Issues
Select Version
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

2. Āsandiparibhuñjanasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒုတိယေ၊ ၌။ အာသန္ဒီ နာမ။ ပေ။
အသံဟာရိမေဟိဝါဠေဟိ ကတောတိ၊ ဟူ၍။ ဝုတ္တော၊ ပဒဘာဇနီ၌ ‌ဟောတော်မူအပ်ပြီ။ [ပါဠိတော်၌ "ဝါဠေဟိ" ဟု ဗဟုဝုစ်ရှိ၏။] အတိက္ကန္တပ္ပမာဏာ၊ လက်ရှစ်သစ်ထက် လွန်သော ပမာဏရှိသော အခြေရှိသော လေးထောင့်ခုံမြင့်ကို။ အာသန္ဒီ နာမ၊ အာသန္ဒီ မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။ကီဠနဥပဝနံ ။ ။ဝနေန- တောနှင့်+ဥပမိတံ-နှိုင်းယှဉ်အပ်သော (တူသော) ဥယျာဉ်တည်း၊ ဥပဝနံ-တောကဲ့သို့ စိမ်းစိမ်းစိုစို ရှိအောင် စိုက်ပျိုးထားအပ်သော မြို့တွင်းဥယျာဉ်၊ [ဝနတုလျေ ကတ္တိမေ (ပြုလုပ်ထားအပ်သော) အာရောပိတရုက္ခသမူဟေ ဥယျာနေ၊- ထောမနိဓိ၊ ထိုဥယျာဉ်မျိုးသည် မြို့တွင်း၌ တည်ရှိသောကြောင့် "ကီဠနတ္ထံ အန္တော နဂရေ ကတံ အာရာမံ" ဟု ဋီကာတို့ ဖွင့်ကြသည်၊] မြို့ပြင်ဘက်၌ ထိုကဲ့သို့ စိုက်ပျိုးထားအပ်သော တောကို "ဥယျာန" ဟု ခေါ်သည်။
အတိက္ကန္တပ္ပမာဏာ ။ ။အဋ္ဌင်္ဂုလတော အတိက္ကန္တပ္ပမာဏပါဒကာ (ဋီကာ)၊ ဤ အသန္ဒီ၏ ပုံစံကို "လေးထောင့်" ဟု ရတနဝဂ် (၅) သိက္ခာပုဒ်၌ ဆိုခဲ့သောကြောင့် လက်ရှစ်သစ်ထက်လွန်အောင် အခြေရှိသော လေးထောင့်ခုံမြင့်တစ်မျိုးကို အာသန္ဒီ ခေါ်သည်ဟု မှတ်ပါ၊ ရိုးရိုးအခြေရှိသော မဉ္စ ပီဌကို မသုံးစွဲကောင်းကြောင်းကို ရတနဝဂ် ပဉ္စမသိက္ခာပုဒ်ဖြင့် တားမြစ်ပြီး ဖြစ်သည်။
အသံဟာရိမေဟိ၊ ပြောင်းရွှေ့ခြင်းဖြင့် ဖြစ်စေအပ်သည် မဟုတ်ကုန်သော။ (ခြေထောက်သစ်သားကိုပင် ခြင်္သေ့ရုပ်စသည် ပြုလုပ်ထားသဖြင့် မ‌ပြောင်းရွှေ့နိုင်ကုန်သော။) ဝါဠေဟိ၊ သားရဲရုပ်တို့ဖြင့်။ ကတော၊ ပြုအပ်သော ပလ္လင်သည်။ ပလ္လင်္ကော နာမ၊ ပလ္လင်္က မည်၏။
ပန၊ ကား။ ပရိဘုဉ္ဇေယျာတိ ဧတ္ထ၊ ပါဌ်၌။ နိသီဒနနိပဇ္ဇနပ္ပယောဂဂဏနာယ၊ ထိုင်ခြင်း, အိပ်ခြင်းပယောဂ၏ အရေအတွက်အားဖြင့်။ ပါစိတ္တိယံ၊ ကို။ ဝေဒိတဗ္ဗံ။
(ဣဒံ သိက္ခာပဒံ)။ ပေ။ အာသန္ဒိပလ္လင်္ကပရိဘောဂဝတ္ထုသ္မိံ၊ အာသန္ဒီ, ပလ္လင်္ကတို့ကို သုံးစွဲခြင်းဟူသောအကြောင်းကြောင့်။ ပညတ္တံ။ အာသန္ဒိယာ၊ လေးထောင့်ခုံမြင့်၏။ ပါဒေ၊ ခြေတို့ကို။ ဆန္ဒိတွာ၊ ဖြတ်၍လည်းကောင်း။ [လက်ရှစ်သစ်ထက် ပိုသမျှကို ဖြတ်၍-ဟူလို။] ပလ္လင်္ကဿ၊ ပလ္လင်၏။ ဝါ‌ဠေ၊ သားရဲရုပ်တို့ကို။ ဘိန္ဒိတွာ၊ ဖျက်၍‌လည်းကောင်း။ [ပါဠိတော်၌ "ဘိန္ဒိတွာ" ဟု ရှိ၏။] ပရိဘုဉ္ဇန္တိယာ၊ သုံးစွဲသော ရဟန်းမ၏လည်းကောင်း။ ဥမ္မတ္တိကာဒီနံ (ပရိဘုဉ္ဇန္တီနံ)စ။ အနာပတ္တိ (ဟောတိ)။
အာသန္ဒိပလ္လင်္ကတာ၊ အာသန္နံ၏အဖြစ်, ပလ္လင်္က၏အဖြစ်လည်းကောင်း။ နိသီဒနံဝါ၊ ထိုင်ခြင်းသော်လည်းကောင်း။ နိပဇ္ဇနံဝါ၊ အိပ်ခြင်းသော်လည်းကောင်း။ [ထိုင်ခြင်း, အိပ်ခြင်း တစ်ခုခုပြုလျှင် အာပတ်သင့်သောကြောင့် "နိသီဒနံ ဝါ နိပဇ္ဇနံဝါ" ဟု ဝါသဒ္ဒါ ပါစေရမည်၊ ပါဠိတော်၌လည်း ပါ၏။] ပေ။ ဣတိ၊ တည်း။