Issues
Select Version
疑惑度脱中译整理版
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
覓寂尊者
中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

၁၃. ကုလဒူသကသိက္ခာ ပဒဝဏ္ဏနာ ၁၃။ ကုလဒူသက သိက္ခာပုဒ်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၃. ကုလဒူသကသိက္ခာ ပဒဝဏ္ဏနာ

၁၃။ ကုလဒူသက သိက္ခာပုဒ်

တေရသမေ၊ ၌။ **ဂါမံဝါ နိဂမံဝါ**တိ ဧတ္ထ၊ ၌။ နဂရံပိ၊ မြို့သည်လည်း။ ဂါမေ၊ ရွာ၌။နဂရမ္ပိဂါမေ။ ။ နဂရဿာပိ ဂါမဝိသေသတ္တာ-မြို့ဆိုတာလည်း ရွာအထူးဖြစ်ရကား (ရွာအကြီးစားကိုပင် ဈေး-မြို့ရိုးနှင့် ပြည့်စုံလျှင် မြို့ခေါ် ရကား) ဣဓ ဂါမဂ္ဂဟဏေနေဝ နဂရမ္ပိ ဂဟိတန္တိ-ဤသိက္ခာပုဒ်၌ ဂါမကို ယူခြင်းဖြင့်ပင် နဂရကိုလည်း ယူအပ်၏၊ ထို့ကြောင့် "အာဟ- နဂရမ္ပိ ဂါမေ အန္တောဂဓမေဝါတိ" ဟု ဖွင့်သည်။
တစ်နည်း။ ။ ဂါမံဝါ၌ ဝါသည် အဝုတ္တဝိကပ္ပန-တိုက်ရိုက် မဆိုအပ်သော အနက်ကို သီးခြားစီရင်ခြင်း အနက်ရှိ၏၊ ထို ဝါ ဖြင့် နဂရကို သီးခြားစီရင်သည်ဟု ယူ။ ["ဝါသဒ္ဒေန အနုတ္တဝိကပ္ပနတ္ထေန ဂဟဏံတိ ဧဝံ ဝုတ္တံ-ဂါမဖြင့် နဂရကိုပါ ယူ" ဟု ဆိုအပ်၏။]
အန္တောဂဓမေဝ၊ အကျုံးဝင်သည်သာ။
ဥပနိဿာယ ဝိဟရတီတိ၊ ကား။ တတ္ထ၊ ထိုရွာ၌။ ဝါ၊ ထိုနိဂုံး၌။ ပဋိဗဒ္ဓစီဝရာဒိပစ္စယတာယ၊ စပ်ဖွဲ့သော သင်္ကန်း အစရှိသောပစ္စည်းရှိသည်၏ အဖြစ်ဖြင့်။ တံ၊ ထိုရွာကို။ ဝါ၊ ထိုနိဂုံးကို။ နိဿာယ၊ မှီ၍။ ဝသတိ၊ နေ၏ ။ တတ္ထ ၊ပေ၊ ဝသတိ။ ။ "ဥပနိဿာယ-မှီ၍" ဟူရာ၌ ထိုရွာစသည်မှ သင်္ကန်းစသော ပစ္စည်းများ ရသောကြောင့် ပစ္စည်းရမှုအတွက် မှီခိုနေသည်-ဟု ပြလို၍ "တတ္ထ" စသည်မိန့်။
ပုပ္ဖဒါနာဒီဟိ၊ ပန်းပေးခြင်း အစရှိသည်တို့ဖြင့်။ ပုပ္ဖဒါနာဒီဟိ။ ။ ခတ္တိယ စသော အမျိုး၄ပါးကို ဖျက်ဆီးရာ၌ မစင်ဖြင့် ပက်၍ ရွှံညွှံဖြင့် ပက်၍ ဖျက်ဆီးသည် မဟုတ်၊ သဒ္ဒါအစစ်ကို ပျက်စေလောက်အောင် မိမိက မကောင်းကျင့်ခြင်းဖြင့် ဖျက်သည်-ဟု ပြလို၍ ပုပ္ဖဒါနာဒီဟိ-စသည် မိန့်၊ ပန်းပေးခြင်း (အာဒိဖြင့် သစ်သီးပေးခြင်း စသည် ယူ၍) သစ်သီးပေးခြင်း စသည်ဖြင့် ဖျက်ဆီးသည်- ဟူလို၊ အာဒိအရ ယူဖွယ်များကို ပါတိမောက်ဘာသာဋီကာ၌ ပြထားပြီ။ မနုဿာနံ၊ တို့၏။ သဒ္ဓံ၊ သဒ္ဒါစစ်ကို။ ဝိနာသေန္တော၊ ပျက်စီးစေလျက်။ သဒ္ဓံ ဝိနာသေန္တော။ ။ ပန်းပေးမှု စသည်ကို မပြုသော ရဟန်းကောင်းတို့အပေါ်၌ ကြည်ညိုရမှန်း မသိ, "ဒီကိုယ်တော့နှယ် နှမျောလိုက်တာ, ပန်းကလေးတောင် မပေးရက်ဘူး" ဟု အပြစ်တင်ကာ အကြည်ညို ပျက်၏၊ ထိုသို့ ရဟန်းကောင်းတို့အပေါ်၌ ကြည်ညိုတတ်သော သဒ္ဒါအစစ် ပျက်လောက်အောင် (ပန်းစသည် ပေးသော ရဟန်းက) ပြုရာရောက်သည်။ ကုလာနိ၊ ခတ္တိယ စသော အမျိုး၄ပါး တို့ကို။ ဒူသေတိ၊ ဖျက်ဆီးတတ်၏။ ဣတိ၊ ထို့ကြောင့်။ **ကုလဒူသကော**၊ က မည်၏။ အဿ၊ ထိုရဟန်း၏။
မာလာဝစ္ဆရောပနာဒယော၊ ပန်းပင်ငယ်ကို စိုက်ခြင်း အစရှိကုန်သော။ မာလာဝစ္ဆရောပနာဒယော။ ။[ပါဠိတော်၌ "မာလာဝန္တံ ရောပေန္တိပိ ရောပါပေန္တိပိ" ကို အစပြု၍ ပါပသမာစာရမှုကို ပြသောကြောင့် "မာလာဝစ္ဆရောပနာဒယော"ဟု ဆိုသည်၊ အာဒိအရ အကျယ်ကို ပါဠိရင်းမှာ ရှု၊] ပန်းပေးမှု စသည်ပြုဖို့ရာ ပန်းပင်ကလေးများကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ မစိုက်ကောင်း၊ စိုက်လျှင် ပါပသမာစာရ ဖြစ်၏၊ ကျောင်းတိုက် သာယာစေလိုခြင်းစသော အကြောင်းများကြောင့်ကား "ကပ္ပိစမ်း-သိစမ်း" စသော အပ်သော အသုံးအနှုန်းဖြင့် ပြောဆို၍ စိုက်ကောင်း၏။ ပါပကာ၊ ယုတ်မာကုန်သော။ သမာစာရာ၊ အကျင့်တို့သည်။ (သန္တိ၊ န်၏။) ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ ယုတ်မာသော အကျင့်ရှိကုန်သည်၏ အဖြစ်ကြောင့်။ **ပါပသမာစာရာ**၊ ရ မည်၏။
**သော ဘိက္ခူ**တိ၊ ဘိက္ခုဟူသည်ကား။ ကုလဒူသကော၊ အမျိုး၄ပါးကို ဖျက်ဆီးတတ်သော။ သော ဘိက္ခု၊ သည်။
**အာယသ္မာ ၊ ပေ ၊ ဝါသေနာတိ** ဣမိနာ၊ နဟူသော ဤ ပါဌ်ဖြင့်။ အဿ၊ ထိုရဟန်း၏။ ပဗ္ဗာဇနီယကမ္မာရဟတံ၊ ပဗ္ဗာဇနီယကံ ထိုက်သည်၏ အဖြစ်ကို။ ဒဿေတိ၊ ၏။
ပန၊ ဆက်။ ပဗ္ဗာဇနီယကမ္မကတော၊ ပြုအပ်ပြီးသော ပဗ္ဗာဇနီယကံရှိသော။ ပဗ္ဗာဇနီယကမ္မကတော။ ။ ပဗ္ဗာဇီယတေ အနေနာတိ ပဗ္ဗာဇနီယံ (ကမ္မံ)-ကုလဒူသန အမှုကိုပြုရာ ရွာနှင့် နေရာကျောင်းမှ နှင်ထုတ်ကြောင်း ကံ၊ [ထို ကံ ကို ပါဠိတော်လာသည့် အတိုင်း ဉတ်ကမ္မဝါစာဖြင့် ပြုရသည်၊] ပဗ္ဗာဇနီယကမ္မံ+ကတံ ယသ္မိံ (အကြင်ပုဂ္ဂိုလ်၌) ဣတိ ပဗ္ဗာဇနီယကမ္မကတော။ ဝါ၊ ပဗ္ဗာဇနီယကံ အပြုခံရသော။ ဧသ (ဧသော ဘိက္ခု)၊ သည်၊ (နေဝ, နလဘတိ - ၌ စပ်။) ယသ္မိံ ဂါမေဝါ၊ အကြင် ရွာ၌သော်လည်းကောင်း။ (ယသ္မိံ) နိဂမေဝါ၊ ၌သော်လည်းကောင်း။ ကုလဒူသနကမ္မံ၊ နအမှုကို။ ကတံ၊ ပြုအပ်ပြီ။ ယသ္မိံ ဝိဟာရေစ၊ အကြင်ကျောင်း၌လည်း။ ဝသတိ၊ ၏။ တသ္မိံ ဂါမေဝါ၊ ၌သော်လည်းကောင်း။ (တသ္မိံ) နိဂမေဝါ၊ ၌သော်လည်းကောင်း။ စရတုံ၊ လှည့်လည်ခြင်းငှာ။ နေဝ လဘတိ၊ မရ တော့။ (တသ္မိံ) ဝိဟာရေ၊ ၌။ ဝသိတုံ၊ ငှာ။ န လဘတိ၊ တော့။ စရိတုံ, ဝသိတုံ န လဘတိ။ ။ ထိုရွာ-ထိုနိဂုံး-ထိုကျောင်း၌ ဆက်၍နေလျှင် ထိုရွာ- နိဂုံးမှရရှိသော ပစ္စည်း ၄ ပါးသည် ထိုရဟန်းနှင့်တကွ သီတင်းသုံးဖော်အားလုံးမှာ မအပ်စပ် သောကြောင့် ထိုရွာ-ထိုနိဂုံး-ထိုကျောင်းတို့၌ လှည့်လည်ခွင့်လည်း မရ, နေခွင့်လည်း မရတော့- ဟူလို။
**ဧဝဉ္စ သော ဘိက္ခူ**တိ ဧတ္ထ၊ ၌။ ပဗ္ဗာဇနီယကမ္မကတော၊ ပြုအပ်ပြီးသော ပဗ္ဗာဇနီယကံရှိသူကို။ သောတိ၊ သောဟူ၍။ အဓိပ္ပတော၊ ၏။
ဆန္ဒေန၊ ချစ်ခြင်းကြောင့်။ (အဂတိံ၊ မရောက်ထိုက်သော အမှုသို့။ ဝါ၊ မပြုထိုက်သော အမှုကို။) ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ဆန္ဒေန ဂစ္ဆန္တိ။ ။ ဆန္ဒဂါမိနောပုဒ်၏ ဝိဂြိုဟ်တည်း၊ ဂစ္ဆန္တိ၏ ကံကို "အဂတိံ " ဟု ထည့်၊ "မရောက်ထိုက်" ဟူသည် "မပြုထိုက်" တည်း၊ ဆန္န-ချစ်ခြင်း, ဒေါသ-မုန်းခြင်း, ဘယ- ကြောက်ခြင်း, မောဟ-နားမလည် (မသိ) ခြင်း, ဤအကြောင်းများကြောင့် မပြုထိုက်သော အမှုကို ပြုလျှင် "အဂတိလိုက်သည်" မည်၏၊ ဤသိက္ခာပုဒ်၌ကား အခြားအကြောင်းကြောင့် ဒုက္ကဋ်အာပတ် သင့်သူများကိုတော့ မနှင်ထုတ်ဘဲ သစ်သီးပေးမှု ပန်းပေးမှု စသည်အတွက် ဒုက္ကဋ်အာပတ်သင့်သော မိမိကိုမှ နှင့်ထုတ်သည်ကို "အဂတိ လိုက်သည်"ဟု စွပ်စွဲသည်။ ဝါ၊ ပြုကုန်၏။ ဣတိ၊ ကြောင့်။ **ဆန္ဒဂါမိနော**၊ ဆန္ဒဂါမီတို့မည်၏။ သေသေသု၊ ကြွင်းသော ဒေါသ ဂါမိနော အစရှိသော ပုဒ်တို့၌။ ဧသနယော၊ ဤနည်းတည်း။
**သော ဘိက္ခူ**တိ၊ ကား။ ဆန္ဒဂါမိနောတိ အာဒီနိ၊ ဆန္ဒဂါမိနော အစရှိသောစကားတို့ကို။ ဝဒမာနော၊ ပြောဆို ပုတ်ခတ်သော။ သော၊ ထိုရဟန်းကို။
တဿ ဝစနဿ၊ ထိုစကားကို။ ပဋိနိသဂ္ဂါယ၊ စွန့်ခြင်းငှာ။ ဧဝံ၊ သို့။ ဝစနီယော၊ ထိုက်၏။ ကုလဒူသနနိဝါရဏတ္ထာယ၊ ကုလဒူသနမှုကို တားမြစ်ခြင်းငှာ။ န (ဝစနီယော)၊ ပြောဆိုထိုက်သည် မဟုတ်။
ဟိ၊ မှန်၊ (ကုလဒူသနမှုကို တားမြစ်ဖို့ ပြောဆို ထိုက်သည် မဟုတ်ကြောင်း မှန်၏-ဟူလို။) သော၊ ထို ရဟန်းသည်။ ကုလဒူသန ကမ္မေန၊ ကုလဒူသန အမှုကြောင့်။ အာပဇ္ဇိတဗ္ဗာ၊ ရောက်ထိုက်ကုန်သော။ အာပတ္တိယော၊ အာပတ်တို့သို့။ ပုဗ္ဗေဝ၊ ပဗ္ဗာဇနီယကံ မပြုမီ ရှေး၌ပင်။ အာပန္နော၊ ရောက်ခဲ့ပြီ။ ပန၊ ဆက်။ ဧဝံ၊ လျှင်။ အဿ၊ ထိုရဟန်း၏။ ဝါ၊ သည်။ ဝိသုံပိ၊ သီးခြားလည်းကောင်း။ သံဃမဇ္ဈေပိ၊ သံဃအလယ်၌လည်းကောင်း။ ဝုစ္စမာနဿ၊ ပြောဆိုအပ်ပါလျက်။ အပ္ပဋိနိသဇ္ဇတော၊ မစွန့်လတ်သော်။ ဝါ၊ လျှင်။ အပရံ၊ ကုလဒူသန ဒုက္ကဋ်မှ တစ်ပါးသော။ ဒုက္ကဋံ၊ သည်။ (ဟောတိ)။
ဧဝဉ္စ သောတိ အာဒိ၊ သော အစရှိသော ပုဒ်အပေါင်းသည်လည်းကောင်း။ ဧဝဉ္စ သော ၊ပေ၊ ဥတ္တာနတ္ထမေဝ။ ။ "ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေ ပဂ္ဂဏှယျ" စသော စကားကို "ဧဝဉ္စ သောတိ အာဒိ" ဟု ဆိုသည်၊ ဤစကားရပ်သို့ မရောက်မီ ရှေ့၌ မဖွင့်ခဲ့သော "တဿ ခေါ ပါပကာ သမာစာရာ ဒိဿန္တိစေဝ သူယန္တိစ" စသော စကားကို "ဣတော ပုဗ္ဗေ အဝုတ္တဉ္စ"ဟု ဆိုသည်၊ "အဝုတ္တ" ဟူသည် ထင်ရှား၍ လုံးလုံး မဖွင့်ဆိုအပ်သော စကားရပ်တည်း၊ ယခု စာအချို့၌ "ဝုတ္တဉ္စ အဝုတ္တဉ္စ" ဟု တွေ့ရ၏၊ ဝုတ္တ-ဖွင့်ဆိုအပ်ပြီးကို "ဥတ္တာနတ္ထမေဝ"ဟု ဆိုနေဖွယ် မလိုသောကြောင့် "ဝုတ္တဉ္စ"သည် အပိုသာ။ ဣတော၊ ဤ ဧဝဉ္စသော အစရှိသော ပုဒ်အပေါင်းမှ။ ပုဗ္ဗေ၊ ရှေး၌။ အဝုတ္တံစ၊ မဖွင့်ဆိုအပ်ခဲ့သော ပုဒ်အပေါင်းသည်လည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော ပုဒ်အပေါင်းသည်။
ပေ၊ အဿဇိပုနဗ္ဗသုကေ၊ အဿဇိ, ပုနဗ္ဗသုကမည်ကုန်သော။ ပေ၊ ဆန္ဒဂါမိတာဒီဟိ၊ ဆန္ဒဂါမိတာ အစရှိသည်တို့သို့။ ပါပနဝတ္ထုသ္မိံ၊ ရောက်စေကြောင်းဟူသော အကြောင်းကြောင့်။ ပေ၊ ဧဝံ၊ တူ။ ဣဓ၊ ၌။ ဆန္ဒာဒီဟိ၊ ဆန္ဒ-အစရှိသည်တို့သို့။ ပါပနံ၊ ကို။ ဒဋ္ဌဗ္ဗံ၊ ၏။ ဣတိ၊ သာဓာရဏ ဝိနိစ္ဆယ အပြီးတည်း။
တေရသမသိက္ခာပဒံ၊ သည်။ နိဋ္ဌိတံ၊ ပြီးပြီ။