Issues
Select Version
覓寂尊者
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

၅. နိသီဒနသိက္ခာပဒဝဏ္ဏနာ ၅။ နိသီဒန သိက္ခာပုဒ်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၅. နိသီဒနသိက္ခာပဒဝဏ္ဏနာ

၅။ နိသီဒန သိက္ခာပုဒ်

ပဉ္စမေ၊ ၌။ ယတ္ထ၊ အကြင်အခင်း၌။ သကိမ္ပိ၊ တစ်ကြိမ်လည်း။ နိသိန္နောဝါ၊ ထိုင်ဘူးသည်သော်လည်းကောင်း။ နိပန္နောဝါ၊ လျောင်းဘူးသည်သော် လည်းကောင်း။ ဟောတိ၊ ၏။ (တံ၊ ထိုအခင်းသည်။) **ပုရာဏသန္ထတံ**နာမ၊ တမည်၏။
**သမန္တာ**တိ၊ ကား။ သမန္တာ။ ။ "ပုရာဏသန္ထတဿ သမန္တာပုရာဏသန္ထတ၏ ပတ်ဝန်းကျင်"ဟူရာ၌ (အလယ်သားတို့က ထိုင်ဖန်းများ၍ ရိနေစရာရှိသောကြောင့်) "ဧကပဿတော-မရိသေးသော ဘေးတစ်နေရာအရပ်မှ ဖြတ်၍ယူပါ" ဟု ဆိုသည်၊ ထိုသို့ဖြတ်၍ ယူရာ၌လည်း အဝိုင်းရနိုင်လျှင် အဝိုင်း ၄ ထောင့်ရနိုင်လျှင် ၄ ထောင့် ဖြတ်ပါ-ဟု ပြလို၍ "ဝဋ္ဋံဝါ ၊ပေ၊ ဝုတ္တံ ဟောတိ" ဟု မိန့်၊ [အဝုတ္တဝိကပ္ပန ဝါသဒ္ဒါကြောင့် ဝဋ္ဋစတုရဿမရလျှင် ရသမျှလည်း ဖြတ်၍ယူနိုင်၏-ဟုမှတ်။] ဧကပဿတော၊ တစ်ခုသော နံပါးမှ။ ဝါ၊ ဘေးတစ်ဘက်မှ။ ဝဋ္ဋံဝါ၊ အဝိုင်းကိုသော်လည်းကောင်း။ စတုရဿံဝါ၊ လေးထောင့်ကိုသော်လည်းကောင်း။ ဆိန္ဒိတွာ၊ ဖြတ်၍။ ဂဟိတဋ္ဌာနံ၊ ယူအပ်သော အရပ်ကို၊ (ဂဟေတဗ္ဗံ-၌ စပ်။) ယထာ၊ အကြင် အခြင်းအရာအားဖြင့် ယူအပ်သော်။ ဝိဒတ္ထိမတ္တံ၊ တစ်ထွာအတိုင်းအရှည်ရှိသည်။ ယထာဝိဒတ္ထိ မတ္တံ။ ။ "သုဂတဝိဒတ္ထိ အာဒါတဗ္ဗာ" ဟုသိက္ခာပုဒ်၌ မိန့်သော ကြောင့် "ယထာဝိဒတ္ထိမတ္တံ ၊ပေ၊ ဧဝံ"ဟု ဆိုသည်၊ သန္ထတအဟောင်း၌ တစ်ထွာလောက်မျှ- အကောင်းမရှိလျှင် ရသမျှကိုပင် ဖြတ်၍ ယူရမည်၊ [ဥက္ကဋ္ဌပရိစ္ဆေဒေါ စာယံ-တစ်ထွာ ဆိုသည်မှာ အလွန်ဆုံး အပိုင်းအခြားဖြစ်သည်၊ ဘာ့ကြောင့်နည်း-"အနာပတ္တိ အလဘန္တော (တစ်ထွာလောက် မရလျှင်) ထောကတရံ အာဒိယိတွာ ကရောတိ-အနာပတ္တိ" ဟု ပဒဘာဇနီ၌ ဟောတော်မူသောကြောင့်တည်း။] ဟောတိ၊ ၏။ ဧဝံ၊ ဤအခြင်းအရာအားဖြင့်။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။
ပန၊ ဆက်။ သန္တရန္တေန၊ ဖြန့်ခင်းသော ရဟန်းသည်။ ဧကဒေသေဝါ၊ တစ်စိတ် တစ်ပိုင်းအရပ်၌သော်လည်း။ သန္ထရိတဗ္ဗံ၊ ဖြန့်ခင်းနိုင်၏။ ဝိဇဋေတွ၊ ဖြေရှင်း၍။ မိဿကံ၊ အသစ်သိုးမွေးနှင့် ရောသည်ကို။ ကတွာဝါ၊ ပြု၍သော်လည်း။ သန္တရိတဗ္ဗံ၊ ၏။ဧကဒေသေဝါ ၊ပေ၊ သန္တရိတဗ္ဗံ။ ။ အဟောင်းမှ ဖြတ်၍ယူအပ်သော ထိုအပိုင်း ကို အသစ်၏ တစ်နေရာမှာ သွင်း၍ အပြတ်တိုင်းသော်လည်း ထည့်ပါ၊ သို့မဟုတ် ထိုအပိုင်းကို ဖြေရှင်းပြီးလျှင် အမျှင်ဖြစ်မှ အသစ်သိုးမွေးများနှင့် ရော၍သော်လည်း ခင်းပါ-ဟူလို၊ "ဧဝံ ထိရတရံ ဟောတိ" ကား ဖြေရှင်း၍ ရောခင်းခြင်း၏ အကျိုးရကိုပြသော ဝါကျတည်း။
မှတ်ချက်။ "နိသီဒန သန္ထတံ" ၌ "နိသီဒန" ဟု ဝိသေသန ပြုခြင်းသည် "သင်္ကန်း မဟုတ်၊ အိပ်စရာ ထိုင်စရာဖြစ်သော သန္တတ" ဟု သိစေရခြင်း အကျိုးရှိ၏။ [ဧတ္ထစ နိသီ ဒနဂ္ဂဟဏံ သန္ထတေ စီဝရသညာယ နိဝါရဏတ္ထံ၊-ဋီကာ။]
ဝိမတိ။ ။ ရတနဝဂ်၌လာသော နိသီဒိုန်သည် သင်္ကန်း ၉ ထည်တွင် ပါဝင်၏။ အတိုင်းအရှည် ပမာဏလည်း ရှိရ၏၊ ယက်ကန်း၌ ယက်ရသော အဝတ်တည်း၊ အဓိဋ္ဌာန် ဝိကပ္ပနာပြု၍ သုံးစွဲရ၏၊ ဤ၌လာသော နိသီဒိုန်ကား ပမာဏ မရှိ၊ မယက်ဘဲ ခင်း၍ ပြုရ၏၊ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ သုံးစွဲနိုင်သည်။ [သန္ထတဿ အဝါယိမတာယ သယနာသန ပရိက္ခာရတာယစ စီဝရတာ အဓိဋ္ဌာတဗ္ဗတာစ နတ္ထိ၊ (ဝိမတိ၊) သာရတ္ထ၌ကား ဤနိသီဒိုန်နှင့် ရတနဝဂ်လာ နိသီဒိုန်တို့သည် သဘောတူပင်ဟု ယူသောဝါဒ ပါသေး၏။]
ဧဝံ၊ ဤသို့ ဖြေရှင်း၍ ဖြန့်ခင်းလတ်သော်။ ထိရတရံ၊ သာ၍ ခိုင်သည်။ ဟောတိ၊ ၏ ။
**အနာဒါစေ**တိ၊ ကား။ ပုရာဏသန္ထတေ၊ အခင်းဟောင်းသည်။ သတိ၊ ရှိလတ်သော်။ ဝါ၊ ရှိပါလျက်။ အဂ္ဂဟေတွာ၊ မယူမူ၍၊ (ကာရာပေယျ-အံ့။)
အသတိ ပန၊ မရှိသော်ကား။ အဂ္ဂဟေတွာပိ၊ မယူမူ၍လည်း။ (ကာရာပေတုံ၊ ငှာ။) ဝဋ္ဋတိ၊ ၏။ အညဿ၊ သူတစ်ပါး၏။ အတ္ထာယ၊ ငှာ။ ပေ၊ ဝဋ္ဋတိ၊ ၏။
ပေ၊ သန္ထတဝိသဇ္ဇန ဝတ္ထုသ္မိံ၊ အခင်းကို စွန့်ပစ်ခြင်းဟူသော အကြောင်းကြောင့်။ ပေ၊... ပဉ္စမသိက္ခာပဒံ သမတ္တံ။