၈. ဒုဋ္ဌဒေါသသိက္ခာပဒဝဏ္ဏနာ
၈။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
၈. ဒုဋ္ဌဒေါသသိက္ခာပဒဝဏ္ဏနာ
၈။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
အဋ္ဌမေ၊ ၌။
ဒုဋ္ဌောဒေါသောတိ၊ ကား။
ဒူသိတောစေဝ၊ ဖျက်ဆီးအပ်သည်လည်းကောင်း။
ဒူသကော၊ ဖျက်ဆီးတတ်သည်လည်းကောင်း။
ဒူသိတောစေဝ ဒူသကောစ။ ။ ဒုဋ္ဌောကို ဒူသိတောဟု ဖွင့်သဖြင့် ဒုသဓာတ် တပစ္စည်းသည် ကံဟောဟု သိစေ၏၊ "ဒူသီယတေတိ ဒုဋ္ဌော"ဟု ပြု၊ ဒေါသောကို ဒူသကောဟု ဖွင့်သဖြင့် ဒုသဓာတ် (ကာရိတ်ကျေ) ဏပစ္စည်းသည် ကတ္တားဟောဟု သိစေ၏၊ "ဒူသေတီတိ ဒေါသော" ဟု ပြု၊ စေဝ+စတို့ကား "စေဝနှင့်စ, စုဏ္ဏိယမှာ, ရှေ့မှာ စေဝ, နောက်မှာ စ" နှင့်အညီတည်း။
(ဟုတွာ၊ ၍။)
ဟိ၊ ချဲ့။
(တစ်နည်း) ဟိ (ယသ္မာ)၊ ကြောင့်။
ဒေါသေ၊ ဒေါသသည်။
ဥပ္ပန္နေ၊ ဖြစ်လသော်။
ဥပ္ပန္နေ ဟိ။ ။ ဒူသိတဖြစ်ပုံ ဒူသကဖြစ်ပုံကို အကျယ်ပြသော ဝါကျတည်း၊ ထိုဝါကျ၌လည်း ကာရဏနှင့် ဖလ တွဲ၍ ၂ဝါကျစီခွဲပါ၊ "ဒူသိတော-ဒေါသသည် (ဒေါသက) ဖျက်ဆီးအပ်" ဟူသည် ဒေါသမဖြစ်မီက ကောင်းမွန်နေသော ပင်ကိုယ်သဘောကို စွန့်လွှတ်ရလောက်အောင် စိတ်ပြောင်းလွှဲစေအပ်ခြင်းတည်း၊ ထို့ကြောင့် "ပကတိဘာဝံ ဇဟာပိတော"ဟု ဖွင့်သည်၊ ထိုသို့ဖွင့်ခြင်းမှာလည်း "ဒူသ-ဝိကတေ (ဖောက်ပြန်ခြင်း)"ဟု ဓာတ်ကျမ်းရှိသောကြောင့် ထို ဓာတ်နက်ကို ဖွင့်ခြင်းသာတည်း၊ ပရဉ္စ ဒူသေတိ-စသည်ကား ဒူသကော၏ အကျယ်တည်း၊ "ဒေါသဖြစ်နေသော မိမိက ထိုဒေါသအတွက် သူတစ်ပါးကို ဖျက်ဆီးတတ်သည်" ဟူလို။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
ဝါ၊ ကို။
တေန ဒေါသေန၊ ထိုဒေါသသည်။
ဒူသိတော၊ ဖျက်ဆီးအပ်သည်။
ပကတိဘာဝံ၊ ပင်ကိုယ်သဘောကို။
ဇဟာပိတော၊ စွန့်စေအပ်သည်။
ဟောတိ၊ ၏။
တသ္မာ၊ ကြောင့်။
ဝါ၊ ထိုသို့ ဒေါသသည်ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့်။
ဒုဋ္ဌောတိ၊ ဋ္ဌောဟူ၍။
ဝုစ္စတိ၊ ၏။
စ၊ ကား။
(ဒေါသေ ဥပ္ပန္နေ ပုဂ္ဂလော၊ သည်။
တေန ဒေါသေန၊ ကြောင့်၊ ရှေ့ဝါကျမှလိုက်။)
ပရံ၊ သူတစ်ပါးကို။
ဒူသေတိ, ဝိနာသေတိ၊ ပျက်စီးစေတတ်၏။
ဝါ၊ ဖျက်ဆီးတတ်၏။
တသ္မာ၊ ကြောင့်။
ဝါ၊ ထိုသို့ ဒေါသအတွက် သူတစ်ပါးကို ဖျက်ဆီးတတ်သည်၏အဖြစ်ကြောင့်။
ဒေါသောတိ၊ သောဟူ၍။
ဝုစ္စတိ၊ ၏။
ဣတိ၊ လျှင်။
ဒုဋ္ဌောဒေါသောတိ၊ ဟူသော။
ဧတံ၊ ဤပုဒ်၂ ပါး အပေါင်းသည်။
ဧကဿေဝ၊ တစ်ယောက်ထည်းသာလျှင် ဖြစ်သော။
ပုဂ္ဂလဿ၊ ကို။
အာကာရနာနတ္တေန၊ အခြင်းအရာ၏ ထူးသည်၏အဖြစ်ကြောင့်။
အာကာရနာနတ္တေန။ ။ ဒေါသက ဖျက်ဆီးထားသဖြင့် ဖောက်ပြန်နေပုံ (ရှုးရှုးရှဲရှဲ ဖြစ်နေပုံ) အခြင်းအရာ, ဖြစ်ပေါ်နေသော ဒေါသကြောင့် ဟိုလူ့ကိုနှိပ်စက်ချင် ဒီလူ့ကိုနှိပ်စက်ချင် ဖြစ်နေပုံ အခြင်းအရာ, ဤသို့ အခြင်းအရာ ထူးသောကြောင့် တစ်ယောက် ထည်းကိုပင် "ဒုဋ္ဌော" "ဒေါသော"ဟု ဝိသေသန ၂ခုပြုထားသည်။
နိဒဿနံ၊ ညွှန်ပြကြောင်း ပုဒ်တည်း။
**အပ္ပတီတော**တိ၊ ကား။
အပ္ပတီတော။ ။ ပတိပုဗ္ဗ+ဣဓာတ်, တပစ္စည်းဖြင့်ပြီးသော ပတီတောပုဒ်၌ "ပတိ- ရှေးရှု+ဣတ-ရောက်အပ်"ဟု သဒ္ဒတ္ထ ဖြစ်၏၊ စိတ်အစဉ်၌ ပါဝင်သည်ကို "ရှေးရှုရောက်အပ်" ဟုဆိုသည်၊ န+ပတီတော အပ္ပတီတော၊ "အဘယ်တရားတို့သည် ရှေးရှုမရောက်အပ်သနည်း" ဟု မေးဖွယ်ရှိ၍ "ပီတိသုခါဒီဟိ"ဟု ကတ္တားထည့်သည်၊ ဒုဋ္ဌဒေါသဖြစ်နေရကား ထိုဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပီတိ-သုခမေတ္တာ ကရုဏာ မုဒိတာစသော တရားကောင်းတို့ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ မရောက်အပ်တော့-ဟူလို၊ "ဝိဝဇ္ဇတော"သည် ပီတိ သုခ စသည်တို့ မယှဉ်ပုံကို ပြသောကြောင့် အပ္ပတီတော၏ သဘာဝတ္ထ၊ "န အဘိသဋော"ကား ပီတိ-သုခ စသည်တို့ စိတ်အစဉ်မှာ မပြန့်နှံ့ပုံကို ပြသောကြောင့် အဓိပ္ပာယတ္ထတည်း၊ န အဘိသဋောကို "န ပတ္ထဋော"ဟု ဋီကာတို့ ဖွင့်ကြသည်။ [အဘိပုဗ္ဗ, သရဓာတ်, အပစ္စည်း။]
နပ္ပတီတော၊ ရှေးရှုမရောက်အပ်သည်။
ပီတိသုခါဒီဟိ၊ ပီတိ, သုခအစရှိသော တရားတို့သည်။
ဝိဝဇ္ဇိတော၊ ရှောင်ကြဉ်အပ်သည်။
န အဘိသဋော၊ မပြန့်နှံ့အပ်သည်။
(ဟုတွာ၊ ၍၊ အနုဒ္ဓံသေယျ-၌ စပ်။)
ဣတိ အတ္ထော၊ နက်။
အမူလကေနာတိ၊ ကား။
ယံ၊ အကြင် ပါရာဇိကကို၊ [ပါရာဇိကကျကြောင်း အမှုကိုပင် ဖလူပစာရအားဖြင့် ပါရာဇိကဟု ခေါ်ထားသည်။]
စောဒကေန၊ အပြစ်တင်တတ်သော ပုဂ္ဂိုလ်သည်။
ယံ စောဒကေန ၊ပေ၊ အမူလကံနာမ။ ။ စောဒေတိ-အပြစ်တင်တတ်၏၊ ဣတိ စောဒကော၊ [စုဒ+ဏွု။] စောဒီယတေ-အပြစ်တင်အပ်၏၊ ဣတိ စုဒိတော၊ စုဒိတောယေဝ စုဒိတကော၊ "အမူလကေန ပါရာဇိကေန"ဟု သိက္ခာပုဒ်၌ ရှိသောကြောင့် အမူလကနှင့် ပါရာဇိကသည် အရတူ၏၊ ထို့ကြောင့် "ယန္တိ ပါရာဇိကံ"ဟု ဋီကာတို့ ဖွင့်ကြသည်၊ "ဣဒံ+ အမူလကံနာမ"ဟု စပ်ပါ၊ အမူလက၌ မူလဟူသည် ပါရာဇိကဖြင့် စွပ်စွဲခြင်း၏ အကြောင်းရင်းတည်း၊ ပါရာဇိကမှု ပြုနေသည်ကိုမြင်လျှင် ထိုမြင်ခြင်းသည် စွပ်စွဲခြင်း၏ အကြောင်းရင်းမူလတည်း၊ တစ်ဆင့်ပြောသံကြားလျှင် ထို ကြားခြင်းသည် မူလတည်း၊ ယုံမှားသံသယဖြစ်လျှင် ထိုသံသယဖြစ်ခြင်းသည် စွပ်စွဲခြင်း၏ အကြောင်းရင်းမူလတည်း၊ ထိုအကြောင်းရင်း တစ်စုံတစ်ခုမျှမရှိဘဲ စွပ်စွဲလျှင် ထိုစွပ်စွဲကြောင်း ပါရာဇိကသည် အမူလကပါရာဇိကမည်၏၊ "ဧတေသံ ၊ပေ၊ မူလာနံ အဘာဝတော" ကြည့်၍ "နတ္ထိ မူလံ ယဿာတိ အမူလကံ"ဟု ပြု၊ ဒဿနသဝနကဲ့သို့ ပရိသင်္ကိတ၌လည်း "ပရိသင်္ကံနံ ပရိသင်္ကိတံ"ဟု ဘာဝသာဓန ပြု။ ["ယံ+ဣဒံ ပါရာဇိကံ" ငဲ့၍ နပုလ္လိန် ချသည်၊ "ပါရာဇိကေန ဓမ္မေန"ကို ငဲ့လျှင် အမူလကော- ဟု ချရမည်။]
စုဒိတကမှိ၊ အပြစ်တင်အပ်သော။
ပုဂ္ဂလေ၊ ၌။
အဒိဋ္ဌံ၊ မမြင်အပ်။
အဿုတံ၊ မကြားအပ်။
အပရိသင်္ကိတံ၊ မယုံမှားအပ်။
ဣဒံ၊ ဤပါရာဇိကသည်။
ဒဿနသဝနပရိသင်္ကိတသင်္ခါတာနံ၊ မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းဟုဆိုအပ်ကုန်သော။
ဧတေသံ မူလာနံ၊ ဤအကြောင်းရင်းတို့၏။
အဘာဝတော၊ မရှိခြင်းကြောင့်။
အမူလကံနာမ၊ ကမည်၏။
ပန၊ ဆက်။
တံ၊ ထိုပါရာဇိကသို့။
သော၊ ထိုစုဒိတကပုဂ္ဂိုလ်သည်။
အာပန္နောဝါ၊ ရောက်သည်မူလည်း။
ဟောတု၊ ဖြစ်စေ။
အနာပန္နောဝါ၊ မရောက်သည်မူလည်း။
ဟောတု၊ စေ။
ဧတံ၊ ဤပါရာဇိကသို့ရောက်ခြင်း မရောက်ခြင်းသည်။
ဣဓ၊ ဤသိက္ခာပုဒ်၌။
အပ္ပမာဏံ၊ လိုရင်းမဟုတ်။
စ၊ ချဲ့။
ဧတ္ထ၊ ဤအဒိဋ္ဌ အဿုတ အပရိသင်္ကိတတို့တွင်။
**အဒိဋ္ဌံ**နာမ၊ အဒိဋ္ဌ မည်သည်။
အတ္တနော၊ ၏။
ပသာဒစက္ခုနာဝါ၊ ပသာဒစက္ခုဖြင့်သော်လည်းကောင်း။
ဒိဗ္ဗစက္ခုနာဝါ၊ က္ခုဖြင့်သော်လည်းကောင်း။
အဒိဋ္ဌံ၊ မမြင်အပ်သော အာရုံတည်း။
**အဿုတံ**နာမ၊ တမည်သည်ကား။
တထေဝ၊ ထို့အတူ ပသာဒသောတ, ဒိဗ္ဗသောတဖြင့်ပင်။
ကေနစိ၊ တစ်စုံတစ်ယောက်သည်။
ဝုစ္စမာနံ၊ ပြောဆိုအပ်သောစကားကို။
န သုတံ၊ မကြားအပ်သော အာရုံတည်း။
အပရိသင်္ကိတံနာမ၊ တ မည်သည်ကား။
အတ္တနောဝါ၊ မိမိသည်သော်လည်းကောင်း။
ပရဿဝါ၊ သူတစ်ပါးသည်သော်လည်းကောင်း၊ (ဒိဋ္ဌိ သုတ မုတို့၌စပ်။)
အတ္တနောဝါ ပရဿဝါ။ ။ ထိုသို့ ပရိသင်္ကိတဖြစ်ရာ၌ ကိုယ်တိုင်မြင်မှကြားမှသိမှ ဖြစ်သည် မဟုတ်၊ သူတစ်ပါးတို့ မြင်ကြားသိ၍ မိမိအားပြောလာသဖြင့် ယုံမှားလျှင်လည်း "ဒိဋ္ဌံ+အနုဂတံ+ပရိသင်္ကိတံ"အရ ဒိဋ္ဌသို့အစဉ်လိုက်သော ပရိသင်္ကိတစသည် အမည်ရ သည်သာ။
ဒိဋ္ဌသုတမုတဝသေန၊ မြင်အပ်, ကြားအပ်, သိအပ်သော အာရုံ၏အစွမ်းဖြင့်။ဒိဋ္ဌသုတ မုတဝသေန။ ။ ဤဝိသေသနကို ကြည့်၍ "ဒိဋ္ဌ ပရိသင်္ကိတ, သုတပရိသင်္ကိတ, မုတရိသင်္ကိတ ၃ မျိုးရှိကြောင်း သိပါ၊ ဒိဋ္ဌံ-မြင်အပ်သော အာရုံသို့+အနုဂတံ-အစဉ်လိုက်သော၊ ပရိသင်္ကိတံ-ယုံမှားခြင်းတည်း၊ ဒိဋ္ဌပရိသင်္ကိတံ-ခြင်း၊ သုတ-မုတပရိသင်္ကိတ တို့၌လည်း နည်းတူ၊ "မုတ"ဟူသည် ဃာန, ဇိဝှါ, ကာယ-ဝိညာဉ် ၃ ပါးဖြင့် သိအပ်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတည်း၊ ဒိဋ္ဌစသည်ကို အစဉ်လိုက်၍ ယုံမှားခြင်း သံသယဖြစ်ပုံကား-
(၁) ဘိက္ခုနှင့် မာတုဂါမတို့ ကိုယ့်ကိစ္စနှင့်ကို ချုံကြီးတစ်ခုသို့ ဝင်သွားကြ၏၊ တစ်ယောက် နှင့် တစ်ယောက် မမြင်ကြဘဲ ကိစ္စပြီး၍ ပြန်ထွက်လာကြသည်ကို မြင်ကြသော အခြားရဟန်းတို့ မှာ (ပါရာဇိကမှုကို ပြုခဲ့ကြလေသလား-ဟု) ယုံမှားဖြစ်ခြင်းသည် ဒိဋ္ဌပရိသင်္ကိတတည်း။
(၂) မှောင်မိုက်, သို့မဟုတ် အကွယ်အကာရှိသောအရပ်၌ ဘိက္ခုနှင့် မာတုဂါမတို့ စကားပြောသံကို ကြား၍ အဖော်ရှိမှန်းလည်း မသိသော အခြားရဟန်းမှာ ပါရာဇိကမှုကို ပြုကြလေသလား-ဟု ယုံမှားဖြစ်ခြင်းသည် သုတပရိသင်္ကိတတည်း။
(၃) အရက်သမားတို့ ကျောင်းထဲဝင်၍ မာတုဂါမနှင့်အတူ သောက်စား ပျော်ပါးကြပြီး နောက်, ရောက်လာသော အခြားရဟန်းတို့က အရက်နံ့ရ၍ ကျောင်းရှင်ရဟန်းပေါ်၌ ယုံမှားခြင်းသည် မုတပရိသင်္ကိတတည်း။ ဝါ၊ မြင်အပ်, ကြားအပ်, သိအပ်သော အာရုံနှင့်စပ်သဖြင့်။ စေတသာ၊ စိတ်ဖြင့်။ ဝါ၊ စိတ်ထဲက။ **အပရိသင်္ကိတံ**၊ မယုံမှားအပ်သော အာရုံတည်း။ ဧတ္ထစ၊ ပေ၊ အပရိသင်္ကိတံ။ ။ ဣဒါနိ အတ္တနာ ဝုတ္တမေဝ ဒိဋ္ဌာဒိံ (ဒိဋ္ဌအစရှိသည်ကို) ဝိဝရိတုံ (အကျယ်ဖွင့်ခြင်းငှာ) ဧတ္ထစာတိ အာဒိ ဝုတ္တံ၊-ဋီကာ၊ ဤဋီကာကျမ်းတက်ပုံကို ကြည့်၍ "ဧတ္ထ စ" စသည်ကို ဝိတ္ထာရဝါကျဟု မှတ်ပါ၊ [များသောအားဖြင့် "ဧတ္ထစ" ဟု ရှိရာ၌ ဥပနျာသ ဝါကျဟု အမည်မှည့်လေ့ရှိကြ၏။] "အဿုတံနာမ တထေဝ" ၌ "တထေဝါတိ ပသာဒ သောတေနဝါ ဒိဗ္ဗသောတေနဝါတိ ဣမမတ္ထံ အတိဒိဿတိ"ဟု ဋီကာဖွင့်သည်။ ဣတိဧဝရူပေန၊ ဤသို့သဘောရှိသော။ အမူလကေန၊ အကြောင်းရင်း မရှိသော။
(၁) ဘိက္ခုနှင့် မာတုဂါမတို့ ကိုယ့်ကိစ္စနှင့်ကို ချုံကြီးတစ်ခုသို့ ဝင်သွားကြ၏၊ တစ်ယောက် နှင့် တစ်ယောက် မမြင်ကြဘဲ ကိစ္စပြီး၍ ပြန်ထွက်လာကြသည်ကို မြင်ကြသော အခြားရဟန်းတို့ မှာ (ပါရာဇိကမှုကို ပြုခဲ့ကြလေသလား-ဟု) ယုံမှားဖြစ်ခြင်းသည် ဒိဋ္ဌပရိသင်္ကိတတည်း။
(၂) မှောင်မိုက်, သို့မဟုတ် အကွယ်အကာရှိသောအရပ်၌ ဘိက္ခုနှင့် မာတုဂါမတို့ စကားပြောသံကို ကြား၍ အဖော်ရှိမှန်းလည်း မသိသော အခြားရဟန်းမှာ ပါရာဇိကမှုကို ပြုကြလေသလား-ဟု ယုံမှားဖြစ်ခြင်းသည် သုတပရိသင်္ကိတတည်း။
(၃) အရက်သမားတို့ ကျောင်းထဲဝင်၍ မာတုဂါမနှင့်အတူ သောက်စား ပျော်ပါးကြပြီး နောက်, ရောက်လာသော အခြားရဟန်းတို့က အရက်နံ့ရ၍ ကျောင်းရှင်ရဟန်းပေါ်၌ ယုံမှားခြင်းသည် မုတပရိသင်္ကိတတည်း။ ဝါ၊ မြင်အပ်, ကြားအပ်, သိအပ်သော အာရုံနှင့်စပ်သဖြင့်။ စေတသာ၊ စိတ်ဖြင့်။ ဝါ၊ စိတ်ထဲက။ **အပရိသင်္ကိတံ**၊ မယုံမှားအပ်သော အာရုံတည်း။ ဧတ္ထစ၊ ပေ၊ အပရိသင်္ကိတံ။ ။ ဣဒါနိ အတ္တနာ ဝုတ္တမေဝ ဒိဋ္ဌာဒိံ (ဒိဋ္ဌအစရှိသည်ကို) ဝိဝရိတုံ (အကျယ်ဖွင့်ခြင်းငှာ) ဧတ္ထစာတိ အာဒိ ဝုတ္တံ၊-ဋီကာ၊ ဤဋီကာကျမ်းတက်ပုံကို ကြည့်၍ "ဧတ္ထ စ" စသည်ကို ဝိတ္ထာရဝါကျဟု မှတ်ပါ၊ [များသောအားဖြင့် "ဧတ္ထစ" ဟု ရှိရာ၌ ဥပနျာသ ဝါကျဟု အမည်မှည့်လေ့ရှိကြ၏။] "အဿုတံနာမ တထေဝ" ၌ "တထေဝါတိ ပသာဒ သောတေနဝါ ဒိဗ္ဗသောတေနဝါတိ ဣမမတ္ထံ အတိဒိဿတိ"ဟု ဋီကာဖွင့်သည်။ ဣတိဧဝရူပေန၊ ဤသို့သဘောရှိသော။ အမူလကေန၊ အကြောင်းရင်း မရှိသော။
ဝါ၊ အခြေအမြစ် မရှိသော။
**ပါရာဇိကေနာ**တိ၊ ကား။
ဘိက္ခုနော၊ ရဟန်းအား။
အနုရူပေသု၊ လျောက်ပတ်ကုန်သော။
ဘိက္ခုနော အနုရူပေသု။ ။ ပါရာဇိက နိဂုံး၌ ပြခဲ့သော ပါရာဇိက ၂၄ ပါးတွင် ဘိက္ခုနီတို့၏ အသာဓာရဏ ပါရာဇိက ၄ ပါးနှင့် လူ့အဝတ်ကိုဝတ်သော ဘိက္ခုနီ၏ ပါရာဇိကကို နှုတ်၍ ကျန် ၁၉ ပါးတွင် "သင်သည် ပဏ္ဍုက်ဖြစ်၏" စသည်ဖြင့် စွပ်စွဲလျှင်လည်း "ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ" ပင်တည်း၊ ပဒဘာဇနီ၌ "စတုန္နံ အညတရေန ဟု ဟောတော်မူခြင်းမှာ ပါတိမောက် ပါရာဇိက အခန်း၌ တိုက်ရိုက်လာသော ပါရာဇိကကိုသာ ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။
ဧကူနဝီသတိယာ၊ တစ်ခုယုတ် ၂ဝ သော။
(ပါရာဇိကေသု၊ ကတို့တွင်။)
အညတရေန၊ အမှတ်မထား, တစ်ပါးပါးသော ပါရာဇိကဖြင့်၊ (အနုဒ္ဓံသေယျ-စွပ်စွဲဖျက်ဆီးအံ့။)
ပန၊ ဆက်။
ပဒဘာဇနေ၊ ၌။
ပါရာဇိကုဒ္ဒေသေ၊ ပါရာဇိကုဒ္ဒေသ၌၊ ["ပါတိမောက် ပါရာဇိ ကုဒ္ဒေသ၌" ဟူလို။]
အာဂတာနေဝ၊ တိုက်ရိုက်လာသော ပါရာဇိကတို့ကိုသာ။
ဂဟေတွာ၊ ယူတော်မူ၍။
(ဘဂဝတာ)၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
**အနုဒ္ဓံသေယျာတိ**၊ ကား။
ဓံသေယျ, ဝိဒ္ဓံသေယျ, ပဓံသေယျ၊ ဖျက်ဆီးအံ့။
အဘိဘဝေယျ၊ လွှမ်းမိုးနှိပ်စက်အံ့။
ဓံသေယျ ၊ပေ၊ အဘိဘဝေယျ။ ။ အနုဒ္ဓံသေယျ၌ အနုသည် အနက်သီးခြား မရှိ၊ ဓံသ၏ အနက်ကို ထွန်းပြသော ဓာတွတ္ထာနုဝတ္တကသာ-ဟု ပြလို၍ "ဓံသေယျ"ဟု ဖွင့်သည်၊ ဝိဒ္ဓံသေယျ-ပဓံသေယျတို့ကား မံသ၏အနက်ကို ဖွင့်သော ဓာတွတ္ထသံဝဏ္ဏနာတည်း၊ ထို ဖျက်ဆီးခြင်းဟူသည် ပျောက်ပျက်သွားအောင် ဖျက်ခြင်း မဟုတ်၊ ထိုရဟန်းကို "လွှမ်းမိုး- နှိပ်စက် ခြင်းတည်း"ဟု ပြလို၍ "အဘိဘဝေယျ"ဟု ဖွင့်သည်။
ပန၊ ဆက်။
တံ အနုဒ္ဓံသနံ၊ ထိုစွပ်စွဲဖျက်ဆီးခြင်းကို။
ယသ္မာ၊ ကြောင့်။
အတ္တနာ၊ ကိုယ်တိုင်။
စောဒေန္တော ပိ၊ စောဒနာလျက် လည်းကောင်း။
ပရေန၊ သူတစ်ပါးသည်။
ဝါ၊ ကို။
စောဒါပေန္တောပိ၊ စောဒနာ စေလျက်လည်းကောင်း။
ကရောတိ၊ ပြုနိုင်၏။
တသ္မာ၊ ကြောင့်။
အဿ၊ ထိုအနုဒ္ဓံ သေယျပုဒ်၏။
ပဒဘာဇနေ၊ ၌။
"စောဒေတိဝါ စောဒါပေတိဝါ"တိ၊ ဝါဟူ၍။
(ဘဂဝတာ)၊ ဝုတ္တံ၊ ထိုစောဒေတိဝါ စောဒါပေတိဝါဟူသောပါဌ်၌။
တတ္ထ၊ ထိုစောဒေတိဝါ စောဒါပေတိဝါဟူသောပါဌ်၌။
စောဒနာ၊ နာတို့သည်။
ဝတ္ထုသန္ဒဿနာ၊ နာလည်းကောင်း။
အာပတ္တိသန္ဒဿနာ၊ နာလည်းကောင်း။
သံဝါသပ္ပဋိက္ခေပေါ၊ ပလည်းကောင်း။
သာမီစိပ္ပဋိက္ခေပေါ၊ ပ လည်းကောင်း။
ဣတိ၊ သို့။
သင်္ခေပတော၊ အကျဉ်းချုပ်အားဖြင့်။
စတဿော၊ ၄ ပါးတို့တည်း။
တာသု၊ ထို ၄ ပါးတို့တွင်။
**ဝတ္ထုသန္ဒဿနာ**နာမ၊ အာပတ်သင့်ခြင်း၏ အကြောင်းဝတ္ထုကို ပြခြင်းမည်သည်။
တွံ၊ သင်သည်။
မေထုနံဓမ္မံ၊ မေထုန်အကျင့်ကို။
မေထုနံ ၊ပေ၊ အာဒိနာ။ ။ မေထုန်မှီဝဲခြင်းသည် ပါရာဇိကကျခြင်း၏ အကြောင်း ဝတ္ထုတည်း၊ ထို့ကြောင့် "မေထုနံ ဓမ္မံ ပဋိသေဝိ"ဟု ပြောဆို စောဒနာခြင်းကို ဝတ္ထု သန္ဒဿနာဟု ဆိုသည်၊ အာဒိဖြင့် "သင် သူ့ဥစ္စာကို ခိုးပြီ၊ သင် လူကို သတ်ပြီ၊ သင် ဥတ္တရိမနုဿဓမ္မကို ပြောပြီ"ဟူသော ပါရာဇိကဝတ္ထု ၃ ပါးကို ယူ။ [အာပတ္တိသန္ဒဿနာ စောဒနာပုံ ထင်ရှားပြီ။]
ပဋသေဝိ၊ မှီဝဲပြီ။
ဣတိ အာဒိနာ၊ ရှိသော။
နယေန၊ နည်းဖြင့်။
ပဝတ္တာ၊ ဖြစ်သော စောဒနာတည်း။
**အာပတ္တိသန္ဒဿနာနာမ**၊ အာပတ်ကို ပြခြင်းမည်သည်။
တွံ, မေထုနဓမ္မာပတ္တိံ၊ မေထုနဓမ္မ အာပတ်သို့။
အာပန္နော၊ ပြီ။
ပေ၊ **သံဝါသပ္ပဋိက္ခေပေါ** နာမ၊ သံဝါသကို ပယ်ခြင်းမည်သည်။
သံဝါသပဋိက္ခေပေါ။ ။ အတူနေထိုင်ရာဖြစ်သော ဥပုသ်, ပဝါရဏာ, အခြားသံဃကံ များကို "သံဝါသ"ဟု ခေါ်သည်၊ ထိုသံဝါသကို သင်နှင့်အတူ မပြုနိုင်-ဟု ပြောခြင်းသည် သံဝါသကို ပယ်ခြင်းဟူသော စောဒနာတစ်မျိုးဖြစ်၏။
တယာ၊ နှင့်။
သဒ္ဓိံ၊ အတူ။
ဥပေါသထောဝါ၊ ဥပုသ်သည်လည်းကောင်း။
ပဝါရဏာဝါ၊ ဏာသည်လည်းကောင်း။
သံဃကမ္မံဝါ၊ သံဃကံသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
ဣတိ ဧဝံ၊ သို့။
ပဝတ္တော၊ ဖြစ်သောပယ်ခြင်းတည်း။
ပန၊ ဆက်။
ဧတ္တာဝတာ၊ ဤမျှအတိုငးအရှည်ရှိသော ပယ်ခြင်းဖြင့်။
သီသံ၊ သံဃာဒိသေသ်ဟူသော အပြီးအဆုံးသို့။
န ဧတိ၊ မရောက်သေး။
(တွံ၊ သင်သည်။)
အသမဏော၊ ရဟန်း မဟုတ်သည်။
အသိ၊ ဖြစ်၏ ။
ဣတိ အာဒိ ဝစနေဟိ၊ ဤသို့အစရှိသော စကားတို့နှင့်။
သဒ္ဓိံ၊ ကွ။
ဃဋိတေယေဝ၊ ဆက်စပ်အပ်သည်သာ။
ဝါ၊ အပ်မှသာ။
သီသံ၊ သံဃာဒိသေသ် အာပတ်ဟူသော အပြီးအဆုံးသို့။
ဧတိ၊ ရောက်၏။
ဧတ္တာဝတာ ၊ပေ၊ ဧတိ။ ။ "သီသ"ဟူသည် ဦးခေါင်းကဲ့သို့ အပြီးအဆုံး ကိစ္စတည်း၊ ထိုသို့ သံဝါသကို ပယ်ရုံမျှဖြင့် အပြီးအဆုံးသို့ မရောက်သေး၊ (သံဃာဒိသေသ်အာပတ် မသင့် သေး-ဟူလို၊) သင်သည် ရဟန်းအစစ် မဟုတ်, ထို့ကြောင့် သင်နှင့် ကံကြီး ကံငယ်အတူ မပြုနိုင်"ဟု ဆိုမှ သံဃာဒိသေသ်ဟူသော အပြီးအဆုံးသို့ ရောက်၏။ [သာမီစိပ္ပဋိက္ခေပ၌လည်း နည်းတူ။]
**သာမီစိပ္ပဋိက္ခေပေါနာမ**၊ ရိုသေမှုကို ပယ်ခြင်းမည်သည်။
အဘိဝါဒန ၊ပေ၊ ဗီဇနိ ကမ္မာဒီနံ၊ ရှိခိုးမှု, ခရီးဦးကြိုဆိုမှု, လက်အုပ်ချီမှု, အရိုအသေပြုမှု, ယတ်ခတ်မှု အစရှိသော အမှုတို့ကို။
အကရဏံ၊ မပြုခြင်းတည်း။
တံ၊ ထိုမပြုခြင်းကို။
ပဋိပါဋိယာ၊ အစဉ်အားဖြင့်။
ဝန္ဒနာဒီနိ၊ ရှိခိုးခြင်း အစရှိသည်တို့ကို။
ကရောတော၊ ပြုသောရဟန်း၏။
ဧကဿ၊ တစ်ပါးသော ရဟန်းကို။
(ဝန္ဒနာဒီနိ၊ တို့ကို။)
အကတွာ၊ မပြုမူ၍။
သေသာနံ၊ ကြွင်းသော ရဟန်းတို့ကို။
ဝန္ဒနာဒီနံ၊ တို့ကို။
ကရဏကာလေ၊ ပြုရာအခါ၌။
ဧကဿ ၊ပေ၊ ကရဏကာလေ။ ။ အဘိဝါဒနအမှုကို ပြုသောရဟန်းသည် တစ်ပါးကိုချန်၍ အခြားရဟန်းများကို ပြုလျှင် ထိုချန်ထားအပ်သော ရဟန်းအတွက် သာမီစိကို ပယ်ရာ ရောက်၏၊ ထိုသို့ ပယ်ခြင်းသည်ပင် စောဒနာခြင်း တစ်မျိုးဖြစ်လေသည်။
ဝေဒိတဗ္ဗံ၊ ၏။
စ၊ ဆက်။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော အဘိဝါဒန အစရှိသောအမှုကို မပြုခြင်းဖြင့်။
စောဒနာနာမ၊ မည်သည်။
ဟောတိ၊ ၏။
ပန၊ ထိုသို့ပင် စောနာမည်ပါသော်လည်း။
ပေ၊ ကသ္မာ၊ ကြောင့်။
မမ၊ ငါ့ကို၊ [ဝန္ဒနာ၌ စပ်ရသော ဆဋ္ဌီကံတည်း၊ ရှေ့ "ဧကဿ သေသာနံ" တို့၌လည်း နည်းတူ။]
ဝန္ဒနာဒီနိ၊ ရှိခိုးခြင်း အစရှိသောအမှုတို့ကို။
န ကရောသိ၊ မပြုသနည်း။
ဣတိ၊ သို့။
ပုစ္ဆိတေ ပန၊ မေးအပ်သော်ကား။
ပေ၊ တသ္မာ, ယော ဘိက္ခု၊ သည်။
ဘိက္ခုံ၊ ကို။
သမီပေ၊ ၌။
သမီပေ။ ။ "ဒွါဒသဟတ္ထပ္ပမာဏေ ပဒေသေ-၁၂ တောင် အတွင်းကို သမီပ"ဟု
ဋီကာ ဆိုသော်လည်း သာရတ္ထဋီကာ၌ "သမီပေ ဌတွာတိ ဣဒံ သမ္မုခဘာဝမတ္တဒဿနတ္ထံ
ဝုတ္တံ- မျက်မှောက်အဖြစ်မျှကို ပြသောစကား-ဟု ဆို၏၊ ထိုအလို ၁၂ တောင်ထက် ဝေးသော်လည်း မျက်မှောက်တိုက်ရိုက် စောဒနာလျှင် သမီပပင်ဖြစ်သည်-ဟုမှတ်။
ဌတွာ၊ တည်၍။
ပေ ၊ ပဋိသေဝိ၊ ပြီ။
ဣတိဝါ၊ ဤသို့သော်လည်းကောင်း။
အသမဏော၊ သည်။
အသိ၊ ၏။
ဣတိဝါ, ဣတိ အာဒီဟိ၊ ဤသို့ အစရှိကုန်သော။
ဝစနေဟိ၊ တို့ဖြင့်သော်လည်းကောင်း။
ဟတ္ထမုဒ္ဒါယဧဝဝါ၊ လက်ချောင်းပြသဖြင့်သာလျှင်လည်းကောင်း။
ဧတမတ္ထံ၊ ဤအကြောင်းအရာကို။
ဒီပေန္တော၊ ပြလျက်။
သယံဝါ၊ ကိုယ်တိုင်မူလည်း။
စောဒေတိ၊ စောဒနာအံ့။
ဂဟဋ္ဌ ပဗ္ဗဇ္ဇိတေသု၊ လူဝတ်ကြောင်, ရဟန်းတို့တွင်။
အညတရေနဝါ၊ တစ်ယောက်ယောက်ကိုသော်လည်းကောင်း။
စောဒါပေတိ၊ စောဒနာစေအံ့။
အယံ (ဘိက္ခု)၊ သည်။
အနုဒ္ဓံသေတိနာမ၊ စွပ်စွဲဖျက်ဆီးသည်မည်၏။
**အပ္ပေဝနာမ ၊ပေ၊ စာဝေယျန္တိ**၊ ကား။
နံ ပုဂ္ဂလံ၊ ကို။
**ဣမမှာ** သေဋ္ဌစရိယာ၊ ဤမြတ်သော အကျင့်မှ။
ဝါ၊ ဤမြတ်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏အကျင့်မှ။
ဝါ၊ ဤသာသနာတော်မှ။
အပိဧဝ နာမ အပနေယျံ၊ ဖယ်ရှားနိုင်တန်ရာ၏။
အဟံ, ဣမံ ပုဂ္ဂလံ၊ ကို။
ဣမမှာ ဗြဟ္မစရိယာ၊ မှ။
သစေ စာဝေယျံ၊ အကယ်၍ ရွေ့လျောစေနိုင်အံ့။
(ဧဝံသတိ၊ ဤသို့ ရွေ့လျောစေနိုင်လသော်။)
ဝတ၊ စင်စစ်။
သာဓု၊ ကောင်းသည်။
သာဓု ၊ပေ၊ ဝုတ္တံ ဟောတိ။ ။ ဤဝါကျသည် "အပ္ပေဝနာမနံ" စသော ပါဠိတော်၏ ဆိုလိုရင်း ဥဇုကတ္ထကို ဖွင့်ပြသော တပ္ပါကဋီကရဏဝါကျတည်း၊ ["ဣတိ ဝုတ္တံ ဟောတိ, စကားရှိက, ဥဇုက"-နိယာမ်။] အပ္ပေဝနာမ-စသည်ကို အနက်ပေးရာ၌ကား သံသယတ္ထမှိ အဂ္ဂေဝ, အပ္ပေဝနာမနုတိစ"ဟူသော (၁၁၅၈) အဘိဓာန် အဗျယဝဂ်နှင့်အညီ "သာသနာတော် မှ ရွေ့လျောသွားအောင် စောဒနာနိုင်မည်, မစောဒနာနိုင်မည် မသေချာသော သံသယအနက်ကိုသာ ပေးသင့်၏၊ "ထို့ကြောင့်" အပိဧဝနာမ စာဝေယျံ-ရွေ့လျောစေနိုင်တန်ရာ၏"ဟု အနက် ပေးသည်၊ [ဗြဟ္မံ (သေဋ္ဌံ)+စရိယံ ဗြဟ္မစရိယံ၊ ဗြဟ္မာနံဝါ+စရိယံ ဗြဟ္မစရိယံ။]
အဿ၊ ဖြစ်ရာ၏။
ပေ ၊ ဧတေန၊ ဤ "အပ္ပေဝနာမ ၊ပေ၊ စာဝေယျံ" ဟူသော ပါဌ်ဖြင့်။
ဧကံ၊ တစ်ခုသော။
စာဝနာဓိပ္ပာယံ၊ သာသနာတော်မှ ရွေ့လျောစေလိုခြင်းကို။
ဂဟေတွာ၊ ၍။
အဝသေသာ၊ န်သော၊ (သတ္တ အဓိပ္ပာယာတို့၌ စပ်။)
အက္ကောသာဓိပ္ပာယော၊ ဆဲရဲခြင်း၌ ဖြစ်သောအလိုလည်းကောင်း။
ဝါ၊ ဆဲရဲလိုခြင်းလည်းကောင်း။
ကမ္မာဓိပ္ပာယော၊ ကံပြုခြင်း၌ဖြစ်သော အလိုလည်းကောင်း။
ကမ္မာဓိပ္ပာယော။ ။ အာပတ်ဖြင့် စောဒနာပြီးနောက် တဇ္ဇနီယစသော ကံ တစ်မျိုး မျိုးကို ပြုလိုခြင်းသည် ကမ္မာဓိပ္ပာယတည်း။ [ကမ္မေ-ကံ၌၊ (ဝါ-ကံပြုခြင်း၌)+ပဝတ္တော+ အဓိပ္ပာယော ကမ္မာဓိပ္ပာယော။]
ဝါ၊ ကံပြုလိုခြင်းလည်းကောင်း။
ဝုဋ္ဌာနာဓိပ္ပာယော၊ အာပတ်မှ ထခြင်း၌ဖြစ်သောအလိုလည်းကောင်း။
ဝုဋ္ဌာနာဓိပ္ပာယော။ ။ သံဃာဒိသေသ်အာပတ်ဖြင့် စောဒနာပြီးနောက်, အာပတ်သင့် ရိုးမှန်လျှင် ထိုအာပတ်မှ ထမြောက်အောင် ကုစားလို၍ စောဒနာခြင်းတည်း။ [ဝုဋ္ဌာနေ+ ပဝတ္တော+အဓိပ္ပာယော ဝုဋ္ဌာနာဓိပ္ပာယော။]
ဝါ၊ အာပတ်မှ ထစေလိုခြင်းလည်းကောင်း။
ဥပေါသထထပနာဓိပ္ပာယော၊ ဥပုသ်ကို တန့်ထားခြင်း၌ဖြစ်သော အလိုလည်းကောင်း။
ဥပေါသထထပနာဓိပ္ပာယော။ ။ အာပတ်ဖြင့် စောဒနာ၍ အာပတ်သင့်သူဖြစ်လျှင် ဥပုသ်မပြုဘဲ တန့်ရပ်ထားဖို့ရန် စောဒနာခြင်းတည်း။ ပဝါရဏာထပနာဓိပ္ပာယ၌လည်း နည်းတူ။ [အကျယ်ကို ပါတိမောက္ခထပနက္ခန္ဓကမှာရှု။]
ဝါ၊ ဥပုသ်တန့်ထားလိုခြင်းလည်းကောင်း။
ပဝါရဏာထပနာဓိပ္ပာယော၊ ပဝါရဏာကို တန့်ထားခြင်း၌ဖြစ်သော အလိုလည်းကောင်း။
ဝါ၊ ပဝါရဏာ တန့်ထားလိုခြင်းလည်းကောင်း။
အနုဝိဇ္ဇနာဓိပ္ပာယော၊ မေးစိစစ်ခြင်း၌ဖြစ်သော အလိုလည်းကောင်း။
ဝါ၊ မေးစိစစ်လိုခြင်းလည်းကောင်း။
ဓမ္မကထာဓိပ္ပာယော၊ တရားစကား ပြောဆိုခြင်း၌ဖြစ်သော အလိုလည်းကောင်း။
ဝါ၊ တရားဟောလိုခြင်းလည်းကောင်း။
ဣတိ၊ သို့။
သတ္တ၊ န်သော။
အဓိပ္ပာယာ၊ အလိုတို့သည်။
ဝါ၊ တို့ကို။
ပဋိက္ခိတ္တာ၊ ပယ်မြစ်အပ်ကုန်သည်။
ဟောန္တိ၊ န်၏။
**တတော ၊ပေ၊ သမယေနာ**တိ၊ ကား။
ယသ္မိံ သမယေ၊ ၌။
အနုဒ္ဓံသိတော၊ စွပ်စွဲဖျက်ဆီးအပ်သည်။
ဟောတိ၊ ၏။
တတော၊ ထိုစွပ်စွဲဖျက်ဆီးအပ်ရာ အခါမှ။
အညသ္မိံ၊ အခြားသော။
သမယေ၊ အခါ၌။
**သမနုဂ္ဂါဟီယမာနောဝါ**တိ၊ ကား။
အနုဝိဇ္ဇကေန၊ မေးစိစစ်တတ်သော ဝိနည်းဓိုရ် ပုဂ္ဂိုလ်သည်။
တေ၊ သင်သည်။
ကိံ၊ အဘယ်ကို။
ဒိဋ္ဌံ၊ မြင်အပ်သနည်း။
ဣတိ အာဒိနာ၊ သော။
နယေန၊ ဖြင့်။
အနုဝိဇ္ဇီယ မာနော ဥပပရိက္ခီယမာနော၊ စစ်ဆေးမေးမြန်းအုပ်သော်လည်းကောင်း။
**အသမနုဂ္ဂါဟီယမာနောဝါ**တိ၊ ကား။
ဒိဋ္ဌာဒီသု၊ ဒိဋ္ဌ အရှိသည်တို့တွင်၊ [အာဒိဖြင့် သုတ- ပရိသင်္ကိတို့ကို ယူ။]
ကေနစိ၊ တစ်စုံတစ်ခုသော။
ဝတ္ထုနာဝါ၊ ဝတ္ထုဖြင့်သော်လည်းကောင်း။
အနုဝိဇ္ဇကာဒီသု၊ မေးစိစစ်တတ်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ် အစရှိသူတို့တွင်၊ [အာဒိဖြင့် အနုဝိဇ္ဇက ရာထူးမရသော သာမန်မေးသူကို ယူ။]
ကေနစိ၊ တစ်စုံတစ်ယောက်သော။
ပုဂ္ဂလေနဝါ၊ ပုဂ္ဂိုလ်သည်သော်လည်းကောင်း။
အဝုစ္စမာနော၊ မပြောဆိုအပ်သော်လည်းကောင်း။
ပန၊ ဆက်။
ဣမေသံ ပဒါနံ၊ သမနုဂ္ဂါဟီယမာနောဝါ အသမနုဂ္ဂါဟီယမာနောဝါ ဟူသော ဤပုဒ်တို့၏။
ပရတော၊ နောက်၌။
"ဘိက္ခုစ ၊ပေ၊ ပတိဋ္ဌာတီ"တိ ဣမိနာ၊ တိဟူသော ဤပါဌ်ဖြင့်။
သမ္ဗန္ဓော၊ စပ်ခြင်းသည်။
ဟောတိ၊ ၏၊ (ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ-၌ စပ်။)
"အမူလကဉ္စေဝ တံ အဓိကရဏံ ဟောတိ"ဟူသော ကြားဝါကျ၌ မစပ်လင့်-ဟူလို။)
ဟိ၊ ထင်ရှားအောင် ပြဦးအံ့။
ဣဒံ ဝုတ္တံ ဟောတိ၊ (ကံ ဝုတ္တံ ဟောတိ၊) ဧဝံ၊ သို့။
သမနုဂ္ဂါဟီယမာနောဝါ၊ စစ်ဆေးမေးမြန်းအပ်သော်လည်းကောင်း။
သမနုဂ္ဂါဟီယမာနော။ ။ သံ+အနုပုဗ္ဗ, ဂဟဓာတ် (ကာရိုတ်ပစ္စည်း ကျေ၊) ယ, မာန
ပစ္စည်း၊ သံ အနု ဥပသာရတို့ကြောင့် အနုဝိဇ္ဇိယအနက်ဟော၏၊ အနုပုဗ္ဗ ဝိဒဓာတ်လည်း ဝီမံသန (စုံစမ်းခြင်း, စစ်ဆေးမေးမြန်းခြင်း) အနက်ကို ဟော၏၊ ထို့ကြောင့် "အနုဝိဇ္ဇိယမာနော, ဥပပရိက္ခိယမာနော"ဟု ဖွင့်သည်။ [စတုတ္ထပါရာဇိက၌ "စောဒိတော"ဟု ဖွင့်သည်မှာလည်း အနုဝိဇ္ဇိယမာနောနှင့် သဘောတူပင်။]
အသမနုဂ္ဂါဟီယမာနောဝါ၊ မစစ်ဆေး မမေးမြန်းအပ်ဘဲသော်လည်းကောင်း။
ဘိက္ခုစ၊ စွပ်စွဲသော ရဟန်းသည်လည်း။
ဒေါသံ၊ အပြစ်ကို။
ပတိဋ္ဌာတိ၊ စွဲ၍တည်၏။
ပဋိစ္စ၊ ၍။
တိဋ္ဌတိ၊ ၏။
ပဋိဇာနာတိ၊ ဝန်ခံ၏။
ပတိစ္စ ၊ပေ၊ ပတိဇာနာတိ။ ။ "မိမိက ဒုဋ္ဌဒေါသဖြင့် လိမ်လည်၍ စွပ်စွဲမိခြင်းကြောင့် သင့်ရောက်အပ်သော အပြစ်ကို စွဲ၍တည်၏၊ ထိုအပြစ်မှ ရှောင်တိမ်း၍ မရတော့ဘဲ ထိုအပြစ်ကို ဝန်ခံ၏-ဟူလို၊" ["သံဃာဒိသေသော" ကား သိက္ခာပုဒ်ပါဠိတော်၌ ပါသော ပုဒ်ပင်တည်း၊ ဝန်ခံသောကြောင့် သံဃာဒိသေသ်သင့်သည်-ဟု ပြသောပုဒ် မဟုတ်။]
သံဃာဒိ သေသော၊ သော။
အာပတ္တိနိကာယော (ဟောတိ၊) ဣတိ (ဝုတ္တံ ဟောတိ၊) စ၊ ဆက်။
ဣဒံ၊ ဤ "ဘိက္ခုစ ၊ပေ၊ ပတိဋ္ဌာတိ, သံဃာဒိသေသော"ဟူသောပုဒ်ကို။
အမူလကဘာဝဿ၊ အခြေအမြစ် မရှိသည်၏အဖြစ်၏။
ပါကဋကာလဒဿနတ္ထံ၊ ထင်ရှားရာကာလကို ပြခြင်အကျိုးငှာ။
ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
အာပတ္တိံ ပန၊ အာပတ်သို့ကား။
အနုဒ္ဓံသိတက္ခဏေယေဝ၊ စွပ်စွဲဖျက်ဆီးအပ်ရာ ခဏ၌ပင်။
အာပဇ္ဇတိ၊ ရောက်ခဲ့၏။
ဣဒဉ္စ ၊ပေ၊ အာပဇ္ဇတိ။ ။ "သမနုဂ္ဂါဟီယမာနောဝါ အသမနုဂ္ဂါဟီယမာနောဝါ
ပတိဋ္ဌာတိ သံဃာဒိသေသော"ဟု မိန့်တော်မူရကား ဝန်ခံရာအခါကျမှ သံဃာဒိသေသ် သင့်၏- ဟု ထင်မှားဖွယ်ရှိသောကြောင့် "ဣဒဉ္စ" စသည် မိန့်၊ သမနုဂ္ဂါဟီယမာနောဝါ-စသော စကားကို အမူလကအဖြစ်၏ထင်ရှားရာအခါကို ပြခြင်းအကျိုးငှာ ဆိုပါသည်၊ အာပတ်ကား စွပ်စွဲတုန်းကပင် သင့်ခဲ့ပါပြီ-ဟူလို။ [အသမနုဂ္ဂါဟီယမာနောဝါ ဒေါသံ ပတိဋ္ဌာတိ-ကား တစ်စုံတစ်ယောက်က မစစ်ဆေးဘဲ သူ့ဘာသာ နောင်တရ၍ ဝန်ခံခြင်းတည်း။]
ပန၊ ဆက်၊ [သမနုဂ္ဂါဟီယမာနောဝါ အသမနုဂ္ဂါဟီယမာနောဝါနှင့် ဘိက္ခုစ ၊ပေ၊ ပတိဋ္ဌာတိတို့ကြား၌ ကျန်ရစ်ခဲ့သော "အမူလကဉ္စေဝ ၊ပေ၊ ဟောတိ" ဟူသော ဝါကျကို ဖွင့်လို၍ ထပ်ဆက်သည်။]
အမူလကဉ္စေဝ ၊ပေ၊ ဟောတီတိ ဧတ္ထ၊ ၌။
ဒိဋ္ဌမူလာဒီနံ၊ ဒိဋ္ဌ မူလအရှိသည်တို့၏၊ (အာဒိဖြင့် သုတမူလ, ပရိသင်္ကိတမူလတို့ကို ယူ။)
အဘာဝေန၊ မရှိခြင်းကြောင့်။
အမူလကံ၊ ကမည်၏။
သမထေဟိ၊ သမထတို့သည်။
အဓိကရဏီယဘာဝေန၊ စွဲ၍ ပြုအပ်သည်၏ အဖြစ်ကြောင့်။အဓိကရဏီယဘာဝေန။ ။ ဤပါဌ်ကို ထောက်၍ "အဓိကရီယတေ-သမထတို့သည် စွဲ၍ ပြုအပ် (ပြုထိုက်) ၏၊ ဝါ-သမထတို့သည် ငြိမ်းစေအပ် (ငြိမ်းစေထိုက်) ၏၊ ဣတိ အဓိကရဏံ"ဟု ကမ္မသာဓ်ပြု၊ "ယံ ဟိ အဓိကိစ္စ" စသော ပါဌ်ဖြင့်လည်း ကမ္မသာဓနကိုပင် ပြသည်၊ ဘာ့ကြောင့်နည်း... "ယံ" ဟူသော ကံပုဒ်၏ အနက်ကိုပင် အရကောက်ရသောကြောင့် တည်း။ [အဓိကရဏဋ္ဌေနာတိ အဓိကာတဗ္ဗဋ္ဌေန (သဒ္ဒတ္ထ) သမထေဟိ ဝူပသမေတဗ္ဗဋ္ဌေနာတိ အတ္ထော၊ (အဓိပ္ပာယတ္ထ)၊ ယံ အဓိကိစ္စာတိ အာဒိနာ အဓိကရုဏသဒ္ဒဿ ကမ္မသာဓနတာ ဝုတ္တာ၊-ဝိမတိ။]
တစ်နည်း။ ။ "အဓိကယိရန္တိ ဧတ္ထာတိ အဓိကရဏံ၊ ကေ အဓိကယိရန္တိ၊ သမထာ၊ ကထံ အဓိကယိရန္တိ၊ သမထဝသေန၊- သာရတ္ထနှင့် ကင်္ခါဋီကာ၊ ဧတ္ထ-ဤအနုဝါဒ စသည်၌၊ သမထာ-သမထတို့သည်၊ အဓိကယိရန္တိ-(ငြိမ်းစေသောအားဖြင့်) တည်ကြကုန်၏၊ ဣတိ-ထိုသို့ သမထတို့၏ တည်ရာ၏အဖြစ်ကြောင့်၊ အဓိကရဏံ-မည်၏၊ ဤနည်းကား အဋ္ဌကထာနည်းမှ တစ်မျိုးဖွင့်သော ဋီကာနည်းတည်း။ [ကယိရန္တိ-ဟု ကတ္တားပုဒ် ရှိမှ "ကေ" ဟူသော ပဌမန္တ ကတ္တားနှင့် လိုက်ရောမည်၊ "အဓိကရဏာနိ သမေန္တီတိ သမထာ"ဟု ပြု။] ဝါ၊ ငြိမ်းစေအပ်သည်၏ အဖြစ်ကြောင့်။
အဓိကရဏံ၊ ဏမည်၏။
ဟိ၊ မှန်။
ယံ၊ အကြင် ငြင်းခုံခြင်း အစရှိသောအမှုကို၊ (ဝိဝါဒါဓိကရိုဏ်း စသည်ကို ရည်ရွယ်သည်။)
အဓိကိစ္စ၊ စွဲ၍။
အာရဗ္ဘ၊ အကြောင်းပြု၍။
ပဋိစ္စ၊ ရှေးရှုရောက်၍။
သန္ဓာယ၊ ရည်ရွယ်၍၊ (နောက်နောက်ပုဒ်သည် ရှေ့ရှေ့ပုဒ်၏ အဖွင့်။)
သမထာ၊ ထတို့သည်။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
တံ၊ ထိုငြင်းခုံခြင်း အစရှိသော အမှုသည်။
အဓိကရဏံ၊ မည်၏။
ပန၊ ထိုသို့ပင် အဓိကရိုဏ်း ၄ပါး ရှိပါသော်လည်း။
ဣဓ၊ ဤသိက္ခာပုဒ်၌။
ပါရာဇိကသင်္ခါတံ၊ ဇိကဟု ဆိုအပ်သော။
အာပတ္တာဓိကရဏမေဝ၊ အာပတ္တာ ဓိကရိုဏ်းကိုသာ။
အဓိပွေတံ၊ ၏။
ဟိ၊ မှန်။
တံ အဓိကရဏံ၊ ထို အာပတ္တာဓိကရိုဏ်းသည်။
ဒိဋ္ဌာဒီဟိ၊ ဒိဋ္ဌ အစရှိကုန်သော။
မူလေဟိ၊ အကြောင်းတို့ဖြင့်။
အမူလ ကဉ္စေဝ၊ အခြေအမြစ် မရှိသည်လည်း။
ယဒိ ဟောတိ၊ အံ့။
(ဧဝံသတိ) စောဒေတုံ၊ စောဒနာခြင်းငှာ။
အာဂတော၊ လာသော။
အယံ ဘိက္ခုစ၊ သည်လည်း။
ဒေါသံ၊ အပြစ်ကို။
ပတိဋ္ဌာတိ၊ စွဲ၍တည်၏။
ပဋိစ္စ၊ စွဲ၍။
တိဋ္ဌတိ၊ တည်၏။
တုစ္ဆကံ၊ အချီးနှီးသော စကားကို။
မယာ၊ တပည့်တော်သည်။
ဘဏိတံ၊ ပြောဆိုအပ်ပါပြီ။
ဣတိ အာဒီနိ၊ ဤသို့ အစရှိသောစကားတို့ကို။
ဝဒန္တော၊ ပြောဆိုလျက်။
ပဋိ ဇာနာတိ၊ ဝန်ခံ၏။
တဿ ဘိက္ခုနော၊ ၏။
အနုဒ္ဓံသိတက္ခဏေယေဝ၊ စွပ်စွဲအပ်ရာ ခဏ၌ပင်။
သံဃာဒိသေသော၊ မည်သော။
(အာပတ္တိနိကာယော, ဟောတိ၊) ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
သိက္ခာပဒဿ၊ ၏။
ပဒါနုက္ကမေန၊ ပုဒ်အစဉ်အားဖြင့်။
အတ္ထော၊ အနက်တည်း။
(ဣဒံ သိက္ခာပဒံ) ရာဇဂဟေ, မေတ္တိယဘူမဇကေ၊ မေတ္တိယဘူမဇကမည်ကုန်သော။
ဘိက္ခူ၊ တို့ကို။
ပေ ၊ ကတူပသမ္ပဒံ၊ ပြုအပ်ပြီးသော ပဉ္စင်းအဖြစ်ရှိသော။
ကတူပသမ္ပဒံ။ ။ ကတာ+ဥပသမ္ပဒါ ယဿာတိ ကတူပသမ္ပဒေါ-ပြုအပ်ပြီးသော မြင့်မြတ်သော ပြည့်စုံခြင်း (ပဉ္စင်းခံခြင်း) ရှိသူ၊ (ရဟန်းဖြစ်ပြီးသူ)၊ ဤပါဌ်ဖြင့် "ပဉ္စင်းဖြစ်ပြီး ပုဂ္ဂိုလ်ကို စွပ်စွဲမှ သံဃာဒိသေသ်" ဟု ပြ၏၊ သုဒ္ဓံဝါဖြင့် စွပ်စွဲအပ်သူက ပါရာဇိကမှ စင်ကြယ် ကြောင်းကိုပြ၏၊ အသုဒ္ဓံဝါဖြင့် ပါရာဇိကမှ မစင်ကြယ်ကြောင်း ပြ၏၊ စွပ်စွဲရာ၌ကား စင်ကြယ်သူကို မဆိုထားဘိ, မစင်ကြယ်သူကိုပင် (စင်ကြယ်၏ ဟု အထင်ရှိလျက်) ဒုဋ္ဌဒေါသဖြင့်စွပ်စွဲလျှင် သံဃာဒိသေသ်သင့်သည်။
ဝါ၊ ပဉ္စင်းခံပြီးသော၊ [ပဉ္စင်းဟု ဝန်ခံမှုကို "ပဉ္စင်း"ဟု ခေါ်၏။]
သုဒ္ဓံဝါ၊ စင်ကြယ်သည်မူလည်းဖြစ်သော။
အသုဒ္ဓံဝါ၊ မစင်ကြယ်သည်မူလည်းဖြစ်သော။
ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ (ဉ တွာ စောဒေန္တဿတို့၌ စပ်။)
ယေန ပါရာဇိကေန၊ ဖြင့်။
စောဒေတိ၊ ၏။
တံ၊ ထို ပါရာဇိက အာပတ်သို့။
အယံ၊ ဤ ပုဂ္ဂိုလ်သည်။
အနဇ္ဈာပန္နော၊ မရောက်။
ဣတိ၊ သို့။
ဉ တွာ၊ သိလျက်။
စာဝနာဓိပ္ပါယနေ၊ သာသနာတော်မှ ရွေ့လျောစေခြင်း၌ဖြစ်သော အလိုဖြင့်။
ဝါ၊ သာသနာတော်မှ ရွေ့လျောစေလိုသဖြင့်။
အာယသ္မာ၊ သည်။
မေ၊ တပည့်တော်အား။
ဩကာသံ၊ စောဒနာခွင့်ကို။
ကရောတု၊ ပြုပါလော။
အဟံ၊ သည်။
တံ၊ အရှင့်ကို။
ဝတ္တုကာမော၊ ပြောလိုပါ၏။
ဝါ၊ စောဒနာလိုပါ၏။
ဣတိ ဧဝံ၊ သို့။
ဩကာသံ၊ ကို။
အကာရေတွာ၊ မပြုစေမူ၍။
စောဒေန္တဿ၊ စောဒနာသော ရဟန်း၏၊ (သံဃာဒိသေသော, ဒုက္ကဋံ-တို့၌ စပ်။)
သော၊ ထို စောဒနာအပ်သော ရဟန်းသည်။
တင်္ခဏေယေဝ၊ ထိုခဏ၌ပင်။
မံ၊ ကို။
စောဒေ တိ၊ ၏။
ဣတိ၊ သို့။
သစေ ဇာနာတိ၊ အံ့။
(ဧဝံသတိ) ဝါစာယ ဝါစာယ၊ စကားတိုင်း စကားတိုင်း၌၊ (စောဒနာအပ်သော ဝါကျတစ်ခုတိုင်း, တစ်ခုတိုင်း၌ ဟူလို။)
သံဃာဒိသေသော စေဝ၊ သည်လည်းကောင်း။
ဒုက္ကဋံစ၊ သည်လည်းကောင်း။
(ဟောတိ၊ ၏ ။)
ဩကာသံ ကရေတွာ, စောဒေန္တဿ၊ ၏။
သံဃာဒိသေသောယေဝ၊ သည်သာ။
ဟောတိ၊ ၏၊ (ဧဝဖြင့် ဒုက္ကဋ်ကို နစ်စေသည်။)
ဟတ္ထမုဒ္ဒါယ၊ လက်ချောင်းချိုးသဖြင့်။
သမ္မုခါ၊ ၌။
စောဒေန္တဿပိ၊ ၏လည်း။
ဧသေဝနယော၊ ပင်တည်း၊ [ဟတ္ထမုဒ္ဒါ၏ အဖွင့်ကို သိက္ခာချခန်း၌ ပြန်ကြည့်။]
ပန၊ ကား။
ပရံမုခါ၊ မျက်ကွယ်၌။
စောဒေန္တဿ၊ ၏။
စောဒနာ၊ စောဒနာခြင်းသည်၊ (ကတ္တားထည့်။)
သီသံ၊ အပြီးအဆုံးသို့။
န ဧတိ၊ မရောက်။
ဘိက္ခု၊ သည်၊ (အာဏာပေတိ၏ ကတ္တားထည့်။)
အတ္တနာ၊ ကိုယ်တိုင်။
သမီပေ၊ ၌။
ဌတွာ၊ တည်၍။
အညံ၊ သော။
ဘိက္ခုံ၊ ကို။
အာဏာပေတိ၊ အံ့။
(ဧဝံသတိ)၊ သော၊ ထို စေခိုင်းအပ်သော ပုဂ္ဂိုလ်သည်။
တဿ၊ ထို စေခိုင်းတတ်သော ရဟန်း၏။
ဝစနေန၊ ဖြင့်။
တံ၊ ထိုပုဂ္ဂိုလ်ကို။
စောဒေတိ၊ အံ့။
(ဧဝံ သတိ)၊ စောဒါပကဿေဝ၊ စောဒနာစေတတ်သော ရဟန်း၏သာ။
ဝုတ္တနယေန၊ ဖြင့်။
ဝုတ္တနယေန။ ။ ခွင့်တောင်းခြင်း, ခွင့်မတောင်းခြင်းအလိုက် ဒုက္ကဋ် ပါ-မပါကိုလည်း ကောင်း, ထိုခဏ၌ သိခြင်းကိုလည်းကောင်း, စကားခွန်းတိုင်း အာပတ်ကိုလည်းကောင်း ညွှန်ပြသည်။
အာပတ္တိယော၊ တို့သည်။
(ဟောန္တိ)၊ အထ၊ သို့မဟုတ်။
သောပိ၊ ထို စေခိုင်းအပ်သော ရဟန်းသည်လည်း။
မယာ၊ ငါသည်။
ဒိဋ္ဌံ၊ မြင်အပ်သော အကြောင်းအရာသည်။
အတ္ထိ၊ ၏။
သုတံ၊ ကြားအပ်သော အကြောင်းအရာသည်။
အတ္ထိ၊ ၏။
ဣတိ၊ ဤသို့ ဖြည့်စွက်၍။
စောဒေတိ၊ အံ့။
ဒွိန္နံပိ၊ ၂ပါးလည်းဖြစ်ကုန်သော။
ဇနာနံ၊ အာဏာပက အာဏတ္တ ရဟန်းတို့၏။
တထေဝ၊ ထို့အတူပင်၊ (ဝုတ္တနယေနကိုပင် တထေဝ-ဟု ပြန်ညွှန်သည်။)
ပေ၊ ပန၊ ကား၊ (စာဝနာဓိပ္ပာယမှ တစ်ပါး, အက္ကောသာဓိပ္ပာယကား။)
အက္ကောသာဓိပ္ပာယေန ၊ပေ၊ ဝဒန္တဿ၊ ဆဲဆိုသော ရဟန်း၏။
ပေ၊ ကမ္မာဓိပ္ပာယေန၊ ဖြင့်။
ဝါ၊ သဖြင့်။
အသမ္မုခါ၊ ၌။
သတ္တဝိဓံပိ၊ ၇ပါးအပြားရှိသည်လည်းဖြစ်သော။
ကမ္မံ၊ ကို။
သတ္တဝိဓမ္ပိကမ္မံ။ ။ တဇ္ဇနီယ, နိသယ, ပဗ္ဗာဇနီယ, ပဋိသာရဏီယနှင့် (မစွန့်-မရှု- မကုခြင်း ၃မျိုးကြောင့် ပြုအပ်သော) ဥက္ခေပနီယကံ ၃ မျိုးတည်း။
ကရောန္တဿ၊ ၏။
ဒုက္ကဋမေဝ (ဟောတိ)။
ဝုဋ္ဌာနာဓိပ္ပာယေန၊ ဖြင့်။
ဝါ၊ သဖြင့်၊ (ဝဒန္တဿ-၌ စပ်။)
တွံ၊ သည်။
ဣတ္ထန္နာမံ၊ ဤအမည်ရှိသော။
အာပတ္တိံ၊ သို့။
အာပန္နော၊ ပြီ။
တံ၊ ထိုအာပတ်ကို။
ပဋိကရောဟိ၊ ကုစားလော။
ဣတိ၊ သို့။
ဝဒန္တဿ၊ ပြောဆိုသော ရဟန်း၏လည်းကောင်း။
ဥပေါသထံ ဝါ၊ ကိုသော်လည်းကောင်း။
ပဝါရဏံဝါ၊ ကိုသော်လည်းကောင်း။
ထပေန္တဿ၊ တန့်ထားသော ရဟန်း၏လည်းကောင်း။
ဩကာသကမ္မံ၊ ခွင့်တောင်းမှုသည်။
နတ္ထိ၊ (ခွင့်တောင်းနေဖွယ် မလို။)
ပန၊ ထိုသို့ပင် ခွင့်တောင်းဖွယ် မလိုပါသော်လည်း။
ထပနခေတ္တံ၊ တန့်ထားရာ ခေတ်ကို။
ထပနခေတ္တံ။ ။ ပါတိမောက်ပြမည့် ရဟန်းက "သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော" စသည်ဖြင့် ဉတ်ထားနေစဉ် "ကရေယျ"၌ "ရေ"ကို ရွတ်တုန်းအထိ ထပန ခေတ်တည်း၊ ဉတ်မထားမီလည်းကောင်း, ယျဟု ရွတ်လျှင်လည်းကောင်း, ရွတ်ပြီးနောက်လည်းကောင်း ထပနခေတ် မဟုတ်။ [ပဝါရဏာ ထပနခေတ်ကား သံဃာအများအတွက် ဉတ်ထားတုန်း, တစ်ပါးအတွက် "သံဃံ ဘန္တေ" စသည်ဖြင့် ပဝါရဏာ ပြုတုန်းတည်း။]
ဇာနိတဗ္ဗံ၊ ထိုက်၏။
အနုဝိဇ္ဇကဿပိ၊ မေးစိစစ်တတ်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ်၏လည်း၊ (ဩကာသကမ္မံ နတ္ထိ- ၌ စပ်။)
ဝါ၊ သည်လည်း၊ (ဝဒန္တဿ-၌ စပ်။)
ဝတ္ထုသ္မိံ၊ အကြောင်းဝတ္ထုသည်။
ဩသဋေ၊ သက်ရောက်လသော်၊ [မေးစိစစ်ဖို့ရန် သံဃဘောင်၌ အကြောင်းပေါ် လာလသော်။]
တဝ၊ သင်၏။
ဝါ၊ မှာ။
ဧတံ၊ ဤအမှုသည်။
အတ္ထိ၊ လော။
ဣတိ၊ သို့။
အနုဝိဇ္ဇနာဓိပ္ပာယေန၊ ဖြင့်။
ဝါ၊ သဖြင့်။
ဝဒန္တဿ၊ ပြောဆိုလသော်။
ဝါ၊ ပြောဆိုသော။
အနုဝိဇ္ဇကဿပိ၊ ၏လည်း။
ဩကာသကမ္မံ၊ သည်။
နတ္ထိ။
ဓမ္မကထိကဿပိ၊ တရားဟောပုဂ္ဂိုလ်၏လည်း။
ဝါ၊ သည်လည်း။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ဣဒဉ္စ ဣဉ္စ၊ ဤမည် ဤမည်သော အမှုကိုလည်း။
ကရောတိ၊ ၏။
အယံ၊ ဤ ပုဂ္ဂိုလ်သည်။
အသမဏော၊ ရဟန်း မဟုတ်။
ဣတိ အာဒိနာ၊ သော။
နယေန၊ ဖြင့်။
အနောဒိသကံ၊ ရည်ညွှန်ခြင်း မရှိသော။
ဓမ္မံ၊ ကို။
ကထေန္တဿ၊ ပြောဟောလသော်။
ဝါ၊ သော။
ဓမ္မကထိကဿပိ၊ ၏လည်း။
ဩကာသကမ္မံ နတ္ထိ၊ ပန၊ ကား။
ဩဒိဿ၊ ရည်စူး၍။
သြဒိဿ။ ။ အဝပုဗ္ဗ, ဒိသ, တွာ၊ မကောင်းသောစိတ်ဖြင့် ရည်ရွယ်ခြင်းဖြစ်၍ "အ၀" ဥပသာရပုဒ်ဖြင့် ဆိုဟန်တူသည်၊ အဝကို ဩပြု၊ [ဩဓိဿ-ဟုကား မရှိနိုင်၊ ဩမိသော+ မေတ္တာ ဖရဏာ" စသည်၌ အဝပုဗ္ဗ, ဓာဓာတ် ဣပစ္စည်း, နာကို "သော" ပြုထားသော ပုဒ်တည်း။] အနောဒိသကံ ဓမ္မံ၌ "ဩဒိသနံ ဩဒိသော၊ နတ္ထိ+ဩဒိသော+ယဿာတိ အနောဒိသကော (ဓမ္မော) ဟု ပြု။
နိယမေတွာ၊ မှတ်သား၍။
အသုကောစ အသုကောစ၊ ထိုမည် ထိုမည်သော ပုဂ္ဂိုလ်သည်လည်း။
အသမဏော၊ ရဟန်းလည်းမဟုတ်။
အနုပါသကော၊ ဥပါသကာလည်း မဟုတ်။
ဣတိ၊ သို့။
သစေ ကထေတိ၊ အံ့။
(ဧဝံ သတိ)၊ အာသနတော၊ ထိုင်နေရာမှ။
ဝါ၊ တရားဟော ပလ္လင်မှ။
ဩရုယှ၊ ဆင်း၍။
ဝါ၊ ဆင်းလသော်။
အာပတ္တိံ၊ ကို။
ဒေသေတွာ၊ ဒေသနာပြော၍။
ဂန္တဗ္ဗံ၊ သွားရာ၏။
ဥမ္မတ္တကာဒီနံစ၊ ၏လည်း။
ပေ ၊ သီလဝိပတ္တိ။
ယံ၊ အကြင်ပုဂ္ဂိုလ်ကို။
စောဒေတိဝါ၊ ကိုယ်တိုင်မူလည်း စောဒနာ၏။
စောဒါ ပေတိဝါ၊ သူတစ်ပါးကိုမူလည်း စောဒနာစေ၏။
တဿ၊ ထိုစောဒနာအပ်သော ပုဂ္ဂိုလ်၏။
ဥပသမ္ပန္နောတိ၊ ရဟန်းဟူ၍။
သင်္ချူပဂမနံ၊ ရေတွက်အပ်သည်၏ အဖြစ်သို့ရောက်ခြင်းလည်းကောင်း။
တသ္မိံ၊ ထိုစောဒနာအပ်သော ပုဂ္ဂိုလ်၌။
သုဒ္ဓသညိတာ၊ စင်ကြယ်၏ဟု အမှတ်ရှိသူ၏ အဖြစ်လည်းကောင်း၊ [ထိုသူ မစင်ကြယ်စေကာမူ စင်ကြယ်သူဟု မှတ်ထင်နေခြင်း။]
ယေန ပါရာဇိကေန၊ ဖြင့်။
စောဒေတိ၊ ၏။
တဿ၊ ထို ပါရာဇိက အာပတ်၏။
ဒိဋ္ဌာဒိဝသေန၊ ဒိဋ္ဌအစရှိသည်တို့၏အစွမ်းဖြင့်။
အမူလကတာ၊ အခြေအမြစ် မရှိသည်၏ အဖြစ်လည်းကောင်း။
စာဝနာဓိပ္ပာယေန၊ ဖြင့်။
ဝါ၊ သဖြင့်။
သမ္မုခါ၊ ၌။
စောဒနာ၊ ခြင်းလည်းကောင်း။
တဿ၊ ထိုစောဒနာအပ်သော ပုဂ္ဂိုလ်၏။
တင်္ခဏဝိဇာနနံ၊ ထိုခဏ၌ သိခြင်းလည်းကောင်း။
ဣတိ ၊ပေ၊ အဒိန္နာဒါနသဒိသာနိ၊ အဒိန္နာဒါနသိက္ခာပုဒ်၏ သမုဋ္ဌာန် အစရှိသည်တို့နှင့် တူကုန်၏။
ပန၊ အထူးကား။
ဧတ္ထ၊ ဤဒုဋ္ဌဒေါသ သိက္ခာပုဒ်၌။
ဝေဒနာ၊ ဝေဒနာသည်။
ဒုက္ခာယေဝ၊ ဒုက္ခဝေဒနာသာတည်း၊ (သုခေါပေက္ခာမရှိ- ဟူလို။)
ဣတိ၊ သာဓာရဏဝိနိစ္ဆယ အပြီးတည်း။
အဋ္ဌမသိက္ခာပဒံ၊ သည်။
နိဋ္ဌိတံ၊ ပြီးပြီ။