အညာတကဝိညတ္တိ သိက္ခာပဒဝဏ္ဏနာ
၆။ အညာတကဝိညတ္တိ သိက္ခာပုဒ်
အညာတကဝိညတ္တိ သိက္ခာပဒဝဏ္ဏနာ
၆။ အညာတကဝိညတ္တိ သိက္ခာပုဒ်
ဆဋ္ဌေ၊ ၌။
**ဂဟပတိံ**တိ၊ ကား။
ဂဟပတိံ။ ။ ဂဟဿ+ပတိ ဂဟပတိ-အိမ့်၏ အရှင်၊ အိမ်ပိုင်ရှိသူ၊ ဤဝိဂ္ဂဟနှင့် အညီဆိုလျှင် အိမ်ပိုင်ရှိသူကိုမှ "ဂဟပတိ" ဟု ခေါ် ရမည်ဖြစ်သော်လည်း မတောင်းကောင်းချင်း တူသောကြောင့် အိမ်ပိုင်မရှိသူနှင့် ရသေ့ ပရိဗ္ဗိုဇ်များကိုပါ သဒိသူပစာရ-ဥပလက္ခဏနည်း အားဖြင့် ယူ-ဟု ပြလို၍ "ဘိက္ခူသု အပဗ္ဗဇိတမနုဿံ" ဟု ဖွင့်သည်။
ဘိက္ခူသု၊ တို့၌။
အပဗ္ဗဇိတမနုဿံ၊ ရဟန်းမပြုသော လူကို။
**ဂဟပတာနိ**တိ၊ ကား။
ဘိက္ခုနီသု၊ တို့၌။
အပဗ္ဗဇိ တိတ္ထိံ၊ ရဟန်းမပြုသော မိန်းမကို။
သဗ္ဗေသု၊ ကုန်သော။
ဂဟပတိပဋိသံယုတ္တေသု၊ ဂဟပတိနှင့် စပ်ယှဉ်ကုန်သော။
သိက္ခာပဒေသု၊ တို့၌။
ဧသ၊ သည်။
နယော၊ တည်း။
**ဝိညာပေယျာ**တိ၊ ကား။
ဝိညာပေယျ။။ ဝိပုဗ္ဗ, ဉာဓာတ်၊ ဏာပေပစ္စည်း ဖြစ်၍ မိမိက အလိုရှိကြောင်းကို သိစေအံ့" ဟု သဒ္ဒတ္ထ ဖြစ်၏၊ ထိုသို့ သိစေခြင်းဟူသည် ကိုယ်တိုင် တောင်းသောအားဖြင့် သိစေခြင်း, သူတစ်ပါးကို အတောင်းခိုင်းသောအားဖြင့် သိစေခြင်းဟု ၂ မျိုးရှိ၏၊ ထို့ကြောင့် ယာစေယျ, ယာစာပေယျ ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။
ယာစေယျဝါ၊ ကိုယ်တိုင်မူလည်း တောင်းအံ့။
ယာစာပေယျ ဝါ၊ သူတစ်ပါးကိုမူလည်း တောင်းစေအံ့။
**အညတြသမယာ**တိ၊ ကား။
ယော၊ အကြင် ရဟန်းသည်။
အစ္ဆိန္နစီဝရောဝါ၊ လုယူအပ်သော သင်္ကန်းရှိသူသော်လည်းကောင်း။
နဋ္ဌစီဝရောဝါ၊ ပျက်စီးသော သင်္ကန်းရှိသူသော်လည်းကောင်း။
အစ္ဆိန္န, နဋ္ဌ။ ။ မင်း, ခိုးသူ, သေသောက်ကြူး စသူတို့က လုယူအပ်သည်ကို အစ္ဆိန္န ဟု ဆို၏၊ မီး, ရေ, ကြွက် စသည်တို့ကြောင့်လည်းကောင်း, သုံး၍ စုတ်သွားခြင်းကြောင့်လည်း
ကောင်း, ပျက်စီးသည်ကို နဋ္ဌ ဟု ဆိုသည်။
ဟောတိ၊ ၏။
တဿ၊ ထိုရဟန်း၏။
တံ သမယံ၊ ထိုအခါကို။
ထပေတွာ၊ ၍။
အညသ္မိံ၊ အခြားသော အခါ၌။
ဝိညာပနပယောဂေ၊ သိစေခြင်းဟူသော ပယောဂကြောင့်။
ဒုက္ကဋံ (ဟောတိ၊) ပဋိလာဘေ၊ ကြောင့်။
နိသဂ္ဂိယံ၊ သည်။
ဟောတိ၊ ၏။
တတ္ထ၊ ထိုသို့ စွန့်ရာ၌။
ဣဒံ မေ ၊ပေ၊ နိသဂ္ဂိယံတိ၊ ယံဟူသော။
ဣမိနာ နယေန၊ ဖြင့်။
နိသဇ္ဇန ဝိဓာနံ၊ ကို။
ဝေဒိတဗ္ဗံ၊ ၏။
[ဘန္တေ၊ တို့။
မေ၊ သည်။
ဝါ၊ ၏။
ဣဒံ စီဝရံ၊ ကို။
အညာ တိကံ၊ ဆွေမျိုးမတော်သော။
ဂဟပတိကံ၊ အိမ့်ရှင်သူကြွယ်ကို။
သမယာ၊ သိစေသင့် တောင်းသင့်ရာအခါကို။
အညတြ၊ ၍။
ဝိညာပိတံ၊ သိစေအပ်သည်။
(ဟုတွာ၊) နိသဂ္ဂိယံ၊ ပါ၏။]
(ဣဒံ သိက္ခာပဒံ၊ ကို။)
ပေ၊ စီဝရဝိညာပနဝတ္ထုသ္မိံ၊ သင်္ကန်းကို၊ (အလိုရှိကြောင်း) သိစေခြင်းဟူသော အကြောင်းကြောင့်။
ဝါ၊ သင်္ကန်းကို တောင်းခြင်းဟူသော အကြောင်းကြောင့်။
ပညတ္တံ၊ ပြီ။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
အညတြသမယာ တိ၊ ယာဟူသော။
အယံ၊ ဤပညတ်သည်။
အနုပညတ္တိ၊ တည်း။
ပေ၊ ဉာတကေ၊ ဆွေမျိုးတော်သူ၌။
အညာတကသညိနော၊ ဆွေမျိုးမတော်ဟု အမှတ်ရှိသည်ဖြစ်၍ လည်းကောင်း။
ဝေမတိကဿစ၊ ၍လည်းကောင်း။
(ဝိညာပေန္တဿ၊ သိစေသော ရဟန်း၏။)အနာဏတ္တိယံ။ ။ တောင်းရုံ သက်သက်, အတောင်းခိုင်းရုံ သက်သက်ကြောင့် နိသဂ္ဂိပါစိတ်အာပတ် မသင့်သေး၊ တောင်း၍ ရမှ နိသဂ္ဂိပါစိတ်သင့်၏၊ ["ဝိညာပနပယောဂေ ဒုက္ကဋံ, ပဋိလာဘေ နိသဂ္ဂိယံ" ကိုထောက်၊] ထိုရမှုကား စေခိုင်းအပ်သူနှင့် မဆိုင်၊ စေခိုင်းအပ်သူမှာ နိသဂ္ဂိပါစိတ်အာပတ် မသင့်၊ ရသောပုဂ္ဂိုလ်မှသာ သင့်၏၊ ထို့ကြောင့် "အနာ ဏတ္တိကံ-စေခိုင်းခြင်းကြောင့် သင့်အပ်သော သိက္ခာပုဒ် မဟုတ်" ဟု ဆိုသည်။ [စေခိုင်းမှုသည် နိသဂ္ဂိပါစိတ်၏ ဝတ္ထုမဟုတ်, ဒုက္ကဋ်ဝတ္ထုသာ ဖြစ်၏၊ ဤသိက္ခာပုဒ်ကား နိသဂ္ဂိပါစိတ်သိက္ခာပုဒ် ဖြစ်သည်-ဟူလို။]
အညဿ ၊ပေ၊ ဝိညာပေန္တဿ။ ။ ဦးတိဿသည် မိမိမှ အခြားသော ဦးနာဂ၏ ဆွေမျိုးတော်သူ သို့မဟုတ် ဖိတ်မန်ထားသူကို ထိုဦးနာဂအတွက် တောင်းပေးလျှင် အနာပတ္တိ၊ ဦးနာဂ၏ ဉာတိပဝါရိတတို့ကို မိမိအတွက်ကား မတောင်းကောင်း၊ မိမိ၏ ဉာတိပဝါရိတတို့ကို ကား သူတစ်ပါးအတွက် တောင်းပေးကောင်း၏။
အညဿ ၊ပေ၊ ဝိညာပေန္တဿ။ ။ ဦးတိဿသည် မိမိမှ အခြားသော ဦးနာဂ၏ ဆွေမျိုးတော်သူ သို့မဟုတ် ဖိတ်မန်ထားသူကို ထိုဦးနာဂအတွက် တောင်းပေးလျှင် အနာပတ္တိ၊ ဦးနာဂ၏ ဉာတိပဝါရိတတို့ကို မိမိအတွက်ကား မတောင်းကောင်း၊ မိမိ၏ ဉာတိပဝါရိတတို့ကို ကား သူတစ်ပါးအတွက် တောင်းပေးကောင်း၏။
ဒုက္ကဋံ (ဟောတိ၊) သမယေဝါ၊ တောင်းသင့်ရာ အခါ၌သော်လည်း။
(ဝိညာပေန္တဿစ၊ ၏လည်းကောင်း။)
ဉာတကပဝါရိတေဝါ၊ ဆွေမျိုးတော်သူ ဖိတ်မန်သူတို့ကိုသော်လည်း။
ဝိညာပေန္တဿစ၊ ၏လည်းကောင်း၊ (ဥမ္မတ္တကာဒီနဉ္စမှ စလိုက်စေ။)
အညဿဝါ၊ အခြားသူ၏မူလည်း။
ဉာတကပဝါရိတေ၊ တို့ကို။
တဿေဝ၊ ထိုအခြားသူ၏ပင်။
အတ္ထာယ၊ ငှာ။
ဝိညာပေန္တဿစ၊ ၏လည်းကောင်း။
အတ္တနော၊ ၏။
ဓနေန၊ အပ်သော ဥစ္စာဖြင့်။
ဂဏှန္တဿစ၊ လဲယူသော ရဟန်း၏ လည်းကောင်း။
ဥမ္မတ္တကာဒီနဉ္စ၊ တို့၏လည်းကောင်း။
အနာပတ္တိ၊ သည်။
(ဟောတိ၊) ဝိကပ္ပနုပဂစီဝရတော၊ အဖြစ်လည်းကောင်း။
သမယာဘာဝေါ၊ တောင်းသင့်ရာ အခါမဟုတ်ခြင်းလည်းကောင်း။
အညာတကဝိညတ္တိ၊ ဆွေမျိုးမတော်သူကို တောင်းခြင်းလည်းကောင်း။
တာယ၊ ထိုတောင်းခြင်းဖြင့်။
ပဋိလာဘောစ၊ ရခြင်းလည်းကောင်း။
ဣတိ၊ သို့။
ဣမာနိ စတ္တာရိ၊ တို့သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
အင်္ဂါနိ၊ တို့တည်း။
သမုဋ္ဌာနာဒီနိ၊ တို့သည်။
စတုတ္ထသဒိသာနေဝ၊ စတုတ္ထသိက္ခာပုဒ်၏ သမုဋ္ဌာန်အစရှိသည်တို့နှင့် တူကုန်သည်သာ။
ဣတိ၊ သာဓာရဏဝိနိစ္ဆယ အပြီးတည်း။
ဆဋ္ဌသိက္ခာပဒံ၊ သည်။
သမတ္တံ၊ ပြီးပြီ။