အဋ္ဌမေ၊ ၌။
ဝိဝါဒါပန္နာနန္တိ၊ ကား။
ဘဏ္ဍနကလဟေဟိ၊ မိမိတို့ဘက်တွင် တိုင်ပင်ခြင်း, ကိုယ်နှုတ်ထိပါး၍ ခိုက်ရန်ပြုခြင်းတို့ဖြင့်။
ဝိဝဍ္ဎိတံ၊ တိုးပွားစေအပ်သော။
ဝိဝါဒါဓိကရဏံ၊ သို့။
အာပန္နာနံ၊ ရောက်ကုန်သော။
(ဘိက္ခူနံ၌စပ်။)
ဥပဿုတိန္တိ၊ ကား။
သုတိသမီပံ၊ တိုင်ပင်သံ၏အနီး၌။
ယတ္ထ၊ အကြင်အရပ်၌။
ဌတွာ၊ တည်၍။
တေသံ၊ ထိုရဟန်းတို့၏။
ဝစနံ၊ စကားသံကို။
သောတုံ၊ ကြားခြင်းငှာ။
သက္ကာ၊ တတ်ကောင်းသည်။
ဟောတိ၊ ၏။
တတ္ထ၊ ထိုကြားလောက်ရာအရပ်၌။
တိဋ္ဌေယျ၊ တည်အံ့။
ဣတိအတ္ထော။
တတ္ထ၊ ထိုကြားလောက်ရာအရပ်သို့။
(ဂစ္ဆတော၌စပ်)။
သောဿာမိ၊ နားထောင်အံ့။
ဣတိ၊ ဤသို့ ကြံ၍။
စောဒေတုကာမတာယ၊ စောဒနာလိုသည်၏ အဖြစ်ကြောင့်။ဘဏ္ဍန ၊ ပေ၊ ဝိဝဍ္ဎိတံ ။ ။မိမိတို့ဘက်သားချင်း တိုင်ပင်မှုကို "ဘဏ္ဍန" ဟုခေါ်၏၊ ကိုယ် နှုတ် ထိပါး၍ ငြင်းခုန်မှု ရန်ဖြစ်မှုကို "ကလဟ" ဟု ခေါ်၏၊ ထို ၂ မျိုးမှ တိုးပွားလျှင် အဓိကရဏသမထဖြင့် ငြိမ်းစေရသော ဝိဝါဒါဓိကရုဏ်းအဖြစ်သို့ ရောက်၏၊ ထို့ကြောင့် "ဘဏ္ဍနကလဟေတိ ဝိဝဍ္ဎိတံ ဝိဝါဒါဓိကရဏံ" ဟု ဆိုသည်။
ဥပဿုတိံ ။ ။သူယတိ- ကြားအပ်၏၊ ဣတိ သုတိ(အသံ)၊ သုတိယာ+ သမီပံ ဥပဿုတိ- ကြားအပ်သောအသံ၏အနီး၊ ဤသို့ ဝိဂ္ဂဟပြုစေလို၍ "သုတိသမီပံ" ဟုဖွင့်သည်၊ "ယတ္ထ၊ ပေ၊ အတ္ထော" ကား သုတိသမီပံ၏ အဓိပ္ပာယတ္ထဖွင့်တည်း၊ [တတ္ထ တိဋ္ဌေယျကို ကြည့်၍ ဥပဿုတိဟူသော အဗျယီဘောနောင် သ္မိံကို ချေ၊ ဥပဿုတိံ၌ နိဂ္ဂဟိတ်ကား ဝါစာသိလိဋ္ဌအကျိုးငှာ အပိုလာသော အာဂုံတည်း၊] ဥပေစ္စ- ကပ်ရောက်၍၊ သုယျတိ (နားထောင်အပ်၏) ဧတ္ထာတိဥပဿုတိ- ချောင်းမြောင်း ချဉ်းကပ်၍ နားထောင်အပ်ရာ အရပ်၊ ဤသို့ ဋီကာများ တစ်နည်း ကြံကြသေး၏၊ ဤအလို အဗျယီဘော မဟုတ်, ကမ္မဓာရည်းသာ။ ဂစ္ဆတော၊ ၏။ ပဒေ ပဒေ ဒုက္ကဋံ။ တုရိတဂမနေပိ၊ အဆောတလျင် သွားခြင်း၌ လည်းကောင်း။ [ရှေ့က သွားသူတို့၏ ပြောစကားကို ကြားလို၍ ခတ်မြန်မြန်လိုက်ခြင်း။] ဩဟီယမာနေပိ၊ ပြန်ဆုတ်ခြင်း၌လည်းကောင်း။ [နောက်က လိုက်လာသူတို့၏ပြောစကားကြားလို၍ နောက်သို့ ဆုတ်လာခြင်း။] ဧသေဝ နယော။

ပန၊ ဆက်။
ယတ္ထ၊ အကြင်အရပ်၌။
ဌိတော၊ တည်သူသည်။
သုဏာတိ၊ ကြားရ၏။
တတ္ထ၊ ထိုအရပ်၌။
ဌိတဿ၊ တည်သောရဟန်း၏။
ပါစိတ္တိယံ။
အတ္တနော၊ ၏။
ဌိတောကာသံ၊ တည်ရာအရပ်သို့။
အာဂန္တာ၊ လာ၍။
တေသု၊ ထိုရဟန်းတို့သည်။
မန္တယမာနေသုပိ၊ တိုင်ပင်ကုန်သော်လည်း။
ဥက္ကာသိတွာဝါ၊ ချောင်းဟန့်၍သော်လည်းကောင်း။
အဟံ ဧတ္ထာတိ၊ ဤအရပ်မှာ ငါရှိ၏ဟူ၍။
ဝတွာဝါ၊ ပြောဆို၍သော်လည်းကောင်း။
ဇာနာပေတဗ္ဗံ၊ သိစေထိုက်၏။
ဧဝံ၊ ဤသို့ အသိပေးမှုကို။
အကရောန္တဿပိ၊ မပြုသော ရဟန်း၏လည်း။
သဝနေ၊ နားထောင်ခြင်းကြောင့်။
ပါစိတ္တိယမေဝ၊ သည်သာ။
(ဟောတိ)။
(ဣဒံ သိက္ခာပဒံ၊ ကို။)
ပေ။
ဥပဿုတိဋ္ဌာနေဝတ္ထုသ္မိံ၊ တိုင်ပင်သံ၏အနီး၌တည်ခြင်းဟူသောအကြောင်းကြောင့်။
ပေ။
အနုပသမ္ပန္နေ၊ ၌။
ဝါ၊ လူ, သာမဏေ၏ တိုင်ပင်သံကို ချောင်း၍ နားထောင်ရာ၌။
တိကဒုက္ကဋံ။
ဣမေသံ၊ ဤရဟန်းတို့၏။
(ဝစနံ၊ ကို။)
သုတွာ၊ ၍။
ဩရမိဿာမိ၊ ရှောင်ကြဉ်အံ့။
ဝိရမိဿာမိ၊ အထူးရှောင်ကြဉ်အံ့။
ဝူပသမိဿာမိ၊ ငြိမ်းအေးအံ့။
["ဥပသမံ ဂမိဿာမိ"- ဋီကာ၊ "ဝူပသမေ ဿမိ" ဟု မရှိသောကြောင့် "ငြိမ်းအေးစေအံ့" ဟု မရေးရ။]
အတ္တာနံ၊ ကို။
ပရိမောစေဿာမိ၊ လွတ်မြောက်စေအံ့။
[မမ အကာရကဘာဝံ ကထေတွာ၊ မိမိ၏ ဘာမျှမလုပ်ကြောင်း ပြောပြ၍။
အတ္တာနံ ပရိမောစေဿာမိ။]
ဣတိ၊ ဤသို့ ကြံ၍။
ဂစ္ဆတော၊ ၏လည်းကောင်း။
ဥမ္မတ္တကာဒီနံ၊ န်၍။
(ဂစ္ဆန္တာနံစ၊ တို့၏လည်းကောင်း။)
အနာပတ္တိ။
ဥပသမ္ပန္နတာ၊ အဖြစ်လည်းကောင်း။
စောဒနာဓိပ္ပာယော၊ စောဒနာခြင်း၌ ဖြစ်သောအလိုလည်းကောင်း။
ဝါ၊ စောဒနာလိုခြင်းလည်းကောင်း။
သဝနံ၊ နားထောင်ခြင်းလည်းကောင်း။
ပေ။
သိယာ၊ ရံခါ။
ကိရိယံ၊ တည်း။
သိယာ၊ ရံခါ။
အကိရိယံ၊ တည်း။
[သွားခြင်းသည် ကိရိယ၊ မိမိရှိရာသို့ သူတို့ တိုင်ပင်လာရာ၌ မိမိ ရှိကြောင်းကို အသိမပေးခြင်းသည် အကိရိယ။]
ပေ။
ဣတိ၊ တည်း။