စတုတ္ထေ၊ ၌။
(သမတိတ္ထိကပဋိဂ္ဂဟဏသိက္ခာပုဒ်၌)။
သမတိတ္ထိကန္တိ၊ ကား။
သမပုဏ္ဏံ သမဘရိတံ၊ အညီအမျှ ပြည့်သော။
[ဤ၌ သမဘရိတံကား သမပုဏ္ဏံ၏ ပရိယာယ်တည်း။]
အဓိဋ္ဌာနုပဂပတ္တဿ၊ အဓိဋ္ဌာန်လောက်သော သပိတ်၏။
အန္တောမုခဝဋ္ဋိလေခံ၊ အတွင်းနှုတ်ခမ်းရစ်အရေးကို။
အနတိက္ကမိတွာ၊ မကျော်လွန်မူ၍။
ရစိတံ၊ စီထားအပ်သော။
[အချို့စာ၌ "ဌိတံ" ဟုရှိ၏, မကောင်း၊ "ရစိတန္တိ ကတံ ပက္ခိတ္တံ၊ ပူရိတန္တိ အတ္ထော" ဟု ဋီကာ ဆိုသောကြောင့် "ရစိတံ" ဟုရှိရမည်။]
ပိဏ္ဍပါတန္တိ၊ ကား။
ယံကိဉ္စိ၊ သော။
ယာဝကာလိကံ၊ ယာဝကာလိက ခဲဖွယ်ဘောဇဉ်ကို။
[ပါဠိတော်ဝယ် ပဋိဂ္ဂဟေဿာမိ၌ လှမ်းစပ်။]
ပန၊ ကား။
အနဓိဋ္ဌာနုပဂေ၊ အဓိဋ္ဌာန် မလောက်သော သပိတ်၌။
ယာဝကာလိကံ၊ ယာဝကာလိက ခဲဖွယ်ဘောဇဉ်သည်။
(ထူပီကတံ၊ ထူပကဲ့သို့ မိုမောက်အောင် ပြုအပ်သည်။
သမာနံပိ၊ ဖြစ်သော်လည်းကောင်း။)
ယာမကာလိကာဒီနိစ၊ ယာမကာလိက အစရှိသော ဝတ္ထုတို့သည်လည်း။
ယတ္ထကတ္ထစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော ခွက်၌။
[အဓိဋ္ဌာန်လောက်၊ မလောက် သပိတ်ခွက်အားလုံး၌။]
ထူပီကတာနိ၊ ကုန်သည်။
(သမာနာနိ) ပိ၊ ဖြစ်ကုန်သော်လည်းကောင်း။
ဝဋ္ဋန္တိ၊ အပ်ကုန်၏။
ပန၊ ဆက်။
ယံ၊ အကြင်အာဟာရကို။
ဒွီသု၊ နှစ်လုံးကုန်သော။
ပတ္တေသု၊ တို့၌။
ဂဟေတွာ၊ ခံယူ၍။
ဧကံ၊ တစ်လုံးကို။
ပူရေတွာ၊ ပြည့်စေ၍။
ဝိဟာရံ၊ သို့။
ဟရတိ၊ ဆောင်ယူ၏။
ပူဝဥစ္ဆုခဏ္ဍဖလာဖလာဒိ၊ မုန့်, ကြံပိုင်း, သစ်သီးငယ် သစ်သီးကြီးအစရှိသော။
ယံဝါ၊ အကြင်အာဟာရသည်မူလည်း။
ဝါ၊ ကိုမူလည်း။
ပက္ခိပိယမာနံ၊ လောင်းထည့်အပ်စဉ်။
ဟေဋ္ဌာ၊ အောက်၌။
ဩရောဟတိ၊ ကျသွား၏။
(တံ စ၊ ထိုခဲဖွယ်ဘောဇဉ် သည်လည်းကောင်း။)
တက္ကောလဝဋံသကာဒယော ဝါ၊ ဦးဆောက်ပန်းသဏ္ဌာန်ရှိသော ကရဝေးရွက် အစရှိသည်တို့ကိုလည်း။ထူပီကတာနိပိ ။ ။ထူပံဝိယ ကတာနိ- စေတီ ပုထိုး မဟုတ်သော်လည်း စေတီပုထိုးကဲ့သို့ အပေါ်၌ မိုမောက်နေအောင်+ပြုအပ်ကုန်သည်၊ (သမာနာနိပိ)၊ ယာမကာလိကာဒီနိကို ငဲ့၍ ဗဟုဝုစ်ထားသည်၊ ရှေ့ဝါကျ၌ကား "ယာဝကာလိကံ" ကို ငဲ့၍ "ထူပီကတံ" ဟု ပြင်ရမည်၊ ထူပီ၌ (ဤ)လည်း အဘူတတဗ္ဘောအနက်၌ သက်သော စီပစ္စည်း, တစ်နည်း- ဤပစ္စည်းတည်း။
ဧကံ ပူရေတွာ ။ ။ဆွမ်းခံတုန်းက တစ်သပိတ်ပြီး တစ်သပိတ် လဲ၍ နှစ်သပိတ်လုံး၌ မမောက်အောင် ခံယူပြီးလျှင် ဆွမ်းခံပြီးသောအခါ သပိတ်တစ်လုံးတည်း၌ အပြည့်သိပ်၍ ကျောင်းသို့ ပို့ကောင်း၏။
တက္ကောလဝဋံသကာဒယော ။ ။မတ္ထကေ ဌပိတတက္ကောလမေဝ ဝဋံသကသဒိသတ္တာ တက္ကောလဝဋံသကံ- သပိတ်အထက်၌ အုပ်၍ ပေးလှူအပ်သော ကရဝေးရွက်သည်ပင် ဦးဆောက်ပန်းနှင့် တူသောကြောင့် "တက္ကောလဝဋံသက" ဟုဆိုသည်၊ တက္ကောလတခြား, ဝဋံသကတခြား မဟုတ်-ဟူလို၊ အာဒိဖြင့် ပုပ္ဖဝဋံသက (ဦးဆောက်ပန်းသဏ္ဌာန်ပြုလုပ်သောပန်း) ကဋုကဖလဝဋံသက (ဦးဆောက်ပန်းသဏ္ဌာန် ပြုလုပ်ထားအပ်သော ကုလားဆောင်းမေခါးသီး) စသည်ကို ယူ။ ဥပရိ၊ သပိတ်အပေါ်၌။ ဌပေတွာ၊ ၍။ ဒိယျန္တိ၊ ပေးလှူအပ်ကုန်၏။ (တေစ၊ ထိုဦးဆောက်ပန်းသဏ္ဌာန်ရှိသော ကရဝေးရွက် အစရှိသည်တို့သည်လည်းကောင်း။) ယဉ္စ၊ အကြင်အာဟာရကိုလည်း။ ပဏ္ဏေဝါ၊ ဖက်ရွက်၌သော်လည်းကောင်း။ ထာလကေဝါ၊ ခွက်ငယ်၌သော်လည်းကောင်း။ ပက္ခိပိတွာ၊ ထည့်၍။ ပတ္တမတ္ထကေ၊ သပိတ်၏အထက်၌။ ဌပိတံ၊ ထားအပ်သည်။ ဝါ၊ ထား၍ လှူအပ်သည်။ ဟောတိ၊ ၏။ တံစ၊ ထိုအာဟာရသည်လည်းကောင်း။ ထူပီကတံ နာမ၊ ထူပီကတ မည်သည်။ ဝါ၊ ထူပကဲ့သို့ မိုမောက်အောင် ပြုအပ်သည် မည်သည်။ န (ဟောတိ)၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်။ တံ သဗ္ဗံ၊ သည်။ [ဝိဟာရဟရအာဟာရနှင့် ထူပီကတ အားလုံးသည်။] ဝဋ္ဋတိ၊ အပ်၏။

ဣဓ၊ ဤသိက္ခာပုဒ်၌။
ဂိလာနဿာပိ၊ ၏လည်း။
အနာပတ္တိ၊ သည်။
နတ္ထိ၊ မရှိ။
တသ္မာ၊ ကြောင့်။
တေနပိ၊ ထိုဂိလာနရဟန်းသည်လည်း။
သမတိတ္ထိကောယေဝ၊ သပိတ်အတွင်း အနားရေးနှင့် ညီမျှသော ဆွမ်းကိုသာ။
ဂဟေတဗ္ဗော၊ ခံယူထိုက်၏။
သဗ္ဗတ္ထ၊ အလုံးစုံသော ထူပီကတဆွမ်းတို့၌။
ပဋိဂ္ဂဟေတုမေဝ၊ ငှာသာ။
န ဝဋ္ဋတိ၊ မအပ်။
ပဋိဂ္ဂဟိတံ ပန၊ ခံယူအပ်ပြီးသော ဆွမ်းသည်ကား။
ဝါ၊ ကိုကား။
သုပ္ပဋိဂ္ဂဟိတံ၊ ကောင်းစွာ ခံယူအပ်ပြီးသည်။
(ဟုတွာ)။
ပရိဘုဉ္ဇိတုံ၊ ငှာ။
ဝဋ္ဋတိ၊ အပ်၏။
[ဤသိက္ခာပုဒ်အရ ထူပီကတဖြစ်အောင် ခံခြင်းငှာသာ မအပ်, ခံပြီးဖြစ်လျှင်ကား စားကောင်း၏-ဟူလို။]
ပဉ္စမဆဋ္ဌာနိ၊ ပဉ္စမ, ဆဋ္ဌသိက္ခာပုဒ်တို့သည်။
(သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ်, ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်တို့သည်)။
ဝုတ္တနယာနေဝ၊ ကုန်သည်သာ။