ ပရိဗိုဇ်သည်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဘုရားမြတ်စွာ၏ဗြဟ္မာမင်းကိုယ်နှင့်တူသောကိုယ်တော်ကို၎င်း၊ လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာတော်ကို၎င်း၊ ရွှေပြားနှင့်တူသောနဖူးတော်ကို၎င်း မြင်၍ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို အောင်အံ့သောငှါ အဘယ်သူတတ်နိုင်ချေအံ့နည်းဟုပြန်၍ ပရိသတ်အတွင်းသို့ မဝင်မူ၍ပြေးလေ၏။ ။ လွန်လေပြီးသောအခါ ဘုရားလောင်းသည်ဗာရာဏသီပြည်၌ မင်းပြု၏။ တက္ကသိုလ်ပြည်၌ တစ်ယောက်သော ဂန္ဓာရမင်းသည်မင်းပြု၏။ ထို ဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကိုယူအံ့ဟု၍အင်္ဂါလေးပါးရှိသောစစ်သည်ဖြင့် လာလတ်၍ မြို့ကိုဝန်းရံ၍ မြို့တံခါး၏အနီး၌တည်လျက်မိမိ၏ ဗိုလ်ပါ စစ်သည်ကိုကြည့်၍ ဤမျှအတိုင်းအရှည်ရှိသော စစ်သည်အပေါင်းကိုအောင်အံ့သောငှါ အဘယ်သူစွမ်းနိုင်လတ္တံ့နည်းဟုမိမိ၏စစ်သည်ကိုချီးမွမ်း၍။ ။
(၃၁၅)ဓဇ-မပရိမိတံ အနန္တ-ပါရံ၊ဒုပ္ပသဟံ-ဓင်္ကေဟိ သာဂရံ-ဝ။
ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ဒုပ္ပသဟော အဟ-မဇ္ဇ တာဒိသေန။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါ၌ ထိုဂန္ဓာရမင်းအား ထိုဘုရားလောင်းသည်လပြည့်ဝန်းကဲ့သို့အသရေရှိသော မိမိ၏မျက်နှာကိုပြ၍၊ ဟယ်ငမိုက်၊ သင်သည် မယောင်ရမ်း မမြည်တမ်းလင့်။ ယခုအခါ၌ အမုန်ရစ်သော ဆင်ပြောင်သည်ကျူတောကိုနင်းဘိသကဲ့သို့၊ ထို့အတူ၊ သင်၏စစ်သည်အပေါင်းကိုဖျက်ဆီးလိုက်အံ့ဟုခြိမ်းခြောက်လို၍။ ။
(၃၁၆)မာ ဗာလိယံ ဝိလပ္ပသိ၊န ဟိဿ တာဒိသံ ဝိဒယှသေ။
န ဟိ-ဿ လဘသေ နိသေဓကံ။
အာသဇ္ဇသိ ဂဇ-မိဝ ဧက-စာရိနံ ယော တံ၊ပဒါ နဠမိဝ ပေါထယိဿတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၃၁၆)ဟရေဗာလ၊ ဟယ်ငမိုက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ ဗာလိယံ၊ မိုက်သည်၏အဖြစ်ကို။ မာဝိလပ္ပသိ၊ မမြည်တမ်းလင့်။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ တဝ၊ သင်၏။ ဗလကာယော၊ ဗိုလ်ပါအပေါင်းသည်။ တာဒိသံတာဒိသော၊ ထိုသို့သင်ကြုံးဝါးကြံစည်သောအတိုင်း သဘောရှိသည်။ နအဿ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင့်ကို။ ကေဝလံ၊ စင်စစ်။ ဝိဒယှသေ၊ ရာဂဒေါသအစရှိသောမီးပူသည်လောင်အပ်၏။ တွံ၊ သင်သည်။ နိသေဓကံ၊ ငါကဲ့သို့သဘောရှိသောနှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သောသူကို။ နဟိလဘသေ၊ ရှေးကမရဘူးသေးသလျှင်ကတည်း။ အာသဇ္ဇသိ၊ ချဉ်းခဲ့လော့။ ဧကစာရိနံဧကာစာရီ၊ တစ်စီးတည်းသာ သွားလေ့ရှိသော။ ဂဇံဂဇော၊ ပေါက်ကြီးပြောင်မွန်, အားခွန်ကြီးမားသောဆင်သည်။ နဠံ၊ ကျူတောကို။ ပါဒါပါဒေဟိ၊ ခြေတို့ဖြင့်။ ပေါထတိဣဝ၊ တျင်း တျင်းကုန်အောင် ဘောင်ဘောင်နင်းချိုး၏သို့။ ဧဝံတထာ၊ ထို့အတူ။ ယောရာဇာ၊ အကြင်ဗာရာဏသီမင်းသည်။ ထံ၊ သင့်ကို။ ပေါထယိဿတိ၊ နင်းနှိမ်ဖျက်ဆီးလတ္တံ့။ တာဒိသံ၊ ထိုသို့သဘောရှိသော။ နိသေဓကံ၊ နှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သောသူကို။ နဟိလဘသေ၊ မရသေးသလျှင်ကတည်း။ ။
(တာဒိသံ,ဟူသောဤစကားကိုဘုရားလောင်းမိမိကိုယ်ကိုရည်၍ဆိုသတည်း)။ ။ ဤသို့ခြိမ်းခြောက်သောထိုဘုရားလောင်း၏စကားကိုကြား၍ ဂန္ဓာရမင်းသည်ကြည့်မျှော်လေသည်ရှိသော်၊ ရွှေပြားနှင့်တူသောမြတ်သော နဖူးကိုမြင်၍ မိမိကိုဖမ်းအံ့သည်မှကြောက်ရကားပြန်၍ပြေးလျက်မိမိမြို့သို့လျှင်သွား၏။ ။
(ဓဇ,စသောဂါထာ။ ဩပစ္ဆန္ဒသက။ ။ မာဗာလိယံ, စသောဂါထာကားဝေတာလီ)။ ။ ဒုပ္ပသဟံသာဂရံဂိရိံ ဧကစာရိနံ,တို့၌၊ ပဌမာအရာဝယ်ဒုတိယာသက်သည်။ ။ ပါဒါ၌ တတိယာအရာဝယ် ပဌမာသက်သည်။ ဗာလီ,တာဒီ,တို့၌ကား ဒီဃ)။ ။
ဒုတိယပလာယိတဇာတကံဒသမံ။၂၃၀။ ကာသာဝဝဂ္ဂေါ အဋ္ဌမော။ ။ တဿု-ဒ္ဒါနံ။ ။
ကာသာဝံ, စူဠနန္ဒိယံ,၊ပုဋဘတ္တဉ္စ,ကုမ္ဘိလံ,၊ခန္တိဝဏ္ဏံ,ကောသိယဉ္စ,။
ဂူထပါဏံ,ကာမနိတံ၊ပလာယိတဒွယံပိစ,။ ။