Issues
Select Version
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

၂. ကာယသံသဂ္ဂသိက္ခာပဒဝဏ္ဏနာ ၂။ ကာယသံသဂ္ဂသိက္ခာပုဒ်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၂. ကာယသံသဂ္ဂသိက္ခာပဒဝဏ္ဏနာ

၂။ ကာယသံသဂ္ဂသိက္ခာပုဒ်

ဒုတိယေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊) **ဩတိဏ္ဏော**တိ၊ ကား။ ဩတိဏ္ဏောတိ။ ။ ဤပုဒ်၌ ကမ္မသာဓ် ကတ္တုသာဓ် ၂မျိုးကို ပြထား၏။ ထိုတွင် ယက္ခာဒီဟိ ၊ပေ၊ ဩတိဏ္ဏောဖြင့် ကမ္မသာဓ်ကို ပြ၏၊ ကိတ်ပုဒ်တစ်ခု၏ ကတ္တားကို (ယက္ခာ ဒီဟိ ရာဂေနတို့ကဲ့သို့) အဝုတ္တကတ္တား ဖွင့်ပြထားလျှင် ကမ္မသာဓနပြုရသည်၊ ["သံဝဏ္ဏေ ကြုတ်, ရှိသည့်ပုဒ်ကို, အဝုတ်ကတ္တား, ဖွင့်ပြထားမူ, ပြုငြားကမ္မ-သာဓနတည်း၊-လင်္ကာ။] ဩတရီယတေ-သက်ရောက်အပ်၏၊ ဣတိ-ဤ ကမ္မသာဓ် ဝစနတ်ကြောင့်၊ ဩတိဏ္ဏော- မည်၏၊ ဘီလူးက လူကို ပူးဝင်သောအခါ ဘီလူးသည် လူသို့ သက်ရောက်အပ် ပူးဝင်အပ် သကဲ့သို့ ထို့အတူ ရာဂစိတ် ဖြစ်နေသောအခါ ရာဂသည် ရဟန်း၏ ခန္ဓာကိုယ်သို့ သက်ရောက် အပ် (ရဟန်းမှာ ရာဂဘီလူး အပူးခံအပ်)လျက် ရှိသည်။ ယက္ခာဒီဟိ၊ ဘီလူးအစရှိသူတို့သည်။ သတ္တာ၊ သတ္တဝါတို့ကို။ (ဩတိဏ္ဏာ)ဝိယ၊ သက်ရောက်အပ်ကုန်သကဲ့သို့။ ဝါ၊ ပူးဝင်အပ်ကုန်သကဲ့သို့။ (တထာ၊ ထို့အတူ။) အန္တော၊ အတွင်း၌။ ဥပ္ပဇ္ဇ န္တေန၊ ဖြစ်သော။ ရာဂေနဝါ၊ ရာဂသည်သော်လည်း။ ဩတိဏ္ဏော၊ သက်ရောက်အပ်သည်။ ကူပါဒီနိ ၊ပေ၊ ရာဂံ သြတိဏ္ဏော။ ။ ဤနည်း၌ (ကူပါဒီနိ-ရာဂံတို့ကိုထောက်၍) ကတ္တုသာဓန ပြုစေလိုကြောင်း သိရ၏။ [ဖွင့် ဒုတိယာ, ကံရှိရာဝယ်, မှန်စွာကတ္တု, ဝိဂြိုဟ် ပြုလော၊-လင်္ကာ။] ဩတရတိ-ကျရောက်တတ်၏၊ ဣတိ-ဤကတ္တုသာဓ် ဝစနတ်ကြောင့်၊ ဩတိဏ္ဏော-မည်၏၊ လူသည် ရေတွင်း ရေကန်ထဲသို့ ကျနေသကဲ့သို့, ထိုအတူ ရာဂစိတ် ဖြစ်နေ့သောအခါ ရဟန်းသည် ရာဂတည်းဟူသော တွင်းသို့ သက်ဆင်းကျရောက်လျက်ရှိသည်။ (ဟုတွာ၊) ကူပါဒီနိ၊ တွင်း အစရှိသည်တို့သို့။ သတ္တာ၊ တို့သည်။ (ဩတိဏ္ဏာ) ဝိယ၊ ကျရောက်ကုန်သကဲ့သို့။ (တထာ၊) အသမပေက္ခိတွာ၊ ဟုတ်မှန်သောသဘောကို မဆင်ခြင်မူ၍။ အသမပေက္ခိတွာ။ ။ "ယထာသဘာဝံ-ဟုတ်မှန်သော အနိစ္စ ဒုက္ခ အနတ္တ အသုဘသဘောကို+အနုပ ပရိက္ခိတွာ-မဆင်ခြင်မူ၍"-ရူပါရုံစသော နှစ်သက်ဖွယ်အာရုံကို တွေ့လျှင် အနိစ္စစသည်ဖြင့် ဆင်ခြင်လိုက်မှ ရာဂမဖြစ်ဘဲရှိသည်၊ ထိုသို့ မဆင်ခြင်လျှင် ရာဂ တွင်းသို့ သက်ဆင်းကျရောက်တော့၏။ ရဇနီယေ၊ တပ်မက်ဖွယ်ကောင်းသော။ ဌာနေ၊ အရာ၌။ ဝါ၊ အာရုံ၌။ ရဇ္ဇန္တော၊ တပ်မက်သည်။ ဝါ၊ ကျရောက်သည်၊ (ဟုတွာ, သမာပဇ္ဇေယျ- ၌ စပ်။) ဧတံ၊ ဤ ဩတိဏ္ဏောသဒ္ဒါသည်။ ကာယသံသဂ္ဂရာဂသမင်္ဂိဿ၊ ကာယ သံသဂ္ဂရာဂနှင့် ပြည့်စုံသောရဟန်း၏။ အဓိဝစနံ၊ အထက်၌ဖြစ်သော သဒ္ဒါတည်း။ ဝါ၊ အမည်တည်း။
**ဝိပရိဏတေန စိတ္တေနာ**တိ၊ ကား။ ဝိပရိဏတေန။ ။ဝိကို "ဝိဇဟိတွာ" ဟု လည်းကောင်း, ပရိဏတေနကို "အညထာ ပဝတ္တေန-ဘဝင် အစဉ်မှ တစ်မျိုးတစ်ဖုံအားဖြင့်ဖြစ်သောဟုလည်းကောင်း ဖွင့်သည်၊ ပဋိသန္ဓေ မှစ၍ ပါလာသော ဘဝင်အစဉ်သည် လောဘစသော အညစ်အကြေးတို့မှ ကင်းရကား သန့်ရှင်းစင်ကြယ်၏ "ထို သန့်ရှင်းသော စိတ်အစဉ်ကို စွန့်၍ တစ်မျိုးတစ်ဖုံ ပြောင်းလွဲလာ သော စိတ်"-ဟူလို။ ပရိသုဒ္ဓဘဝင်္ဂ သန္တတိသင်္ခါတံ၊ စင်ကြယ်သော ဘဝင်အစဉ်ဟုဆိုအပ်သော။ ပကတိံ၊ ပင်ကိုယ်သဘောကို။ ဝိဇဟိတွာ၊ စွန့်၍။ အညထာ၊ တစ်ပါးသော အခြင်းအရာအားဖြင့်။ ပဝတ္တေန၊ ဖြစ်သော။ ဝါ၊ တစ်နည်း။ ဝိရူပံ၊ ဖောက်ဖောက်ပြန်ပြန်။ ပရိဏတေန၊ ပြောင်းလွဲသော။ ဝိရူပံဝါ ပရိဏတေန။ ။ ဝိကို "ဝိရူပ" ဟု တစ်နည်းဖွင့်၏၊ ရာဂစိတ်သည် ရိုးသားသော စိတ်မဟုတ်၊ ဖောက်ပြန်သော စိတ်တည်း၊ ပရိဏတေနကို "ပရိဝတ္တေတွာ ဌိတေန" ဟု ဖွင့်၏၊ ကုသိုလ်စိတ်လည်း ဘဝင်အစဉ်မှ ပြောင်းလွဲ၏၊ သို့သော် ထိုပြောင်းလွဲခြင်းသည် ဖောက်ပြန်သော ပြောင်းလွဲခြင်းမဟုတ်၊ ဤရာဂစိတ်၏ ဘဝင်အစဉ်မှ ပြောင်းလွဲ ခြင်းကား ဖောက်ပြန်သော ပြောင်းလွဲခြင်း ဖြစ်သည်-ဟူလို။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ပရိဝတ္တမာနံ၊ ပြောင်းလွဲလသော်။ ဝါ၊ ပြောင်းလွဲသော စိတ်သည်။ ဝိရူပံ၊ ဖောက်ပြန်သည်။ ဟောတိ၊ ဧဝံ၊ ဤ အခြင်းအရာအားဖြင့်။ ဝုတ္တရာဂဝသေန၊ ဆိုအပ်ပြီးသော ကာယသံသဂ္ဂရာဂ၏ အစွမ်းဖြင့်။ ပရိဝတ္တေတွာ၊ ပြောင်းလွဲ၍။ ဌိတေန၊ တည်သော။ စိတ္တေန၊ ဖြင့်၊ (သမာပဇ္ဇေယျ-၌ စပ်။) ဣတိ အတ္ထော။
မာတုဂါမေန သဒ္ဓိံတိ၊ ကား။ တဒဟုဇာတာယပိ၊ ထိုနေ့၌ မွေးဖွားသည်လည်းဖြစ်သော။ ဇီဝမာနက မနုဿိတ္ထိယာ၊ အသက်ရှင်ဆဲဖြစ်သော လူမိန်းမနှင့်။ သဒ္ဓိံ၊ တကွ၊ (သမာပဇ္ဇေယျ-၌ စပ်။)
**ကာယသံသဂ္ဂံ သမာပဇ္ဇေယျာ**တိ၊ ကား။ ကာယသံသဂ္ဂံ။ ။ ကာယေန-ကိုယ်အားဖြင့်+သံသဂ္ဂေါ-ရောစပ်ခြင်းတည်း၊ ကာယသံသဂ္ဂေါ-ခြင်း၊ [ကိုယ်၏ အစိတ်အပိုင်းဖြစ်သော လက်စသည်ကို ဧကဒေသျူပစာရ အားဖြင့် "ကာယ"ဟု ခေါ်ထားသည်။] လက်ကိုဆွဲလျှင် လက်တည်းဟူသော ကိုယ်အားဖြင့် တစ်ယောက်နှင့်တစ်ယောက် ရောနေ၏၊ ဤသို့စသည်ဖြင့် သိလေ၊ ထို့ကြောင့် "ဟတ္ထဂ္ဂဟဏာဒိံ ၊ပေ၊ သမာပဇ္ဇေယျ" ဟု ဖွင့်သည်၊ ကာယသမ္ပယောဂံကို "ကာယဘာဝံ"ဟု ထပ်ဖွင့်သည်။ ဟတ္ထဂ္ဂဟ ဏာဒိံ၊ လက်ကို ကိုင်ခြင်းအစရှိသော။ ကာယသမ္ပယောဂံ၊ ကိုယ်ဖြင့် စပ်ယှက်ခြင်းသို့။ ကာယမိဿီဘာဝံ၊ ကိုယ်ဖြင့် ရောနှောခြင်းရှိသူ၏အဖြစ်သို့။ သမာပဇ္ဇေယျ၊ ရောက်အံ့။
ပန၊ ဆက်။ **ဟတ္ထဂ္ဂါဟံဝါ**တိ အာဒိ၊ ဝါ အစရှိသောသဒ္ဒါသည်။ အဿ၊ ထို ကာယသံသဂ္ဂပုဒ်၏။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ အတ္ထနိဒဿနံ၊ အနက်ကို ပြကြောင်းသဒ္ဒါတည်း။
[ဟတ္ထ, ဝေဏိ, အညတရအင်္ဂတို့၏ အထူးကို ပြလို၍ "တတ္ထ" စသည်ကို မိန့်သည်။] တတ္ထ၊ ထို ဟတ္ထ ဝေဏိ အညတရအင်္ဂတို့တွင်။ ကပ္ပရတော၊ တစ်တောင် ဆစ်မှ။ ပဋ္ဌာယ၊ ၍။ ယာဝအဂ္ဂနခါ၊ လက်သည်းဖျားတိုင်အောင်သော အရပ်သည်။ **ဟတ္ထော**နာမ၊ တ္ထ မည်၏။
ဝေဏိနာမ၊ ဏိ မည်သော။ ဧတံ၊ ဤအမည်သည်။ ဝိနန္ဓိတွာဝါ၊ ဖွဲ့၍သော်လည်းကောင်း။ ဝါ၊ ဖွတ်မြီးထိုး၍ သော်လည်းကောင်း။ အဝိနန္ဓိတွာဝါ၊ မဖွဲ့မူ၍ သော်လည်းကောင်း။ ဝါ၊ ဖွတ်မြီးမထိုးဘဲသော်လည်းကောင်း၊ (ကတကေသကလာပဿ-၌ စပ်။) သုဒ္ဓကေသေဟိ ဝါ၊ သက်သက်သော ဆံတို့ဖြင့်သော်လည်းကောင်း၊ (ကတ-၌စပ်။) နီလာဒိဝဏ္ဏသုတ္တ, ကုသုမ, ကဟာပဏမာလာ, သုဝဏ္ဏစီရက, မုတ္တာဝဠိအာဒီသု၊ အညိုအစရှိသော အဆင်းရှိသောချည်, ပန်းမျိုးစုံ, ငွေပန်း, ရွှေကြိုးတန်ဆာ, ပုလဲသွယ် အစရှိသည်တို့တွင်။ အညတရမိဿဟိဝါ၊ တစ်ပါးပါးဖြင့် ရောနှောအပ်သော ဆံတို့ဖြင့်သော်လည်းကောင်း။ကတကေသ ကလာပဿ= ပြုအပ်သော ဆံစည်း၏။ အဓိဝစနံ၊ အမည်တည်း။ဝေဏိနာမ ၊ပေ၊ အဓိဝစနံ။ ။ ဝေဏဓာတ်သည် ဂတိအနက်ကိုလည်း ဟော၏၊ ပေဏတိ (ကလာပာဝံ ဂစ္ဆတိ)-အပေါင်းအစည်း၏ အဖြစ်သို့ရောက်၏၊ ဣတိ ဝေဏိ၊ (ဣ ပစ္စည်း) ဤ ပစ္စည်းသက်၍ "ဝေဏီ" လည်းရှိ၏၊ ထို ဝေဏိဟူသည် "ဝိနန္ဓိတွာ ဝါ အဝိနန္ဓိတွာ ဝါ ကတကေသကလာပ-ဖွတ်မြီးထိုးပြီး စည်းထားသော ဆံစည်း, ဖွတ်မြီးမထိုးဘဲ စည်းထားသော ဆံစည်းတည်း။ ဝိနန္ဓိတွာ။ ။ "ဝိ-ထူးထူးဆန်းဆန်း+နန္ဓ-ဖွဲ့စည်းခြင်း"ဟူသည် ဆံပင်များကို သုံးစု ခွဲ၍ ဖွတ်မြီးကဲ့သို့ ဖွဲ့ထုံးထားခြင်းတည်း၊ ["ဝိနန္ဓိတွာတိ-တီဟိ ဝဋ္ဋီဟိ ဂန္ထိတွာ"-ဋီကာ။] ဤ ဋီကာ၌ တီဟိ ဝဋ္ဋီဟိဖြင့် ဆံပင်တို့ကို ၃ စုခွဲထားခြင်း, ဂန္ထိတွာဖြင့် ထို, ၃ စုကို ဖွဲ့စည်းထား ခြင်းကို ပြ၏၊ ယခုကာလ ဖွတ်မြီးထိုးထားခြင်းမျိုးပင်တည်း၊ "ကတကလာပဿ"ဖြင့် ထိုသို့ ဖွတ်မြီးထိုးပြီးနောက် စု၍စည်းထားခြင်းဟု ပြ၏၊ "အဝိနန္ဓိတွာ ကတကလာပဿ"ကား ဖွတ်မြီးမထိုးဘဲ ရိုးရိုး စည်းထားသော ဆံစည်းတည်း။ သုဒ္ဓကေသေဟိဝါ အညတရ မိဿေဟိဝါ။ ။ ထိုသို့ ဆံကို စုစည်းရာ၌ ဘာမျှမပါဘဲစည်းခြင်းကို "သုဒ္ဓကေသေဟိဝါ ကတ"ဟု ဆို၏၊ နီလာဒိဝဏ္ဏသုတ္တ-အညို အရွှေ စသော အဆင်းမျိုးစုံပါသော ချည်မြှင်၊ (ယခုခေတ် သိုးမွှေးချည်၊) ကုသုမ-ပန်းအမျိုးမျိုး၊ ကဟာပဏ မာလာ-ငွေပန်းကုံး၊ သုဝဏ္ဏစီရက-ရွှေအစဉ် (ရွှေကြိုး) [သုဝဏ္ဏစီရကန္တိ သုဝဏ္ဏ ပါဠိ၊] မုတ္တာဝဠိ-ပုလဲသွယ်၊ အာဒိဖြင့် မဏိ (သီးကုံးထားသော ပတ္တမြား)ကိုယူ၊ ထို အားလုံး ပါဠိတော်၌ တိုက်ရိုက်ပါ၏၊ ဤအားလုံးတွင် တစ်မျိုးဖြစ်စေ, ၂ မျိုး ၃ မျိုးဖြစ်စေ ရော၍ စည်းထားသော (စုစည်း၍) ဖားယားချထားသော ဆံစည်းကို "ဝေဏိ"ဟု ခေါ်၏၊ ကလာပ သဒ္ဒါသည် အထုံးကိုမဟော၊ အစည်းကို ဟောသည်၊ [ကုလားမများ ဆံ မထုံးဘဲ ဖားယားချထားပုံကို သတိပြုပါ၊ သို့ရာဝယ် မြန်မာလို ထုံးထားလျှင်လည်း ဝေဏိပင် မည်နိုင်ပါ၏။]
စ၊ ဆက်။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ ဝေဏိဂ္ဂဟဏေန၊ ဝေဏိသဒ္ဒါဖြင့်။ လောမေ ဟိ၊ အမွေးတို့နှင့်။ သဒ္ဓိံ၊ တကွ။ ကေသာပိ၊ ဆံချည်မျှင်တို့ကိုလည်း။ ဂဟိတာယေဝ၊ ယူအပ်ကုန်သည်သာ။
ဣတိ၊ ဤသို့လျှင်။ ဝုတ္တလက္ခဏဿ၊ ဆိုအပ်ပြီးသော လက္ခဏာရှိသော။ ဟတ္ထဿ၊ ကို။ ဂဟဏံ၊ ကိုင်ခြင်းသည်။ ဟတ္ထဂ္ဂါဟော၊ ဟ မည်၏။ ဝေဏိယာ၊ ဆံစည်းကို။
ပေ၊ အဝသေသဿ၊ ဟတ္ထဝေဏိတို့မှကြွင်းသော။ သရီရဿ၊ ကိုယ်ကို။ ပရာမသနံ၊ သုံးသပ်ခြင်းသည်။ **အညတရဿ ၊ပေ၊ ပရာမသနံ** နာမ၊ န မည်၏။
ယော၊ အကြင် ရဟန်းသည်။ တံ ဟတ္ထဂ္ဂါဟံ ဝါ၊ ထို လက်ကိုကိုင်ခြင်းသို့သော်လည်းကောင်း။ (တံ) ဝေဏိဂ္ဂါဟံ ဝါ၊ ထို ဆံစည်းကို ကိုင်ခြင်းသို့သော်လည်းကောင်း။ အညတရဿ အညတရဿ၊ အမှတ်မထားတစ်ပါးပါးသော။ အင်္ဂဿ၊ အင်္ဂါကြီးငယ်ကို။ (တံ) ပရာမသနံ ဝါ၊ ထို သုံးသပ်ခြင်း သို့သော်လည်းကောင်း။ သမာပဇ္ဇေယျ၊ အံ့။ တဿ၊ ထိုရဟန်း၏။ သံဃာဒိသေသော နာမ၊ သော။ အာပတ္တိနိကာယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ အသာဓာရဏ ဝိနိစ္ဆယအပြီးတည်း။
(ဣဒံ သိက္ခာပဒံ၊ ကို။) သာဝတ္ထိယံ၊ ၌။ ဥဒါယိတ္ထေရံ၊ ကို။ အာရဗ္ဘ၊ ၍။ ကာယ သံသဂ္ဂ သမာပဇ္ဇနဝတ္ထုသ္မိံ၊ ကိုယ်ဖြင့် နှီးနှောခြင်းသို့ရောက်ခြင်းဟူသော အကြောင်းကြောင့်။ ပေ၊ ဣတ္ထိယာ၊ ၌။ ဣတ္ထိသညိနော၊ မိန်းမဟု အမှတ်ရှိသည်ဖြစ်၍။ အန္တမသော၊ ဖြင့်။ လောမေန၊ မိမိ အမွေးဖြင့်။ လောမံ၊ မာတုဂါမ၏ အမွေးကို။ ဖုသန္တဿာပိ၊ ထိသော ရဟန်း၏လည်းကောင်း။ ဣတ္ထိယာ၊ သည်။ ဝါ၊ က။ ဖုသိယမာနဿ၊ ထိအပ်သည်ဖြစ်၍။ ဣတ္ထိယာ ဖုသိယမာနဿ။ ။မိန်းမက မိမိကို ထိလာသောအခါ ကာယသံသဂ္ဂ ရာဂဖြင့် လုလ္လပြုလျှင် သံဃာဒိသေသ်၊ "လုံ့လမပြုလျှင် သူ၏အတွေ့ကို သာယာနေသော် လည်း အနာပတ္တိ"ဟု နောက်၌ ဆိုလတံ့။ [ကာယပယောဂ ဝစီပယောဂမပါဘဲ စိတ်ဖြင့် သာယာသည့်အတွက် မနောဒွါရေ အနာပတ္တိ-ဟူလို။] သေဝနာဓိပ္ပါယေန၊ မှီဝဲခြင်း၌ဖြစ်သော အလိုဖြင့်။ ဝါ၊ မှီဝဲလိုသဖြင့်။ ဝါယမိတွာ၊ လုံ့လပြု၍။ ဖဿံ၊ အတွေ့ကို။ ပဋိဝိဇာနန္တဿ ဝါ၊ သိသော ရဟန်းလည်းကောင်း။ သံဃာဒိသေသော၊ သည်။ (ဟောတိ၊ ၏)။
ပန၊ ဆက်။ ဧကေန၊ တစ်ဖက်သော။ ဟတ္ထေန၊ ဖြင့်။ ဂဟေတွာ၊ ကိုင်၍။ ဒုတိယေန၊ ၂ ခုမြောက်ဖြစ်သော။ ဟတ္ထေန၊ ဖြင့်။ ဒိဝသံပိ၊ တစ်နေ့ပတ်လုံးလည်း။ တတ္ထ တတ္ထ၊ ထိုထို အရပ်၌။ ဖုသန္တဿ၊ ထိုသောရဟန်း၏။ ဧကာဝ၊ တစ်ချက်သာလျှင်ဖြစ်သော။ အာပတ္တိ၊ သည်။ (ဟောတိ၊ ၏။) အဂ္ဂဟေတွာ၊ မကိုင်မူ၍။ ဖုသန္တော ပန၊ ထိသော ရဟန်းသည်ကား။ သီသတော၊ ဦးခေါင်းမှ။ ယာဝပါဒါ၊ ခြေတိုင်အောင်၊ [တာဝမလို။] ကာယတော၊ မှ။ ဟတ္ထံ၊ ကို။ အမောစေန္တောယေဝ၊ မလွှတ်စေဘဲသာ။ သစေ ဖုသတိ၊ (ဧဝံသတိ၊) ၊ပေ၊ ဧကာဝ၊ သော။ အာပတ္တိ (ဟောတိ၊) ပဉ္စမ္မံ၊ ငါးချောင်းကုန်သော။ အင်္ဂုလီနံ၊ လက်ချောင်းတို့ကို။ ဧကတော၊ တစ်ပေါင်းထည်း။ ဂဟဏေပိ၊ ကိုင်ခြင်း၌လည်း။ ဧကာဝ (အာပတ္တိ ဟောတိ၊)၊ ဆက်။
ပန၊ ဆက်။ နာနိတ္ထီနံ၊ အမျိုးမျိုးသော မိန်းမ ၅ယောက်တို့၏။ ပဉ္စင်္ဂုလိယော၊ ငါးခုသော လက်ချောင်းတို့ကို။ ဧကတော၊ တစ်ပေါင်းထည်း။ သစေ ဂဏှာတိ၊ အံ့။ (ဧဝံသတိ) ပဉ္စ၊ ငါးချက်ကုန်သော။ အာပတ္တိယော (ဟောန္တိ)။
ဣတ္ထိယာ၊ ၌။ ဝေမတိကဿစ၊ ယုံမှားခြင်းရှိသော ရဟန်း၏လည်းကောင်း၊ (မိန်းမ ဟုတ်လေသလား, မဟုတ်လေလားဟု ယုံမှားခြင်းရှိသော ရဟန်း-ဟူလို။) ပဏ္ဍက ပုရိသ တိရစ္ဆာနဂတသညိဿစ၊ ပဏ္ဍုက်, ယောက်ျား, တိရစ္ဆာန်ဟု အမှတ်ရှိသော ရဟန်း၏လည်းကောင်း။ ထုလ္လစ္စယံ(ဟောတိ။) ကာယေန၊ ရဟန်း၏ ကိုယ်ဖြင့်။ ကာယပဋိဗဒ္ဓေန၊ မိန်းမ၏ ကိုယ်နှင့်စပ်သော ဝတ္ထုနှင့်။ (သဒ္ဓိံ စ၊ တကွလည်းကောင်း။) အမနုဿိတ္ထိ ပဏ္ဍကေဟိ၊ ဘီလူးမ နတ်မ, ပဏ္ဍုက်တို့နှင့်။ သဒ္ဓိံ စ၊ လည်းကောင်း။ ကာယသံသဂ္ဂေပိ၊ ကာယသံသဂ္ဂ ပြုရာ၌လည်း။ တထာ၊ ထို့အတူ ထုလ္လစ္စဉ်းအာပတ်သည်။ (ဟောတိ၊ ၏။) [တထာဖြင့် ထုလ္လစ္စယံကို ပြန်ညွှန်းသည်။]
ပန၊ ကား၊ (ထုလ္လစ္စဉ်းခေတ်မှတစ်ပါး, ဒုက္ကဋ်ခေတ်ကား။) ကာယပဋိဗဒ္ဓေန၊ ရဟန်း၏ ကိုယ်နှင့်စပ်သောဝတ္ထုဖြင့်။ မနုဿိတ္ထိယာ၊ လူမ၏။ ကာယပဋိဗဒ္ဓါဒီသု၊ ကိုယ်နှင့်စပ်သော ဝတ္ထုအစရှိသည်တို့၌လည်းကောင်း၊ (အာဒိဖြင့် ကာယပဋိဗဒ္ဓ ဖြစ်သောအင်္ကျီ၌ ထိုးထားသော ပန်းစသော ပဋိဗဒ္ဓကိုယူ။) ပုရိသကာယ ဖုသနာ ဒီသုစ၊ ယောက်ျား၏ ကိုယ်ကို ထိခြင်းအစရှိသည်တို့၌လည်းကောင်း။ ဒုက္ကဋံ (ဟောတိ၊)၊ သည်။
ဣတ္ထိယာ၊ သည်။ ဝါ၊ က။ ဖုသိယမာနဿ၊ ထိအပ်သည်ဖြစ်၍။ သေဝနာ ဓိပ္ပါယဿာပိ၊ မှီဝဲခြင်း၌ဖြစ်သော အလိုရှိပါသော်လည်း။ ဝါ၊ မှီဝဲလိုပါသော်လည်း။ ကာယေန၊ ဖြင့်။ အဝါယမိတွာ၊ လုလ္လမပြုဘဲ။ ဖဿံ၊ အတွေ့ကို။ ပဋိဝိဇာနန္တဿ၊ သိသော ရဟန်း၏လည်းကောင်း။ မောက္ခာဓိပ္ပါယေန၊ လွတ်ခြင်း၌ဖြစ်သော အလိုဖြင့်။ မောက္ခာဓိပ္ပါယေန။ ။ မိန်းမတစ်ယောက်ကဖြစ်စေ, အများကဖြစ်စေ ဖမ်းမည်ဟု လာစဉ် သူ့လက်မှ လွတ်စေလို၍ မိန်းမကို တွန်းဖယ်သော, သို့မဟုတ် လက်ကာ၍ ထွက်ပြေး သော ရဟန်းမှာ မိန်းမကို ထိသော်လည်း အနာပတ္တိ။ ဝါ၊ လွတ်လိုသဖြင့်။ ဣတ္ထိံ၊ ကို။ ဖုသန္တဿ၊ ထိသော ရဟန်း၏လည်းကောင်း။ အသဉ္စိစ္စ၊ သညာနှင့်တကွ မစေ့ဆော်မူ၍။ (ဖုသန္တဿ၊ မတော်တဆ ထိမိသောရဟန်း၏လည်းကောင်း။) အသတိယာ၊ သတိကင်းသဖြင့်။ ဝါ၊ အမှတ်တမဲ့။ (ဖုသန္တဿ၊ ထိမိသော ရဟန်း၏လည်းကောင်း။) အဇာနန္တဿ၊ ထိမှန်းကို မသိသော ရဟန်း၏လည်းကောင်း။ အသာဒယန္တဿ၊ သိပင်သိသော်လည်း မသာယာသော ရဟန်း၏လည်းကောင်း။ ဥမ္မတ္တကာဒီနံစ၊ လည်းကောင်း။ အနာပတ္တိ, (ဟောတိ)။
မနုဿိတ္ထီ၊ လူ မိန်းမလည်းကောင်း။ ဣတ္ထိသညိတာ၊ မိန်းမဟု အမှတ်ရှိသူ၏အဖြစ်လည်းကောင်း။ ကာယသံသဂ္ဂေါ၊ ဂ လည်းကောင်း။ တေနရာဂေန၊ ထို ကာယသသံဂ္ဂရာဂဖြင့်။ ဝါယာမော၊ လုံ့လပြုခြင်းလည်းကောင်း။ ဟတ္ထဂ္ဂါဟာဒိ သမာပဇ္ဇနံ၊ လက်ကိုကိုင်ခြင်း အစရှိသောအမှုသို့ ရောက်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ ဣမာနိ ပဉ္စ၊ တို့သည်။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ အင်္ဂါနိ၊ တို့တည်း။
သမုဋ္ဌာနာ ဒီနိ၊ တို့သည်။ ပဌမပါရာဇိကေ၊ ၌။ ဝုတ္တသဒိသာနေဝ၊ ဆိုအပ်ပြီးသော သမုဋ္ဌာန် စသည်တို့နှင့် တူကုန်သည်သာ။ ဣတိ၊ သာဓာရဏ ဝိနိစ္ဆယအပြီးတည်း။
ဒုတိယသိက္ခာပဒံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။