Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

2. Omasavādasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒုတိယေ၊ ၌။ **ဩမသဝါ‌ဒေ**တိ၊ ကား။ ဩဝိဇ္ဈနဝစနေ၊ ထိုးဆွကြောင်း စကားကို ပြောဆိုခြင်းကြောင့်။ ဝါ၊ နှုတ်လှံထိုးခြင်းကြောင့်။ဩဝိဇ္ဈနဝစနေ။ ။ ဩမသဝါဒေတိ ခုံသနဂရဟဏဝစနေ-ဆဲရေးကြောင်းစကား, ကဲ့ရဲ့ ရှုတ်ချကြောင်းစကားကို ပြောဆိုခြင်းကြောင့်၊ ယသ္မာ ပန တံ (ထိုစကားသည်) နေဝ ကဏ္ဏသုခံ, န ဟယေသုခံ-နားကိုလည်း မချမ်းသာစေတတ်, စိတ်နှလုံးကိုလည်း မချမ်းသာစေတတ်၊ တသ္မာ တေန (ထိုဆဲဆို ရှုတ်ချကြောင်းစကားဖြင့်) ကဏ္ဏဉ္စေဝ ဟဒယဉ္စ ဝိဇ္ဈတီတိ အာဟ-ဩဝိဇ္ဈနဝစနေတိ၊ ဋီကာ။ မှတ်ချက် ။ ။မသဓာတ်၏ ဟိံသာရောသန (ညဥ်းဆဲခြင်း, ချုပ်ချယ်စော်ကားခြင်း) အနက်ကို ယူ၍ "ခုံသနဂရဟဏဝစနေ"ဟု ဋီကာ၌ ဓာတ်နက်ဖွင့်၏၊ ထိုဆဲဆိုစော်ကားကြောင်း စကားသည် နားလည် မခံသာ, စိတ်နှလုံးလည်း မခံသာအောင် လှံဖြင့် ထိုးသကဲ့သို့ ခံရခက်သောကြောင့် "ဩဝိဇ္ဈနဝစေန"ဟု အဠကထာ၌ သဘာဝတ္ထ (အစစ်အမှန်အနက်) ဖွင့်သည်။ [ပါစိတျာဒိယောဇနာ၌ကား-မသဓာတ်သည် ဝိဇ္ဈနအနက်ရှိ၏-ဟု ဖွင့်လေ၏။] (ပါစိတ္တိယံ ‌ဟောတိ - ၌စပ်။) ဇာတိ။ ပေ။ အက္ကောသေသု၊ အမျိုးဇာတ်, နာမည်, အနွယ်, အလုပ်, အတတ်ပညာ, အနာရောဂါ, အသွင်သဏ္ဌာန်, ကိလေသာ, အာပတ်, ဆဲရေးကြောင်းစကားတို့တွင်။ ဇာတိ၊ ပေ၊ အက္ကောသေသု။ ။ဤ ၁၀-ပါးကို ဆဲခြင်း၏အကြောင်း ဖြစ်၍ "အက္ကောသဝတ္ထု" ဟု ခေါ်၏၊ တစ်မျိုး တစ်မျိုးလျှင် ဟီန- ဥက္ကဋ္ဌ(အယုတ်-အမြတ်)ဟု ၂-မျိုးစီ ပြား၏၊ ခတ္တိယ, ဗြာဟ္မဏဇာတ်တို့သည် ဥက္ကဋ္ဌဇာတိ, စဏ္ဍာလ စသောဇာတ်(အမျိုး)သည် ဟီနဇာတိမည်၏၊ ဤသို့ စသည်ဖြင့် ပါဠိတော်မှာ အကျယ်လာသည်၊ "အက္ကောသ" ဟူသည်...‌ဂေါဏောသိ- သင်ဟာ နွားပဲ(ဟီနအက္ကောသ), ပဏ္ဍိတောသိ-မင်းက ပညာရှိပေကိုး(ဥက္ကဋ္ဌအ‌က္ကောသ)တည်း၊ မေထုန်နှင့်စပ်သောအဆဲ, အင်္ဂါဇာတ်နှင့်စပ်သော အဆဲများလည်း အက္ကောသပင်တည်း။ဘူတေန ဝါ၊ ဟုတ်မှန်သည်မူလည်း ဖြစ်သော။ အဘူတေန ဝါ၊ မဟုတ်မမှန်သည်မူလည်းဖြစ်သော။ ဘူတေန, အဘူတေန။ ။ခတ္တိယကို ခတ္တိယဟု ဆဲလျှင် ဘူတတည်း၊ ခတ္တိယကို စဏ္ဍာလဟုဆဲလျှင် အဘူတတည်း၊ မှန်သည် ဖြစ်စေ, မမှန်သည်ဖြစ်စေ ဆဲလိုသော စိတ်ဖြင့် ပြောဆိုလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်သင့်၏။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော အက္ကောသဝတ္ထုဖြင့်။ ပါရာဇိကံ၊ က အာပတ်သို့။ အာပန္နံ ဝါ၊ ‌ရောက်သူမူလည်းဖြစ်သော။ အနာပန္နံ ဝါ၊ ‌မရောက်သူမူလည်းဖြစ်သော။ ယံကိဉ္စိ၊ အမှတ်မထား တစ်ပါးပါးသော။ ဘိက္ခုံ၊ ကို။ ပါရာဇိကံ ၊ ပေ၊ ဘိက္ခုံ။ ။ဘိက္ခုကို ဆဲလျှင် ဤ သိက္ခာပုဒ်အရ ပါစိတ်သင့်၏၊ ထိုဘိက္ခုကား ပါရာဇိကကျသူ ဖြစ်စေ, မကျသူဖြစ်စေ ဘိက္ခုအဖြစ်၌ တည်နေသူ, ဆဲသူကလည်း ဘိက္ခုဟု ထင်မှတ်ခံရသူတည်း။ (အက္ကောသနဝစနေ - ၌စပ်)။ ယာယကာယစိ၊ အမှတ်မရှိ တစ်ခုခုသော။ ဝါစာယ ဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း။ ဟတ္ထမုဒ္ဒါယ ဝါ၊ လက်ချောင်းပြသဖြင့်သော်လည်းကောင်း။ အနညာပဒေသေန၊ အခြားသူကိုကဲ့သို့ မညွှန်ပြခြင်းဖြင့် (တိုက်ရိုက်အားဖြင့်)။ အနုညာပဒေသေန။ ။မိမိဆဲလိုသူကို တိုက်ရိုက်မဆဲဘဲ အခြားသူတစ်ယောက်ကို ညွှန်ပြသလို လုပ်၍ စောင်းချိတ်သည့် အနေအားဖြင့် "သန္တိ ဣဓ ဧကစ္စေ စဏ္ဍာလာ-ဤအရပ်၌ တချိူ့ စဏ္ဍာလများ ရှိကြတယ်"ဟု ဆိုလျှင် အညာပဒေသ မည်၏၊ ထို့သို့ အညာပဒေမဟုတ်ဘဲ ထိုသူ့ကို တိုက်ရိုက် ဆဲဆိုခြင်းကို "အနညာပဒေသ"ဟုခေါ်သည်။ [အည-အခြားသူကိုကဲ့သို့+န အပဒေသ-မညွှန်ပြခြင်း။] အက္ကောသနဝစနေ၊ ဆဲ‌ရေးကြောင်းစကားကို ပြောဆိုခြင်းကြောင့်။ ပါစိတ္တိယံ (‌ဟောတိ)။ ဣတိ အတ္ထော။
(ဣဒံ သိက္ခာပဒံ၊ ကို။) ပေ။ အနာဏတ္တိကံ၊ တည်း။ [မည်သည့်ဘာသာဖြင့် ဆဲဆဲ, လက်ပြ ခြေပြလုပ်၍ ဆဲဆဲ အဆဲခံရသူက ဆဲမှန်းသိလျှင် အာပတ်သင့်၏။] ဒသဟိ၊ န်သော။ တေဟိယေဝ အ‌က္ကောသဝတ္ထူဟိ၊ ထိုအက္ကောသဝတ္ထုတို့ဖြင့်ပင်။ သန္တိ။ ‌ပေ။ စဏ္ဍာလာတိအာဒိနာ၊ စဏ္ဍာလာအစရှိသော။ နယေန၊ ဖြင့်။ အညာပဒေသံ၊ အခြားသူကိုကဲ့သို့ ညွှန်ပြခြင်းကို။ (စောင်းချိတ်မှုကို)။ ကတွာ၊ ၍။ အက္ကောသန္တဿ၊ ၏လည်းကောင်း။ (ဒုက္ကဋံ၌ စပ်။) စောရော၊ သူခိုးသည်။ အသိ၊ ဖြစ်၏။ ဂဏ္ဌိဘေဒကော၊ အိမ်အစပ်ကို ဖောက်ဖြတ်သူသည်။ အသိ၊ ဖြစ်၏။ (စောရ၏ပရိယာယ်တစ်မျိုး) ဣတိအာဒီဟိ၊ ဤသို့ အစရှိကုန်သော။ ပါဠိမုတ္တကပဒေဟိ၊ ပါဠိတော်မှ လွတ်သော ပုဒ်တို့ဖြင့်။ ["စောရောသိ" စသည်ကား ပါဠိတော်မှာမပါ၊ ထို့ကြောင့် "ပါဠိမုတ္တက" ဟု ဆိုသည်။] အက္ကောသန္တဿ၊ ၏လည်းကောင်း။ ယထာဝါ တထာဝါ၊ ဟုတ်ဟုတ်ငြားငြားသော စကားဖြင့်လည်း။ [ပါဠိတော်မှာ တိုက်ရိုက်ပါသော စကားဖြင့် ဖြစ်စေ, မပါသော စကားဖြင့် ဖြစ်စေ- ဟူလို။] အနုပသမ္ပန္နံ၊ ရဟန်းမဟုတ်သူကို။ အက္ကောသန္တဿ၊ ၏လည်းကောင်း။ ဒုက္ကဋံ(ဟောတိ)။
ဣဓ၊ ဤသိက္ခာပုဒ်၌။ ဘိက္ခုနီပိ၊ ဘိက္ခုနီသည်လည်း။ အနုပသမ္ပန္နသင်္ချံ၊ အနုပသမ္ပန္နဟူသော အ‌ရေအတွက်သို့။ ဂစ္ဆတိ၊ ရောက်၏။
အနက္ကောသိတုကာမဿ၊ ဆဲရေးခြင်းငှာ အလိုမရှိသည် ဖြစ်၍။ ကေဝလံ၊ ဆဲ‌ရေးလိုခြင်း မဖက် သက်သက်။ ဒဝကမျတာယ၊ ပြောင်လှောင်လိုသူ၏အဖြစ်ဖြင့်။ ဝဒတော၊ ပြောဆိုသောရဟန််း၏။ သဗ္ဗတ္ထ၊ အလုံးစုံတို့၌။ ဒုဗ္ဘာသိတံ၊ ဒု‌ဗ္ဘာသိတအာပတ်သည်။ သဗ္ဗတ္ထ ဒုဗ္ဘာသိတံ ။ ။ပြောင်လိုလှောင်လို ကစားလိုခြင်းကို "ဒဝကမျတာ" ဟု ခေါ်၏၊ ထို့သို့ ပြောင်လှောင်မှုကို "ဒုဋ္ဌု+ဘာသိတံ ဒုဗ္ဘာသိတံ"နှင့်အညီ မကောင်းသဖြင့် ပြောဆိုအပ်သော စကားဟု ခေါ်၏၊ ဤနေရာ၌ကား ထိုစကားကို အကြောင်းပြု၍ အာပတ်ကိုလည်း ကာရဏူပစာရအားဖြင့် "ဒုဗ္ဘာသိတ"ဟု (မူလလိင်အတိုင်း နပုလ္လိင်ဖြင့်)ဆိုထားသည်။ ထို့သို့ ပြောရာ၌ ဥပသမ္ပန္နဖြစ်စေ, အနုပသမ္ပန္နဖြစ်စေ, ပါဠိတော်၌ လာသော စကားဖြင့် ဖြစ်စေ, ပါဠိတော်မှာ မပါသော စကားဖြင့် ဖြစ်စေ အားလုံးတို့၌ပင် ဒုဗ္ဘာသိတအာပတ်သင့်သည်။ [သဗ္ဗတ္ထာတိ-ဥပသမ္ပန္နာနုပသမ္ပန္နေသု စေဝ ပါဠိအာဂတာနာဂတပဒေသု စာတိ သဗ္ဗတ္ထ၊-ဋီကာ။] (ဟောတိ)။
အတ္ထ။ ပေ။ ပုရေက္ခာရာနံ၊ အနက်ဖွင့်အဋ္ဌကထာကို ရှေး‌ရှုပြုသူ, ပါဠိတော်ဓမ္မကို ရှေးရှုပြုသူ, အဆုံးအမဩဝါဒကို ရှေးရှုပြုသူတို့၏လည်းကောင်း။ အတ္ထ၊ ပေ၊ ပုရေက္ခာရာနံ ။ ။"စဏ္ဍာလောသိ" စသော ပါဠိတော်ကို မြန်မာနိဿယကဲ့သို့ အနက်ဖွင့်၍ ပို့ချသူ, ထိုပါဠိ၏ အဋ္ဌကထာကို ပို့ချသူသည် အတ္ထပုရေက္ခာရ မည်၏၊ "စဏ္ဍာလောသိ" စ‌သော ပါဠိကိုပင် ပို့ချသူသည် ဓမ္မပုရေက္ခာရမည်၏၊" ယခုဘဝ၌ စဏ္ဍာလဖြစ်ရသည်၊ နောင်ဘဝတို့၌ မဖြစ်ရအောင် မကောင်းမှုကို မပြုနှင့်" ဟု ဆုံးမစကားပြောသူသည် အနုသာသနီပုရေက္ခာရ မည်၏။ ဥမ္မတ္တကာဒီနဉ္စ၊ တို့၏လည်းကောင်း။ အနာပတ္တိ (ဟောတိ)။
ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ အက္ကောသတိ၊ ဆဲရေး၏။ တဿ၊ ထိုဆဲရေးအပ်သော ပုဂ္ဂိုလ်၏။ ဥပသမ္ပန္နတာ၊ ရဟန်း၏အဖြစ်လည်းကောင်း။ အနညာပဒေသေန၊ အခြားသူကိုကဲ့သို့ မညွှန်ပြသဖြင့်(တိုက်ရိုက်အားဖြင့်)။ ဇာတိအာဒီဟိ၊ ဇာတ်အစရှိသည်တို့ဖြင့်။ အက္ကောသနံ၊ ဆဲ‌ရေးခြင်းလည်းကောင်း။ မံ၊ ငါ့ကို။ အက္ကောသတိ၊ ဆဲရေး၏။ ဣတိ၊ ဤသို့။ ဇာနနာ၊ သိခြင်းလည်းကောင်း။ အတ္ထပုရေက္ခာရတာဒီနံ၊ အတ္ထပုရေက္ခာရ၏အဖြစ် အစရှိသည် တို့၏။ အဘာဝေါ၊ မရှိခြင်းလည်းကောင်း။ ပေ။
အဒိန္နဒါနသဒိသာနိ၊ န်၏။ ပန၊ အထူးကား။ ဣဓ၊ ဤသိက္ခာပုဒ်၌။ ဝေဒနာ၊ သည်။ ဒုက္ခာ၊ ဒုက္ခဝေဒနာတည်း။ [အဒိန္နာဒါနသိက္ခာပုဒ်ကား တိဝေဒနာတည်း။] ဣတိ၊ အပြီးတည်း။