Issues
Select Version
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

10. Naccagītasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒသမေ၊ ၌။ နစ္စန္တိ၊ ကား။ အန္တမသော၊ ဖြင့်။ မောရနစ္စမ္ပိ၊ ဒေါင်းတို့၏ကခြင်းကိုလည်း။ (ဒဿနာယ ဂစ္ဆေယျ၌စပ်။)
ဂီတန္တိ၊ ကား။ အန္တမသော, ဓမ္မဘာဏကဂီတမ္ပိ၊ တရား‌ဟောပုဂ္ဂိုလ်တို့၏သီချင်းသံကိုလည်း။ဆဋ္ဋိတခေတ္တေ ။ ။ကောက်ပင်တို့ကို ရိတ်၍ ယူသွားပြီးရာလယ်ကို "ဆဋ္ဋိတခေတ္တေ" ဟု ဆိုသည်၊ ရိတ်ပြီးသော်လည်း နောက်ထပ် အတက်ထွက်ဦးမည်ဖြစ်၍ စောင့်ရှောက်ထားလျှင်ကား "ဆဋ္ဋိတ" မဟုတ်။
မောရနစ္စမ္ပိ ။ ။ပိသဒ္ဒါသည် ဂရဟာဇောတက၊ ‌ဒေါင်းသတ္တဝါတို့၏ ကခြင်းသော်မှ နစ္စမည်သေး၏၊ ကခြေသည် သေသောက်ကြူး‌စသော လူတို့ ကခြင်း၏ နစ္စအမည်ရကြောင်းမှာ အထူးဆိုဖွယ်မလို-ဟု သမ္ဘာဝနာပြု၊ မောရသဒ္ဒါလည်း ကတတ်သော တိရစ္ဆာန်တို့၏ နိဒဿနနည်းသာတည်း၊ ထိုမောရဖြင့် သုဝ (ကျေးသား), မက္ကဋ(မျောက်),သပ္ပ (အလမ္ပာယ်မြွေ)စသည်ကိုလည်း ယူ။ [နဋာဒယော ဝါ နစ္စန္တု, သောဏ္ဍာ ဝါ၊ အန္တမသော မောရသုဝမက္ကဋာဒယောပိ၊ သဗ္ဗမေတံ နစ္စမေဝ။]
ဓမ္မဘာဏကဂီတံပိ ။ ။ဓမ္မံ+ဘဏန္တီတိ ဓမ္မဘာဏကာ-တရားဟောသူတို့၊ တေသံ+ဂီတံ ဓမ္မဘာဏကဂီတံ၊ တရားဟောသောအခါ သီချင်းသံပေါက်အောင် အသံရှည်ဆွဲ၍ ဟောအပ်သော တရားသီချင်း၊ ပိသဒ္ဒါ သမ္ဘာဝနာဇောတက၊ "တရားတည်းဟူသော မွန်မြတ်သော အသံသော်မှ ဂီတအမည် ရသေး၏၊ ကခြေသည်တို့၏ သီချင်း, အရိယာတို့ ပရိနိဗ္ဗာန်စံရာ အခါ၌ သာဓုကီဠနသဘင် ကျင်းပရာဝယ် ရတနာသုံးပါးဂုဏ်နှင့်စပ်၍ စီကုံးအပ်သော သီချင်းတို့၏ ဂီတအမည်ရကြောင်းမှာ အထူးဆိုဖွယ် မလိုတော့ပါ" ဟူလို။ [သီချင်းအသွားအတိုင်း ပြုလုပ်အပ်သော ဒန္တဂီတ (သွားသီချင်းသံ), သီချင်းမဆိုမီ ရှေးဦးစွာ အသံမပီသသော ဩကူဇန(ငြီးသံ) တို့လည်း ဂီတတွင် ပါဝင်ကြသတတ်။]
(သဝနာယ၊ နားထောင်ခြင်းငှာ။ ဂစ္ဆေယျ။)
ဝါဒိတန္တိ၊ ကား။ အန္တမသော, ဥဒကဘေရိဝါဒိတမ္ပိ၊ ရေစည်တီးသံကိုလည်း။ (သဝနာယ ဂစ္ဆေယျ)။
ဒဿနာယာတိ၊ ကား။ ဧတေသု၊ ဤနစ္စ, ဂီတ, ဝါဒိတတို့တွင်။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုကို။ ဒဿနာယ၊ ကြည့်ရှုခြင်းငှာ။ (တစ်နည်း) ဒဿနာယ၊ ကြည့်ရှုနားထောင်ခြင်းငှာ။ ဂစ္ဆန္တိယာ၊ ၏။ ပဒေ ပဒေ ဒုက္ကဋံ (ဟောတိ)။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတာ၊ တည်သော ရဟန်းမသည်။ ပဿတိဝါ၊ ကြည့်မူလည်း ကြည့်၏။ သုဏာတိ ဝါ၊ နားထောင်မူလည်း နားထောင်၏။ (တတ္ထ၊ ထိုအရပ်၌။) ဧကပ္ပယောဂေ၊ တစ်ကြိမ်သော ပယောဂ၌။ ဧကာ၊ တစ်ချက်သော။ အာပတ္တိ (ဟောတိ)။ တံတံဒိသံ၊ ထိုထိုအရပ်ကို။ ဩလောကေန္တိယာ၊ ကြည့်သောရဟန်းမ၏။ ပယောဂေ ပယောဂေ၊ ၌။ အာပတ္တိ ဟောတိ။
(ဣဒံ သိက္ခာပဒံ)။ ပေ။ နစ္စာဒီနိ၊ ကခြင်း အစရှိသည်တို့ကို။ ဒဿနာယ၊ ငှာ။ ဂမနဝတ္ထုသ္မိံ၊ သွားခြင်းဟူသော အကြောင်းကြောင့်။ ပညတ္တံ။ သယံ၊ ကိုယ်တိုင်။ တာနိ ဝတ္ထူနိ၊ ထိုနစ္စ အစရှိသော ဝတ္ထုတို့ကို။ ကရောန္တိယာ၊ ပြုသောရဟန်းမ၏လည်းကောင်း။ အညံ၊ အခြားသူကို။ အာဏာပေန္တိယာဝါ၊ စေခိုင်းသူမူလည်းဖြစ်သော။ စေတိယဿ၊ စေတီအား။ ဥပဟာရံ၊ ပူဇော်ခြင်းကို။ ဒေထ၊ ပေးကုန်လော့။ ဣတိ ဤဒိသေန၊ သော။ ပရိယာယေန၊ ပရိယာယ်ဖြင့်။မှတ်ချက် ။ ။တရားတော်ပင် ဖြစ်သော်လည်း ဂီတသံပေါက်အောင် ရွတ်ဆိုလျှင် နားမထောင်အပ်၊ ရွတ်ဆိုခြင်းငှာလည်း မအပ်၊ ပျို့ ကဗျာ လင်္ကာ တေးထပ် ဒွေးချိုး စသော ဂီတမျိုးပင် ဖြစ်သော်လည်း တရားသဘောပါအောင် ရေးထားလျှင် နားထောင်အပ်၏၊ သို့ရာဝယ် ရဟန်းများ ကိုယ်တိုင်ကား ဂီတဆိုသလို အသံ အတို အရှည်ဆွဲ၍ မဆိုကောင်းဟု မှတ်ပါ။
ဥဒကဘေရိဝါဒိတံပိ ။ ။ဤ ပိကား ဂရဟာဇောတက၊ "ရေထည့်ရာ စည်ကို တီးသော အသံသော်မှ ဝါဒိတ မည်သေး၏၊ ညှို့ဖြင့် ဖွဲ့အပ်သော စောင်းစသော တူရိယာတို့ကို တီးသံ၏ ဝါဒိတအမည်ရကြောင်းမှာ ဆိုဖွယ်မလို" ဟူလို။ [ဝါဒိတန္တိ-တန္တိဗဒ္ဓါဒိဝါဒနီယဘဏ္ဍဝါဒိတံ ဝါ ဟောတု, ကူတဘေရိဝါဒိတံ ဝါ (အိုးစည်တီးသံ)၊ အန္တမသော ဥဒကဘေရိဝါဒိတံပိ၊ သဗ္ဗမေဝေတံ ဝါဒိတမေဝ။]
ဒဿနာယ ။ ။စက္ခုဝိညာဏ်စသော ဝိညာဏ် ၅ ပါးလုံး၏ ကိစ္စသည် သိမြင်ခြင်းသဘော ရှိရကား ဝိညာဏ် ၅ပါးလုံး၏ ကိစ္စကို "ဒဿန" ဟု ဆိုနိုင်၏၊ ထို့ကြောင့် ဒဿနာယဝယ် နားထောင်ခြင်းကြိယာလည်း ပါဝင်သည်ဟု မှတ်ပါ၊ တစ်နည်း- "ဒဿနဉ္စ+သဝနဉ္စ ဒဿနံ" ဟု ဝိရူပေကသေသ်ပြု၍ "ဒဿနာယ-ကြည့်ရှုနားထောင်ခြင်းငှာ" ဟုပေးပါ။
ဘဏန္တိယာဝါ၊ ပြောသူမူလည်းဖြစ်သော။ [ဘုရားရှေ့၌ အက သီဆို တီးမှုတ်မှုကို ခိုင်းသည်ကိုပင် "ဥပဟာရံ ဒေထ" ဟု ခိုင်းခြင်းဖြစ်သောကြောင့် ပရိယာယ်ဖြင့် ခိုင်းခြင်းဟု ဆိုသည်။] စေတိယဿ၊ အား။ ဥပဟာရံ၊ ကို။ ကရောမ၊ ပြုလိုပါကုန်၏။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ သာဓူတိ၊ ကောင်းပြီဟူ၍။ သမ္ပဋိစ္ဆန္တိယာဝါ၊ လက်ခံသူမှလည်းဖြစ်သော။ (ဘိက္ခုနိယာစ၊ ၏လည်းကောင်း။) ပါစိတ္တိယမေဝ၊ ပင်တည်း။ ဣတိ၊ ဤစကားကို။ သဗ္ဗအဋ္ဌကထာသု၊ တို့၌။ ဝုတ္တံ၊ ပြီ။ ဘိက္ခုနော၊ ၏။ သဗ္ဗတ္ထ၊ အလုံးစုံတို့၌။ [ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကို စေခိုင်းခြင်း, ပရိယာယ်ပြောခြင်းတို့၌-ဟူလို။] ဒုက္ကဋံ (ဟောတိ)။
ပန၊ ကား။ တုမှာကံ၊ အရှင်ဘုရားတို့၏။ စေတိယဿ၊ အား။ ဥပဋ္ဌာနံ၊ ဆည်းကပ်ခြင်းကို။ ကရောမ၊ ပြုလိုပါကုန်၏။ ဣတိ၊ သို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ ဥပဋ္ဌာနကရဏံ နာမ၊ ဆည်းကပ်မှုကို ပြုခြင်းမည်သည်။ သုန္ဒရံ၊ ကောင်း၏။ ဣတိ ဤဒိသံ၊ သော။ ပရိယာယံ၊ ကို။ ဘဏန္တိယာ၊ ၏လည်းကောင်း။ [ဥပဋ္ဌာနဟူသည် ဘုရားအနီး၌ ပြုစု တည်နေခြင်း(ဆည်းကပ်ခြင်း)ဖြစ်သောကြောင့် "ကောင်း၏" ဟု ဆိုကောင်းသည်-ဟူလို။] အာရာမေ၊ အာရာမ်၌။ ဝါ၊ မိမိကျောင်း၌။ ဌတွာ၊ တည်၍။ ပဿန္တိယာဝါ၊ ကြည့်သည်မူလည်းဖြစ်သော။စေတိယဿ ။ ။"စေတီတော်ကို နစ္စ ဂီတ ဝါဒိတတို့ဖြင့် ပူဇော်ပါရစေ" ဟု လူတို့က လျှောက်လာလျှင် "အင်း-ကောင်းသားပဲ" ဟု သဘောတူ လက်မခံရ၊ လက်ခံလျှင် ဘိက္ခုနီတို့မှာ ပါစိတ်, ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ဤစကားအရ "ကပွဲသဘင်ဖြင့် ဘုရားပွဲလုပ်ဖို့ရန် ကိုယ်တိုင်ကြိုးစားမှု, လူတို့အား စီမံမှုကို မပြုကောင်း" ဟု မှတ်ပါ။
သဗ္ဗအဋ္ဌကထာသု ။ ။သိက္ခာပုဒ်ပါဠိတော်၌ "နစ္စံ၊ပေ၊ဒဿနာယ ဂစ္ဆေယျ" ဟု နစ္စစသည် တို့ကို ကြည့်ရှုနားထောင်ဖို့ရန် သွားသူသာ အာပတ်ဟု ပညတ်တော်မူ၏၊ ထိုနစ္စစသည်တို့ကို ကိုယ်တိုင်ပြုသူ, အပြုခိုင်းသူမှာ အာပတ်ဟု ပညတ်တော်မမူအပ်ချေ၊ သို့ပါလျက် "သယံ တာနိ ဝတ္ထူနိ ကရောန္တိယာ" စသော စကားကို အဘယ်မှရ၍ ဆိုအပ်ပါသနည်းစု မေးဖွယ်ရှိသောကြောင့် "သဗ္ဗအဋ္ဌကထာသု ဝုတ္တံ" ဟု မိန့်သည်၊ မဟာအဋ္ဌကထာစသော အဋ္ဌကထာအားလုံးတို့၌ပင် တညီတညွတ်တည်း ဆိုထားသောကြောင့် ထိုအဋ္ဌကထာတို့မှ ရသဖြင့် ဆိုအပ်ပါသည်-ဟူလို။
အာရာမေ ဌတွာ ။ ။"ဌတွာ-ရပ်၍" ဟူသော စကားသည် နိဒဿန (ဌာနကြိယာတစ်ခုကိုသာ ညွှန်ပြသော)နည်းတည်း၊ ထိုင်၍, လဲလျောင်း၍, စင်္ကြံသွား၍ ကြည့်ရှုနားထောင်ခြင်းများကိုလည်း "ဌတွာ ပဿန္တိယာ ဝါ သုဏန္တိယာ ဝါ" ၌ သွင်းယူရသည်။ [အာရာမေ ဌတွာတိ ဣဒံ နိဒဿနမတ္တံ, သေကဣရိယာပထေဟိ ယုတ္တာယ ပဿန္တိယာပိ အနာပတ္တိယာ ဣစ္ဆိတဗ္ဗတ္တာ။]
အခြားကျောင်းတို့သို့ကား ။ ။‌"ကျောင်း၌ တည်၍ ကြည့်လျှင် အနာပတ္တိ" ဟု ဆိုသော်လည်း တခြားကျောင်းတိုက်သို့ကား အကြည့်မသွားကောင်း။ [ပဿိဿာမီတိ ဝိဟာရတော ဝိဟာရံ ဂစ္ဆန္တိယာ အာပတ္တိယေဝ၊-ဋီကာသစ်၊ ဤစကားလည်း "ဒဿနာယ ဂစ္ဆေယျ" ဟူသော ပါဠိတော်နှင့် အညီပင်တည်း။]
သုဏန္တိယာဝါ၊ နားထောင်သည်မူလည်းဖြစ်သော။ (ဘိက္ခုနိယာ၊ ၏လည်းကောင်း။) တထာ၊ ထိုမှတစ်ပါး။ အတ္တနော၊ ၏။ ဌိတောကာသံ၊ တည်ရာအရပ်သို့။ အာဂန္တွာ၊ လာ၍။ ပယောဇိတံ၊ ယှဉ်စေအပ်သော နစ္စ စသည်ကိုလည်းကောင်း။ ပဋိပထံ၊ ‌ရှေးရှုဖြစ်သောလမ်းကို။ ဝါ၊ ခရီးရင်ဆိုင်။ ဂစ္ဆန္တိယာ၊ သွားစဉ်။ [ကိုယ်ကိစ္စနှင့် သွားစဉ်-ဟူလို။] သမ္မုခီဘူတံ၊ မျက်မှောက်ဖြစ်၍ဖြစ်သော နစ္စ စသည်ကိုလည်းကောင်း။ (ပဿန္တိယာဝါ သုဏန္တိယာဝါ, ဘိက္ခုနိယာ၊ ၏လည်းကောင်း။) သလာကဘတ္တာဒိကေ၊ သလာကဘတ်ကို ခံယူခြင်း အစရှိသော။ ကရဏီယေ၊ ပြုဖွယ်ကိစ္စသည်။ သတိ၊ သော်။ ဂန္တွာ၊ ၍လည်းကောင်း။ အာပဒါသု၊ တို့ကြောင့်။ သမဇ္ဇဋ္ဌာနံ၊ ပွဲသဘင်ရှိရာအရပ်သို့။ ပဝိသိတွာပိဝါ၊ ဝင်ပြေး၍သော်လည်းကောင်း။ ပဿန္တိယာဝါ သုဏန္တိယာဝါ (ဘိက္ခုနိယာ၊ ၏လည်းကောင်း။) ဥမ္မတ္တိကာဒီနံ (ပဿန္တီနံ ဝါ သုဏန္တီနံ ဝါ, ဘိက္ခုနီနံ)စ၊ တို့၏လည်းကောင်း။ အနာပတ္တိ (ဟောတိ)။
နစ္စာဒီနံ၊ နစ္စအစရှိသည်တို့တွင်။ အညတရတာ၊ တစ်ပါးပါး၏အဖြစ်လည်းကောင်း။ အနုညာတကာရဏာ၊ ကို။ အညတြ၊ ၍။ ဂမနံ၊ သွားခြင်းလည်းကောင်း။ ဒဿနံဝါ၊ ကြည့်ခြင်းသော်လည်းကောင်း။ သဝနံဝါ၊ နားထောင်ခြင်းသော်လည်းကောင်း။ ဣတိ၊ သို့။ ဣမာနိ တီဏိ။ ပေ။ ဣတိ၊ တည်း။
**ပဌမော၊ သော။** **လသုနဝဂ္ဂေါ၊ တည်း။**