ပဉ္စမေ၊ ၌။
မဉ္စန္တိ၊ ကား။
မသာရကာဒီသု၊ မသာရကာ အစရှိသောညောင်စောင်းတို့တွင်။
[အာဒိဖြင့် ကုဠီရပါဒ စသော ကျန် ၃ ပါးကို ယူ၊ "ကုဠီရပါဒေါ အာဟစ္စ, ပါဒေါစေဝ မသာရကော၊ စတ္တာရော ဗုန္ဓိကာဗဒ္ဓေါ, "တိမေ မဉ္စန္တရာ သိယုံ" အဘိဓာန် ၃၁၀၊ အနက်ကို ထိုနိဿယ၌ ရှု။]
အညတရံ၊ အမှတ်မထား တစ်ပါးပါးသောညောင်စောင်းကို။
(ကာရယမာနေန)။
ပီဌမ္ပိ၊ အင်းပျဉ်ကိုလည်း။
တာဒိသမေဝ၊ ထိုကဲ့သို့ ရှုအပ်သော အင်းပျဉ်ကိုပင်။
ပန၊ ဆက်။
တံ၊ ထိုအင်းပျဉ်သည်။
မဉ္စောဝိယ၊ ညောင်စောင်းသည်ကဲ့သို့။
အတိဒီဃံ၊ အလွန်ရှည်သည်လည်းကောင်း။
အာသန္ဒီကောဝိယ၊ ပမာဏထက် လွန်သော အခြေရှိသော မြင့်ခုံသည်ကဲ့သို့။
[အာသန္ဒီ ပီဌန္တရေ မတာ- အဘိဓာန် ၃၁၁။]
သမံ၊ အညီအမျှ။
စတုရဿံ၊ လေးထောင့်သည်လည်းကောင်း။
န ဟောတိ၊ မဟုတ်။
ဆေဒနကံ၊ ဆေဒနကသည်။
ဘေဒနကသဒိသမေဝ၊ ဘေဒနကနှင့် တူသည်သာ။
(ဣဒံ သိက္ခာပဒံ)။
ပေ။
ဥစ္စေ၊ မြင့်သော။
မဉ္စေ၊ ညောင်စောင်း၌။
သယနဝတ္ထုသ္မိံ၊ အိပ်ခြင်းဟူသော အကြောင်းကြောင့်။
ပညတ္တံ၊ ပြီ။
ပမာဏိကံ၊ ပမာဏနှင့်ဆိုင်သော ညောင်စောင်းအင်းပျဉ်ကို။
ကရောန္တဿ၊ ၏လည်းကောင်း။
ပမာဏာတိက္ကန္တံ၊ ပမာဏထက်လွန်သော ညောင်စောင်း အင်းပျဉ်ကို။
လဘိတွာ၊ ရ၍။
ဆန္ဒိတွာ၊ ဖြတ်၍။
(ပရိဘုဉ္ဇန္တဿ)။
ယထာ၊ အကြင်အခြင်းအရာအားဖြင့် မြှုပ်အပ်သော်။
ပမာဏမေဝ၊ ပမာဏအတိုင်းသာ။
ဥပရိ၊ မြေပေါ်၌။
ဒိဿတိ၊ ထင်ရှား၏။
ဧဝံ၊ ဤအခြင်းအရာအားဖြင့်။
နိခဏိတွာဝါ၊ တူးမြှုပ်၍သော်လည်းကောင်း။
[ရှည်သော အခြေကို မဖြတ်လိုလျှင် မြေ၌ တွင်းတူး၍ မြှုပ်ပါ၊ ထိုသို့ မြှုပ်ရာ၌ တွင်းအပေါ်မှာ လက် ၈ သစ်ပမာဏရှိရုံသာ ချန်ရမည်-ဟူလို။]
ဥတ္တာနံ၊ ပက်လက်။
ကတွာဝါ၊ ပြု၍သော်လည်းကောင်း။
[ခြေထောက်ဘက်ကို အပေါ်က ထား၍ အပေါင်အထက်က ထိပ်ဘက်ကို အောက်ထားပါ-ဟူလို။]
အဋ္ဋကံ၊ ငြမ်းစင်ကို။
ဗန္ဓိတွာ၊ ဖွဲ့၍သော်လည်းကောင်း။
[ခုတင်ကို အပေါ်မြှောက်၍ ထုပ်-လျောက်ပေါ်၌ တင်ကာ (လယ်ယာ၌ လင့်စင်ထိုးသကဲ့သို့) ငြမ်းစင်လုပ်၍-ဟူလို၊ ဥက္ခိပိတွာ တုလာသင်္ဃာဋေ ဌပေတွာ အဋ္ဋံ ကတွာ။]
ပရိဘုဉ္ဇန္တဿ၊ ၏လည်းကောင်း။
ဥမ္မတ္တကာဒီနံ၊ ကုန်၍။
(ပရိဘုဉ္ဇန္တာနံ)စ၊ တို့၏လည်းကောင်း။
အနာပတ္တိ(ဟောတိ)။
ပမာဏာတိက္ကန္တမဉ္စပီဌတာ၊ ပမာဏကိုလွန်သော ညောင်စောင်း အင်းပျဉ်၏အဖြစ်လည်းကောင်း။
အတ္တနော၊ ၏။
အတ္ထာယ၊ ငှာ။
ကရဏံဝါ၊ သော်လည်းကောင်း။
ကာရာပေတွာ၊ ၍။
ပဋိလာဘောဝါ၊ သော်လည်းကောင်း။
ဣတိ၊ သို့။
ဣမာနိ ဒွေ၊ ဤ ၂ပါးတို့သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
အင်္ဂါနိ၊ အင်္ဂါတို့တည်း။
သေသံ၊ ကြွင်းသော။
သဗ္ဗံ၊ အလုံးစုံသော အစီအစဉ်သည်။
သူစိဃရသိက္ခာပဒသဒိသမေဝ၊ သူစိဃရသိက္ခာပုဒ်၏အစီအစဉ်နှင့် တူသည်သာ။
[ရှေ့၌ ပြအပ်ခဲ့သော စတုတ္ထသိက္ခာပုဒ်နှင့် တူသည်သာ။]
ဣတိ၊ တည်း။