Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

Nigamanakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

စ၊ စာကိုယ်ပြီးဆုံး, ကမ္ပတ်ဖုံးဖို့, နိဂုံးကိုဆက်ဦးအံ့။ [စသဒ္ဒါ ဝါကျရမ္ဘဇောတကနိပါတ်ပုဒ်။] ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်။ [နိဋ္ဌံဂတာ ၌စပ်။]
သောဏတ္ထေရေန၊ သောဏထေရ်သည်။ ယာစိတော၊ တောင်းပန်အပ်သည်။ (ဟုတွာ၊ ဖြစ်၍။) ဝိနယေ၊ ဝိနည်း၌။ ဇာတကင်္ခါနံ၊ ဖြစ်သောယုံမှားခြင်းရှိကုန်သော ပုဂ္ဂိုလ်တို့၏။ ကင်္ခါဝိတရဏတ္ထိကော၊ ယုံမှားခြင်း၏လွန်မြောက်ခြင်းကိုအလိုရှိသော။
အဟံ၊ ငါသည်။ သဗ္ဗံ၊ အလုံးစုံသော။ သီဟဠဋ္ဌကထာနာယံ၊ သီဟိုဠ်အဋ္ဌကထာနည်းကို။ နိဿာယ၊ မှီ၍။ [ဤအဋ္ဌကထာမပေါ်မီ ရှေးက ဒွေမာတိကာ၏ အဋ္ဌကထာကို သီဟိုဠ်ဘာသာဖြင့် ရေးပြီး ရှိ၏၊ ထိုအဋ္ဌကထာ၏ နည်းကို မှီ၍-ဟူလို။]
မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိကုန်သော ထေရ်တို့၏။ ဝါစနာမဂ္ဂနိဿတံ၊ ပို့ချအပ်သော အစဉ်ကို မှီသော။
မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိကုန်သော ထေရ်တို့၏။ ဝါစနာမဂ္ဂနိဿတံ၊ ပို့ချအပ်သော အစဉ်ကို မှီသော။ ပါတိမောက္ခဿ၊ ပါတိမောက်ခေါ်, ဒွေမာတိကာပါဠိတော်၏။ ယံဝဏ္ဏနံ၊ အကြင်ဖွင့်ကြောင်းဖွင့်ရာအဋ္ဌကထာကို။ အာရဘိံ၊ အားထုတ်ခဲ့ပြီ။ သာ အယံ (ဝဏ္ဏနာ)၊ ထိုသို့သော ဤအဋ္ဌကထာသည်။ သဗ္ဗံ၊ အလုံးစုံသော။ အဋ္ဌကထာသာရံ၊ အဋ္ဌကထာတို့၏ အနှစ်ကိုလည်းကောင်း။ [မဟာအဋ္ဌကထာ, မဟာပစ္စရီ စသော အဋ္ဌကထာတို့၏ အနှစ်သာရ ဖြစ်သော အဖွင့်ကို။] ဧတ္တာဝတာစ ။ ။ကင်္ခါဝိတရဏီ အဋ္ဌကထာတစ်ကျမ်းလုံး၏ နိဂုံးကို ဆက်၍ ပြလိုသောကြောင့် "ဧတ္တာဝတာ စ" ဟု မိန့်၊ ဧတ္တာဝတာပုဒ်သည် ပရိစ္ဆေဒတ္ထနိပါတ်ပုဒ်တည်း၊ "ဧတ္တာဝတာ- တတ္ထ ပါတိမောက္ခံ အစ ဘိက္ခုနိပါတိမောက္ခဝဏ္ဏနာ နိဋ္ဌိတာ တိုင်အောင် ဤအပိုင်းအခြားဖြင့်"ဟု ပေးပါ၊ တစ်နည်း- ဧတ္တာဝတာသည် အာဝန္တု ပစ္စယန္တ ပရိမာဏ တဒ္ဓိတ်ပုဒ်၊ နိဿယ၌ ဤနည်းအတိုင်း ပေးထားသည်။ ကေဝလံ၊ အလုံးစုံသော။ ပါဠိယတ္တဉ္စ၊ ပါဠိတော်၏အနက်ကိုလည်းကောင်း။ အာဒါယ၊ ဟူ၍။ သဗ္ဗသော၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ နိဋ္ဌံ၊ ပြီးဆုံးခြင်းသို့။ ဂတာ၊ ရောက်ပေပြီ။ ယံ ပဒံ၊ အကြင်ပုဒ်သည်။ မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိကုန်သော ထေရ်တို့၏။ ပါဠိယာ၊ ပါဠိတော်နှင့်သော်လည်းကောင်း။ [သုံးစွဲရိုးဖြစ်သော ပါဠိတော်-ဟူလို။] ပေါရာဏဋ္ဌကထာဟိ ဝါ၊ ရှေး အဋ္ဌကထာတို့နှင့်သော်လည်းကောင်း။
ဝိရုဇ္ဈေယျ၊ ဆန့်ကျင်ရာ၏။ ဧတ္ထ၊ ဤအဋ္ဌကထာ၌။ တံ ပဒံ၊ ထိုဆန့်ကျင်ဘက်ပုဒ်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ န ဟိ အတ္ထိ၊ မရှိသည်သာ။ တသ္မာ၊ ထို့ကြောင့်။ ဝါ၊ ထိုသို့ ပါဠိ အဋ္ဌကထာတို့နှင့် ဆန့်ကျင်ဘက်ပုဒ်မရှိသည်၏အဖြစ်ကြောင့်။ ဧတ္ထ၊ ဤအဋ္ဌကထာ၌။ ကင်္ခံ၊ ယုံမှားခြင်းကို။ အကတွာဝ၊ မပြုမှု၍သာလျှင်။ ဟိတေသိနာ၊ မိမိ စီးပွားကို ရှာလေ့ရှိသော အမျိုးကောင်းသားသည်။ အယံ ကင်္ခါဝိတရဏီ၊ ဤ ကင်္ခါဝိတရဏီအဋ္ဌကထာကို။ သက္ကစ္စံ၊ ကောင်းစွာပြု၍။ ဝါ၊ လေးလေးစားစား။ သိက္ခိတဗ္ဗာဝ၊ သင်ယူအပ် သင်ယူထိုက်သည်သာ။
စ၊ ဆက်ဦးအံ့။ အယံ ကင်္ခါဝိတရဏီ၊ ဤ ကင်္ခါဝိတရဏီအဋ္ဌကထာသည်။ ဒွါဝီသတိဘာဏဝါရပရိမာဏာယ၊ ၂၂ ဘာဏဝါရ အတိုင်းအရှည်ရှိသော။ ပါဠိယာ၊ ပါဠိစကားလုံးဖြင့်။ နိဋ္ဌံ၊ ပြီးစီးခြင်းကို။ သမ္ပတ္တာ ယထာ၊ ကောင်းစွာရောက်သကဲ့သို့။
ဧဝံ၊ ဤအတူ။ သဗ္ဗသတ္တာနံ၊ အလုံးစုံကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါတို့၏။ ကလျာဏနိဿိတာ၊ ကုသိုလ်ကောင်းမှု၌ မှီကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ မနောရထာ၊ စိတ်အလိုတို့သည်။ အနန္တရာယေန၊ အန္တရာယ်မရှိသဖြင့်။ အစိရံ၊ မကြာမတင် ‌‌‌ဆောလျင်စွာ။ နိဋ္ဌံ၊ ပြီးစီးခြင်းသို့။ ယန္တု၊ ရောက်ပါစေကုန်သတည်း။ ဣတိ၊ ဤကား ကျမ်းဆရာ၏ တောင့်တချက်တည်း။ [ဤနေရာ၌ ကင်္ခါဝိတရဏီအဋ္ဌကထာ ပြီးပြီ၊ ဆိုအပ်လတ္တံ့ စကားရပ်ကား နောက်ပညာရှိတို့ စကားသာတည်း။]ပါဠိယတ္တဉ္စ ။ ။"သိက္ခာပုဒ်ပါဠိတော်ကို ဖွင့်သောဥဘတောဝိဘင်း" ဟု ခေါ်သောအနက်အဓိပ္ပာယ်ကို "ပါဠိယတ္ထ" ဟု ဆိုသည်၊ တိကပါစိတ္တိယံ, တိကဒုက္ကဋံ စသည်နှင့် အနာပတ္တိဝါရစကားများသည် ထိုဥဘတောဝိဘင်းပါဠိမှ ယူအပ်သော အနက်အဓိပ္ပာယ်များချည်းတည်း။
ယထာ စ၊‌ ပေ၊ ပါဠိယာ ။ ။ယခုအခါ နတ်နှင့် တကွသော သတ္တလောက၏ စင်စစ် သုခရဖို့ အရေး၌ မိမိပြုအပ်ပြီးသော ကောင်းမှုကို ညွှတ်စေလိုသောကြောင့် ယထာ စ-စသော ဂါထာနှစ်ရပ်ကို မိန့်အပ်သတည်း၊ ဤကင်္ခါဝိတရဏီအဋ္ဌကထာ၌ ပါဠိစာလုံးပေါင်း ၂၂ ဘာဏဝါရ ရှိ၏-ဟု ဆိုရာ၌ တစ်ဂါထာလျှင် အက္ခရာ ၃၂ လုံးရှိရာ ထိုကဲ့သို့ ဂါထာပေါင်း ၂၅၀ ကို "တစ်ဘာဏဝါရ" ဟု ဆိုသော စကားဖြင့် ရေတွက်ကြည့်ပါလေ။ [ယခုခေတ်၌လည်း "မည်သည့်အရာရှိကြီး၏ မိန့်ခွန်း၌ စကားလုံးပေါင်း မည်မျှပါရှိ၏" ဟု ရေတွက် ပြလေ့ရှိကြသည်။] ၁ ဘာဏဝါရ - ၂၅၀ ဂါထာ × ၂၂ ဘာဏဝါရ - ၅၅၀၀ ဂါထာ။ ၁ ဂါထာ - ၃၂ စာလုံး × ၅၅၀၀ ဂါထာ - ၁၇၆၀၀၀ စာလုံး။
ပရမဝိသုဒ္ဓသဒ္ဓါဗုဒ္ဓိဝီရိယပ္ပဋိမဏ္ဍိတေန၊ အလွန် သန့်ရှင်း စင်ကြယ်သော သဒ္ဓါ ပညာ ဝီရိယတို့ဖြင့် တန်ဆာဆင်အပ်ထသော။ သီလာစာရဇ္ဇဝမဒ္ဒဝါဒိဂုဏသမုဒယသမုဒိတေန၊ ဝါရိတ္တသီလ, စာရိတ္တသီလဟူသော အာစာရ, ဖြောင့်မတ်သူ၏အဖြစ်, နူးညံ့သူ၏အဖြစ် အစရှိသော ဂုဏ်အပေါင်း၏ ပေါင်းစုရာလည်း ဖြစ်ထသော။ (တစ်နည်း) ပရမဝိသုဒ္ဓသဒ္ဓါဗုဒ္ဓိဝီရိယပ္ပဋိမဏ္ဍိတသီလာစာရဇ္ဇဝမဒ္ဒဝါဒိဂုဏသမုဒယသမုဒိတေန၊ အလွန် သန့်ရှင်း စင်ကြယ်သော သဒ္ဓါ ပညာ ဝီရိယတို့ဖြင့် တန်ဆာဆင်အပ်သော ဝါရိတ္တသီလ, စာရိတ္တသီလဟူသော အာစာရ, ဖြောင့်မတ်သူ၏ အဖြစ်, နူးညံ့သူ၏အဖြစ် အစရှိသော ဂုဏ်အပေါင်း၏ ပေါင်းစုရာလည်းဖြစ်ထသော။ သကသမယသမယန္တရဂဟနဇ္ဈောဂါဟနသမတ္ထေန၊ မိမိ အယူတည်း ဟူသော အဖွင့်သံဝဏ္ဏနာတောအုပ်, တစ်ပါးသောအယူတည်းဟူသော အဖွင့်သံဝဏ္ဏနာတောအုပ်သို့ ဉာဏ်ဖြင့် ချင်းနင်း ဝင်ရောက်ခြင်း၌ စွမ်းနိုင်ထသော။ပရမ၊ ပေ၊ သမုဒိတေန ။ ။စာအုပ်များ၌ "ပဋိမဏ္ဍိတေန" ဟု ဝိဘတျန္တတစ်ပုဒ် တွေ့ရ၏၊ ဤအလို သဒ္ဓါ ပညာ ဝီရိယတို့သည် အရှင်ဗုဒ္ဓဃောသ၏ တန်ဆာဖြစ်သော ဂုဏ်ပုဒ်များဟု မှတ်ပါ၊ သို့သော် သဒ္ဓါ ပညာ ဝီရိယတို့သည် ပုဂ္ဂိုလ်၏ တန်ဆာမဖြစ်နိုင်၊ သိလစသော ဂုဏ်တို့၏ တန်ဆာသာ ဖြစ်နိုင်၏၊ ထို့ကြောင့် ပဋိမဏ္ဍိတကို သီလ၊ပေ၊ဂုဏ၌ စပ်၍ ပဋိမဏ္ဍိတနှင့် ဂုဏသမုဒယကို ဝိသေသန+ဝိသေသျအဖြစ်ဖြင့် စပ်ဖို့ရန် "သမုဒိတေန" ကျမှ ဝိဘတျန္တတစ်ပုဒ်ဟု အဋ္ဌသာလိနီ (ပြည်ဆရာတော်) နိဿယ၌ မိန့်၏၊ ဤ၌ ၂ နည်း ပေးထားသည်၊ ဤ သမုဒိတေန စသော ဝိဘတျန္တပုဒ်များကို ထေရန၌ ဝိသေသန အဖြစ်ဖြင့် စပ်ပါ။
ဝစနတ္ထ ။ ။သဒ္ဓါ‌ဗုဒ္ဓိဝီရိယေတိ+ပဋိမဏ္ဍိတာ သဒ္ဓါ၊ပေ၊ပဋိမဏ္ဍိတာ၊ သဒ္ဓါ၊ ပေ၊ ပဋိမဏ္ဍိတာ စ+ တေ+ သီလာစာရဇ္ဇဝမဒ္ဒဝါဒိဂုဏာ စာတိ သဒ္ဓါ၊ပေ၊ဂုဏာ၊ သေသံ+ သမုဒယော သဒ္ဓါ၊ပေ၊ သမုဒယော၊ သမုဒေတိ ဧတ္ထာတိ သမုဒိတော၊ သဒ္ဓါ၊ ပေ၊သမုဒယဿ+ သမုဒိတော (ပေါင်းစုရာတည်း)၊ သဒ္ဓါ‌၊ပေ၊သမုဒိတော၊ ဤကား ပြည်ဆရာတော်၏ အလိုကျ ဝစနတ္ထတည်း။ [သီလာစာရ၌ ဝါရိတ္တသီလကို သီလ, စာရိတ္တသီလကို အာစာရ-ဟု ဆရာတို့ ခွဲကြသည်။]
သက၊‌ ပေ၊ သမတ္ထေန ။ ။ဤနေရာ၌ သမယသဒ္ဒါသည် ပတိဝေဓ(ဉာဏ်)ဟူသော အနက်ကို ဟော၏၊ ထိုဉာဏ်ဖြင့် ယူထားသည့်အတိုင်း ဖွင့်အပ်သော အဋ္ဌကထာကို "သမယ" ဟု ခေါ်ပါ၊ အရှင်ဗုဒ္ဓဃောသ သည် မဟာဝိဟာရဝါသီဂိုဏ်းသား ဖြစ်၏၊ ထို့ကြောင့် မဟာဝိဟာရဝါသီဂိုဏ်းသားတို့ အသိဉာဏ် အယူဝါဒဖြင့် ဖွင့်အပ်သော အဖွင့် သံဝဏ္ဏနာကို "သကသမယ" ဟု ဆိုလိုသည်၊ "သကော+သမယော သကသမယော" ဟု ပြု၊ သမယန္တရ၌ အန္တရသဒ္ဒါသည် အညအနက်ဟောတည်း၊ မဟာဝိဟာရဝါသီတို့၏ သမယမှတစ်ပါးသော (အဘယဂိရိဝါသီ, ဇေတဝနဝါသီ ဂိုဏ်းသားတို့၏) အသိဉာဏ်အယူဝါဒဖြင့် ဖွင့်အပ်သော အဖွင့် သံဝဏ္ဏနာကို "သမယန္တရ" ဟု ဆိုလိုသည်၊ ထိုသမယ၂ မျိုးလုံးသည်ပင် တောအုပ်ကြီးကဲ့သို့ ခက်ခဲ ရှုပ်ထွေးလှသောကြောင့် ဂဟနာ မည်၏၊ [ဂါဟ ဓာတ် (ဝိလောဠန) အနက်ဟော၊ အာကို (ဝိသောဒရာဒိဂိုဏ်း ဖြစ်၍) ရဿပြု၊ အဇ္ဈောဂါဟန၌လည်း ဂါဟဓာတ်ပင်၊ အဓိ+ဩကြောင့် အတွင်းဝင်ခြင်း အနက်ကို ဟောနိုင်၏၊ သကသမယသမယန္တရဂဟနေ+ အဇ္ဈောဂါဟန၌လည်း ဂါဟဓာတ်ပင်၊ အဓိ+ဩကြောင့် အတွင်းဝင်ခြင်း အနက်ကို ဟောနိုင်၏၊ သကသမယသမယန္တရဂဟနေ+အဇ္ဈောဂါဟနသမတ္ထော (ဉာဏ်ဖြင့်သက်ဝင်ခြင်း၌ စွမ်းနိုင်သော ပုဂ္ဂိုလ်တည်း) သက၊ပေ၊သမတ္ထော၊ (မိမိ ဂိုဏ်းသား၏ အယူဝါဒသာမက ဂိုဏ်းတစ်ပါး၏ အယူဝါဒကိုလည်း နားလည်သည်-ဟူလို။)
ပညာဝေယျတ္ထိယသမန္နာဂတေန၊ ပညာ၏ ထက်မြက်သည်၏အဖြစ်နှင့် ပြည့်စုံထသော။ တိပိဋကပရိယတ္တိပ္ပဘေဒေ၊ ပိဋကတ်သုံးပုံဟူသော ပရိယတ်အပြားရှိသော။ သာဋ္ဌကထေ၊ အဋ္ဌကထာနှင့်တကွဖြစ်သော။ သတ္ထုသာသနေ၊ မြတ်စွာဘုရား၏အဆုံးအမဖြစ်သော တရားတော်၌။ အပ္ပဋိဟတဉာဏပ္ပဘာဝေန၊ မပိတ်ပင်မဆီးတားအပ်သော ဉာဏ်ရည် ဉာဏ်သွား စွမ်းပကားသတ္တိလည်း ရှိထသော။ မဟာဝေယျာကရဏေန၊ သဒ္ဒါ ဗျာကရုဏ်းကျမ်း အားလုံးတတ် ဆရာမြတ်လည်း ဖြစ်ထသော။ ကရဏသမ္ပတ္တိဇနိတသုခဝိနိဂ္ဂတမဓု‌ရောဒါရဝစနလာဝဏ္ဏယုတ္တေန၊ ဌာန်ကရိုဏ်းတို့၏ ပြည့်စုံခြင်းသည် ဖြစ်စေအပ်သော သက်သက်သာသာ ထွက်ပေါ်လာသော ချိုသာသော စကားလုံး, မြင့်မြတ်သော စကားလုံး၏ တင့်တယ်သည်၏အဖြစ်နှင့်လည်း ယှဉ်ထသော။အပ္ပဋိဟတ၊ ပေ၊ ကရဏေန ။ ။အပ္ပဋိဟတော- မပိတ်ပင်အပ် မပိတ်ပင်နိုင်သော+ ဉာဏပ္ပဘာဝေါ- ဉာဏ်၏ အစွမ်းသတ္တိသည်၊ ယဿာတိ အပ္ပဋိဟတဉာဏပ္ပဘာဝေါ၊ ဗျာကရဏံ အဓီတေ ဇာနာတိ ဝါတိ ဝေယျာကရဏော၊ မဟ‌န္တော + ဝေယျာကရဏော မဟာဝေယျာကရဏော။
ကရဏ၊ပေ၊ ယုတ္တေန ။ ။ဌာန်ကရိုဏ်းကို "ကရီယတိ ဥစ္စာရီယတိ အနေနာတိ ကရဏံ" အရ အက္ခရာတို့ကို ရွတ်ဆိုကြောင်း ဖြစ်သောကြောင့် "ကရဏ" ဟု ခေါ်၏၊ ကရဏာနံ+ သမ္ပတ္တိ ကရဏသမ္ပတ္တိ၊ ကဏ္ဌစသော အက္ခရာဖြစ်ရာ ဌာန်တို့သည်လည်းကောင်း, လျှာလယ်စေသော အရပ်တို့သည်လည်းကောင်း ရှေးကံကြောင့် အကောင်း-မကောင်း ကွဲပြားကြ၏၊ ထိုဌာန် ကရိုဏ်းတို့၏ ရှေးကံအစွမ်းကြောင့် ကောင်းမွန်ခြင်းကို "သမ္ပတ္တိ" ဟု ဆိုသည်၊ တာယ+ ဇနိတံ ကရဏသမ္ပတ္တိဇနိတံ၊ သုခေန+ဝိနိဂ္ဂတံ သုခဝိနိဂ္ဂတံ- ဖျစ်ညှစ်ထုတ်ရသော စကားသံ မဟုတ်, လွယ်လွယ်ကူကူ သက်သက်သာသာ ထွက်လာသော စကားသံ၊ ထိုသို့ သုခဝိနိဂ္ဂတ ဖြစ်ခြင်းမှာလည်း ဌာန်ကရိုဏ်းတို့ ပြည့်စုံခြင်းကြောင့် ဖြစ်၏၊ ကရဏသမ္ပတ္တိဇနိတံ+ သုခဝိနိဂ္ဂတံ ကရဏ၊ ပေ၊ ဝိနိဂ္ဂတံ။
မဓုရဉ္စ+ ဥဒါရဉ္စ မဓုရောဒါရံ၊ စကားသံ၏ ချိုသာခြင်းသည် မဓုရဂုဏ်တည်း၊ စကား အသုံးအနှုန်း၏ အထက်တန်းကျသဖြင့် မြင့်မြတ်ခြင်းသည် ဥဒါဟရဂုဏ်တည်း၊ ဥဒါရသဒ္ဒါသည် မြင့်မြတ်ခြင်း အနက်ကိုလည်း ဟော၏၊ မဓုရောဒါရဉ္စ+တံ+ဝစနဉ္စာတိ မဓုရောဒါရဝစနံ၊ လာဝဏ္ဏပုဒ်ကို ထောမနိဓိ၌ "သောန္ဒရ" ဟု အနက်ဖော်၏၊ "စာရုတာ-တင့်တယ်သည်၏ အဖြစ်" ဟု ဖွင့်၏၊ လဝဏဿ+ ဘာဝေါ လာဝဏ္ဏံ၊ ကရဏ၊ ပေ၊ ဝစနဿ + လာဝဏ္ဏံ ကရဏ၊ ပေ၊ လာဝဏ္ဏံ၊ တေန + ယုတ္တော ကရဏ၊ ပေ၊ ယုတ္တော။
ယုတ္တမုတ္တဝါဒိနာ၊ သင့်လျော်သောစကား, နှစ်သက်ဖွယ် စကားကိုလည်း ဆိုလေ့ရှိထသော။ ဝါဒိဝရေန၊ ပြောဟော ပို့ချလေ့ရှိသော ပုဂ္ဂိုလ်တို့တွင် မြတ်သော ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်ထသော။ မဟာကဝိနာ၊ အစီအကုံး အနှုန်းအဖွဲ့အကျော် မြတ်သော စာဆိုတော်လည်း ဖြစ်ထသော။ ပဘိန္နပဋိသမ္ဘိဒါပရိဝါရေ၊ အတ္ထ, ဓမ္မ, နိရုတ္တိ, ပဋိဘာနအားဖြင့် ကွဲပြားသော ပဋိသမ္ဘိဒါဉာဏ် အခြံအရံရှိသော။ ဆဠဘိညာဒိပ္ပဘေဒ ဂုဏပ္ပဋိမဏ္ဍိတေ၊ ၆ ပါးသော အဘိညာဉ် အစရှိသော အပြားရှိသော ဂုဏ်တို့ဖြင့် တန်ဆာဆင်အပ်သော။ ဥတ္တရိမနုဿဓမ္မေ၊ မြတ်သောဈာယီ, အရိယာလူတို့၏ ဥစ္စာဖြစ်သော ဈာန် မဂ် ဖိုလ်တရား၌။ သုပ္ပတိဋ္ဌိတဗုဒ္ဓီနံ၊ ကောင်းစွာတည်သော ဉာဏ်ပညာ ရှိတော်မူကြကုန်သော။ ထေရဝံသပ္ပဒီပါနံ၊ ကောင်းစွာတည်သော ဉာဏ်ပညာ ရှိတော်မူကြကုန်သော။ ထေရဝံသပ္ပဒီပါနံ၊ **အရှင်မဟာကဿပ** အစရှိသော ထေရ်တို့၏အနွယ်၌ မီးရှူးတန်ဆောင်သဖွယ် ဖြစ်တော်မူကြကုန်သော။ မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ သီတင်းသုံးတော်မူကြကုန်သော။ ထေရာနံ၊ **တိပိဋကစူဠနာဂ** အစရှိသော ထေရ်တို့၏။ ဝံသာလင်္ကာရဘူတေန၊ အဆက်အနွယ်၌ တန်ဆာသဖွယ် ဖြစ်၍ ဖြစ်ထသော။ သုဝိပုလဝိသုဒ္ဓဗုဒ္ဓိနာ၊ အလွန်ပြန့်ပြော စင်ကြယ်သော ဉာဏ်ပညာရှိထသော။ ဗုဒ္ဓဃောသောတိ၊ **ဗုဒ္ဓဃောသ** ဟူ၍။ ဂရူဟိ၊ ကျောက်ထီးတန္တု, အလေးပြုအပ်သော ဆရာမြတ်တို့သည်။ယုတ္တ၊ ပေ၊ ကဝိနာ ။ ။ယုတ္တဉ္စ-သင့်လျော်သော (ယုတ္တိရှိသော) စကားလည်း၊ မုတ္တဉ္စ- နှစ်သက်ဖွယ်စကားလည်း၊ ယုတ္တမုတ္တံ-စကား၊ [မုတ္တသဒ္ဒါသည် စာဂ (လွှတ်ခြင်း), ပတ္တမောက္ခ (ရောက်နေသောအရာမှ လွတ်ခြင်း), အာနန္ဒိတ (နှစ်သက်အပ်)ဟု အနက် ၃ မျိုးကို ‌ဟော၏၊ ထိုအနက်တို့တွင် "အာနန္ဒိတ-နှစ်သက်အပ်" အနက်နှင့် လျော်၏။] ယုတ္တမုတ္တံ+ ဝဒတိ သီလေနာတိ ယုတ္တမုတ္တဝါဒီ၊ ဝါဒီနံ- တို့တွင် + ဝရော ဝါဒိဝရော၊ မဟန္တော+ကဝိ မဟာကဝိ။ [အရေးအသား အစီအကုံး အဖွဲ့အနွဲ့ ကောင်းသောသူကို "စာဆိုတော်" ဟု ခေါ်ကြသည်။]
ပဘိန္န၊ ပေ၊ ထေရာနံ ။ ။ဤဂုဏ်တို့ကား အရှင်ဗုဒ္ဓဃောသ ၏အထက်ထက်က ဖြစ်ခဲ့ကြသော တိပိဋကစူဠနာဂ စသော ထေရ်များ၏ ဂုဏ်တည်း၊ အတ္ထ, ဓမ္မ, နိရုတ္တိ, ပဋိဘာန်အားဖြင့် ကွဲပြားသည်ကို "ပဘိန္န" ဟုဆိုလိုသည်၊ ပဋိသမ္ဘိဒါပုဒ်သည်ပင် "ဉာဏ်" ဟူသောအနက်ကို ဟောနိုင်ရကား ‌တချို့စာ၌ ဉာဏမပါဘဲ "ပဋိသမ္ဘိဒါပရိဝါရေ" ဟု ရှိ၏၊ တချို့စာ၌ "ဆဠာဘိညပိဋိသမ္ဘိဒါ ပဘေဒ" ဟု ပိဋိသမ္ဘိဒါပုဒ် ထပ်၍ ပါနေသည်မှာ ပို၏။
ဝံသာ၊ပေ၊ ထေရေန ။ ။အရှင်ဗုဒ္ဓဃောသ သည် ထိုမဟာဝိဟာရဝါသီထေရ်တို့၏ အဆက်အနွယ်လည်းဖြစ်, ထိုအဆက်အနွယ်၌ တန်ဆာသဖွယ်လည်း ဖြစ်၏၊ အရှင်ဗုဒ္ဓဃောသ ကြောင့် မဟာဝိဟာရဝါသီဂိုဏ်းကြီး သာ၍ တင့်တယ် ထင်ရှားနေသည်ကို "ဝံသာလင်္ကာရ- အနွယ်၏တန်ဆာ" ဟု ဆိုသည်။ [ယခုခေတ် ဆရာတော်များလည်း မိမိ၏ တပည့်အများဝယ် တန်ဆာသဖွယ် ဖြစ်နိုင်သည့် တပည့်များကို လိုလားတော်မူကြသည်။]
ဂဟိတနာမဓေယျေန၊ ယူအပ်သောအမည်ရှိသော။ (မှည့်ခေါ်အပ်သော အမည်ရှိသော)။ ထေရေန၊ ထေရ်သည်။ ကထာ၊ ပြုစီရင်အပ်သော။ ကင်္ခါဝိတရဏီ နာမ၊ ကင်္ခါဝိတရဏီ မည်သော။ အယံပါတိမောက္ခဝဏ္ဏနာ၊ ဤပါတိမောက်ခေါ်, ဒွေမာတိကာ ပါဠိတော်၏ အဖွင့်သည်။ [တိဋ္ဌတု ၌စပ်။]
တာဝ၊ ထို ဗုဒ္ဓေါ ဗုဒ္ဓေါ ဟူသော အမည်တော် တည်သေးသမျှ ကာလပတ်လုံး။ လောကနိတ္ထရဏေသိနံ၊ လောကမှ ထွက်မြောက်ကြောင်း နည်းလမ်းကို ရှာမှီးကြကုန်သော။ ကုလပုတ္တာနံ၊ အမျိုးကောင်းသားတို့၏။ သီလဝိသုဒ္ဓိယာ၊ သီလစင်ကြယ်ခြင်း၏။ နယံ၊ နည်းကောင်း နည်းမှန်ကို။ ဒဿေန္တီ၊ ပြလျက်။ လောကသ္မိံ၊ ကမ္ဘာလောက၌။ တိဋ္ဌတု၊ တည်ရစ်ပါစေသတည်း။
သုဒ္ဓစိတ္တဿ၊ သန့်ရှင်းစင်ကြယ်သောစိတ်ရှိတော်မူသော။ တာဒိနော၊ လောကဓံ ၈ ပါးကြောင့် ဖောက်ပြားမတုန်, တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။ လောကဇေဋ္ဌဿ၊ သတ္တလောက၏ အကြီးဆုံးဖြစ်တော်မူသော။ မဟေသိနော၊ မြတ်စွာဘုရား၏။ ယာဝ၊ အကြင်မျှလောက်။ ဗုဒ္ဓေါတိ နာမမ္ပိ၊ ဗုဒ္ဓေါ ဗုဒ္ဓေါဟူသောအမည်တော်သည်လည်း။ လောကမှိ၊ လောက၌။ ပဝတ္တတိ၊ ဖြစ်တည်သေး၏။
**ကင်္ခါဝိတရဏီအဋ္ဌကထာ၊ ကင်္ခါဝိတရဏီအဋ္ဌကထာသည်။** **နိဋ္ဌိတာ၊ ပြီးပြီ။** မှတ်ချက် ။ ။အရှင်ဗုဒ္ဓဃောသ ၏စာသားများသည် "မနောရထာတိ" တွင်ပြီးဆုံးခဲ့ပြီ၊ "ပရမဝိသုဒ္ဓ၊ပေ၊မဟေသိနော" တိုင်အောင်သော စကားရပ်ကား အရှင်ဗုဒ္ဓဃောသ ၏ စကားမဟုတ်၊ အရှင်ဗုဒ္ဓဃောသ ကို ကြည်ညိုသော ပညာရှိပုဂ္ဂိုလ် တစ်ပါးပါးဖြစ်စေ, တပည့် တစ်ပါးပါးဖြစ်စေ နောက်မှ ထည့်အပ်သော စကားတည်း၊ ထို့ကြောင့် အရှင်ဗုဒ္ဓဃောသ ၏ ဂုဏ်များကို ကြီးကျယ် ခမ်းနားစွာ ထည့်သွင်းပြထားခြင်း ဖြစ်၏၊ ကိုယ်တိုင်ရေးသားသော စကားဖြစ်လျှင် ထိုမျှလောက် ကြီးကျယ်သော မိမိဂုဏ်များကို မဖော်ပြသင့်၊ "မိမိ ဂုဏ်ကို (အခွင့်အခါမဟုတ်ဘဲ) ဖော်ပြလျှင် အလင်္ကာကျမ်းအလိုအားဖြင့် ဩစိတျဟီနဒေါသ ရောက်သည်" ဟု မှတ်ပါ။ [အဋ္ဌသာလိနီ စသော အထက်အဋ္ဌကထာကြီးများ၏ နောက်ဆုံး၌လည်း ဤစကားရပ်များ ပါရှိသည်။]