Issues
Select Version
AI-汉译-Nissaya
简体中文
覓寂尊者
中文
云台教理组
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

45. Kabaḷāvacchedakasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧကူနဝီသတိမေ၊ ၌။ (ကဗဠာဝစ္ဆေဒကသိက္ခာပုဒ်၌)။ ကဗဠာဝစ္ဆေဒကန္တိ၊ ကား။သဗ္ဗံ ဟတ္ထံ ။ ။"သဗ္ဗံ" ဟူသော စကားကို ထောက်၍ "ဟတ္ထံ"အရ လက်ချောင်းကို ယူရမည်၊ မှန်၏- "ဟတ္ထ" အရ ယူရိုးယူစဉ်သော တတောင်ဆစ်မှစ၍ လက်ဖျားအထိကို ယူလျှင် "သဗ္ဗံ" ဟု ဆိုဖွယ်မလို၊ ထိုဟတ္ထအားလုံးကို မုခ၌ သွင်းဖို့ရာ ယုံမှားဖွယ်လည်း မရှိ, မည်သည့် နည်းနှင့်မျှ သွင်း၍ မဖြစ်နိုင်၊ ထို့ကြောင့် တတောင်ဆစ်မှ လက်ဖျားအထိဖြစ်သော အပေါင်း၏ "ဟတ္ထ" အမည်ကို အစိတ်ဖြစ်‌သော လက်ချောင်း၌ တင်စား၍ ဧကဒေသျူပစာရအားဖြင့် လက်ချောင်းများကိုသာ ဟတ္ထအရ ယူပါ၊ ထိုလက်ချောင်းများကို တစ်ချောင်းမျှလည်း မသွင်းရ, တစ်ချောင်း၏ တစ်စိတ်မျှလည်း မသွင်းရသောကြောင့် "သဗ္ဗံ ဟတ္ထံ- အားလုံးလက်ချောင်းကို" ဟုဆိုသည်။
**ဋီကာသစ်** ။၊ ။သကလံ ဟတ္ထန္တိ သကလာ အင်္ဂုလိယော၊ ဟတ္ထသဒ္ဒေါ ‌စေတ္ထ တဒေက ဒေသေသု အင်္ဂုလီသု ဒဋ္ဌဗ္ဗော၊ ဟတ္ထ မုဒ္ဒါတိအာဒီသု ဝိယ၊ [ဟတ္ထမုဒ္ဒါ၏ အနက်ကို သိက္ခာချခန်း၌ ပြခဲ့ပြီ။] ဧဝဉ္စ ကတွာ သဗ္ဗဂ္ဂဟဏံ သမတ္ထိကံ ဟောတိ (ပြည့်စုံလုံလောက်၏)၊ ပေ၊ သမုဒါ‌ယေ ပဝတ္တဿ စ ‌ဝေါဟာရဿ အဝယဝေပိ ပဝတ္တနတော ဧကင်္ဂုလိမ္ပိ တတော ဧကဒေသမ္ပိ မုခေ ပက္ခိပိတုံ န ဝဋ္ဋနိ။
ကဗဠံ၊ ကို။၊ အဝစ္ဆိန္ဒိတွာ အဝစ္ဆိန္ဒိတွာ၊ ကိုက်ဖြတ်၍ ကိုက်ဖြတ်၍။ [န ဘုဉ္ဇိဿာမိ၌ စပ်။] ဣဓ၊ ၌။ ခဇ္ဇကဖလာဖလေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ ဥတ္တရိဘင်္ဂေပိ၊ ၌လည်း။ အနာပတ္တိ (ဟောတိ)။၊