ပဉ္စမေ၊ ၌။
အနုပသမ္ပန္နေနာတိ၊ ကား။
ဘိက္ခုံ၊ ကို။
ထပေတွာ၊ ထား၍။
အန္တမသော၊ အားဖြင့်။
ပါရာဇိကဝတ္ထုဘူတေန၊ ပါရာဇိကဝတ္ထုဖြစ်၍ ဖြစ်သော။
[ပါရာဇိကဝတ္ထု၏ အပိုင်းအခြားကို၊ "အပဒါနံ အဟိမစ္ဆာ"စသည်ဖြင့် ပါရာဇိကခန်း၌ ပြခဲ့ပြီ။]
တိရစ္ဆာနဂတေနပိ၊ တိရစ္ဆာန်နှင့်သော်လည်း။
(သဟ၌စပ်။)
ဥတ္တရိဒိရတ္တတိရတ္တံတိ၊ ကား။
ဒွိန္နံ ဝါ၊ ၂ ညဉ့်သော်လည်း ဖြစ်ကုန်သော။
တိဏ္ဏံ ဝါ၊ ၃ ညဉ့်သော်လည်းဖြစ်ကုန်သော။
ရတ္တီနံ၊ တို့၏။
ဥပရိ၊ အထက်ဖြစ်သောညဉ့်၌။
ဥတ္တရိ၊ ပေ၊ ဥပရိ ။ ။ဒွေ+ရတ္တိယော ဒိရတ္တံ၊ တိရတ္တံလည်း နည်းတူ၊ ဒိရတ္တံ ဝါ+တိရတ္တံ ဝါ ဒိရတ္တတိရတ္တာနိ၊ ဒိရတ္တတိရတ္တာနံ-တို့၏၊ ဥတ္တရိ- အထက်ဖြစ်သော ညဉ့်တည်း၊ ဥတ္တရိဒိရတ္တတိရတ္တံ-ညဉ့်၊ ဥတ္တရိကို" ဥပရိ"ဟု ဖွင့်သောကြောင့် "၂ ညဉ့် ၃ညဉ့် တို့၏ အထက်၌ (အထက်ဖြစ်သော ညဉ့်၌)" ဟုပေး။
မှတ်ချက် ။ ။၃ ညဉ့်အထိ လူ-သာမဏေနှင့်အတူ အိပ်ကောင်းလျှင် ၂ညဉ့်မှာ အထူးဆိုဖွယ်မလို၊ သို့သော် လောက၌"၂ခု, ၃ခု, ၄ခု, ၅ခု" စသည်ဖြင့် သင်္ချာချင်းတွဲ၍ ပြောမှစကားချောသောကြောင့် ဝါစာသိလိဋ္ဌ (စကားချောစေခြင်း) အကျိုးငှာ ဒိရတ္တကို အပိုထည့်၍ မိန့်တော်မူသည်၊ တစ်နည်း- "၃ ညဉ့်" ဟူရာ၌ ပဌမညဉ့် အတူအိပ်ပြီးနောက် ဒုတိယညဉ့်၌ အတူမအိပ်ဘဲ တတိယ-စတုတ္ထညဉ့်၌ အတူအိပ်လျှင် ကြားပြတ်သော်လည်း "၃ ညဉ့်"ဟု ရေတွက်မည် စိုးသောကြောင့် "တစ်ဆက်တည်း ၃ ညဉ့်" ဟု သိစေလို၍ "ဒိရတ္တ" ဟု အကြိုသင်္ချာတစ်ခုကို အပိုထည့်၍ မိန့်တော်မူသတတ်။
သဟသေယျံတိ၊ ကား။
သဟသေယျံ ။ ။"သဗ္ဗစ္ဆန္နပရိ စ္ဆိန္နေ၊ ပေ၊ သေနာသနေ"ဟူသော ပါဌ်ဖြင့် အိပ်ရာကျောင်းကိုလည်း "သေယျာ"ခေါ်သည်ဟု ပြ၏၊ "သယန္တိ ဧတ္ထာတိ သေယျာ" ဟု ပြု၊ နိပဇ္ဇနံဟူသော ပါဌ်ဖြင့် အိပ်ခြင်းကြိယာကိုလည်း "သေယျာ" ခေါ်၏ဟု ပြ၏၊ "သယနံ သေယျာ" ဟု ပြု၊ ထို၂မျိုးလုံးကိုပင် သာမညနိဒ္ဒေသ (တူသောကြောင့် တစ်ပုဒ်ထဲ ညွှန်ပြသော) နည်းအားဖြင့်လည်းကောင်း, "သေယျာ စ+သေယျာ စ သေယျ" ဟု ဧကသေသ်ပြုသောနည်းအားဖြင့်လည်းကောင်း "သေယျာ" ဟု မိန့်တော်မူသည်၊ [တဒုဘယမ္ပိ ဣဓ သာမညေန ဧသသေသနယေန ဝါ ဂဟိတန္တိ အာဟ-သဗ္ဗစ္ဆန္နပရိစ္ဆိန္နေတိအာဒိ၊] ဤအလို "ပဝိသိတွာ" ဟု ကြိယာတစ်ခုအပိုထည့်၍ "သဟ-အတူ၊ သေယျံ-တစ်မိုးတစ်ရံထဲသော ကျောင်းသို့ ဝင်၍+အိပ်ခြင်း" ဟု ပေးပါ။
မှတ်ချက် ။ ။ဧကသေသ်ပြုရာ၌ ဝိဘတ်ချင်းတူမှ ဧကသိသ်ပြုရိုးတည်း၊ ထို့ကြောင့် သေယျာ ၂ပုဒ်ကို ဒုတိယာဝိဘတျန္တချည်း ကြံ၍ ပဌမသေယျာ၏ စပ်ဖို့ရာ "ပဝိသိတွာ" ထည့်ရသည်၊ [တသ္မာ အယမေတ္ထ အတ္ထော၊ သေနာသနသင်္ခါတံ သေယျံ ပဝိသိတွာ ကာယပ္ပသာရဏသင်္ခါတံ (ကိုယ်ကို ဆန့်၍ အိပ်ခြင်းဟူသော) သေယျံ ကပ္ပေယျ၊ ဝိဒဟေယျ, သမ္ပာ ဒေယျာတိ၊-ပါစိတျာဒိ] သဟနှင့် သေယျံလည်း သမာသ်မဟုတ်, ဝါကျသာ။
သဗ္ဗစ္ဆန္နပရိစ္ဆိန္နေ ဝါ၊ အလုံးစုံမိုးအပ်, အလုံးစုံကာရံအပ်သည်မူလည်းဖြစ်သော။
သဗ္ဗစ္ဆန္နပရိစ္ဆိန္နေ ။ ။ဆဒီယတေတိ ဆန္နံ၊ သဗ္ဗံ+ဆန္နံ (အလုံးစုံ+မိုးအပ်သောကျောင်းတည်း၊) သဗ္ဗစ္ဆန္နံ (သေနာသနံ)၊ ပရိ(သမန္တတော)+ဆိဇ္ဇတေ(ပိုင်းဖြတ်ကာရံအပ်၏) ဣတိ ပရိစ္ဆိန္နံ-ထက်ဝန်းကျင် ပိုင်းဖြတ်ကာရံအပ်သောကျောင်း၊ သဗ္ဗံ+ပရိစ္ဆိန္နံ သဗ္ဗပရိစ္ဆိန္နံ၊ "သဗ္ဗစ္ဆန္န သဗ္ဗပရိစ္ဆိန္န" ဟု ဆိုလျက် သဗ္ဗတစ်ပုဒ်ချေထားသည်၊ [အချိူ့စာ၌ သဗ္ဗစ္ဆန္နပဋိစ္ဆန္နေ" ဟု ရှိ၏၊ ပတိရှေးရှိရာ၌ ဆဒဓာတ်ဖြင့် "ပဋိစ္ဆန္န- ဖုံးလွှမ်းကာရံအပ်" ဟု သင့်၏၊ ပရိရှေးရှိရာ၌ ဆိဒဓာတ်ဖြင့် "ပရိစ္ဆိန္နံ- ပတ်ဝန်းကျင် ပိုင်းဖြတ်ကာရံအပ်" ဟု ရှိသင့်၏။]
ယေဘုယျေနစ္ဆန္နပရိစ္ဆိန္နေ ဝါ၊ များသောအားဖြင့် မိုးအပ်,များသောအားဖြင့် ကာရံအပ်သည်မူလည်းဖြစ်သော။
သေနာသနေ၊ ကျောင်း၌။
ပုဗ္ဗာပရိယေန ဝါ၊ ရှေ့နောက်အားဖြင့်သော်လည်းကောင်း။
[ရဟန်းက အလျင်, လူ- သာမဏေကနောက်, သို့မဟုတ် လူ- သာမဏေက အလျင်,
ရဟန်းက နောက်အားဖြင့်- ဟူလို။]
ဧကက္ခဏေန ဝါ၊ တစ်ပြိုင်နက်အားဖြင့်သော်လည်းကောင်း။
ဧကတော၊ တပေါင်းတည်း။
နိပဇ္ဇနံ၊ အိပ်ခြင်းကို။
ကပ္ပေယျာတိ၊ ကား။
ဝိဒဟေယျ၊ ပြုအံ့။
ဝိဒဟေယျ ။ ။[ဝိပုဗ္ဗ ဓာတ်, ဓာဓာဟု ဒွေဘော်ပြု- စသည် ရုပ်တွက်၊] ကပ္ပေယျ၌ ကပ္ပဓာတ်၏ ပြုခြင်းအနက်ကို ပြလို၍ "ဝိဒဟေယျ" ဟု ဖွင့်သည်၊ [ဝိပုဗ္ဗော ဓာကရောတျတ္ထေ- ဝိရှေးရှိသော ဓာဓာတ်သည် ပြုခြင်းအနက်ရှိ၏၊- ဓာတွတ္ထသင်္ဂဟ၊] ထိုပြုခြင်းသည်လည်း "အိပ်ခြင်းကြိယာကို ဖြစ်စေခြင်းတည်း" ဟု အဓိပ္ပာယတ္ထကို ပြလို၍ "သမ္ပဒေယျ" ဟု ဖွင့်သည်။ [သံပုဗ္ဗ ပဒ, ကာရိတ်ကျေ၊ "ပြီးစီးစေအံ့" ဟုပေး။]
သမ္ပာဒေယျ၊ ပြီးစီးစေအံ့။
တတ္ထ၊ ထိုသဗ္ဗစ္ဆန္နပရိစ္ဆိန္နေဟူသောပါဌ်၌။
ဆဒနံ၊ အမိုးကို။
အနာဟစ္စ၊ မထိခိုက်မူ၍။
ဒိယဍ္ဎဟတ္ထုဗ္ဗေဓေန၊ အခွဲအားဖြင့် ၂တောင်အစောက်ရှိသော။
*ဝါ*၊ တစ်တောင့်ထွာအစောက်ရှိသော။
ပါကာရာဒိနာ၊ တံတိုင်းအစရှိသော အကာအရံဖြင့်။
ပရိစ္ဆိန္နံပိ၊ ကာရံအပ်သော ကျောင်းကိုသော်မှလည်း။
[ပိဖြင့် အောက်ခြေမှအမိုးထိအောင် အကာရှိကို သမ္ဘာဝနာပြု။]
သဗ္ဗပရိစ္ဆိန္နမိစ္စေဝ၊ န္နဟူ၍သာ။
ဝေဒိတဗ္ဗံ၊ ၏။
တသ္မာ၊ ထို့ကြောင့်။
ဣမိနာ လက္ခဏေန၊ ဤလက္ခာဏာနှင့်။
တသ္မာ ဣမိနာ လက္ခဏေန ။ ။တသ္မာ-ထို့သို့ "သဗ္ဗစ္ဆိန္န စသည်ကို သေယျာ" ဟုခေါ်ဝေါ်အပ်, ဒိယဍ္ဎဟတ္ထုဗ္ဗေဓ ပါကာရစသည်ဖြင့် ကာအပ်သည်ကိုလည်း "သဗ္ဗပရိစ္ဆိန္န" ဟု သိအပ်သည်၏အဖြစ်ကြောင့်" ဟုလည်းကောင်း, ဣမိနာ လက္ခဏေန- ဤသဗ္ဗစ္ဆန္န သဗ္ဗပရိစ္ဆိန္န စသော လက္ခဏာနှင့်" ဟုလည်းကောင်း အနက်ကျယ် မှတ်ပါ။]
သမန္နာဂတော၊ ပြည့်စုံသောကျောင်းသည်။
(ဧကူပစာရော ဟောတိ၏ သာမညကတ္တား)။
သတ္တဘူမိကော၊ ဘုံ ၇ဆင့်ရှိသော။
သတ္တဘူမိကော ။ ။မြို့ကြီးများ၌ ၇ ထပ်တိုက်ကဲ့သို့ ၇ ဆင့်မြင့်သော ပြာသာဒ်ပင်ဖြစ်စေ, ထိုပြသာဒ်၌ အောက်ဆုံးအထပ်မှ အထက်ထပ်အထိ အတွင်းလှေကားဖြင့် တက်သွားရလျှင် အမိုးတူ အကာတူဖြစ်၍ ဧကူပစာရ-တူသော ဥပစာရှိသည် မည်၏၊ ထိုပြသာဒ်မျိုးကို ရည်ရွယ်၍ "သစေပိ သတ္တဘူမိကော ပါသာဒေါ ဧကူပစာရော" ဟု ဆိုသည်၊ အပြင်၌ လှေကား တပ်လျှင်ကား တစ်ဖက်၌သာ အကာရှိ၍ အခြားတစ်ဖက်နှင့် ရှေ့နောက်၌ အကာမရှိသောကြောင့် ယေဘုယျေနစ္ဆန္နပရိစ္ဆိန္န မဟုတ်ရကား ဧကူပစာရ မဖြစ်။
ပါသာဒေါ၊ ပြာသာဒ်သည်။
သစေပိ (ဟောတိ)၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။
(ဧဝံ သတိပိ၊ သော်လည်း။)
ဧကူပစာရော၊ တူသောဥပစာ ရှိသည်။
ဟောတိ။ သတဂဗ္ဘံ၊ အခန်းတစ်ရာရှိသော။
စတုဿလံ ဝါ၊ လေးမျက်နှာပတ်လည် တန်းလျားရှည်ကျောင်းသည်မူလည်း။
သတဂဗ္ဘံ စတုဿာယံ ။ ။တစ်မျက်နှာ တစ်မျက်နှာ၌ အခန်းပေါင်း ၂၅ ခန်း ရှိသောလေးမျက်နှာပတ်လည် တန်းလျားရှည်ကို "သတဂဗ္ဘံ စတုဿာလံ" ဟု ခေါ်၏၊ ထိုကျောင်း၌လည်း အခန်းများ၏ ရှေ့၌ လမ်းသွားဖို့ရာ တစ်ဆက်တည်း အမိုးပါ၍ တောက်လျှောက်သွားနိုင်သော တန်းလျားရှည် ရှိ၏၊ ထိုကျောင်းမျိုး၌ တစ်မိုးတည်း တစ်ကာတည်း ဖြစ်ရကား ဧကူပစာရပင် ဖြစ်သည်။ [လမ်းလျှောက်ရာအပြင်ကို မမိုးဘဲ ထားလျှင်လည်းကောင်း, အမိုးပါသော်လည်း အခန်းတိုင်းရှေ့မှာ ဖြတ်၍ ကာထားလျှင်လည်းကောင်း ဧကူပစာရ မဖြစ်။]
(သစေပိ ဟောတိ, ဧဝံ သတိပိ) ဧကူပစာရော, ဟောတိ၊ ၏။
ယော၊ အကြင်ရဟန််းသည်။
(နိပဇ္ဇတိ၌ စပ်။)
တတ္ထ ဝါ၊ ထိုကျောင်း၌သော်လည်းကောင်း။
အညတ္ထ ဝါ၊ အခြားကျောင်း၌သော်လည်းကောင်း။
တတ္ထ ဝါ အညတ္ထ ။ ။ပဌမအိပ်ရာ ကျောင်းမှာပင် ၃ညဉ့်ဆက်၍ အိပ်သူကို "တတ္ထ ဝါ" ဟု ဆို၏၊ ပဌမညဉ့်၌ တစ်ကျောင်း, ဒုတိယ တတိယညဉ့်၌ အခြားတစ်ကျောင်း ဤသို့ပြောင်း၍ အိပ်သူကို "အညတ္ထ ဝါ" ဟုဆိုသည်။
တာဒိသေ၊ ထိုကဲ့သို့ ရှုအပ်သောကျောင်း၌။
တေန အနုပသမ္ပန္နေန ဝါ၊ ထိုလူ, သာမဏေနှင့်သော်လည်းကောင်း။
အညေန၊ အခြားသော။
တေန ဝါ အညေန ဝါ ။ ။၃ ညဉ့်လုံး ကိုရင်တိဿနှင့်ချည်း အိပ်သူကို "တေန ဝါ"ဟု ဆို၏ ၊ ပဌမညဉ့်၌ ကိုရင်တိဿနှင့်အတူ, ဒုတိယညဉ့်၌ ကိုရင်ဒတ္တနှင့်အတူ, တတိယညဉ့်၌ ကိုရင်နာဂနှင့်အတူ ဤသို့ အနုပသမ္ပန္နမတူဘဲ အိပ်သူကို "အညေန ဝါ"ဟု ဆိုသည်။ [အမိုးအကာတူနေလျှင် အခန်းတံခါးပိတ်မှု- မပိတ်မှုမှာ လိုရင်းမဟုတ်။]
အနုပသမ္ပန္နေန ဝါ၊ နှင့်သော်လည်းကောင်း။
သဟ၊ ကွ။
တိဿော ရတ္တိယော၊ ၃ ညဉ့်တို့ပတ်လုံး။
သယိတွာ၊ အိပ်ပြီး၍။
စတုတ္ထဒိဝသေ၊ ၄ ရက်မြောက်နေ့၌။
သူရိယေ၊ နေသည်။
အတ္ထင်္ဂတေ၊ ဝင်ပြီးသော်။
အနုပသမ္ပန္နေ၊ သည်။
နိပန္နေ၊ အိပ်ပြီးသော်။
*ဝါ*၊ အိပ်ပြီးနောက်။
ဂဗ္ဘဒွါရံ၊ အခန်းတံခါးကို။
ပိဓာယ ဝါ၊ ပိတ်၍သော်လည်းကောင်း။
အပိဓာယဝါ၊ မပိတ်ဘဲသော်လည်းကောင်း။
(သစေ) နိပဇ္ဇတိ၊ အကယ်၍ အိပ်အံ့။
ပဌမနိပန္နော၊ ပဌမအိပ်ပြီးသည်။
(ဟုတွာ ဝါ၊ ဖြစ်၍သော်လည်း။)
တသ္မိံ၊ ထိုလူ, သာမဏေသည်။
နိပဇ္ဇန္တေ၊ အိပ်လတ်သော်။
(သစေ) န ဝုဋ္ဌာတိ၊ အကယ်၍ မထအံ့။
(ဧဝံ သတိ၊ ဤသို့ဖြစ်လတ်သော်။)
တဿ၊ ထိုရဟန်း၏။
(ပါစိတ္တိယံ၌စပ်၊)
ဥဘိန္နံ၊ ရဟန်း, သာမဏေ ၂ဦးတို့၏။
နိပဇ္ဇနပယောဂဂဏနာယ စ၊ အိပ်ခြင်းပယောဂ၏ အရေအတွက်အားဖြင့်လည်းကောင်း။
အနုပသမ္ပန္နဂဏနာယ စ၊ လူ သာမဏေ၏အရေအတွက်အားဖြင့်လည်းကောင်း။
ပါစိတ္တိယံ (ဟောတိ)။
ပဌမနိပန္နော ဝါ၊ ပေ၊ ပါစိတ္တိယံ ။ ။ရှေ့ဝါကျစုံ လူ-သာမဏေက အလျင်အိပ်၍ ရဟန်းကနောက်မှ အိပ်ပုံပြပြီးလျှင် ဤဝါကျ၌ ရဟန်းက အလျင်အိပ်၍ လူ-သာမဏေက နောက်မှ အိပ်ပုံကို တစ်နည်းပြလိုသောကြောင့် "ပဌမနိပန္နော ဝါ" ဟု ဝိကပ္ပနတ္ထ ဝါသဒ္ဒါဖြင့် ဆိုသည်၊ ရဟန်းက အလျင်အိပ်နေဉ် လူ-သာမဏေက နောက်မှ လာ၍ အိပ်ရာ၌ ရဟန်း မထလျှင် အာပတ်သင့်၏၊- ဟူလို၊ ထိုသို့ သင့်ရာ၌ ရဟန်းကဖြစ်စေ, လူ-သာမဏေကဖြစ်စေ ထ၍ ထ၍ ဦးခေါင်းပြန်ချတိုင်း အကြိမ်များသလောက်လည်းကောင်း, လူ သာမဏေ များသလောက်လည်းကောင်း အာပတ်အရေအတွက် များ၏။]
အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤကင်္ခါဝိတရဏီအဋ္ဌကထာ၌။
ပေ။
အနုပသမ္ပန္နေန၊ နှင့်။
သဟ၊ တကွ။
သေယျဝတ္ထုသ္မိံ၊ အိပ်ခြင်းဟူသောအကြောင်းကြောင့်။
ပေ။ ဥပသမ္ပန္နေ၊ ရဟန်း၌။
အနုပသမ္ပန္နသညိနော၊ သော်လည်းကောင်း။
ဝေမတိကဿ ဝါ၊ သော်လည်းကောင်း။
(သေယျံ၊ ကို။
ကပ္ပေန္တဿ စ၊ ပြုသောရဟန်း၏လည်းကောင်း။)
ဥပဍ္ဎစ္ဆန္နပရိစ္ဆိန္နာဒီသု၊ ထက်ဝက်မိုးအပ်, ထက်ဝက်ကာရံအပ်သော ကျောင်းအစရှိသည်တို့၌။
(သေယျံ ကပ္ပေန္တဿ) စ၊ ၏လည်းကောင်း။
ဒုက္ကဋံ (ဟောတိ)။
["ဒိရတ္တတိရတ္တံ ဦနကဒိရတ္တတိရတ္တံ ဝါ"ဟု ပါဌ်မှန်ရှိစေ။]
ဒိရတ္တတိရတ္တံ ဝါ၊ ၂ညဉ့် ၃ညဉ့်ပတ်လုံးသော်လည်းကောင်း။
(ဝါ လိုက်ပေး)။
ဦနကဒိရတ္တတိရတ္တံ ဝါ၊ ၂ ညဉ့် ၃ညဉ့်အောက် ယုတ်လျော့သော ညဉ့်ပတ်လုံးသော်လည်းကောင်း။
ဝသန္တဿ (စ)၊ အိပ်နေသော ရဟန်း၏လည်းကောင်း။
ဦနက၊ ပေ၊ ဝသန္တဿ ။ ။"တိရတ္တံ ဝါ" ၌ ဝါပါသောကြောင့် "၂ညဉ့် ၃ညဉ့်ပြည့်အောင် မအိပ်သော ရဟန်းမှာ အနာပတ္တိ" ဖြစ်သကဲ့သို့ ၃ညဉ့်အပြည့် အိပ်သူမှာလည်း အနာပတ္တိပင်ဖြစ်ရကား "ဒိရတ္တတိရတ္တံ ဝသန္တဿ"ဟု ဦနက မပါသော ဝါကျတစ်ခုလည်း ပါဠိတော်အတိုင်း ရှေ့က ရှိသင့်သေး၏။
(ဥမ္မတ္တကာဒီနဉ္စမှ စကို ယူ။)
တတိယာယ ရတ္တိယာ၊ ၃ ညဉ့်မြောက်၏။
ပုရာရုဏာ၊ အရုဏ်မတက်မီ။
နိက္ခမိတွာ၊ ထွက်၍။
ပုန၊ တစ်ဖန်။
ဝသန္တဿ (စ)၊ ၏လည်းကောင်း။
တတိယာယ၊ ပေ၊ ဝသန္တဿ ။ ။၂ ညဉ့်ကုန်အောင် အိပ်ပြီး၍ တတိယညဉ့်၌ အရုဏ်မတက်ခင် ထပြီးနောက်"ပြန်အိပ်"ဟူရာ၌ ထိုတတိယညဉ့်သည် အရုဏ်တက်လျှင် ကုန်ပြီဖြစ်ရကား စတုတ္ထညဉ့်၌ ပြန်၍အိပ်ခြင်းကို ဆိုလိုသည်။[တတိယာယ ရတ္တိယာ အရုဏတော ပုရေတရမေဝ ဗဟိ နိက္ခမိတွာ အရုဏံ ဗဟိ ဥဋ္ဌာပေတွာ စတုတ္ထဒိဝသေ အတ္ထင်္ဂတေသူရိယေ ပုန ဝသန္တဿ၊-ဋီကာ။]
မှတ်ချက် ။ ။"ဗဟိ နိက္ခမိတွာ"ဟု ဆိုသောကြောင့် "ကျောင်းဆောင်ပြင်ဘက် ထွက်နေမူ အတူအိပ်ရာမရောက်၊ ကျောင်းခန်းတွင်းမှာ ထိုင်နေလျှင် အတူအိပ်ရာ ရောက်သည်ဟု ဆိုကြ၏၊ အမှန်ကား- ကျောင်းခန်းတွင်း၌ ကိုယ်ကို ဆန့်၍ မအိပ်ဘဲ ထိုင်နေလျှင် လူ သာမဏေနှင့် အတူအိပ်သည် မမည်၊ "ဗဟိ နိက္ခမိတွာ" ကား အတူမအိပ်ကြောင်း ထင်ရှားအောင်ပြသော စကားသာတည်းဟု မှတ်ပါ။
သဗ္ဗစ္ဆန္နသဗ္ဗာပရိစ္ဆိန္နဒီသု၊ အလုံးစုံမိုးအပ်သည် ဖြစ်၍, အလုံးစုံ မကာရံအပ်သောကျောင်းအစရှိသည်တို့၌။
သဗ္ဗပရိစ္ဆိန္နာဒီသု ။ ။[သဗ္ဗ+အပရိစ္ဆိန္နာဒီသု၊] အာဒိဖြင့် သဗ္ဗအစ္ဆန္န သဗ္ဗပရိစ္ဆိန္န, သဗ္ဗအစ္ဆန္န သဗ္ဗအပရိစ္ဆိန္န, ယေဘုယျေနအစ္ဆန္န ယေဘုယျေနအပရိစ္ဆိန္န, ဥပဍ္ဎစ္ဆန္န စူဋ္ဌကပရိစ္ဆိ, ဥပဍ္ဎပရိစ္ဆိန္န စူဋ္ဌကစ္ဆန္န ဤကျောင်းများကို ယူ။ [၄ ပုံလျှင် ၁ ပုံသာ မိုးအပ်- ကာအပ်သည်ကို "စူဋ္ဌက- အငယ်မိုး, အငယ်ကာ"ဟု ဆိုသည်။]
ဝသန္တဿ (စ)၊ ၏လည်းကောင်း။
ဣတရသ္မိံ၊ အခြား လူသာမဏေသည်။
နိသိန္နေ၊ ထိုင်နေလတ်သော်။
နိပဇ္ဇန္တဿ (စ)၊ အိပ်သောရဟန်း၏လည်းကောင်း။
(ဣတရသ္မိံ၊ အခြား လူ သာမဏေသည်။)
နိပန္နေ ဝါ၊ အိပ်ပြန်သော်လည်း။
နိသီဒန္တဿ (စ)၊ ၏လည်းကောင်း။
ဥမ္မတ္တကာဒီနဉ္စ၊ တို့၏လည်းကောင်း။
အနာပတ္တိ။
ပါစိတ္တိယဝတ္ထုကသေနာသနံ၊ ပါစိတ်အာပတ်၏ တည်ရာဝတ္ထုဖြစ်သောကျောင်းလည်းကောင်း။
[သဗ္ဗစ္ဆန္နပရိစ္ဆိန္နကျောင်း, ယေဘုယျေနစ္ဆန္နပရိစ္ဆိန္နကျောင်း- ဟူလို၊ ဥပဍ္ဎစ္ဆန္နပရိစ္ဆိန္နကျောင်းကား ဒုက္ကဋ်ဝတ္ထုတည်း။]
တတ္ထ၊ ထိုကျောင်း၌။
အနုပသမ္ပန္နေန၊ နှင့်။
သဟ၊ တကွ။
နိပဇ္ဇနံ၊ အိပ်ခြင်းလည်းကောင်း။
စတုတ္ထဒိဝသေ၊ ၄ရက်မြောက်နေ့၌။
သူရိယတ္ထင်္ဂမနံ၊ နေဝင်ခြင်းလည်းကောင်း။
ပေ။ ဣတိ၊ အပြီးတည်း။