Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

10. Uyyodhikasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒသမေ၊ ၌။ ဧတ္ထ၊ ဤအရပ်၌။ ဥဂ္ဂန္တာ ဥဂ္ဂန္တာ၊ တက်၍တက်၍။ ယုဇ္ဈန္တိ၊ စစ်ထိုးကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဝါ၊ တက်၍ တက်၍ စစ်ထိုးရာ၏အဖြစ်ကြောင့်။ (တံ၊ ထိုအရပ်သည်။) ဥယျောဓိကံ၊ မည်၏။ ဧတံ၊ ဤဥယျောဓိကံဟူသော အမည်သည်။ သမ္ပဟာရဋ္ဌာနဿ၊ ပြင်းစွာ ပုတ်ခတ်ရာအရပ်၏။ နာမံ၊ တည်း။ ဧတ္ထ၊ ဤအရပ်၌။ ဥယျောဓိကံ ။ ။ဥပုဗ္ဗ, ယုဓ ဓာတ်၊ ဥဂ္ဂန္တာ- နိုင်သည့်ဘက်က တက်၍ တက်၍၊ ယုဇ္ဈန္တိ ဧတ္တာတိ ဥယျော‌ဓော၊ (ဏပစ္စည်း)၊ "ဥယျောဓော‌ယေဝ- ဥယျောဓိကံ" သွတ္ထ၌ ဏိကသက်၊ [ဏွုပစ္စည်းဖြင့် "ဥယျောဓက" ဟုပြီးမှု အ ကို ဣ ပြုဟုသော်လည်း ကြံပါ။]
ဗလဿ၊ စစ်သည်အပေါင်း၏။ အဂ္ဂံ၊ အစုကို။ ဇာနန္တိ၊ သိကုန်၏။ ဣတိ၊ ကြောင့်။ ဝါ၊ ထိုစစ်သည်အပေါင်းကို သိရာ၏အဖြစ်ကြောင့်။ တံ၊ ထိုအရပ်သည်။ ဗလဂ္ဂံ၊ မည်၏။ ဗလဂဏနဋ္ဌာနံ၊ စစ်သည်အစုကို ရေတွက်ရာအရပ်တည်း။ ဣတိ အတ္ထော၊ နက်။
သေနာယ၊ စစ်တပ်၏။ ဝိယူဟနံ၊ စုဝေးတည်နေပုံ အထူးတည်း။ (စစ်ဆင်ခြင်း တည်း။) သေနာဗျူဟံ၊ ထူး။ ဝါ၊ ခြင်း။ ဧတံ၊ ဤသေနာဗျူဟဟူသော အမည်သည်။ သေနာနိဝေသနဿ၊ စစ်တပ်၏ စုဝေးတည်နေခြင်း၏။ နာမံ၊ တည်း။
အနီကဿ၊ ဆင်စသော အပေါင်းကို။ ဒဿနံ၊ ကြည့်ရှုခြင်းတည်း။ အနီကဒဿနံ၊ ဆင်စသော အပေါင်းကို ကြည့်ရှုခြင်း။
အနီကံ နာမ၊ အနီကမည်သည်။ (ဟတ္ထာနီကံ၌ စပ်။) ဟတ္ထီ၊ ဆင်တစ်စီးသည်။ ဒွါဒသပုရိသော၊ တစ်ကျိပ်နှစ်ယောက်သော ယောကျ်ားရှိ၏။ အဿော၊ မြင်းတစ်စီးသည်။ တိပုရိသော၊ ၃ ယောက်သော ယောကျ်ားရှိ၏။ ရထော၊ ရထားတစ်စီးသည်။ စတုပ္ပုရိသော၊ ၄ယောက်သော ယောကျ်ားရှိ၏။ ဣတိ၊ သို့။ ဣမိနာ လက္ခဏေန၊ ဤလက္ခဏာဖြင့်။ တယော၊ ၃စီးကုန်သော။ ဟတ္ထီ၊ ဆင်တို့သည်။ ပစ္ဆိမကံ၊ နောက်ဆုံးဖြစ်သော။ ဟတ္ထာနီကံ၊ ဆင်အပေါင်းတည်း။ အဿာနီကရထာနီကေသုပိ၊ မြင်းအပေါင်း ရထားအပေါင်းတို့၌လည်း။ဗလဂ္ဂံ ။ ။ဗလဿ- ဗိုလ်ပါအပေါင်း၏+အဂ္ဂေါ-အစုအဝေးတည်း၊ ‌ဗလဂ္ဂေါ၊ ‌ဗလဂ္ဂံ+ ဇာနန္တိ ဧတ္ထာတိ ဗလဂ္ဂံ၊ ဗလဂ္ဂဇာနနံ" ဟုဆိုလိုလျက် ဇာနနပုဒ် အကျေကြံ၊ တစ်နည်း "ဗလံ+ဂဏေတိ ဧတ္ထာတိ ဗလဂ္ဂံ" ကွိပစ္စည်း, ဏကို ချေ၊ "စစ်သည်ပေါင်း မည်မျှရှိ၏" ဟု သိဖို့ရန် ရေတွက်ရာ ဌာန။
သေနာဗျူဟံ ။ ။[ဝိ+ဦဟ- စစ်တိုက်ဖို့ရန် ပေါင်းစုခြင်း, စစ်ဆင်ခြင်း၊] သေနာယ-စစ်တပ်၏၊ ဗျူဟော- စစ်တိုက်ရန် စုဝေး တည်နေခြင်းတည်း၊ သေနာဗျူဟော- ခြင်း၊ "ဤနေရာ၌ ဆင်တပ်နေစေ, ဤနေရာ၌ မြင်းတပ် နေ‌စေ"စသည်ဖြင့် စစ်တိုက်ဖို့ရန် သူ့နေရာနှင့်သူ စုဝေးချထားခြင်း (စစ်ဆင်ခြင်း) ကို "သေနာဗျူဟ"ဟု ခေါ်၏၊ ဗျူဟသဒ္ဒါသည် သမူဟ(အပေါင်း) နိမ္မာဏ (ဖန်ဆင်းခြင်း) သမ္မာတက္က (ကောင်းစွာကြံခြင်း) ဒေဟ (ကိုယ်) သေနျ (စစ်သည်အပေါင်း) သေနာသန္နိဝေသနဝိသေသ (စစ်တိုက်ဖို့ရန် စစ်တပ်စုဝေးတည်နေပုံအထူး) ဟု အနက်များစွာ ရှိရာ ဤနေရာ၌ နောက်ဆုံးအနက်သာ သင့်လျော်သည်။
အနီကဒဿနံ ။ ။နီယတေ (ပသာရီယတေ)တိ နီကံ- ဖြန့်ကြဲအပ်သော အစိတ် အစိတ်၊ အ+နီကံ- အစိတ်မဟုတ်သော အပေါင်း၊ (ထောမနိဓိ)၊ ပါစိတျာဒိယောဇနာ၌ "အဏတိဘေရဝသဒ္ဒံ ကရောတီတိ အဏိကံ" ဟု တစ်မျိုးကြံလေသေး၏။
ဒွါဒသပုရိသော စသည် ။ ။စီးသူ ၄ ယောက်, ခြေ ၄ချောင်း၌ အစောင့် ၂ ယောက်စီ (၈ ယောက်)၊ ဤသို့လျှင် ဆင်တစ်စီး၌ စစ်သား ၁၂ ယောက် ရှိရ၏၊ စီးသူ တစ်ယောက်, ခြေကို ‌စောင့်သူ ၂ ယောက်အားဖြင့် မြင်းတစ်စီး၌ စစ်သား ၃ယောက်ရှိရ၏၊ ရထားမောင်းသူ ၁, စစ်သား ၁, နံပါးစွန်း (နပန်းစွန်း)စောင့်သူ ၂ယောက်အားဖြင့် ရထားတစ်စီး၌ စစ်သား ၄ ယောက် ရှိရသည်။
ဧသေဝ၊ သည်ပင်။ နယော၊ တည်း။
နယော၊ တည်း။ ပန၊ ကား။ စတ္တာရော၊ ကုန်သော။ အာဝုဓဟတ္ထာ၊ လက်၌လက်နက်ရှိသော။ ပုရိသာ၊ တို့သည်။ ပစ္ဆိမကံ၊ သော။ ပတ္တာနီကံ၊ ‌ခြေလျင်စစ်သား‌အပေါင်း မည်၏။
ဧတေသု၊ ဤ ဥယျောဓိက ဗလဂ္ဂ သေနာဗျူဟတို့တွင်။ ယံကိဉ္စိ၊ အမှတ်မရှိတစ်စုံတစ်ခုကို။ ဒဿနာယ၊ ကြည့်ရှုခြင်းငှာ။ ဂစ္ဆတော၊ သွားသောရဟန်း၏။ ပဒေ ပဒေ၊ ၌။ ဒုက္ကဋံ (ဟောတိ)။ ဒဿနူပစာရေ၊ ၌။ ဌတွာ၊ ၍။ ပဿတော၊ ကြည့်သော ရဟန်း၏။ ပါစိတ္တိယံ (ဟောတိ)။ ပန၊ ဆက်။ ဥပစာရံ၊ ကို။ ဝိဇဟိတွာ၊ ၍။ ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကာ။ ပဿတော၊ ၏။ ပယောဂေ ‌ပယောဂေ၊ ၌။ ပါစိတ္တိယံ (ဟောတိ)။
သေသံ၊ ကြွင်းသော အစီအရင်ကို။ [အာရာမေ ဌတွာ စသောအစီအရင်ကို-ဟူလို။] ဥယျူတ္တသေနာသိက္ခာပဒေ၊ ၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့် သာ။ ဝေဒိတဗ္ဗံ၊ ၏။ ပန၊ အထူးကား။ ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ အာပတ္တိဘေဒေါ၊ အာပတ် အထူးအပြားသည်။ နတ္ထေဝ၊ မရှိသည်သာ။ [ဒုက္ကဋ်အာပတ်လည်း အပြားမရှိ, ပါစိတ်အာပတ်လည်း အပြား မရှိ။] ဣတိ၊ အပြီးတည်း။