သတ္တမေ၊ ၌။
စတုမာသာစ္စယပ္ပဝါရဏာတိ၊ ကား။
စတ္တာရောမာသေ၊ ၄ လတို့ပတ်လုံး။
ဂိလာနပစ္စယပ္ပဝါရဏာ၊ ဂိလာနပစ္စည်းဖြင့် ဖိတ်မန်ခြင်းကို။
(သာဒိတဗ္ဗာ၌စပ်။)
စ၊ ဆက်။
သဗ္ဗံ၊ သော။
ဧတံ၊ "စတုမာသပစ္စယပ္ပဝါရဏာ သာဒိတဗ္ဗာ, အညတြ ပုနပ္ပဝါဏာယ, အညတြ နိစ္စပ္ပဝါဏာယ" ဟူသောဤစကားကို။
ဝတ္ထုဝသေန၊ သိက္ခာပုဒ်ဖြစ်ကြောင်း ဝတ္ထု၏အစွမ်းအားဖြင့်။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။
ပန၊ ဆက်။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။
ဧတ္ထ၊ ဤစတုမာသပစ္စယပ္ပဝါရဏာ သာဒိတဗ္ဗာ အစရှိသော စကားရပ်၌။
အတ္ထော၊ တည်း။
စတုမာသပ္ပဝါရဏာ ဝါ၊ ၄ လလုံး ဖိတ်ခြင်းသည်မူလည်း။
ဟောတု၊ စေ။
ပုနပ္ပဝါရဏာ ဝါ၊ နောက်ထပ်ဖိတ်ခြင်းသည်မူလည်း။
ဟောတု၊ စေ။
နိစ္စပ္ပဝါရဏာ ဝါ၊ အမြဲဖိတ်ခြင်းသည်မူလည်း။
ဟောတု၊ စေ။
သဗ္ဗာဟိ၊ အလုံးစုံသော ဖိတ်ခြင်းတို့ကိုလည်း။
သာဒိတဗ္ဗာ၊ သာယာအပ် သာယာနိုင်ကုန်၏။
ဣဒါနိ၊ ၌။
မေ၊ ငါ၏။
ဝါ၊ ငါ့မှာ။
ရောဂေါ၊ ရောဂါသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
န ပဋိက္ခိပိတဗ္ဗာ၊ မပယ်မြစ်ထိုက်ကုန်။
ပန၊ အနွယကား။
ရောဂေ၊ သည်။
သတိ၊ ရှိလတ်သော်။
ဝိညာပေဿာမိ၊ အလိုရှိကြောင်းကို သိစေအံ့။
ဝါ၊ တောင်းအံ့။
သဗ္ဗံ စေတံ၊ ပေ၊ ဝုတ္တံ ။ ။မဟာနာမ်မည်သော သာကီမင်းသည် သံဃာတော်အား ထောပတ်စသော ဆေးဖြင့် ၄လပတ်လုံး ဖိတ်၏၊ ၄ လပြည့်သောအခါ ဆေးတွေ ပေါများသောကြောင့် နောက်ထပ် ၄ လဖိတ်ပြန်၏၊ ထို့နောက် ၄ လပြည့်သောအခါ (တောင်းသူနည်းပါး၍ ပေါမြဲ ပေါနေသောကြောင့်) လအပိုင်းအခြား မကန့်သတ်ဘဲ အမြဲဖိတ်ပြန်၏၊ ဤသို့ ဝတ္ထုကြောင်းဝယ် ၄လ ဖိတ်, နောက်ထပ်ဖိတ်, အမြဲဖိတ်ဟု ၃ မျိုးပါသောကြောင့် "စတုမာသပစ္စယပ္ပဝါရဏာ သာဒိတဗ္ဗာ, အညတြ ပုနပ္ပဝါရဏာယ အညတြ နိစ္စပ္ပဝါရဏာယ" ဟု ဝတ္ထုကြောင်းအလိုက် မိန့်တော်မူသည်။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
အဓိဝါသေတဗ္ဗာ၊ လက်ခံထိုက်ကုန်၏။
ဣတိ၊ ဤဆိုအပ်ပြီးကား။
အတ္ထော၊ တည်း။
["ဣဒါနိ၊ ပေ၊ န ပဋိက္ခိပိတဗ္ဗာ" ကား သာဒိတဗ္ဗာ ၏အဖွင့်တည်း၊ မပယ်မြစ်ခြင်းကိုပင် "သာယာခြင်း" ဟုဆိုလိုသည်။]
တတော စေ ဥတ္တရိ သာဒယေယျာတိ ဧတ္ထ၊ ဤပါဌ်၌။
(အတ္ထော ဧဝံ ဝေဒိ တဗ္ဗော)။
တတ္ထ၊ ထိုသို့ဖိတ်ရာ၌။
ရတ္တီဟိဝါ၊ ညည့်တို့ဖြင့်သော်လည်းကောင်း။
ဘေသဇ္ဇဟိဝါ၊ ဆေးတို့ဖြင့်သော်လည်းကောင်း။
ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။
ဝါ၊ ကို။
ကတော၊ ပြုအပ်သည်။
သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။
(ကိံ၊ အဘယ်သို့ပြုသနည်း။)
ဧတ္တကာယေဝ၊ ဤမျှအတိုင်းအရှည် ရှိသည်သာလျှင် ဖြစ်ကုန်သော။
ရတ္တိယော၊ ညဉ့်တို့ပတ်လုံး။
ဝိညာပေတဗ္ဗာနိ၊ အလိုရှိကြောင်းကို သိစေထိုက်ကုန်၏။
ဣတိဝါ၊ ဤသို့သော်လည်းကောင်း။
(ဤပါဌ်ဖြင့် ရတ္တိပရိစ္ဆေဒပြုပုံကို ပြသည်။)
ဧတ္တကာနိ (ဧဝ)၊ ကုန်သော။
ဘေသဇ္ဇာနိ၊ တို့ကို။
ဝိညာပေတဗ္ဗာနိ၊ ကုန်၏။
ဣတိဝါ၊ လည်းကောင်း။
(ဤပါဌ်ဖြင့် ဘေသဇ္ဇပရိစ္ဆေဒပြုပုံကို ပြသည်။)
ပရိစ္ဆေဒေါ၊ သည်။
ဝါ၊ ကို။
ကတော၊ သည်။
သစေ ဟောတိ၊ အံ့။
အထ၊ ထိုသို့ ဖြစ်လတ်သော်။
တတော ရတ္တိပရိယန္တတော ဝါ၊ ထိုညဉ့်အပိုင်းအခြားထက်သော်လည်းကောင်း။
တတောဘေသဇ္ဇပရိယန္တတော ဝါ၊ ထိုဆေးအပိုင်းအခြားထက်သော်လည်းကောင်း။
ဥတ္တရိ၊ အလွန်။
("စေ သာဒယေယျ၊ အကယ်၍ သာယာအံ့" ဟုသိက္ခာပုဒ် ပါဠိတော်၌ စပ်။)
န ဘေသဇ္ဇကရဏီယေန၊ ဆေးဖြင့် ပြုဖွယ်မဟုတ်သော ကိစ္စဖြင့်။
ဘေသဇ္ဇံဝါ၊ ဆေးကိုသော်လည်းကောင်း။
အညဘေသဇ္ဇကရဏီယေန၊ တစ်ပါးသောဆေးဖြင့် ပြုဖွယ်ကိစ္စဖြင့်။
အညံ၊ သော။
ဘေသဇ္ဇံဝါ၊ ဆေးကိုသော်လည်းကောင်း။
ဝိညာပေန္တဿ၊ ၏။
ပါစိတ္တိယံ (ဟောတိ)။တတော၊ ပေ၊ ဥတ္တရိ ။ ။"ညဉ့်ပေါင်း ၃၀ တိုင်အောင် တောင်းနိုင်ပါသည်" ဟုညဉ့်ကို ကန့်သတ်၍ ဖိတ်ရာ၌ ထိုညဉ့်ထက်အလွန် (ထိုညဉ့်လွန်သွားမှ) တောင်းလျှင်လည်းကောင်း, "ထောပတ် ၁ ပိဿာ ဖိတ်ပါ၏" စသည်ဖြင့် ဆေးကို ကန့်သတ်၍ ဖိတ်ရာ၌ ထို့ထက်အလွန် (၁ ပိဿာခွဲ စသည်) တောင်းလျှင်လည်းကောင်း ပါစိတ်။
န ဘေသဇ္ဇ၊ ပေ၊ အညံ ဘေသဇ္ဇံ ။ ။မိမိမှာ ဆေးဖြင့် ပြုဖွယ်မလို၊ ရောရော နှောနှော ဆွမ်းဖြင့်လည်း မျှတနိုင်လောက်အောင် ကျန်းမာနေ၏၊ ထိုသို့ ဆေးဖြင့် ပြုဖွယ်ကိစ္စ မရှိပါဘဲ ဆေးကို တောင်းလျှင်လည်းကောင်း, ထောပတ်ဆေးဖြင့် ပြုဖွယ်ရောဂါ ရှိပါလျက် အခြားသောဆီကို တောင်းလျှင်လည်းကောင်း ပါစိတ်။
မှတ်ချက် ။ ။"အညံ ဘေသဇ္ဇံတိ- သပိနာ ပဝါရိတော တေလံ, အာဠကေန (တစ်ပြည်သားဖြင့်) ပဝါရိတော ဒေါဏံ (တစ်စိတ်သားကို)"ဟု ပါစိတျာဒိအဋ္ဌကထာအတိုင်း ဋီကာဖွင့်၏၊ ထိုအဖွင့်သည် "အညဘေသဇ္ဇကရဏီယေန" ဟူသော စကားနှင့်မထပ်မိပါ၊ အဋ္ဌကထာ၌ပင် နောက်စကားကို ရှေ့ယူ၍ ဖွင့်ထားသော ပါဌ်ပျက်ဟုထင်ပါသည်။ [ယောဇနာ၌ကား ပါဌ်ရှိအတိုင်းပင် ကျမ်းတက်ထား၏]
န ဘေသဇ္ဇ၊ ပေ၊ အညံ ဘေသဇ္ဇံ ။ ။မိမိမှာ ဆေးဖြင့် ပြုဖွယ်မလို၊ ရောရော နှောနှော ဆွမ်းဖြင့်လည်း မျှတနိုင်လောက်အောင် ကျန်းမာနေ၏၊ ထိုသို့ ဆေးဖြင့် ပြုဖွယ်ကိစ္စ မရှိပါဘဲ ဆေးကို တောင်းလျှင်လည်းကောင်း, ထောပတ်ဆေးဖြင့် ပြုဖွယ်ရောဂါ ရှိပါလျက် အခြားသောဆီကို တောင်းလျှင်လည်းကောင်း ပါစိတ်။
မှတ်ချက် ။ ။"အညံ ဘေသဇ္ဇံတိ- သပိနာ ပဝါရိတော တေလံ, အာဠကေန (တစ်ပြည်သားဖြင့်) ပဝါရိတော ဒေါဏံ (တစ်စိတ်သားကို)"ဟု ပါစိတျာဒိအဋ္ဌကထာအတိုင်း ဋီကာဖွင့်၏၊ ထိုအဖွင့်သည် "အညဘေသဇ္ဇကရဏီယေန" ဟူသော စကားနှင့်မထပ်မိပါ၊ အဋ္ဌကထာ၌ပင် နောက်စကားကို ရှေ့ယူ၍ ဖွင့်ထားသော ပါဌ်ပျက်ဟုထင်ပါသည်။ [ယောဇနာ၌ကား ပါဌ်ရှိအတိုင်းပင် ကျမ်းတက်ထား၏]
(ဣဒံ သိက္ခာပဒံ) သက္ကေသု၊ သက္ကာဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၌။
ပေ။
ဘေသဇ္ဇဝိညာပနဝတ္ထုသ္မိံ၊ ဆေးကို တောင်းခြင်းဟူသော အကြောင်းကြောင့်။
ပေ။
န တတုတ္တရိ၊ ထို့ထက်အလွန် မဟုတ်သည်၌။
တတုတ္တရိသညိနော၊ ထို့ထက်အလွန်ဟု အမှတ်ရှိသည်ဖြစ်၍သော်လည်းကောင်း။
ဝေမတိကဿဝါ၊ သော်လည်းကောင်း။
(ဝိညာပေန္တဿ၊ ၏။)
ဒုက္ကဋံ။
(န တတုတ္တရိ၊ ၌။)
န တတုတ္တရိသညိဿ၊ ထို့ထက်အလွန်ဟု အမှတ်ရှိသူမဟုတ်ဘဲ။
(ဝိညာပေန္တဿ၊ ၏လည်းကောင်း။)
ယေဟိဘေသဇ္ဇေဟိ၊ အကြင် ဆေးတို့ဖြင့်။
ပဝါရိတော၊ ဖိတ်မန်အပ်ပြီ။
တတော၊ ထို(ဖိတ်မန်ကြောင်း) ဆေးတို့မှ။
အညေဟိဝါ၊ အခြားဆေးတို့ဖြင့်သော်လည်းကောင်း။
အဓိကတရေဟိဝါ၊ အပိုအလွန်ဆေးတို့ဖြင့်သော်လည်းကောင်း။
အတ္ထေ၊ အလိုသည်။
သတိ၊ ရှိသော်လည်းကောင်း။
ယာသု ရတ္တီသု၊ အကြင်ညဉ့်တို့၌။
ပဝါရိတော၊ ပြီ။
တတော၊ ထို(ဖိတ်မန်ရာ) ညဉ့်တို့မှ။
အတိက္ကမိတွာပိ၊ ကျော်လွန်၍လည်း။
အတ္ထေ၊ အလိုသည်။
သတိစ၊ ရှိသော်လည်းကောင်း။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။
အာစိက္ခိတွာ၊ ပြော၍။
ဝိညာပေန္တဿ၊ လည်းကောင်း။
ယေ၊ အကြင်ရဟန်းတို့သည်။
ဉာတကေဝါ၊ ဆွေမျိုးတို့ကိုသော်လည်းကောင်း။
ပုဂ္ဂလိကပ္ပဝါရဏာယ၊ ပုဂ္ဂလိက ဖိတ်ခြင်းဖြင့်။
ပဝါရိတေဝါ၊ ဖိတ်သူတို့ကိုသော်လည်းကောင်း။
အပရိယန္တပဝါရဏာယ၊ အပိုင်းအခြားမရှိသော ဖိတ်ခြင်းဖြင့်။
ပဝါရိတေ ဝါ၊ တို့ကိုသော်လည်းကောင်း။
အညဿ၊ အခြားရဟန်း၏။
အတ္ထာယဝါ၊ အကျိုးငှာသော်လည်းကောင်း။
အတ္တနော၊ ၏။
ဓနေနဝါ၊ ဥစ္စာဖြင့်သော်လည်းကောင်း။
ဝိညာပေန္တိ၊ ကုန်၏။
တေသံစ၊ ထိုရဟန်းတို့၏လည်းကောင်း။
(ယေစမှ စကို ဤ၌ယူ)။
ဥမ္မတ္တကာဒီနံစ၊ လည်းကောင်း။
အနာပတ္တိ (ဟောတိ)။
သံဃပ္ပဝါရဏတာ၊ သံဃပ္ပဝါရဏာ၏အဖြစ်လည်းကောင်း။
ဝါ၊ သံဃာကို ဖိတ်ခြင်းလည်းကောင်း။
တတော၊ ထိုသံဃာကို ဖိတ်ရာဌာနမှ။
ဘေသဇ္ဇဝိညတ္တိ၊ ဆေးကို တောင်းခြင်းလည်းကောင်း။
အဂိလာနတာ၊ ဂိလာနမဟုတ်သူ၏အဖြစ်လည်းကောင်း။
ပရိယန္တာတိက္ကမော၊ အပိုင်းအခြားကို လွန်းခြင်းလည်းကောင်း။
ပေ။
ဣတိ၊ တည်း။ယထာဘူတံ အာစိက္ခိတွာ ။ ။"ဒါယကာဖိတ်တုန်းက ဤမည်သော ဆေးကို ဖိတ်ထား၏၊ ငါတို့မှာ ဒါယကာဖိတ်သော ဆေးမှ တခြားသော ဤမည်သော ဆေးကို စားသုံးလိုသည်"ဟု လည်းကောင်း, "ဒါယကာဖိတ်တုန်းက ၁ ပိဿာတောင်းပါ" ဟု ကန့်သတ်ထား၏၊ ငါတို့မှာ ၁ ပိဿာကျော် အသုံးလိုနေသည်"ဟု လည်းကောင်း, "ဒါယကာကန့်သတ်ထားသည့် ညဉ့်များတော့ကုန်လွန်သွားပါပြီ, ငါတို့မှာ ယခုမှ ဆေးအလိုရှိနေသည်" ဟုလည်းကောင်း,အမှန်အတိုင်း ပြော၍တောင်းလျှင် ဂိလာနမှာ အနာပတ္တိ၊ ဂိလာနမဟုတ်သူကား ထိုသို့ ပြော၍တောင်းလျှင် သူပေါဒနဝိညတ္တိဒုက္ကဋ်သင့်၏။ [ဧဝဉ္စဝိညာပေတုံ ဂိလာနောဝ လဘတိ န ဣတရော၊-ဋီကာ။]
အညဿတ္ထာယ၊ ပေ၊ ဓနေနဝါ ။ ။"အညဿတ္ထာယ" သည် သူတစ်ပါးအတွက် ထိုသူ၏ ဉာတိပဝါရိတအထံ၌ဖြစ်စေ, မိမိ၏ဉာတိပဝါရိတအထံ၌ဖြစ်စေ တောင်းခြင်းတည်း၊ "အတ္တနော ဓနေန" ကားမိမိအတွက် မိမိဥစ္စာဖြင့် လံလှယ်ခြင်းတည်း၊ ထို့ကြောင့် "ဓနေန ဝါ"ဟု ဝါပါရမည်။
အညဿတ္ထာယ၊ ပေ၊ ဓနေနဝါ ။ ။"အညဿတ္ထာယ" သည် သူတစ်ပါးအတွက် ထိုသူ၏ ဉာတိပဝါရိတအထံ၌ဖြစ်စေ, မိမိ၏ဉာတိပဝါရိတအထံ၌ဖြစ်စေ တောင်းခြင်းတည်း၊ "အတ္တနော ဓနေန" ကားမိမိအတွက် မိမိဥစ္စာဖြင့် လံလှယ်ခြင်းတည်း၊ ထို့ကြောင့် "ဓနေန ဝါ"ဟု ဝါပါရမည်။