Issues
Select Version
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
覓寂尊者
中文
云台教理组
中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

3-4. Suppaṭicchannasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

တတိယေ၊ ၌။ သုပ္ပဋိစ္ဆန္နောတိ၊ ကား။ သုဋ္ဌု၊ ကောင်းစွာ။ ပဋိစ္ဆန္နော၊ ဖုံးအုပ်သည်။ (ဟုတွာ၊ ၍။) ဂဏ္ဌိကံ၊ အနားပတ်သီးကို။ ပဋိမုဉ္စိတွာ၊ အနားပတ်ကွင်း၌စွပ်၍။ ဝါ၊ တပ်၍။ အနုဝါတန္တေန၊ အလျားအနားပတ်စွန်းဖြင့်။ ဂီဝံ၊ လည်ပင်းကို။ ပဋိစ္ဆာဒေတွာ၊ ဖုံးအပ်၍။ ဥဘော၊ နှစ်ဖက်ကုန်သော။ ကဏ္ဏေ၊ အနားတို့ကို။ သမံ၊ အညီအမျှ။ ကတွာ၊ ၍။ ပဋိသင်္ဃရိတွာ၊ လိပ်၍။ ယာဝ မဏိဗန္ဓံ၊ လက်ကောက်ဝတ်တိုင်အောင်။ ပဋိစ္ဆာဒေတွာ၊ ဖုံးအုပ်၍။ အန္တရဃရေ၊ ၌။ ဂမိဿာမိ၊ အံ့။ ဣတိ အတ္ထော၊ ဤကားအနက်။ ပန၊ ဗျတိရိက်ကား။အာရာမေ အန္တရဃရေ ။ ။ဤပရိမဏ္ဍလရန်းနည်းကိုလည်း အာရာမအရာဝယ် ဗုဒ္ဓုပဋ္ဌာနာဒိကာလကို ရည်ရွယ်သည်၊ အန္တရဃရ၌ကား (ဝါသူပဂတ- ညဉ့်အိပ်နေ့နေ) နေသောအခါကို ရည်ရွယ်ဟန်တူ၏၊ ရိုးရိုးသွားလာနေထိုင်ရာ၌ကား သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်ဆိုင်သည်။
ဂဏ္ဌံ ၊ ပေ၊ ပဋိစ္ဆာဒေတွာ ။ ။ဤကား သုဋ္ဌု ပဋိစ္ဆန္နောကို ထပ်၍ ဖွင့်သော အနုသံဝဏ္ဏနာတည်း၊ "ကောင်းစွာ+ဖုံး" ယူသည် "ပခုံးစွန်းတို့ကိုလည်းကောင်း, ရင်ကိုလည်းကောင်း မဖော်ဘဲဖုံးခြင်းတည်း၊ ခေါင်းမြီးခြုံသော ဖုံးခြင်းမဟုတ်" ဟုသိစေလို၍ "ဂဏ္ဌိကံ" စသည်ကို မိန့်၊ "ဂဏ္ဌိကံ ပဋိမုဉ္စိတွာ" ဖြင့် လေတိုက်၍ သင်္ကန်းလွင့်သောအခါ ရင်ဘတ်မပေါ်အောင်" အနားပတ်သီးကို အနားပတ်ကွင်း၌ တပ်ပါ" ဟုဆိုလိုသည်။
အနုဝါတန္တေန ဂီဝံ ပဋိစ္ဆာဒေတွာ ။ ။ဤစကားကို ထောက်၍ သင်္ကန်းရုံသောအခါ လည်ပင်းကို ဖုံးကြသည်၊ သို့သော် အလျားအနားပတ်ဖြင့် ဖုံးရမည်ဟူရာ၌ ယခုကာလဝယ်အလျားအနားပတ် သက်သက်ဖြင့် မဟုတ်ဘဲ, ဂုတ်ပိုးချကာ သင်္ကန်းအထပ်ထပ် ဖုံးနေရသဖြင့် စာအတိုင်း မကျန, သင်္ကန်းက ရှည်လွန်းနေပုံရသည်။
ပဋိသံဃရိတွာ ။ ။ဒုတိယသိက္ခာပုဒ်လည်း "ဥဘော ကဏ္ဏေ သမံ ကတွာ" ဟု ပါခဲ့၏။ ဤ၌ကား "ပဋိသံဃရိတွာ" ဟု အပိုဆိုသောကြောင့် သင်္ကန်းအနား ၂ ဖက်ကို ညီစွာ ထား၍ ယခုခေတ်လိပ်သလို လိပ်ရဦးမည်ဟုလည်းကောင်း, ရှေ့သိက္ခာပုဒ်၌ "ပဋိသံဃရိတွာ" မပါသောကြောင့် မလိပ်ဘဲ လက်ဝဲ လက်မောင်းပေါ် တင်လိုက်ရမည်ဟုလည်းကောင်း သိသာ၏။
တထာ၊ ထိုအခြင်းအရာအားဖြင့်။ အကတွာ၊ ၍။ ဇာဏုံဝါ၊ ပုဆစ်ဒူးကိုသော်လည်းကောင်း။ (တစ်နည်း) ဇတ္တူနိဝါ၊ ပခုံးစွန်းနှစ်ဖက်တို့ကိုသော်လည်းကောင်း။ ဥရံဝါ၊ ကိုသော်လည်းကောင်း။ ဝိဝရိတွာ၊ ဖွင့်၍။ ဂစ္ဆန္တဿ၊ ၏။ ဒုက္ကဋံ (‌ဟောတိ)။
စတုတ္ထေ၊ ၌။ ဂလာဝါဋကတော၊ လည်မျိုတွင်းငယ်မှ။ ဝါ၊ လည်ချိုင့်မှ။ ပဋ္ဌာယ၊ ၍။ သီသံ၊ ဦးခေါင်းကိုလည်းကောင်း။ မဏိဗန္ဓတော၊ လက်ကောက်ဝတ်မှ။ ပဋ္ဌာယ၊ ၍။ ဟတ္ထေ၊ အပြင် လက်တို့ကိုလည်းကောင်း။ ပိဏ္ဍိကမံသတော၊ ခြေသလုံးကြွက်သားမှ။ ပဋ္ဌာယ၊ ၍။ ပါဒေ၊ ခြေတို့ကိုလည်းကောင်း။ ဝိဝရိတွာ၊ ဖွင့်၍။ သေသံ၊ ကြွင်းသော တစ်ကိုယ်လုံးကို။ ဆာဒေတွာ၊ ဖုံးအုပ်၍။ နိသိန္နော၊ ထိုင်သောရဟန်းသည်။ သုပ္ပဋိစ္ဆန္နော နာမ၊ သုပ္ပဋိစ္ဆန္န မည်သည်။ ဟောတိ။ ပန၊ အထူးကား။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ ဝါသူပဂတဿ၊ တည်းခိုနေထိုင်ခြင်းငှာ ရွာတွင်း၌ ရောက်နေသည်ဖြစ်၍။ (အပ္ပဋိစ္ဆန္နဿ၊ မဖုံးအုပ်သော ရဟန်း၏။) အနာပတ္တိ (ဟောတိ)။ဇာဏုံ ဝါ စတ္တူနိ ဝါ ။ ။ဝိနယဝိနိစ္ဆယ စာကိုယ်၌ ဇာဏုံဝါ နေရာဝယ် "ဇတ္တူနိဝါ" ဟု ရှိသတတ်၊ ထို စာအရှိသည် ပို၍ကောင်းသကဲ့သို့ ထင်၏၊ အကြောင်းကား "ဇာဏု" ကို သင်းပိုင်ဖြင့် ဖုံးပြီး ဖြစ်သောကြောင့်တည်း။
ဂလာဝါဋကတော ။ ။"ဂလော စ ကဏ္ဌော" ဟု အဘိဓာန် (၂၆၃)၌ ပရိယာယ်ဆိုသောကြောင့် လည်မျိုကို ဂလဟု ခေါ်၏၊ ထိုဂလ၏ အာဝါဋက (တွင်းငယ်) ဟူသည်ကား လည်မျို၏ အောက်ဆုံးချိုင့်ငယ်တည်း၊ ဤစကားကို ထောက်၍ လည်ပင်း၏ ရှေ့တည့်တည့်မှ အထက်ဦးခေါင်းကို ဖော်ထားရမည်ဟု မှတ်။ ["ဂလ+အာဝါဋက" နှစ်ပုဒ်စပ်သဖြင့် "ဂလာဝါဋက" ဟု ရှိသင့်၏၊ သို့သော် စာအများပင် "ဂလဝါဋက" ဟုရှိသည်၊ ပါစိတျာဒိယောဇနာ၌ နောက်အာကို ချေဟု ဆို၏၊ "ပ+အာပံ" မှ "ပပံ" ဖြစ်သကဲ့သို့တည်းတဲ့။]
ပိဏ္ဍိကမံသဘော ။ ။"ခြေသလုံးကြွက်သားမှ အောက်ဖြစ်သော ခြေတို့ကို ဖော်၍ ထိုင်ရမည်" ဟူရာ၌ ယခုခေတ် တင်ပလ္လင်‌ခွေ၍ ထိုင်ရာဝယ် ဆိုလိုရင်းမဟုတ်၊ ‌ရှေးက အများအားဖြင့် "ပီဌ" ခေါ်သော ထိုင်ခုံအငယ်ပေါ်၌ ထိုင်လေ့ရှိ၏၊ ထိုသို့ ထိုင်သောအခါ ‌‌ခြေထောက်ကိုတွဲလျားချ၍ ထိုင်ရသောကြောင့် ‌ခြေသလုံးကြွက်သားမှ အောက်ကို ဖော်ပြီးသား ဖြစ်နေသည်၊ ဤစကားလည်း မဖော်လျှင် အပြစ်ကို ပြသောစကား မဟုတ်၊ အဖော်များမည် စိုး၍ဖော်သင့်သမျှကို သတ်မှတ်သော စကားသာတည်း၊ ထို့ကြောင့် တင်ပလ္လင်ခွေ၍ ထိုင်ရာ၌ ခြေသလုံး မဖော်ခြင်းကြောင့် အပြစ်မရှိဟု မှတ်ပါ။
ဝါသူပဂတဿ ။ ။ ဝါသာယ- နေခြင်းငှာ+ဥပဂတော-ရွာ၌ ရောက်သူတည်း၊ ဝါသူပဂတော- သူ၊ ခေတ္တခဏ ဆွမ်းစား, တရားဟော, အကြောင်းကိစ္စရှိ၍ သွားသူမဟုတ်ဘဲ တည်းခိုသော အားဖြင့် နေသူတည်း၊ ကြွင်းသော မှတ်ဖွယ်ကို ပါတိမောက်ဘာသာဋီကာ၌ ပြထားပြီ။