Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

8. Paṭhamauccārachaḍḍanasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အဋ္ဌမေ၊ ၌။ သင်္ကာရန္တိ၊ ကား။ ကစဝရံ၊ အမှိုက်ကို။
ဝိဃာသန္တိ၊ ကား။ ယံကိဉ္စိ၊ အမှတ်မထား တစ်ပါးပါးသော။ ဘုတ္တာဝသေသံ၊ စားအပ်ပြီးမှ အကြွင်းကို။ [ဆဋ္ဋေယျဝါ ဆဋ္ဋာပေယျဝါ၌ စပ်။] ဥစ္ဆိဋ္ဌောဒကမ္ပိ၊ လုတ်ဆေးရည်သည်လည်းကောင်း။ ဒန္တကဋ္ဌမ္ပိ၊ ဝါးအပ်ပြီးသော ဒန်ပူသည်လည်းကောင်း။ (ဝိဃာသော နာမ၊ ဝိဃာသမည်တုံသေး၏။) ပန၊ မြှောက်ပင့်ဖွယ်ရာ သမ္ဘာဝနာကား။ အဋ္ဌိကစလကေသု၊ ခံတွင်းမှ ထုတ်ပစ်အပ်သော အရိုးစားဖတ်တို့၌။ ဝတ္တဗ္ဗမေဝ၊ ဝိဃာသဟု အထူးဆိုဖွယ်သည်ပင်။ နတ္ထိ၊ မရှိတော့။ [ဝိ+ရူပေါ၊ ဖောက်ပြန်သော+ ဃာသော၊ အစာတည်း။ ဝိဃာသော။]
တိရောကုဋ္ဋေ ဝါ တိရောပါကာရေ ဝါတိ၊ ကား။ ယဿကဿစိ၊ အမှတ်မရှိ တစ်စုံတစ်ခု‌သောအိမ်၏။ ဝါ၊ ကျောင်း၏။ ကုဋ္ဋဿ ဝါ၊ နံရံ၏သော်လည်းကောင်း။ ပါကာရဿဝါ၊ တံတိုင်း၏သော်လည်းကောင်း။ ပရတော၊ ထိုမှာဘက်၌။ ဝါ၊ ပြင်ဘက်၌။ [အိမ်၊ ကျောင်းတို့၏နံရံကို "ကုဋ္ဋ" ဟု ခေါ်၍ အိမ်ကျောင်းတို့၏ ဝင်းအကာကို "ပါကာရ" ဟု ခေါ်သည်၊ ထိုအကာသည် အုတ်-ကျောက်-သစ်သားအားဖြင့် ၃ မျိုးပြားသောကြောင့် "ယဿ ကဿစိ" ဟုဆိုသည်။]
ဆဋ္ဋေယျ ဝါ ဆဋ္ဋာပေယျဝါတိ၊ ကား။ သဗ္ဗာနိပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဧတာနိ၊ ဤဥစ္စာရ စသည်တို့ကို။ ဧက‌တော၊ တပေါင်းတည်း။ ဆဋ္ဋေန္တိယာ၊ စွန့်ပစ်သော ရဟန်းမ၏။ ဧကပ္ပယောဂေ၊ တစ်ကြိမ်တည်းသော ပယောဂကြောင့်။ ဧကာ၊ တစ်ချက်သော။ အာပတ္တိ (ဟောတိ)။ [ဥစ္စာရစသော ၄ မျိုးကို တစ်ခုစီခွဲ၍ စွန့်ပစ်လျှင် ဝတ္ထုအရေအတွက်အားဖြင့် အာပတ်များစွာဖြစ်၏။] သကိံ၊ တစ်ကြိမ်။ အာဏတ္တာယ၊ စေခိုင်းအပ်သော ရဟန်းမသည်။ ဗဟုကေ၊ များစွာသော ဥစ္စာရစသည်ကို။ ဆဋ္ဋိတေပိ၊ စွန့်ပစ်အပ်ပါသော်လည်း။ ဧကာဝ၊ တစ်ချက်သာလျှင်ဖြစ်သော။ (အာပတ္တိ ဟောတိ)။ ["သကိံ အာဏတ္တာ ဗဟုကံပိ ဆဋ္ဋေတိ၊ အာပတ္တိ ပါစိတ္တိယဿ" ဟူသော ပါဠိတော်ဝါကျကို ယူထားသော ဝါကျဖြစ်ရကား "အာဏတ္တာယ" ဟု ပါဌ်မှန်ရှိ‌စေ၊ "အာဏတ္တိယာ" ဟု မရှိစေသင့်။]
(ဣဒံ သိက္ခာပဒံ)။ ပေ။ တိရောကုဋ္ဋေ၊ နံရံပြင်ဘက်၌။ ဆဋ္ဋနဝတ္ထုသ္မိံ၊ စွန့်ပစ်ခြင်းဟူသော အကြောင်းကြောင့်။ ပညတ္တံ။ ပေ။ ဘိက္ခုဿ၊ ၏။ ဒုက္ကဋံ (‌ဟောတိ)။ [ဤပါဌ်ကို ထောက်၍ ကျောင်းခန်းတွင်းက နေလျက် အောက်သို့ မကြည့်ဘဲ အမှိုက်တံတွေး စသည် စွန့်ပစ်သော ရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်၍ သာမဏေများမှာ ဒဏ်ထိုက်သည်ဟု မှတ်ပါ။] ဩလောကေတွာဝါ၊ ကြည့်၍သော်လည်းကောင်း။ အဝဠဉ္ဇေဝါ၊ မသုံးစွဲအပ်သော အရပ်၌သော်လည်းကောင်း။ ဆဋ္ဋေန္တိယာ၊ စွန့်ပစ်သောရဟန်းမ၏လည်းကောင်း။ ဥမ္မတ္တိကာဒီနံ (ဆဋ္ဋေန္တီနံ)စ၊ တို့၏လည်းကောင်း။ အနာပတ္တိ။
ဥစ္စာရာဒိဘာဝေါ၊ ကျင်ကြီး အစရှိသည်တို့၏အဖြစ်လည်းကောင်း။ အနာလောကနံ၊ မကြည့်ရှုခြင်းလည်းကောင်း။ ဝဠဉ္ဇနဋ္ဌာနံ၊ အများသုံးစွဲအပ်သောအရပ်လည်းကောင်း။ [အသွားအလာရှိသောအရပ်-ဟူလို။] တိရောကုဋ္ဋတိရောပါကာရတာ၊ နံရံပြင်ဘက်, တံတိုင်းပြင်ဘက်၏အဖြစ်လည်းကောင်း။ ဆဋ္ဋနံဝါ၊ ကိုယ်တိုင်စွန့်ပစ်ခြင်းသော်လည်းကောင်း။ ဆဋ္ဋာပနံဝါ၊ သူတစ်ပါးကို စွန့်စေခြင်းသော်လည်းကောင်း။ ပေ။ ဣတိ၊ တည်း။