Issues
Select Version
覓寂尊者
中文
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

၈. ဇာတရူပသိက္ခာပဒဝဏ္ဏနာ ၈။ ဇာတရူပ သိက္ခာပုဒ်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၈. ဇာတရူပသိက္ခာပဒဝဏ္ဏနာ

၈။ ဇာတရူပ သိက္ခာပုဒ်

အဋ္ဌမေ၊ ၌။ **ဇာတရူပရဇတံ**တိ၊ ကား။ သုဝဏ္ဏဉ္စေဝ၊ ရွှေကိုလည်းကောင်း။ ရူပိယဉ္စ၊ ငွေကိုလည်းကောင်း၊ (ဥဂ္ဂဏှေယျဝါ-စသည်၌ စပ်။) အပိစ၊ သည်သာမကသေး။ရူပိယံ။ ။ ရူပိယသဒ္ဒါသည် "ရူပါယ-တန်ဆာစသော ဘဏ္ဍာအကျိုးငှာ၊ အာဟ ညတေ-ထုရိုက်အပ်၏၊ ဣတိ ရူပိယံ" ဟူသော ထောမနိဓိနှင့်အညီ ရွှေငွေ ၂ မျိုးလုံးကို ဟောသော်လည်း သုဝဏ္ဏနှင့် တွဲနေသောကြောင့် ( သုဝဏ္ဏအနက်ကို ချန်၍ ငွေကိုသာ ပါရိသေသနည်းအားဖြင့်) ယူပါ။ အပိစ။ ။ ရဇတသဒ္ဒါသည် ငွေသား (ငွေတုံး-ငွေခဲ)ကိုသာ ဟောသော်လည်း ဤသိက္ခာပုဒ်၌ ငွေဒင်္ဂါး ငွေစက္ကူ ပဲပိုက်ဆံ အမျိုးမျိုးကို "ရဇတ" ဟု ယူစေလို၍ "အပိစ" ဟု မိန့်သည်၊ ထို့ကြောင့် "အပိစ-တစ်နည်းကား" ဟု မပေးဘဲ "သည်သာမကသေး" ဟု သမုစ္စယတ္ထ ပေးရသည်။ [ရဇတံတိ န ကေဝလံ ရူပိယမေဝ ဣဓ အဓိပ္ပေတံ၊ အထခေါ ယံကိဉ္စိ ဝေါဟာရဂမနီယံ ကဟာပဏာဒိစ၊ ဧတံ အဓိပ္ပေတံတိ အာဟ အပိစာတိ အာဒိ။] ကဟာပဏော၊ အသပြာကိုလည်းကောင်း၊ (ရဇတန္တွေဝ ဝုတ္တာ-၌ စပ်။) လောဟ ၊ပေ၊ ဇတုမာသကာဒယော၊ ကြေးပဲ, သစ်သားပဲ, ချိပ်ခဲ အစရှိကုန်သော။ ယေ၊ အကြင်ပဲပိုက်ဆံတို့သည်။ ဝေါဟာရံ၊ ရောင်းဝယ်အပ်ကုန်သည်၏ အဖြစ်သို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေပိ၊ ထိုပဲပိုက်ဆံတို့ကိုလည်းကောင်း၊ (အာဒယောပိမှ ပိကို ယူစပ်။) ဣဓ၊ ဤသိက္ခာပုဒ်၌။ ရဇတ‌န္တွေဝ၊ ရဇတဟူ၍ပင်။ (ဘဂဝတာ၊) ဝုတ္တာ၊ ပဒဘာဇနီ၌ ဟောတော်မူအပ်ကုန်ပြီ။
**ဥဂ္ဂဏှေယျဝါ**တိ၊ ကား။ အတ္တနော၊ ၏။ အတ္ထာယ၊ ငှာ။ ဒီယမာနံဝါ၊ ပေးအပ်သော ရွှေ ငွေကိုသော်လည်းကောင်း။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။ ဌိတံ၊ တည်သော။ နိပ္ပရိဂ္ဂဟိတံဝါ၊ တစ်စုံတစ်ယောက် မသိမ်းပိုက်အပ်သော ရွှေငွေကိုသော်လည်းကောင်း။ ဝါ၊ ပိုင်ရှင်မရှိသော ရွှေငွေကိုသော်လည်းကောင်း၊ (ဒိသွာ-ဟု ပါသည်ကား စာသွားမကောင်း။) သယံဝါ၊ ကိုယ်တိုင်မူလည်း။ ဂဏှေယျ၊ ယူအံ့။
**ဥဂ္ဂဏှာပေယျဝါ**တိ၊ ကား။ တဒေဝ၊ ထိုရွှေငွေကိုပင်၊ (အတ္တနော အတ္ထာယ ဒိယမာန, ကတ္ထစိ ဌိတ နိပ္ပရိဂ္ဂဟိတ ရွှေငွေကိုပင်။) အညေနဝါ၊ အခြားသူသည်မူလည်း၊ (ဓာတ်ကတ္တား။) ဝါ၊ ကိုမူလည်း၊ (ဏာပေ-၌ ကာရိတ်ကံ။) ဂါဟာပေယျ၊ ယူစေအံ့၊ [ဤအဖွင့်များကို ထောက်၍ "ဥ" အနက် မရှိဟု မှတ်။]
**ဥပနိက္ခိတ္တံဝါ သာဒယေယျာ**တိ၊ ကား။ ဣဒံ၊ ဤရွှေသည်။ ဝါ၊ ဤငွေသည်။ အယျဿ၊ အရှင်ဖို့။ ဟောတု၊ ဖြစ်ပါစေ။ ဣတိ ဧဝံ၊ သို့။ သမ္မုခါ၊ မျက်မှောက်၌။ ဌိတံဝါ၊ တည်သည်မူလည်းဖြစ်သော၊ ["ပရမ္မုခါ ဌိတံဝါ-မှ ဌိတံကို ယူ၍ပေး။] အသုကသ္မိံနာမ ဌာနေ၊ ထိုမည်သော အရပ်၌။ မမ၊ ၏။ ဟိရညသုဝဏ္ဏံ၊ ရွှေငွေသည်။ (အတ္ထိ၊ ရှိပါ၏။) တံ၊ ထိုရွှေငွေသည်။ တုယှံ၊ ဖို့။ ဟောတု၊ စေ။ ဣတိ ဧဝံ၊ သို့။ ပရမ္မုခါ၊ မျက်ကွယ်၌။ ဌိတံဝါ၊ တည်သည်မူလည်းဖြစ်သော။ ကေဝလံ၊ ကိုယ်နှင့်မဖက် သက်သက်။ ကေဝလံ။ ။ ဤပုဒ်ကို ဝါစာယ-ဟတ္ထမုဒ္ဒါယ ၂ ပုဒ်လုံးနှင့် တွဲ၊ ကေဝလံ ဝါစာယဝါ- ဟတ္ထမုဒ္ဒါ မပါဘဲ နှုတ်သက်သက်ဖြင့်သော်လည်းကောင်း၊ ကေဝလံ ဟတ္ထမုဒ္ဒါယဝါ-နှုတ်မပါဘဲ လက်ပြခြင်း သက်သက်ဖြင့်သော်လည်းကောင်း-ဟူလို။ [ဤ "ကေဝလံ ၊ပေ၊ ပရိစ္စတ္တံ" ကား သမ္မုခါ ဌိတံဝါ-ပရမ္မုခါ ဌိတံဝါတို့ကိုပင် ထပ်၍ (အထူးပြုသော) စကားတည်း။] ဝါစာယဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း။ (ကေဝလံ၊ နှုတ်နှင့်မဖက် သက်သက်။) ဟတ္ထမုဒ္ဒါယဝါ၊ လက်ချောင်း ချိုးပြခြင်းဖြင့်သော်လည်းကောင်း။ တုယှံ၊ ဖို့။ (ဟောတု၊ စေ။) ဣတိ၊ သို့။ ဝတွာ၊ လျှောက်၍။ ပရိစ္စတ္တံ၊ စွန့် လှူအပ်သော ရွှေငွေကို၊ (အဓိဝါသေယျ-၌ စပ်။) ယော၊ အကြင်ရဟန်းသည်။ ကာယဝါစာဟိ၊ ကိုယ်နှုတ်တို့ဖြင့်။ အပ္ပဋိက္ခိပိတွာ၊ မပယ်မြစ်မူ၍။ စိတ္တေန၊ ဖြင့်။ အဓိဝါသေယျ၊ လက်ခံအံ့။ အယံ၊ ဤရဟန်းကို။ သာဒယေယျာတိ၊ ယျ ဟူ၍။ ဝုစ္စတိ၊ ၏။
ပန၊ ကား။ စိတ္တေန၊ ဖြင့်။ သစေ သာဒယတိ၊ အကယ်၍သာယာအံ့။ ဂဏှိတုကာမော၊ ခံယူလိုသည်။ (သစေ) ဟောတိ၊ အံ့၊ ("အာဒယတိကိုပင် "ဂဏှိတုကာမောဟောတိ" ဟု ထပ်ဖွင့်သည်။) ကာယေနဝါ၊ ဖြင့်သော်လည်းကောင်း။ ဝါစာယဝါ၊ ဖြင့်သော်လည်းကောင်း။ ဤဒံ၊ ဤရွှေသည်။ ဝါ၊ ဤငွေသည်။ န ကပ္ပတိ၊ မအပ်။ ဣတိ၊ သို့။ (သစေ) ပဋိပက္ခိပတိ၊ အံ့။ ကာယဝါစာဟိ၊ တို့ဖြင့်။ အပ္ပဋိက္ခိပတွာ၊ မပယ်မူ၍။ သုဒ္ဓစိတ္တော၊ စင်ကြယ်သော စိတ်ရှိသည်။ ဟုတွာ၊ ၍။ ‌ပေ၊ ဣတိ၊ သို့ပြော၍။ သစေ န သာဒယတိ၊ အံ့။ (ဧဝံသတိ၊ သော်၊ စိတ်ဖြင့်သာယာသော်လည်း ကိုယ်နှုတ်ဖြင့် ပယ်မြစ်လျှင် သို့မဟုတ် ကိုယ်နှုတ်ဖြင့် မပယ်မြစ်သော်လည်း စိတ်ကမသာယာလျှင်) ။ ဝဋ္ဋတိ၊ အပ်၏ ။
**နိသဂ္ဂိယန္တိ**၊ ကား။ ဥဂ္ဂဟဏာဒီသု၊ ခံယူခြင်း အစရှိသည်တို့တွင်။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုကို။ ကရောန္တဿ၊ ပြုသောရဟန်း၏။ အဃနဗဒ္ဓေသု၊ တစ်ခဲနက် မဖွဲ့အပ်ကုန်သော။ အဃနဗဒ္ဓ။ ။ တစ်ခုတည်း ထင်ရအောင် ကျစ်ကျစ်ဖွဲ့အပ်သည် မဟုတ်ဘဲ, ခတ်လျော့လျော့ ဖွဲ့အပ်သော အထုပ်ကို "အဃနဗဒ္ဓ" ဟု ဆိုသည်၊ ထိုသို့ လျော့လျော့ဖွဲ့တုပ် ထားလျှင် အတွင်း၌ရှိသော အသပြာတို့ကို တစ်ခုစီကိုင်၍ ရသဖြင့် ဝတ္ထုအရေအတွက် များသလောက် အာပတ်များသည်-ဟူလို။ ဝတ္ထူသု၊ ဝတ္ထုတို့၌။ ဝတ္ထုဂဏနာယ၊ ဝတ္ထုအရေအတွက်အားဖြင့်။ နိသဂ္ဂိယံ ပါစိတ္တိယံ (ဟောတိ)၊ ထိုဝတ္ထုကို။
တံ၊ ထိုဝတ္ထုကို။ နိသဇ္ဇန္တေန၊ သည်။ အဟံ ၊ပေ၊ နိသဇ္ဇာမီတိ၊ မိဟူ၍။ ဧဝံ၊ သို့။ သံဃမဇ္ဈေယေဝ၊ သံဃအလယ်၌သာ၊ (ဧဝဖြင့် ဂဏကို ကန့်။)သံဃမဇ္ဈေယေဝ။ ။ သံဃာက မခံယူကောင်းသောကြောင့် (အခြား နိသဂ္ဂိပစ္စည်း များ စွန့်တုန်းကကဲ့သို့) "သံဃဿ" ဟု မဆိုဘဲ "သံဃမဇ္ဈေယေဝ" ဟု ဆိုသည်၊ ဧဝဖြင့် ဂဏမဇ္ဈေကို ကန့်၊ ပုဂ္ဂလတစ်ပါးအတွက်ကား မဇ္ဈေ မရနိုင်။
မှတ်ချက်။ ။ ဘုရားရှင်သည် ရွှေငွေကို မခံကောင်းသော်လည်း ထိုရွှေငွေဖြင့် တစ်စုံ တစ်ခုကို မဝယ်ရသေးသောကြောင့် ခံယူသော ရဟန်းမှတစ်ပါး အခြားရဟန်းများအတွက် ထိုရွှေငွေမှ ဖြစ်သော ပစ္စည်းကို အပ်စပ်သောနည်းဖြင့် သုံးစွဲခွင့်ရစေတော်မူလိုသောကြောင့် ရွှေငွေစွန့်နည်းကိုလည်းကောင်း, ထိုရွှေငွေမှဖြစ်သော ပစ္စည်း သုံးစွဲနည်းကိုလည်းကောင်း ပြတော်မူသည်။
နိသဇ္ဇိတဗ္ဗံ၊ စွန့်ရာ၏။ [ဘန္တေ၊ တို့။ အဟံ၊ သည်။ ရူပိယံ၊ ရွှေကို။ ဝါ၊ ငွေကို။ ပဋိဂ္ဂဟေသိံ၊ ခံယူမိပါပြီ။ ဘန္တေ၊ တို့။ မေ၊ သည်။ ဣဒံ၊ ဤရွှေကို။ ဝါ၊ ဤငွေကို။ နိသဂ္ဂိယံ၊ ပါ၏။ အဟံ၊ သည်။ ဣမံ၊ ဤရွှေကို။ ဝါ၊ ဤငွေကို။ နိသဇ္ဇာမိ၊ ပါ၏။]
တတ္ထ၊ ထိုစွန့်ရာ အရပ်၌။ ကောစိ၊ တစ်စုံတစ်ယောက်သော။ ဂဟဋ္ဌော၊ လူဝတ် ကြောင်သည်။ သစေ အာဂစ္ဆတိ၊ အံ့။ (ဧဝံသတိ၊) ဣဒံ၊ ဤဟာကို။ ဇာနာဟိ၊ သိလော။ ဣတိ ဝတ္တဗ္ဗော၊ ဆက်။
ပန၊ ဆက်။ ဣမိနာ၊ ဤရွှေဖြင့်။ ဝါ၊ ဤငွေဖြင့်။ ကိံ၊ အဘယ်ဝတ္ထုပစ္စည်းကို။ အာဟရိယတု၊ ဆောင်အပ်စေလိုပါသနည်း။ ဣတိ၊ သို့။ ဘဏန္တေ၊ လျှောက်လတ်သော်။ ဣဒံနာမ၊ ဤမည်သောပစ္စည်းကို။ (အာဟရီယတု၊ ဆောင်အပ်စေလို၏။) ဣတိ၊ သို့။ အဝတွာ၊ မပြောမူ၍။ သပ္ပိအာဒီနိ၊ ထောပတ် အစရှိသော ဝတ္ထုတို့သည်။ ဘိက္ခူနံ၊ တို့အား။ ကပ္ပန္တိ၊ အပ်ကုန်၏။ ဣတိ ဧဝံ၊ သို့။ ကပ္ပိယံ၊ အပ်သော ဝတ္ထုကို။ အာစိက္ခိတဗ္ဗံ၊ ပြောရာ၏။
သော၊ ထိုလူဝတ်ကြောင်သည်။ သစေ အာဟရတိ၊ အကယ်၍ ဆောင်ယူလာအံ့၊ (ထောပတ်စသည်ကိုဆောင်ယူလာအံ့။ ဧဝံသတိ၊) ရူပိယပ္ပဋိဂ္ဂါဟကံ၊ ရွှေငွေ ခံယူသော ရဟန်းကို။ ထပေတွာ၊ ထား၍။ သဗ္ဗေဟိ၊ အလုံးစုံသော ရဟန်းတို့သည်။ ဘာဇေတွာ၊ ဝေဖန်၍။ ပရိဘုဉ္ဇိတဗ္ဗံ၊ သုံးဆောင်ကောင်း၏။
ပန၊ ဗျတိရိတ်ကား။ ရူပိယပ္ပဋိဂ္ဂါ ဟကဿ၊ အား။ ယံ၊ အကြင်ဝတ္ထုသည်။ တပ္ပစ္စယာ၊ ထိုရွှေငွေဟူသော အကြောင်းကြောင့်။ ဥပ္ပန္နံ၊ ဖြစ်၏။ တံ၊ ထိုဝတ္ထုသည်။ ဝါ၊ ကို။ အညေန၊ အခြားသူသည်၊ (ရဟန်းဖြစ်စေ, ကပ္ပိယစသူ ဖြစ်စေ) လဘိတွာ၊ ၍။ ဒီယမာနမ္ပိ၊ တစ်ဆင့်ပေးအပ်သော ဝတ္ထုသည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ အန္တမသော၊ ဖြင့်။ တတော၊ ထိုဝတ္ထုမှ။ နိဗ္ဗတ္တ ရုက္ခစ္ဆာယာပိ၊ ဖြစ်သော သစ်ပင်ရိပ်သည်လည်းကောင်း။ တတော နိဗ္ဗတ္တရုက္ခစ္ဆာယာပိ။ ။ ထိုစွန့်အပ်သော ရွှေငွေဖြင့် ကပ္ပိယက သရက်သီး စသည်ကို ဝယ်၍ သံဃာများ သုံးဆောင်ဖို့ရန် ဆောင်ယူလာလျှင် ရွှေငွေခံသော ရဟန်းမှာ ထိုပစ္စည်းကို မသုံးကောင်းရုံသာမက, ထိုအသီး၏ အစေ့မှ ပေါက်သော သရက်ပင် အရပ်ကိုမျှ မခိုကောင်း၊ အကယ်၍ ခိုမိလျှင် "မိမိရွှေငွေမှ ဖြစ်သော သရက်စေ့၏ အပင်" ဟု မသိသော်လည်း အစိတ္တက ဒုက္ကဋ်အာပတ်သင့်၏-ဟူလို။ ဝါ၊ ကိုလည်းကောင်း။ ပရိဘုဉ္ဇိတုံ၊ သုံးစွဲခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်တော့။
ပန၊ ဆက်။ သော၊ ထိုလူဝတ်ကြောင်သည်။ ကိဉ္စိ၊ ဘာကိုမျှ။ အာဟရိတုံ၊ ဆောင်ယူခြင်းငှာ။ သစေ န ဣစ္ဆတိ၊ အကယ်၍ အလိုမရှိအံ့။ (ဧဝံသတိ၊ သော်။) ဣမံ၊ ဤဟာကို။ ဆဋ္ဋေဟိ၊ စွန့်လိုက်လော။ ဣတိ၊ သို့။ ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏။
ယတ္ထကတ္ထစိ၊ အမှတ်မထား တစ်ပါးပါးသော အရပ်၌။ သစေ နိက္ခိပတိ၊ အကယ်၍ ထားသွားအံ့။ (ဧဝံသတိဝါ၊ ဤသို့ ထားသွာသော်လည်းကောင်း။) ဂဟေတွာ၊ ယူ၍။ သစေ ဂစ္ဆတိ၊ အံ့။ (ဧဝံသတိဝါ၊ ဤသို့ယူသွားသော်လည်းကောင်း။) န ဝါရေ တဗ္ဗော၊ ထိုက်။ န ဝါရေတဗ္ဗာ။ ။ စွန့်ပစ်လိုက်ဟု ဆိုသည့်အတွက် တစ်နေရာရာ၌ စွန့်ပစ် ထားသွားလျှင် "ထိုနေရာ၌ မထားနှင့်" ဟုလည်းကောင်း, "ငါယူသွားတော့မည်" ဟု ကြံ၍ ယူသွားလျှင်လည်း "ယူမသွားနှင့်" ဟုလည်းကောင်း မတားမြစ်ထိုက်။
နောစေ ဆဋ္ဋေတိ၊ အကယ်၍ မစွန့်ပစ်အံ့။ (ဧဝံသတိ၊ ဤသို့မစွန့် လတ်သော်။) ပဉ္စင်္ဂသမန္နာဂတော၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော။ ပဉ္စင်္ဂသမန္နာဂတော။ ။ ဆန္ဒ-ဒေါသ-ဘယ-မောဟသို့ မလိုက်ခြင်းအားဖြင့် ၄ပါး၊ စွန့်ပစ်ပြီး မစွန့်ရသေးကို သိခြင်းတစ်ပါးတည်း။ ဘိက္ခု၊ ကို။ ရူပိယ ဆဋ္ဋကော၊ ရွှေငွေကို စွန့်ပစ်တတ်သူဟူ၍။ သမ္မန္နိတဗ္ဗော၊ သမုတ်ထိုက်၏။
တေန၊ ထိုရူပိယဆဋ္ဋက ရဟန်းသည်။ အနိမိတ္တံ ကတွာဝ၊ အမှတ်အသား မပြုမူ၍သာလျှင်။ ဂူထံဝိယ၊ ကျင်ကြီးကိုကဲ့သို့။ ဆဋ္ဋေတဗ္ဗံ၊ လွတ်လွတ်ကျွတ်ကျွတ် စွန့်ပစ်ရမည်။
(သော၊ ထိုရူပိယဆဋ္ဋက ရဟန်းသည်။) နိမိတ္တံ၊ အမှတ်အသားကို။ နိမိတ္တံ။ ။ ရူပိယကို ပစ်လွှင့်၍ စွန့်သောအခါ (ဂူထံဝိယ) မစင်ကို စွန့်ရာ၌ ပြန်၍ ယူလိုမှု မရှိသကဲ့သို့ ပြန်ယူချင်စိတ် မရှိဘဲ မျက်စိကိုမှိတ်၍ မြစ်ထည်း, ချောက်ကမ်းပါး, ချုံရှုပ်အရပ်များ၌ စွန့်ရမည် ဖြစ်ပါလျက် ထိုသို့မစွန့်ဘဲ အမှတ်အသားပြုလျှင် ဒုက္ကဋ်အာပတ်- ဟူလို။ သစေ ကရောတိ၊ အံ့၊ (မည်သည့်နေရာ၌ ကျလေ၏ဟု အမှတ်အသားကို ပြုအံ့-ဟူလို၊) (ဧဝံသတိ- သော်။) ဒုက္ကဋံ၊ သို့။ အာပဇ္ဇတိ၊ ရောက်၏။
(ဣဒံ သိက္ခာပဒံ၊ ကို။) ပေ၊ တိကပါစိတ္တိယံ၊ တည်း။ အရူပိယေ၊ ရွှေ-ငွေ အစစ် မဟုတ်သော ရွှေငွေအတု၌။ ရူပိယသညိနော၊ ရွှေငွေအစစ်ဟု အမှတ်ရှိသည်ဖြစ်၍ သော်လည်းကောင်း။ [ခရပတ္တာဒီသု၊ ကုလားရွှေ အစရှိသည်တို့၌။ သုဝဏ္ဏသညိ နော၊ ၏၊-ဋီကာ၊] ဝေမတိကဿဝါ၊ ဖြစ်သော ယုံမှားခြင်းရှိသည်ဖြစ်၍သော်လည်းကောင်း။ (ဂဏှန္တဿ၊ ၏လည်းကောင်း။) သံဃစေတိယာဒီနံ၊ သံဃာ, စေတီ အစရှိသည်တို့၏။ အတ္ထာယ၊ ငှာ။ ဂဏှန္တဿ၊ ၏လည်းကောင်း။ မုတ္တာမဏိအာဒိပဋိဂ္ဂ ဟဏေ၊ ပုလဲ, ပတ္တမြားစသော ဒုက္ကဋ်ဝတ္ထုကို ခံယူခြင်း၌။ (ဂဏှန္တဿစ၊ ၏လည်းကောင်း။)
ဒုက္ကဋံ (ဟောတိ၊) ရတနသိက္ခာပဒနယေန၊ ရတနသိက္ခာပုဒ်၌လာသော နည်းဖြင့်၊ [လူတို့ မေ့ကျန်ရစ်သော ရတန, ရတနသမ္မတ ဥစ္စာကို သိမ်းရသော နည်းဖြင့်။] နိက္ခိပန္တဿ၊ သိမ်းထားသော ရဟန်း၏လည်းကောင်း။
ပေ၊ ဇာတရူပ ရဇတဘာဝေါ၊ ရွှေငွေ၏ အဖြစ်လည်းကောင်း။ အတ္တုဒ္ဒေသိကတာ၊ မိမိဟူသော ညွှန်ပြထိုက်သူ ရှိသည်၏အဖြစ်လည်းကောင်း။ ဝါ၊ မိမိဖို့ ဖြစ်ခြင်းလည်းကောင်း။ ဂဟဏာဒီသု၊ ယူခြင်း အစရှိသည်တို့တွင်၊ ( အာဒိဖြင့် ဂဏှာပန, ဥပနိက္ခိတ္တ သာဒယနတို့ကို ယူ။) အညတရဘာဝေါ၊ တစ်ပါးပါး၏ အဖြစ်လည်းကောင်း။
ပေ၊ သမုဋ္ဌာနာဒီသု၊ တို့တွင်။ ဂဟဏေန၊ ယူခြင်းကြောင့်။ ဝါ၊ ယူသည့်အတွက်။ အာပဇ္ဇနတော၊ သင့်ရောက်ခြင်းကြောင့်။ သိယာ၊ ရံခါ။ ကိရိယံ၊ တည်း။ ပဋိက္ခေပဿ၊ ပယ်မြစ်မှုကို။ အကရဏတော၊ မပြုခြင်းကြောင့်။ သိယာ, အကိရိယံ၊ တည်း။
ပေ၊ ဣတိ၊ အပြီးတည်း၊... အဋ္ဌမသိက္ခာပဒံ သမတ္တံ။