Issues
Select Version
AI-汉译-Nissaya
简体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

10. Pathavīkhaṇanasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒသမေ၊ ၌။ ပထဝိန္တိ (ဧတ္ထ)၊ ဤ ပါဌ်၌။ (လဗ္ဘမာနာ၊ သံဝဏ္ဏနာအဖြစ်ဖြင့် ရသင့်ရထိုက်သော။) ပထဝီ၊ ‌မြေသည်။ ဇာတပထဝီ၊ ဝီလည်းကောင်း။ *ဝါ*၊ ဖြစ်ပြီးသောမြေလည်းကောင်း။ [ဇာယိတ္ထာတိ ဇာတာ၊ ဇာတာ စ+သာ+ပထဝီ စာတိ- ဇာတပထဝီ။] အဇာတပထဝီ၊ ဝီလည်းကောင်း။ *ဝါ*၊ မဖြစ်သေးသော ‌မြေလည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဓာ၊ ၂ ပါးအပြားရှိ၏။
တတ္ထ၊ ထို၂ပါးတို့တွင်။ ဇာတပထဝီ၊ ဝီသည်။ သုဒ္ဓမိဿပုဉ္ဇဝသေန၊ သုဒ္ဓပထဝီ, မိဿပထဝီိ, ပုဉ္ဇပထဝီတို့၏ အပြားအားဖြင့်။ တိဝိဓာ၊ ၏။ တတ္ထ၊ ထို ၃ ပါးတို့တွင်။ ပကတိယာ၊ ပင်ကိုယ်အားဖြင့်။ သုဒ္ဓပံသု ဝါ၊ သက်သက်သော မြေမှုန်သည်လည်းကောင်း။ *ဝါ*၊ ဖုံသည်လည်းကောင်း။ သုဒ္ဓမတ္တိကာ ဝါ၊ သက်သက်သောမြေညက်သည်လည်းကောင်း။ သုဒ္ဓပထဝီ နာမ၊ ဝီမည်၏။ *ဝါ*၊ ပါသာဏစသည်နှင့်မဖက်, သက်သက်သော‌‌မြေ မည်၏။
ယတ္ထ၊ အကြင်မြေ၌။ ပံသုတော ဝါ၊ မြေမှုန်မှသော်လည်းကောင်း။ မတ္တိကတော ဝါ၊ ‌မြေညက်မှသော်လည်းကောင်း။ ပါသာဏ။ ပေ။ ဝါလုကာသု၊ ကျောက်ခဲ, ကျောက်စရစ်, အိုးခြမ်း, ကျောက်ပြုတ်, သဲတို့တွင်။ ပါသာဏ၊ ပေ၊ ဝါလိကာသု ။ ။မုဋ္ဌိပ္ပမာဏတော ဥပရိ ပါသာဏောတိ ဝေဒိတဗ္ဗော၊ မုဋ္ဌိပ္ပမာဏာသက္ခရာ၊ ကထလာတိ ကပါလခဏ္ဍာနိ၊ မရုမ္ပာတိ ကဋသက္ခရာ၊ ဝါလိကာ ဝါလိကာယေဝ- လက်ဆုပ်ပမာဏအထက်ကို ပါသာဏ(ကျောက်ခဲ)ဟုခေါ်၊ လက်ဆုပ်ပမာဏရှိလျှင် ကျောက်စရစ်ဟု ခေါ်၊ အိုးကွဲ၏ အပိုင်းအစတို့ကို (အိုးခြမ်းကွဲ) ဟုခေါ်၊ ကျောက်ပြုတ် (ကျောက်သေး) ကို မရုမ္ပဟု ခေါ်၊ ဝါလိကာဟူသည် ဝါလိကာပင်တည်း၊ (ပရိယာယ်အထူးမရှိ-ဟူလို။) အညတရဿ၊ တစ်မျိုးမျိုး၏။ တတိယဘာဂေါ၊ ၃ခုမြောက်တစ်ဖို့သည်။ *ဝါ*၊ ၃ ဖို့ ၁ ဖို့သည်။ ဟောတိ၊ ရှိ၏။ (သာ၊ ထိုမြေသည်။) မိဿပထဝီ နာမ၊ မိဿပထဝီ မည်၏။ *ဝါ*၊ ပါသာဏစသည်နှင့် ရောသော‌မြေမည်၏။
အတိရေကစတုမာသံ၊ ၄ လထက်အလွန်။ ဩဝဋ္ဌော၊ မိုးစွတ်အပ်သော။ (မိုးတစ်ကြိမ်စွတ်ပြီးနောက် ၄လ ကြာသော-ဟူလို။) ပံသုပုဉ္ဇော ဝါ၊ မြေမှုန်ပုံသည်လည်းကောင်း။ မတ္တိကာပုဉ္ဇော ဝါ၊ မြေညက်ပုံသည်လည်းကောင်း။ ပုဉ္ဇပထဝီ နာမ၊ ဝီ မည်၏။ *ဝါ*၊ အပုံမြေ မည်၏။ ဣတိ၊ သို့။ ဝုတ္တံ၊ ပဒဘာဇနီ၌ ဟောတော်မူအပ်ပြီ။ (တစ်နည်း) ဝုတ္တံ၊ သီဟို၌ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ [ဝုတ္တံတိ ပဒဘာဇနိယံ၊ သီဟဠဋ္ဌကထာယမေဝ ဝါ ဝုတ္တံ၊ ပါဠိတော်မှာ... ဤအတိုင်း တိုက်ရိုက်မရှိသောကြောင့် "သီဟဠဋ္ဌကထာယ မေဝ ဝါ"ဟု တစ်နည်း ဆိုသည်။] ပန၊ ဆက်။ ဝုတ္တလက္ခဏေန၊ ဆိုအပ်ပြီးသောလက္ခဏာဖြင့်။ (ပါသာဏ စသည် ၄ ဖို့ ၁ ဖို့ပါသော လက္ခဏာဖြင့်-ဟူလို။) မိဿပုဉ္ဇောပိ၊ ရော‌နှောအပ်သော အပုံသည်လည်းကောင်း။ စ၊ သည်သာမကသေး။ ပိဋ္ဌိပါသာဏေ၊ ကျောက်ဖျာ၌။ ဌိတသုခုမရဇံပိ၊ တည်သော သိမ်မွေ့သော မြူမှုန်သည်လည်းကောင်း။ ပိဋ္ဌိ၊ ပေ၊ ဌိတသုခုမရဇမ္ပိ ။ ။ဤမြူမှုန်သည် တစ်ကြိမ်မိုးစွတ်၍ ၄လကြာလျှင် ပုဉ္ဇပထဝီဖြစ်သကဲ့သို့ ပန်းအိုးစသည်၌ တည်သော ‌မြေညက်လည်း တစ်ကြိမ်မိုးစွတ်၍ ၄လကြာလျှင် ပုဉ္ဇပထဝီ ဖြစ်တော့၏။ ဒေဝေ၊ မိုးသည်။ ဖုသာယန္တေ၊ ရွာလတ်သော်။ သကိံ၊ တစ်ကြိမ်။ တိန္တံ၊ မိုးစွတ်အပ်သည်။ (သမာနံ၊ ဖြစ်လတ်သော်။) စတုမာသစ္စယေန၊ ၄ လလွန်သဖြင့်။ တိန္တောကာသော၊ မိုးစွတ်အပ်သော အရပ်သည်။ ပုဉ္ဇပထဝီသင်္ခမေဝ၊ ပုဉ္ဇပထဝီဟု ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့သာ။ ဂစ္ဆတိ၊ ရောက်၏။
စ၊ ဆက်။ တိဝိဓာပိ၊ ၃ပါးအပြားရှိသည်လည်းဖြစ်သော။ ဧသာ ပထဝီ၊ ဤမြေကို။ (ဝုစ္စတိ၌စပ်။) ဥဒ္ဓနပတ္တပစနာဒိဝသေနဝါ၊ ဖိုခနောက်ထားခြင်း, သပိတ်ဖုတ်ခြင်းအစရှိသည်တို့၏အစွမ်းဖြင့်သော်လည်းကောင်း။ ယထာ တထာ ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာအားဖြင့်သော်လည်းကောင်း။ အဒဍ္ဎာ၊ မီးမလောင်အပ်သောမြေကို။ ဇာတပထဝီတိ၊ ဇာတပထဝီဟူ၍။ ဝုစ္စတိ၊ ၏။ ပန၊ ကား။ ဒဍ္ဎာ၊ မီးလောင်အပ်သောမြေသည်လည်းကောင်း။ ဝုတ္တပ္ပမာဏတော၊ ဆိုအပ်ပြီးသော ၃ဖို့ ၁ဖို့ ပမာဏထက်။ အဓိကတရပါသာဏာဒိမိဿာ ဝါ၊ ပိုလွန်သော ပါသာဏ အစရှိသည်တို့နှင့်ရောသောမြေသည်လည်းကောင်း။ အဇာတပထဝီ နာမ၊ ဝီမည်သည်။ ဟောတိ၊ ၏။ သုဒ္ဓပါသာဏာဒိဘေဒါယ၊ သုဒ္ဓပါသာဏအစရှိသော အပြားရှိသောမြေ၏။ သုဒ္ဓပါသာဏာဒိဘေဒါယ ။ ။သုဒ္ဓေါ+ပါသာဏော သုဒ္ဓပါသာဏော၊ သော+အာဒိ ယဿာတိ သုဒ္ဓပါသာဏာဒိ၊ အာဒိသဒ္ဒေန သုဒ္ဓသက္ခရာဒီနံ ဂဟဏံ၊ သုဒ္ဓပါသာဏာဒိ+ဘေဒေါ ယဿာတိ သုဒ္ဓပါသာဏာဒိဘေဒါ (ပထဝီ)၊ [ဋီကာဝိဂ္ဂဟပြုပုံနှင့် မတူတတ်ပါ။] (အဇာတပထဝီဘာဝေ၊ အဇာတပထဝီ၏အဖြစ်၌။) ဝါဒေါ၊ ပြောဆိုဖွယ်သည်။ ကော ပန၊ အဘယ်မှာ ရှိတော့အံ့နည်း။ (တစ်နည်း) ကော ပန ဝါဒေါ၊ ဘာပြောဖွယ် ရှိတော့အံ့နည်း။
တတ္ထ၊ ထိုမြေတို့တွင်။ ယာ၊ အကြင်မြေကို။ ဇာတပထဝီတိ၊ ဝီဟူ၍။ ဝုတ္တာ၊ ဆိုအပ်ပြီ။ အယံ၊ ဤမြေသည်။ အကပ္ပိယပထဝီ၊ ဝီတည််း။ *ဝါ*၊ တူးဖို့ရန် မအပ်သောမြေတည်း။
ယော ဘိက္ခု၊ သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ တံ ပထဝိံ၊ ထိုဇာတပထဝီကို။ သယံ၊ ကိုယ်တိုင်။ ခဏတိ၊ တူးအံ့။ သယံ ခဏတိ ။ ။ယော အန္တမသော ပါဒင်္ဂုဋ္ဌကေနပိ (ခြေမဖြင့်လည်း) ခဏတိ-တူး၏ (နှိုက်၏)၊ ဥဒကံပိ ဆဋ္ဋေန္တော ဘိန္ဒတိ- ပျက်စေလိုသော စိတ်ဖြင့် ရေသွန်လျက် ဖျက်ဆီး၏၊ [ကျင်ငယ်ကိုမျှ ပြင်းပြင်း မစွန့်ရ၊] ပါဒင်္ဂဋ္ဌပေနပိ ဝိလိခတိ (ရေးခြစ်၏)၊ ပတ္တံပိ ပစန္တော ဒဟတိ (သပိတ်ဖုတ်ရင်းလည်း မီးတိုက်၏)၊ သော သဗ္ဗော ခဏတိယေဝ- ထိုအားလုံးသည် ခဏတိ မည်သည်သာ၊ တေနဟ- "ခဏန၊ ပေ၊ ဝိကောပေတိ" ဟု ခဏတိကို အကျယ်ထပ်၍ ဖွင့်သည်။ ခဏနဘေဒနဝိလေခနပစနာဒီဟိ၊ တူးခြင်း, ဖျက်ခြင်း, ခြစ်ခြင်း, မီးတိုက်ခြင်း အစရှိသည်တို့ဖြင့်။ ဝိကောပေတိ၊ ပျက်စီးစေအံ့။ *ဝါ*၊ ဖျက်ဆီးအံ့။ တဿ၊ ထိုရဟန်း၏။ ပယောဂဂဏနာယ၊ ပယောဂအရေအတွက်အားဖြင့်။ ပါစိတ္တိယံ (ဟောတိ)။ [တူးဖျက်ရာ၌ ပယောဂများသလောက် ပါစိတ်အာပတ်များ၏-ဟူလို]
ပန၊ ကား။ ယော၊ အကြင်ရဟန်းသည်။ ခဏာပေတိ၊ တူးစေအံ့။ ဝုတ္တနယေနေဝ၊ ပင်။ [ခဏနဘေဒနဝိလေခနပစနာဟီတိ ဝုတ္တေနေဝ နယေန။] ဝိကောပါပေတိ၊ ပျက်ပစေဟု စေခိုင်းအံ့။ *ဝါ*၊ ဖျက်ဆီးစေအံ့။ (ကာရိတ် ၂ ချက်ဆင့်။) တဿ၊ ထိုရဟန်း၏။ (အာဏတ္တိယာ၌စပ်။) *ဝါ*၊ သည်။ (အာဏာပေန္တဿ၌စပ်။) ဣမံ ပဒေသံတိ ဝါ၊ ဤအရပ်ကိုဟူ၍သော်လည်းကောင်း။ ဣမံ ပထဝိံတိ ဝါ၊ ဤမြေကိုဟူ၍သော်လည်းကောင်း။ နိယမေတွာ၊ သတ်မှတ်၍။ ဣမံ ပဒေသံ၊ ပေ၊ နိယမေတွာ ။ ။နေရာကို သတ်မှတ်၍ "ဤအရာကို တူးလော့", မြေကို သတ်မှတ်၍ "ဤမြေကို တူး‌လော့" ဤသို့ စသည်ဖြင့် ခိုင်းလျှင် ခိုင်းခြင်းကြောင့် ဒုက္ကဋ်, ခိုးအပါသူ၏ တူးခြင်း ပယောဂကြောင့် ခိုင်းသူမှာ ပါစိတ်အာပတ်။ ခဏ၊ တူးလော့။ ဘိန္ဒ၊ ဖြိုလော့။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ အာဏာပေန္တဿ၊ စေခိုင်းလတ်သော်။ [တစ်နည်း အာဏာ‌ပေန္တဿ၊ စေခိုင်းသော။ တဿ၊ ထိုရဟန်း၏။] အာဏတ္တိယာ၊ စေခိုင်းခြင်း‌ကြောင့်။ ဒုက္ကဋံ (ဟောတိ)။ သကိံ၊ တစ်ကြိမ်။ အာဏတ္တေ၊ စေခိုင်းအပ်သူသည်။ ဒိဝသံပိ၊ တစ်နေ့ပတ်လုံးလည်း။ ခဏန္တေ၊ တူးလတ်သော်။ အာဏာပကဿ၊ စေခိုင်းသောရဟန်း၏။ ဧကမေဝ၊ တစ်ချက်သာလျှင်ဖြစ်သော။ ပါစိတ္တိယံ၊ သည်။ (ဟောတိ)။ ဣတရော၊ စေခိုင်းအပ်သူမှတစ်ပါးသော စေခိုင်းတတ်သော ရဟန််းသည်။ ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကာ။ သစေ အာဏာပေတိ၊ အကယ်၍ စေခိုင်းအံ့။ (ဧဝံ သတိ)။ ဝါစာယ ဝါစာယ၊ စကားခွန်းတိုင်း စကားခွန်းတိုင်းအားဖြင့်။ ပါစိတ္တိယံ (ဟောတိ)။
ပေ။ အာဠဝိကေ၊ အာဠဝီမြို့၌ နေကုန်သော။ ပေ။ သာဏတ္တိကံ၊ တည်း။ ပထဝိယာ၊ အကပ္ပိယမြေ၌။ ဝေမတိကဿ၊ ၍။ (ခဏန္တဿ၊ ကိုယ်တိုင်တူးသော ရဟန်း၏လည်းကောင်း။ ခဏာ‌ပေန္တဿ၊ သူတစ်ပါးကို တူးစေသောရဟန်း၏လည်းကောင်း။) အပထဝိယာ၊ အကပ္ပိယမြေ မဟုတ်သည်၌။ ပထဝိသညိနော စေဝ၊ အကပ္ပိယမြေဟု အမှတ်ရှိသည်ဖြစ်၍သော်လည်းကောင်း။ ဝေမတိကဿ စ၊ သော်လည်းကောင်း။ (ခဏန္တဿ၊ ၏လည်းကောင်း။ ခဏာပေန္တဿ၊ ၏လည်းကောင်း။) ဒုက္ကဋံ (ဟောတိ)။
ဩကာသံ၊ အရပ်ကို။ အနိယမေတွာ၊ မသတ်မှတ်မူ၍။ ဩကာသံ အနိယမေတွာ ။ ။နေရာအရပ်, တူးဖို့ရာ မြေကို မသတ်မှတ်ဘဲ "ရေကန်တူးလော့" စသည်ဖြင့် ခိုင်း၏၊ ထို့သို့ ခိုင်းရာ၌ "မည်သည့်နေရာ၌ တူးလော့" ဟု ‌သတ််မှတ်မှုမပါသောကြောင့် အနာပတ္တိ။ ပေါက္ခရဏိံ၊ ရေကန်ကို။ ခဏ၊ တူးလော့။ အာဝါဋံ၊ တွင်းကို။ ခဏ၊ တူးလော့။ ကန္ဒံ၊ သစ်ဥ သစ်ဖုကို။ ခဏ၊ တူးလော့။ ဣတိအာဒီနိ၊ ဤသို့ အစရှိသောစကားတို့ကို။ ဘဏန္တဿ၊ ၏လည်းကောင်း။ ဟေဋ္ဌာ ပထဝိယာ၊ အောက်မြေသားနှင့်။ အသမ္ဗဒ္ဓံ၊ မစပ်သော။ အာတပေန၊ နေပူကြောင့်။ သုဿိတွာ၊ ခြောက်၍။ ဖလိတကဒ္ဒမံ ဝါ၊ ကွဲသော ညွန်ချပ်လွှာလည်းကောင်း။ (ဣတိ၌ စပ်။) ‌ဂေါကဏ္ဋကံ ဝါ၊ နွားခွာဖြင့် ဖြတ်အပ်သည် ဖြစ်၍ဆူးထသော ညွန်တည်း။ ဖလိတ၊ ပေ၊ ‌ဂေါကဏ္ဋကံဝါ ။ ။["နေပူ၍ ကွဲသောညွန်" ဟူရာ၌ အောက်မြေသားနှင့် အဆက်ပြတ်၍ ကွဲနေသော ညွန်တည်း၊] "အာတပေန သုက္ခကဒ္ဒမော စ ဖလတိ" တတြယော ဟေဋ္ဌာ ပထဝိယာ အသမ္ဗဒ္ဓေါ၊ တမေဝ အပနေတုံ (ဖယ်ရှားခြင်းငှာ) ဝဋ္ဋတိ၊ ဧသနယော‌ဂေါကဏ္ဋကေပိ၊ တေနာဟ- အာတပေန၊ ပေ၊ အသမ္ဗဒ္ဓန္တိ၊ ဂေါကဏ္ဋက- ဟူသည် ရွှံ့ပျော့ထဲ၌ သွားသော နွားတို့၏ ခွာဖြင့် ဖြတ်အပ်သည်ဖြစ်၍ နေရာရွေ့သွားသော ညွန်တည်း။ လိဇ္ဇိတွာ၊ ကွဲ၍။ ပတိတနဒီတဋံ ဝါ၊ ပြိုကျသော မြစ်ကမ်းပါးလည်းကောင်း။ မဟန္တံပိ၊ ကြီးသည်လည်းဖြစ်သော။ နင်္ဂလစ္ဆိန္နမတ္တိကာပိဏ္ဍံဝါ၊ ထယ်ဖြင့် ဖြတ်အပ်သော ‌မြေစိုင်ခဲလည်းကောင်း။ *ဝါ*၊ ထယ်ချေး(ချီး)ခဲလည်းကောင်း။ ဣတိ၊ သို့။ ဧဝမာဒီနိ၊ ဤသို့ အစရှိသော မြေတို့ကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ အဇာတပထဝိံ စ၊ အဇာတပထဝီကိုလည်းကောင်း။ ဝိကော‌ပေန္တဿ (စ)၊ ဖျက်ဆီးသော ရဟန်း၏လည်းကောင်း။ [ဥမ္မတ္တကာဒီနံ စမှ စကို လိုက်စေ။] ဣမဿ ထမ္ဘဿ၊ ဤတိုင်၏ (ဤတိုင်စိုက်ဖို့)။ အာဝါဋံ၊ တွင်းကို။ ဇာန၊ သိစမ်းလော့။ မတ္တိကံ၊ မြေညက်ကို။ ဒေဟိ၊ ပေးစမ်းလော။ မတ္တိကံ၊ ကို။ အာဟရ၊ ဆောင်ခဲ့စမ်းလော့။ မေ၊ အား။ ပံသုနာ၊ မြေမှုန်ဖြင့်။ အတ္ထော၊ အလိုရှိ၏။ မတ္တိကံ၊ မြေညက်ကို။ ကပ္ပိယံ၊ အပ်အောင်။ ကရောဟိ၊ ပြုလော့။ (တစ်နည်း) ကပ္ပိယံ က‌ရောဟိ၊ ကပ္ပီစမ်းလော့။ ဣတိ၊ ဤသို့။ ဘဏန္တဿ (စ)၊ ပရိယာယ်ဖြင့် ပြောသောရဟန်း၏လည်းကောင်း။ အသဉ္စိစ္စ၊ သညာနှင့်တကွ မစေ့ဆော်မူ၍။ ရုက္ခာဒိပဝဋ္ဋနေန၊ သစ်တုံးအစရှိသည်ကို လှိမ့်ခြင်းဖြင့်။ ဘိန္ဒန္တဿ(စ)၊ ဖျက်မိသော ရဟန်း၏လည်းကောင်း။ [သစ်တုံးကို လှိမ့်ရာ၌ မြေပျက်၏၊ တောင်ဝှေးဖြင့် ထောက်၍ သွားရာ၌လည်း‌ မြေပျက်၏၊ သို့သော် ပျက်စေလိုသော စေတနာမရှိသောကြောင့် အသဉ္စိစ္စ အနာပတ်တည်း။] အဿတိယာ၊ သတိမရှိသဖြင့် (အမှတ်တမဲ့)။ အဿတိယာ ။ ။သတိမထားဘဲ ခြေမ စသည်ဖြင့် အမှတ်တမဲ့ ခြစ်သူမှာသာ အနာပတ္တိ၊ တချို့ကား မြေပေါ်၌ ကျောင်းပုံစံ ရေး၍ ပြတတ်ကြ၏၊ ထိုပြမှု၌ကား အဿတိယာ မဟုတ်သဖြင့် အာပတ်သင့်သည်သာ။ ပါဒင်္ဂုဋ္ဌကာဒီဟိ၊ ခြေမ အစရှိသည်တို့ဖြင့်။ ဝိလေခန္တဿ (စ)၊ ခြစ်မိသော ရဟန်း၏လည်းကောင်း။ ဇာတပထဝိဘာဝံ ဝါ၊ ဝီ၏အဖြစ်ကိုလည်းကောင်း။ အဟံ၊ ငါသည်။ ခဏာမိ၊ တူး၏။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ အဇာနန္တဿ (စ)၊ ၏လည်းကောင်း။ ဥမ္မတ္တကာဒီနဉ္စ၊ တို့၏လည်းကောင်း။ အနာပတ္တိ၊ အနာပတ်တည်း။
ဇာတပထဝီ၊ ဇာတပထဝီလည်းကောင်း။ ပထဝီသညိတာ၊ ဇာတပထဝီဟု အမှတ်ရှိသူ၏အဖြစ်လည်းကောင်း။ ခဏနခဏာ‌ပနာနံ၊ ကိုယ်တိုင် တူးခြင်း, သူတစ်ပါးကို တူးစေခြင်းတို့တွင်။ အညတရံ၊ တစ်ပါး‌ပါးလည်းကောင်း။ ဣတိ၊ ဤသို့။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ တီဏိ၊ ကုန်သော။ ဣမာနိ အင်္ဂါနိ၊ တို့သည်။ (ဟောန္တိ)။
သမုဋ္ဌာနာဒီနိ၊ သမုဋ္ဌာန်အစရှိသည်တို့သည်။ အဒိန္နာဒါနသဒိသာနိ၊ အဒိန္နာဒါန (ဒုတိယပါရာဇိက) သိက္ခာပုဒ်နှင့် တူကုန်၏။ ပန၊ အထူးကား။ ဣဒံ၊ ဤသိက္ခာပုဒ်သည်။ ပဏ္ဏတ္တိဝဇ္ဇံ၊ ပညတ်တော်ကြောင့် အပြစ်ရှိသော သိက္ခာပုဒ်တည်း။ တိစိတ္တံ, တိဝေဒနံ။ ဣတိ၊ အပြီးတည်း။
ပဌမော၊ သော။ မုသာဝါဒဝဂ္ဂေါ၊ သည်။ သမတ္တော၊ ပြီ။