Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

1. Bhūtagāmasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဘူတဂါမဝဂ္ဂဿ၊ ဝဂ်၏။ ပဌမေ၊ ၌။ ဘူတဂါမပါတဗျတာယာတိ ဧတ္ထ၊ ၌။ (အဝယဝတ္ထော၊ အစိတ်ဖြစ်သော‌အနက်ကို။ ဧဝံ၊ ဤ ဆိုအပ်လတ္တံ့သော နည်းဖြင့်။ ဝေဒိတဗ္ဗော၊ ၏။) ဘဝန္တိ၊ ဖြစ်ထွန်းကြီးပွားကုန်ဆဲ။ ဣတိ စ၊ ဤပစ္စုပ္ပန်ဝစနတ္ထကြောင့်လည်းကောင်း။ အဟေသုံ (အဘဝုံ)၊ ဖြစ်ထွန်းကြီးပွားကုန််ပြီ။ ဣတိ စ၊ ဤအတိတ်ဝစနတ္ထကြောင့်လည်းကောင်း။ ဘဝန္တိ အဟေသုံ စာတိ ။ ။"ဘဝန္တီတိ ဘူတာ, အဘဝုံတိ ဘူတာ" ဟု ပစ္စုပ္ပန်, အတိတ် ဝိဂ္ဂဟ ၂မျိုးပြုပါဟု ဆိုလိုသည်။ [အဟေသုံကား ဘူဓာတ်တို့၏ ပရိယာယ်ဖြစ်သော ဟူဓာတ်ဖြင့် ပြခြင်းတည်း၊ မှန်၏- "ဘူ, ဟူ-သတ္တာယံ" ဟု ဓာတ်၂မျိုးလုံးပင် သတ္တာအနက်ကိုချည်း‌ဟောကြ၏၊ ထို့ကြောင့် တကယ် ဝိဂ္ဂဟပြုသောအခါ "အဘဝုံတိ (တစ်နည်း- အဘဝိံသူတိ) ဘူတာ" ဟုပြုရသည်။] မူကွဲ ။ ။"အဟေသုံ" နေရာဝယ် ပါစိတျာဒိအဋ္ဌကထာ အချို့စာအုပ်များ၌ "အဟဝုန္တိ" ဟုတွေ့ရ၏၊ မောဂ္ဂလ္လာန်နိဿယ၌ "အဘဝုံ"ဟု ဆရာတို့ ပြင်ကြသည်၊ ဘဝန္တိနှင့်တူအောင် ဘူဓာတ်အတိုင်း "အဘဝုံ" ဟု မူရင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်၊ ယောဇနာ၌ကား"အဟုဝတ္ထုံ" ဟု ရှိ၏၊ မူရင်းနှင့် သာ၍ ဝေးသွားသည်။ ဘူတာ၊ ဘူတတို့ မည်၏။ ဇာယန္တိ၊ ဖြစ်ထွန်း‌ကုန်ဆဲ။ ဝဍ္ဎန္တိ၊ ကြီးပွားကုန်ဆဲ။ (ဣတိ အတ္ထော စ၊ ဤ ၂နက်သည်လည်းကောင်း။) ဇာတာ၊ ဖြစ်ထွန်းကုန်ပြီး။ ဝဍ္ဎိတာ၊ ကြီးပွားကုန်ပြီး။ ဣတိ အတ္ထော စ၊ သည်လည်းကောင်း။ ဇာယန္တိ ၊ ပေ၊ အတ္ထော ။ ။"ဇာယန္တိ ဝဍ္ဎန္တိ" တို့သည် ဘဝန္တိ၏ အနက်ဖွင့်၊ "ဇာတာ ဝဍ္ဎိတာ" တို့သည် အ‌‌‌‌ဟေသုံ၏ (တစ်နည်း-အဘဝုံ၏) အနက်ဖွင့်တည်း၊ ထိုသို့ ၂ နက်စီဖွင့်ခြင်းဖြင့် ဘူဓာတ်၏ သတ္တာ (ထင်ရှားဖြစ်ခြင်း), ဝုဍ္ဎိ (ကြီးပွားခြင်း) အနက်များကို ပြ၏၊ ထိုတွင်- ဘဝန္တီတိ ဣမိနာ "ဝိရုဠှမူလေ- စည်ပင်သော အမြစ်ရှိကုန်သော၊ နီလဘာဝံ အာပဇ္ဇိတွာ-စိမ်းညိုကုန်သည်၏အဖြစ်သို့ ရောက်၍၊ ဝဍ္ဎမာနကေ- ကြီးပွားဆဲဖြစ်ကုန်သော၊ တရုဏရုက္ခဂ‌စ္ဆေ- သစ်ပင်ငယ် ချုံငယ်တို့ကို ဒဿေတိ၊ အဟေသုံတိ ဣမိနာ ပန "ဝဍ္ဎိတွာ ဌိတေ- ကြီးပွားပြီး၍ တည်နေကုန်သော၊ မဟန္တေ ရုက္ခဂစ္ဆာဒိကေ "ဒဿေတိ၊-ဋီကာ။ ဆိုလိုရင်းကား ။ ။သစ်ပင်တို့၌ အစွမ်းကုန် ကြီးပွားရသော အဆင့်အတန်း ရှိ၏၊ ထိုအဆင့်အတန်းသို့ မရောက်မီ ကြီးပွားနေဆဲ သစ်ပင် ချုံနွယ်များကို "ဘဝန္တီတိ ဘူတာ"ဟုဆိုလိုသည်၊ အစွမ်းကုန် ကြီးပွားပြီး၍ (ထို့ထက် ကြီးပွားစရာ မရှိတော့ဘဲ) ရှင်နေသော သစ်ပင်များကို "အဟေသုံ (အဘဝုံ)တိ ဘူတာ"ဟု ဆိုလိုသည်။ (ဟောတိ၊ ၏။)
ဂါမောတိ၊ ကား။ ရာသိ၊ အပေါင်းအစုတည်း။ ဘူတာနံ၊ ဖြစ်ထွန်းကြီးပွားဆဲ, ဖြစ်ထွန်း ကြီးပွားပြီး မြက်, သစ်ပင်, ချုံ နွယ်တို့၏။ ဂါမော၊ အပေါင်းတည်း။ ဘူတဂါမော၊ တို့၏အပေါင်း။ ဂါမောတိ ၊ ပေ၊ ဘူတဂါမော ။ ။ဂါမောတိ ရာသိဖြင့် ဂါမသဒ္ဒါသည် အပေါင်းအစုအနက်ကို ဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်ဟု ပြ၏၊ ထို့နောက် "ဘူတာနံ+ဂါမော" ဟု ဆဋ္ဌီတပ္ပုရိသ်ကို ပြ၏၊ ဤ ဝိဂ္ဂဟ၌ "ဘူတ" အရ အစိတ်် အစိတ် သစ်ပင်များ ရ၍ "ဂါမ" အရ- ထို သစ်ပင်တို့ အပေါင်း အစု ရ၏၊ ဤသို့ အစိတ်နှင့် အပေါင်းသာ ကွဲပြား၍ တကယ်အရကောက်မှာ မကွဲပြားသောကြောင့် "ဘူတာ ဧဝ+ဂါမော" ဟု အရတူ ကမ္မဓာရဲကို တစ်နည်း ပြပြန်သည်။ ဝါ၊ တစ်နည်း။ ဘူတာ ဧဝ၊ ဖြစ်ထွန်းကြီးပွားဆဲ, ဖြစ်ထွန်းကြီးပွားပြီးသော မြက်, သစ်ပင်, ချုံနွယ်တို့သည်ပင်။ ဂါမော၊ အပေါင်းတည်း။ ဘူတဂါမော၊ ဖြစ်ထွန်းကြီးပွားဆဲ, ဖြစ်ထွန်းကြီးပွားပြီးသော မြက်, သစ်ပင်, ချုံနွယ် အပေါင်း။ ဧတံ၊ ဤဘူတဂါမောဟူသော အမည်သည်။ ပတိဋ္ဌိတ။ ပေ။ ရုက္ခာဒီနံ၊ မြေ၌တည်သော စိမ်းစိုသော မြက် သစ်ပင်အစရှိသည်တို့၏။ အဓိဝစနံ၊ အမည်တည်း။ ["ဧတံ၊ ဤဘူတဂါမောဟူသော သဒ္ဒါသည်။ ပတိဋ္ဌိတ။ ပေ။ ရုက္ခာဒီနံ၊ တို့ကို။ အဓိဝစနံ၊ ဟောသော သဒ္ဒါတည်း" ဟုလည်း ပေးပါ။] ပတိဋ္ဌိတ၊ ပေ၊ အဓိဝစနံ ။ ။ဘူမိပံ ပတိဋ္ဌိတဿ ဟရိတဿ တိဏဿ စေဝ-‌မြေ၌တည်၍ စိမ်းစိုသော မြက်၏လည်းကောင်း၊ ဟရိတရုက္ခာဒီနံ စ- စိမ်းစိုသော သစ်ပင်စသည်တို့၏လည်းကောင်း (အမည် ဖြစ်သည်)၊ အာဒိသဒ္ဒေန- ရုက္ခာဒီနံ၌ အာဒိသဒ္ဒါဖြင့်၊ ဩသဓိဂစ္ဆလတာဒယော- ဆေးပင်, ချုံနွယ် စသည်တို့ကို၊ ဝေဒိတဗ္ဗာ။
ပါတဗျဿ၊ သုံးစွဲအပ်သော မြက် သစ်ပင်အပေါင်း၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ ပါတဗျတာ၊ သုံးစွဲအပ်သော မြက် သစ်ပင်အပေါင်း၏ဖြစ်ကြောင်းဖြစ်ရာ။ ဆေဒနဘေဒနာဒီဟိ၊ ဖြတ်ခြင်း, ခွဲခြင်း အစရှိသည်တို့ဖြင့်။ ယထာရုစိ၊ အလိုရှိတိုင်း။ ပရိဘုဉ္ဇိတဗ္ဗတာ၊ သုံးစွဲထိုက်သည်၏ အဖြစ်တည်း။ ဣတိ အတ္ထော၊ နက်။ပရိဘုဉ္ဇိတဗ္ဗတာတိ အတ္ထော ။ ။ပါတဗျတာ၌ ပါဓာတ်, ကံဟော တဗျပစ္စည်း၊ ပါဓာတ်သည် သောက်ခြင်း, စောင့်ရှောက်ခြင်း အနက်များကို အဟောများသော်လည်း ဤနေရာ၌ "ပရိဘောဂ" အနက်ကို ဟော၏၊ ထို့ကြောင့် "ပရိဘုဉ္ဇိတဗ္ဗတာတိ အတ္ထော"ဟု ဖွင့်သည်။ [ဧတ္ထ စ ပါတဗျတန္တိ- ပရိဘုဉ္ဇိတဗ္ဗတံတိ ဝါ ပရိဘုဉ္ဇနကတန္တိ ဝါ အတ္ထော၊ ပါသဒ္ဒေါ ပန ပရိဘောဂတ္ထော၊- သဒ္ဒနီတိ- ကိတ် (၂၅)။]
‌ဆက်ဦးအံ့- ။ ။ "ပရိဘောဂ" ဟူသည်လည်း စားသောက် သုံးဆောင်ခြင်းမဟုတ်, သုံးစွဲခြင်းတည်း၊ ထို့ကြောင့် "ဆေဒနဘေဒနာဒီဟိ ယထာရုစိ ပရိဘုဉ္ဇိတဗ္ဗတာ" ဟု ဖွင့်သည်၊ ဖြတ်ချင်ဖြတ်, ခွဲချင် ခွဲ, မီးတိုက်ချင် တိုက်, အလိုရှိသလို သုံးစွဲအပ် (သုံးစွဲထိုက်) သည်၏ အဖြစ်ဟူသောသုံးစွဲခြင်းကြိယာ- ဟူလို။
မူကွဲ ။ ။"ပရိဘဉ္ဇိတဗ္ဗတာ"ဟု မူကွဲရှိ၏၊ ဖျက်ဆီးခြင်းအနက်ကို ‌ဟောသော "ဘန္ဇ" ဓာတ်သည် ပရိနှင့်တွဲလေ့ မရှိ၊ ထို့ပြင် ဖျက်ဆီးခြင်းအနက်ကို ဆိုလိုလျှင် "ယထာရုစိ" ဟု ဝိသေသနလည်း မလို၊ ဖျက်ဆီးခြင်းကို ဆိုလိုလျှင်"ပါတဗျဘာဝန္တိ ဝိနာသေတဗ္ဗတံ"ဟု ဒုတိယပါရာဇိက၌ သာရတ္ထ- ဝိမတိတို့ ဖွင့်ကြသကဲ့သို့ ဤနေရာ၌လည်း "ဝိနာသေတဗ္ဗတာတိ အတ္ထော" ဟုသာ ဖွင့်သင့်၏၊ ဤသို့ အရပ်ရပ်ကို ထောက်ထားလျှင် "ပရိဘဉ္ဇိတဗ္ဗတာ" ဟု ရှိသော ပါဌ်သည် မသင့်မြတ်ပါ။
တဿံ ဘူတဂါမပါတဗျတာယ၊ ထိုဘူတဂါမ်၏သုံးစွဲအပ်သည်၏အဖြစ်ကြောင့်။ (ပါစိတ္တိယံ ဟောတိ)။ စ၊ ဆက်။ ဧတံ၊ ဤဘူတဂါမပါတဗျတာယဟူသောသဒ္ဒါသည်။ နိမိတ္တတ္ထေ၊ နိမိတ်အနက်၌။ ဘုမ္မဝစနံ၊ သတ္တမီဝိဘတ်ရှိသော သဒ္ဒါတည်း။ ဘူတဂါမပါတဗျတာ‌‌ဟေတု၊ ဘူတဂါမ်၏ (သုံးစွဲအပ်သည်၏အဖြစ်ဟူသော အကြောင်းကြောင့်။ ဘူတဂါမဿ၊ ဘူတဂါမ်ကို (ဖြစ်ထွန်းကြီးပွားဆဲ, ဖြစ်ထွန်းကြီးပွားပြီးဖြစ်သော မြက် သစ်ပင် အပေါင်းကို။) ဆေဒနာဒိပစ္စယာ၊ ဖြတ်ခြင်းအစရှိသော အကြောင်းကြောင့်။ ဘူတဂါမဿ ဆေဒနာဒိ ။ ။ "ဘူတဂါမဿ" သည် ‌ဆေဒနာ၌ စပ်ရသော ဆဋ္ဌီကံတည်း၊ [ယု-ဏွု-တုမှီ, ပစ္စည်းပြီ, ဆဋ္ဌီကံနေစေ၊] ဤနေရာ၌ ကံအနက်ပေးရသော်လည်း "ပါတဗျတာနှင့် တွဲသောအခါ၌ကား တာ၌ စပ်ရသော သမ္ဗန်ဖြစ်သောကြောင့် "ဘူတဂါမဿ- ၏" ဟုပေးရသည်၊ "ဘူတဂါမဿ+ပါတဗျတာ ဘူတဂါမပါတဗျတာ"ဟု ပြု။ ပါစိတ္တိယံ (ဟောတိ)။ ဣတိ အတ္ထော။
တသ္မာ၊ ကြောင့်။ ယော ဘိက္ခု၊ သည်။ ပထဝိဥဒကပါကာရာဒီသု၊ မြေ, ရေ, တံတိုင်း အစရှိသော အ‌ရပ်တို့တွင်။ ပထဝိဥဒကပါကာရာဒီသု ။ ။မြက်သည် မြေပေါ်၌ ပေါက်၏၊ မှော်များသည် ရေ၌လည်းပေါက်တတ်, မိုးစိုနေသော တံတိုင်း- စေတီ စသည်၌လည်း ပေါက်တတ်၏၊ တံတိုင်း စသည်၌ ပေါက်၍ အရွက် ၂ ရွက် ၃ ရွက် ထွက်လျှင် ဘူတဂါမ်ပင်တည်း၊ ထို့ကြောင့် "ပထဝိဥဒကပါကာရာဒီသု" ဟု ပေါက်ရာဌာနများကို ညွှန်ပြသည်၊ အာဒိဖြင့် သစ်ပင်စသည်ကို ယူ၊ ကျူပေါင်း စသည်တို့သည် သစ်ပင်ပေါ်၌ ပေါက်တတ်ကြ၏။ [ရေအိုးများ၏ အပြင်ဘက်၌ ရေညှိကား ဗီဇဂါမ်တည်း။] ယတ္ထ ကတ္ထစိ၊ အမှတ်မထား တစ်ပါးပါးသော အရပ်၌။ ဇာတံ၊ ဖြစ်သော (ပေါက်သော)။ အသုက္ခံ၊ မခြောက်သေးသော။ အန္တမသော၊ အားဖြင့်။ အတိသုခုမတိဏံပိ၊ အလွန်သိမ်မွေ့သော မြက်ကိုသော်လည်းကောင်း။ သာသပဗီဇကသေဝါလမ္ပိ၊ မုန်ညင်းစေ့ပမာဏရှိသော မှော်ညှင်း, နှမ်းစေ့ငယ်ပမာဏရှိသော မှော်သေးကိုသော်လည်းကောင်း။ သာသပဗီဇကသေဝါလမ္ပိ ။ ။သာသပသေဝါလံ- မုန်ညင်းစေ့ ပမာဏရှိသော မှော်ညင်း, ဗီဇကသင်္ခါတံ သေဝါလံ- (နှမ်းစေ့ငယ်ပမာဏ ရှိသောကြောင့်) ဗီဇကဟု ခေါ်အပ်သော မှော်သေး၊ ဣတိ အတ္ထော၊ တတ္ထ သာသပသေဝါလော နာမ- သာသပမတ္တော ခုဒ္ဒကသေဝါလော၊ ဗီဇကသေဝါလော နာမ- ဥပရိခုဒ္ဒကပတ္တော (အထက်၌ အရွက်ငယ်ရှိသော) ဟေဋ္ဌာခုဒ္ဒကမူလော (အောက်၌ အမြစ်သေးရှိသော မှော်သေး‌တည်း)။ [ဗီဇကကို ပါစိတျာဒီ၌ "တိလဗီဇက" ဟု ဆို၏။] ဥဒ္ဓရဆေဒနဝိဇ္ဈနာဒီဟိ၊ ထုတ်နုတ်ခြင်း, ဖြတ်ခြင်း, ထိုးခြင်း အစရှိသည်တို့ဖြင့်။ ဝိကောပေတိ ဝါ၊ ကိုယ်တိုင်မူလည်း ဖျက်ဆီးအံ့။ ပထဝိခဏနေ၊ ပထဝီခဏနသိက္ခာပုဒ်၌။ ဝုတ္တနယေန၊ ဖြင့်။ [ခဏနဘေဒနဝိလေခနပစနာဒီဟိကို ဝုတ္တနယေနဟု ပြန်ညွှန်းသည်။] ဝိကောပါပေတိ ဝါ၊ သူတစ်ပါးကိုမူလည်း ဖျက်ဆီးစေအံ့။ (သော ဘိက္ခု) ပါစိတ္တိယံ၊ သို့။ အာပဇ္ဇတိ၊ ၏။
(ဣဒံ သိက္ခာပဒံ)။ ပေ။ ရုက္ခဆိန္ဒနဝတ္ထုသ္မိံ၊ သစ်ပင်ကို ဖြတ်ခြင်းဟူသောအကြောင်းကြောင့်။ ပေ။ သာဏတ္တိကံ၊ တည်း။ ဘူတဂါမတော၊ ဘူတဂါမ်မှ။ ဝိယောဇိတံ၊ ကင်းစေအပ်သော။ ဘူတဂါမတော ဝိယောဇိတံ ။ ။သစ်ပင်ဖြစ်သော ဘူတဂါမ်မှ ဖြတ်၍-ဆွတ်ခူး၍ယူအပ်သည်ကို "ဝိယောဇိတ-မယှဉ်စေအပ်, ကင်းကွာစေအပ်" ဟု ဆိုသည်၊ ထိုဝိယောဇိတသည် မူလဗီဇစသော ၅မျိုးတွင် တစ်ပါးပါးတည်း။ ဆက်ဦးအံ့-- ။ ။ဗီဇံ၌ ဝီဇဓာတ် (ဇနန) အနက်‌‌ဟော, စုရာဒိတည်း၊ ဝကို ဗပြု၊ အင်္ကုရာဒိံ- အညွန့် အစရှိသည်ကို၊ ဗီဇယတိ- ဖြစ်စေတတ်၏၊ ဣတိ ဗီဇံ၊ "မူလမေဝ+ဗီဇံ မူလဗီဇံ" စသည်ပြု၊ ထိုဗီဇသည် ၅မျိုးရှိ၏၊ ထိုတွင်-မူလဗီဇံ ဟလိဒ္ဒိအာဒိကံ (နနွင်းတက် စသည်) ခန္ဓဗီဇံ- အဿတ္ထာဒိကံ (အကိုင်းအခက်ကို စိုက်လျှင် အပင်ပေါက်နိုင်သော ညောင်ဗုဒ္ဓဟေ စသည်)၊ ဖလုဗီဇံ- ဥစ္ဆုအာဒိကံ (ကြံစသည်)၊ အဂ္ဂဗီဇံ- ဟိရိဝေရာဒိကံ(အညွန့်စိုက်လျှင် အပင်ပေါက်နိုင်သော ပန်းမ စသည်၊ ရှေးက "ဟိရိဝေရ- ဖာလာ" ဟု အနက်ပေးကြ၏၊ အချို့ရွက်‌လှပင်များလည်း အဂ္ဂဗီဇတွင် ပါဝင်၏၊) ဗီဇဗီဇံ- ပုဗ္ဗဏ္ဏာဒိကံ (ကောက်စပါး စသည်)။ မူလဗီဇ။ ပေ။ ဗီဇဗီဇာနံ၊ အမြစ်မျိုးစေ့, ပင်စည်မျိုး‌စေ့, အဆစ်မျိုးစေ့, အညွန့်မျိုးစေ့, အစေ့မျိုးစေ့တို့တွင်။ အညတရံ၊ တစ်ပါးပါးသောမျိုးစေ့သည်။ ဘာဇနဂတံ ဝါ၊ အိုးခွက်၌ ရောက်သည်သော်လည်းကောင်း။ (ပန်းအိုးထဲ စသည်၌ စိုက်ပျိုးထားသည်ကို ဆိုလိုသည်။) ရာသိကတံ ဝါ၊ အစုအပုံ ပြုအပ်သည်သော်လည်းကောင်း။ [ထင်းများပုံထားသကဲ့သို့ မြေပေါ်၌ ပုံထားအပ်သော ညောင်ဗုဒ္ဓဟေအကိုင်း, နဘဲကိုင်းစသည်။] (ဟောတိ၊ အံ့။) ဘူမိယံ၊ မြေ၌။ ရောပိတံ၊ စိုက်အပ်သည်။ (သမာနံ) ပိ၊ ဖြစ်သော်လည်း။ နိက္ခန္တမူလမတ္တံ ဝါ၊ ထွက်သောအမြစ်မျှရှိသည်သော်လည်းကောင်း။ နိက္ခန္တမူလမတ္တံ ။ ။ထိုဘာဇနဂတမျိုးစေ့သည်လည်းကောင်း, ရာသိကတမျိုးစေ့သည်လည်းကောင်း (မြေ၌ ချ၍ စိုက်အပ်စေကာမူ) အမြစ်မျှသာ ထွက်သေး၍ အညွန့်မထွက်သေးသည်ကို "နိက္ခန္တံ+မူလမတ္တံ ယသ္မာတိ နိက္ခန္တမူလမတ္တံ" ဟု ဆိုသည်၊ မတ္တဖြင့် အညွန့်ထွက်ခြင်းကို ကန့်သည်၊ နိက္ခန္တအင်္ကုရမတ္တံ၌လည်း နည်းတူ။ နိက္ခန္တအင်္ကုရမတ္တံ ဝါ၊ ထွက်သောအညွန့်မျှရှိသည်သော်လည်းကောင်း။ (ဟောတိ၊ အံ့။) အဿ၊ ထိုမျိုး‌စေ့၏။ ဝိဒတ္ထိမတ္တာ၊ တစ်ထွာမျှအတိုင်းအရှည်ရှိသော။ ပတ္တဝဋ္ဋိ၊ အရွက်ဖူးသည်။ သစေပိ နိဂစ္ဆတိ၊ အကယ်၍မူလည်း ထွက်စေဦး‌တော့။ (ဧဝံသတိပိ၊ သော်လည်း။) မူလေ၊ အမြစ်သည်။ အနိက္ခန္တေ ဝါ၊ မထွက်သေးသော်လည်းကောင်း။ မူလေ၊ သည်။ နိက္ခန္တေ၊ ထွက်လတ်သော်။ ယာဝ၊ လောက်။ အင်္ကုရော၊ အညွန့်သည်။ ဟရိတော၊ စိမ်းစိုသည်။ န ဟောတိ၊ မဖြစ်သေး။ တာဝ ဝါ၊ ထို မစိမ်းစိုသေးသမျှသော်လည်းကောင်း။ သစေ ပိဿ၊ ပေ၊ ‌တာဝ ။ ။ဤစကားသည် နိက္ခန္တမူလမတ္တံဝါ နိက္ခန္တအင်္ကုရမတ္တံဝါကို ထပ်၍ ဖွင့်ပြသော စကားတည်း၊ မှန်၏-"သစေ ပိဿ၊ ပေ၊ အနိက္ခန္တေဝါ" သည် နိက္ခန္တအင်္ကုရမတ္တံ၏ ရှင်းလင်းချက်တည်း၊ "အညွန့်မျှထွက်" ဟူရာ၌ အညွန့်က (ငှက်ပျောပင်စိုက်ရာ၌ကဲ့သို့) ရွက်ဖူးတစ်ထွာမျှ ထွက်သော်လည်း အမြစ်မထွက်သေးလျှင် ဗီဇဂါမ်ပင် ဖြစ်လေ၏၊ ‌ဖျက်သူမှာ ဒုက္ကဋ်သာတည်း၊ "နိက္ခန္တေ ဝါ မူလေ၊ ပေ၊ တာဝ" သည် နိက္ခန္တမူလမတ္တံ၏ ရှင်းလင်းချက်တည်း၊ "အမြစ်မျှထွက်" ဟူရာ၌ အညွန့်မစိမ်းသေးသမျှ အမြစ်မျှ ထွက်သည်သာဖြစ်၍ ဖျက်ဆီးသူမှာ ဒုက္ကဋ်-ဟူလို။ တံ၊ ထိုမျိုးစေ့ကို။ ဝိကောပေန္တဿ၊ ဖျက်ဆီးသောရဟန်း၏။ ဒုက္ကဋံ (ဟောတိ)။ ဘူတဂါမဗီဇဂါမေ၊ ဘူတကဂါမ်, ဗီဇဂါမ်၌။ တထာ ဘူတဂါမဗီဇဂါမေ ။ ။တထာဖြင့် ဒုက္ကဋံကို ညွှန်းသည်၊ "ဘူတဂါမ်"ကား ထင်ရှားပြီ၊ ဗီဇဂါမ်ဟူသည် ပြခဲ့သော မျိုးစေ့များတည်း၊ ထိုမျိုးစေ့များလည်း ဘူတဂါမ်ဖြစ်သော သစ်ပင်၌ တည်နေဆဲ မဟုတ်ရ၊ သစ်ပင်မှ ကင်းကွာစေအပ် (ဆွတ်ခူး၍- ဖြတ်၍ ယူအပ်)သော နောင်ခါ သစ်ပင်ပေါက်စေနိုင်သောမျိုးသာ ဗီဇဂါမ်အမည် ရ၏၊ သစ်ပင်မပေါက်စေနိုင်လျှင် ဗီဇဂါမ်အမည် မရ။ [ဘူတဂါမတော ဝိယောဇိတံ ဝိရူဟနသမတ္ထမေဝ (စည်ပင်ပေါက်ရောက်စွမ်းနိုင်သည်သာလျှင် ဖြစ်သော) မူလဗီဇာဒိကံ ဗီဇဂါမော နာမာတိ ဝေဒိတဗ္ဗံ၊-ဋီကာ။] ဝေမတိကဿ၊ ၍။ (ဝိကောပေန္တဿ၊ ၏လည်းကောင်း။) အဘူတဂါမာဗီဇဂါမေ၊ ဘူတဂါမ်မဟုတ်,ဗီဇဂါမ် မဟုတ်သောဝတ္ထု၏။ ["အဘူတဂါမာဗီဇဂါမေ" ဟု ပါဌ်မှန် ရှိစေ၊ ဋီကာ၌ "အဘူတဂါမာဗီဇဂါမသညိဿ" ကို နည်းမှီးပါ။] ဘူတဂါမဗီဇဂါမသညိနော စေဝ၊ ၍သော်လည်းကောင်း။ ဝေမတိကဿ စ၊ သော်လည်းကောင်း။ (ဝိကောပေန္တဿ၊ ၏။) တထာ၊ ထို့အတူ ဒုက္ကဋ်အာပတ်တည်း။
[ဒုက္ကဋ်ဝါရမှတစ်ပါး အနာပတ္တိဝါရကို ပြလို၍ "ဥဘယတ္ထ ပန"ဟု မိန့်။] ပန၊ ကား။ ဥဘယတ္ထ၊ ၂ ပါးစုံသော ဘူတဂါမ် ဗီဇဂါမ်၌။ အတထာသညိဿ၊ ထိုဘူတဂါမ်, ဗီဇဂါမ်ဟု အမှတ်မရှိသည် ဖြစ်၍။ (ဝိကောပေန္တဿ စ)။ ဥမ္မတ္တကာဒီနံစ၊ တို့၏လည်းကောင်း။ အနာပတ္တိ (ဟောတိ)။ အသဉ္စိစ္စ (ဝါ)၊ သညာနှင့်တကွမစေ့ဆော်မူ၍သော်လည်းကောင်း။ အသဉ္စိစ္စ ။ ။အသဉ္စိစ္စတိ ပါသာဏရုက္ခာဒီနိ ဝါ ပဝေဋ္ဋန္တဿ သာခံ ဝါ ကဍ္ဎန္တဿ (ဒရွတ်တိုက်၍ ဆွဲလျက် မြက်သစ်ပင်များကို ဖျက်သူ) ကတ္တရဒဏ္ဍေန ဝါ ဘူမိံ ပဟရိတွာ ဂစ္ဆန္တဿ တိဏာနိ ကုပ္ပန္တိ၊ တာနိ ‌တေန(ထိုရဟန်းသည်) ဝိကောပေဿာမီတိ ဧဝံ သဉ္စိစ္စ အဝိကောပိတတ္ထာ အသဉ္စိစ္စ ဝိကောပိတာနိ နာမ ‌ဟောန္တိ။ အဿတိယာ (ဝါ)၊ သတိကင်းသဖြင့်သော်လည်းကောင်း။ အဿတိယာ ။ ။အညဝိဟိ‌တော (တစ်ပါးအာရုံ၌ စိတ်ထားလျက်) ကေနစိ သဒ္ဓိံ ကထေန္တော (စကားပြောစဉ်) ပါဒင်္ဂုဋ္ဌဧကန ဝါ ဟတ္ထေန ဝါ တိဏံ ဝါ လတံ ဝါ ဝိကောပေန္တော (ပျက်စေလျက်) တိဋ္ဌတိ၊ ဧဝံ အဿတိယာ ဝိကောပေန္တဿ အနာပတ္တိ။ အဇာနိတွာ ဝါ၊ မသိမူ၍သော်လည်းကောင်း။ အဇာနိတွာ ။ ။ဧတ္ထ အဗ္ဘန္တရေ (ဤအပုံအတွင်း၌) ဗီဇဂါမောတိ ဝါ ဘူတဂါမောတိ ဝါ န ဇာနာတိ (ဗီဇဂါမ်-ဘူတဂါမ်ရှိမှန်း မသိ)၊ ဝိကောပေမီတိ ပန ဇာနာတိ၊ (ကောက်ရိုးပုံ အခြောက် ဖြစ်၍ ဖျက်ဆီးမှန်းကိုကား သိ၏)၊ ခနိတ္တိံ ဝါ ကုဒါလံ ဝါ (တရွင်း သို့မဟုတ်, ပေါက်တူးကို) သံဂေါပနှတ္ထာယ ဌပေတိ၊ (လုံခြုံအောင် သိမ်းထား၏၊ အထဲသို့ ထိုးသွင်းလိုက်၏၊) ဒယှမာနဟတ္ထော ဝါ အဂ္ဂိံ ပါတေတိ၊ (မီးကို ယူသွားစဉ် လက်ကို လောင်၍ ပူသဖြင့် မြက်စသည်ပေါ်မှာ လွှတ်ချလိုက်၏၊) တတြ စေ တိဏာနိ စ ဆိဇ္ဇန္တိ (တရွင်းထိုးသွင်းသဖြင့် ပြတ်ကုန်၏၊) ဒယှန္တိ (မီးကို လွှတ်ချသဖြင့် လောင်အပ်ကုန်၏၊) ဧဝံ အဇာနိတွာ (ပျက်စီးလိမ့်မည်ဟု မသိဘဲ) ဝိကောပေန္တဿ အနာပတ္တိ။ ဝိကောပေန္တဿ၊ ၏လည်းကောင်း။ ဣမံ ရုက္ခန္တိ၊ ဤသစ်ပင်ကိုဟူ၍။ ဧဝံ၊ သို့။ အနိယမေတွာ၊ မသတ်မှတ်မူ၍။ ရုက္ခံ၊ ကို။ ဆိန္ဒ၊ ဖြတ်လော့။ ဝလ္လိံ၊ နွယ်ကို။ ဆိန္ဒ၊ လော့။ ဣတိအာဒီနိ၊ ဤသို့ အစရှိသောစကားတို့ကို။ ဘဏန္တဿ၊ ၏လည်းကောင်း။ ဣမံ ပုပ္ဖံ၊ ဤပန်းကို။ ဇာန၊ သိလော့။ (ဣတိ) ဝါ၊ ဤသို့သော်လည်းကောင်း။ ဣမံ ဖလံ၊ ဤအသီးကို။ ဇာန၊ လော့။ (ဣတိ) ဝါ၊ လည်းကောင်း။ ဣမံ၊ ဤဝတ္ထုကို။ ဒေဟိ၊ ပေးလော့။ ဣမံ၊ ဤဝတ္ထုကို။ အာဟရ၊ ဆောင်ခဲ့လော့။ မေ၊ အား။ ဣမိနာ၊ ဤဝတ္ထုဖြင့်။ အတ္ထော၊ အလိုသည်။ (အတ္ထိ၊ ရှိ၏။) ဣမံ၊ ဤဝတ္ထုကို။ ကပ္ပိယံ၊ အပ်အောင်။ ကရောဟိ၊ လော့ (ကပ္ပီစမ်းလော့)။ ဣတိ၊ သို့။ ဘဏန္တဿ စ၊ ၏လည်းကောင်း။ အနာပတ္တိ၊ သည်။ (‌ဟောတိ)။
ပန၊ ဆက်။ ဧဝံ၊ သို့။ ကပ္ပိယဝစနေန၊ အပ်သောစကားဖြင့်။ ဧဝံ ကပ္ပိယဝစနေန ။ ။မည်သည့်သစ်ပင်ဟု မသတ်မှတ်ဘဲ "ရုက္ခံ ဆိန္ဒ" စသည်ဖြင့် လည်းကောင်း, "ဣမံ ပုပ္ဖံ ဇာန" စသည်ဖြင့်လည်းကောင်း, ဆိုအပ်ပြီးသော စကားကို "ကပ္ပိယဝစန- ရဟန်းတို့အား အပ်သောစကား"ဟုဆိုသည်၊ ထိုသို့ ကပ္ပိယစကားဖြင့်ဆို၍ ဘူတဂါမ်သစ်ပင်မှ ကွာစေအပ်ပြီးဖြစ်သော အကိုင်းအခက် အသီးအညွန့်သည် နောင်ခါစိုက်၍ သစ်ပင်ပေါက်နိုင်သေးလျှင် ဗီဇဂါမ် ဖြစ်နေသေး၏၊ ဗီဇဂါမ်ကို ဖျက်ဆီးလျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏၊ ထို့ကြောင့် ထပ်၍ "ကပ္ပိယ ကရောဟိ"ဟုဆို၍ ကပ္ပိစေပြီးမှ စားကောင်းသည်။ ဘူတဂါမတော၊ ဘူတဂါမ်မှ။ ဝိယောဇိတံ၊ ကင်းစေအပ်ပြီးသော။ ဗီဇဇာတံ၊ မျိုး‌စေ့အပေါင်းကို။ ပုနပိ၊ တစ်ဖန်လည်း။ ကပ္ပိယံ၊ အပ်အောင်။ ကရောဟိ၊ ပြုလော့ (ကပ္ပီစမ်းလော့)။ ဣတိ၊ ဤသို့။ ကာရေတွာဝ၊ ကပ္ပီမှုကို ပြုစေပြီး၍သာ (ပြီးမှသာ)။ ပရိဘုဉ္ဇိတဗ္ဗံ၊ သုံးဆောင်ထိုက်၏ (သုံးဆောင်ကောင်း၏)။
ဟိ၊ အကျိုးကား။ ဧဝံ၊ ဤသို့ ကပ္ပီလတ်သော်။ ဗီဇဂါမပရိမောစနမ္ပိ၊ ဗီဇဂါမ် အဖြစ်မှ လွတ်မြောက်စေခြင်းသည်လည်း။ *ဝါ*၊ ကိုလည်း။ [ပိဖြင့် ဘူတဂါမ်မှ လွတ်ပြီးခြင်းကို ပေါင်း။] ကတံ၊ ပြုအပ်ပြီးသည်။ ဟောတိ၊ ၏။
ပန၊ ဆက်။ ဧဝံ၊ သို့။ ကပ္ပိယံ၊ အပ်သည်ကို (ကပ္ပီမှုကို)။ ကရောန္တေန၊ ပြုသော လူ, သာမဏေသည်။ အဂ္ဂိနာ ဝါ၊ မီးဖြင့်သော်လည်းကောင်း။ နခေန ဝါ၊ လက်သည်းခြေသည်းဖြင့်သော်လည်းကောင်း။ သတ္ထေနဝါ၊ ဓားစသော လက်နက်ဖြင့်သော်လည်းကောင်း။ ကတ္တဗ္ဗံ၊ ပြုရာ၏။ စ၊ ဆက်။ အဂ္ဂိနာ၊ ဖြင့်။ ကရောန္တေန၊ သည်။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။ အဂ္ဂိနာ၊ ဖြင့်။ ဧကဒေသေ၊ တစ်ခုသော အရပ်၌။ ဖုသန္တေန၊ ထိလျက်။ ကပ္ပိယန္တိ၊ အပ်ပါပြီဟူ၍။ ဝတွာဝ၊ ဆို၍သာ။ ကပ္ပိယန္တိ ဝတွာဝါ ။ ။ယာယကာယစိ ဘာသာယ (မည်သည့် ဘာသာဖြင့် ဆိုဆို) ကပ္ပိယန္တိ ဝတွာဝ (အပ်ပါ၏ဟု ဆို၍သာ ပြုရသည်) ဧဝံ သဒ္ဒေန ပဌမံ အဂ္ဂိနာ ဖုသိတွာ ပစ္ဆာ ကပ္ပိယန္တိ ဝတ္ထုံ န ဝဋ္ဋတီတိ ဒဿေတိ၊ (ဝတွာဝ၌ ဧဝဖြင့် ရှေးဦးစွာ မီးဖြင့် ထိလျက်နောက်မှ ကပ္ပိယံဟု ဆိုခြင်းငှာ မအပ်ဟု ပြ၏၊) ပဌမံ အဂ္ဂိံ နိက္ခိပိတွာ (ရှေးဦးစွာ မီးကို ကပ္ပီမည့် ဝတ္ထုပေါ်၌ ချ၍) တံ အနုဒ္ဓရိတွာဝ (ထိုမီးကို မရုပ်သိမ်းဘဲသာ) ကပ္ပိယန္တိ ဝုတ္တေ ပန ဝဋ္ဋတီတိ ဝဒန္တိ။ မှတ်ချက် ။ ။လူ သာမဏေတို့က "ကပ္ပိယံ" ဟု ဆိုရမည်ကိုသာ ပြသော်လည်း ရဟန်းက "ကပ္ပိယံ ကရောဟိ-အပ်အောင် ပြုလော့" ဟု ပဌမဆိုပြီးမှသာ လူ သာမဏေက "ကပ္ပိယံ" ဟုဆိုရမည်၊ ["ကပ္ပိယံ ဘန္တေ" ဟု ယခုကာလ၌ ဘန္တေ ထည့်၍ ဆိုကြသည်မှာလည်း အပြစ်မရှိပါ၊] ထို့ပြင် တောင်လောက်ကြီးသော မျိုးစေ့ပုံကို ကပ္ပီခိုင်းသောကြောင့် ထိုအပုံသည် အကပ်ခံပြီး မဟုတ်နိုင်ရကား ကပ္ပီရမည့် ပစ္စည်းများကို အကပ်မခံဘဲလည်း ကပ္ပီကောင်း၏, ထိုသို့ အကပ်မခံဘဲ တစ်ခါ ကပ္ပီထားလျှင် မကုန်မချင်း နောက်ရက်များ၌လည်း သုံးစွဲကောင်း၏ဟု မှတ်ပါ။ ကာတဗ္ဗံ၊ ရာ၏။
သတ္ထေန၊ ဓားစသော လက်နက်ဖြင့်။ ကရောန္တေန၊ သည်။ ယဿ ကဿစိ၊ သော။ တိခိဏသတ္ထဿ၊ ထက်သော လက်နက်၏။ အန္တမသော၊ အားဖြင့်။ သူစိစ္ဆေဒနာဒီနမ္ပိ၊ အပ်, လက်သည်းလှီးဓား အစရှိသည်တို့၏လည်း။ တုဏ္ဍေန ဝါ၊ အဦးဖြင့် သော်လည်းကောင်း။ ဓာရာယ ဝါ၊ အသွားဖြင့်သော်လည်းကောင်း။ ‌ဝေဓံ ဝါ၊ ထိုးအပ်ရာ အရာကိုသော်လည်းကောင်း (ထိုးရာကိုသော်လည်းကောင်း)။ [ဝိဇ္ဈတိ ဧတ္ထာတိ ဝေဓော။] ဆေဒံ ဝါ၊ ဖြတ်အပ်ရာ အရာကိုသော်လည်းကောင်း (ဖြတ်ရာကိုသော်လည်းကောင်း)။ [ဆိဇ္ဇတိ ဧတ္ထာတိ ဆေဒေါ။] ဒဿေန္တေန၊ ပြလျက်။ တထေဝ၊ ထိုရှေးနည်းအတိုင်းပင်။ ["ကပ္ပိယံ"ဟု ဆို၍ပင်-ဟူလို။] ကာတဗ္ဗံ၊ ရာ၏။
နခေန၊ လက်သည်း ခြေသည်းဖြင့်။ ကရောန္တေန၊ သည်။ ဂေါမဟိံသာဒီနံ၊ နွား, ကျွဲ အစရှိသည်တို့၏။ ခုရေ၊ ခွာတို့ကို။ ဌပေတွာ၊ ၍။ [နွား ကျွဲ ခွာတို့က မထက်သောကြောင့် "ပြတ်ရာ" မထင်နိုင်၍ ချန်ထားသည်။] ယေန ကေနစိ၊ သော။ အပူတိနာ၊ မပုပ်သော။ မနုဿာနံ ဝါ၊ တို့၏သော်လည်းကောင်း။ တိရစ္ဆာနံ ဝါ၊ တိရစ္ဆာန်တို့၏သော်လည်းကောင်း။ နခေန၊ လက်သည်း ‌ခြေသည်းဖြင့်။ ["လူတို့၏ လက်သည်း, ငှက်စသော တိရစ္ဆာန်တို့၏ ခြေသည်းဖြင့်"ဟုဆိုလိုသည်။] အန္တမသော၊ အားဖြင့်။ ဆိန္ဒိတွာ၊ ဖြတ်၍။ အာဟဋေနပိ၊ ဆောင်အပ်သော လက်သည်းခြေသည်းဖြင့်လည်း။ သတ္ထေ၊ လက်နက်၌။ ဝုတ္တနယေနေဝ၊ ဖြင့်ပင်။ [ဝေဓံ ဝါ ဆေဒံ ဝါ ဒဿန္တေန ကပ္ပိယံတိ ‌ဝတွာဝါတိ ဝုတ္တံ အတိဒိဿတိ။] ကာတဗ္ဗံ၊ ပြုရာ၏။
တတ္ထ၊ ထိုသို့ ကပ္ပီမှုကို ‌ပြုရာ၌။ ဗီဇာနံ၊ တို့၏။ ပဗ္ဗတမတ္တော၊ တောင်အတိုင်းအရှည်ရှိသော (တောင်မျှလောက်ကြီးသော)။ ရာသိ၊ အစုအပုံသည်။ သစေပိ (ဟောတိ)၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။ (ဧဝံသတိ ဝါ၊ လည်းကောင်း။) ရုက္ခသဟဿံ၊ သစ်ပင်တစ်ထောင်ကို။ ဆိန္ဒိတွာ၊ ၍။ ဧကာ‌‌ဗဒ္ဓံ၊ တစ်စုတည်း ဖွဲ့စပ်အပ်သည်။ (သစေ ဟောတိ, ဧဝံသတိ) ဝါ။ ဥစ္ဆူနံ၊ ကြံတို့၏။ မဟာဘာရော၊ ကြီးစွာသောဝန်သည်။ ဗန္ဓိတွာ၊ ဖွဲ့စည်း၍။ ဌပိတော၊ ထားအပ်သည်။ (သစေပိ ဟောတိ၊ ဧဝံ သတိ ဝါ)။ ဧကသ္မိံ၊ တစ်ခုသော။ ဗီဇေ၊ မျိုးစေ့ကို။ ကပ္ပိယေ၊ အပ်သည်ကို။ ကတေ ဝါ၊ ပြုအပ်ပြီးသော်လည်းကောင်း။ (ဥစ္ဆုံ ကပ္ပိယံ ကရိဿာမီတိ ဝါကျကို‌ ထောက်၍ ဧကသ္မိံ ဗီဇေ ဝါ စသည်နှင့် ကပ္ပိယေ ကတေ တို့ကို အရတူဟု မှတ်။) (ဧကိဿံ၊ တစ်ခုသော။) ရုက္ခသာခါယ၊ သစ်ကိုင်းကို။ ကပ္ပိယာယ၊ အပ်သည်ကို။ ကတာယ ဝါ၊ ပြုအပ်ပြီးသော်လည်းကောင်း။ (ဧကသ္မိံ၊ တစ်ချောင်းသော။) ဥစ္ဆုမှိ၊ ကို။ ကပ္ပိယေ၊ အပ်သည်ကို။ ကတေ ဝါ၊ ပြုအပ်ပြီးသော်လည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသည်။ ကတံ၊ အပ်အောင်ပြုအပ်ပြီးသည်။ ဟောတိ၊ ၏။
ဥစ္ဆုံ၊ ကို။ ကပ္ပိယံ၊ အပ်သည်ကို။ ကရိဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့ ကြံ၍။ တေဟိ၊ ထိုကြံတို့နှင့်။ သဒ္ဓိံ၊ တကွ။ *ဝါ*၊ အတူ။ ဗဒ္ဓံ၊ ဖွဲ့စည်းအပ်သော။ ဒါရုကံ၊ ထင်းချောင်းငယ်ကို။ ဝိဇ္ဈတိ၊ ထိုးအံ့။ ဒါရုကံ ဝိဇ္ဈတိ။ ။ဇာနိတွာဝါ အဇာနိတွာဝါ ဝိဇ္ဈတိဝါ ဝိဇ္ဈပေတိဝါ-သစ်သားချောင်းမှန်းသိ၍ ဖြစ်စေ, မသိဘဲဖြစ်စေ, ကပ္ပီသူက ထိုးခုတ်လိုက်အံ့၊ သူတစ်ပါးကိုသော်လည်း ကပ္ပီသူက ထိုးခုတ်ခိုင်းအံံ့၊ ဝဋ္ဋတိယေဝ။ ဝဋ္ဋတိယေဝ၊ အပ်သည်သာ။
ပန၊ ဗျတိရိက်ကား။ ယာယ ဝလ္လိယာ၊ အကြင်နွယ်ဖြင့်။ ဘာရော၊ ကြံစည်းဝန်ကို။ ဗဒ္ဓေါ၊ ဖွဲ့စည်းအပ်ပြီ။ တံ၊ ထိုနွယ်ကို။ သစေ ဝိဇ္ဈတိ၊ အကယ်၍ ထိုးအံ့။ (ဧဝံသတိ)။ န ဝဋ္ဋတိ၊ မအပ်။ တံ ဝိဇ္ဈတိ, န ဝဋ္ဋတိ။ ။"ထိုနွယ်ကို ထိုးခုတ်လျှင် မအပ်"ဟူရာ၌ ကပ္ပီရာ မရောက်သည်ကို "မအပ်"ဟု ဆိုလိုသည်၊ အကြောင်းကား...ဝလ္လိအာဒီနံ-တို့၏။ ဘာဇနဂတိကတ္ထာ-တည်ရာခွက်နှင့် အလားတူကုန်သည်၏အဖြစ်ကြောင့်တည်း။
မရီစပက္ကာဒီဟိ၊ ငြုတ်သီးမှည့် အစရှိသည်တို့ဖြင့်။ မိဿေတွာ၊ ရော၍။ ဘတ္တံ၊ ဆွမ်းကို။ အာဟရန္တိ၊ ပို့ဆောင်ကြကုန်၏။ တတ္ထ၊ ထိုသို့ ပို့ဆောင်ရာ၌။ ကပ္ပိယံ ကရောဟီတိ၊ တိ ဟူ၍။ ဝုတ္တေ၊ ရဟန်းက ဆိုအပ်သော။ (အနုပသမ္ပန္နော၊ သည်။) ဘတ္တသိတ္ထေ၊ ဆွမ်းလုံးတို့ကို။ သစေပိ ဝိဇ္ဈတိ၊ အကယ်၍မူလည်း ထိုးစေဦးတော့။ (ဧဝံသတိပိ) ဝဋ္ဋတိယေဝ၊ အပ်သည်သာ။ [ဆွမ်းလုံးကို အပ် စသည်ဖြင့် ထိုးစေဦးတော့ ကပ္ပီပြီး‌သား ဖြစ်သည်-ဟူလို။] တိလတဏ္ဍုလေသုပိ၊ နှမ်းနှင့်ရောသောဆန်တို့၌လည်း။ ဧသေဝ၊ ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော၊ သိကြောင်း အစီအရင်တည်း။ ["နှမ်းနှင့်ရောသောဆန်"ဟူရာ၌ ချက်ပြီးထမင်းကိုယူ၊ ကာရဏူပစာတည်း၊ ထမင်းထဲ၌ နှမ်း ပါလာ၍ ကပ္ပီရာ၌ ဆွမ်းလုံးကို ထိုးမိစေကာမူ ကပ္ပီရာရောက်သည်ပင်- ဟူလို။]
ပန၊ ဗျတိရိတ်ကား။ ယာဂုယာ၊ ယာဂု၌။ ပက္ခိတ္တာနိ၊ ထည့်အပ်သော နှမ်းတို့သည်။ ဧကာဗဒ္ဓါနိ၊ တစ်ဆက်တည်း စပ်ကုန်သည်။ ဟုတွာ၊ ၍။ န သန္တိဋ္ဌန္တိ၊ မတည်ကုန်။ တတ္ထ၊ ထိုယာဂုဝယ် ထည့်အပ်သော နှမ်းတို့၌။ ဧကေကံ၊ တစ်လုံးစီ တစ်လုံးစီကို။ ဝိဇ္ဈိတွာဝ၊ ထိုး၍သာ။ (ကပ္ပိယံ၊ ကပ္ပိမှုကို။) ကာတဗ္ဗံ၊ ပြုထိုက်၏။
ကပိဋ္ဌဖလာဒီနံ၊ သီးသီး အစရှိသည်တို့၏။ အန္တော၊ အတွင်း၌။ မိဉ္ဇံ၊ အသားအနှစ်သည်။ *ဝါ*၊ အဆန်သည်။ ကဋာဟံ၊ ခွက်ကို။ *ဝါ*၊ အခွံကို။ မုဉ္စိတွာ၊ လွှတ်၍။ (သစေ) သဉ္စရတိ၊ အကယ်၍ လှည့်လည်အံ့။ (ဧဝံသတိ)။ ဘိန္ဒာပေတွာ၊ ခွဲစေ၍။ ကပ္ပိယံ၊ ကပ္ပီမှုကို။ ကာရေတဗ္ဗံ၊ ပြုစေထိုက်၏။ [သီးသီး အခွံက ခွက်နှင့် သဘောတူသောကြောင့် ခွဲစေပြီးမှ ကပ္ပီပါ- ဟူလို။] (မိဉ္ဇံ၊ အသားအနှစ်သည်။)
ဧကာဗဒ္ဓံ၊ အခွံနှင့်တစ်ဆက်တည်း စပ်နေသည်။ စေ (ဟောတိ)။ (အဆန်မချောင်သည်ကို ဆိုလိုသည်။) ဧဝံသတိ။ ကဋာဟေပိ၊ ခွက်၌လည်း။ (ကပ္ပိယံ၊ ကို။) ကာတုံ၊ ငှာ။ ဝဋ္ဋတိ၊ ၏။
ပန၊ ကား။ (ကပ္ပီမှု ပယောဂပါမှ အပ်သည်မှတစ်ပါး, ပယောဂ မပါဘဲ အပ်သော အသီးကား။) ယံ ဖလံ၊ အကြင် အသီးသည်။ တရုဏံ၊ နုသေးသည်။ အဗီဇံ၊ ရင့်သောအစေ့ မရှိသည်။ [အင်္ကုရဇနနသမတ္ထဗီဇရဟိတံ၊ အညွန့်အညှောက်ကို ဖြစ်စေစွမ်းနိုင်သော အစေ့မှ ကင်းသော။ တရုဏအမ္ဗဖလာဒိ၊ နုသောသရက်သီး စသည်သည်။] ဟောတိ၊ ဖြစ်၏။ ယဉ္စ၊ အကြင်အသီးသည်လည်း။ နိဗ္ဗတ္တဗီဇံ၊ ထုတ်အပ်သောအစေ့ရှိ၏။ နိဗ္ဗတ္တဗီဇံ ။ ။ဗီဇနိဗ္ဗတ္တေတွာ (အစေ့ကို နစ်စေ၍- ထုတ်၍) ဝိသုံ ကတွာ(အစေ့, အသားကို တခြားစီပြု၍) ပရိဘုဉ္ဇိတုံ သက္ကုဏေယျံ (စား၍ ဖြစ်ကောင်းသော) အမ္ဗပနသာဒိဖလံ (သရက်, ပိန္နဲစသော အသီး)၊ ["ဗီဇံ အပနေတွာ ပရိဘုဉ္ဇိတဗ္ဗံ" သည် နိဗ္ဗတ္တဗီဇံ၏ အဖွင့်တည်း၊] ဗီဇံ၊ အစေ့ကို။ အပနေတွာ၊ ဖယ်ထုတ်၍။ ပရိဘုဉ္ဇိတဗ္ဗံ၊ သုံးဆောင်ထိုက်၏။ တတ္ထ၊ ထိုနုသော အစေ့ရှိသော အသီး, ထုတ်အပ်သော အစေ့ရှိသော အသီး၌။ ကပ္ပိယကရဏကိစ္စံ၊ ကပ္ပီမှုကို ပြုဖွယ် ကိစ္စသည်။ နတ္ထိ၊ မရှိတော့။ [သယမေဝ ကပ္ပိယာနိ-စားဖို့ရန် အလိုလို အပ်ပြီးဖြစ်ကြသည်-ဟူလို။]
ဘူတဂါ‌မော၊ ဂါမ်လည်းကောင်း။ ဘူတဂါမသညိတာ၊ ဂါမ်ဟုအမှတ်ရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဝိကောပနံ ဝါ၊ ကိုယ်တိုင်ဖျက်ဆီးခြင်းသော်လည်းကောင်း။ ဝိကောပါပနံ ဝါ၊ သူတစ်ပါးကို ဖျက်ဆီးစေခြင်းသော်လည်းကောင်း။ ပေ။