Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

9. Senāvāsasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

နဝမေ၊ ၌။ တတော စေ ဥတ္တရီတိ၊ ကား။ တိရတ္တတော၊ ၃ ညဉ့်ထက်။ ဥတ္တရိ၊ အလွန်။ စတုတ္ထဒိဝသေ၊ ၄ရက်မြောက်နေ့၌။ သူရိယေ၊ နေသည်။ အတ္ထင်္ဂတေ၊ ဝင်ပြီးသော်။ သေနာယ၊ စစ်တပ်၌။ တိဋ္ဌတု ဝါ၊ ရပ်မူလည်း ရပ်ပစေ။ နိသီဒတု ဝါ၊ ထိုင်မူလည်း ထိုင်ပစေ။ သယတု ဝါ၊ အိပ်မူလည်း အိပ်ပစေ။ အာကာသေ၊ ကောင်းကင်၌။အနုယျုတ္တေ ။ ။ရှင်ဘုရင်သည် စစ်တပ်ဖြင့် စစ်တိုက်မဟုတ်ဘဲ ဥယျာဉ်သို့ ဖြစ်စေ, မြစ်သို့ ဖြစ်စေ သွားလျှင် ထိုစစ်တပ်ကို "အနုယျုတ္တာ" ဟုခေါ်၏၊ သေနာကို ငဲ့၍ "အနုယျုတ္တာယ" ဟု ဣတ္ထိလိင် ရှိသင့်၏၊ ထို့ကြောင့် အနုယျုတ္တေကို လိင်္ဂဝိပလ္လာ‌သဟု ကြံပါ၊ အာဂစ္ဆန္တံ၌လည်း (အာဂစ္ဆန္တိံ ရှိသင့်လျက်) နည်းတူ။
ဥယျုတ္တသေနာ ။ ။သေနာ-ဟု ပဌမန္တ ရှိသင့်၏၊ တေရသကဏ်၌လည်း ပဌမန္တပင် ရှိ၏၊ ထိုသည် အင်္ဂါတစ်ပါးတည်း "တထာရူပပစ္စယဿ အာပဒါယဝါ" ဟု ဝါသဒ္ဒါပါသောကြောင့် ထို ၂ ခုတွင် ၁ ခုခုသည် အင်္ဂါတစ်ပါး။
ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဣရိယာပထံ၊ ဣရိယာပုတ်ကို။ သစေပိ က‌ပ္ပေတိ၊ အကယ်၍မူလည်း ပြုစေဦးတော့။ (ဧဝံသတိပိ၊ ဤသို့ပြုပါသော်လည်း။) ပါစိတ္တိယမေဝ၊ သာ။ ဟောတိ။
(ဣဒံ သိက္ခာပဒံ)။ ပေ။ အတိရေကတိရတ္တံ၊ ၃ ညဉ့်ထက်အလွန်။ သေနာယ၊ ၌။ ဝသနဝတ္ထုသ္မိံ၊ နေခြင်းဟူသော အကြောင်းကြောင့်။ ပေ။ ဦနကတိရတ္တေ၊ ၃ညဉ့်အောက် ယုတ်လျော့သော ညဉ့်၌။ အတိရေကသညိနော၊ ၃ညဉ့်ထက် ပိုလွန်၏ဟု အမှတ်ရှိသည် ဖြစ်၍သော်လည်းကောင်း။ ဝေမတိကဿ ဝါ၊ ‌လည်းကောင်း။ (ဝသတော၊ နေသောရဟန်း၏။) ဒုက္ကဋံ ဟောတိ။
(ဦနကတိရတ္တေ၊ ၌။) ဦနကသညိဿ၊ ၃ညဉ့် အောက်ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍။ (ဝသတော၊ လည်းကောင်း။) တတိယာယ၊ ၃ညဉ့်မြောက်သော။ ရတ္တိယာ၊ ၏။ ပုရာရုဏာ၊ အရုဏ်မတက်မီ။ နိက္ခမိတွာ၊ စစ်တပ်မှ ထွက်၍။ ပုန၊ တစ်ဖန်။ ဝသတော၊ လည်းကောင်း။ ဂိလာနဿ၊ မိမိကိုယ်တိုင် ဂိလာနဖြစ်၍။ ဝသ‌တော ဝါ၊ ၏လည်းကောင်း။ ဂိလာနကရဏီယေန၊ ဂိလာန၏ပြုဖွယ်ကိစ္စကြောင့်။ ဝသ‌တောဝါ၊ လည်းကောင်း။ ပဋိသေနာရုဒ္ဓါယ၊ ရန်သူစစ်တပ်သည် ပိတ်ဆို့အပ်သော။ [ပဋိသေနာယ၊ သည်။ ရုဒ္ဓါ၊ ပိတ်ဆို့အပ်သည်တည်း။ ပဋိသေနာရုဒ္ဓါ၊ မိမိနေရာစစ်တပ်ကို ရန်သူစစ်တပ်က သွားလာမဖြစ်အောင် ပိတ်ဆို့ထားအပ်သော။] သေနာယ၊ ၌။ (ဝသတော၊ လည်းကောင်း။) ကေနစိ၊ တစ်စုံတစ်ယောက်သည်။ ပလိဗုဒ္ဓဿ၊ နှောင့်ယှက်အပ်သည်ဖြစ်၍။ (ဝသတော၊ လည်းကောင်း။) [ရန်သူဖြစ်စေ, အစိုးရကဖြစ်စေ စစ်တပ်ကထွက်မသွားရအောင် မိမိကို နှောင့်ယှက်ထားသည်-ဟူလို။] အာပဒါသု၊ ကြောင့်။ (ဝသတော၊ လည်းကောင်း။) ဥမ္မတ္တကာဒီနဉ္စ၊ တို့၏လည်းကောင်း။ အနာပတ္တိ ဟောတိ။
တိရတ္တာတိက္ကမော၊ ၃ညဉ့်ကို လွန်ခြင်းလည်းကောင်း။ သေနာယ၊ ၌။ သူရိယဿ၊ နေ၏။ အတ္ထင်္ဂမော၊ ဝင်ခြင်းလည်းကောင်း။ ဂိလာနတာဒီနံ၊ ဂိလာန၏ အဖြစ် အစရှိသည်တို့၏‌လည်းကောင်း။ [အာဒိဖြင့် "ဂိလာနကရဏီယ, ပဋိသေနာရုဒ္ဓါ, ကေနစိ ပလိဗုဒ္ဓ, အာပဒါ"တို့ကို ယူ။] အဘာဝေါ၊ မရှိခြင်းလည်းကောင်း။ ဣတိ၊ သို့။ ပေ။
ဧဠကလောမသဒိသာနေဝ၊ သာတည်း။ ဣတိ၊ တည်း။