၁. ကထိနသိက္ခာပဒဝဏ္ဏနာ
၁။ ပဌမကထိန သိက္ခာပုဒ်
၁. ကထိနသိက္ခာပဒဝဏ္ဏနာ
၁။ ပဌမကထိန သိက္ခာပုဒ်
ပန၊ ကား။
နိသဂ္ဂိယေသု၊ နိသဂ္ဂိယသိက္ခာပုဒ်တို့တွင်။
နိသဂ္ဂိယ။ ။ နိပုဗ္ဗ, သဇ္ဇဓာတ်ဖြစ်၍ သ၌ ဒွေဘော် မလို၊ နိဥပသာရကလည်း "နိရ်"မှ ဖြစ်သော နိ မဟုတ်၍ ဤနိနောက်၌ ဒွေဘော် မလို၊ ထို့ကြောင့် "နိဿဂ္ဂိယ" ဟု မရှိသင့်။
တာဝ၊ ဧဠကလောမဝဂ်, ပတ္တဝဂ်တို့မှ ရှေးဦးစွာ။
(သံဂီ တဿ၊ သံဂါယနာ တင်အပ်သော။)
စီဝရဝဂ္ဂဿ၊ စီဝရ ဝဂ်၏။
ပဌမသိက္ခာပဒေ၊ ၌။
နိဋ္ဌိတစီ၀ရသ္မိံတိ၊ ကား။
နိဋ္ဌိတစီဝရသ္မိံ။ ။ "နိဋ္ဌိတဉ္စ+တံ+စီဝရဉ္စ" ဟု ဋီကာသစ်၌ ကမ္မဓာရဲ ဖွင့်၏။ "ပြီးဆုံး
သော သင်္ကန်းဖြစ်လတ်သော်၊ ဝါ-သင်္ကန်းပြီးဆုံးလတ်သော်" ဟု ပေး၊ နောက်၌ 'နိဋ္ဌိတ+ စီဝရသ္မိံ " အဋ္ဌကထာ ဖွင့်ပုံကို ရှု၍ "နိဋ္ဌိတေ" ဟု ဆိုလိုလျက် "သ္မိံဝိဘတ် ကျေသည်" ဟုလည်း သာရတ္ထဋီကာ ကြံ၏၊ "စီဝရသ္မိံ-သည်၊ နိဋ္ဌိတေ-ပြီးဆုံးလတ်သော်" ဟု ပေး။ [ကထိန်ခင်းသောအခါ မိမိဖို့ ရအပ်သော ပိတ်ဖျင် အစရှိ၏၊ ရှေးက သင်္ကန်းချုပ်ပြီးကို မလှူကြ၊ သင်္ကန်းမချုပ်ရသေးသော အဝတ်ကိုသာ လှူလေ့ရှိကြ၏၊ ထိုအဝတ်နှင့် စပ်၍ တစ်နည်းနည်းဖြင့် သင်္ကန်းကိစ္စ ပြီးစီးခြင်းကို "နိဋ္ဌိတစီဝရ" ဟု ဆိုသည်။]
သူစိကမ္မပရိယောသာနေနဝါ၊ အပ်ချုပ်မှု၏ ပြီးဆုံးခြင်းအားဖြင့်သော်လည်းကောင်း၊ (နိဋ္ဌိတေ-၌ စပ်။)သူစိကမ္မပရိယောသာနေနဝါ။ ။ချုပ်သင့်ရာ အားလုံးကို ချုပ်၍ ပြီးစီးခြင်းဟူသော အခြင်းအရာအားဖြင့်လည်း ထို သင်္ကန်း ပြီးစီးနိုင်၏၊ (ဤပုဒ်ကို နိဋ္ဌိတေ-၌ ကြိယာဝိသေသန စပ်၊) ဝါသဒ်ဒါကား ယေနကေနစိ အာကာရေနဝါနှင့် အပြန်အလှန် ဝိကပ်ပြုသော အညမည ဝိကပ္ပနတ္ထတည်း၊ နဋ္ဌံဝါ စသည်တို့၏ ဝါနှင့် အညမည ဝိကပ် မပြု၊ မှန်၏-စ-ပိ-ဝါ-ဧ၀- စသော ပုဒ်တို့သည် ဝိဘတ်တူပုဒ်၏ အနက်နှင့်သာ အချင်းချင်း ဆည်းကြ, ပေါင်းကြ, ဝိကပ် ပြုကြ, ကန့်မြစ်ကြရိုးရှိ၏။ "စပိသဒ္ဒါ, ဆည်းလေရာဝယ်" စသော နိယာမ်ကို သတိပြု။
နဋ္ဌံဝါ စသည်။ ။ သင်္ကန်းချုပ်နေစဉ် (သို့မဟုတ်) မချုပ်ခင် သူခိုး-ခိုးယူလုယက်၍ ပျောက်သွားခြင်း, ချ စသည် ကိုက်၍ ပျက်သွားခြင်း, မီးလောင်သွားခြင်း, အာသာပြတ်စဲခြင်း, (ကထိန်အဝတ်က သင်္ကန်း မချုပ်လောက်၍ အခြားတစ်နေရာ၌ ပေါင်းစပ်ချုပ်ဖို့ရာ မျှော်လင့်ချက် အဝတ်ရှိနေသောကြောင့် ထိုအဝတ်ကို မျှော်လင့်သော အာသာဖြစ်၍ နေခဲ့ရာ, ထိုအဝတ် ရသောကြောင့်ဖြစ်စေ, မရသောကြောင့်ဖြစ်စေ, အာသာပြတ်ခြင်း"ဟူလို၊) နဋ္ဌံဝါ စသည်၌ ဝါတို့သည် အညမညဝိကပ္ပနတ္ထတို့တည်း။ (စီဝရံ၊ သည်။) နဋ္ဌံဝါ၊ ပျောက်သည်သော်လည်းကောင်း။ ဝိနဋ္ဌံဝါ၊ ပျက်သည်သော်လည်းကောင်း။ ဒဍ္ဎံဝါ၊ မီးလောင်အပ်သည်သော်လည်းကောင်း။ စီဝရာသာ၊ သင်္ကန်း၌ဖြစ်သော အလိုအာသာသည်။ ဥပစ္ဆိန္နာဝါ၊ ပြတ်စဲသည်သော်လည်းကောင်း။ (ဟောတိ၊ အံ့။) ဣတိ၊ သို့။ ဣမေသု၊ ၄မျိုးသော ဤအခြင်းအရာတို့တွင်။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။ အာကာရေနဝါ၊ အခြင်းအရာအားဖြင့် သော်လည်းကောင်း။ ယေန ၊ပေ၊ အာကာရေနဝါ။ ။ ဤအခြင်းအရာ ၄မျိုးတို့တွင် တစ်မျိုးမျိုးသော အခြင်း အရာအားဖြင့်လည်း သင်္ကန်းကိစ္စ ပြီးစီးနိုင်သည်၊ မှန်၏-အဝတ် ပျောက်ပျက် မီးလောင်သွားလျှင် သင်္ကန်းမချုပ်ရတော့သဖြင့် သင်္ကန်းနှင့်စပ်သော ကိစ္စသည် ပြီးစီးရကား "နိဋ္ဌိတ" ဖြစ်တော့၏၊ သင်္ကန်းချုပ်ဖို့ အဝတ်ရမည်ဟု မျှော်လင့်ချက် အာသာရှိရာမှ အဝတ်ရ၍ ချုပ်ရလျှင်လည်း နိဋ္ဌိတ ဖြစ်၏၊ မရလျှင်လည်း မချုပ်နိုင်၍ နိဋ္ဌိတပင်တည်း။ စီဝရသ္မိံ၊ သည်။ နိဋ္ဌိတေ၊ ပြီးဆုံးလတ်သော်။ စီဝရဿ၊ ၏။ ဝါ၊ ကို။ ကရဏပလိဗောဓေ၊ ပြုကြောင်း ပလိဗောဓသည်။ ဥပစ္ဆိန္နေ၊ ပြီးပြတ်လတ်သော်။ ဣတိ အတ္ထော။ စီဝရဿ ၊ပေ၊ ဥပစ္ဆိန္နေတိ။ ။ ဤပြခဲ့သော စကားအရ တကယ်ချုပ်၍ပြီးမှ နိဋ္ဌိတ ခေါ်သည် မဟုတ်၊ သင်္ကန်းချုပ်မှုနှင့် စပ်သော တာဝန်များပြီးလျှင် (မချုပ်ရသေးသော်လည်း) နိဋ္ဌိတမည်သည်ပင်တည်း-ဟု သိစေလို၍ "စီဝရဿ ၊ပေ၊ ဥပစ္ဆိန္နေတိ အတ္ထော" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ [ထိုသို့ သင်္ကန်းကိစ္စ မပြီးသေးလျှင် တပေါင်းလ မပြည့်ခင် ကထိန် အာနိသင် ၅ပါး ရမြဲရနေသေး၏။]
နဋ္ဌံဝါ စသည်။ ။ သင်္ကန်းချုပ်နေစဉ် (သို့မဟုတ်) မချုပ်ခင် သူခိုး-ခိုးယူလုယက်၍ ပျောက်သွားခြင်း, ချ စသည် ကိုက်၍ ပျက်သွားခြင်း, မီးလောင်သွားခြင်း, အာသာပြတ်စဲခြင်း, (ကထိန်အဝတ်က သင်္ကန်း မချုပ်လောက်၍ အခြားတစ်နေရာ၌ ပေါင်းစပ်ချုပ်ဖို့ရာ မျှော်လင့်ချက် အဝတ်ရှိနေသောကြောင့် ထိုအဝတ်ကို မျှော်လင့်သော အာသာဖြစ်၍ နေခဲ့ရာ, ထိုအဝတ် ရသောကြောင့်ဖြစ်စေ, မရသောကြောင့်ဖြစ်စေ, အာသာပြတ်ခြင်း"ဟူလို၊) နဋ္ဌံဝါ စသည်၌ ဝါတို့သည် အညမညဝိကပ္ပနတ္ထတို့တည်း။ (စီဝရံ၊ သည်။) နဋ္ဌံဝါ၊ ပျောက်သည်သော်လည်းကောင်း။ ဝိနဋ္ဌံဝါ၊ ပျက်သည်သော်လည်းကောင်း။ ဒဍ္ဎံဝါ၊ မီးလောင်အပ်သည်သော်လည်းကောင်း။ စီဝရာသာ၊ သင်္ကန်း၌ဖြစ်သော အလိုအာသာသည်။ ဥပစ္ဆိန္နာဝါ၊ ပြတ်စဲသည်သော်လည်းကောင်း။ (ဟောတိ၊ အံ့။) ဣတိ၊ သို့။ ဣမေသု၊ ၄မျိုးသော ဤအခြင်းအရာတို့တွင်။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။ အာကာရေနဝါ၊ အခြင်းအရာအားဖြင့် သော်လည်းကောင်း။ ယေန ၊ပေ၊ အာကာရေနဝါ။ ။ ဤအခြင်းအရာ ၄မျိုးတို့တွင် တစ်မျိုးမျိုးသော အခြင်း အရာအားဖြင့်လည်း သင်္ကန်းကိစ္စ ပြီးစီးနိုင်သည်၊ မှန်၏-အဝတ် ပျောက်ပျက် မီးလောင်သွားလျှင် သင်္ကန်းမချုပ်ရတော့သဖြင့် သင်္ကန်းနှင့်စပ်သော ကိစ္စသည် ပြီးစီးရကား "နိဋ္ဌိတ" ဖြစ်တော့၏၊ သင်္ကန်းချုပ်ဖို့ အဝတ်ရမည်ဟု မျှော်လင့်ချက် အာသာရှိရာမှ အဝတ်ရ၍ ချုပ်ရလျှင်လည်း နိဋ္ဌိတ ဖြစ်၏၊ မရလျှင်လည်း မချုပ်နိုင်၍ နိဋ္ဌိတပင်တည်း။ စီဝရသ္မိံ၊ သည်။ နိဋ္ဌိတေ၊ ပြီးဆုံးလတ်သော်။ စီဝရဿ၊ ၏။ ဝါ၊ ကို။ ကရဏပလိဗောဓေ၊ ပြုကြောင်း ပလိဗောဓသည်။ ဥပစ္ဆိန္နေ၊ ပြီးပြတ်လတ်သော်။ ဣတိ အတ္ထော။ စီဝရဿ ၊ပေ၊ ဥပစ္ဆိန္နေတိ။ ။ ဤပြခဲ့သော စကားအရ တကယ်ချုပ်၍ပြီးမှ နိဋ္ဌိတ ခေါ်သည် မဟုတ်၊ သင်္ကန်းချုပ်မှုနှင့် စပ်သော တာဝန်များပြီးလျှင် (မချုပ်ရသေးသော်လည်း) နိဋ္ဌိတမည်သည်ပင်တည်း-ဟု သိစေလို၍ "စီဝရဿ ၊ပေ၊ ဥပစ္ဆိန္နေတိ အတ္ထော" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ [ထိုသို့ သင်္ကန်းကိစ္စ မပြီးသေးလျှင် တပေါင်းလ မပြည့်ခင် ကထိန် အာနိသင် ၅ပါး ရမြဲရနေသေး၏။]
ဟိ၊ မှန်၊ ("သင်္ကန်းပြုကြောင်း ပလိဗောဓ ပြီးပြတ်" ဟူသော အနက်သည် မှန်၏-ဟူလို။)
အတ္ထတကထိနဿ၊ ခင်းအပ်ပြီးသော ကထိန်ရှိသော။
ဘိက္ခုနော၊ ၏။
ယာဝ၊ လောက်။
ဣမေဟာကာရေဟိ၊ ဤအခြင်းအရာတို့ကြောင့်။
စီဝရပလိ ဗောဓော၊ ဓသည်။
န ဆိဇ္ဇတိ၊ မပြတ်စဲသေး။
တာဝ၊ ထိုစီဝရပလိဗောဓ မပြတ်သေးသမျှ ကာလပတ်လုံး။
ကထိနာနိသံသံ၊ ကထိန်အာနိသင်ကို။
လဘတိ၊ ရ၏၊ [အနာမန္တာစာရော-စသည်ဖြင့် ကထိန်အာနိသင် ၅ပါး နောက်၌ လာလတံ့။]
**ဥဗ္ဘတသ္မိံ ကထိနေ**တိ၊ ကား။
သံဃဿ၊ သံဃာသည်၊ (ဥဗ္ဘတသ္မိံ-အတ္ထတံတို့၌ စပ်။)
ယံ ကထိနံ၊ ကို။
အတ္ထတံ၊ ခင်းအပ်ပြီ။
တသ္မိံ၊ ထိုကထိန်ကို။
ဥဗ္ဘတသ္မိံစ၊ နုတ်အပ်ပြီးသော်လည်းကောင်း။
(ဓာရေတဗ္ဗံ၊ ဆောင်ထားအပ်, ဆောင်ထားနိုင်၏- ဟု စပ်။)
တတြ၊ ထိုဥဗ္ဘတသ္မိံ ကထိနေဟူသော ပါဌ်၌။
ဧဝံ၊ ဤဆိုအပ်လတံ့သောနည်းဖြင့်။
သင်္ခေပတော၊ အကျဉ်းချုပ်အားဖြင့်။
ကထိနတ္ထာရောစ၊ ကထိန်ခင်းပုံကို လည်းကောင်း။
ဥဗ္ဘာရောစ၊ ကထိန်နုတ်ပုံကိုလည်းကောင်း။
ဝေဒိတဗ္ဗော၊ ၏။
ဟိ၊ ချဲ့။
(တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။
အယံ ကထိနတ္ထာရောနာမ၊ ဤကထိန်ခင်းခြင်းမည်သည်ကို။ကထိနတ္ထာရော။ ။ "ကထိန" သဒ္ဒါသည် ခိုင်မြဲခြင်းအနက်ကို ဟော၏၊ "ခိုင်မြဲ" ဟူသည် "အနာမန္တစာရ" စသော အကျိုးငါးပါးကို အပြင်သို့ မရောက်စေဘဲ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ သိမ်းသွင်း၍ ယူနိုင်ခြင်း (ခိုင်မြဲသော ကြိုးကဲ့သို့ သိမ်းသွင်း၍ ယူနိုင် လောက်အောင် ခိုင်မြဲခြင်း) တည်း၊ ဤစကားအရ-"ကထိန" သဒ္ဒါသည် ထိရအနက်ကို ဟောသော "အနိပ္ဖန္နပါဋိပဒိကပုဒ်" ဟု မှတ်၊ [ပဉ္စာနိသံသေ အညတ္ထ ဂန္တုံ အဒတွာ သင်္ဂဏှတ္ထေန ကထိနံ၊ ထိရန္တိ အတ္ထော။]
ကထိန်ခင်း။ ။ အတ္ထတ၌ အာပုဗ္ဗ ထရဓာတ်, တပစ္စည်း၊ အတ္ထရဏံ-ဖြန့်ခြင်း၊ အတ္ထာရော-ခြင်း၊ တထိနဿ-ကို+အတ္ထာရော-ခြင်း၊ ကထိနတ္ထာရော၊ အာနိသင် ၅ပါးကို ခိုင်မြဲစေသောကြောင့် "ကထိန်" ဟု ခေါ်ဝေါ်အပ်သော ပညတ်တစ်မျိုးကို ကျောင်းတိုက် အတွင်း၌ (ခင်းထား-ဖြန့်ထားသကဲ့သို့) ပြန့်နှံ့အောင် ပြုခြင်းကို (ဝိနည်းထုံးစံအတိုင်း စီစဉ် ခြင်းကို) "ကထိန်ခင်းခြင်း" ဟု ခေါ်သည်။ [အတ္ထတံ+ကထိနံ ယေနာတိ အတ္ထတကထိ နော။] ဘဂဝတာ၊ သည်။ ပုရိမဿ၊ ပုရိမဝါပတ်လုံး။ ဝုတ္ထာနံ၊ နေပြီးကုန်သော ရဟန်းတို့အား။ အနုညာတော၊ ခွင့်ပြုတော်မူအပ်ပြီ။ သော၊ ထိုကထိန်ခင်းခြင်းသည်။ သဗ္ဗန္တိမေန၊ အလုံးစုံတို့၏ အဆုံး၌ဖြစ်သော။ ပရိစ္ဆေဒေန၊ အပိုင်းအခြားဖြင့်။ ပဉ္စန္နံ၊ ကုန်သော။ ဇနာနံ၊ ရဟန်းတို့အား။ ပဉ္စန္နံ ဇနာနံ။ ။ ကထိန်သင်္ကန်း ရသောအခါ ထိုသင်္ကန်းသည် သံဃိက-သံဃာပိုင် ဖြစ်၏၊ အနည်းဆုံး ၄ ပါးရှိမှလည်း သံဃာဖြစ်၏၊ ထို ၄ ပါးသံဃာကမှ တစ်ဆင့် တစ်ပါးအား ပေးရ၏၊ ထို့ကြောင့် ကထိန်ခင်းမှုကိစ္စ၌ (ပေးမည့် သံဃာ ၄ပါး သင်္ကန်းကို ခံယူမည့် ရဟန်းတစ်ပါး) အနည်းဆုံး ၅ပါးရှိမှ ကိစ္စပြီးစီးနိုင်သည်။ ဝဋ္ဋတိ၊ အပ်၏။ တသ္မာ၊ ကြောင့်၊ (ကထိန်ခင်းခြင်း၏ ပုရိမဝဿံဝုတ္ထ ရဟန်းတို့အားသာ ခွင့်ပြုအပ်, အနည်းဆုံး ငါးပါးတို့အားသာ အပ်သည်၏ အဖြစ်ကြောင့်။) ယတ္ထ၊ အကြင် ကျောင်းတိုက်၌။ စတ္တာရောဝါ၊ ၄ပါးသော ရဟန်းတို့သည်သော်လည်းကောင်း။ တယောဝါ၊ သော် လည်းကောင်း။ ဒွေဝါ၊ သော်လည်းကောင်း။ ပုရိမဝဿံ၊ သို့။ ဥပဂတာ၊ ကပ်ရောက်ကုန်၏၊ (ဝုစ်ပြင်၍ ပေးသည်။) ဧကောဝါ၊ တစ်ပါးသော ရဟန်းသည်သော်လည်း။စတ္တာရောဝါ ၊ပေ၊ ဧကောဝါ။ ။ ကတ္တားပုဒ်က "စတ္တာရော, ဝါယော, ဒွေ" ဟု ဗဟုဝုစ်လည်း ရှိ, "ဧကော" ဟု ဧကဝုစ်လည်း ရှိ၏၊ ထိုသို့ တစ်ဝါကျတည်းဝယ် သဘောမတူ သော ဝုစ်အမျိုးမျိုး ရှိရာ၌ နောက်ပုဒ်၏ ဝုစ်သို့လိုက်၍ ကြိယာထားရိုးတည်း၊ ထို့ကြောင့် "ဧကော" လိုက်၍ "ဥဂတော" ဟု ဧကဝုစ်ထားသည်၊ အနက်ပေးရာ၌ကား စတ္တာရော စသည် ငဲ့၍ "ဥပဂတာ" ဟုလည်း ပြနိုင်သည်။
[နိယမ်] နှစ်သုံး ၄ ပါး, ကံ ကတ္တားနှင့်, ထားသည့်အရာ, ကြိယာမှာ, မှန်စွာ နောက်ဖြား, ကံ ကတ္တားနှင့်, တူငြားလိန်ဝုစ် အညီတည်း။ ပုရိမဝဿံ၊ သို့။ ဥပဂတော၊ ကပ်ရောက်၏။ တတ္ထ၊ ထိုကျောင်းတိုက်၌။ ပစ္ဆိမဝဿူပ ဂတေ၊ ပစ္ဆိမဝါကပ်သော ရဟန်းတို့ကို။ ဂဏပူရကေ၊ ဂိုဏ်းကို ပြည့်စေတတ်သူတို့ကို၊ (၅ပါး ဂိုဏ်းပြည့်အောင် ဖြည့်သူတို့ကို-ဟူလို။) ကတွာ၊ ပြု၍။ အတ္ထရိတဗ္ဗံ၊ ခင်းရာ၏၊ [ပစ္ဆိမဝါ ကပ်သော ရဟန်းမရှိလျှင် အခြားကျောင်းတိုက်မှ ပင့်၍လည်း ဂဏပူရကပြု၍ ခင်းနိုင်သည်။] စ၊ ဆက်။ တေ၊ ထိုပစ္ဆိမဝါကပ်သော ရဟန်းတို့သည်။ ဂဏပူရကာဝ၊ ဂိုဏ်းကို ပြည့်စေသူတို့သည်သာ။ ဟောန္တိ၊ ကုန်၏။ အာနိသံသေ၊ ကထိန်အာနိသင်တို့ကို။ န လဘန္တိ၊ ကုန်။ တသ္မာ၊ ကြောင့်၊ (ပစ္ဆိမဝါသားတို့ကို ဂဏပူရကပြု၍ ခင်းရ, ပစ္ဆိမဝါသားတို့ အာနိသင်ကို မရသည်၏ အဖြစ်ကြောင့်။) ပုရိမဝဿံ၊ ပတ်လုံး။ ဝုတ္ထာနံ၊ တို့အား၊ (သစေ ဒေတိ-၌ စပ်။) ဂဟဋ္ဌပဗ္ဗဇ္ဇိတေသု၊ အိမ်၌တည်သူ လူဝတ် ကြောင်, ရသေ့ရဟန်းတို့တွင်။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သည်။ ဓမ္မေန၊ နှင့်။ သမေန၊ ညီညွတ်သဖြင့်။ စီဝရံ၊ ကို။ ဣမိနာ၊ ဤသင်္ကန်းဖြင့်။ ကထိနံ၊ ကို။ အတ္ထရထ၊ ခင်းကြပါကုန်။ ဣတိ၊ ဤသို့လျှောက်၍။ သစေ ဒေတိ၊ အံ့။ ဂဟဋ္ဌ ၊ပေ၊ ဒေတိ။ ။ ကထိန်သင်္ကန်း ပေးလှူသူသည် လူဝတ်ကြောင်လည်း ဖြစ်နိုင် ၏၊ ရသေ့, ရဟန်း (သာမဏေ - ဘိက္ခုနီ - သိက္ခမာန် - သာမဏေမ) များလည်း ဖြစ်နိုင်၏၊ [ယောကောစိကို ဒေတိ-၌ စပ်၊ ထိုသို့ ပေးလှူရာ၌ တရားသဖြင့် ပေးလှူခြင်း ဖြစ်ရမည်၊ တောင်း၍ လှူချင်လာအောင် ပရိယာယ်စကားပြော၍ လှူအပ်သောသင်္ကန်း မဟုတ်စေရ။] (ဧဝံ သတိ၊) တံ၊ ထိုသင်္ကန်းကို။ ခန္ဓကေ၊ မဟာဝဂ္ဂခန္ဓက၌။ ဝုတ္တာယ၊ ဟောတော်မူအပ်သော။ ဉတ္တိ ၊ပေ၊ ကမ္မဝါစာယ၊ စာဖြင့်။ ကထိနတ္ထာရာရဟဿ၊ ကထိန်ခင်းခြင်းကို ထိုက်သော။ ဘိက္ခုနော၊ အား။ ဒါတဗ္ဗံ၊ ပေးထိုက်၏။ ဝါ၊ ရမည်။
ကထိန်ခင်း။ ။ အတ္ထတ၌ အာပုဗ္ဗ ထရဓာတ်, တပစ္စည်း၊ အတ္ထရဏံ-ဖြန့်ခြင်း၊ အတ္ထာရော-ခြင်း၊ တထိနဿ-ကို+အတ္ထာရော-ခြင်း၊ ကထိနတ္ထာရော၊ အာနိသင် ၅ပါးကို ခိုင်မြဲစေသောကြောင့် "ကထိန်" ဟု ခေါ်ဝေါ်အပ်သော ပညတ်တစ်မျိုးကို ကျောင်းတိုက် အတွင်း၌ (ခင်းထား-ဖြန့်ထားသကဲ့သို့) ပြန့်နှံ့အောင် ပြုခြင်းကို (ဝိနည်းထုံးစံအတိုင်း စီစဉ် ခြင်းကို) "ကထိန်ခင်းခြင်း" ဟု ခေါ်သည်။ [အတ္ထတံ+ကထိနံ ယေနာတိ အတ္ထတကထိ နော။] ဘဂဝတာ၊ သည်။ ပုရိမဿ၊ ပုရိမဝါပတ်လုံး။ ဝုတ္ထာနံ၊ နေပြီးကုန်သော ရဟန်းတို့အား။ အနုညာတော၊ ခွင့်ပြုတော်မူအပ်ပြီ။ သော၊ ထိုကထိန်ခင်းခြင်းသည်။ သဗ္ဗန္တိမေန၊ အလုံးစုံတို့၏ အဆုံး၌ဖြစ်သော။ ပရိစ္ဆေဒေန၊ အပိုင်းအခြားဖြင့်။ ပဉ္စန္နံ၊ ကုန်သော။ ဇနာနံ၊ ရဟန်းတို့အား။ ပဉ္စန္နံ ဇနာနံ။ ။ ကထိန်သင်္ကန်း ရသောအခါ ထိုသင်္ကန်းသည် သံဃိက-သံဃာပိုင် ဖြစ်၏၊ အနည်းဆုံး ၄ ပါးရှိမှလည်း သံဃာဖြစ်၏၊ ထို ၄ ပါးသံဃာကမှ တစ်ဆင့် တစ်ပါးအား ပေးရ၏၊ ထို့ကြောင့် ကထိန်ခင်းမှုကိစ္စ၌ (ပေးမည့် သံဃာ ၄ပါး သင်္ကန်းကို ခံယူမည့် ရဟန်းတစ်ပါး) အနည်းဆုံး ၅ပါးရှိမှ ကိစ္စပြီးစီးနိုင်သည်။ ဝဋ္ဋတိ၊ အပ်၏။ တသ္မာ၊ ကြောင့်၊ (ကထိန်ခင်းခြင်း၏ ပုရိမဝဿံဝုတ္ထ ရဟန်းတို့အားသာ ခွင့်ပြုအပ်, အနည်းဆုံး ငါးပါးတို့အားသာ အပ်သည်၏ အဖြစ်ကြောင့်။) ယတ္ထ၊ အကြင် ကျောင်းတိုက်၌။ စတ္တာရောဝါ၊ ၄ပါးသော ရဟန်းတို့သည်သော်လည်းကောင်း။ တယောဝါ၊ သော် လည်းကောင်း။ ဒွေဝါ၊ သော်လည်းကောင်း။ ပုရိမဝဿံ၊ သို့။ ဥပဂတာ၊ ကပ်ရောက်ကုန်၏၊ (ဝုစ်ပြင်၍ ပေးသည်။) ဧကောဝါ၊ တစ်ပါးသော ရဟန်းသည်သော်လည်း။စတ္တာရောဝါ ၊ပေ၊ ဧကောဝါ။ ။ ကတ္တားပုဒ်က "စတ္တာရော, ဝါယော, ဒွေ" ဟု ဗဟုဝုစ်လည်း ရှိ, "ဧကော" ဟု ဧကဝုစ်လည်း ရှိ၏၊ ထိုသို့ တစ်ဝါကျတည်းဝယ် သဘောမတူ သော ဝုစ်အမျိုးမျိုး ရှိရာ၌ နောက်ပုဒ်၏ ဝုစ်သို့လိုက်၍ ကြိယာထားရိုးတည်း၊ ထို့ကြောင့် "ဧကော" လိုက်၍ "ဥဂတော" ဟု ဧကဝုစ်ထားသည်၊ အနက်ပေးရာ၌ကား စတ္တာရော စသည် ငဲ့၍ "ဥပဂတာ" ဟုလည်း ပြနိုင်သည်။
[နိယမ်] နှစ်သုံး ၄ ပါး, ကံ ကတ္တားနှင့်, ထားသည့်အရာ, ကြိယာမှာ, မှန်စွာ နောက်ဖြား, ကံ ကတ္တားနှင့်, တူငြားလိန်ဝုစ် အညီတည်း။ ပုရိမဝဿံ၊ သို့။ ဥပဂတော၊ ကပ်ရောက်၏။ တတ္ထ၊ ထိုကျောင်းတိုက်၌။ ပစ္ဆိမဝဿူပ ဂတေ၊ ပစ္ဆိမဝါကပ်သော ရဟန်းတို့ကို။ ဂဏပူရကေ၊ ဂိုဏ်းကို ပြည့်စေတတ်သူတို့ကို၊ (၅ပါး ဂိုဏ်းပြည့်အောင် ဖြည့်သူတို့ကို-ဟူလို။) ကတွာ၊ ပြု၍။ အတ္ထရိတဗ္ဗံ၊ ခင်းရာ၏၊ [ပစ္ဆိမဝါ ကပ်သော ရဟန်းမရှိလျှင် အခြားကျောင်းတိုက်မှ ပင့်၍လည်း ဂဏပူရကပြု၍ ခင်းနိုင်သည်။] စ၊ ဆက်။ တေ၊ ထိုပစ္ဆိမဝါကပ်သော ရဟန်းတို့သည်။ ဂဏပူရကာဝ၊ ဂိုဏ်းကို ပြည့်စေသူတို့သည်သာ။ ဟောန္တိ၊ ကုန်၏။ အာနိသံသေ၊ ကထိန်အာနိသင်တို့ကို။ န လဘန္တိ၊ ကုန်။ တသ္မာ၊ ကြောင့်၊ (ပစ္ဆိမဝါသားတို့ကို ဂဏပူရကပြု၍ ခင်းရ, ပစ္ဆိမဝါသားတို့ အာနိသင်ကို မရသည်၏ အဖြစ်ကြောင့်။) ပုရိမဝဿံ၊ ပတ်လုံး။ ဝုတ္ထာနံ၊ တို့အား၊ (သစေ ဒေတိ-၌ စပ်။) ဂဟဋ္ဌပဗ္ဗဇ္ဇိတေသု၊ အိမ်၌တည်သူ လူဝတ် ကြောင်, ရသေ့ရဟန်းတို့တွင်။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သည်။ ဓမ္မေန၊ နှင့်။ သမေန၊ ညီညွတ်သဖြင့်။ စီဝရံ၊ ကို။ ဣမိနာ၊ ဤသင်္ကန်းဖြင့်။ ကထိနံ၊ ကို။ အတ္ထရထ၊ ခင်းကြပါကုန်။ ဣတိ၊ ဤသို့လျှောက်၍။ သစေ ဒေတိ၊ အံ့။ ဂဟဋ္ဌ ၊ပေ၊ ဒေတိ။ ။ ကထိန်သင်္ကန်း ပေးလှူသူသည် လူဝတ်ကြောင်လည်း ဖြစ်နိုင် ၏၊ ရသေ့, ရဟန်း (သာမဏေ - ဘိက္ခုနီ - သိက္ခမာန် - သာမဏေမ) များလည်း ဖြစ်နိုင်၏၊ [ယောကောစိကို ဒေတိ-၌ စပ်၊ ထိုသို့ ပေးလှူရာ၌ တရားသဖြင့် ပေးလှူခြင်း ဖြစ်ရမည်၊ တောင်း၍ လှူချင်လာအောင် ပရိယာယ်စကားပြော၍ လှူအပ်သောသင်္ကန်း မဟုတ်စေရ။] (ဧဝံ သတိ၊) တံ၊ ထိုသင်္ကန်းကို။ ခန္ဓကေ၊ မဟာဝဂ္ဂခန္ဓက၌။ ဝုတ္တာယ၊ ဟောတော်မူအပ်သော။ ဉတ္တိ ၊ပေ၊ ကမ္မဝါစာယ၊ စာဖြင့်။ ကထိနတ္ထာရာရဟဿ၊ ကထိန်ခင်းခြင်းကို ထိုက်သော။ ဘိက္ခုနော၊ အား။ ဒါတဗ္ဗံ၊ ပေးထိုက်၏။ ဝါ၊ ရမည်။
တေန၊ ထိုကထိနတ္ထာရဟ ရဟန်းသည်။
[ ကထိနတ္ထာရံ- ကို + အရဟတိ- ထိုက်၏၊ ဣတိ ကထိနတ္ထာရော၊]
တဒဟေဝ၊ ထိုလှူရာနေ့၌ပင်။
ပဉ္စဝါ၊ ၅ ခု သော်လည်းဖြစ်ကုန်သော။
အတိရေကာနိဝါ၊ ၅ ခုထက် အပိုအလွန်သော်လည်း ဖြစ်ကုန်သော။
ပဉ္စဝါ အတိရေကာနိဝါ။ ။ သင်္ကန်းချုပ်သောအခါ အနည်းဆုံး ၅ခန်း, ထို့ထက် အလွန် အလိုရှိသလောက် အခန်းများစွာ အတွက် ဖြတ်ရမည်၊ နောက် "အစ္ဆိန္နာသိဗ္ဗိတံ န ဝဋ္ဋတိ" ဟု ဆိုလတံ့ဖြစ်သောကြောင့် ကထိန်သင်္ကန်းမှန်လျှင် ဖြတ်ပြီး၍ ချုပ်မှသာ ကထိန်ခင်းကောင်း၏-ဟု မှတ်။
ခဏ္ဍာနိ၊ အပိုင်းအပြတ်တို့ကို။
ဆိန္ဒိတွာ၊ ဖြတ်၍။
သံဃာဋိဝါ၊ ၂လွှာ ၂ထပ် ပေါင်းစပ်အပ်သော သင်္ကန်းကြီးကိုသော်လည်းကောင်း။
သံဃာဋိ။ ။ သံ-ပေါင်း၍ + ဃဋိ - စပ်အပ် (ထပ်အပ်)၊ သင်္ကန်းအလွှာ ၂ရပ်ကို ပေါင်းစပ်၍ (ထပ်၍) ထားအပ်သော သင်္ကန်းကို "သံဃာဋိ" ဟု ခေါ်၏၊ သံဃဋိယတေ-၂ လွှာထပ်အပ်၏၊ ဣတိ သံဃာဋိ၊ သံပုဗ္ဗ, ဃဋဓာတ်, နိပစ္စည်းဟု ကြံ။ [နရာဒိဓာတ်ဖြစ်၍ ဏပစ္စည်းလည်း ကျေ။]
ဥတ္တရာ သင်္ဂေါဝါ၊ အထက်၌ ကပ်အပ်သော အပေါ်ခြုံကိုသော်လည်းကောင်း။
ဥတ္တရာသင်္ဂေါ။ ။ အာသဇ္ဇတေ-ကပ်ထားအပ်၏၊ ဣတိ အာသင်္ဂေါ၊ [အာပုဗ္ဗ,
သန္ဇဓာတ်, ဏ၊] ဥတ္တရေ-အထက်အရပ်၌+အာသင်္ဂေါ-ကပ်ထားအပ်သော အဝတ်တည်း၊ ဥတ္တရာသင်္ဂေါ-ဝတ်၊ (အပေါ်ခြုံ အပေါ်ရုံ၊) ဤဥတ္တရာသင်္ဂကိုပင် ဧကော+အံသော ဧကံသော (သင်္ကန်းကြီးကဲ့သို့ ၂ လွှာ မဟုတ်, တစ်လွှာတည်း၊) "ဧကံသော ယဿာ" ဟု ဝိဂ္ဂဟပြု၍ ဏိကပစ္စည်းဖြင့် "ဧကံသိက" ဟုလည်း ခုဒ္ဒသိက္ခာ၌ သုံး၏၊ [မုဋ္ဌိတ္တိကဉ္စ တိရိယံ၊ တထာ ဧကံသိကဿပိ၊] "ဧကံသံ စီဝရံ ကတွာ" ကိုကြည့်၍ "ဧကံသေ-တစ်ခုသော လက်ဝဲအဖို့၌+ ကာတဗ္ဗံတိ ဧကံသိကံ" ဟုလည်း ကြံ၊ ယခုအခါ၌ "ဧကသီ" ဟူသော စကားသည် ထိုပါဠိပျက် စကားတည်း။
ဝါ၊ ဧကသီ ကိုသော်လည်းကောင်း။
အန္တရဝါသကောဝါ၊ အလယ်၌ ဝတ်အပ်သော ခါးဝတ်ကို သော်လည်းကောင်း။
အန္တရဝါသကော။ ။ ဝါသီယတေ-နေစေအပ် (ဝတ်အပ်) ၏၊ ဣတိ ဝါသော၊ ဝါသော ယေဝ ဝါသကော၊ အန္တရေ-အလယ်၌၊ ဝါ-ခါးအရပ်၌+ဝါသော-ဝတ်အပ်သော အဝတ်တည်း၊ အန္တရဝါသကော-ခါးဝတ်၊ ဤအန္တရဝါသကကို "သင်းပိုင်" ဟု ခေါ်ကြ၏။
ဝါ၊ သင်းပိုင်ကိုသော်လည်းကောင်း။
ကာတဗ္ဗော၊ ပြုထိုက်၏။
သေသဘိက္ခူဟိပိ၊ ကထိနတ္ထာရဟ ရဟန်းမှ ကြွင်းသောရဟန်းတို့သည်လည်း။
တဿ၊ ထိုကထိန်ခင်းမည့် ရဟန်း၏။
သဟာယေဟိ၊ အဖော်တို့သည်။
ဘဝိတဗ္ဗံ၊ ရာ၏။
ဝါ၊ ရမည်၊ (ကူညီ၍ ချုပ်ပါ, ဆိုးပါ-ဟူလို။)
ကတစီဝရမေဝ၊ ပြုအပ်ပြီးသော သင်္ကန်းသည်သာ။
သစေ ကတစီဝရမေဝ။ ။ နိဋ္ဌိတပရိကမ္မမေဝ ကထိနဒုဿံ-ပြီးပြီးသော ချုပ်မှု ဆိုးမှု ပရိကမ်ရှိသော ကထိန်လျာ သင်္ကန်း၊ ယခုကာလ၌ သင်္ကန်းချုပ်ပြီး အဝတ်ကိုသာ ရလေ့ရှိ၏၊ ထိုသို့ရလျှင် သင်္ကန်းချုပ်မှု ဆိုးမှုတာဝန် မရှိတော့ရကား "သုန္ဒရ-သာ၍ ကောင်း၏" ဟူလို၊ သင်္ကန်းမချုပ်ရသေးသော အဝတ်ကို ရလျှင်ကား ထိုကထိန်ခင်းဖို့ အဝတ်ရသော နေ့၌ပင် ပြီးစီးအောင် ချုပ်ဆိုး၍ အရုဏ်မတက်ခင် ကထိန်ခင်းနိုင်ရမည်၊ ထို့ကြောင့် "တဒဟေဝ+ကာတဗ္ဗော" ဟု ဆိုခဲ့သည်။
ဝါ၊ သင်္ကန်းချုပ် ဆိုးပြီး အဝတ်သည်သာ။
သစေ ဥပ္ပဇ္ဇတိ၊ အံ့။
(ဧဝံသတိ) သုန္ဒရမေဝ၊ ကောင်းသည်သာ။
ပန၊ ဗျတိရိတ်ကား။
အစ္ဆိန္နာသိဗ္ဗတံ၊ မဖြတ်အပ်, မချုပ်အပ်သော သင်္ကန်းသည်။
န ဝဋ္ဋတိ၊ ကထိန်ခင်းခြင်းငှာ မအပ်။
တေန ဘိက္ခုနာ၊ ထိုကထိန်ခင်းမည့် ရဟန်းသည်။
သံဃာဋိယ၊ ဖြင့်။
အတ္ထရိတု ကာမော၊ ခင်းလိုသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံ သတိ) ပေါရာဏိကံ၊ အဟောင်း ဖြစ်သော။
သံဃာဋိံ၊ ကို။
ပစ္စုဒ္ဓရိတွာ၊ ပစ္စုဒ္ဓိုရ် ပြု၍။
ပေါရာဏိကံ ၊ပေ၊ ပစ္စုဒ္ဓရိတွာ။ ။ "သင်္ကန်းကြီဒကို အဓိဋ္ဌာန်တင်၍ ဆောင်ထားသူ ဖြစ်လျှင် ထိုသင်္ကန်းကြီးကို အဓိဋ္ဌာန်ကျအောင် ပစ္စုဒ္ဓိုရ် ပြုရမည် ဟူလို၊ ဘာ့ကြောင့်နည်း- ကထိန်ခင်းမည့် သင်္ကန်းကို မုချအဓိဋ္ဌာန်တင်ရသည်၊ အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းလည်း ၂ ထည် မရှိကောင်း၊ ထို့ကြောင့် အဟောင်းကို ပစ္စုဒ္ဓိုရ် ပြုရသည်၊ နဂိုက သင်္ကန်းကြီး မရှိသူ, ရှိသော်လည်း အဓိဋ္ဌာန်တင်၍ ဆောင်ထားသူ မဟုတ်ဘဲ ဝိကပ္ပနာ ပြုထားသူဖြစ်လျှင်ကား ပစ္စုဒ္ဓိုရ် ပြုဖွယ်ပင် မလို။
ဝါ၊ အဓိဋ္ဌာန် ရုပ်သိမ်း၍။
ဝါ၊ အဓိဋ္ဌာန် ချ၍။
နဝံ၊ အသစ်ဖြစ်သော။
သဃာဋိံ၊ ကို။
အဓိဋ္ဌဟိတွာ၊ အဓိဋ္ဌာန်တင်၍။
ဝါ၊ ကိုယ့်ဥစ္စာဟု စွဲမြဲစွာ ဆောက်တည်၍။
ဣမာယ ၊ပေ၊ အတ္ထရာမီတိ၊ မိဟူ၍။
(ဝတွာ၊ ဆိုပြီး၍။)
အတ္ထရိတဗ္ဗံ၊ ရာ၏။
[ဣမာယ သံဃာဋိယာ၊ ဤသင်္ကန်းကြီးဖြင့်။
ကထိနံ၊ ကထိန်ကို။
အတ္ထရာမိ၊ ခင်းပါ၏။]
ဥတ္တရာသင်္ဂ အန္တရဝါသကေသုပိ၊ တို့၌လည်း။
ဧသေဝနယော၊ ပင်တည်း။ [ဧကသီဖြင့် ခင်းလိုလျှင် အဟောင်းကို အဓိဋ္ဌာန် ချ, အသစ်ကို အဓိဋ္ဌာန်တင်၍ "ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ"ဟု ဆို၍ခင်း၊ သင်းပိုင်ဖြင့် ခင်းလိုလျှင် အဟောင်းကို အဓိဋ္ဌာန်ချ, အသစ်ကို အဓိဋ္ဌာန်တင်၍ "ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ" ဟု ဆို၍ခင်း။]
တတော၊ ထိုကထိန်ခင်းပြီးရာ အခါမှ။
ပရံ၊ နောက်၌။
တေန၊ ထိုကထိန်ခင်းပြီးသော ရဟန်းသည်။
ပုရိမဝဿံ၊ လုံး။
ဝုတ္ထေ၊ နေပြီးသူ ဖြစ်ကုန်သော။
အန္တော သီမာဂတေ၊ သိမ်တွင်း၌ ရောက်ပြီးကုန်သော။
အန္တောသီမာဂတေ။ ။ ဤအရာ၌ သမုတ်အပ်သော သိမ်ကို သီမာဟု မဆိုလို၊ ဥပစာရ သိမ် (ကျောင်းတိုက်အတွင်း) ကိုသာ ဆိုလို၏၊ မှန်၏-ဉတ် ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ ပြုဖွယ် ကိစ္စမဟုတ်လျှင် သမုတ်အပ်သော သိမ်အတွင်းသို့ တမင်္ဂလာ သွားနေဖွယ် မလို၊ [ယခုအခါ၌ကား ချုပ်ဆိုးပြီး သင်္ကန်းဖြစ်၍ သိမ်အတွင်းမှာ ဉတ်ကမ္မဝါစာဖြင့် ပေးပြီးနောက် ထိုသိမ်အတွင်းမှာပင် ဆက်၍ ကထိန်ခင်းကြ၏၊ ခင်းလည်း ခင်းကောင်း၏၊ ရှေးခေတ်၌ကား- ကထိန်လျာအဝတ်ကိုသာ ရသောကြောင့် သိမ်အတွင်း၌ ဉတ် ကမ္မဝါစာဖြင့် ပေးပြီးမှ ထို အဝတ်ကို ချုပ်ရ-ဆိုးရသဖြင့် သိမ်ပြင်ဘက်၌ အလုပ်များစွာ လုပ်ကြရလေသည်။]
ဘိက္ခူ၊ တို့သို့။
ဥပသင်္ကမိတွာ၊ ၍။
"အတ္ထတံ ၊ပေ၊ အနုမောဒထာ" တိ၊ ထဟူ၍။
ဝတ္တဗ္ဗံ၊ ဆိုရာ၏။
ဝါ၊ ရမည်။
[ဘန္တေ၊ တို့။
သံဃဿ၊ သည်။
ကထိနံ၊ ကို။
အတ္ထတံ၊ ခင်းအပ်ပါပြီ။
ကထိနတ္ထာရော၊ ကထိန် ခင်းခြင်းသည်။
ဓမ္မိကော၊ တရားနှင့် ယှဉ်ပါ၏။
အနုမောဒထ၊ အနုမောဒနာ ပြုကြပါကုန်။]
ထေရာနံစ၊ တို့အားလည်းကောင်း။
နဝါနံစ၊ သီတင်းငယ်တို့အားလည်းကောင်း။
ဗဟူနံစ၊ အများတို့အားလည်းကောင်း။
ဧကဿစ၊ တစ်ပါးသော ရဟန်းအားလည်းကောင်း။
အနုရူပံ၊ လျောက်ပတ်သော စကားကို။
သလ္လက္ခေတွာ၊ မှတ်သား၍။
ဝတ္တဗ္ဗံ၊ ဆိုရာ၏။
ထေရာနဉ္စ ၊ပေ၊ ဝတ္တဗ္ဗံ။ ။ တိုက်တွန်းအပ်သူက ထေရ (အကြီး) ဖြစ်လျှင် တစ်ပါး တည်းပင်ရှိသော်လည်း "ဘန္တေ+အနုမောဒထ" ဟု ဆို၊ တစ်ပါးတည်းလည်း ဖြစ်, နဝ (အငယ်) လည်းဖြစ်လျှင် "အာဝုသော+အနုမောဒါဟိ" ဟု ဆို၊ အငယ် အများဖြစ်လျှင် "အာဝုသော+ အနုမောဒထ" ဟု ဆို၊ အကြီးတစ်ပါးလောက်ပါသော အများဖြစ်လျှင်လည်း "ဘန္တေ+ အနုမောဒထ" ဟု ဆိုပါ။
တေဟိပိ၊ ထိုအနုမောဒနာ ပြုသောရဟန်းတို့သည်လည်း။
"အတ္ထတံ ဘန္တေ ၊ပေ၊ ကထိနံ" တိဝါ၊ နံ ဟူ၍သော်လည်းကောင်း။
"အတ္ထတံ အာဝုသာ ၊ပေ၊ ကထိန" န္တိဝါ၊ နံဟူ၍ သော်လည်းကောင်း။
ဝတွာ၊ ဆိုပြီး၍။
"ဓမ္မိကော ၊ပေ၊ အနုမောဒါမာ" တိဝါ၊ မဟူ၍ သော်လည်းကောင်း။
အနုမောဒါမီ တိဝါ၊ မိဟူ၍ သော်လည်းကောင်း။
ဝတ္တဗ္ဗံ၊ ဆိုရာ၏။
တေဟိပိ ၊ပေ၊ ဝတ္တဗ္ဗံ။ ။ အနုမောဒနာပြုသော ရဟန်းများထက် ကထိန်ခံပုဂ္ဂိုလ်က အကြီးဖြစ်လျှင် "ဘန္တေ" အငယ်ဖြစ်လျှင် "အာဝုသော" ဟု ဆို၍, တစ်ပါးတည်းဖြစ်လျှင် "အနုမောဒါမိ" အများဖြစ်လျှင် "အနုမောဒါမ" ဟု ဆိုပါ။
ပုရိမဝဿံ ဝုတ္တေသုပိ၊ ပုရိမ ဝဿံဝုတ္ထ ရဟန်းတို့တွင်လည်း။
ယေ၊ အကြင် ရဟန်းတို့သည်။
အနုမောဒန္တိ၊ အနုမောဒနာ ပြုကြကုန်၏။
တေသံယေဝ၊ ထိုအနုမောဒနာ ပြုသောရဟန်းတို့သည်သာ။
ကထိနံ၊ သည်။
ဝါ၊ ကို။
အတ္ထတံ၊ ခင်းအပ်ပြီးသည်။
ဟောတိ၊ ၏။
တေ၊ ထိုရဟန်းတို့သည်။
တတော၊ ထိုအနုမောဒနာ ပြုပြီးရာအခါမှ။
ပဋ္ဌာယ၊ ၍။
ကထိနဿ၊ ကို။
ယာဝ ဥဗ္ဘာရာ၊ နုတ်ရာကာလ တိုင်အောင်၊ (လဘန္တိ-၌ စပ်ပါ။)
အနာမန္တစာရော၊ အနာမန္တစာရလည်းကောင်း။
အနာမန္တစာရော။ ။ အနာမန္တေတွာ- ခွင့်မပန်မူ၍ + စာရော-အိမ်တို့၌ လှည့်လည် သွားလာနိုင်ခြင်းတည်း၊ အနာမန္တစာရော-ခြင်း၊ [အစေလကဝဂ်၌ စာရိတ္တသိက္ခာပုဒ်တော်ကြောင့် အာပတ် မသင့်ခြင်း။] ထိုသိက္ခာပုဒ်၌ "စီဝရဒါနသမယ" ဟူသည် ဤအာနိသင်ရရာ အခါတည်း "အနာမန္တစာရော-ထင်ရှားရှိမှန်, ရဟန်းထံဝယ်, မပန်မကြား, ရွာတွင်းသို့ သွားနိုင်
ခြင်းလည်းကောင်း" ဟု ပေး။
အသမာဒါနစာရော၊ အသမာဒါနစာရလည်းကောင်း။
အသမာဒါနစာရော။ ။ သမ္မာ+အာဒါနံ သမာဒါနံ၊ တိစိဝရိတ် အဓိဋ္ဌာန်တင်အပ်သော
သင်္ကန်းကို သွားလေရာသို့ ယူသွားခြင်း၊ နတ္ထိ+သမာဒါနံ ယဿာတိ အသမာဒါနော (စာရော)၊ ယူသွားခြင်း မရှိသော လှည့်လည်ခြင်း၊ ယူမသွားဘဲ လှည့်လည်နိုင်ခြင်း၊ [စီဝရဝဂ် အဝိပ္ပဝါသ သိက္ခာပုဒ်ဟုခေါ်သော ဒုတိယကထိနသိက္ခာပုဒ်တော်အရ အာပတ်မသင့်ခြင်း၊] "အသမာဒါန စာရော-အဓိဋ္ဌာန်တင်အပ်, သင်္ကန်း မြတ်ကို, အရပ်တစ်ပါး, မယူဘဲ သွားနိုင်ခြင်းလည်း ကောင်း"ဟု ပေး။
ယာဝဒတ္ထစီဝရံ၊ ယာဝဒတ္ထစီဝရလည်းကောင်း။
ယာဝဒတ္ထစီဝရံ။ ။ ယာဝ+အတ္ထော ယာဝဒတ္ထံ၊ ယာဝဒတ္တံ-အလိုရှိတိုင်း+စီဝရဓာရဏံ-
သင်္ကန်းကို ဆောင်ထားနိုင်ခြင်းသည်၊ ယာဝဒတ္ထစီဝရံ-မည်၏၊ [ဓာရဏပုဒ် အကျေကြံ၊] အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ သင်္ကန်းများကို အလိုရှိသလောက် ထားနိုင်ခြင်းတည်း၊ ပဌမ ကထိနသိက္ခာပုဒ်တော်အရ အာပတ်မသင့်ခြင်း-ဟူလို၊ "ယာဝဒတ္ထစီဝရံ-ဓိဋ္ဌာန်ဝိကပ်, မပြုလတ်ဘဲ, လိုအပ်အများ, သင်္ကန်းကို ဆောင်ထားနိုင်ခြင်းလည်ကောင်းဟု ပေး။
ဂဏဘောဇနံ၊ ဂဏဘောဇဉ်လည်းကောင်း။ဂဏဘောဇနံ။ ။ ဂဏဿ- ၄ ပါးစသော ရဟန်းအပေါင်းအား+ဒါတဗ္ဗံ-လှူထိုက်သော+ဘောဇနံ-ဘောဇဉ်တည်း၊ ဂဏဘောဇနံ-ဇဉ်၊ ထိုဂဏဘောဇဉ်ကို အတူတကွ ခံယူခြင်း ကိုပင် "ဂဏဘောဇနံ" ဟု အတိုကောက် ဆိုထားသည်၊ ဘောဇနဝဂ်၌ ပါသော ဂဏဘောဇန သိက္ခာပုဒ်တော်ကြောင့် အာပတ်မသင့်ခြင်းတည်း။ "ဂဏဘောဇနံ-၄ ပါးမှစ, ဂိုဏ်းဂဏအား, လှူကြဖိတ်ငြား, ဘောဇဉ်များကို, ၄ ပါးအတူ, ခံယူနိုင်ခြင်းလည်းကောင်းဟုပေး။
မှတ်ချက်။ ။ ထိုသိက္ခာပုဒ်နှင့် တစ်ဆက်တည်းလာသော "ပရမ္ပရဘောဇနသိက္ခာပုဒ်" ၌လည်း "စီဝရဒါနသမယ" ပါ၏၊ ထို့ကြောင့် ကထိန်အာနိသင်ရသောအခါ ပရမ္ပရဘောဇန သိက္ခာပုဒ်ကြောင့်လည်း အာပတ်မသင့်၊ [ထိုသိက္ခာပုဒ်၏ ပဒဘာဇနီကို ကြည့်ပါ] ဂဏဘောဇန အရတွင် ပရမ္ပရဘောဇနပါ သွင်းဟန်တူသည်။ တတ္ထ၊ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌။ ယော စီဝရုပ္ပါဒေါစ၊ အကြင် သင်္ကန်း၏ ဖြစ်ပေါ်လာခြင်းသည်လည်း။တတ္ထစီဝရုပ္ပါဒေါ။ ။ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်လာသမျှ သင်္ကန်း (အဝတ်စတွေပါ) အားလုံးသည် ကထိန်အာနိသင်ရထားသော ပုရိမဝါသား ရဟန်းများနှင့်သာ သက်ဆိုင်ခြင်း၊ "တသ္မိံ အာဝါသေ ဥပ္ပန္နစီဝရဉ္စ" ကား "တတ္ထ စီဝရုပ္ပါဒေါ"၏ အဖွင့်တည်း၊ "တံ တေသံ ဘဝိဿတီတိ အတ္ထော" ဟု ဋီကာဖွင့်သောကြောင့် ထိုအတိုင်း (နိယမဝါကျ) ထည့်၍ ပေးသည်။
မှတ်ချက်။ ။ "ဤပြခဲ့သော ၅ပါးတွင် ၂ နံပါတ်မှ တစ်ပါး ကျန်၄ပါးသည် ကထိန် မခင်းလျှင် သင်္ကန်းလခေါ် တန်ဆောင်မုန်းလပြည့်အထိ, ကထိန်ခင်းလျှင် တပေါင်းလပြည့် အထိ ရ၏၊ ၂ နံပါတ်ကား ကထိန်ခင်း ပြီးချိန်မှစ၍ တပေါင်းလပြည့်အထိ ရ၏၊ ကထိန်မခင်း လျှင် မရ"ဟု ဋီကာဆို၏၊ ထိုအဆိုသည် ပတ္တဝဂ်-နဝမ(သာသင်္က) သိက္ခာပုဒ်နှင့်လည်း ညီ၏။ [အနတ္ထကထိနာ ပန ဣမေသု ပဉ္စသု အာနိသံသေသု စီဝရမာသေ အသမာဒါနစာရံ ထပေတွာ သေသာနိသံသေ လဘန္တိ၊ ယဒိ အသမာဒါနစာရောပိ လဗ္ဘေယျ၊ ပါဝေယျကာ ဘိက္ခူ ဝဿံ ဝုတ္ထာ ဩကပုဏ္ဏေဟိ စီဝရေဟိ န ဘဂဝန္တံ ဥပသင်္ကမေယျုံ-အသမာဒါနစာရ အာနိသင်သည် ကထိန်အာနိသင် မရသော ရဟန်းတို့အား ရနိုင်လျှင် သီတင်းကျွတ် စီဝရ ကာလ၌ ဘုရားအထံ လာကြကုန်သော ပါဝေယျက ရဟန်းတို့သည် သင်္ကန်းကြီးကို ထားပစ်ခဲ့ ကုန်ရာ၏၊ မိုးရေပြည့်နေသော သင်္ကန်းတို့ကို ယူဆောင်၍ ဘုရားအထံ မလာကုန်ရာ။] ဝါ၊ အကြင်သင်္ကန်း ရခြင်းသည်လည်း။ (အတ္ထိ၊) တသ္မိံ အာဝါသေ၊ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌။ သံဃဿ၊ သို့။ ဥပ္ပန္နစီဝရဉ္စ၊ ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်း။ (အတ္ထိ၊) (တံ၊ ထို သင်္ကန်းသည်။ တေသံ၊ ထိုကထိန် အာနိသင်ရသော ရဟန်းတို့အတွက်။ ဘဝိဿတိ၊ လတ္တံ့။) ဣတိ၊ သို့။ ပဉ္စ၊ ကုန်သော။ ဣမေ အာနိသံသေ၊ ဤအာနိသင်တို့ကို။ လဘန္တိ၊ ကုန်၏။ အယံ၊ ဤဆိုအပ်ပြီးကား။ တာဝ၊ ကထိနုဒ္ဓါရမှ ရှေးဦးစွာ။ ကထိနတ္ထာရော၊ ကထိန်ခင်းပုံတည်း။
မှတ်ချက်။ ။ ထိုသိက္ခာပုဒ်နှင့် တစ်ဆက်တည်းလာသော "ပရမ္ပရဘောဇနသိက္ခာပုဒ်" ၌လည်း "စီဝရဒါနသမယ" ပါ၏၊ ထို့ကြောင့် ကထိန်အာနိသင်ရသောအခါ ပရမ္ပရဘောဇန သိက္ခာပုဒ်ကြောင့်လည်း အာပတ်မသင့်၊ [ထိုသိက္ခာပုဒ်၏ ပဒဘာဇနီကို ကြည့်ပါ] ဂဏဘောဇန အရတွင် ပရမ္ပရဘောဇနပါ သွင်းဟန်တူသည်။ တတ္ထ၊ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌။ ယော စီဝရုပ္ပါဒေါစ၊ အကြင် သင်္ကန်း၏ ဖြစ်ပေါ်လာခြင်းသည်လည်း။တတ္ထစီဝရုပ္ပါဒေါ။ ။ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်လာသမျှ သင်္ကန်း (အဝတ်စတွေပါ) အားလုံးသည် ကထိန်အာနိသင်ရထားသော ပုရိမဝါသား ရဟန်းများနှင့်သာ သက်ဆိုင်ခြင်း၊ "တသ္မိံ အာဝါသေ ဥပ္ပန္နစီဝရဉ္စ" ကား "တတ္ထ စီဝရုပ္ပါဒေါ"၏ အဖွင့်တည်း၊ "တံ တေသံ ဘဝိဿတီတိ အတ္ထော" ဟု ဋီကာဖွင့်သောကြောင့် ထိုအတိုင်း (နိယမဝါကျ) ထည့်၍ ပေးသည်။
မှတ်ချက်။ ။ "ဤပြခဲ့သော ၅ပါးတွင် ၂ နံပါတ်မှ တစ်ပါး ကျန်၄ပါးသည် ကထိန် မခင်းလျှင် သင်္ကန်းလခေါ် တန်ဆောင်မုန်းလပြည့်အထိ, ကထိန်ခင်းလျှင် တပေါင်းလပြည့် အထိ ရ၏၊ ၂ နံပါတ်ကား ကထိန်ခင်း ပြီးချိန်မှစ၍ တပေါင်းလပြည့်အထိ ရ၏၊ ကထိန်မခင်း လျှင် မရ"ဟု ဋီကာဆို၏၊ ထိုအဆိုသည် ပတ္တဝဂ်-နဝမ(သာသင်္က) သိက္ခာပုဒ်နှင့်လည်း ညီ၏။ [အနတ္ထကထိနာ ပန ဣမေသု ပဉ္စသု အာနိသံသေသု စီဝရမာသေ အသမာဒါနစာရံ ထပေတွာ သေသာနိသံသေ လဘန္တိ၊ ယဒိ အသမာဒါနစာရောပိ လဗ္ဘေယျ၊ ပါဝေယျကာ ဘိက္ခူ ဝဿံ ဝုတ္ထာ ဩကပုဏ္ဏေဟိ စီဝရေဟိ န ဘဂဝန္တံ ဥပသင်္ကမေယျုံ-အသမာဒါနစာရ အာနိသင်သည် ကထိန်အာနိသင် မရသော ရဟန်းတို့အား ရနိုင်လျှင် သီတင်းကျွတ် စီဝရ ကာလ၌ ဘုရားအထံ လာကြကုန်သော ပါဝေယျက ရဟန်းတို့သည် သင်္ကန်းကြီးကို ထားပစ်ခဲ့ ကုန်ရာ၏၊ မိုးရေပြည့်နေသော သင်္ကန်းတို့ကို ယူဆောင်၍ ဘုရားအထံ မလာကုန်ရာ။] ဝါ၊ အကြင်သင်္ကန်း ရခြင်းသည်လည်း။ (အတ္ထိ၊) တသ္မိံ အာဝါသေ၊ ထိုကထိန်ခင်းရာ ကျောင်းတိုက်၌။ သံဃဿ၊ သို့။ ဥပ္ပန္နစီဝရဉ္စ၊ ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်း။ (အတ္ထိ၊) (တံ၊ ထို သင်္ကန်းသည်။ တေသံ၊ ထိုကထိန် အာနိသင်ရသော ရဟန်းတို့အတွက်။ ဘဝိဿတိ၊ လတ္တံ့။) ဣတိ၊ သို့။ ပဉ္စ၊ ကုန်သော။ ဣမေ အာနိသံသေ၊ ဤအာနိသင်တို့ကို။ လဘန္တိ၊ ကုန်၏။ အယံ၊ ဤဆိုအပ်ပြီးကား။ တာဝ၊ ကထိနုဒ္ဓါရမှ ရှေးဦးစွာ။ ကထိနတ္ထာရော၊ ကထိန်ခင်းပုံတည်း။
ပန၊ ကား၊ (ကထိနတ္ထာရမှတစ်ပါး, ကထိနုဒ္ဓါရကား။)
တံ ဧတံ ကထိနံ၊ ထို ကထိန်ကို၊ (ဥဒ္ဓရီယတိ-၌ စပ်။)
"အဋ္ဌိမာ ၊ပေ၊ သဟုဗ္ဘရာ"တိ၊ ရာဟူ၍။
ဧဝံ၊ သို့။
ဝုတ္တာသု၊ ဟောတော်မူအပ်ကုန်သော။
အဋ္ဌသု၊ ကုန်သော။
မာတိကာသု၊ ကာတို့တွင်။
အညတရဝသေန၊ တစ်ပါးပါးသော မာတိကာ၏ အစွမ်းဖြင့်။
ဥဒ္ဓရီယတိ၊ နုတ်အပ်၏။
ဝါ၊ ရုပ်သိမ်းအပ်၏။
[ဘိက္ခဝေ၊ တို့။
ကထိနဿ၊ ကို။
ဥဗ္ဘာ ရာယ၊ နုတ်ခြင်းငှာ။
မာတိကာ၊ တို့သည်။
ပက္ကမနန္တိကာ၊ ဖဲသွားခြင်း အဆုံးရှိသောနုတ်ခြင်းလည်းကောင်း။
၁။ပက္ကမနန္တိကာ။ ။ ကထိန်ခင်းပြီးနောက် (ကထိန်ခင်းရာမှ မိမိဖို့ရအပ်သော) အဝတ်ကို သင်္ကန်းပြီးအောင် ချုပ်ဆိုးပြီးမှ "ဤကျောင်းတိုက်သို့ တပေါင်းလပြည့်အတွင်း ပြန်မလာတော့အံ့" ဟု ရည်ရွယ်ချက်ဖြင့် ဖဲခွာထွက်သွား၏၊ ထိုရဟန်းမှာ သင်္ကန်းပြီးဘုန်းက စီဝရပလိဗောဓ မရှိတော့ပြီ၊ ကျောင်းအာဝါသဟူသော ပလိဗောဓကြောင့်သာ ကထိန်အာနိသင် ၅ပါး ရနေ၏၊ ယခုသော် "ဤကျောင်းတိုက်သို့ ပြန်၍ မလာတော့အံ့" ဟု ထွက် သွားသောကြောင့် အာဝါသပလိဗောဓလည်း ပြတ်စဲပြီ၊ ထို့ကြောင့် "ပက္ကမနံ + အန္တော ဧတိဿာ" ဟူသော ဝစနတ္ထအရ "ပက္ကမနန္တိကာ-ဖဲသွားခြင်းအဆုံးရှိသော ကထိန်နုတ်ခြင်း မည်၏၊ [မာတိကာကို ငဲ့၍ ဣတ္ထိလိန် ချသည်၊ ကထိန်နုတ်ခြင်း ဥဒ္ဓါရောကို ငဲ့လျှင် ပုလ္လိန် ချရမည်။]
နိဋ္ဌာနန္တိကာ၊ သင်္ကန်းပြီးဆုံးခြင်း အဆုံးရှိသော နုတ်ခြင်းလည်းကောင်း။
၂။ နိဋ္ဌာနန္တိကာ။ ။ သင်္ကန်းမချုပ်ရသေးသော (ကထိန်၏ အကျိုးရဖြစ်၍ "အာနိသင်
ဟုခေါ်ရသော) အဝတ်စကို ယူ၍ အရပ်တစ်ပါးသို့ ဖဲသွား၏၊ ကျောင်းတိုက် ပြင်ဘက်ရောက်ပြီးနောက် "ဤအဝတ်ကို ရောက်ရာအရပ်မှာပင် ချုပ်တော့မည်, ကထိန်ခင်းရာ ကျောင်းတိုက် မပြန်တော့အံ့" ဟု ကြံ၏၊ ထိုသို့ကြံလျှင်ပင် အာဝါသပလိဗောဓ ပြတ်ပြီ၊ ထို့နောက် ရောက်ရာအရပ်၌ သင်္ကန်းချုပ်ဆိုး၍ ပြီးလျှင် စီဝရပလိဗောဓလည်း ပြတ်တော့၏၊ ထိုနုတ်ခြင်းကို "နိဋ္ဌာနံ+အန္တော ဧတိဿာ" အရ "နိဋ္ဌာနန္တိကာ-သင်္ကန်းပြီးခြင်း အဆုံးရှိသော ကထိန်နုတ်ခြင်း" မည်၏။
သန္နိဋ္ဌာနန္တိကာ၊ ဆုံးဖြတ်ခြင်း အဆုံးရှိသော နုတ်ခြင်းလည်းကောင်း။
၃။ သန္နိဋ္ဌာနန္တိကာ။ ။ အာနိသင်အဝတ်စကို ယူ၍ အရပ်တစ်ပါးသို့ ဖဲသွားပြီးနောက် "ဤအဝတ်ကိုလည်း သင်္ကန်း မချုပ်တော့အံ့၊ မူလကျောင်းတိုက်သို့လည်း မပြန်တော့အံ့" ဟု ဆုံးဖြတ်ခြင်း အဆုံးရှိသောကြောင့် သန္နိဋ္ဌာနန္တိကာမည်၏။ [သန္နိဋ္ဌာနံ+အန္တော ဧတိဿာတိ သန္နိဋ္ဌာနန္တိကာ၊ သမာသန္တကပစ္စည်း သက်၍ ဣတ္ထိလိန်ဖြစ်သောကြောင့် အကို ဣပြု။]
နာသနန္တိကာ၊ သင်္ကန်းလျာ အဝတ် ပျောက်ဆုံးခြင်း အဆုံးရှိသော နုတ်ခြင်းလည်းကောင်း။
၄။ နာသနန္တိကာ။ ။ မူလကျောင်းတိုက်မှ ဖဲသွားပြီးနောက် အပြင်ဘက်ရောက်သော် "မူလကျောင်းတိုက်သို့ မပြန်တော့အံ့၊ ဤနေရာမှာပင် သင်္ကန်းချုပ်တော့အံ့" ဟု ကြံ၍ သင်္ကန်းချုပ်နေစဉ် ထိုသင်္ကန်း မပြီးခင် အဝတ်သည် အကယ်၍ ပျောက်အံ့၊ သို့မဟုတ် ချခဲခြင်း စသည်ကြောင့် ပျက်စီးအံ့၊ သို့မဟုတ် မီးလောင်သွားအံ့၊ ဤသို့ တစ်နည်းနည်းဖြင့် ပျက်စီးလျှင်လည်း သင်္ကန်းကိစ္စပြီးစီး၍ ကထိန်နုတ်ရာရောက်သောကြောင့် "နာသနံ+အန္တော ဧတိဿာ" အရ "နာသနန္တိကာ"မည်၏။
သဝနန္တိကာ၊ "ကထိန်နုတ်ကြသတဲ့" ဟု ကြားခြင်းအဆုံးရှိသော ကထိန်နုတ်ခြင်းလည်းကောင်း။
၅။ သဝနန္တိကာ။ ။ "တပေါင်းလ မပြည့်ခင် ပြန်လာနိုင်မည်" ဟု ရည်ရွယ်ချက်ဖြင့် ကထိန်အာနိသင်အဝတ်စကို ယူ၍ အရပ်တစ်ပါးသို့ ဖဲသွားပြီးနောက် "ငါတို့ နေခဲ့ရာ ကျောင်းတိုက်၌ သံဃာများသည် တပေါင်းလမပြည့်ခင် အကြား၌ပင် ဉတ်ကမ္မဝါစာဖြင့် ထိုကထိန်ကို နုတ်ကြသတဲ့" ဟု ကြားရ၏၊ ထိုကြားရခြင်းသည်ပင် "သဝနံ+အန္တော ဧတိဿာ" အရ သဝနန္တိကာ ကထိန်နုတ်ခြင်းမည်၏။
အာသာဝစ္ဆေဒိကာ၊ အာသာပြတ်စဲခြင်းရှိသော နုတ်ခြင်းလည်းကောင်း။
၆။ အာသာဝစ္ဆေဒိကာ။ ။ ကထိန်ခင်းရာမှ ရအပ်ပြီးသော အဝတ်သည် သင်္ကန်း ချုပ်ဖို့ မလောက်၊ အခြားတစ်နေရာမှ အဝတ်ရစရာ မျှော်လင့်ချတ် (အာသာ) ရှိ၏၊ "ဤကျောင်းသို့ မပြန်တော့အံ့" ဟု ကြံ၍ အာသာရှိရာသို့ သွားလေသော် ထိုနေရာမှ "မလှူနိုင်တော့" ဟု လျှောက်သောကြောင့် အာသာပြတ်သွား၏။ ထိုအာသာပြတ်လျှင် သင်္ကန်းကိစ္စ ပြီးတော့ရကား "အာသာယ+အဝစ္ဆေဒေါ ဧတိဿာအရ အာသာဝစ္ဆေဒိကာနုတ်ခြင်း မည်၏။
သီမာတိက္ကန္တိကာ၊ ဥပစာရ သိမ်ပြင်ပ၌ သင်္ကန်းကာလကို လွန်ခြင်းရှိသော နုတ်ခြင်းလည်းကောင်း။
၇။ သီမာတိက္ကန္တိကာ။ ။ "မူလကျောင်းတိုက်သို့ ပြန်လာဦးမည်" ရည်ရွယ်ချက်ဖြင့်
ထွက်သွားပြီးနောက် ပြန်လာသောအခါ တပေါင်းလပြည့်အမှီ မရောက်၊ ကျောင်းတိုက်အပြင်မှာပင် ကထိန်ခေတ်ကို ကျော်လွန်ရ၏၊ ထိုနုတ်ခြင်းကား ဥပစာရသိမ်ပြင်ဘက်၌ သင်္ကန်းကာလကို လွန်ခြင်းရှိသောကြောင့် "သီမာယံ+အတိက္ကန္တော ဧတိဿာ"အရ သီမာတိက္ကန္တိကာမည်၏။
သဟုဗ္ဘာရာ၊ အတူတကွ နုတ်ခြင်းရှိသော နုတ်ခြင်းလည်းကောင်း။
၈။ သဟုဗ္ဘာရာ။ ။ ကျောင်းတိုက်ပြင်ဘက်သို့ သွားပြီးနောက် ပြန်လာသောအခါ တပေါင်းလပြည့်အမှီ ရောက်၍ ကျောင်းတိုက်ရှိ သံဃာများနှင့် အတူ နုတ်ရသောကြောင့် "သဟ+ဥဗ္ဘာရော ဧတိဿာ" အရ သဟုဗ္ဘာရာမည်၏။
ဣတိ၊ သို့။
ဣမာ အဋ္ဌ၊ ဤ ၈ ပါးတို့တည်း။
တတ္ထ၊ ထို မာတိကာတို့ ၌။
ဝိတ္ထာရဝိနိစ္ဆယော၊ အကျယ် အဆုံးအဖြတ်ကို။
သမန္တပါသာဒိကာယံ၊ ၌၊ (ကထိန က္ခန္ဓက အဋ္ဌကထာ၌။)
ဝုတ္တနယေန၊ ဖြင့်။
ဝေဒိတဗ္ဗော၊ ၏။
ဣတိ၊ လျှင်။
ဥဗ္ဘတသ္မိံ ကထိနေတိ ဣမိနာ၊ နေဟူသော ဤပါဌ်ဖြင့်။
သေသပလိဗောဓာဘာဝံ၊ ကြွင်းသော ပလိဗောဓ၏ မရှိခြင်းကို။
သေသပလိဗောဓာဘာဝံ။ ။ "ပရိဗုန္ဓတိ-တားမြစ်တတ်၏၊ ဣတိ ပလိဗောဓော"နှင့် အညီ ကထိန်အာနိသင်များကို မပြယ်မပျောက်အောင် တားမြစ်ထားတတ်သော ပလိဗောဓ သည် "အာဝါသ-ကထိန်ခင်းရာ ကျောင်းတိုက်၊ စီဝရ-ကထိန်ခင်းရာမှ မိမိအတွက် ရထား သော အဝတ် "ဤသို့ ၂ ပါးရှိ၏၊ ထိုတွင် နိဋ္ဌိတစီဝရသ္မိံဖြင့် စီဝရပလိဗောဓ မရှိကြောင်းကို ပြ၏၊ ထိုစီဝရပလိဗောဓ ပြတ်စဲရာတွင် "နိဋ္ဌာနန္တိကာ, နာသနန္တိကာ, အာသာဝစ္ဆေဒိကာ" ကထိန်နုတ်ခြင်း ၃ ပါး ပါဝင်လေပြီ၊ "ဥဗ္ဘတသ္မိံ ကထိနေ" ဟူသော ဤပါဌ်ဖြင့်ကား အာဝါသ ပလိဗောဓ မရှိကြောင်းကို ပြ၏၊ ထိုအာဝါသပလိဗောဓ ပြတ်စဲရာတွင် ပက္ကမနန္တိကာစသော ကြွင်းကထိန်နုတ်ခြင်း ၅ ပါးတို့ ပါဝင်၏၊ ထို့ကြောင့် ထို ၅ ပါး ပါဝင်သော အာဝါသပလိဗောဓ ကို ရည်ရွယ်၍ "သေသပလိဗောဓာဘာဝံ"ဟု ဆိုသည်။
ဒဿတိ၊ ၏။
**ဒသာဟပရမံတိ**၊ ကား။
အဿ၊ ထို ကာလ၏။
ဒသအဟာနိ၊ ၁ဝ ရက်တို့ဟူကုန်သော။
ပရမော၊ အလွန်ဆုံးဖြစ်သော။
ဒသ (ပေ) ပရမော။ ။ ဒသ+အဟာနိ ဒသာဟံ-ဆယ်ရက်၊ ပရမသဒ္ဒါသည် ဥက္ကဋ္ဌ (အလွန်), ပဓာန, အာဒိ, ပဏဝ ("အောင်" ဟူသောအသံ) အနက်များကို ဟော၏။ ဤနေရာ၌ ဥက္ကဋ္ဌ အနက်ဟောတည်း၊ "အလွန်" ဟူသည်လည်း အပိုင်းအခြား အလွန်တည်း၊ ထို့ကြောင့် ပရမော၏ နောက်၌ "ပရိစ္ဆေဒေါ" ဟု အဘိဓေယျ-ဟောနက် ပြသည်၊ "ဒသာဟံ+ပရမော အဿာတိ ဒသာဟပရမော" ဟု ပြုစေလိုရင်းတည်း။
ပရိစ္ဆေဒေါ၊ သည်။
(အတ္ထိ၊) ဣတိ၊ ကြောင့်၊ (ထိုသို့ ၁ဝ ရက် အလွန်အပိုင်းအခြားရှိသည်၏ အဖြစ်ကြောင့်။)
သော၊ ထိုကာလသည်။
ဒသာဟပရမော၊ မ မည်၏။
ဒသာဟပရမံ၊ ၁ဝ ရက်အလွန်အပိုင်းအခြားရှိသော။
တံ ကာလံ၊ ထိုကာလပတ်လုံး။
ဓာရေတဗ္ဗံ၊ ဆောင်ထားအပ် ဆောင်ထားနိုင်၏။
ဣတိ အတ္ထော၊ အဓိဋ္ဌိတ ဝိကပ္ပိတေသု၊ အဓိဋ္ဌာန်တင်အပ်သော သင်္ကန်း, ဝိကပ္ပနာပြုအပ်သော သင်္ကန်းတို့၌။
အပရိယာပန္နတ္တာ၊ မပါဝင်သည်၏ အဖြစ်ကြောင့်။
အတိရေကံ၊ အပိုအလျံ ဖြစ်သော။
စီဝရံ၊ တည်း။
ဣတိ၊ ကြောင့်။
**အတိရေကစီဝရံ**၊ ရမည်၏။
အတိရေကစီဝရံ ဓာရေတဗ္ဗံ။ ။ အဓိဋ္ဌာန်တင်ထားအပ်သော သင်္ကန်းမှလည်းကောင်း, ဝိကပ္ပနာပြုထားအပ်သော သင်္ကန်းမှလည်းကောင်း, ပိုလျံနေသည်ကို "အတိရေက"ဟု ဆိုသည်၊ အတိရေကံ+စီဝရံ အတိရေကစီဝရံ၊ ဓာရေတဗ္ဗံ၌ တဗ္ဗပစ္စည်းသည် အတိသက္က (ခွင့်လွတ်- ခွင့်ပြုခြင်း) အနက်ဟောတည်း၊ ဆောင်ထားနိုင်၏၊ "ဆောင်ထားခွင့်ပြု၏"ဟူလို။
စီဝရံနာမ၊ ရမည်သည်၊ (အညတရံ-၌ စပ်။)
ခေါမံ၊ ခေါမတိုင်း၌ ဖြစ်သော သင်္ကန်းလည်းကောင်း။
ကပ္ပါသိကံ၊ ဝါချည်ဖြင့် ယက်အပ်သောသင်္ကန်းလည်းကောင်း။
ကောသေယျံ၊ ပိုးချည်ဖြင့် ယက်အပ်သော သင်္ကန်းလည်းကောင်း။
ခေါမံ ၊ပေ၊ ကောသေယျံ။ ။ ခေါမေဟိ-ခေါမတိုင်းဖြစ် ချည်တို့ဖြင့်+ဝါယိတံ-ယက် အပ်သော အဝတ် (သင်္ကန်း) သည်၊ ခေါမံ-မည်၏၊ ကပ္ပါသေဟိ-ဝါချည် (ဝါမှဖြစ်သောချည်) တို့ဖြင့်+ ဝါယိတံ ကပ္ပါသိကံ၊ ကောသိယေဟိ-ပိုးချည် (ပိုးအိမ်မှဖြစ်သောချည်) တို့ဖြင့်+ဝါယိတံ ကောသေယျံ။
ကမ္ဗလံ၊ သားမွေးဖြင့် ယက်အပ်သော သင်္ကန်းလည်းကောင်း။
ကမ္ဗလံ။ ။ မနုဿလောမဝါဠလောမေ ထပေတွာ (လူ့အမွေး, ခြင်္သေ့, သစ်ကျား စသော သားရဲအမွေးတို့ကို ချန်ထား၍) သေသလောမေဟိ-ကြွင်းသတ္တဝါတို့၏ အမွေးတို့ဖြင့်၊ ဝါယိတွာ-ယက်၍၊ ကတဝတ္ထံ-ပြုအပ်သော သားမွေးအဝတ်တည်း။
ဝါ၊ သတလပ် သင်္ကန်းလည်းကောင်း။
သာဏံ၊ ပိုက်ဆံလျော်ချည်ဖြင့် ယက်အပ်သော သင်္ကန်းလည်းကောင်း။
ဘင်္ဂံ၊ ၅ မျိုးစုံရော၍ ယက်အပ်သော သင်္ကန်းလည်းကောင်း။
သာဏံ, ဘင်္ဂံ။ ။ သာဏေဟိ-ဝိုက်ဆံလျော်ချည်တို့ဖြင့်+ကတံ-ပြုအပ်သော အဝတ် တည်း၊ သာဏံ-ဝတ်၊ ဘင်္ဂံနာမ ခေါမသုတ္တာဒီဟိ ပဉ္စတိ မိဿေတွာ ကတဝတ္ထံ-ခေါမစသော ချည် ၅ မျိုးတို့ဖြင့် ရော၍ ယက်အပ်သောအဝတ်။
ဣတိ၊ သို့။
ဧတေသံ၊ ဤ ၆မျိုးတို့တွင်။
အညတရံဝါ၊ တစ်မျိုးမျိုးသော သင်္ကန်းသည်လည်းကောင်း။
တဒနုလောမာနံ၊ ထို ၆ မျိုးတို့အားလျော်သော သင်္ကန်းတို့တွင်။
တဒနုလောမာနံဝါ။ ။ ဒုကူလ (ဘွဲ့ဖြူအဝတ်) ပတ္တုဏ္ဏ (ပတ္တုဏ္ဏတိုင်း၌ ဖြစ်သော
ပိုးချည်အဝတ်) သောမာရပဋ္ဋံ (သောမာရတိုင်း၌ ဖြစ်သော အဝတ်) စိနပဋ္ဋံ (စိန့်တိုင်း၌ ဖြစ်သောအဝတ်) ဣဒ္ဓိဇ ("ဧဟိ ဘိက္ခု" ဟု ခေါ်တော်မူသောအခါ ကမ္မဇိဒ္ဓိကြောင့် ဖြစ်သော အဝတ်) ဒေဝဒိန္န (နတ်လှူအပ်သော အဝတ်၊ အရှင်အနုရုဒ္ဓါအား ဇာလိနီနတ်သမီး လှူအပ် သော အဝတ်မျိုး) ဣတိ တေသံ ခေါမာဒီနံယေဝ အနုလောမာ ဆန္နံ စီဝရာနံဝါ-ဋီကာ။
အညတရံဝါ၊ တစ်မျိုးမျိုးသော သင်္ကန်းသည်လည်းကောင်းတည်း။
အယံ၊ ဤဆိုအပ်ပြီးကား။
အဿ၊ ထိုသင်္ကန်း၏။
ဇာတိ၊ အမျိုးဇာတ်တည်း။
ပန၊ ကား။
ပမာဏတော၊ အားဖြင့်။
တံ၊ ထိုသင်္ကန်းကို။
ဝိကပ္ပနုပဂံပစ္ဆိမံ၊ ဝိကပ္ပနာလောက်သော နောက်ဆုံးဖြစ်သော သင်္ကန်းကို။
ဝိကပ္ပနုပဂံ။ ။ ဝိကပ္ပနံ-သို့ + ဥပဂစ္ဆတိ-ကပ်ရောက်နိုင်၏၊ ဝါ-လောက်၏၊ ဣတိ ဝိကပ္ပနုပဂံ၊ ထိုသို့ ဝိကပ္ပနာလောက်သော အငယ်ဆုံးအဝတ် (သင်္ကန်း) ဟူသည် အလျား တစ်တောင်, အနံ တစ်ထွာရှိသော အဝတ်တည်း၊ [ဒီဃတော ဝဍ္ဎကိဟတ္ထပ္ပမာဏံ (လက်သမား တစ်တောင် ပမာဏရှိသော) ဝိတ္ထာရတော တတော ဥပဍ္ဎပ္ပမာဏံ (ထိုတစ်တောင်မှ ထက်ဝက်တစ်ထွာ ပမာဏရှိသော) အဝတ်သည်၊ ဝိကပ္ပနုပဂံ ပစ္ဆိမံ၊ ဋီကာ။]
ဝါ၊ အငယ်ဆုံး ဝိကပ္ပနာ လောက်သော သင်္ကန်းကို။
ဣဓ၊ ဤသိက္ခာပုဒ်၌။
အဓိပ္ပေတံ၊ ၏။
ဟိ၊ သာဓကကား။
"အနုဇာနာမိ ၊ပေ၊ ဝိကပ္ပေတုံ"တိ၊ တုံဟူသော။
ဧတံ (သုတ္တံ)၊ ဤပါဠိကို။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။
[ဘိက္ခဝေ၊ တို့။
အာယာမတော၊ အလျားအားဖြင့်။
သုဂတင်္ဂု လေန၊ မြတ်စွာဘုရား၏ လက်သစ်တော်ဖြင့်။
အဋ္ဌင်္ဂုလံ၊ လက်ရှစ်သစ်ရှိသော။
အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန။ ။သုဂတင်္ဂုလံနာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တီဏိ အင်္ဂုလာနိ-အလယ်အလပ် ပမာဏရှိသော ယောက်ျား၏ လက် ၃ သစ်သည် ဘုရားရှင်၏ ၁ သစ်မည်၏၊ တေန သုဂတင်္ဂုလေန အဋ္ဌင်္ဂုလံ၊ ဝဍ္ဎကိဟတ္ထပ္ပမာဏံတိ အတ္ထော၊ ဘုရားလက် ၈ သစ်တော်နှင့် ဝဍ္ဎကီတစ်တောင် ညီမျှ၏-ဟူလို၊ စတုရင်္ဂုလ ဝိတ္ထတံတိ ဧတ္ထာပိ ယထာဝုတ္တာနုသာရေန အတ္ထော ဝေဒိတဗ္ဗော-ဘုရားလက် ၄သစ်သည် ဝဍ္ဎကီ တစ်ထွာနှင့် ညီမျှသည်-ဟူလို။
စတုရင်္ဂုလဝိတ္ထတံ၊ လက် ၄သစ် အပြန့်ရှိသော။
ဝါ၊ လက် ၄ သစ်အနံရှိသော။
ပစ္ဆိမံ၊ နောက်ဆုံးဖြစ်သော။
ဝါ၊ အငယ်ဆုံးဖြစ်သော။
စီဝရံ၊ ကို။
ဝိကပ္ပေတုံ၊ ဝိကပ္ပနာ ပြုခြင်းငှာ။
အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏ ။-မဟာဝါ, စီဝရက္ခန္ဓကပါဠိတော်။]
ပန၊ ဆက်၊ [ပြတ်ပြီးဆက်။]
"အဓိဋ္ဌိတ ၊ပေ၊ အပရိယာပန္နတ္တာ" တိ၊ တ္တာဟူသော။
ယံ၊ အကြင်စကားကို။
ဝုတ္တံ၊ အပ်ပြီ။
ဧတ္ထ၊ ဤစကားရပ်၌၊ (ဇာနိတဗ္ဗာ-၌ စပ်ပါ။)
"အနုဇာနာမိ ၊ပေ၊ န ဝိကပ္ပေတု" န္တိ၊ တုံဟူသော။
ဣမိနာနယေန၊ ဖြင့်။
အဓိဋ္ဌာတဗ္ဗ ဝိကပ္ပေတဗ္ဗတာ၊ အဓိဋ္ဌာန်တင်ထိုက်သည်၏ အဖြစ်, ဝိကပ္ပနာပြုထိုက်သည်၏ အဖြစ်ကို။
ဇာနိတဗ္ဗာ၊ သိထိုက်၏။
[ဘိက္ခဝေ၊ တို့။
တိစီဝရံ၊ ၃ ထည်သော သင်္ကန်းကို။
အဓိဋ္ဌာတုံ၊ သံဃာဋိစသော အမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။
အနုဇာနာမိ၊ ၏။
ဝိကပ္ပေတုံ၊ သံဃာဋိစသော အမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။
န (အနုဇာနာမိ)၊ ခွင့်ပြုတော်မမူ။
ဝဿိကသာဋိကံ၊ မိုးရေခံသင်္ကန်းကို။
ဝဿာနံ၊ မိုးလတို့၏။
စတုမာသံ၊ ၄ လပတ်လုံး။
အဓိဋ္ဌာတုံ၊ ဝဿိကသာဋိက``အမည်ဖြင့် အဓိဋ္ဌာန် တင်ခြင်းငှာ။
(အနုဇာနာမိ၊) တတော၊ ထို မိုး ၄ လမှ။
ပရံ၊ ၌။
ဝိကပ္ပေတုံ၊ စီဝရ အမည်သာမညဖြင့် ဝိကပ္ပနာပြုခြင်းငှာ။
(အနုဇာနာမိ၊) နိသီဒနံ၊ နိသီဒိုန်ကို။
အဓိဋ္ဌာတုံ၊ နိသီဒနအမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။
(အနုဇာနာမိ၊) ဝိကပ္ပေတုံ၊ နိသီဒနအမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ။ ။ နာမံ ၀တွာ အဓိဋ္ဌာတုံ-"ဣမံ သံဃာဋိံ , ဣမံ ဥတ္တရာ သင်္ဂံ, ဣမံ အန္တရဝါသကံ, ဣမံ ဝဿိကသာဋိကံ" စသည်ဖြင့် သူ့နာမည်အတိုင်း ဆို၍ အဓိဋ္ဌာန်တင်ခြင်းငှာ၊ အနုဇာနာမိ-၏။ ဝိကပ္မေတုံ- "ဣမံ သံဃာဋိံ ဝိကပ္ပေမိ" စသည်ဖြင့် သူ့နာမည်အတိုင်း ဆို၍ ဝိကပ္ပနာပြုခြင်းငှာ၊ န အနုဇာနာမီတိ အတ္ထော၊ သူ့နာမည်အတိုင်းသာ ဝိကပ္ပနာ မပြုရ၊ စီဝရဟူသော အမည်သာမညဖြင့်ကား ဝိကပ္ပနာပြုရပါ၏။ [ဝိကပ္ပေန္တေန ပန "ဣမံ သံဃာဋိံ" တိ အာဒိနာ တဿ တဿ စီဝရဿ နာမံ အဂ္ဂဟေတွာ ဣမံ စီဝရံ တုယှံ ဝိကပ္ပေမီ"တိ ဝိကပွေတဗ္ဗံ။]
သင်္ကန်း ၉ မျိုး။ ။ သံဃာဋိ, ဥတ္တရာသင်္ဂ (ကိုယ်ရုံ-အပေါ်ခြုံ), အန္တရဝါသက (သင်းပိုင်), ဝဿိကသာဋိကာ-စသည်ဖြင့် သင်္ကန်း ၉ မျိုးကို မှတ်သားရာ၏၊ ဝဿိကသာဋိကာ စသည်ကို ရတနဝဂ်၌ သိရလတံ့၊ ပစ္စတ္ထရဏ, မုခပုဉ္ဆနတို့သည် သူ့အနက်တိုင်းသာ သိသာ၏။ "ပရိက္ခာရစောဠ"-ဟူသည် လက်သုတ်ပဝါ-သပိတ်အိတ်စသော အသုံးအဆောင် ပရိက္ခရာပြုဖို့ အဝတ်တည်း၊ ပရိက္ခာရဿ+စောဠံ ပရိက္ခာရစောဠံ။
[ဆောင်] သင်း-ကိုယ်-ဒု-အိပ်, မျက်-ပရိက်, နိသိဒ်-မိုးအမာ။ န (အနုဇာနာမိ၊)ပစ္စတ္ထရဏံ၊ အပေါ် လွှမ်း အိပ်ရာခင်းကို။ အဓိဋ္ဌာတုံ၊ ပစ္စတ္ထရဏ အမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။ (အနု ဇာနာမိ၊) ဝိကပ္ပေတုံ၊ ပစ္စတ္ထရဏ အမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ န (အနုဇာနာမိ၊) ကဏ္ဍုပဋိစ္ဆာဒိံ၊ အနာလွှမ်း သင်္ကန်းကို။ ယာဝ အာဗာဓာ၊ အနာရှိသည့်တိုင်အောင်။ ဝါ၊ အနာပျောက်သည့်တိုင်အောင်။ အဓိဋ္ဌာတုံ၊ ကဏ္ဍပဋိစ္ဆာဒိ အမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။ (အနုဇာနာမိ၊) တတော၊ ထိုအနာရှိရာအခါမှ။ ပရံ၊ ၌။ ဝိကပ္ပေတုံ၊ စီဝရ အမည်သာမညဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ (အနုဇာနာမိ၊) မုခပုဉ္ဆနစောဠံ၊ မျက်နှာသုတ်ပုဝါကို။ အဓိဋ္ဌာတုံ၊ ဠ အမည်ဖြင့်။ ပေ၊ ပရိက္ခာရစောဠံ၊ ပရိက္ခရာ အဝတ်ကို။ အဓိဋ္ဌာတုံ၊ ပရိက္ခာရစောဠ အမည်ဖြင့်။ ပေ၊ ဝိကပ္ပေတုံ၊ ပရိက္ခာရစောဠ အမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ န (အနုဇာနာမိ)၊ ခန္ဓကပါဠိတော်ပင်။]
သင်္ကန်း ၉ မျိုး။ ။ သံဃာဋိ, ဥတ္တရာသင်္ဂ (ကိုယ်ရုံ-အပေါ်ခြုံ), အန္တရဝါသက (သင်းပိုင်), ဝဿိကသာဋိကာ-စသည်ဖြင့် သင်္ကန်း ၉ မျိုးကို မှတ်သားရာ၏၊ ဝဿိကသာဋိကာ စသည်ကို ရတနဝဂ်၌ သိရလတံ့၊ ပစ္စတ္ထရဏ, မုခပုဉ္ဆနတို့သည် သူ့အနက်တိုင်းသာ သိသာ၏။ "ပရိက္ခာရစောဠ"-ဟူသည် လက်သုတ်ပဝါ-သပိတ်အိတ်စသော အသုံးအဆောင် ပရိက္ခရာပြုဖို့ အဝတ်တည်း၊ ပရိက္ခာရဿ+စောဠံ ပရိက္ခာရစောဠံ။
[ဆောင်] သင်း-ကိုယ်-ဒု-အိပ်, မျက်-ပရိက်, နိသိဒ်-မိုးအမာ။ န (အနုဇာနာမိ၊)ပစ္စတ္ထရဏံ၊ အပေါ် လွှမ်း အိပ်ရာခင်းကို။ အဓိဋ္ဌာတုံ၊ ပစ္စတ္ထရဏ အမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။ (အနု ဇာနာမိ၊) ဝိကပ္ပေတုံ၊ ပစ္စတ္ထရဏ အမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ န (အနုဇာနာမိ၊) ကဏ္ဍုပဋိစ္ဆာဒိံ၊ အနာလွှမ်း သင်္ကန်းကို။ ယာဝ အာဗာဓာ၊ အနာရှိသည့်တိုင်အောင်။ ဝါ၊ အနာပျောက်သည့်တိုင်အောင်။ အဓိဋ္ဌာတုံ၊ ကဏ္ဍပဋိစ္ဆာဒိ အမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ။ (အနုဇာနာမိ၊) တတော၊ ထိုအနာရှိရာအခါမှ။ ပရံ၊ ၌။ ဝိကပ္ပေတုံ၊ စီဝရ အမည်သာမညဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ (အနုဇာနာမိ၊) မုခပုဉ္ဆနစောဠံ၊ မျက်နှာသုတ်ပုဝါကို။ အဓိဋ္ဌာတုံ၊ ဠ အမည်ဖြင့်။ ပေ၊ ပရိက္ခာရစောဠံ၊ ပရိက္ခရာ အဝတ်ကို။ အဓိဋ္ဌာတုံ၊ ပရိက္ခာရစောဠ အမည်ဖြင့်။ ပေ၊ ဝိကပ္ပေတုံ၊ ပရိက္ခာရစောဠ အမည်ဖြင့် ဝိကပ္ပနာပြုခြင်းငှာ။ န (အနုဇာနာမိ)၊ ခန္ဓကပါဠိတော်ပင်။]
တတ္ထ၊ ထိုသင်္ကန်း ၉ မျိုးတို့တွင်။
တိစီဝရံ၊ ကို။
အဓိဋ္ဌဟန္တေန၊ အဓိဋ္ဌာန်တင်လိုသော ရဟန်းသည်။
ရဇိတွာ၊ ဆိုးပြီး၍။
ကပ္ပဗိန္ဒုံ၊ န္ဒုကို။
ဒတွာ၊ ပေးပြီး၍။
ပမာဏယုတ္တမေဝ၊ ပမာဏနှင့် ယှဉ်သော သင်္ကန်းကိုသာ။
အဓိဋ္ဌာတဗ္ဗံ၊ အဓိဋ္ဌာန် တင်ထိုက်၏။
တဿ၊ ထိုသင်္ကန်း၏။
ပမာဏံ၊ ပမာဏသည်။
ဥက္ကဋ္ဌပရိစ္ဆေဒေန၊ အလွန်ဆုံး - အပိုင်းအခြားဖြင့်။
သုဂတစီဝရတော၊ ဘုရားရှင်၏ သင်္ကန်းတော်အောက်။
ဦနကံ၊ ယုတ်လျော့သော ပမာဏသည်။
ဝဋ္ဋတိ၊ ၏၊ [သုဂတစီဝရ ပမာဏကို ရတနဝဂ် သုဂတစီဝရသိက္ခာပုဒ်အတိုင်း သိပါ။]
လာမကပရိစ္ဆေဒေန၊ ယုတ်လျော့သော အပိုင်းအခြားဖြင့်။
တာဝ၊ အန္တရဝါသကမှ ရှေးဦးစွာ။
သံဃာ ဋိယာ၊ ၏လည်းကောင်း။
ဥတ္တရာသင်္ဂဿစ၊ ၏လည်းကောင်း။
ဒီဃတော၊ အလျား အားဖြင့်။
မုဋ္ဌိပဉ္စကံ၊ တောင်ဆုပ်၏ ၅ တောင်ရှိသော ပမာဏသည်။
မုဋ္ဌိပဉ္စကံ။ ။ ပဉ္စ+ပရိမာဏံ အဿာတိ ပဉ္စကံ၊ အဿ-ထိုပမာဏ၏၊ ပဉ္စ- ၅ တောင် တို့ဟူသော+ပရိမာဏံ-သည်၊ အတ္ထိ, ဣတိ ပဉ္စကံ၊ မုဋ္ဌိဿ (မုဋ္ဌိဟတ္ထဿ)-လက်ဆုပ် အတောင်၏၊ ပဉ္စကံ-ငါးတောင်ရှိသော ပမာဏတည်း၊ မုဋ္ဌိပဉ္စကံ-လက်ဆုပ်၏ ငါးတောင်ရှိ သော ပမာဏ၊ (ဋီကာဝိဂ္ဂဟ)၊ ဤဝိဂ္ဂဟအရ ငါးတောင်-တောင်ရာ၌ "လက်ဆုပ် အတောင် ဖြင့်ချည်း တောင်ရမည်" ဟု ဆိုလိုဟန် တူ၏၊ ယခုအခါ၌ကား ၄ တောင်ကို လက်ဖျားဆန့်၍ တောင်ပြီးလျှင် ငါးခုမြောက် အတောင်ကိုသာ လက်ဆုပ်တောင်-တောင်၍ "၅ တောင်-တောင် ဆုပ်" ဟု ခေါ်ကြသည်၊ မုဋ္ဌိတ္တိကံ၌လည်း နည်းတူ၊ [ဤပြခဲ့သော ပမာဏသည် အငယ်ဆုံး ပမာဏဖြစ်ရကား ယခုခေတ် သင်္ကန်းများ၌ အလျား ၅ တောင်ထွာခန့်၊ အနံ ၄ တောင်ထွာခန့် ပမာဏ ရှိ၏။]
(ဝဋ္ဋတိ၊ ၏။)
တိရိယံ၊ အနံအားဖြင့်။
မုဋ္ဌိတ္တိကံ၊ တောင်ဆုပ်၏ ၃ တောင်ရှိသော ပမာဏသည်။
(ဝဋ္ဋတိ၊ ၏။)
အန္တရဝါသကော၊ သည်။
ဒီဃတော၊ ဖြင့်။
မုဋ္ဌိပဉ္စကော၊ တောင်ဆုပ်၏ ၅ တောင်ရှိသည်။
(ဟုတွာ) တိရိယံ၊ ဖြင့်။
ဒွိဟတ္ထောပိ၊ ၂ တောင်ရှိ သော သင်းပိုင်သည်လည်း။
ဒွိဟတ္ထောပိ။ ။ သင်းပိုင်ဝတ်ရာ၌ အထက်ဘက်က ချက်ကို ဖုံးမိ၍, အောက်ဘက်၌ ခြေသလုံး ဒူးဆစ်အောက် လက်ရှစ်သစ် ကျလျှင် သင့်တော်ပြီ၊ ထို့ကြောင့် အထက်အောက် (အနံ) ၂ တောင်ရှိလျှင်ပင်အပ်၏၊ ဒွိဟတ္ထောပိဖြင့် အဍ္ဎတေယျဟတ္ထ-၂ တောင်ထွာရှိ သင်းပိုင်းကို ဆည်းသည်၊ [ပါရူပနေနာပိ-ခြုံခြင်းအားဖြင့်လည်း၊ (သင်းပိုင်ကို မလိပ်ဘဲ ခြုံ၍, ခါးပန်းကြိုးပတ်ထားခြင်းဖြင့်လည်း၊) သက္ကာ နာဘိံ ပဋိစ္ဆာဒေတုံ-ချက်ကို ဖုံးနိုင်လောက်၏၊ ဣတိ ဒွိဟတ္ထောပိ ဝဋ္ဋတီတိ၊ န ကောဝလံ အနုတေယျောဝ-ဝဋ္ဋတိ၊ အထခေါ ဒွိဟတ္ထောပိ ဝဋ္ဋတီတိ ပိသဒ္ဒဿ အတ္ထော ဒဋ္ဌဗ္ဗော။]
ဝဋ္ဋတိ၊ ၏။
ပန၊ ကား။
ဝုတ္တပ္ပမာဏတော၊ ဆိုအပ်ပြီးသော ပမာဏထက်။
ဝါ၊ ဏ အောက်။
အတိရေကဉ္စ၊ ပိုလွန်သော သင်္ကန်းကိုလည်းကောင်း။
ဦနကဉ္စ၊ ယုတ်လျော့သော သင်္ကန်းကိုလည်းကောင်း။
ပရိက္ခာရ စောဠန္တိ၊ ဠ ဟူ၍။
အဓိဋ္ဌာတဗ္ဗံ၊ ၏။
တတ္ထ၊ ထိုသို့ အဓိဋ္ဌာန်တင်ရာ၌။
ယသ္မာ၊ ကြောင့်။
"ဒွေ ၊ပေ၊ အဓိဋ္ဌေတီ"တိ၊ တိဟူ၍။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။
[စီဝရဿ၊ ၏။
အဓိဋ္ဌာနာနိ၊ အဓိဋ္ဌာန်တင်နည်းတို့သည်။
ဒွေ၊ ၂ ပါးတို့တည်း။
ကာယေနဝါ၊ ကိုယ်ဖြင့်သော်လည်း။
အဓိဋ္ဌေတိ၊ အဓိဋ္ဌာန်တင်၏။
ဝါစာယဝါ၊ နှုတ်ဖြင့်သော်လည်း။
အဓိဋ္ဌေတိ၊ ၏၊
(ပရိဝါ- ဧကုတ္တရိကနယ-ဒုက၊)] တသ္မာ၊ ကြောင့်၊ (ထိုသို့ ကိုယ်နှုတ် ၂ ပါ တစ်ပါးပါးဖြင့် အဓိဋ္ဌာန်တင်ကောင်းသည်၏ အဖြစ်ကို ဟောတော်မူခြင်းကြောင့်။)
ပုရာဏ သံဃာဋိံ၊ အဟောင်းဖြစ်သော သင်္ကန်းကြီးကို။
"ဣမံ၊ပေ၊ ပစ္စုဒ္ဓရာမီ"တိ၊ မိဟူ၍။
ဝါ၊ ဤသင်္ကန်းကြီးကို အဓိဋ္ဌာန် ချပါ၏ဟူ၍။
ပစ္စုဒ္ဓရိတွာ၊ အဓိဋ္ဌာန် ချထား၍။
ဝါ၊ အဓိဋ္ဌာန် စွန့်၍၊ [ပစ္စုဒ္ဓရာမီတိ ထပေမိ, ပရိစ္စဇာမီတိဝါ။]
နဝံ၊ အသစ်ဖြစ်သော သင်္ကန်းကြီးကို။
ဟတ္ထေန၊ ဖြင့်။
ဂဟေတွာ၊ ကိုင်၍။
"ဣမံ ၊ပေ၊ အဓိဋ္ဌာမီ"တိ၊ မိဟူ၍။
ဝါ၊ ဤသင်္ကန်းကြီးကို အဓိဋ္ဌာန်တင်ပါ၏ဟူ၍။
စိတ္တေန၊ ဖြင့်။
အာဘောဂံ၊ နှလုံးသွင်းမှုကို။
ကတွာ၊ ၍။
ကာယဝိကာရံ၊ ကိုယ်၏ ထူးခြားသော အမူအရာကို။
ကရောန္တေန၊ ပြုလျက်။
ကာယဝိကာရံ ကရောန္တေန။ ။ ဟတ္ထာဒိနာ စီဝရံ ပရာမသန္တေန, စာလေန္တနဝါ- လက်စသော ကိုယ်အစိတ်အပိုင်းဖြင့် သင်္ကန်းကို သုံးသပ်ခြင်း, သို့မဟုတ် သင်္ကန်းကို လှုပ်စေ ခြင်းကို "ကာယဝိကာရ ပြု" ဟု ခေါ်သည်။
ကာယေနဝါ၊ သော်လည်း။
အဓိဋ္ဌာတဗ္ဗာ၊ ထိုက်၏။
ဝစီဘေဒံ၊ နှုတ်မြွက်မှုကို။
ကတွာ၊ ၍။
ဝစီဘေဒံ ကတွာ။ ။ဝစိယာ-စကားလုံး၏+ဘေဒေါ-သိသာထင်ရှား ကွဲပြားခြင်း၊ "ဣမံ သံဃာဋိံ- အဓိဋ္ဌာမိ" ဟုဆိုရာ၌ ဣဟူသော မံဟူသော-(စသည်ဖြင့်) စကားလုံးသိသာခြားနား ကွဲပြားခြင်းတည်း၊ ဤသို့ စကားလုံးကွဲပြားအောင်ဆိုခြင်းကိုပင် "နှုတ်မြွက်ခြင်း"ဟု ခေါ်ကြသည်။
ဝါစာယဝါ၊ သော်လည်း။
အဓိဋ္ဌာတဗ္ဗာ၊ ထိုက်၏။
တတ္ထ၊ ထိုနှုတ်မြွက်၍ အဓိဋ္ဌာန်တင်ရာ၌။
အဓိဋ္ဌာနံ၊ အဓိဋ္ဌာန်တင်ခြင်းသည်။
ဒုဝိဓံ၊ မျက်မှောက်, မျက်ကွယ်အားဖြင့် ၂ ပါးအပြားရှိ၏။
(သံဃာဋိ၊ သည်။)
ဟတ္ထ ပါသေ၊ ဟတ္ထပါသ်၌။
သစေ ဟောတိ၊ အကယ်၍ ရှိအံ့။
(ဧဝံသတိ၊) ဣမံ ၊ပေ၊ အဓိဋ္ဌာမီတိ၊ မိဟူ၍။
ဝါစာ၊ စကားလုံးကို။
ဘိန္ဒိတဗ္ဗာ၊ သိသာထင်ရှား ခွဲခြားထိုက်၏။
(တစ်နည်း) ဝါစာဘိန္ဒိတဗ္ဗာ၊ နှုတ်မြွက်ထိုက်၏။
အထ၊ သို့မဟုတ်။
အန္တောဂဗ္ဘာ ဒီသုဝါ၊ အခန်းတွင်း အစရှိသော အရပ်တို့၌သော်လည်းကောင်း၊ [မိမိနေရာ ကျောင်း၏ အခန်းတွင်း-ဟူလို၊ အာဒိဖြင့် ဥပရိပါသာဒ စသည်ကို ယူ။]
သာမန္တ ဝိဟာရေဝါ၊ အနီးကျောင်း၌သော်လည်းကောင်း။
(သစေ) ဟောတိ၊ အံ့။
(ဧဝံသတိ၊) [သာမန္တဝိဟာရသည် ဥပလက္ခဏမျှသာ၊ အဝေး၌လည်း လှမ်း၍ အဓိဋ္ဌာန်တင် ကောင်း၏။]
ထပိတဋ္ဌာနံ၊ ထားအပ်ရာ အရပ်ကို။
သလ္လက္ခေတွာ၊ မှတ်သားပြီး၍။
ဧတံ ၊ပေ၊ အဓိဋ္ဌာမီတိ၊ ဟူ၍။
ဝါစာ၊ ကို။
ဘိန္ဒိတဗ္ဗာ၊ ထိုက်၏၊ [ဟတ္ထပါသ် အတွင်း၌ "ဣမံ" ဟတ္ထပါသ် အပြင်၌ "ဧတံ" ဟု ဆိုပါ-ဟူလို။]
ဥတ္တရာသင်္ဂေစ၊ ၌လည်းကောင်း။
အန္တရဝါသကေစ၊ ၌လည်းကောင်း။
ဧသနယော၊ ဤနည်းတည်း။
ဟိ၊ မှန်၏။
နာမမတ္တမေဝ၊ ဥတ္တရာသင်္ဂ, အန္တရဝါသက ဟူသော နာမည်မျှသည်သာ။
ဝိသေသော၊ သံဃာဋိ အဓိဋ္ဌာန်တင်ပုံမှ ထူးတော့၏။
တသ္မာ၊ ကြောင့်၊ (နာမည်မျှသာ ထူးသည်၏ အဖြစ်ကြောင့်။)
သဗ္ဗာနိ၊ အလုံးစုံသော သင်္ကန်း ၃ထည်တို့ကို။
သံဃာဋိံ, ဥတ္တရာသင်္ဂံ, အန္တရဝါသကန္တိ၊ ဟူ၍။
ဧဝံ၊ သို့။
အတ္တနော အတ္တနော၊ မိမိ, မိမိ၏ ။
နာမေနေဝ၊ နာမည်ဖြင့်သာ။
အဓိဋ္ဌာတဗ္ဗာနိ၊ ကုန်၏။
အဓိဋ္ဌဟိတွာ၊ ပစ္စတ္ထရဏ စသည်ဖြင့် အဓိဋ္ဌာန်တင်ပြီး၍၊ [ပစ္စတ္ထရဏ, မုခပုဉ္ဆနစောဠ, ပရိက္ခာရစောဠဝသေန အဓိဋ္ဌဟိတွာ။]
ထပိတဝတ္ထေဟိ၊ ထားအပ်သော အဝတ်တို့ဖြင့်။
သံဃာဋိအာဒီနိ၊ သင်္ကန်းကြီးအစရှိသည်တို့ကို။
သစေ ကရောတိ၊ (ဧဝံသတိ၊) ရဇနေစ၊ ဆိုးခြင်းကိစ္စသည်လည်းကောင်း။
ကပ္ပေစ၊ ကပ္ပဗိန္ဒု ထိုးခြင်းကိစ္စသည်လည်းကောင်း။
နိဋ္ဌိတေ၊ ပြီးဆုံးလတ်သော်။
ဣမံ ပစ္စုဒ္ဓရာမီတိ၊ ဟူ၍။
ဣမံ ပစ္စုဒ္ဓရာမီတိ။ ။ သံဃာဋိစသော နာမည် မရသေး၊ နဂိုက ပစ္စတ္ထရဏလည်း
သင်္ကန်းချုပ်ဆိုးပြီးဖြစ်၍ ပစ္စတ္ထရဏ မဟုတ်တော့၊ ထို့ကြောင့် နာမည်အထူး မတပ်ဘဲ "ဣမံ" ဟု ဆိုသည်၊ ဋီကာသစ်၌ကား ဣမံ ပစ္စတ္ထရဏံ ပစ္စုဒ္ဓရာမိ" ဟု နာမည်တပ်လျှင်လည်း အပြစ်မရှိ-ဟု ဆိုသည်။
ပစ္စုဒ္ဓရိတွာ၊ ပစ္စုဒ္ဓိုရ် ပြု၍။
ဝါ၊ အဓိဋ္ဌာန်ချ၍။
ပုန၊ ဖန်။
အဓိဋ္ဌာ တဗ္ဗာနိ၊ ကုန်၏။ [သံဃာဋိ စသော နာမည်ဖြင့် ထပ်၍ အဓိဋ္ဌာန်တင်ပါ-ဟူလို။]
စပန၊ ထပ်၍ဆက်။
ဣဒံ တိစီဝရံ၊ ကို။
သုခပရိဘောဂတ္ထံ၊ လွယ်ကူစွာ သုံးစွဲနိုင်ခြင်းအကျိုးငှာ။
သုခပရိဘောဂတ္ထ။ ။ သံဃာဋိစသော နာမည်ဖြင့် အဓိဋ္ဌာန်တင်ထားလျှင် အရုဏ်
တက်ချိန်၌ ကင်း၍ မနေရ၊ ဝိပ္ပဝါသသိက္ခာပုဒ်အရ နိသဂ္ဂိယပါစိတ် အပြစ်ရှိ၏၊ "ဣမံ စီဝရံ ပရိက္ခာရစောဠ အဓိဋ္ဌာမိ" ဟု ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ထားလျှင် ထိုဝိပ္ပဝါသ အပြစ်မရှိ၊ ဝတ်ရုံ သုံးဆောင်ခြင်းငှာလည်း အပ်၏၊ ထို့ကြောင့် သုံးစွဲရာ၌ လွယ်ကူသည်-ဟူလို၊ ဤစကား အရ ပရိက္ခာရစောဠနာမည်ဖြင့် သင်္ကန်း ၉မျိုးလုံးကို အဓိဋ္ဌာန်တင်နိုင်၏-ဟုမှတ်။
ပရိက္ခာရစေဠံ၊ ဠကို။
အဓိဋ္ဌာတုံပိ၊ ငှာလည်း။
ဝဋ္ဋတိ၊ အပ်၏။
**ဝဿိကသာဋိကာ**၊ သည်။
အနတိရိတ္တ ပမာဏာ၊ မပိုလွန်သော ပမာဏရှိသည်။
(သမာနာ၊ သော်၊) [ ဝဿိကသာဋိကာ သိက္ခာပုဒ်၌ လာသော ပမာဏထက် မလွန်လျှင်-ဟူလို။]
နာမံ၊ ဝဿိကသာဋိကအမည်ကို။
ဂဟေတွာ၊ ယူ၍။
ဝုတ္တနယေ နေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်ပင်။
စတ္တာရော၊ ကုန်သော။
ဝဿိကေ၊ မိုးဥတု၌ ဖြစ်ကုန်သော။
မာသေ၊ လတို့ပတ်လုံး။
အဓိဋ္ဌာတဗ္ဗာ၊ ထိုက်၏။
တတော၊ ထိုမိုး ၄လမှ။
ပရံ၊ နောက်၌။
ပစ္စုဒ္ဓရိတွာ၊ ၍။
တတောပရံ ပစ္စုဒ္ဓရိတွာ။ ။ ဝဿိကသာဋိကာသည် မိုးလလွန်၍ ဆောင်းလရောက် လျှင် အလိုလို အဓိဋ္ဌာန်ပျက်၏၊ ထို့ကြောင့် "ပစ္စုဒ္ဓရိတွာ" အရ ဝဿိကသာဋိကာအဖြစ်မှ စွန့်ပယ်ခြင်းကို "ပစ္စုဒ္ဓရဏ" ဟု ဆိုသည်၊ "ဣမံ ဝဿိကသာဋိကံ ပစ္စုဒ္ဓရာမိ" ဟု ဆိုဖွယ် မလို၊ ထိုသို့ ဝဿိကသာဋိကာအဖြစ်မှ ပယ်ပြီးနောက် "ဣမံ စီဝရံ တုယှံ ဝိကပွေမိ" စသည်ဖြင့် ဝိကပ္ပနာ ပြုရသည်။ [ဝဿိကသာဋိကာဘာဝတော အပနေတွာ "ဣမံ စီဝရံ တုယှံ ဝိကပ္ပေမီ" တိ အာဒိနာနယေန ဝိကပွေတဗ္ဗာတိ ဝုတ္တံ ဟောတိ။]
ဝါ၊ ၍။
ဝိကပ္ပေတဗ္ဗာ၊ ဝိကပ္ပနာ ပြုထိုက်၏။
စ၊ ဆက်။
ဝဏ္ဏဘေဒမတ္တရတ္တာပိ၊ အဆင်းပျက်ရုံမျှ ဆိုးအပ်သည်လည်းဖြစ်သော။
ဝဏ္ဏဘေဒမတ္တရတ္တာပိ။ ။ ရေချိုးသောအခါ ခေတ္တဝတ်ဖို့ ဖြစ်သောကြောင့် တစ်ကြိမ် လောက်ဆိုး၍ အဖြူရောင် အဆင်းပျက်လျှင်ပင်အပ်ပြီ၊ အဓိဋ္ဌာန် ၂ ထည် မတင်ကောင်း သောကြောင့် ၂ ထည်ကား မအပ်။
ဧသာ၊ ဤမိုးရေခံ သင်္ကန်းသည်။
ဝဋ္ဋတိ၊ ၏။
ပန၊ ထိုသို့ပင် အဆင်းပျက်ရုံမျှ ဆိုခြင်းဖြင့် အပ်ပါသော်လည်း။
ဒွေ၊ ၂ ထည်တို့သည်။
န ဝဋ္ဋန္တိ၊ မအပ်ကုန်။
**နိသီဒနံ**၊ ကို။
ဝုတ္တနယေန၊ ဖြင့်။
အဓိဋ္ဌာတဗ္ဗမေဝ၊ ထိုက်သည်သာ။
တဉ္စ၊ ထို နိသီဒိုန်သည်လည်း။
ပမာဏယုတ္တံ၊ ဏနှင့် ယှဉ်သော၊ [ပမာဏကို ရတနဝဂ် နိသီဒနသိက္ခာပုဒ်အတိုင်း သိပါ။]
ဧကမေဝ၊ တစ်ထည်တည်းသာ။
(ဝဋ္ဋတိ၊ ၏။)
ဒွေ၊ ၂ ထည်တို့သည်။
န ဝဋ္ဋန္တိ၊ ကိုလည်း။
**ပစ္စတ္ထရဏံပိ**၊ ကိုလည်း။
ပေ၊ ပန၊ အထူးကား။
တံ၊ ထိုအပေါ်လွှမ်း အိပ်ရာခင်းသည်။
မဟန္တံပိ၊ အကြီးသည်လည်းကောင်း။
ဧကံပိ၊ တစ်ထည်သည်လည်းကောင်း။
ဗဟူနိပိ၊ အများတို့သည်လည်းကောင်း။
ဝဋ္ဋန္တိ၊ ကုန်၏၊ [အချို့စာ၌ မဟန္တံပိ ဝဋ္ဋတိ ဧကံပိ ဝဋ္ဋတိဟု ဝဋ္ဋတိ ပါနေ၏၊ စာသွား မကောင်း။]
နီလံပိ၊ ညိုသော အခင်းသည်လည်းကောင်း။
ပီတကံပိ၊ ရွှေသောအခင်းသည်လည်းကောင်း။
သဒသံပိ၊ အဆာရှိသော အခင်းသည်လည်းကောင်း။
ပုပ္ဖဒသံ ပိ၊ ပန်းအဆာရှိသော အခင်းသည်လည်းကောင်း။
ဣတိ၊ ဤသို့ အစရှိသော။
သဗ္ဗပ္ပ ကာရံ၊ အလုံးစုံသော အပြားရှိသောအခင်းသည်၊ [အချို့စာ၌ "ပိ" ပါ၏၊ မကောင်း။]
ဝဋ္ဋတိ၊ ၏။
**ကဏ္ဍုပဋိစ္ဆာဒိ**၊ ကို။
ယာ၀၊ လောက်။
အာဗာဓော၊ အနာသည်။
အတ္ထိ၊ ရှိ၏။
တာဝ၊ ထိုအနာရှိသမျှ ကာလပတ်လုံး။
ပမာဏိကာ၊ ပမာဏနှင့် ယှဉ်သော အနာလွှမ်းသင်္ကန်းကို။
အဓိဋ္ဌာတဗ္ဗာ၊ ထိုက်၏။
အာဗာဓေ၊ သည်။
ဝူပသန္တေ၊ ငြိမ်းပျောက်လတ်သော်။
ပစ္စုဒ္ဓရိတွာ၊ ပြု၍။
ဝါ၊ အဓိဋ္ဌာန်အဖြစ်မှ ဖယ်ရှား၍၊ [တမင် ပစ္စုဒ္ဓိရ်ပြုနေဖွယ် မလို၊ ဝဿိကသာဋိကာအဖွင့်ကို ကြည့်ပါ။]
ဝိကပ္ပေတဗ္ဗာ၊ ဝိကပ္ပနာ ပြုထိုက်၏။
သာ၊ ထိုအနာလွှမ်း သင်္ကန်းသည်။
ဧကာဝ၊ တစ်ထည် တည်းသာ။
ပေ၊ ပန၊ အထူး။
တံ၊ ထိုမျက်နှာသုတ် ပုဝါသည်။
ဧကမ္ပိ၊ တစ်ထည်သည် သည်လည်ကောင်း။
ဗဟူနိပိ၊ တို့သည်လည်းကောင်း။
မဟန္တမ္ပိ၊ အကြီးသည်လည်းကောင်း။
ဝဋ္ဋတိယေဝ၊ သည်သာ၊ [မှတ်ချက်-ကတ္တားအများရှိရာ၌ နောက်ဆုံး ကတ္တားနှင့် ဝုစ်တူအောင် ထားရသည်၊ ထို့ကြောင့် "မဟန္တံ"ကို ကြည့်၍ ဝဋ္ဋတိဟု ဧကဝုစ်ဖြင့် ထားသည်။]
**ပရိက္ခာရစောဠေ**၊ ပရိက္ခာရစောဠ၌။
ဂဏနာ၊ အရေအတွက်သည်။
နတ္ထိ၊ မရှိ။
ယတ္ထကံ၊ အကြင်မျှလောက်ကို။
(အဓိဋ္ဌာတုံ၊ ငှာ၊ ပရိက္ခာရစောဠအမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်းငှာ-ဟူလို။)
ဣစ္ဆတိ၊ အလိုရှိ၏။
တတ္တကံ၊ ကို။
အဓိဋ္ဌာတဗ္ဗမေဝ၊ အဓိဋ္ဌာန်တင်ကောင်းသည်သာ။
**ထဝိကာပိ**၊ သပိတ်အိတ်ကိုလည်းကောင်း၊ [ အဝတ်ကို ချုပ်ထားသော အဝတ် သပိတ်အိတ်ကို ဆိုသည်။]
**ပရိဿာဝနမ္ပိ**၊ ပုဝါရေစစ်ကိုလည်းကောင်း၊ [ ဓမ္မကရိုဏ် ရေစစ်မဟုတ်၊ လက်ကိုင်ပုဝါမျိုးကိုဖြန့်၍ စစ်ရသော ရေစစ်တည်း။]
ဝိကပ္ပနုပဂံ၊ ဝိကပ္ပနာလောက်သော။
ပစ္ဆိမပ္ပမာ ဏံ၊ နောက်ဆုံး ပမာဏရှိသည်။
(သမာနံ၊ ဖြစ်လတ်သော်။)
ပရိက္ခာရစောဠန္တိ၊ ဟူ၍။
အဓိဋ္ဌာတဗ္ဗမေဝ၊ သာ။
ဗဟူနိပိ၊ အများတို့ကိုလည်း။
ဧကတော၊ တစ်ပေါင်းတည်း။
ကတွာ၊ ၍။
ဣမာနိ ၊ပေ၊ အဓိဋ္ဌာမီတိ အာဒိနာ၊ မိ အစရှိသော။
နယေန၊ ဖြင့်။
အဓိဋ္ဌာတုံ၊ ငှာ။
ဝဋ္ဋတိယေဝ၊ သာ၊ [အာဒိနာဖြင့် "ဧတာနိ စီဝရာနိ" စသည်ဖြင့် အဝေးအဓိဋ္ဌာန်တင်ရာ၌ ဆိုရမည်ကို သိပါ။]
ပန၊ ကား။
မဉ္စဘိသိ၊ ညောင်စောင်းပေါ်၌ ခင်းအပ်သော ဘုံလျှိုလည်းကောင်း၊ [အိပ်ချုပ်၍ အတွင်း၌ သစ်ရွက်-အုန်းဆံ စသည်သွတ်ထားသော အခင်းကို ဘိသိ (ဘုံလျှို) ဟု ခေါ်သည်။]
ပီဌဘိသိ၊ အင်းပျဉ်ပေါ်၌ ခင်းအပ်သော ဘုံလျှိုလည်းကောင်း။
ဗိဗ္ဗောဟနံ၊ ခေါင်းအုံးလည်းကောင်း။
ပါဝါရော၊ ခြုံထည်လည်းကောင်း။
ပါဝါရော။ ။ "ပါဝါရော-ဥတ္တရာသင်္ဂေါဟု အဘိဓာန်၌ ပရိယာယ်ဆို၏၊ ဥတ္တရာသင်္ဂ ဟူရာ၌ အပေါ်၌ခြုံရသော "စောင်-တဘက် တို့ကိုယူ၊ ရှေးက "စုလျားတဘက်" ဟုအနက်ပေးကြ၏။
ကောဇဝေါ၊ ကော်ဇောလည်းကောင်း။
ဣတိ ဧတေသု၊ ဤပရိက္ခရာတို့၌လည်းကောင်း။
မဉ္စဘိသိ ၊ပေ၊ ဧတေသု။ ။ ဤပစ္စည်းများသည် ပုဂ္ဂလိကပင်ဖြစ်သော်လည်း သေနာ သန အသုံးအဆောင်ဖြစ်သောကြောင့် အဓိဋ္ဌာန်တင်ဖွယ် မလို၊ [ဘိသိ ဗိဗ္ဗောဟန ပါဝါရ ကောဇဝါနမ္ပိ သေနာသနပရိက္ခာရတောယေ အဓိဋ္ဌာနကိစ္စံ နတ္ထီတိ ဝေဒိတဗ္ဗံ၊] ထိုသို့ဖြစ်လျှင် ခေါင်းအုံးစွပ်, ခြင်ထောင်များလည်း ဤနည်း ဖြစ်နိုင်စရာ ရှိ၏၊ သို့သော်-ထိုပစ္စည်းများကို ဖျက်၍ သင်္ကန်းလုပ်နိုင်လျှင် ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ထား၍ မလွန်နိုင်ပါ။
သေနာသနပရိက္ခာရတ္ထာယ၊ သေနာသန အသုံးအဆောင် အကျိုးငှာ။
ဒိန္နပစ္စတ္ထရဏေ စ၊ ပေးလှူအပ်သော အခင်း၌လည်းကောင်း။
အဓိဋ္ဌာနကိစ္စံ၊ အဓိဋ္ဌာန်တင်ဖွယ် ကိစ္စသည်။
နတ္ထိယေဝ၊ မရှိသည်သာ။
ပန၊ ကား၊ (အဓိဋ္ဌာန်တင်ပုံမှ တစ်ပါး, အဓိဋ္ဌာန်ပျက်ပုံကား။)
သဗ္ဗဉ္စ၊ အလုံးစုံ သာလျှင်ဖြစ်သော။သဗ္ဗဉ္စပနေတံ။ ။ "ပြခဲ့သော နည်းဖြင့် အဓိဋ္ဌာန်တင်အပ်ပြီးသော သင်္ကန်း၉ မျိုးသည် အဘယ်အကြောင်းကြောင့် အဓိဋ္ဌာန်ကို စွန့်ပါသနည်း" ဟု မေးဖွယ်ရှိ၍ "သဗ္ဗဉ္စ" စသည် မိန့်၊ သူတစ်ပါးအား ပေးခြင်းစသော အကြောင်းရှစ်ပါးတွင် တစ်ပါးပါးကြောင့် အဓိဋ္ဌာန်ကို စွန့်သည် (အဓိဋ္ဌာန် ပျက်သည်) ဟူလို၊ [ဆောင်ပုဒ်ကို ပါတိမောက်ဘာသာဋီကာမှာ ရှု။]
ထိုတွင် ဟီနာယာဝတ္တနဟူသည် သီလမပျက်သေးဘဲ လူဝတ်လဲခြင်းတည်း၊ တစ်နည်း- ဘိက္ခုနီများ၏ လူဝတ်လဲခြင်းတည်း၊ ဘိက္ခုတို့မှာ သီလမပျက်ဘဲ လူဝတ်လဲရုံဖြင့် "အဓိဋ္ဌာန် မပျက်" ဟု အပရေဆရာတို့ ဆိုသတတ်၊ "သိက္ခာပစ္စက္ခာန" ကား သင်္ကန်းဝတ်လျက် သိက္ခာ ချခြင်းတည်း၊ [ သိက္ခာချခြင်းကြောင့် အဓိဋ္ဌာန်ပျက်လျှင် ပါရာဇိကကျသူအတွက် အထူး ဆိုဖွယ်မလို။] (စ-သဒ္ဒါ ဧဝတ္ထ၊) ဝုတ္တပ္ပကာရေန၊ ဆိုအပ်ပြီးသော အပြားအားဖြင့်။ အဓိဋ္ဌိတံ၊ အဓိဋ္ဌာန်တင်အပ်ပြီးသော။ ဧတံ စီဝရံ၊ သည်။ အညဿ၊ အခြားသူအား။ ဒါနေန၊ ပေးခြင်းလည်းကောင်း။ဒါနေနတျာဒိ။ ။ ဒါနေန စသော ပုဒ်တို့သည် ဣတိတွင် စပ်ရ၏၊ ထိုသို့ဖြစ်လျှင် "ပေးခြင်းကြောင့်" ဟု ဟိတ်အနက် မပေးနိုင်၊ "ဝိဇဟတိ" ကြိယာ၌ စပ်မှသာ ဟိတ်အနက် ပေးနိုင်သည်၊ ဣတိသဒ္ဒါ ခြားနေသောကြောင့် ထိုကြိယာ၌လည်း မစပ်သင့်၊ ထို့ကြောင့် နာဝိဘတ်ကို လိန်အနက်၌ သက်စေ၍ "ပေးရခြင်းလည်းကောင်း" ဟု အနက်ပေးရသည်။ တစ်နည်း- "ဒါနေန-ကြောင့်လည်းကောင်း"ဟု ပေးလိုလျှင် "ဣတိ-ဤသို့" ဟု မပေးဘဲ "ဣတိ ဣမေဟိ ကာရဏေဟိ" ဟု တွဲပေးပါ၊ ဣမေဟိ ကာရဏေဟိသည် ဣတိ၏ အဖွင့်၊ ထိုသို့ပေးလျှင် "ဒါနေန" စသည်တို့က အစိတ်စိတ်ဖြစ်သော ဟိတ်, ဣတိ ဣမေဟိ ကာရဏေဟိတို့က အပေါင်းဖြစ်သော ဟိတ်-ဟု စပ်နိုင်သည်၊ နေရာတိုင်းမှာ ဤနည်းချည်း တည်း။ အမှာ။ ။ ဤအဓိဋ္ဌာန်ပျက်မှုနှင့် စပ်သော အကျယ်ကို အဋ္ဌကထာကြီးမှ ယူ၍ ဋီကာဆို ထားသည်၊ ရှုစားလေတော့၊ ယခုခေတ် သင်းပိုင်းဟောင်းကို အလယ်ကဖြတ်၍ အဖျား ၂ ဘက်ကို စပ်ကာ (ကုံးပြန်သောအားဖြင့်) ချုပ်လေ့ရှိကြ၏၊ ထိုသို့ ချုပ်ရာ၌ အဖျား ၂ ဘက်ကို ပဌမစပ်၍ ချုပ်ပြီးမှ အလယ်ကို ဖြတ်လျှင် အဓိဋ္ဌာန်မပျက်၊ အလယ်ကို ပဌမဖြတ်ပြီးမှ ချုပ်လျှင်ကား ဖြတ်တုန်းကပင် အဓိဋ္ဌာန်ပျက်၏။ အစ္ဆိန္ဒိတွာ၊ လုယက်၍။ ဂဟဏေ န၊ ယူခြင်းလည်းကောင်း။ ဝိဿာသဂ္ဂါဟေန၊ အကျွမ်းဝင်သဖြင့် ယူခြင်းလည်းကောင်း။ ဟီနာယ၊ ယုတ်ညံ့သော လူ့အဖြစ်အကျိုးငှာ။ အာဝတ္တနေန၊ လည်ခြင်းလည်းကောင်း။ (တစ်နည်း), ဟီနာယာဝတ္တနေန၊ လူထွက်ခြင်းလည်းကောင်း။ သိက္ခာပစ္စက္ခာနေန၊ သိက္ခာချခြင်းလည်းကောင်း။ ကာလံကိရိယာယ၊ သေခြင်းလည်းကောင်း။ လိင်္ဂပရိဝတ္တနေန၊ လိန်ပြန်ခြင်းလည်းကောင်း။ ပစ္စုဒ္ဓရဏေန၊ ပစ္စုဒ္ဓိရ်ပြုခြင်းလည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌဟိ၊ ကုန်သော။ ဣမေဟိ ကာရဏေဟိ၊ တို့ကြောင့်။ အဓိဋ္ဌာနံ၊ ကို။ ဝိဇဟတိ၊ စွန့်၏။
ထိုတွင် ဟီနာယာဝတ္တနဟူသည် သီလမပျက်သေးဘဲ လူဝတ်လဲခြင်းတည်း၊ တစ်နည်း- ဘိက္ခုနီများ၏ လူဝတ်လဲခြင်းတည်း၊ ဘိက္ခုတို့မှာ သီလမပျက်ဘဲ လူဝတ်လဲရုံဖြင့် "အဓိဋ္ဌာန် မပျက်" ဟု အပရေဆရာတို့ ဆိုသတတ်၊ "သိက္ခာပစ္စက္ခာန" ကား သင်္ကန်းဝတ်လျက် သိက္ခာ ချခြင်းတည်း၊ [ သိက္ခာချခြင်းကြောင့် အဓိဋ္ဌာန်ပျက်လျှင် ပါရာဇိကကျသူအတွက် အထူး ဆိုဖွယ်မလို။] (စ-သဒ္ဒါ ဧဝတ္ထ၊) ဝုတ္တပ္ပကာရေန၊ ဆိုအပ်ပြီးသော အပြားအားဖြင့်။ အဓိဋ္ဌိတံ၊ အဓိဋ္ဌာန်တင်အပ်ပြီးသော။ ဧတံ စီဝရံ၊ သည်။ အညဿ၊ အခြားသူအား။ ဒါနေန၊ ပေးခြင်းလည်းကောင်း။ဒါနေနတျာဒိ။ ။ ဒါနေန စသော ပုဒ်တို့သည် ဣတိတွင် စပ်ရ၏၊ ထိုသို့ဖြစ်လျှင် "ပေးခြင်းကြောင့်" ဟု ဟိတ်အနက် မပေးနိုင်၊ "ဝိဇဟတိ" ကြိယာ၌ စပ်မှသာ ဟိတ်အနက် ပေးနိုင်သည်၊ ဣတိသဒ္ဒါ ခြားနေသောကြောင့် ထိုကြိယာ၌လည်း မစပ်သင့်၊ ထို့ကြောင့် နာဝိဘတ်ကို လိန်အနက်၌ သက်စေ၍ "ပေးရခြင်းလည်းကောင်း" ဟု အနက်ပေးရသည်။ တစ်နည်း- "ဒါနေန-ကြောင့်လည်းကောင်း"ဟု ပေးလိုလျှင် "ဣတိ-ဤသို့" ဟု မပေးဘဲ "ဣတိ ဣမေဟိ ကာရဏေဟိ" ဟု တွဲပေးပါ၊ ဣမေဟိ ကာရဏေဟိသည် ဣတိ၏ အဖွင့်၊ ထိုသို့ပေးလျှင် "ဒါနေန" စသည်တို့က အစိတ်စိတ်ဖြစ်သော ဟိတ်, ဣတိ ဣမေဟိ ကာရဏေဟိတို့က အပေါင်းဖြစ်သော ဟိတ်-ဟု စပ်နိုင်သည်၊ နေရာတိုင်းမှာ ဤနည်းချည်း တည်း။ အမှာ။ ။ ဤအဓိဋ္ဌာန်ပျက်မှုနှင့် စပ်သော အကျယ်ကို အဋ္ဌကထာကြီးမှ ယူ၍ ဋီကာဆို ထားသည်၊ ရှုစားလေတော့၊ ယခုခေတ် သင်းပိုင်းဟောင်းကို အလယ်ကဖြတ်၍ အဖျား ၂ ဘက်ကို စပ်ကာ (ကုံးပြန်သောအားဖြင့်) ချုပ်လေ့ရှိကြ၏၊ ထိုသို့ ချုပ်ရာ၌ အဖျား ၂ ဘက်ကို ပဌမစပ်၍ ချုပ်ပြီးမှ အလယ်ကို ဖြတ်လျှင် အဓိဋ္ဌာန်မပျက်၊ အလယ်ကို ပဌမဖြတ်ပြီးမှ ချုပ်လျှင်ကား ဖြတ်တုန်းကပင် အဓိဋ္ဌာန်ပျက်၏။ အစ္ဆိန္ဒိတွာ၊ လုယက်၍။ ဂဟဏေ န၊ ယူခြင်းလည်းကောင်း။ ဝိဿာသဂ္ဂါဟေန၊ အကျွမ်းဝင်သဖြင့် ယူခြင်းလည်းကောင်း။ ဟီနာယ၊ ယုတ်ညံ့သော လူ့အဖြစ်အကျိုးငှာ။ အာဝတ္တနေန၊ လည်ခြင်းလည်းကောင်း။ (တစ်နည်း), ဟီနာယာဝတ္တနေန၊ လူထွက်ခြင်းလည်းကောင်း။ သိက္ခာပစ္စက္ခာနေန၊ သိက္ခာချခြင်းလည်းကောင်း။ ကာလံကိရိယာယ၊ သေခြင်းလည်းကောင်း။ လိင်္ဂပရိဝတ္တနေန၊ လိန်ပြန်ခြင်းလည်းကောင်း။ ပစ္စုဒ္ဓရဏေန၊ ပစ္စုဒ္ဓိရ်ပြုခြင်းလည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌဟိ၊ ကုန်သော။ ဣမေဟိ ကာရဏေဟိ၊ တို့ကြောင့်။ အဓိဋ္ဌာနံ၊ ကို။ ဝိဇဟတိ၊ စွန့်၏။
ပန၊ အထူးကား။
တိစီဝရံ၊ သည်။
ကနိဋ္ဌင်္ဂုလိနခပိဋ္ဌိပမာဏေန၊ လက်သန်း လက်သည်း၏ ကျောက်ကုန်း ပမာဏရှိသော။
ဆိဒ္ဒေနာပိ၊ အပေါက်ကြောင့်လည်း၊ (ပိ-ဖြင့် ရှေ့ ၈ ပါးပေါင်း။)
ဝိဇဟတိ၊ စွန့်၏။
တဉ္စ၊ ထိုတိစီဝရိတ်သည်လည်း။
ဝိနိဗ္ဗေဓေနေဝ၊ ထုတ်ခြင်းပေါက်သော အပေါက်ကြောင့်သာ။
(ဝိဇဟတိ၊ ၏။)
ဟိ၊ မှန်။
ဆိဒ္ဒဿ၊ ၏။
အဗ္ဘန္တရေ၊ အတွင်း၌။
ဧကတန္တုပိ၊ တစ်ချောင်းသော ချည်မြှင်သည်လည်း။
အစ္ဆိန္နော၊ မပြတ်သေးသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ၊) ရက္ခတိ ယေဝ၊ အဓိဋ္ဌာန်မှ စောင့်သေးသည်သာ။
တတ္ထ၊ ထို ၃ထည်သော သင်္ကန်းတို့၌။
သံဃာဋိယာစ၊ ၏လည်းကောင်း။
ဥတ္တရာသင်္ဂဿစ၊ လည်းကောင်း။
ဒီဃန္တတော၊ အလျားအစွန်းမှ။
ဝိဒတ္ထိပမာဏဿ၊ တစ်ထွာပမာဏရှိသော။
တိရိယန္တတော၊ အနံအစွန်းမှ။
အဋ္ဌင်္ဂုလပ္ပမာဏဿ၊ လက်ရှစ်သစ် ပမာဏရှိသော။
ပဒေသဿ၊ အရပ်၏။
ဩရတော၊ အတွင်း၌။
ဆိဒ္ဒံ၊ သည်။
အဓိဋ္ဌာနံ၊ ကို။
ဘိန္ဒတိ၊ ဖျက်၏။
အန္တရ ဝါသကေပိ၊ ၌လည်း။
ဒီဃန္တတော၊ မှ။
ဧတဒေဝပမာဏံ၊ ဤပမာဏသည်ပင်။
(ဟောတိ၊ ၏။)
တိရိယန္တေန ပန၊ အနံ အစွန်းအားဖြင့်ကား။
စတုရင်္ဂုလတာ၊ လက် ၄သစ်ရှိသည်၏ အဖြစ်ကို။
ဝေဒိတဗ္ဗာ၊ ထိုက်၏။
တိဏ္ဏမ္ပိ၊ ၃ထည်သော သင်္ကန်းတို့၏လည်း။
ဝုတ္တောကာသဿ၊ ဆိုအပ်ပြီးသော အရပ်၏။
ပရတော၊ ပြင်ဘက်၌။
(ဆိဒ္ဒံ၊ သည်။
အဓိဋ္ဌာနံ၊ ကို။)
န ဘိန္ဒတိ၊ မဖျက်။
တသ္မာ၊ ကြောင့်၊ (အပေါက်အတွက် အဓိဋ္ဌာတ်ပျက်နိုင်သည်၏ အဖြစ်ကြောင့်။)
ဆိဒ္ဒေ၊ သည်။
ဇာတေ၊ ဖြစ်လတ်သော်။
တိစီဝရံ၊ သည်။
အတိရေကစီဝရဋ္ဌာနေ၊ အတိရေက သင်္ကန်းအရာ၌။
တိဋ္ဌတိ၊ တည်တော့၏။
သူစိကမ္မံ၊ အပ်ချုပ်မှုကို။
ကတွာ၊ ၍။
ပုန၊ တစ်ဖန်။
အဓိဋ္ဌာတဗ္ဗံ၊ အဓိဋ္ဌာန်တင်ရာ၏။
ဝဿိသသာဋိကာ၊ သည်။
ဝဿာနမာသာတိက္ကမေနာပိ၊ မိုးလကိုလွန်ခြင်းကြောင့်လည်းကောင်။
ကဏ္ဍုပဋိစ္ဆာဒိ၊ သည်။
အာဗာဓဝူပသမေနာပိ၊ အနာငြိမ်းပျောက်ခြင်းကြောင့်လည်းကောင်း၊ (ပိ-တို့ဖြင့် ရှေ့ ၈ ပါး ပေါင်း။)
ပေ၊ တသ္မာ၊ ကြောင့်၊ (ထိုသို့ မိုးလလွန်သည့်အတွက် အဓိဋ္ဌာန်စွန့်ခြင်း, အနာပျောက်သည့် အတွက် အဓိဋ္ဌာန်စွန့်ခြင်းကြောင့်။)
တာ-ထိုဝဿိကသာဋိကာ, ကဏ္ဍုပဋိစ္ဆာဒိ တို့ကို။
တတော၊ ထိုအခါမှ၊ (မိုးလအခါ, အနာပျောက်ရာအခါမှ။)
ပရံ၊ ၌။
ဝိကပ္ပေ တဗ္ဗာ၊ ထိုက်ကုန်၏။
ပန၊ ဆက်။
သဗ္ဗစီဝရာနံ၊ အလုံးစုံသော သင်္ကန်းတို့၏။
ဝိကပ္ပန လက္ခဏံ၊ ဝိကပ္ပနာလက္ခဏာကို။
ဝိကပ္ပနသိက္ခာပဒေယေဝ၊ ပုဒ်၌သာ။
ဝဏ္ဏ ယိဿာမ၊ ဖွင့်ကုန်တော့အံ့။
ဟိ၊ မှန်။
ကေဝလံ၊ သက်သက်၊ [ဝေဒိတဗ္ဗာ-၌ စပ်၊ ဝိကပ္ပနာပြုပုံ မဖက် သက်သက် သိပါ-ဟူလို၊
ဣမသ္မိံ ဩကာသေ၊ ဤသိက္ခာပုဒ် အရာ၌။
ယံ၊ အကြင်သင်္ကန်းကို။
ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။
အနဓိဋ္ဌိတံ၊ အဓိဋ္ဌာန်လည်း မတင်အပ်။
အဝိကပ္ပိတဉ္စ၊ ဝိကပ္ပနာလည်း မပြုအပ်။
တံ၊ ထိုသင်္ကန်းကို။
အတိရေကစီဝရန္တိ၊ ရဟူ၍။
ဝေဒိတဗ္ဗံ၊ ထိုက်၏။ [ဤနေရာကျမှ အတိရေက စီဝရံ၏ အဖွင့်ဆုံးသည်။]
တံ ၊ပေ၊ ပါစိတ္တိယံတိ၊ ကား။
ယထာဝုတ္တဇာတိပ္ပမာဏံ၊ အကြင်အကြင် ဆိုအပ်ပြီးသော ဇာတ်, အကြင်အကြင် ဆိုအပ်ပြီးသော ပမာဏရှိသော။
တံ စီဝရံ၊ ကို။
ဒသာဟပရမံ၊ ၁ဝရက်အလွန် အပိုင်အခြားရှိသော။
ကာလံ၊ ကာလကို။
(တစ်နည်း) ယထာဝုတ္တဇာတိပ္ပမာဏံ၊ သော။
စီဝရံ၊ ကို။
ဒသာဟပရမံ၊ သော။
တံ ကာလံ၊ ထို ကာလကို။
အတိက္ကာမယတော၊ လွန်စေသော ရဟန်း၏။
တံ အတိက္ကာမယတော။ ။ "တံ ယထာဝုတ္တ ဇာတိပ္ပမာဏံ စီဝရံ, ဒသာဟ ပရမံ ကာလံ အတိတ္တာမယတော" ဟု ဖွင့်၏၊ တံဖြင့် စီဝရံကိုသော်လည်းကောင်း, ကာလံကိုသော်လည်းကောင်း စွဲနိုင်၏၊ [တံတိ စီဝရံ, ကာလံဝါ၊-ဋီကာ။] "တံ-ထိုသင်္ကန်းကို၊ (တစ်နည်း) တံ-ထိုဆယ်ရက်ကာလကို"ဟု ပေး၊ [ "ယထာဝုတ္တဇာတိ, ယထာဝုတ္တပ္ပမာဏံ" ဟု ခွဲ၍ ယထာဝုတ္တဇာတိဖြင့် ခေါမ-စသော (သင်္ကန်း) အမျိုးကို, ယထာဝုတ္တပ္ပမာဏဖြင့် (အငယ်ဆုံး) အလျားတစ်တောင်, အနံတစ်ထွာ ပမာဏကို ညွှန်သည်။]
ဧတ္ထန္တရေ၊ ဤ ၁ဝရက် အတွင်း၌။
ယထာ၊ အကြင်အခြင်းအရာအားဖြင့် ပြုလတ်သော်။
အတိရေကစီဝရံ၊ သည်။
န ဟောတိ၊ မဖြစ်။
တထာ၊ ထိုအတိရေကစီဝရ မဖြစ်နိုင်လောက်အောင် သောအခြင်းအရာအားဖြင့်။
အကြုဗ္ဗတော၊ မပြုသော ရဟန်း၏၊ (ပါစိတ္တိယံ-၌ စပ်။)
ဧတ္ထန္တရေ၊ ပေ၊ အကြုဗ္ဗတော။ ။ ဤပါဌ်ဖြင့် အတိက္ကာမယတောကို ထပ်၍ အဓိ ပ္ပာယ် ဖွင့်သည်၊ ထိုသို့ဖွင့်သဖြင့် ဆယ်ရက်အတွင်း၌ အတိရေကစီဝရ မဖြစ်အောင် အဓိဋ္ဌာန် ဝိကပ္ပနာ တစ်ခုခု မပြုဘဲ ထားသည်ကို "အတိက္ကာမယ" ခေါ်ကြောင်း သိရသည်။
ဝါ၊ သည်၊ (နိသဂ္ဂိယံ-၌ စပ်။)
နိသဂ္ဂိယံ၊ ထိုသင်္ကန်းကိုလည်း စွန့်ထိုက်၏။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်လည်း။
နိသဂ္ဂိယံ ပါစိတ္ထိယံ။ ။ "တဉ္စ စီဝရံ ၊ပေ၊ ဟောတီ"တိ အတ္ထော ဟု ဖွင့်၏၊ ဤအလို နိသဂ္ဂိယံ-စွန့်အပ် စွန့်ထိုက်သည်၊ ဟောတိ၊ ပါစိတ္တိယံ-သည်လည်း၊ ဟောတိ" ဟု စကား ၂ရပ်ခွဲ၍ပေး။
(ဟောတိ၊) တဉ္စ စီဝရံ၊ ကိုလည်း။
ဝါ၊ သည်လည်း။
နိသဂ္ဂိယံ၊ စွန့်အပ် စွန့်ထိုက်သည်။
ဟောတိ၊ ၏။
အဿ၊ ထို ရဟန်း၏။
ပါစိတ္တိယာ၊ ပါစိတ်မည်သော။
အာပတ္တိစ၊ သည်လည်း။
ဟောတိ၊ ၏။
ဝါ၊ သင့်၏။
ဣတိ အတ္ထော။
အထဝါ၊ ထို့ပြင်တစ်နည်းကား။အထဝါ။ ။ ဤနည်း၌ ဏျပစ္စည်းကို ဘောဟောကြံ၍ "နိသဇ္ဇနံ နိသဂ္ဂိယံ" ဟု ပဌမ ပြု၊ ပါစိတ်အာပတ်ကို ဒေသနာမပြောမီ (ဝိနည်းထုံးစံအတိုင်း) ရှေးဦးစွာ စွန့်မှုဝိနည်းကံကို ပြုရ၏၊ ထိုစွန့်မှုကို "နိသဂ္ဂိယ" ဟု ခေါ်သည်၊ ဤပါစိတ်အာပတ်သည် သုဒ္ဓပါစိတ်ကဲ့သို့ ပါစိတ်သက်သက် မဟုတ်၊ စွန့်မှုဝိနည်းကံရှိသော ပါစိတ်အာပတ်တည်း၊ ထို့ကြောင့် "နိသဂ္ဂိယံ အဿ အတ္ထီတိ နိသဂ္ဂိယံ (ပါစိတ္တိယံ)" ဟု အဿတ္ထိဝိဂ္ဂဟ ဆက်၍ပြုရသည်။ ["နိသဂ္ဂိယံ အရ ပါစိတ်အာပတ်ရသော်လည်း "ကိံ တံ" စသည်ဖြင့် အရကောက်ကို ပြလတံ့ဖြစ်သော ကြောင့် ထိုအရကောက်ကို မသိသေးသလို သဘောထား၍ "အဿ-ထိုသဘော၏" ဟု ပေးသည်။]
မှတ်ချက်။ ။ "ပုဗ္ဗဘာဂေ ကတ္တဗ္ဗဝိနယကမ္မဿ" ပါဌ်ကို ကြည့်၍ နိသဂ္ဂိယံ-စွန့်ခြင်း ဝိနည်းကံရှေးရှိသော၊ ပါစိတ္တိယံ-သည်၊ ဟောတိ-၏၊" ဟု ပေးကြ၏၊ ပါစိတ်အာပတ် သင့်တုန်း၌ စွန့်ခြင်း ဝိနည်းကံ ရှေးမရှိသေး၊ ပါစိတ်အာပတ်ကို ဒေသနာပြောသော အခါ၌သာ (သင်္ကန်းကို စွန့်ပြီးမှ ဒေသနာပြောရသောကြောင့်) စွန့်ခြင်းရှေးရှိသည်၊ ထို့ကြောင့် အာပတ်သင့်ပုံကို ပြရာ၌ ရှေးဟု မထည့်ဘဲ "စွန့်ခြင်းဝိနည်းကံရှိသောဟုသာ ပေးပါ၊ ထို့ကြောင့် အဖြောင့်ပြရာ၌ "နိသဂ္ဂိယဝိနယကမ္မံ ပါစိတ္တိယံ ဟောတိ"ဟု အဋ္ဌကထာ၌ "ပုဗ္ဗဘာဂေ" မပါဘဲ မိန့်သည်။ နိသဇ္ဇနံ၊ စွန့်ခြင်း။
နိသဂ္ဂိယံ၊ စွန့်ခြင်း။
ဧတံ၊ ဤနိသဂ္ဂိယဟူသော အမည်သည်။
ပုဗ္ဗဘာဂေ၊ အာပတ်ကို ဒေသနာမပြောမီ ရှေ့အဖို့၌။
ကတ္တဗ္ဗဿ၊ ပြုထိုက်သော။
ဝိနယကမ္မဿ၊ ဝိနည်းကံ၏။
နာမံ၊ အမည်တည်း။
အဿ၊ ထိုသဘော၏။
နိသဂ္ဂိယံ၊ စွန့်ခြင်း ဝိနည်းကံသည်။
အတ္ထိ၊ ၏။
ဣတိ၊ ကြောင့်၊ (ထိုသို့စွန့်ခြင်း ဝိနည်းကံရှိသည်၏ အဖြစ်ကြောင့်။)
တံ၊ ထိုသဘောသည်။
နိသဂ္ဂိယမိစ္စေဝ၊ နိသဂ္ဂိယပင်မည်၏။ [အဿတ္ထိ ဆင့်သော်လည်း မဆင့်ခင်က နာမည်အတိုင်းပင် ဖြစ်သောကြောင့် နိသဂ္ဂိယမိစ္စေဝ-ဟု ဣစ္စေဝဖြင့် ဆိုသည်။]
တံ၊ ထိုနိသဂ္ဂိယဟူသော အမည်သည်။
ကိံ၊ အဘယ်နည်း။
ပါစိတ္တိယံ၊ ပါစိတ်တည်း။
တံ၊ ထိုသင်္ကန်းကို။
(တစ်နည်း) တံ၊ ထို ၁ဝ ရက်ကာလကို။
အတိက္ကာမယတော၊ လွန်စေသော ရဟန်း၏၊ [ဤနေရာ၌ အချို့စာများတွင် "သဟနိသဂ္ဂိယေန" ဟု ပိုနေ၏၊ နိသဂ္ဂိယ ဝိနယကမ္မံနှင့် သဘောတူဖြစ်၍ မကောင်း။]
နိသဂ္ဂိယဝိနယကမ္မံ၊ စွန့်ခြင်း ဝိနည်းကံရှိသော။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။
ဟောတိ၊ ၏။
ဝါ၊ သင့်၏။
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤဒုတိယ ဝိကပ်၌။
(အထဝါ၊ တက်သော ဝိကပ်-၌ ဟူလို။)
အတ္ထော၊ တည်း။
စပန၊ ထပ်၍ ဆက်။
တံ ဧတံ စီဝရံ၊ ထိုကဲ့သို့သော ဤသင်္ကန်းသည်၊ (ထို နိသဂ္ဂိထိုက်သော ဤသင်္ကန်းသည်-ဟူလို။)
ယံ ဒိ၀သံ၊ ၌။
ဥပ္ပန္နံ၊ ၏။
တဿ၊ ထိုသင်္ကန်းဖြစ်ရာနေ့၏။
ယော အရုဏော၊ အကြင်လွန်ပြီး အရုဏ်သည်။
အတ္ထိ၊ ၏။
သော၊ ထိုအရုဏ်သည်။
ဥပ္ပန္နဒိဝသနိဿိတော၊ ဖြစ်ရာနေ့ကို မှီ၏။
တသ္မာ၊ ကြောင့်၊ (ထိုအရုဏ်၏ ဖြစ်ရာနေ့ကို မှီသည်၏အဖြစ်ကြောင့်။)
စီဝရုပ္ပါဒဒိဝသနေ၊ သင်္ကန်း ဖြစ်ရာနေ့နှင့်။စီဝရုပ္ပါဒဒိဝသေန။ ။ [ ရခြင်းကို "ဥပ္ပန္န" ဟု ဆိုသည်၊] သင်္ကန်းရရာနေ့၏ အရုဏ် ကိုပင် ထိုနေ့၌ မှီသောကြောင့် ဌာနူပစာရအားဖြင့် "စီဝရုပ္ပါဒဒိဝသ" ဟု ဆိုသည်၊ [စီဝရုပ္ပါဒ ဒိဝသေန သဒ္ဓိံတိ-စီဝရုပ္ပါဒ ဒိဝသဿ အရုဏေန သဒ္ဓိံ၊ ဒိဝသသဒ္ဒေန စေတ္ထ တံ ဒိဝသ နိဿိတော အရုဏော ဝုတ္တော၊-ဋီကာ။]
မှတ်ချက်။ ။ "တစ်နေ့ "ဟု ရေတွက်သောအခါ ရှေ့အရုဏ်မှစ၍ နောက်အရုဏ်
တက်ခါနီးအထိ တွက်ရ၏၊ ထို့ကြောင့် သင်္ကန်းရရာနေ့၏ ရှေ့ဘက်အရုဏ်ကိုပါ ယူ၍ ပြထား
သည်၊ ထိုရှေ့ဘက်အရုဏ်နှင့်တကွ တစ်ဆယ့်တစ်ခုမြောက် အရုဏ်တက်လျှင် ၁ဝ ရက်ကို
လွန်ရာရောက်သည်-ဟူလို။ သဒ္ဓိံ၊ ကွ။
ဧကာဒသေ၊ ၁၁ ခုမြောက်ဖြစ်သော။
အရုဏုဂ္ဂမနေ၊ အရုဏ်တက်ရာ အခါ၌။
ဒသာဟံ၊ ၁ဝ ရက်ကို။
အတိက္ကာမိတံ၊ လွန်စေအပ်သည်။
ဟောတိ၊ ၏။
တဉ္စ ၊ပေ၊ ဟောတိ။ ။ ဒသာဟတိက္ကန္တ၏ အဓိပ္ပာယ်ကို ထပ်၍ ဆက်ပြလိုသော ကြောင့် "တဉ္စ ပန" စသည် မိန့်၊ [တံ ဧတံ စီဝရံကို အတိက္ကာမိတံ-၌ စပ်၊] လဆန်း ၁ ရက် နေ့၌ သင်္ကန်းရလျှင် ထိုလဆန်း ၁ ရက်၏ လွန်ခဲ့သော အရုဏ်ကို တစ်အရုဏ်ဟု မှတ်၊ ဤသို့ သင်္ကန်းရရှိရာနေ့၏ အရုဏ်နှင့်တကွ ရေတွက်၍ တစ်ဆယ့်တစ်အရုဏ်တက်လျှင် (လဆန်း ၁၁ ရက်နေ့ရောက်လျှင်) ၁၀ ရက် လွန်ပြီးဖြစ်၏။
တံ၊ ထိုသင်္ကန်းကို။
ဂဟေတွာ၊ ယူ၍။
သံဃဿဝါ၊ သံဃာအားသော် လည်းကောင်း။
ပေ၊ နိသဇ္ဇိတဗ္ဗံ၊ စွန့်ရာ၏။
တတြ၊ ထို "သံဃဿဝါ ၊ပေ၊ နိသဇ္ဇိတဗ္ဗံ" ဟူသော ပါဌ်၌။
အယံ၊ ဤဆိုအပ် လတံ့ကား။
နိသဇ္ဇနနယော၊ စွန့်ပုံ စွန့်နည်းတည်း။
တာဝ၊ ဂဏ, ပုဂ္ဂလတို့မှ ရှေးဦးစွာ။
(နိဒ္ဒိဋ္ဌဿ၊ ညွှန်ပြအပ်သော။)
သံဃဿ၊ အား။
ဧဝံ၊ သို့။
ဝါ၊ ဤဆိုအပ် လတံ့သည့်အတိုင်း။
နိသဇ္ဇိတဗ္ဗံ၊ စွန့်ရာ၏။
(ကိံ၊ နည်း။)
"ဣဒံ ၊ပေ၊ နိသဇ္ဇာမီ"တိ၊ မိဟူ၍။
နိသဇ္ဇိတဗ္ဗံ၊ ရာ၏။
[ဘန္တေ၊ တို့။
မေ၊ တပည့်တော်၏။
ဝါ၊ သည်။
ဣဒံ စီဝရံ၊ ကို။
ဒသာဟာတိက္ကန္တံ၊ ဆယ်ရက်ကို လွန်သည်။
(ဟုတွာ၊ ၍။)
နိသဂ္ဂိယံ၊ စွန့်ထိုက်ပါ၏။
အဟံ၊ သည်။
ဣမံ၊ ဤသင်္ကန်းကို။
သံဃဿ၊ အား။
နိသဇ္ဇာမိ၊ စွန့်ပါ၏။]
နိသဇ္ဇိတွာ၊ စွန့်ပြီး၍။
"အဟံ ၊ပေ၊ ပဋိဒေသေမီ"တိ၊ မိဟူ၍။
ဧဝံ၊ သို့။
အာပတ္တိ၊ ကို။
ဒေသေတဗ္ဗာ၊ ဒေသနာ ပြောထိုက်၏။
ဒွေ၊ ၂ ချက်သော အာပတ်တို့သည်။
သစေ ဟောန္တိ, (ဧဝံ သန္တေသု၊ ကုန်လတ်သော်။)
ဒွေတိ၊ ဒွေဟူ၍။
ဝတ္တဗ္ဗံ၊ ၏။
တဒုတ္တရိ၊ ထို ၂ ချက်ထက် အလွန်တို့သည်။
သစေ ဟောန္တိ, ဧဝံသန္တေသု၊) သမ္ဗဟုလာတိ၊ လာဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
နိသဇ္ဇနေပိ၊ စွန့်ခြင်း၌လည်း။
ဒွေဝါ၊ ၂ ထည်တို့သည်သော်လည်းကောင်း။
ဗဟူနိဝါ၊ အများတို့သည်သော်လည်းကောင်း။
သစေ ဟောန္တိ၊ (ဧဝံသန္တေသု၊) ဣမာနိ ၊ပေ၊ နိသဇ္ဇာမီတိ၊ မိ ဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
ပါဠိံ၊ ပါဠိကို။
ဝါ၊ ပါဠိလို။
ဝတ္တုံ၊ ဆိုခြင်းငှာ။
အသက္ကောန္တေန၊ မစွမ်းနိုင်သော ရဟန်းသည်။
အညထာပိ၊ တစ်ပါးသော အခြင်းအရာအားဖြင့်လည်း။
ဝါ၊ မိမိနားလည်သော ဘာသာဖြင့်လည်း။
ဝတ္တဗ္ဗံ၊ ဆိုရာ၏။
ဝါ၊ ဆိုနိုင်သည်။
[အညထာပီတိ- ဘာသန္တရေနပိ၊ ယာယကာယစိ ဘာသာယပီတိ အတ္ထော။]
ဗျတ္တေန၊ ထက်မြက်သော။
ပဋိဗလေန၊ ပီသစွာ ရွတ်စွမ်းနိုင်သော။
ဗျတ္တေန, ပဋိဗလေန။ ။ "ပဋိဗလေနာတိ ဝတ္ထုသမတ္ထေန-ဉတ်ကို ရွတ်ဆိုစွမ်းနိုင်သော"ဟု ဖွင့်၏၊ ပါးစပ်, လျှာ, သွားတို့၌ တစ်စုံတစ်ရာ ရောဂါမရှိသဖြင့်လည်းကောင်း, ဌာန်-ကရိုဏ်းကို နားလည်သဖြင့်လည်းကောင်း, ဌာန်ကရိုဏ်းကို ပီသစွာ ရွတ်ဆိုစွမ်းနိုင်သူကို "ပဋိဗလ" ဟု ခေါ်၏၊ ဗျတ္တအနက်ကား အထူးမဖွင့်သော်လည်း အရဆောင်ထားရသော
ရှေးခေတ်၌ နှုတ်တက်ရနေသူကို "ဗျတ္တ-ဉာဏ်ထက်မြက်သူ" ဟု ခေါ်သည်၊ ယခုခေတ်၌ကား
ကမ္မဝါစာကို ကြည့်၍ ဖတ်ရာ၌ အနက်အဓိပ္ပာယ် နားလည်သူကို "ဗျတ္တ" ဟု ခေါ်သင့်၏။
ဘိက္ခုနာ၊ သည်။
သံဃော၊ ကို။
ဉာပေတဗ္ဗော၊ သိစေထိုက်၏။
(ကိံ၊ အဘယ်သို့ သိစေထိုက်သနည်း။)
"သုဏာတု ၊ပေ၊ ပဋိဂ္ဂဏှေယျံ"တိ၊ ဟူ၍။
ဉာပေတဗ္ဗော၊ ၏။
[ဘန္တေ၊ တို့။
သံဃော၊ သည်။
မေ၊ ၏။
(ဝစနံ၊ ကို။)
သုဏာတု၊ ပါ။
ဣတ္ထန္နာမော၊ ဤအမည် ရှိသော။
အယံ ဘိက္ခု၊ သည်။
အာပတ္တိံ၊ ကို။
သရတိ၊ အမှတ်ရပါ၏။
ဝိဝရတိ၊ ဖွင့်လှစ်ပါ၏။ (ဖုံးမထား-ဟူလို။)
ဥတ္တာနိံ၊ ပေါ်လွင့်သည်ကို။
ကရောတိ၊ ပြုပါ၏၊ (အများသိအောင် ပြုပါသည်-ဟူလို။)
ဒေသေတိ၊ ဒေသနာ ပြောပါ၏။
သံဃဿ၊ ၏။
(ကမ္မံ၊ အာပတ္တိပဋိဂ္ဂဟဏကံသည်။)
ပတ္တကလ္လံ၊ လျောက်ပတ်သော အခါရှိသည်။
ယဒိ သိယာ၊ အကယ်၍ ဖြစ်အံ့။
(ဧဝံသတိ၊) အဟံ, ဣတ္ထန္နာမဿ၊ သော။
ဘိက္ခုနော၊ ၏။
အာပတ္တိံ၊ ကို။
ပဋိဂ္ဂဏှေယျံ၊ ခံယူရာပါ၏။]
ဣမိနာ လက္ခဏေန၊ ဤလက္ခဏာဖြင့်။
ဣမိနာ လက္ခဏေန။ ။ ဤ ဉတ်ကို ဥပလက္ခဏနည်းအားဖြင့် ပြထားခြင်းဖြစ်သော ကြောင့် "ဣမိနာ လက္ခဏေန" ဟု ဆိုသည်၊ "ဣတ္ထန္နာမော" နေရာ၌ ဒေသနာပြောသူ၏ နာမည်တပ်ရဦးမည်၊ အာပတ်များလျှင် "အာပတ္တိယော" ဟု ဆိုရဦးမည်ကို လက္ခိတဗ္ဗ အဖြစ်ဖြင့် သိပါ-ဟူလို။
အာပတ္တိံ, ပဋိဂ္ဂဟေတွာ၊ ၍။
ဝတ္တဗ္ဗော၊ ထိုက်၏။
(ကိံ၊ နည်း။
တွံ၊ သည်။
အာပတ္တိံ၊ ကို။)
ပဿသိ၊ ရှု၏လော။
ဣတိ ဝတ္တဗ္ဗော၊ (ဒေသနာခံသူ၏ စကား။)
အာမ၊ မှန်ပါ။
ပဿာမိ၊ ရှုပါ၏။
ဣတိဝတ္တဗ္ဗော၊ (ဒေသနာပြောသူ၏ စကား။)
အာယတိံ၊ နောင်အခါ၌။
သံဝရေယျာသိ၊ စောင့်စည်းလော။
ဣတိ ဝတ္တဗ္ဗော၊ (ဒေသနာခံသူ၏ စကား။)
သာဓု၊ ကောင်းပါပြီ။
သုဋ္ဌု သံဝရိဿာမိ၊ ကောင်းစွာ စောင့်စည်းပါမည်။
ဣတိ ဝတ္တဗ္ဗော၊ (ဒေသနာ ပြောသူ၏ စကား။)
ပန၊ ဆက်။
ဒွီသုဝါ၊ ၂ ချက်သော အာပတ်တို့၌သော်လည်းကောင်း။
သမ္ဗဟုလာသုဝါ၊ များစွာသော အာပတ်တို့၌သော်လည်းကောင်း။
ပုရိမ နယေနေဝ၊ ရှေ့နည်းဖြင့်ပင်။
ဝစနဘေဒေါ၊ ဝုစ်အထူးအပြားကို။
ကာတဗ္ဗော၊ ထိုက်၏။
အာပတ္တိယာ၊ ကို။
ဒေသိတာယ၊ ဒေသနာ ပြောအပ်ပြီးသော်။
သုဏာတု မေ ၊ပေ၊ ဒဒေယျာတိ၊ ယျဟူ၍။
ဧဝံ၊ သို့။
နိသဋ္ဌစီဝရံ၊ စွန့်အပ်ပြီးသော သင်္ကန်းကို။
ဒါတဗ္ဗံ၊ ပြန်၍ ပေးထိုက်၏။
[ဘန္တေ၊ တို့ ။
ပေ၊ ဣဒံ စီဝရံ၊ ကို။
ဣတ္ထန္နာမဿ၊ သော။
ဘိက္ခုနော၊ သည်။
ဝါ၊ ၏။
နိသဂ္ဂိယံ၊ စွန့်အပ် စွန့်ထိုက်သော သင်္ကန်းသည်။
(ဟုတွာ၊ ၍။)
သံဃဿ၊ အား။
နိသဋ္ဌံ၊ စွန့်အပ်ပါပြီ။
သံဃဿ၊ ၏။
(ကမ္မံ၊ နိသဋ္ဌစီဝရ ဒါနကံသည်။)
ပေ၊ ဒဒေယျ၊ ပြန်၍ပေးရာပါ၏။]
ဒွီသုဝါ၊ ၂ ထည်သော သင်္ကန်းတို့ ၌သော်လည်းကောင်း။
ဗဟူသုဝါ၊ များစွာသော သင်္ကန်းတို့၌သော်လည်းကောင်း။
ဝစနဘေဒေါ ကာတဗ္ဗော။
ပန၊ ကား၊ (သံဃာအား စွန့်ပုံမှတစ်ပါး, ဂိုဏ်းအား စွန့်ပုံကား။)
ဂဏဿ၊ ၃ ပါး ဂိုဏ်းအား။
နိသဇ္ဇန္တေန၊ စွန့်လိုသော ရဟန်းသည်။
ဣမာဟန္တိဝါ၊ ဟံဟူ၍သော်လည်းကောင်း။
ဣမာနိ အဟန္တိဝါ၊ ဟံဟူ၍ သော်လည်းကောင်း။
ဝတွာ၊ ၍။
အာယသ္မန္တာနံ၊ တို့အား။
နိသဇ္ဇာမိ၊ ပါ၏။
ဣတိ ဝတ္တဗ္ဗံ၊ အာပတ္တိပဋိဂ္ဂါဟကေနာပိ၊ အာပတ်ကို ခံယူသော ရဟန်းသည်လည်း၊ (၃ ပါးတွင် အာပတ်ကို ခံယူသော တစ်ပါးက-ဟူလို။)
သုဏန္တု ၊ပေ၊ ပတ္တကလ္လန္တိ၊ ဟူ၍။
ဝတ္တဗ္ဗံ၊ လျှောက်ရာ၏။
စီဝရ ဒါနေပိ၊ နိသဋ္ဌသင်္ကန်းကို ပြန်ပေးရာ၌လည်း။
သုဏန္တု ၊ပေ၊ ဒဒေယျန္တိ၊ ယျုံဟူ၍။
ဝတ္တဗ္ဗံ၊ ဆိုရာ၏။
သေသံ၊ ကြွင်းသော အစီအရင်သည်၊ [အာပတ်အများ ဒေသနာ ကြားပုံ, သင်္ကန်း ၂ ထည်, သို့မဟုတ် အများကို ပြန်၍ပေးပုံ အစီအရင်သည်။]
ပုရိမသဒိသမေဝ၊ ရှေ့နည်းနှင့် တူသည်သာ။ ["သံဃာအား ဒေသနာကြားပုံ, သံဃာက ပြန်ပေးပုံနှင့် တူပြီ"-ဟူလို။]
ပန၊ ကား၊ (ဂိုဏ်းအား စွန့်ပုံမှတစ်ပါး, ပုဂ္ဂိုလ်အားစွန့်ပုံကား။)
ပုဂ္ဂလဿ၊ အား။
နိသဇ္ဇန္တေန၊ စွန့်သော ရဟန်းသည်။
ဣမာဟန္တိဝါ၊ ဟံဟူ၍သော်လည်းကောင်း။
ဣမာနိ အဟန္တိဝါ၊ ဟံဟူ၍သော်လည်းကောင်း။
ဝတွာ၊ ပြီး၍။
အာယသ္မ တော နိသဇ္ဇာမီတိ၊ မိဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏၊ [တစ်ထည်စွန့်လျှင် "ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိသဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ" ဟု ဆို၊ အများစွန့်လျှင်ကား- "ဣမာနိ မေ ဘန္တေ စီဝရာနိ ဒသာဟာတိက္ကန္တာနိ နိသဂ္ဂိယာနိ၊ ဣမာနာဟံ အာယသ္မတော နိသဇ္ဇာမိ" ဟု ဆိုလေ။]
နိသဇ္ဇိတွာ၊ စွန့်ပြီး၍။
အဟံ ၊ပေ၊ ပဋိဒေသေမီတိ၊ မိဟူ၍။
ဧဝံ၊ သို့။
ပေ၊ ပန၊ ဆက်။
နဝကာရော၊ သီတင်းငယ်သည်။
ပေ၊ အာဝုသောတိ၊ သောဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
တေနာပိ၊ ထိုဒေသနာခံသော ရဟန်းသည်လည်း။
ပဿသီတိဝါ၊ သိဟူ၍ သော်လည်းကောင်း၊ (အကြီးက အငယ်အား ဆိုပုံ။)
ပဿထာတိဝါ၊ ထဟူ၍ သော်လည်းကောင်း၊ (အငယ်က အကြီးအား ဆိုပုံ။)
ဝုတ္တေ၊ ဆိုအပ်ပြီးသော်။
အာမ ဘန္တေတိဝါ၊ သော်လည်းကောင်း။
အာမ အာဝုသောတိဝါ၊ သော်လည်းကောင်း။
ဝတွာ၊ ပြီး၍။
ပဿာမီတိ၊ မိဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
တတော၊ ထိုမှနောက်၌။
အာယတိံ သံဝရေယျာသီတိဝါ၊ ဟူ၍ သော်လည်းကောင်း။
ပေ၊ သာဓု, သုဋ္ဌု သံဝရိဿာမီတိ၊ မိဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
ဧဝံ၊ သို့။
အာပတ္တိယာ၊ ကို။
ဒေသိတာယ၊ ဒေသနာ ပြောအပ်ပြီးသော်။
ဣမံ ၊ပေ၊ ဒမ္မီတိ၊ မ္မိဟူ၍။
(ဝတွာ၊ ဆို၍။)
ဒါတဗ္ဗံ၊ ရာ၏။
ဒွီသုဝါ၊ ၂ ချက်သော အာတ်, ၂ ထည်သော သင်္ကန်းတို့၌သော်လည်းကောင်း။
တီသုဝါ၊ ၃ ချက်သော အာပတ်, ၃ ထည်သော သင်္ကန်းတို့၌သော်လည်းကောင်း။
ပုဗ္ဗေ၊ ရှေး၌။
ဝုတ္တာနုသာရေနေဝ၊ ဆိုအပ်ပြီးသောနည်းသို့ အစဉ်လိုက်သဖြင့်သာလျှင်။
နယော၊ ကို။
ဝေဒိ တဗ္ဗော၊ ၏။
ဒွီသုဝါ ၊ပေ၊ ဝေဒိတဗ္ဗော။ ။ [ဒွီသု တီသုဝါ အာပတ္တိသုစေဝ, ဒါတဗ္ဗစီဝရေသုစ- ပြန်ပေးထိုက်သော သင်္ကန်းတို့၌လည်းကောင်း၊-ဋီကာ၊] အာပတ် ၂ ပါးဖြစ်လျှင် "ဒွေ နိသဂ္ဂိယာနိ" ဟု ၃ ပါးကစ၍ များလျှင် "သမ္ဗဟုလာနိ နိသဂ္ဂိယာနိ ဟု ဆို၊ သင်္ကန်း၂ ထည်ကစ၍ အများဖြစ်လျှင် "ဣမာနိ စီဝရာနိ" ဟု ဆို၍ ပြန်ပေးပါ-ဟူလို။
ပန၊ ကား၊ (၁ ပါးအား စွန့်ပုံမှတစ်ပါး, ၂ ပါးအား စွန့်ပုံကား။)
ဂဏဿ၊ ၃ပါး ဂိုဏ်းအား။
နိသဇ္ဇိတဗ္ဗံ ယထာ၊ စွန့်ရာသကဲ့သို့။
ဧဝံ၊ ဤအတူ။
ဒွိန္နံ၊ ၂ ပါးတို့အား။
ဒွိန္နံ ပန။ ။သံဃာ, ၃ ပါးဂိုဏ်း, ပုဂ္ဂိုလ်တစ်ပါးအား စွန့်ပုံကို ပြပြီး၍, ၂ ပါးအား
စွန့်ပုံကို ပြလိုသောကြောင့် "ဒွိန္နံ ပန" ဟု မိန့်၊ ၃ ပါးဂိုဏ်းအား စွန့်သကဲ့သို့ ၂ ပါးဂိုဏ်းအား
"အာယသ္မန္တာနံ နိသဇ္ဇာမိ" ဟု ဆို၍ စွန့်ပါ။
နိသဇ္ဇိတဗ္ဗံ၊ ရာ၏။
တတော၊ ထို စွန့်ပြီးရာ အခါမှ၊ (နောက်၌။)
အာပတ္တိပဋိဂ္ဂဟဏဉ္စ၊ အာပတ်ကို ခံယူပုံကိုလည်းကောင်း။
နိသဋ္ဌစီဝရဒါနဉ္စ၊ စွန့်အပ်ပြီးသော သင်္ကန်းကို ပြန်ပေးပုံကိုလည်းကောင်း။
တေသံ၊ ထို ၂ ပါးတို့တွင်။
အညတရေန၊ တစ်ပါးပါးသော ရဟန်းသည်။
ဧကေန၊ သော။
ပုဂ္ဂလေန၊ သည်။
ကတံ ယထာ၊ ပြုအပ် သကဲ့သို့။
တထာ၊ ထို့အတူ။
ကာတဗ္ဗံ၊ ပြုရာ၏။
တတော ၊ပေ၊ ကာတဗ္ဗံ။ ။ ၃ ပါးဂိုဏ်းအား စွန့်ရာ၌ ဉတ်ထားပြီးမှ အာပတ်ကို ခံယူရ-စွန့်အပ်သော သင်္ကန်းကို ပြန်ပေးရသည်၊ ဤ ၂ ပါးအား စွန့်ရာ၌ကား ဉတ်ထားဖွယ် မလို၊ ဂိုဏ်းအား စွန့်ပုံအတိုင်း "ဣဒံ မေ ဘန္တေ ၊ပေ၊ အာယသ္မန္တာနံ နိသဇ္ဇာမိ" ဟု ဆို၍ စွန့်ရသည်၊ ထို ၂ ပါးတွင် တစ်ပါးက အာပတ်ကို ခံ၍ စွန့်အပ်သော သင်္ကန်းကို ပြန်ပေးရမည်။
ပန၊ ဆက်။
ဣဒံ၊ ဤအစီအရင်သည်။
သဗ္ဗနိသဂ္ဂိယေသု၊ အလုံးစုံသော နိသဂ္ဂိယတို့၌။
ဝိဓာနံ၊ အစီအရင်တည်း။
ဟိ၊ မှန်။
စီဝရံပတ္တော နိသီဒနန္တိ၊ စီဝရံ, ပတ္တော, နိသီဒနံဟူ၍။
ဝတ္ထုမတ္တမေဝ၊ ဝတ္ထုမျှသည်သာ။
ဝါ၊ ဝတ္ထုလောက်သာ။
နာနံ၊ ထူးတော့၏။
ပန၊ ကား။
ပရမ္မုခံ၊ မျက်ကွယ်၌။
ဝတ္ထု၊ သင်္ကန်းစံသော ဝတ္ထုကို။
ဧတန္တိ၊ ဧတံဟူ၍။
(ဝတွာ၊ ပြီး၍။)
နိသဇ္ဇိတဗ္ဗံ၊ ရာ၏။
ဗဟူနိ၊ များစွာသော ဝတ္ထုတို့သည်။
ပေ၊ ဧတာနီတိ၊ နိဟူ၍။
ဝတ္တဗ္ဗံ၊ ရာ၏။
နိသဋ္ဌဒါနေပိ၊ စွန့်အပ်ပြီးသော ဝတ္ထုကို ပြန်ပေးရာ၌လည်း။
ဧသေဝနယော၊ ပင်တည်း၊ ("ဧတံ, ဧတာနိ" ဟု သင့်သလို ဆိုရုံပင်-ဟူလို။)
နိသဋ္ဌဝတ္ထုံ၊ စွန့်အပ်ပြီးသော ဝတ္ထုကို။
ဣဒံ၊ ဤဝတ္ထုကို။
ဣမိနာ၊ ဤရဟန်းသည်။
မယှံ၊ အား။
ဒိန္နံ၊ ပေးအပ်ပြီ။
ဣတိ သညာယ၊ ဤသို့သော အမှတ်ဖြင့်၊ (တကယ် ပေးတာဘဲဟူသော အမှတ်ဖြင့်-ဟူလို။)
န ပဋိဒေန္တဿ၊ ပြန်မပေးသော ရဟန်း၏။
ပေ၊ တဿ၊ ထိုဥစ္စာရှင် ရဟန်း၏။
သန္တကဘာဝံ၊ ဥစ္စာ၏အဖြစ်ကို။
ဉတွာ၊ သိ၍၊ (သူ့ဥစ္စာမှန်း အသိသားနဲ့-ဟူလို။)
လေသေန၊ အနည်းငယ်သော အကြောင်းဖြင့်။
ဝါ၊ အမြွက်ထောင်သဖြင့်။
အစ္ဆိန္ဒန္တော၊ လုယူသော ရဟန်းကို။
သာမိကဿ၊ ဥစ္စာရှင် ရဟန်း၏။
ဓုရနိက္ခေပေန၊ ဝန်ချသဖြင့်။
ဘဏ္ဍံ၊ ဘဏ္ဍာကို။
အဂ္ဃါပေတွာ၊ အဖိုးပြတ်စေ၍။
ကာရေတဗ္ဗော၊ ပြုစေထိုက်၏။
ဝါ၊ ဆုံးဖြတ်ထိုက်၏။
ဣတိ၊ သာဓာရဏဝိနိစ္ဆယ အပြီးတည်း။
(ဣဒံ သိက္ခာပဒံ၊ ကို။)
ဝေသာလိယံ၊ ၌။
ဆဗ္ဗဂ္ဂိယေ၊ ယ ရဟန်းတို့ကို။
အာရဗ္ဘ၊ ၍။
အတိရေကစီဝရဓာရဏဝတ္ထုသ္မိံ၊ အပိုအလွန် သင်္ကန်းကို ဆောင်ခြင်းဟူသောအကြောင်းကြောင့်။
ပေ၊ အနိသဇ္ဇိတွာ၊ မစွန့်မူ၍။
ပရိဘုဉ္ဇန္တဿ၊ သုံးစွဲသော ရဟန်း၏။
ဒုက္ကဋံ (ဟောတိ၊) စ၊ ဆက်။
ဣဓ၊ ဤသိက္ခာပုဒ်၌။
(အနိသဇ္ဇိတွာ ပရိဘုဉ္ဇန္တဿ, ဒုက္ကဋံ၊ သည်။)
အနိသဇ္ဇိတွာ ၊ပေ၊ ဒုက္ကဋံ။ ။ နိသဂ္ဂိထိုက်နေသော သင်္ကန်းစသည်ကို ပြခဲ့သော ဝိနည်းထုံးစံအတိုင်း မစွန့်ဘဲ သုံးစွဲနေလျှင် "သကိံ နိဝတ္ထံဝါ သကိံ ပါရုတံဝါ ကာယတော အမောစေတွာ ဒိဝသမ္ပိ စရတိ, ဧကမေဝ ဒုက္ကဋံ-တစ်ကြိမ်ဝတ်ထားသော သင်္ကန်းကို ကိုယ်မှ မခွာလျှင် တစ်နေ့လုံး လှည့်လည်နေသော်လည်း ဝတ်တုန်းက ဒုက္ကဋ်တစ်ချက်သာ သင့်၏၊ ကိုယ်မှ ခွာ၍ ထပ်ကာထပ်ကာ ဝတ်လျှင်ကား "ပယောဂေ ပယောဂေ ဒုက္ကဋံ-ထပ်၍ဝတ်မှု ပယောဂတိုင်း ဒုက္ကဋ်အာပတ်များစွာ သင့်၏။
ဟောတိ ယထာ၊ ကဲ့သို့။
ဧဝံ၊ တူ။
သဗ္ဗတ္ထ၊ အလုံးစုံသော သိက္ခာပုဒ်တို့၌။
(အနိသဇ္ဇိတွာ ပရိဘုဉ္ဇန္တဿ ဒုက္ကဋံ ဟောတိ၊) တသ္မာ၊ ကြောင့်၊ (နိသဂ္ဂိယဝတ္ထုကို မစွန့်ဘဲ သုံးသူမှာ ဒုက္ကဋ်အာပတ် သင့်သည်၏ အဖြစ်ကြောင့်။)
နံ၊ ထိုဒုက္ကဋ်အာပတ်ကို။
ပရတော၊ နောက်သိက္ခာပုဒ်တို့၌။
န ဝက္ခာမ၊ မဆိုကုန်တော့အံ့။
ဒသာဟံ၊ ၁ဝ ရက်ကို။
အနတိက္ကန္တေပိ၊ မလွန်သေးပါသော်လည်း။
အတိက္ကန္တ သညိနော၊ ၁ဝ ရက်လွန်ပြီဟု အမှတ်ရှိသည်ဖြစ်၍။
(ပရိဘုဉ္ဇန္တဿ၊ သုံးစွဲသော ရဟန်း၏လည်းကောင်း။)
ဝေမတိကဿ၊ ဖြစ်သော ယုံမှားခြင်းရှိသည်ဖြစ်၍။
ပရိ ဘုဉ္ဇန္တဿစ၊ ၏လည်းကောင်း၊ [ဧတ္ထာပိ ပရိဘုဉ္ဇန္တဿာတိ အာနေတွာ သမ္ဗန္ဓိတဗ္ဗံ။]
ဒုက္ကဋံ (ဟောတိ)၊ ၁ဝ ရက်လွန်ပြီးသော သင်္ကန်း၌။
အတိက္ကန္တေ၊ ၁ဝ ရက်လွန်ပြီးသော သင်္ကန်း၌။
အတိက္ကန္တေ။ ။ ဒသာဟံ အတိက္ကန္တေ စီဝရေ "အတိက္ကန္တံ ဣဒံ"တိ ဧဝံ သညိနော၊ ဤအတိုင်း နိဿယ၌ ပေးထားသည်၊ ဒသာဟေဝါ အတိက္ကန္တေ "အတိက္ကန္တော ဒသာဟော"တိ ဧဝံ သညိနော၊ ဤအလို "အတိက္ကန္တေ-၁ဝ ရက်လွန်ပြီးလတ်သော်၊ အတိက္ကန္တသညိနော-၁ဝ ရက် လွန်ပြီဟု အမှတ်ရှိသော ရဟန်း၏လည်းကောင်း"ဟု ပေး။
အတိက္ကန္တ သညိနောပိ၊ ၁ဝ ရက်လွန်ပြီဟု အမှတ်ရှိသော ရဟန်း၏လည်းကောင်း။
အနတိက္ကန္တ သညိနောပိ၊ ၁ဝ ရက်မလွန်သေးဟု အမှတ်ရှိသော ရဟန်း၏လည်းကောင်း။
ဝေမတိကဿပိ၊ ဖြစ်သော ယုံမှားခြင်းရှိသော ရဟန်း၏လည်းကောင်း။
နိသဂ္ဂိယံ၊ စွန့်ခြင်းဝိနည်းကံရှိသော။
ပါစိတ္တိယမေဝ၊ ပါစိတ်အာပတ်သည်သာ။
(ဟောတိ၊ ၏။) [ထို ၃ မျိုးလုံးအတွက် နိသဂ္ဂိယပါစိတ်ချင်း တူသောကြောင့် "ပါစိတ္တိယ မေဝ" ဟု ဧဝထည့်သည်။]
အနဓိဋ္ဌိတာ ၊ပေ၊ ဝိလုတ္တေသု၊ အဓိဋ္ဌာန်မတင်အပ်သော သင်္ကန်း, ဝိကပ္ပနာ မပြုအပ်သော သင်္ကန်း, သူတစ်ပါးတို့အား မစွန့်လှူအပ်သော သင်္ကန်း, ခိုးသူအတွက် မပျောက်ပျက်သော သင်္ကန်း, ခြစသည်ကြောင့် မပျက်ပြားသော သင်္ကန်း, မီးမလောင်အပ်သော သင်္ကန်း, ဓားပြတို့ မလုယူအပ်သော သင်္ကန်းတို့၌။
အဓိဋ္ဌိတာ ဒိ သညိနော၊ အဓိဋ္ဌိတ အစရှိသည်ဟု အမှတ်ရှိသည်ဖြစ်၍။
အဓိဋ္ဌိတာဒိ။ ။ အာဒိဖြင့် ဝိကပ္ပိတ စသည်ကို ယူ၊ အနဓိဋ္ဌိတ၌ အဓိဋ္ဌိတ ဟု,
အဝိကပ္ပိတ၌ ဝိကပ္ပိတဟု, သူတစ်ပါးအား မစွန့်မလှူအပ်သော အဝိသဇ္ဇိတ၌ ဝိသဇ္ဇိတဟု, သူတစ်ပါး၏ သင်္ကန်းနှင့်အတူ ရော၍ ထားရာ၌ သူခိုး ခိုးသွားသောကြောင်းကြားရာ မိမိသင်္ကန်း ပါမသွားဘဲ အနဋ္ဌဖြစ်သော သင်္ကန်း၌ နဋ္ဌဟု, အတူထားသော သင်္ကန်းများကို ခြစားသည် (ကြွက်ကိုက်သည်) ဟု ကြားရာ, မိမိသင်္ကန်း မပျက်စီး၍ အဝိနဋ္ဌဖြစ်လျက် ဝိနဋ္ဌဟု, ဓားပြတိုက်ရာ၌ အဝိလုတ္တဖြစ်လျက် ဝိလုတ္တဟု မှတ်ထင်ခြင်းရှိသူကို "အဓိဋ္ဌိတာဒိသညီ"ဟု ဆိုသည်။
(ပရိဘုဉ္ဇန္တဿ၊ ၏။)
တထာ၊ ထို့အတူ နိသဂ္ဂိယပါစိတ်ပင်တည်း။
အန္တောဒသာဟံ၊ ၁ဝ ရက်အတွင်း၌။
အဓိဋ္ဌိတေ၊ အဓိဋ္ဌာန်တင်အပ်ပြီးသော သင်္ကန်း၌လည်းကောင်း။
ဝိကပ္ပိတေ၊ ဝိကပ္ပနာ ပြုအပ်ပြီးသော။
ပေ၊ ဝိသဇ္ဇိတေ၊ သူတစ်ပါးတို့အား စွန့်လှူအပ်သော။
ပေ၊ နဋ္ဌေ၊ ခိုးသူအတွက် ပျောက်ပျက်သော။
ပေ၊ ဝိနဋ္ဌေ၊ ခြ စသည်ကြောင့် ပျက်ပြားသော။
ပေ၊ ဒဍ္ဎေ၊ မီးလောင်အပ်သော။
ပေ၊ အစ္ဆိန္နေ၊ ဓားပြတို့ လုယူအပ်သော။
ပေ၊ ဝိဿာသေန၊ အကျွမ်းဝင်ခြင်းကြောင့်။
ဂဟိတေ၊ ယူအပ်သော သင်္ကန်း၌လည်းကောင်း။
(ပရိဘုဉ္ဇန္တဿ၊ ၏လည်းကောင်း။)
ဥမ္မတ္တကာဒီနံစ၊ တို့၏လည်းကောင်း။
အနာပတ္တိ။
အာစာရဝိပတ္တိ၊ တ္တိ တည်း။
စ၊ ဆက်။
ဣဒံ၊ ဤသိက္ခာပုဒ်သည်။
(အာစာရ ဝိပတ္တိ၊ သည်။)
ဟောတိ ယထာ၊ ကဲ့သို့။
ဧဝံ၊ တူ။
ဣတော၊ ဤပဌမကထိန သိက္ခာပုဒ်မှ။
ပရာနိပိ၊ နောက်သိက္ခာပုဒ်တို့သည်လည်း။
အာစာရဝိပတ္တိ၊ တ္တိသည်။
ဟောန္တိ၊ ကုန်၏၊ [ပရာနိပိကို ကြည့်၍ "ဟောန္တိ" ဟု ထည့်သည်။]
ဟိ၊ မှန်။
ဥဘတော ပါတိမောက္ခေသုပိ၊ ဘိက္ခု, ဘိက္ခုနီအားဖြင့် ၂ပါးသော ပါတိမောက်တို့၌လည်း။
ပါရာဇိကာနိစ၊ ပါရာဇိက အာပတ်တို့သည်လည်းကောင်း။
သံဃာဒိသေသာစ၊ သံဃာဒိသေသ် အာပတ်တို့သည်လည်းကောင်း။
သီလဝိပတ္တိ၊ တည်း။
သေသာ၊ ကြွင်းကုန်သော။
အာပတ္တိယော၊ တို့သည်။
အာစာရဝိပတ္တိ၊ တည်း။
အာဇီဝဝိပတ္တိဝါ၊ တ္တိ သော်လည်းဖြစ်သော။
ဒိဋ္ဌိဝိပတ္တိဝါ၊ တ္တိ သော်လည်းဖြစ်သော။
ကာစိ၊ တစ်စုံ တစ်ခုသော။
အာပတ္တိနာမ၊ မည်သည်။
နတ္ထိ၊ မရှိ။
ပန၊ ထိုသို့ပင် အာဇီဝဝိပတ္တိ, ဒိဋ္ဌိဝိပတ္တိအာပတ် မရှိပါသော်လည်း။
အာဇီဝဝိပတ္တိပစ္စယာ၊ တ္တိဟူသောအကြောင်းကြောင့်။အာဇီဝဝိပတ္တိပစ္စယာ ပန။ ။ အာဇီဝဝိပတ္တိ သိက္ခာပုဒ်, ဒိဋ္ဌိဝိပတ္တိ သိက္ခာပုဒ်ဟူ၍ တိုက်ရိုက် မရှိ၊ သို့သော် အာဇီဝဝိပတ္တိကို အကြောင်းပြု၍ ပညတ်အပ်သော (အာပတ်) သိက္ခာပုဒ်ကား ဒုဗ္ဘာသိတကို ချန်၍ "ပါရာဇိက" စသောအားဖြင့် ၆ ပါးရှိ၏၊ ဒိဋ္ဌိဝိပတ္တိကို အကြောင်းပြု၍ ပါစိတ်နှင့် ဒုက္ကဋ်ဟု ၂ မျိုးရှိ၏၊ ချဲ့ဦးအံ့-စတုတ္ထပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မမူမီက ရဟန်းတို့၏ အသက်မွေးမှု (အာဇီဝ) ချောင်လည်အောင် "မည်သူသည် ဈာန်ရ၏၊ မဂ်ရ၏" စသည်ဖြင့် မုသားပြော၍ ဆွမ်းကို ရှာမှီးကြကုန်၏၊ ထိုမုသားပြောမှုကား အာဇီဝဝိပတ္တိတည်း၊ ထိုအာဇီဝ ပျက်မှုကို အကြောင်းပြု၍ စတုတ္ထပါရာဇိကကို ပညတ် တော်မူသည်။
(၂) သဉ္စရိတ္တသံဃာဒိသေသ်, (၃) "သင်၏ ကျောင်း၌နေသော ရဟန်းသည် ရဟန္တာ တည်း"ဟု သွယ်ဝိုက်၍ ပြောမှုကြောင့် ထုလ္လစ္စဉ်း, (၄) ပဏီတဘောဇနပါစိတ်, (၅) ဘိက္ခုနီ အတွက် ပဏီတဘောဇနပါဋိဒေသနီ, (၆) သေခိယ၌ သူပေါဒနဝိညတ္တိဒုက္ကဋ်, ဤအာပတ်များ လည်း အာဇီဝဝိပတ္တိကို အကြောင်းပြု၍ ပညတ်အပ်သော သိက္ခာပုဒ်များတည်း၊ အရိဋ္ဌသိက္ခာ ပုဒ်၌ အရိဋ္ဌ၏ မိစ္ဆာအယူကို မစွန့်ခြင်းသည် ဒိဋ္ဌိဝိပတ္တိ (အယူပျက်ခြင်း) တည်း၊ ထိုဒိဋ္ဌိကို စွန့်ဖို့ရန် ဉတ်ကမ္မဝါစာဖြင့် ဆုံးမသောအခါ ဉ တ်ကြောင့် ဒုက္ကဋ်, ကမ္မဝါစာကြောင့် ပါစိတ် အာပတ်သင့်၏၊ ဤ ၂ မျိုးသည် ဒိဋ္ဌိဝိပတ္တိကို အကြောင်းပြု၍ ပညတ်အပ်သော အာပတ် တို့တည်း။ ဒုဗ္ဘာသိတံ၊ တ အာပတ်ကို။
ထပေတွာ၊ ထား၍။
ဆ၊ ကုန်သော။
အာပတ္တိက္ခန္ဓာ၊ အာပတ်အစုတို့ကို။
ပညတ္တာ၊ ပညတ်တော်မူအပ်ကုန်ပြီ။
ဒိဋ္ဌိဝိပတ္တိ ပစ္စယာ၊ ကြောင့်။
ပါစိတ္တိယဒုက္ကဋဝသေန၊ ပါစိတ် ဒုက္ကဋ်တို့၏ အပြားအားဖြင့်။
ဒွေ၊ ကုန်သော။
အာပတ္တိက္ခန္ဓာ၊ တို့ကို။
ပညတ္တာ၊ ကုန်ပြီ။
ဣတိ ဣဒံ၊ ဤ ဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤဝိပတ္တိကထာတို့၌၊ ["ဧတ္ထာတိ-ဝိပတ္တိကထာသု ဋီကာ။]
လက္ခဏံ၊ မှတ်ကြောင်း စကားတည်း။
ဝါ၊ မှတ်ချက်တည်း။
ဣတိ၊ ဤစကားအစဉ်ဖြင့်။
ဝိပတ္တိ ကထာ၊ သည်။
ဣဓေဝ၊ ဤသိက္ခာပုဒ်၌ပင်။
နိဋ္ဌိတာ၊ ပြီးပြီ။
ဣတိ၊ ထို့ကြောင့်။
နံ၊ ထို ဝိပတ္တိကထာကို။
ဣတော၊ ဤသိက္ခာပုဒ်မှ။
ပရံ၊ နောက်၌။
န ဝိစာရယိဿာမ၊ မစိစစ်ကုန်တော့အံ့။
ဇာတိပမာဏသမ္ပန္နဿ၊ ဇာတ်နှင့်ပြည့်စုံ, ပမာဏနှင့်ပြည့်စုံသော။
စီဝရဿ၊ ၏။
အတ္တနော၊ ၏။
သန္တကတာ၊ ဥစ္စာ၏ အဖြစ်လည်းကောင်း။
ဇာတိပမာဏ ၊ပေ၊ သန္တကတာ။ ။ ခေါမ, ကောသေယျ-စသော သင်္ကန်းအမျိုး အစားတွင် ပါဝင်သည်ကို "ဇာတိသမ္ပန္န" ဟု ခေါ်၏၊ အငယ်ဆုံး အလျားတစ်တောင် အနံ တစ်ထွာရှိသော အဝတ်ကို "ပမာဏသမ္ပန္န"ဟု ခေါ်၏၊ ထိုအဝတ်၏ ကိုယ့်ဥစ္စာဖြစ်ခြင်း။
ဂဏနုပဂတာ၊ အရေအတွက် လောက်သည်၏ အဖြစ်လည်းကောင်း။
ဂဏနုပဂတာ။ ။ "သင်္ကန်းရရာ ရက်"ဟု ရက်အရေအတွက်သို့ ရောက်သည်ကို "ဂဏနာ+ဥပဂ-အရေအတွက်သို့ ရောက်သောသင်္ကန်း"ဟု ဆိုသည်၊ သူတစ်ပါးလက်၌ အပ်၍ အဝေးမှ လှူလိုက်သဖြင့် မိမိဥစ္စာဖြစ်ပြီးပါသော်လည်း မိမိမသိသေးသမျှ ရက်တွေသည် ဂဏနုပဂ မဟုတ်သေး၊ မိမိထံ ရောက်ရာရက်မှ စ၍လည်းကောင်း, မိမိအား လှူလိုက်ကြောင်း သိရာရက်မှ စ၍ လည်းကောင်း, "သင်္ကန်းရရာရက်"ဟု အရေအတွက်ပြုရသည်။
ဆိန္နပလိဗောဓဘာဝေါ၊ ပြတ်ပြီးသော ပလိဗောဓရှိသည်၏ အဖြစ်လည်းကောင်း။
ဆိန္နပလိဗောဓဘာဝေါ။ ။ ပြခဲ့သောနည်းဖြင့် အာဝါသပလိဗောဓ, စီဝရပလိဗောဓ ၂ မျိုးလုံး ပြတ်စဲပြီး ဖြစ်ခြင်း, ... အတိရေကစီဝရတာ-ဒသာဟာတိတ္တမောတို့ ထင်ရှားပြီ၊ အကျယ်ကို ပါတိမောက်ဘာသာဋီကာမှာ ရှုပါလေ။
အတိရေကစီဝရတာ၊ အဓိဋ္ဌာန် ဝိကပ္ပနာပြုအပ်သော သင်္ကန်းမှ ပိုလွန်သော သင်္ကန်း၏ အဖြစ်လည်းကောင်း။
ဒသာဟာတိက္ကမော၊ ၁ဝ ရက်ကိုလွန်ခြင်းလည်းကောင်း။
ဣတိ၊ သို့။
ဣမာနိ ပဉ္စ၊ တို့သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
အင်္ဂါနိ၊ တို့တည်း။
ပေ၊ ဣတိ၊ သာဓာရဏ ဝိနိစ္ဆယ အပြီးတည်း။
နိသဂ္ဂိယေ၊ ယ သိက္ခာပုဒ်၌။
ဝါ၊ တွင်။
ပဌမံ၊ ပဌမသိက္ခာပုဒ်သည်၊ နိဋ္ဌိတံ-ပြီ။