၂. ဒုတိယာနိယတသိက္ခာပဒဝဏ္ဏနာ
၂။ ဒုတိယ အနိယတ သိက္ခာပုဒ်
၂. ဒုတိယာနိယတသိက္ခာပဒဝဏ္ဏနာ
၂။ ဒုတိယ အနိယတ သိက္ခာပုဒ်
ဒုတိယေ၊ ဒုတိယ အနိယတသိက္ခာပုဒ်၌။
ဣတ္ထီ ပိ၊ မိန်းမလည်းဖြစ်သော။
ဣတ္ထီပိ။ ။ မာတုဂါမတို့သည် မေထုန်မှုကိုသာ တစ်ယောက်၏အပြစ်ကို အခြား တစ်ယောက်က ဖုံးလေ့ရှိ၏၊ ကာယသသဂ္ဂ-ဒုဋ္ဌုလ္လဝါစာအမှုကိုကား ဖုံးလေ့မရှိကြ၊ ဤသိက္ခာပုဒ်၌ မေထုန်မှုနှင့် မဆိုင်၊ ထို့ကြောင့် ဣတ္ထီကို အဖော်အဖြစ်၌ ထည့်ထားသည်။
ပုရိသောပိ၊ ယောက်ျားလည်းဖြစ်သော။
ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သော။
ဝိညူ၊ တတ်သိနားလည်သော။
အနန္ဓော၊ ကန်းသူလည်း မဟုတ်သော။
အဗဓိရော၊ နားထိုင်းသူလည်း မဟုတ်သော။
အဗဓိရော။ ။ နားမထိုင်းသူဖြစ်မှ ပြောအပ်သော ဒုဋ္ဌုလ္လဝါစာကို ကြားနိုင်ရကား အဗဓိရကိုလည်း အဖော်၏ အင်္ဂါအဖြစ်ဖြင့် ဆိုထားသည်။
အန္တောဒွါဒသဟတ္ထေ၊ ၁၂ တောင်အတွင်းဖြစ်သော။
ဩကာသေ၊ ၌။
ဌိတောဝါ၊ ရပ်နေသည်လည်း ဖြစ်သော။
နိသိန္နောဝါ၊ သော။
ဝိက္ခိတ္တော ပိ၊ အထူးထူး အပြားပြား ပစ်လွှင့်အပ်သော စိတ်ရှိသူသည်လည်းကောင်း။
ဝါ၊ ပြန့်လွင့်သော စိတ်ရှိသူသည်လည်းကောင်း။
နိဒ္ဒါယန္တောပိ၊ ငိုက်မြည်းနေသူသည် လည်းကောင်း။
အနာပတ္တိံ၊ ကို။
ကရောတိ၊ ၏။
ပန၊ ဗျတိရိတ်ကား။
ဗဓိရော၊ နားထိုင်းသူသည်။
စက္ခုမာ-၊ မျက်စိအမြင်ရှိသည်။
(သမာနော) ပိ၊ ဖြစ်သော်လည်းကောင်း။
အန္ဓောဝါ၊ ကန်းသူသည်မူလည်း။
အဗဓိ ရော၊ နားမထိုင်းသည်။
(သမာနော) ပိ၊ သော်လည်းကောင်း။
အနာပတ္တိံ၊ ကို။
န ကရောတိ၊ နိုင်။
စ၊ ဆက်။
ပါရာဇိကာပတ္တိံ၊ ကို။
ပရိဟာပေတွာ၊ ယုတ်လျော့စေ၍။
ဒုဋ္ဌုလ္လဝါစာပတ္တိ၊ ဒုဋ္ဌုလ္လဝါစာ အာပတ်ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ဒုဋ္ဌုလ္လဝါစာပတ္တိ ဝုတ္တာ။ ။ ဤသိက္ခာပုဒ်၏ ပဒဘာဇနီ ပါဠိတော်၌ "ပါရာဇိက
အာပတ်အစား ဒုဋ္ဌုလ္လဝါစာ အာပတ်ကို ဟောအပ်သည်" ဟူလို၊ ကာယသံသဂ္ဂကား ပဌမ သိက္ခာပုဒ်အတိုင်း ဟောမြဲဟောသည်၊ မှန်၏-ဤသိက္ခာပုဒ်၌ "သံဃာဒိသေသ" အရ ကာယသံသဂ္ဂနှင့် ဒုဋ္ဌုလ္လဝါစာကို ယူရသည်၊ ထိုကြောင့် ကာယသံသဂ္ဂအတွက် အနန္ဓကိုလည်း ကောင်း, ဒုဋ္ဌုလ္လ ဝါစာအတွက် အဗဓိရကိုလည်းကောင်း အဖော်အဖြစ်ဖြင့် ပြထားသည်။
ဣတိ အယံ၊ ဤသည်ကား။
ဝိသေသော၊ ဤသိက္ခာပုဒ်၌ အထူးတည်း။
သေသံ၊ ကြွင်းသောပုဒ်အပေါင်းကို။
ပုရိမနယေနနေဝ၊ သာ။
ဝေဒိတဗ္ဗံ၊ ၏။
ပန၊ ဆက်။
ဧတ္ထ၊ ဤ သိက္ခာပုဒ်၌။
သမုဋ္ဌာနာဒီနိ၊ သမုဋ္ဌာန် အစရှိသော အစီအရင်တို့သည်။
အဒိန္နာဒါန သဒိသာနေဝ၊ အဒိန္နာဒါနသိက္ခာပုဒ်၏ သမုဋ္ဌာန်စသည်တို့နှင့် တူကုန်သည်သာ။
ဣတိ၊ အပြီးတည်း။
ဒုတိယာနိယတသိက္ခာပဒံ၊ သည်။
နိဋ္ဌိတံ၊ ပြီးပြီ။
**ဥဒ္ဒိဋ္ဌာခေါ**တိ အာဒိ၊ ခေါ အစရှိသော ပုဒ်အပေါင်းကို။
သဗ္ဗတ္ထ၊ အလုံးစုံသော နိဂုံးဝါကျတို့၌၊ (နောက်နောက် နိဂုံးဝါကျတို့၌ပါ-ဟူလို။)
ဝုတ္တနယေနေဝ၊ သာ။
ဝေဒိတဗ္ဗံ၊ ၏။
ဝါ၊ လေ။
အနိယတဝဏ္ဏနာ၊ အနိယတ အဖွင့်သည်။
အနိယတပညတ်ရကျိုး။ ။ "အနိယတသိက္ခာပုဒ် ၂ပါးအတွက် သီးခြားအာပတ် မရှိပါဘဲ အဘယ်အကျိုးငှာ ပညတ်တော်မူအပ်ပါသနည်း" ဟု မေးဖွယ်ရှိ၏၊ အဖြေကား- သိက္ခာပုဒ်၌ ပြထားသော အရိယာဥပါသိကာမ ကိုယ်တိုင်ဖြစ်စေ, အခြား ယုံကြသည်လောက် သူက ဖြစ်စေ, စောဒနာသော်လည်း စောဒနာခံရသူက "ဟုတ်မှန်ကြောင်း ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်" ဟု ဝိနည်းဆုံးဖြတ်နည်းကို ပြတော်မူလိုသောကြောင့် ပညတ်တော်မူရပါသည်၊ ဘိက္ခုနီများ အတွက်လည်း ဤနည်းအတိုင်း ဖြစ်သောကြောင့် ဘိက္ခုနီ ပါတိမောက်၌ အနိယတအခန်း မရှိတော့။ [ ဆောင်ပုဒ်နှင့် အကျယ်ကို ပါတိမောက် ဘာသာဋီကာမှာ ရှု။]
နိဋ္ဌိတာ၊ ပြီ။