Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

7. Nahānasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သတ္တ‌မေ၊ ၌။ နှာယေယျာတိ၊ ကား။ ယော ဘိက္ခု၊ သည်။ မဇ္ဈိမ ဒေသေ၊ မဇ္ဈိမဒေသ၌။ နှာပနဒိဝသတော၊ ရေချိုးရာနေ့မှာ။ ပဋ္ဌာယ၊ စ၍။ အဍ္ဎမာသေ၊ တစ်လထက်ဝက် ၁၅ ရက်သည်။ အပုဏ္ဏေ၊ မပြည့်သေးမီ။ သမယာ၊ ရေချိုးသင့်ရာ အခါကို။ (သိက္ခာပုဒ်၌ ခွင့်ပြုအပ်သော သမယကို။) အညတြ၊ ၍။ နှာယိဿာမိ၊ ရေချိုးအံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ စုဏ္ဏံဝါ၊ ဆပ်ပြာမှုန့်ကိုသော်လည်းကောင်း။ မတ္တိကံဝါ၊ မြေညက်ကိုသော်လည်းကောင်း။ (ရှေးက မြေညက်ဖြင့်လည်း ပွတ်တိုက်လေ့ရှိ၏။) အဘိသင်္ခရောတိ၊ ပြုစီရင်၏။ တဿ၊ ထိုရဟန်း၏။ တတော၊ ထိုပြုစီရင်ရာအခါမှ။ ပဋ္ဌာယ၊ ၍။ သဗ္ဗပယောဂေသု၊ တို့၌။ ဒုက္ကဋံ။ နှာနပရိယောသာနေ၊ ရေချိုးခြင်း၏အဆုံး၌။ ပါစိတ္တိယံ။
သမယေသု၊ သမယတို့တွင်။ ပရိဝေဏသမ္မဇ္ဇနမတ္တမ္ပိ၊ ကျောင်းပရိဝုဏ်ကို တံမြက်လှည်းခြင်းမျှသည်လည်း။ ကမ္မသမယော၊ ကမ္မသမယ မည်၏။ အဍ္ဎယောဇနံ၊ ယူဇနာဝက်ခရီးသို့။ ဂန္တုကာမဿ၊ သွားလိုသော ရဟန်း၏လည်းကောင်း။ ဂစ္ဆတော၊ သွားဆဲရဟန်း၏လည်းကောင်း။ ဂတဿဝါ၊ သွားပြီးရဟန်း၏လည်းကောင်း။ အဒ္ဓါနဂမနသမယော၊ ယ မည်၏။ သရဇေန၊ မြူမှုန်နှင့်တကွဖြစ်သော။ ဝါ‌တေန၊ လေသည်။ ဩကိဏ္ဏဿ၊ ရောပြွမ်းအပ်သော ရဟန်း၏။ ကာယေ၊ ၌။ ဒွီသု ဝါ၊ ၂ ပေါက်သော်လည်းဖြစ်ကုန်သော။ တီသုဝါ၊ ၃ ပေါက်သော်လည်းဖြစ်ကုန်သော။ ဥဒကဖုသိတေသု၊ ရေပေါက်တို့သည်။ ပတိတေသု၊ ကျကုန်လတ်သော်။ ဝါတဝုဋ္ဌိသမယော၊ ယ မည်၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
သေသံ ဥတ္တာနမေဝ။
(ဣဒံ သိက္ခာပဒံ၊ ကို။) ပေ။ မတ္တံ၊ အတိုင်းအရှည်ကို။ န ဇာနိတွာ၊ မသိမူ၍။ နှာယနဝတ္ထုသ္မိံ၊ ရေချိုးခြင်းဟူသော အကြောင်းကြောင့်။ ပညတ္တံ၊ ပြီ။ အညတြသမယာတိ၊ ယာဟူသော။ အယံ ဆဗ္ဗိဓာ၊ ဤ၆ပါးအပြားရှိသော ပညတ်သည်။ (သမယ ၆ ပါးကို ‌ရည်ရွယ်၍ ဆဗ္ဗိဓာဟု ဆိုသည်။) ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ အနုပညတ္တိ၊ တည်း။ ပေ။ တိကပါစိတ္တိယံ။ အတိ‌ရေကဍ္ဎမာသေ၊ တစ်လထက်ဝက်ထက် လွန်ရာအခါ၌။ ဦနကသညိနော၊ တစ်လထက်ဝက်အောက် ယုတ်လျော့၏ဟု အမှတ်ရှိသည် ဖြစ်၍ သော်လည်းကောင်း။ ဝေမတိကဿ ဝါ၊ ‌ သော်လည်းကောင်း။ (နှာယန္တဿ၊ ရေချိုးသောရဟန်း၏။) ဒုက္ကဋံ။
(အတိရေကဍ္ဎမာသေ၊ ၌။) အတိရေကသညိဿ၊ ပိုလွန်၏ဟု အမှတ်ရှိသည်ဖြစ်၍။ (နှာယန္တဿဝါ၊ ၏လည်းကောင်း။) သမယေ၊ ရေချိုးသင့်ရာအခါ၌။ နှာယန္တဿဝါ၊ ၏လည်းကောင်း။ ယော၊ သည်။ နဒီပါရံ၊ မြစ်၏ တစ်ဖက်ကမ်းသို့။ ဂစ္ဆန္တော၊ သွားစဉ်။ ဝါလုကံ၊ သဲကို။ ဥက္ကရိတွာ၊ အထက်သို့ ကြဲ၍။ (သဒ္ဒတ္ထ)။ ဝါ၊ ယက်၍။ (ဝေါဟာရတ္ထ)။ ကတအာဝါဋေသုပိ၊ ပြုအပ်သော တွင်းတို့၌သော်မှလည်း။ (ပိဖြင့် "နဒိယံ ဝတ္တဗ္ဗမေဝ၊ တွင်းက‌လေးဖြစ်အောင် တူး၍သော်မှ ရေချိုးကောင်း၏။ မြစ်ထဲ၌ ချိုးမှုမှာ ဆိုဖွယ်မလို" ဟု သမ္ဘာဝနာပြု။) နှာယတိ၊ ၏။ တဿဝါ၊ ၏လည်းကောင်း။ ပစ္စန္တိမေ၊ မဇ္ဈိမဒေသ၏အစွန်ဖြစ်သော။ ဇနပဒေ၊ ၌။ သဗ္ဗေသံ၊ အလုံးစုံသော ရဟန်းတို့၏လည်းကောင်း။ အာပဒါသု၊ တို့ကြောင့်။ (နှာယန္တဿ၊ ၏လည်းကောင်း။) [ပျားပိတုန်းလိုက်ခြင်း စသည်ကို "ဘေးရန်" ဟုဆိုသည်၊ ထိုဘေးရန်ကြောင့် မြစ်ချောင်းရှိရေအတွင်း ဝင်ပြေးသည်ကို "နှာယန္တဿ" ဟု မှတ်။] ဥမ္မတ္တကာဒီနဉ္စ အနာပတ္တိ။
မဇ္ဈိမဒေသော၊ မဇ္ဈိမဒေသလည်းကောင်း။ ဦနကဍ္ဎမာသေ၊ တစ်လထက်ဝက် အောက် ယုတ်လျော့သောအခါ၌။ နှာနံ၊ ရေချိုးခြင်းလည်းကောင်း။ သမယာနံဝါ၊ အခါတို့၏သော်လည်းကောင်း။ နဒီပါရဂမနဿဝါ၊ မြစ်တစ်ဖက်ကမ်းသို့ သွားခြင်း၏သော်လည်းကောင်း။ အာပဒါနံဝါ၊ ဘေးရန်တို့၏သော်လည်းကောင်း။ အဘာ‌ဝေါ၊ မရှိခြင်းလည်းကောင်း။ ပေ။ ဣတိ၊ တည်း။