တေရသမေ၊ ၌။
ဧကန္တရိကံ၊ တစ်နှစ်ခြား ပြု၍။
ဧကံ၊ တစ်ယောက်ကို။
ဝုဋ္ဌာပေန္တိယာ၊ ၏လည်းကောင်း။
ဥမ္မတ္တိကာဒီနံ (ဝုဋ္ဌာပေန္တီနံ)စ။
အနာပတ္တိ (ဟောတိ)။
သေသံ၊ ကြွင်းသော အစီအရင်သည်။
ဒွါဒသမေန၊ ဒွါဒသမသိက္ခာပုဒ်နှင့်။
သဒိသမေဝ၊ သာ။
ပေ။
ဣတိ၊ တည်း။
ဆန္ဒ, အဇ္ဈာသယ ။ ။နက္ခတ္တပါဌကရဟန်း၏စကားကြောင့် ကံပြုလိုသော ဆန္ဒကို စွန့်လွှတ်လိုက်သောအခါ မလိုက်ပါနိုင်သောရဟန်းမ၏ ပေးလိုက်သော ဆန္ဒလည်း ပျက်ပြယ်တော့၏၊ ဤသို့ ပျယ်ပယ်ခြင်းကို "ဆန္ဒပါရိဝါသိယ" ဟု ဆို၏၊ ထိုအချိန်မှာ ကံမပြုလိုသော အဇ္ဈာသယ (အလိုဆန္ဒ) ဖြစ်နေကြ၏၊ ထိုအချိန်၌ "ကောင်းကင်က နက္ခတ်တွေဟာ ဘာတတ်နိုင်မှာလဲ" ဟု နက္ခတ်ကို ဂရုမစိုက်သော ရဟန်းတစ်ပါး ရောက်လာ၍ နက္ခတ်ကောင်းကို မျှော်လင့်နေခြင်း၏ အပြစ်ကို ပြသောအခါ ကံပြုလိုသော အဇ္ဈာသယ ဖြစ်ကြကုန်၏၊ ထိုအခါ "အဇ္ဈာသယပါရိဝါသိယ- ကံမပြုလိုတော့ဟု ပဌမ ဖြစ်ခဲ့သော အဇ္ဈာသယသည် ပျက်ပြယ်လေတော့၏" ဟု ကြံပါ။
**အဋ္ဌမော၊ သော။**
**ကုမာရိဘူတဝဂ္ဂေါ၊ တည်း။**