နဝမေ၊ ၌။
တိရစ္ဆာနဝိဇ္ဇန္တိ၊ ကား။
ယံကိဉ္စိ၊ သော။
ဗာဟိရကံ၊ သာသနာပ၌ဖြစ်သော။
အနတ္ထသံဟိတံ၊ အကျိုးစီးပွားနှင့်မစပ်ယှဉ်သော။
ဟတ္ထိအဿရထ။
ပေ။
ဂဒပ္ပယောဂါဒိဘေဒံ၊ ဆင်အတတ်, မြင်းအတတ်, ရထားအတတ်, လေးအတတ်, ဓားဆောက်ချွတ်အတတ်, အာထဗ္ဗနမန္တန်, ခိလနမန္တန်, ဝသီကရဏမန္တန်, သောသာပနမန္တန်, အဆိပ်ဆေးဖော်စပ်နည်း အစရှိသော အပြားရှိသော။
ပရူပဃာတကရံ၊ သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်မှုကို ပြုတတ်သော။
ဝိဇ္ဇံ၊ အတတ်ကို။
ပရိယာပုဏေယျာတိဧတ္ထ၊ ၌။
(ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။
ယဿ ကဿစိ၊ ၏။
သန္တိကေ၊ ၌။
တံ၊ ထိုတိရစ္ဆာနဝိဇ္ဇာကို။
ပဒါဒိဝသေန၊ ပဒ အစရှိသည်တို့၏ အစွမ်းဖြင့်။
[အာဒိဖြင့် "အနုပဒ, အက္ခရ, အနွက္ခရတို့ကို ယူ။]
ပရိယာပုဏန္တိယာ၊ ၏။
ပဒဂဏနာယစေဝ၊ ပုဒ်တို့၏ အရေအတွက်အားဖြင့်လည်းကောင်း။
အက္ခရဂဏနာယ စ၊ အက္ခရာတို့၏ အရေအတွက်အားဖြင့်လည်းကောင်း။
ပါစိတ္တိယံ (ဟောတိ)။
ဣတိ၊ တည်း။ဟတ္ထိ၊ ပေ၊ ဝိဇ္ဇံ ။ ။တိရစ္ဆာနသဒ္ဒါသည် "ဆန့်ကျင်ဘက် ဖီလာကန့်လန့်" အနက်ကို ဟော၏၊ ထို့ကြောင့် သုဂတိလမ်း နိဗ္ဗာန်လမ်း၏ ဆန့်ကျင်ဘက် ဖီလာဖြစ်သော ဆင်အတတ်စသော သိပ္ပ, အာထဗ္ဗဏ စသော မန္တန်, အဆိပ်စပ်နည်း စသော သူတစ်ပါးနှိပ်စက်ကြောင်း အတတ်များကို သရုပ်ထုတ်ပြသည်။
ဟတ္ထိ၊ ပေ၊ သိပ္ပ ။ ။ဒွန်ပုဒ်နောက်၌ ရှိသောကြောင့် သိပ္ပကို ပုဒ်တိုင်း ယှဉ်စေ၍ "ဟတ္ထိသိပ္ပ, ရထသိပ္ပ, ဓနုသိပ္ပ, ထရုသိပ္ပ" ဟု မှတ်ပါ၊ "ထရုခဂ္ဂါဒိမုဋ္ဌိယံ" အဘိဓာန်နှင့်အညီ သန်လျက်စသည်တို့၏ အရိုးကို "ထရု" ဟု ခေါ်၏၊ ထိုအရိုးကို (ရန်သူနှင့်တွေ့သောအခါ) အလွယ်တကူ နုတ်ယူတတ်သောအတတ်ကို "ထရုသိပ္ပ" ဟု ပြောကြ၏။
အာထဗ္ဗဏ၊ပေ၊မန္တ ။ ။မန္တသဒ္ဒါကိုလည်း ရှေ့ပုဒ်တိုင်း၌ ယှဉ်စေ၊ အထဗ္ဗဏရင်္သေ့သည် စီရင်အပ်သော ဝေဒကျမ်းကို "အာထဗ္ဗဏ" ဟု ခေါ်၏၊ ထိုဝေဒကျမ်းအဆိုနှင့်အညီ စီရင်အပ်သော သူတစ်ပါးကို နှိပ်စက်ကြောင်း မန္တန်ကို "အာထဗ္ဗဏမန္တန်" ဟု ခေါ်သည်၊ "ခိလနမန္တန်" ဟူသည် သစ်သားအနှစ်ငုတ်ကို မန္တန်စုပ်၍ မြေ၌ စိုက်ထားလျှင် သူတစ်ပါး သေစေနိုင်သော မန္တန်တည်း။
ဝသီကရဏမန္တန် ။ ။မိမိအလိုသို့ လိုက်ပါအောင်ပြုကြောင်းဖြစ်သော ပီယမန္တန်မျိုးတည်း၊ [ဝသံ+ ကရောတိ ဧတေနာတိ ဝသီကရဏံ၊] ပါစိတျာဒိယောဇနာ၌ကား "မန္တေန ဇပ္ပိတွာ-မန္တန်ဖြင့် မန်းမှုတ်၍၊ ပရဿ ဥမ္မတ္တဘာဝမာပန္နကရဏော-သူတစ်ပါး ရူးအောင် ပြုတတ်သော မန္တန်" ဟု ဆို၏။
သောသာပန, အဂဒပ္ပယောဂါဒိ ။ ။"သောသာပန" ဟူသည် သူတစ်ပါး၏ အသား အသွေး စသည်တို့ကို ခြောက်သွေ့စေတတ်သော မန္တန်တည်း၊ အဂဒပ္ပယောဂကို "ဝိသယောဇန- အဆိပ်ဖော်စပ်နည်း" ဟု ဋီကာတို့ ဖွင့်၏၊ ပယောဂါဒိ၌ အာဒိဖြင့် အလားတူသော သူတစ်ပါးကို နှိပ်စက်ကြောင်းအတတ် ဟူသမျှကို ယူပါ။