သတ္တမေ၊ ၌။
(ယာနဂတသိက္ခာပုဒ်၌)။
(ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဝါ၊ ကို။)
ဒွီဟိ၊ နှစ်ယောက်ကုန်သော။
ဇနေဟိ၊ လူတို့သည်။
ဟတ္ထသင်္ဃာဋေန၊ ပေါင်းစပ်အပ်သော လက်ဖြင့်။
ဝါ၊ လက်ချင်းဆက်သဖြင့်။
ဂဟိတော၊ မ, ၍ ယူအပ်သည်။
သစေပိ (ဟောတိ)၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။
(ဧဝံသတိ ဝါ၊ ဤသို့ဖြစ်သော်လည်းကောင်း။)
သာဋကေ၊ အဝတ်၌။
ဌပေတွာ၊ ၍။
ဝံသေန၊ ဝါးဖြင့်။
သစေပိ ဂယှတိ၊ အကယ်၍မူလည်း ထမ်းဆောင်အပ်စေဦးတော့။
(ဧဝံသတိ) ဝါ၊ သော်လည်းကောင်း။
အယုတ္တေ၊ နွား, မြင်းတို့နှင့် မကပ်ယှဉ်အပ်သော။
ဝယှာဒိကေ၊ လှည်းပေါင်းချုပ် အစရှိသော။
ယာနေ၊ ယာဉ်၌။
(နိသိန္နော၊ ထိုင်နေသည်။
သစေပိဟောတိ၊ တော့။
ဧဝံသတိဝါ၊ သော်လည်းကောင်း။)ဆတ္တဒဏ္ဍကေ ။ ။ထီးရိုးနှင့်တူသော အဖု(ဘု)ကို ဆိုဟန်တူ၏၊ ထိုဘုကို ဖိနပ်၏ ခေါင်နေရာ၌ တပ်၍ ခြေချောင်းနှစ်ခုဖြင့် ညှပ်လျက်စီးအပ်သော ဖိနပ်ကို "ပါဒုကာ" ဟုဆိုသည်၊ ထိုပါဒုကာသည် ခုံ၌ သားရေ အထပ်ထပ် ပြုအပ်သော စမ္မပါဒုကာလည်း ရှိ၏၊ သစ်သားဖြင့် ပြုအပ်သော ကဋ္ဌပါဒုကာလည်း ရှိ၏-ဟု ပါစိတျာဒိယောဇနာ ဆို၏။
ဆက်ဦးအံ့-- နောက် ဥပါဟနာရုဠှသိက္ခာပုဒ်၌ ပဏှိကဗန္ဓ- ဖနောင့်ဖုံးနောက်ပိတ်ပါ၍ ဤသိက္ခာပုဒ်၌ မပါသောကြောင့် ဖနောင့်ဖုံးမပါသော ဖိနပ်ဟူသမျှကို ပါဒုကာ၌ သွင်းသင့်၏၊ ကြွင်းသော မှတ်ဖွယ်ကို ပါတိမောက်ဘာသာဋီကာ၌ ပြထားပြီ။
သစေပိ၊ ပေ၊ ဂစ္ဆတိ ။ ။ပိသဒ္ဒါသည် ဂရဟာဇောတက၊ "ဤသို့ ဟတ္ထသင်္ဃာဋဖြင့် မ၍ ယူအပ်သူ, အဝတ်ကို ဝါးလုံးလျှို၍ ထမ်းဆောင်အပ်သူ, နွား-မြင်း မကပ်အပ်သော ယာဉ်၌ နေသူ, ဖျက်၍ ထားအပ်သော လှည်းဘီးပေါ်၌ နေသူတို့သော်မှ "ယာနဂတ" မည်ကြတုံသေး၏၊ နွား-မြင်းတို့ဖြင့် ကပ်ယှဉ်အပ်သော ယာဉ်ပေါ်၌ ရောက်နေသူ၏ "ယာနဂတ" မည်ကြောင်းမှာ ဆိုဖွယ်ရာပင် မလို" -ဟူလို။ ဝိသင်္ခရိတွာ၊ ဖျက်၍။ ဌပိတေ၊ ထားအပ်သော။ စက္ကမတ္တေပိ၊ စက်ဘီးမျှလည်း။ နိသိန္နော၊ ထိုင်နေသည်။ သစေပိ ဟောတိ၊ တော့။ (ဧဝံသတိ) ဝါ၊ သော်လည်းကောင်း။ ယာနဂတောတွေဝ၊ ယာနဂတဟူ၍သာ။ သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။

ပန၊ ဆက်။
ဒွေပိ၊ နှစ်ဦးသော တရားဟောသူ, တရားနာသူတို့သည်လည်း။
ဧကယာနေ၊ တစ်ခုတည်းသော ယာဉ်၌။
နိသိန္နာ၊ ထိုင်ကုန်သည်။
သစေ ဟောန္တိ၊ အံ့။
(ဧဝံသတိ ဓမ္မံ ဒေသေတုံ) ဝဋ္ဋတိ၊ အပ်၏။
ဝိသုံ၊ သီးခြား။
[ယာဉ်တစ်ခုစီ-ဟူလို။]
နိသိန္နေသုပိ၊ ထိုင်သော ပုဂ္ဂိုလ်တို့တွင်လည်း။
ဥစ္စေ၊ မြင့်သော။
ယာနေ၊ ယာဉ်၌။
နိသိန္နေန၊ ထိုင်သောရဟန်းသည်။
နီစေ၊ နိမ့်သော။
(ယာနေ၊ ၌။)
နိသိန္နဿ၊ ထိုင်သောပုဂ္ဂိုလ်အား။
ဒေသေတုံ၊ ငှာ။
ဝဋ္ဋတိ၊ ၏။
သမပ္ပမာဏေပိ၊ အနိမ့် အမြင့် ညီမျှသော ပမာဏရှိသော ယာဉ်၌လည်း။
(နိသိန္နဿ၊ အား။
ဒေသေတုံ၊ ငှာ။)
ဝဋ္ဋတိ၊ ၏။
ပုရိမေ၊ ရှေ့ဖြစ်သောယာဉ်၌။
နိသိန္နေန၊ သည်။
ပစ္ဆိမေ၊ နောက်ဖြစ်သော ယာဉ်၌။
နိသိန္နဿ၊ ထိုင်သောပုဂ္ဂိုလ်အား။
တထာ၊ ထို့အတူ ဟောခြင်းငှာ အပ်၏။
ပန၊ ဗျတိရိတ်ကား။
ပစ္ဆိမေ၊ နောက်ဖြစ်သော ယာဉ်၌။
ဥစ္စတရေပိ၊ မြင့်သော ယာဉ်၌သော်မှလည်း။
နိသိန္နေန၊ သည်။
ဒေသေတုံ၊ ငှာ။
န ဝဋ္ဋတိ၊ မအပ်။