Issues
Select Version
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

4. Paṭhamasenāsanasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

စတုတ္ထေ၊ ၌။ သံဃိကန္တိ၊ ကား။ သံဃဿ၊ ၏။ သန္တကံ၊ ဥစ္စာဖြစ်သော။ (မဉ္စံ ဝါ စသည်၌ စပ်။)
မဉ္စာဒီသု၊ ညောင်စောင်း အစရှိသည်တို့တွင်။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ မဉ္စသင်္ခေပေန၊ ညောင်စောင်းအသွင်ဖြင့်။ (ညောင်စောင်း၌ ထည့်သွင်းကြောင်း ပုံသဏ္ဌာန်ဖြင့်။) ကတော၊ ပြုအပ်သော။ သဗ္ဗောပိ၊ အလုံးစုံသော အိပ်ရာသည်လည်း။ မဉ္စောယေဝ၊ မဉ္စမည်သည်သာ။ ပီဌေပိ၊ အင်းပျဉ်၌လည်း။ ဧသေဝ၊ ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော၊ တည်း။
ပန၊ ကား။ ယေန ကေနစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ စောဋ္ဌေနဝါ၊ အဝတ်ဖြင့်သော်လည်းကောင်း။ ကပ္ပိယစမ္မေနဝါ၊ အပ်သော အရေဖြင့်သော်လည်းကောင်း။မဉ္စသင်္ခေပေန ။ ။သံခိပီယတိ ဧတေနာတိ သင်္ခေပေါ၊ ထည့်သွင်း(ရေတွက်)ကြောင်း ပုံသဏ္ဌာန်၊ မဉ္စေ+သင်္ခေပေါ မဉ္စသင်္ခေပေါ၊ အကြင် ပုံစံမျိုးဖြင့် လုပ်ထားလျှင် မဉ္စအမျိုးအစားတွင် ပါဝင်၏၊ ထိုပုံစံကို "မဉ္စသင်္ခေပ" ဟု ခေါ်၏၊ ဤပါဌ်ဖြင့် ပီဌအမျိုးအစားကိုကန့်သည်။
မဉ္စ ။ ။ရှေးက "‌ညောင်စောင်း" ဟု အနက်ပေးကြ၏၊ "ခဋာ-ခဋင်(ခုတင်)" ဟု ထောမနိဓိဖွင့်၏၊ ထို့ကြောင့် အိပ်ဖို့ရာ ခုတင်အမျိုးမျိုးကို "မဉ္စီ" ဟု ဤသိက္ခာပုဒ်၌ မှတ်ပါ။ [အခြားနေရာ၌ကား ပန်းရံ, လက်သမားတို့၏ ငြမ်းကိုလည်းကောင်း,တောထဲ၌ လယ်ယာစောင့်သောအခါ နေရသော လင့်စင်ကိုလည်း‌ကောင်း "မဉ္စ" ဟု ခေါ်သေး၏။]
ပီဌ ။ ။ရှေးက "အင်းပျဉ်" ဟု အနက်ပေးကြ၏၊ "အာသနဘေဒ-ထိုင်စရာအထူး" ဟု ဖွင့်၏၊ ထို့ကြောင့် ကုလားထိုင်စသော အနိမ့်အမြင့် ဖင်ထိုင်ခုံအမျိုးမျိုးကို ဤသိက္ခာပုဒ်၌ "ပီဌ" ခေါ်သည်ဟု မှတ်ပါ။ [အခြားနေရာ၌ကား "ထမင်းစားခုံ, စာရေးခုံ, ယဇ်ပလ္လင်" စသည်များကိုလည်း "ပီဌ" ဟုခေါ်သေး၏။
ကပ္ပိယစမ္မေန ။ ။"မိဂါဇေဠကစမ္မေန" ဟု ဋီကာဖွင့်၏၊ မိဂအရ၌ ဧဏီမိဂ (ဧဏီမည်သောသားကောင်၊ ဝါ-တောဆိတ်နက်), ဝါတမိဂ(သမင်ပျံ-လေကဲ့သို့ အပြေးမြန်သော သားကောင်), ပသဒမိဂ (သမင်ပျောက်), ကုရုင်္ဂမိဂ (ဒရယ်), မိဂမာတုက (ဆတ်), ရောဟိတမိဂ(စိုင်) ဤမိဂအမျိုးများ ပါဝင်၏။
ဆဝိံ၊ အရေကို(အခွံကို)။ ကတွာ၊ ၍။ မနုဿ‌လောမံ၊ လူ့အမွေးကိုလည်းကောင်း။ တာလီသပတ္တဉ္စ၊ အခြားအရွက်နှင့် မရောသော ပန်းညိုရွက်ကိုလည်းကောင်း။ (အခြားအရွက်တို့နှင့်ရောထည့်လျှင်ကား အပ်၏။) ဌပေတွာ၊ ၍။ ယေဟိ ကေဟိစိ၊ အမှတ်မထား တစ်ပါးပါးကုန်သော။ ‌လောမ။ ပေ။ စော‌ဠေဟိ၊ ‌အမွေး, အရွက်, မြက်, လျှော်, အဝတ်ပိုင်းတို့ဖြင့်။ ပူရေတွာ၊ ပြည့်စေ၍ (အဆာသွတ်၍)။ ကတသေနာသနံ၊ ပြုအပ်သော ကျောင်းအသုံး‌အဆောင်ကို။ ဘိသီတိ၊ ဘိသိဟူ၍။ ဝုစ္စတိ၊ ၏။
တတ္ထ၊ ထိုဘုံလျှို၌။ နိသီဒိတုမ္ပိ၊ ထိုင်ခြင်းငှာလည်းကောင်း။ နိပဇ္ဇိတုမ္ပိ၊ အိပ်ခြင်းငှာလည်းကောင်း။ ဝဋ္ဋတိ၊ အပ်၏။ [လဲအဆာသွတ်ထားသော မွေ့ရာ ဖုံတို့၌ကား ထိုင်ခြင်း, အိပ်ခြင်းငှာ မအပ်။] စ၊ ဆက်။ ဧတ္ထ၊ ဤဘုံလျှို၌။ ပမာဏပရိစ္ဆေဒေါပိ၊ ပမာဏ အပိုင်းအခြားသည်လည်း။ နတ္ထိ၊ မရှိ။
ပန၊ ကား။ ကောစ္ဆံ၊ ခပ်အခင်းသည်။ ဝါကဥသီရမုဉ္ဇပဗ္ဗဇာဒီနံ၊ လျှော်မျှင်, ပန်းရင်းမြက်, ဖြူဆံမြက်, ပြိန်းမြက် အစရှိသည်တို့တွင်။ အညတရမယံ၊ တစ်မျိုးမျိုးဖြင့် ပြုအပ်သည်။ [အညတရေန+ပကတံ အညတရမယံ၊ တပ္ပကတိဝစနေမယော။]ဘိသိ ။ ။"ဘုံလျှို" ဟု အနက်ပေးကြ၏, အပြင်ဘက်က အဝတ်ကိုဖြစ်စေ, အပ်သောသားရေကိုဖြစ်စေ ဘုံလျှိုရေ ချုပ်၍ အတွင်း၌ အဆာသွင်းထားသော မွေ့ရာ(ဖုံ) တည်း၊ ထိုအဆာသည် ဥဏ္ဏ(သားမွေး), စောဠ(အဝတ်), ဝါက (လျှော်မျှင်- အုန်းဆံမျှင်လည်း ပါဝင်၏), တိဏ(မြက်), ပဏ္ဏ(သစ်ရွက်)အားဖြင့် ၅မျိုးပြား၏၊ ထိုအဆာသည် လူ၏အမွေး, သန့်သန့်သော ပန်းညိုရွက်များ မဟုတ်စေရ။
အကပ္ပိယအရေ ။ ။ဘိသိ မပြုကောင်းသော အရေများ၏ အကောင်များကား-မက္ကဋ, ကာဠသီဟ(ဝက်ဝံနက်), သရဘ (သရဘမည်သော သားကောင်), ကဒလီမိဂ (ဝန်ပိုင်), ဝါဠမိဂ (ခြင်္သေ့, သစ်, ကျား, ဝံ, အောင်းဟူသော ရဲတင်းသော သားကောင်များ)၊ ထို့ပြင် အရေမအပ်ချင်းတူသော နွား, ကျွဲ, ယုန်, ကြောင် စသည်တို့လည်း ဝါဠမိဂတွင် ပါဝင်ကြ၏။ (ဋီကာ)
ပမာဏပရိစ္ဆေဒေါ ။ ။"အရွယ်ပမာဏကို မည်မျှသာ ကြီးစေရမည်" ဟု မဆိုသော်လည်း မဉ္စဘိသိ (ခုတင်ပေါ်အခင်း), ပီဌဘိသိ (ထိုင်ခုံပေါ်အခင်း), ဘူမတ္ထရဏဘိသိ (ကြမ်းပေါ်အခင်း), စင်္ကမနဘိသိ(စင်္ကြံလမ်းအခင်း), ပါဒပုဉ္ဆန ဘိသိ (ခြေသုတ်) စသော ဘုံလျှိုတို့နှင့် သင့်တော်သလို ပမာဏလုပ်ရမည်ဟု မှတ်ပါ။
ကောစ္ဆံ ။ ။"ခပ်အခင်း" ဟု နိဿယအနက် ရှိ၏၊ ဤအခင်းသည် ဆင်းတုတော်များ၏ အောက်က ပလ္လင်တော်နှင့် ပုံသဏ္ဌာန်တူ၏ဟု ပါစိတျာဒိယောဇနာ ဆို၏၊ ထိုအဆိုသည် "အန္တော သံဝေလ္လိတွာ ဟေဋ္ဌာ စ ဥပရိ စ ဝိတ္ထတံ" ဟူသောစကားနှင့် ညီ၏၊ "ထက်စည်" ခေါ်သော ဗုံးတစ်မျိုးနှင့် ပုံသဏ္ဌာန် တူ၏။
ဝါက၊ ပေ၊ ပဗ္ဗဇာဒီနံ ။ ။ထိုကောစ္ဆကို ပြုလုပ်သောအခါ အုန်းဆံ အပါအဝင်ဖြစ်သော လျှော်မျှင်, ပန်းရင်းမြက်, ဖြူဆံမြက်, ပြိန်းမြက် စသည်တို့ဖြင့် ပြုလုပ်လေ့ရှိကြသည်။
အန္တော၊ အလယ်အတွင်း၌။ သံဝေလ္လိတွာ၊ ကောင်းစွာ ရစ်ပတ်၍။ ဗဒ္ဓံ၊ ဖွဲ့ချည်အပ်သည်။ (ဖွဲ့ချည်အပ်သည်၏အဖြစ်ကြောင့်၊ ဝိတ္ထတံ၌ စပ်၊ ဟေတုမန္တဝိသေသန။) ဟေဋ္ဌာစ၊ အောက်အပြင်၌လည်းကောင်း။ ဥပရိစ၊ အထက်အပြင်၌လည်းကောင်း။ ဝိတ္ထတံ၊ ကျယ်ပြန့်သည်။ (ကျယ်ပြန့်သည်၏အဖြစ်ကြောင့်၊ ပဏဝသဏ္ဌာနံ၌စပ်၊ ဟေတုမန္တဝိသေသနပင်။) ပဏဝသဏ္ဌနံ၊ ထက်စည်ပုံသဏ္ဌာန်ရှိသည်။ မဇ္ဈေ၊ အလယ်၌။ သီဟစမ္မာဒိ ပရိက္ခိတ္တံ၊ ခြင်္သေ့ရေ အစရှိသည်တို့ဖြင့် ကာရံအပ်သည်။ (ခြင်္သေ့ရေအစရှိသည်တို့ဖြင့် အနားကွပ်အပ်သည်)။ ဟောတိ။ ဧတ္ထ၊ ဤခပ်အခင်း၌။ အကပ္ပိယစမ္မံနာမ၊ ရအပ်သောအရေ မည်သည်။ နတ္ထိ၊ မရှိ။
သေနာသနံ၊ ကျောင်းအသုံးအဆောင်သည်။ သောဝဏ္ဏမယမ္ပိ၊ ရွှေအတိပြည့်သော ကျောင်းအသုံး‌အဆောင်သည်လည်း။ ဝဋ္ဋတိ၊ အပ်၏။
အဇ္ဈောကာသေတိ ဧတ္ထ၊ ၌။ အဝဿီကသင်္ကေတာ၊ မိုးမရှိသောအခါဟုအသိအမှတ်ပြုအပ်ကုန်သော။ ဝဿာနမာသာတိ၊ မိုးလတို့ဟူ၍။ ဧဝံ၊ သို့။ အသညိတာ၊ အသိအမှတ် မပြုအပ်ကုန်သော။ ယေ အဋ္ဌမာသာ၊ အကြင် ရှစ်လတို့သည်။ (သန္တိ၊ ရှိကုန်၏။) တေ၊ ထိုရှစ်လတို့ကို။ ဌပေတွာ၊ ထား၍။ ဣတရေသု၊ အခြားကုန်သော။ စတူသု မာသေသု၊ လေးလတို့၌။ ဒေဝေါ၊ မိုးသည်။ သစေပိ နဝဿတိ၊ အကယ်၍မူလည်း မရွာ‌စေဦးတော့။
တထာပိ၊ ထိုသို့ပင် မိုးမရွာပါသော်လည်း။ ပကတိအဇ္ဈောကာသေ စ၊ ပြကတေ့ လွင်တီးခေါင်၌လည်းကောင်း။ (ဘာမျှအမိုးမပါသော လွင်တီးခေါင်-ဟူလို။) ဩဝဿကမဏ္ဍပေ စ၊ မိုးစွတ်အပ်သော မဏ္ဍပ်၌လည်းကောင်း (မိုးယိုသောမဏ္ဍပ်လည်းကောင်း)။ သန္ထရိတုံ၊ ခင်းခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။
ပန၊ ဆက်။ ယတ္ထ၊ အကြင်ဇနပုဒ်၌။ ဟေမန္တေ၊ ဆောင်းအခါ၌။ ဝဿတိ၊ မိုးရွာအံ့။ တတ္ထ၊ ထို ဇနပုဒ်၌။ အပရေပိ၊ အခြားလည်း ဖြစ်ကုန်သော။အန္တောသံဝေလ္လိတွာ ဗဒ္ဓံ ။ ။ယထာ ‌ဝေမဇ္ဈေ သံခိတ္တံ ဟောတိ၊ ဧဝံ မဇ္ဈေ သုဋ္ဌု ဝေဌေတွာ ဗဒ္ဓံ- အကြင်နည်းဖြင့် ဖွဲ့တုပ်အပ်လျှင် အလယ်၌ ကျုံ့သွား၏၊ ထိုနည်းဖြင့် အလယ်၌ ကောင်းစွာ ရစ်ပတ်၍ ဖွဲ့အပ်၏၊ အန္တောကို မဇ္ဈေဟုလည်းကောင်း, သံဝေလ္လိတွာကို "သုဋ္ဌု+ဝေဌေတွာ" ဟုလည်းကောင်း ဖွင့်သည်။
မှတ်ချက် ။ ။ဤအဖွင့်များကို ကောက်ချက်ချသောအခါ လျှော်မျှင် စသည်ကို အတော်ထူစွာ ထပ်၍ အထက်အောက် ပြန့်ကျယ်အောင် အလယ်၌ စု၍ ဖွဲ့ချည်လိုက်လျှင် ကောစ္ဆမည်သော ဖင်ထိုင်ခုံ အခင်းတစ်မျိုး ဖြစ်လာလေသည်၊ ထိုအခင်းကို အဘိဓာန်၌ "ကောစ္ဆံတု ဘဒ္ဒပီဌေ (ကောင်းမြတ်သော ထိုင်ခုံ)" ဟု ဆိုသည်။
အဝဿိက သံကေတာ ။ ။ဝဿော ဧတေသူတိ ဝဿိကာ၊ န+ဝဿိကာ အဝဿိကာ၊ အဝဿိကာ ဣတိ သံကေတာ အဝဿိကသံကေတာ "ဝဿာ နာမာသာတိ ဧဝံ အပညာတာ" ကား "အဝဿိကသံကေတာ" ၏အဖွင့် ၊ ထိုရှစ်လဟူသည် ဆောင်း ၄-လ,နွေ ၄ လတည်း။
စတ္တာရော မာသေ၊ ဆောင်း ၄လတို့ပတ်လုံး။ (သန္ထရိတုံ၊ ခင်းခြင်းငှာ။) န ဝဋ္ဋတိ၊ မအပ်။
ဂိမှေ၊ ‌နွေအခါ၌။ သဗ္ဗတ္ထ၊ အလုံးစုံသော ဇနပုဒ်၌။ ဝိဂတဝလာဟကံ၊ ကင်းသောမိုးတိမ်ရှိသော။ ဝိသုဒ္ဓံ၊ စင်ကြယ်သော။ နဘံ၊ ကောင်းကင်သည်။ ဟောတိ၊ ၏။ တသ္မာ၊ ထို့ကြောင့်။ တဒါ၊ ထိုနွေအခါ၌။ ကေနစိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ကရဏီယေန၊ ပြုဖွယ်ကိစ္စကြောင့်။ ဂစ္ဆတိ၊ မရုပ်သိမ်းဘဲ ထွက်သွားအံ့။ [အဇ္ဈောကာသ၌ ခင်း၍နေပြီးနောက် မရုပ်သိမ်းဘဲ သွားအံ့-ဟူလို။] ဝဋ္ဋတိ၊ ၏။
ပန၊ ထိုသို့ပင် နွေအခါ၌ မရုပ်သိမ်းဘဲ သွားကောင်းပါသော်လည်း။ ကာကာဒီနံ၊ ကျီး အစရှိသည်တို့၏။ [အာဒိဖြင့် ကုလလ (သိန်းစွန်)နှင့် အခြားငှက်များကို ယူ။] နိဗဒ္ဓဝါသရုက္ခမူလေ၊ အမြဲနေရာ သစ်ပင်အနီးအောက်၌။ ကဒါစိပိ၊ တစ်ရံတစ်ခါ၌လည်း။ န ဝဋ္ဋတိ၊ မအပ်။ [နွေနွေ ဆောင်းဆောင်း ဘယ်ခါမဆို မရုပ်သိမ်းဘဲ မသွားအပ်-ဟူလို။]
ဣတိ၊ ဤသို့လျှင်။ ယတ္ထစ၊ အကြင်အရပ်၌လည်းကောင်း။ ယဒါ စ၊ အကြင် အခါ၌လည်းကောင်း။ သန္ထရိတုံ၊ ငှာ။ န ဝဋ္ဋတိ၊ မအပ်။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော အရပ်-အခါသည်။ ဣဓ၊ ဤသိက္ခာပုဒ်၌။ အဇ္ဈောကာသသင်္ခေပမေဝ၊ အဇ္ဈောကာသ၌ ထည့်သွင်းအပ်သည်၏အဖြစ်သို့သာ။ ဂတံ၊ ရောက်၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ထိုက်၏။
သန္ထရိတွာတိ၊ တွာဟူသည်ကား။ တထာရူပေ၊ ထိုသို့ သဘောရှိသော။ ဌာနေ၊ အဇ္ဈောကာသအရပ်၌။ အတ္တနောဝါ၊ မိမိ၏သော်လည်းကောင်း။ ပရဿဝါ၊ သူတစ်ပါး၏သော်လည်းကောင်း။ အတ္ထာယ၊ အကျိုးငှာ။ သန္ထရိတွာ၊ ခင်းပြီး၍။ ("နေဝဥဒ္ဓရေယျဝါ, န ဥဒ္ဓရာ‌ပေယျဝါ, အနာပုစ္ဆံဝါ ဂစ္ဆေယျ" တို့၌ စပ်။)
ဟိ၊ မှန်။ အညဿ၊ အခြားသူ၏။ အတ္ထာယ၊ အကျိုးငှာ။ သန္တတံပိ၊ ခင်းအပ်သောအခင်းသည်လည်း။ (ဘာရော၌ စပ်)။ ယာဝ၊ အကြင်မျှလောက်။ သော၊ ထိုစေခိုင်း‌သော ရဟန်းသည်။ဣတိ၊ ပေ၊ ဝေဒိတဗ္ဗံ ။ ။ဤကား နိဂုံးတည်း၊ ဤဝါကျ၌ ယတ္ထအရတွင် ပကတိ လွင်တီးခေါင်, မိုးယိုသော မဏ္ဍပ်, ကျီး စသည်တို့ အမြဲနေရာ သစ်ပင်အောက်အရပ်များ ပါဝင်၏၊ ယဒါအရ တွင် မိုးကာလ, အမြဲမိုးရွာသော ဇနပုဒ်များ၌ ဆောင်း ၄လ, ကျီးစသည်တို့နေရာ ‌နွေ ၄ လတို့ပါဝင်၏ဟု မှတ်ပါ၊ ထိုအားလုံးကို အဇ္ဈောကာသဟု ယူပါ-ဟူလို။
အညဿတ္ထာယ သန္တတမ္ပိ ။ ။"သန္တရိတွာ" အရ မိမိအတွက် ခင်းခြင်းသာမက, သူတစ်ပါးအတွက် ခင်းခြင်းကိုပါ ယူခြင်းသည် မှန်ကန်သင့်မြတ်ပါ၏လောဟု မေးဖွယ်ရှိ၍ "အညဿတ္ထာယ သန္ထတံပိ ဟိ" စသည် မိန့်၊ ပိဖြင့် အတ္တနော အတ္ထာယ သန္ထတံကို ပေါင်း၊ မိမိအတွက် ခင်းအပ်သော အခင်းသာမက သူတစ်ပါးအတွက် ခင်းအပ်သော အခင်းလည်း စေခိုင်းသူမထိုင်သေးသမျှ သို့မဟုတ် "သင်သွားလိုလျှင် သွားနိုင်၏, အခင်းကို စောင့်ရှောက်ဖွယ် မလို" ဟုမဆိုသေးသမျှ ခင်းသူ (စေခိုင်းအပ်သူ)၏ တာဝန်ဖြစ်သောကြောင့် "သန္ထရိတွာ" အရ၌ သူတစ်ပါးအတွက် ခင်းခြင်းကိုပါ ယူခြင်းသည် မှန်ကန်သင့်မြတ်၏-ဟူလို။
တတ္ထ၊ ထိုနေရာ၌။ န နိသီဒတိ၊ မထိုင်သေး။ ဝါ၊ တစ်နည်း။ တွံ၊ သင်သည်။ ဂစ္ဆ၊ သွားလိုလျှင် သွားတော့။ ဣတိ၊ သို့။ န ဘဏတိ၊ မပြောသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ (မထိုင်သေး, ‌မပြောသေးသမျှ-ဟူလို။) သန္ထရကဿေဝ၊ ခင်းသောရဟန်း၏သာ။ ဘာရော၊ တာဝန်တည်း။
သန္ထရာပေတွာတိ၊ ကား။ အနုပသမ္ပန္နေန၊ လူ, သာမဏေသည်။ ဝါ၊ ကို။ သန္ထရာပေတွာ၊ ခင်းစေပြီး၍။ (‌နေဝ ဥဒ္ဓရေယျ စသည်၌စပ်။)
ဟိ၊ မှန်။ ဧတဒေဝ၊ ထို လူ, သာမဏေကို ခင်းစေအပ်သော အခင်းသည်သာ။ တဿ၊ ထိုစေခိုင်းသော ရဟန်း၏။ ပလိဗောဓော၊ ပလိဗောစသည် (ဖဲသွားခြင်းကို နှောင့်ယှက်တတ်သော တာဝန်သည်)။ ဟောတိ၊ ၏။ ဥပသမ္ပန္နေန၊ ရဟန်းသည်။ သန္ထတံ၊ ခင်းအပ်သော အခင်းသည်။ သန္ထရကဿေဝ၊ ခင်းတတ်သော ရဟန်း၏သာ။ ဘာရော၊ တာဝန်တည်း။ တဉ္စ၊ ထိုအခင်းသည်လည်း။ ယာဝ၊ လောက်။ အာဏာပကော၊ စေခိုင်းသောရဟန်းသည်။ တတ္ထ၊ ထိုနေရာ၌။ န နိသီဒတိ၊ သေး။ ဝါ၊ တစ်နည်း။ တွံ၊ သင်သည်။ ဂစ္ဆ၊ သွားလိုလျှင် သွားတော့။ ဣတိ၊ သို့။ န ဘဏတိ၊ မပြောသေး။ (တာဝ၊ ထိုမျှလောက် သောကာလပတ်လုံး။ သန္ထရကဿေဝ၊ ခင်းတတ်သော ရဟန်း၏သာ။ ဘာရော၊ တည်း။) ဟိ၊ မှန်။
(တစ်နည်း) ဟိယသ္မာ၊ အကြင်ကြောင့်။ အတ္တနာ၊ မိမိကိုယ်တိုင်။ သန္ထရာပိတေ ဝါ၊ ခင်းစေအပ်သည်မူလည်းဖြစ်သော။ ပကတိသန္ထတေ ဝါ၊ ပကတိခင်းအပ်ပြီးမူလည်းဖြစ်သော။ ယသ္မိံ၊ အကြင်အခင်း၌။ ဥပသမ္ပန္နော၊ ရဟန်းသည်။ နိသီဒတိ၊ ထိုင်၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထို အခင်းသည်။ဧတ‌ဒေဝ ဟိ ။ ။အခင်းခိုင်းရာ၌ အနုပသမ္ပန္နကို ခိုင်းခြင်း, ဥပသမ္ပန္နကို ခိုင်းခြင်းဟု ၂ မျိုးရှိ၏၊ ထို့တွင် အနုပသမ္ပန္နကို အခင်းခိုင်းလျှင် (ထိုလူ, သာမဏေ) ခင်းအပ်သောအခင်း သည် ခိုင်း‌သောရဟန်း၏ ပလိဗောဓ ဖြစ်၏၊ သန္ထရာပေတွာနှင့်တိုက်ရိုက် သက်ဆိုင်၏၊ ထို့ကြောင့် အရပ်တစ်ပါးသို့ သွားလိုသောအခါ ထိုအခင်းကို မရုပ်သိမ်းဘဲ သွားလျှင် ခိုင်းသူမှာ အာပတ်သင့်သည်-ဟူလို။ [ပလိဗောဓ ဟူရာ၌ မရုပ်သိမ်းဘဲ ဖဲသွား၍မဖြစ်အောင် ဖဲသွားခြင်းကို နှောင့်ယှက်တားမြစ်တတ်သည်ဟု ဆိုလိုသည်။]
ဥပသမ္ပန္နေန သန္ထတံ ။ ။လူ,သမဏေကို မခိုင်းဘဲ ရဟန်းငယ်တစ်ပါးပါးကို ခိုင်းရာ၌ ကား-ခိုးအပ်သူ ရဟန်းငယ်က ခင်းထားအပ်သော အခင်းသည် ခိုင်းသူက မထိုင်သေးသမျှ, သို့မဟုတ် "စောင့်မနေနှင့်, သွားလို သွားတော့" ဟု မပြောသေးသမျှ, အခိုင်းခံရသော ရဟန်းငယ်၏ တာဝန်သာတည်း။
ယသ္မိံ ဟိ ။ ။"အာဏာပကော တတ္ထ န နိသီဒတိ" နှင့် စကားမစပ်၍ သန္ထရာပိတ အမည်ရသော အခင်းများကို ပြလိုသောကြောင့် "ယသ္မိံ ဟိ" စသည် မိန့်၊ "ပကတိသန္ထတ" ဟူသည် မိမိလည်း မခင်းအပ်, ခိုင်း၍လည်း မခင်းစေအပ်ဘဲ လူ စသူတို့ ခင်း၍ ထိုင်သွားသော‌ကြောင့် နိဂိုကပင် ခင်းပြီးဖြစ်သော အခင်းတည်း၊ ထိုအခင်း၌လည်း ရဟန်း တစ်ပါးပါးလာ၍ ထိုင်လျှင် ထိုရဟန်း၏ တာဝန်သာ ဖြစ်၍ "သန္ထရာပိတ" တွင် ပါဝင်သည်- ဟူလို။
နိသိနဿေဝ၊ ထိုင်ပြီးသော ရဟန်းတို့၏သာ။ ဘာရော၊ တည်း။ တသ္မ၊ ကြောင့်။ သန္ထရာပိတံတွေဝ၊ သန္ထရာပိတ ဟူ၍သာ။ သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။
တံပက္ကမန္တော နေဝ ဥဒ္ဓရေယျ န ဥဒ္ဓရာပေယျာတိ၊ ယျ ဟူသည်ကား။ အတ္တနာ ဝါ၊ ကိုယ်တိုင်မူလည်း။ ဥဒ္ဓရိတွာ၊ ရုပ်သိမ်း၍။ ပတိရူပေ၊ သင့်လျော်သော။ ဌာနေ၊ အရပ်၌။ (မိုးမစွတ်သော အရပ်-ဟူလို။) န ဌပေယျ၊ မထားအံ့။ ပရေနဝါ၊ အခြားသူသည်မူလည်း။ ဝါ၊ ကိုမူလည်း။ တထာ၊ ထိုအခြင်းအရာအားဖြင့် (ထိုသင့်လျော်သောအရပ်၌ ထားမှုကို)။ န ကာရာပေယျ၊ မပြုစေအံ့။ [တထာဖြင့် "ပတိရူပေဌာနေ န ဌပေယျ" ကို ညွှန်းသည်။]
အနာပုစ္ဆံ ဝါ ဂစ္ဆေယျာတိ၊ ယျဟူသည်ကား။ ယော ဘိက္ခု ဝါ၊ အကြင်ရဟန်းသည်သော်လည်းကောင်း။ ယော သာမဏေရော ဝါ၊ အကြင်သာမဏေသည်သော်လည်းကောင်း။ ယော အာရာမိကောဝါ၊ အကြင်အရံစောင့်သော်လည်းကောင်း။ လဇ္ဇီ၊ ရှက်ခြင်းရှိသည်။ [ပရိက္ခာရဝိနာသနေ ဘီတော၊ ပရိက္ခရာပျက်စီးမှာစိုးသူ။ ဣတိ အတ္ထော။] ဟောတိ၊ ၏။ အတ္တနော၊ မိမိ၏။ ပလိဗောဓံဝိယ၊ ပလိဗောဓကိုကဲ့သို့ (တာဝန်ကိုကဲ့သို့)။ မညတိ၊ မှတ်ထင်၏။ တထာရူပံ၊ ထိုသို့သဘောရှိသော ရဟန်း, သို့မဟုတ် သာမဏေ, သို့မဟုတ် အရံစောင့်ကို။ အနာပုစ္ဆိတွာ၊ မပြန်ပြောမူ၍။ တံ သေနာသနံ၊ ထိုကျောင်းအသုံးအဆောင်ကို။ တဿ၊ ထိုရဟန်း စသူအား။ အနိယျာတေတွာ၊ မအပ်နှင်းမူ၍။ နိရပေက္ခော၊ ငဲ့ကွက်ခြင်း မရှိသည် (ပြန်လာ၍ ရုပ်သိမ်းမည်ဟု ငဲ့ကွက်ခြင်း မရှိသည်။ ဟုတွာ၊ ၍။) ဂစ္ဆတိ၊ အံ့။ ထာမမဇ္ဈိမဿ၊ အားအလယ်အလတ်ရှိသော။ ပုရိသဿ၊ ၏။ လေဍ္ဍုပါတံ၊ ခဲကျရာ အရပ်ကို (ခဲတစ်ကျအရပ်ကို)။ အတိက္ကမေယျ၊ ကျော်လွန်အံ့။ တဿ၊ ထိုရဟန်း၏။ ဧကေန ပါဒေန၊ ခြေတစ်လှမ်းဖြင့်။ လေဍ္ဍုပါတာတိက္ကမေ၊ ခဲတစ်ကျအရပ်ကို လွန်ခြင်းကြောင့်။ ဒုက္ကဋံ (ဟောတိ)။ ဒုတိယပါဒါတိက္ကမေ၊ ဒုတိယခြေလှမ်းဖြင့် ခဲတစ်ကျအရပ်ကို လွန်ခြင်းကြောင့်။ ပါစိတ္တိယံ ‌(ဟောတိ)။
ပန၊ ဆက်။ ဘောဇန သာလာယ၊ ဆွမ်းစားစရပ်၌။ ဌိတော၊ တည်လျက်။ အသုကသ္မိံ နာမ၊ ထိုမည်သော။ ဒိဝါဝိဟာရ ဋ္ဌာနေ၊ နေ့နေရာအရပ်၌။ ပညပေတွာ၊ ခင်းပြီး၍။ ဂစ္ဆာဟိ၊ သွားလော့။ ဣတိ၊ သို့။ ပေသေတွာ၊ စေခိုင်းပြီး၍။ တတော၊ ထိုဆွမ်းစားဇရပ်မှ။ နိက္ခမိတွာ၊ ထွက်၍။ အညတ္ထ၊ အခြားအရပ်သို့။ [စေခိုင်း၍ ခင်းအပ်သော အခင်းရှိရာလမ်းသို့မသွားဘဲ အခြားလမ်းသို့။] အနာပုစ္ဆံ ။ ။"အနာပုစ္ဆိတွာ" ဟု ဖွင့်သောကြောင့် နိဂ္ဂဟိတ်ကို ဝါစာသိလိဋ္ဌ အကျိုးငှာလာထားသော အက္ခရာဟုလည်းကောင်း, အနာပုစ္ဆာ၌လည်း တွာပစ္စည်း ကျေသည်ဟုလည်းကောင်း ပြသည်၊ "တံ၊ ပေ၊ အနိယျာတေတွာ" ကား အနာပုစ္ဆံ၏ အဓိပ္ပာယ်အဖွင့်တည်း၊ "မပန်ပြော" ဟူရာ၌ "ထိုသေနာသနကို ကြည့်ရှု၍ သိမ်းလိုက်ပါ" ဟု ထိုဘိက္ခု စသည်ထံ မအပ်နှံဘဲ-ဟု ဆိုလိုသည်။ ဂစ္ဆန္တော၊ သွားသော ရဟန်းကို။ ပါဒုဒ္ဓါရေန၊ ခြေကိုကြွမြှောက်ခြင်းဖြင့်။ ကာရေတဗ္ဗော၊ ပြုစေထိုက်၏။ ဝါ၊ ဆုံးဖြတ်ထိုက်၏။
(ဣဒံ သိက္ခာပဒံ)။ ပေ။ သန္ထတံ၊ အခင်းကို။ အနုဒ္ဓရိတွာ၊ မရုပ်သိမ်းမူ၍လည်းကောင်း။ အနာပုစ္ဆံ၊ မပြန်ပြောမူ၍လည်းကောင်း။ ပက္ကမနဝတ္ထုသ္မိံ၊ ဖဲသွားခြင်းဟူသော အကြောင်းကြောင့်။ ပေ။ အနာဏတ္တိကံ၊ စေခိုင်းခြင်းမရှိသော သိက္ခာပုဒ်တည်း။ တိကပါစိတ္တိယံ၊ တည်း။ ပုဂ္ဂလိကေ၊ အခြား ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သောညောင်စောင်းစသည်တို့၌။ တိကဒုက္ကဋံ၊ တည်း။ စိမိလိကံ ဝါ၊ ပုဆိုးကြမ်းကိုသော်လည်းကောင်း။ ဥတ္တရတ္ထရဏံ ဝါ၊ ‌ညောင်စောင်းစသည်တို့၏ အပေါ်၌ခင်းအပ်သော အခင်းကိုသော်လည်းကောင်း။ ဘူမတ္ထရဏံ ဝါ၊ မြေပေါ်၌ခင်းအပ်သော အခင်းကိုသော်လည်းကောင်း။ တဍ္ဍိကံ ဝါ၊ သပေါ့ဖျာကိုသော်လည်းကောင်း။ စမ္မခဏ္ဍံ ဝါ၊ သားရေပိုင်းကိုသော်လည်းကောင်း။ ပါဒပုဉ္ဆနံ ဝါ၊ ခြေသုတ်ကိုသော်လည်းကောင်း။ ဖလကပီဌံ ဝါ၊ ပျဉ်ချပ်အင်းပျဉ်ကိုသော်လည်းကောင်း။ ယံ ဝါ ပန ကိဉ္စိ၊ အကြင်အမှတ်မရှိ တစ်စုံတစ်ခုသော။ ဒါရုဘဏ္ဍံ ဝါ၊ သစ်ဘဏ္ဍာကိုသော်လည်းကောင်း။ (သစ်သားဖြင့် ပြုလုပ်အပ်သော ဘဏ္ဍာကိုသော်လည်းကောင်း။) မတ္တိကာဘဏ္ဍံ ဝါ၊ မြေညက်ဘဏ္ဍာကိုသော်လည်းကောင်း။ (မြေညက်ဖြင့် ပြုလုပ်အပ်သော ဘဏ္ဍာကိုသော်လည်းကောင်း။) အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ပါဒုဒ္ဓါရေန ။ ။"ခြေကြွခြင်းဖြင့် ဆုံးဖြတ်ရမည်"ဟူရာ၌ "ပဌမခြေတစ်လှမ်း၌ ဒုက္ကဋ်, ဒုတိယခြေတစ်လှမ်း၌ ပါစိတ်ဖြင့် ဆုံးဖြတ်ပါ" ဟု ဆိုလိုသည်၊ ဘာ့ကြောင့် လေဍ္ဍုပါတဖြင့် မဆုံးဖြတ်ဘဲ ခြေကြွတစ်လှမ်းခြင်းဖြင့် ဆုံးဖြတ်ရသနည်း၊ ဆွမ်းစားစရပ်က အခင်းရှိရာအရပ်မှ ခဲတစ်ကျ ဥပစာကို လွန်နေပြီ ဖြစ်သောကြောင့်တည်း။ [လေဍ္ဍုပါတူပစာရတော ဗဟိဋ္ဌိတတ္တာပါဒုဒ္ဓါရေန ကာရေတဗ္ဗောတိ ဝုတ္ထံ၊ အညတ္ထ ဂစ္ဆန္တဿ ပဌမပါဒုဒ္ဓါရေ ဒုက္ကဋံ၊ ဒုတိယပါဒုဒ္ဓါရေ ပါစိတ္တိယန္တိ အတွေထာ။]
အနာဏတ္တိက ။ ။ကိုယ်တိုင်ဖြစ်စေ, သူတစ်ပါးကို ခိုင်း၍ဖြစ်စေ, "မရုပ်သိမ်းဘဲ သွား‌လော့, မပန်ပြောဘဲ သွားလော့" ဟု စေခိုင်းခြင်းကြောင့် ဤသိက္ခာပုဒ်နှင့် စပ်၍ အာပတ်မသင့်ရကား အနာဏတ္တိကသိက္ခာပုဒ်တည်း၊ [ဤသိက္ခာပုဒ်နှင့် စပ်၍ အာပတ်မသင့်သော်လည်း အကပ္ပိယသမာဒါနဒုက္ကဋ်အာပတ်ကား သင့်သည်ကာ၊] အချို့စာ၌ "သာဏတ္တိကံ" ဟု ရှိသည်ကို စဉ်းစားပါ။
ပါဒပုဉ္ဆနံ ။ ။ရဇ္ဇုကေဟိ ဝါ ‌ပိလောတိကေဟိ ဝါ ပါဒပုဉ္ဆ နတ္ထံကတာ- ကြိုးငယ်များကို အဝိုင်းသဏ္ဌာန်ဖြစ်‌အောင် ရစပ်ပတ်၍ ပြုလုပ်သော, သို့မဟုတ် အဝတ်တောင်းတို့ကို ထပ်၍ပြုအပ်သော ခြေသုတ်ဖို့ရာ အသုံးအဆောင်သည် "ပါဒပုဉွဆန" မည်၏၊ ယခုအခါ အုန်းဆံတို့ကို လုပ်အပ်သော ခြေသုတ်ဖုံလည်း ပါဒပုဉ္ဆနပင်တည်း၊ ပါဒါနံ-တို့ကို+ပုဉ္ဆနံ-သုတ်ကြောင်းအသုံးအဆောင်တည်း၊ ပါဒပုဉ္ဆနံ-ဆောင်။
ဖလကပီဌ ။ ။ဖလကမေဝ- ပျဉ်ချပ်သာလျှင်ဖြစ်သော၊ပီဌံ- တည်း၊ ဖလကပီဌံ- အောက်၌ခြေထောက်မတပ်ဘဲ ပျဉ်ချပ်သက်သက်ထိုင်ခုံ။ [ဥတ္တရတ္ထရဏ စသည်ကို နောက်သိက္ခာပုဒ်၌ ဖွင့်လတ္တံ့။]
ပတ္တဓာရကံပိ၊ သပိတ်ခြေကိုသော်လည်း။ ဝုတ္တလက္ခဏေ၊ ဆိုအပ်ပြီးသော လက္ခဏာရှိသော။ ["ယေ အဝဿိကသင်္ကေတာ" အစရှိသည်ဖြင့် ဆိုအပ်ပြီးသော လက္ခဏာရှိသော။] အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။ ဌပေတွာ၊ ထားပြီး၍။ ဂစ္ဆန္တဿ၊ သွားသောရဟန်း၏။ ဒုက္ကဋမေဝ၊ သာ။ (ဟောတိ)။
အာရညကေန၊ တော၌နေသော ရဟန်းသည်။ အနောဝဿကေ၊ မိုးမစွတ်အပ်သောအရပ်သည်။ အသတိ၊ သော်။ သဗ္ဗံ၊ အလုံးစုံသော ကျောင်းအသုံး‌အဆောင်ကို။ ရုက္ခေ၊ သစ်ပင်၌။ လဂ္ဂေတွာပိ၊ ချိတ်၍လည်းကောင်း။ (ဂန္တုံ ဝဋ္ဋတိ၌ စပ်။) ယထာ၊ အကြင် အခြင်းအရာအားဖြင့် ပြုအပ်သော်။ ဥပစိကာဟိ၊ ခြတို့သည်။ န ခဇ္ဇတိ၊ မခဲစားအပ် မခဲစားနိုင်။ ဧဝံဝါ၊ ဤအခြင်းအရာအားဖြင့်မူလည်း။ ကတွာပိ၊ ပြု၍လည်းကောင်း။ ဂန္တုံ, ဝဋ္ဋတိ။
အဗ္ဘောကာသိကေန၊ အဗ္ဘောကာသိကဓုတင်ဆောင်ရဟန်းသည်။ (လွင်တီးခေါင်၌ နေသော ရဟန်းသည်။)ပတ္တာဓာရကံပိ ။ ။‌ပိသည် ဂရဟာဇောတက၊ အောက်တန်းစားကျသော ပတ္တာဓာရက၌သော်မှ ဒုက္ကဋ် ဖြစ်သေး၏၊ တာလဝဏ္ဋ စသည်မှာ ဆိုဖွယ်ရာ မရှိတော့ဟု သမ္ဘာဝနာပြု။ [ပတ္တာဓာရကံပီတိ ဣမိနာ တာလဝဏ္ဋ (ထန်းရွက်ယပ်), ဗီဇနီ (အခြားယပ်), ပတ္တ(သပိတ်), ပါနီယဥဠုင်္က (သောက်ရေမှုတ်), ပါနီယသင်္ခါဒီသု ဝတ္တဗ္ဗမေဝ ‌နတ္ထီတိ ဒ‌ဿေတိ။]
အာရညကေန ပန ။ ။တောကျောင်းဘုန်းတော်ကြီးများအား ကြည်ညိုသူတို့က....ညောင်စောင်း အင်းပျဉ် စသည်ကို သံဃိကအဖြစ်ဖြင့် သုံးစွဲဖို့၇န် လှူတတ်ကြ၏၊ အရပ်တစ်ပါးသို့ သွားလိုသော တောကျောင်းဘုန်းကြီးသည် ဘယ်လို စီမှန်၍ သွားရမည်နည်းဟု မေးဖွယ်ရှိ၍ "အသတိ အနောဝဿကေ" စသည် မိန့်။
ဥပလက္ခဏနည်း ။ ။"အသတိ အနောဝဿကေ" သည် အနောဝဿကကို မှတ်၍ပြသော ဥပလက္ခနည်းသာ၊ ဘာ့ကြောင့်နည်း- "သဘာဂါနံ အဘာဝေ" ဟုလည်း ဆိုသင့်သောကြောင့်တည်း၊ [ဣဒဉ္စ လက္ခဏဝစနံ သဘာဂါနံ အဘာဝေတိ စ ဣစ္ဆိတဗ္ဗတ္တာ၊] ခရီးသွားမည့်တောကျောင်းဘုန်းကြီးသည် သံဃိက မဉ္စ စသည်ကို မိမိနှင့် သဘောတူသော အနီးအပါးကျောင်းသို့ ပို့ထားပြီးမှ သွားရမည်၊ သဘာဂကျောင်း မရှိလျှင် မိုးမစွတ်အပ်သော လိုဏ်ဂူစသော အရပ်၌ ထားခဲ့ရမည်၊ ထိုအရပ်မျိုး မရှိမှ သစ်ပင်၌ ချိတ်ဆွဲထားခဲ့ရသည်။
ယထာ ဝါ ။ ။ပြခဲ့သော နည်းများကိုသာ ပြု၍ သွားနိုင်သည် မဟုတ်သေး၊ ခြမစားနိုင်လောက်အောင် ကျောက်ခဲလေးလုံးအပေါ်၌ ညောင်‌စောင်းတင်၍ ထိုညောင်စောင်းပေါ်၌ အခြားညောင်စောင်းနှင့် အင်းပျဉ် စသည်များ အဆင့်ဆင့်တင်၍လည်း သွားကောင်းသည်။
အဗ္ဘောကာသိကေန ။ ။အဗ္ဘောကာသိကဓုတင်ဆောင်ရဟန်းသည် "ငါက ဥက္ကဌ်ဓုတင်ဆောင်" ဟု ဆို၍ သင်္ကန်းကုဋိ မလုပ်ဘဲ သံဃိကမဉ္စ စသည်ကို လွင်တီးခေါင်၌ မထားကောင်းဟု ပြလို၍ "စီဝရကုဋိကံ ကတွာ" ဟု မိန့်၊ ၇ ရက် ၇ လီ မိုးရွာနေ၍ သင်္ကန်းကုဋိ လုပ်ထားသော်လည်း မိုးမစွပ်အောင် မတတ်နိုင်လျှင်ကား အပြစ်မရှိတော့၊ ရုက္ခမူဓုတင်ဆောင် ရဟန်းမှာ ဤနည်းပင်တည်း။
စီဝရကုဋိကံ၊ သင်္ကန်းကျောင်းငယ်ကို။ ကတွာပိ၊ ပြု၍လည်း။ ရက္ခိတဗ္ဗံ၊ စောင့်ရှောက်ရာ၏။ [သင်္ကန်းကို အမိုးအကာ လုပ်ထားသော ကျောင်းငယ်ကို "စီဝရကုဋိ" ဟုခေါ်သည်။]
အတ္ထနော၊ မိမိ၏။ သန္ထကေ၊ ဥစ္စာဖြစ်သော အခင်း၌လည်းကောင်း။ ဝိဿာသိကပုဂ္ဂလိကေ၊ အကျွမ်းဝင်သော ပုဂ္ဂိုလ်၏ဥစ္စာဖြစ်သော အခင်း၌လည်းကောင်း။ ဥဒ္ဓရဏာဒီနိ၊ ရုပ်သိမ်းမှု အစရှိသည်တို့ကို။ ကတွာ၊ ၍။ ဂမနေ၊ ခြင်း၌လည်းကောင်း။ (အနာပတ္တိ ဟောတိ။) ဩတာပေန္တဿ၊ နေလှန်းစဉ်။ အာဂန္တာ၊ ပြန်လာ၍။ ဥဒ္ဓရိဿာမိ၊ ရုပ်သိမ်းအံ့။ ဣတိ၊ ဤသို့ကြံ၍။ ဂစ္ဆာတော၊ သွားသောရဟန်း၏လည်းကောင်း။ ဝုဍ္ဎတရာ၊ မိမိထက် သီတင်းကြီးသူတို့သည်။ ဥဋ္ဌာပေန္တိ၊ နေရာမှ ထစေကုန်အံ့။ အမနုဿော၊ ဘီလူးပြိတ္တာသည်။ တတ္ထ၊ ထိုနေရာ၌။ နိသီဒတိ၊ ထိုင်နေအံ့။ [အမနုဿောတိ ယက္ခော ဝါ ပေတော ဝါ (တစ္ဆေ)။] ကောစိ၊ တစ်စုံတစ်ယော‌က်သော။ ဣဿရော၊ အစိုးရသူသည်။ ဂဏှတိ၊ အတင်းယူအံ့။ သီဟာဒယော၊ ခြင်္သေ့အစရှိသည်တို့သည်။ တံဌာ‌နံ၊ ထိုအခင်းရှိရာအရပ်သို့။ အာဂန္တာ၊ လာ၍။ တိဋ္ဌန္တိ၊ တည်နေကုန်အံ့။ ဧဝံ၊ ဤသို့။ သေနာသနံ၊ ကျောင်းအသုံးအဆောင်သည်။ ပလိဗုဒ္ဓံ၊ နှောင့်ယှက်အပ်သည်။ ဟောတိ၊ အံ့။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ ပလိဗုဒ္ဓေ၊ နှောင့်ယှက်အပ်သော။ သေနာသနေ၊ ကျောင်းအသုံး‌အဆောင်သည်။ (သတိဝါ၊ ဖြစ်သော်လည်းကောင်း။) ဇီဝိတဗြဟ္မစရိယန္တရာယကရာသု၊ အသက်၏အန္တရာယ်, ဗြဟ္မစရိယ၏အန္တရာယ်ကို ပြုတတ်ကုန်သော။ အာပဒါသု၊ ဘေးရန်တို့သည်။ (သန္တီသု ဝါ၊ ရှိကုန်သော်လည်းကောင်း။) ဂစ္ဆန္တဿ၊ သွားသော ရဟန်း၏လည်းကောင်း။ ဥမ္မတ္တကာဒီနဉ္စ အာပတ္တိ(ဟောတိ)။
မဉ္စာဒီနံ၊ ညောင်စောင်းအစရှိသည်တို့၏။ သံဃိကတာ၊ သံဃိက၏အဖြစ်လည်းကောင်း။ ဝုတ္တလက္ခဏေ၊ ဆိုအပ်ပြီးသော လက္ခဏာရှိသော။ ဒေသေ၊ လွင်တီးခေါင်အရပ်၌။ သန္ထရဏံ ဝါ၊ ကိုယ်တိုင်ခင်းခြင်းသော်လည်းကောင်း။ သန္ထရာပဏံဝါ၊ သူတစ်ပါးကိုခင်းစေခြင်းသော်လည်းကောင်း။ အပလိဗုဒ္ဓတာ၊ မနှောင့်ယှက်အပ်သည်၏အဖြစ်လည်းကောင်း။ အာပဒါယ၊ ဘေးရန်၏။ အဘာဝေါ၊ မရှိခြင်းလည်းကောင်း။ နိရပေက္ခတာ၊ ငဲ့ကွက်ခြင်း မရှိသည်၏အဖြစ်လည်းကောင်း။ (မငဲ့ကွက်ဘဲဟူလို။) လေဍ္ဍပါတာတိက္ကမော၊ ခဲတစ်ကျ အရပ်ကို လွန်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ ဣမာနိ ဆ၊ ဤ ၆ပါးတို့သည်။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ အင်္ဂါနိ၊ တည်း။ ဝိဿာသိကပုဂ္ဂလိက ။ ။မတောင်းဘဲ ယူသော်လည်း ကျေနပ်လောက်သဖြင့် ဝိဿာသဂ္ဂါဟ ယူ၍ ဖြစ်နိုင်လောက်သော ပုဂ္ဂိုလ်ကို "ဝိဿာသိကပုဂ္ဂလ" ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်၏ ဥစ္စာသည် မိမိဥစ္စာကဲ့သို့ ဖြစ်ရကား မရုပ်သိမ်းဘဲ သွားသော်လည်း အနာပတ္တိ၊ ထိုမျှလောက် မရင်းနှီးသော ပုဂ္ဂိုလ်၏ ဥစ္စာ၌ကား မရုပ်သိမ်းဘဲ သွားလျှင် "ပုဂ္ဂလိကေ တိကဒုက္ဥဋံ" ဟုဆိုခဲ့သော ဒုက္ကဋ်တည်း။
သမုဋ္ဌာ‌နာဒီနိ၊ တို့သည်။ ပထမကထိနသဒိသာနေဝ၊ သာ။ [တချို့စာ၌ ဣတိရှိ၏- အပို။] ဣဒံ၊ ဤသိက္ခာပုဒ်သည်။ ကိရိယာကိရိယံ၊ ယတည်း။ ဣတိ၊ အပြီးတည်း။ [ဖဲသွားမှုကို ပြုခြင်းသည် ကိရိယ, ရုပ်သိမ်းမှုကို စသည်ကို မပြုခြင်းကား အကိရိယ။]