၂. ဦနပဉ္စဗန္ဓနသိက္ခာပဒဝဏ္ဏနာ
၂။ ဦနပဉ္စဗန္ဓန သိက္ခာပုဒ်
၂. ဦနပဉ္စဗန္ဓနသိက္ခာပဒဝဏ္ဏနာ
၂။ ဦနပဉ္စဗန္ဓန သိက္ခာပုဒ်
ဒုတိယေ၊ ၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊) အဿ၊ ထိုသပိတ်၏။
ဦနာနိ၊ ယုတ်လျော့ကုန်သော။
ပဉ္စ၊ ငါးခုကုန်သော။
ဗန္ဓနာနိ၊ အဖွဲ့တို့သည်။
(သန္တိ၊) ဣတိ၊ ကြောင့်၊ (ထိုသို့ ငါးခုအောက် ယုတ်လျော့သော အဖွဲ့ရှိသည်၏ အဖြစ်ကြောင့်။
သော၊ ထိုသပိတ်သည်။)
**ဦနပဉ္စဗန္ဓနော**၊ မည်၏။
အဿ၊ ထိုသပိတ်၏။
ပဉ္စ၊ ငါးခုကုန်သော။
ဗန္ဓနာနိ၊ တို့သည်။
န ပူရေန္တိ၊ မပြည့်ကုန်။
ဣတိ အတ္ထော၊ ဦနပဉ္စဗန္ဓနေန၊ ယုတ်လျော့သော ငါးဖွဲ့ရှိသော။
တေန၊ ထိုသပိတ်ဖြင့်၊ (စေတာ ပေယျ-၌ စပ်။)
(ဧတံ၊ ဤဦနပဉ္စဗန္ဓနေနဟူသော သဒ္ဒါသည်။)
ဣတ္ထမ္ဘူတဿ၊ တစ်စုံတစ်ခု အထူးသို့ ရောက်သော ရဟန်းကို။
လက္ခဏေ၊ မှတ်ကြောင်းအနက်၌။
ဣတ္ထမ္ဘူတလက္ခဏေ။ ။ "ယော ပန ဘိက္ခု ဦနပဉ္စဗန္ဓနေန" ဟူသော ပါဌ်၌ ငါးဖွဲ့ မပြည့်သေးသော သပိတ်သည် ရဟန်းကို မှတ်သားကြောင်းဖြစ်၍ လက္ခဏတည်း၊ တောင်း ခြင်းကြိယာကား လက္ချတည်း၊ ဤသို့တောင်းခြင်းကြိယာကို အထူးပြုသောအားဖြင့် မှတ်သား တတ်သောကြောင့် ဤဣတ္ထမ္ဘူတလက္ခဏကို ကြိယာဝိသေသန တစ်မျိုးဟု မှတ်၊ ကြွင်းသော မှတ်ဖွယ်ကို သဒ္ဒါကျမ်း အဖွင့်များ၌ ရှုပါ။
(ပဝတ္တံ၊ ဖြစ်သော။)
ကရဏဝစနံ၊ ကရိုဏ်းဝိဘတ်ရှိသော သဒ္ဒါတည်း။
တတ္ထ၊ ထို ဦနပဉ္စဗန္ဓနေနဟူသော ပါဌ်၌။
ယသ္မာ၊ ကြောင့်။
အဗန္ဓနဿာပိ၊ အဖွဲ့မရှိသော သပိတ်၏လည်း။
ပဉ္စ၊ ငါးခုကုန်သော။
ဗန္ဓနာနိ၊ တို့သည်။
န ပူရေန္တိ၊ ကုန်။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
သဗ္ဗသော၊ ခပ်သိမ်းသော အပြားအားဖြင့်။
နတ္ထိတာယ၊ အဖွဲ့မရှိသည်၏ အဖြစ်ကြောင့်တည်း။
တေန၊ ကြောင့်။
အဿ၊ ထိုဦနပဉ္စဗန္ဓနေန ဟူသောပုဒ်၏။
ပဒဘာဇနေ၊ ပဒဘာဇနီ၌။
ဦနပဉ္စဗန္ဓနောနာမ ၊ပေ၊ ဧကဗန္ဓနော ဝါတိ အာဒိ၊ ဝါ အစရှိသော စကားကို။
(ဘဂဝတာ၊ ဝုတ္တံ၊ ပြီ။
[အဗန္ဓနော၊ အဖွဲ့ အတုပ် မရှိသော။
(ပတ္တော)ဝါ၊ သပိတ်သည်လည်းကောင်း။
ဧကဗန္ဓနော၊ တစ်ခု သော အဖွဲ့အတုပ်ရှိသော။
(ပတ္တော ဝါ၊ သည်လည်းကောင်း။)
ဦနပဉ္စဗန္ဓနောနာမ၊ န မည်သော။
ပတ္တော၊ တည်း။]
ဦနပဉ္စဗန္ဓနပတ္တ။ ။ နောက်၌ လာမည့် ဖွဲ့တုပ်နည်းအတိုင်း တစ်ဖွဲ့, ၂ ဖွဲ့ ၃ ဖွဲ့ ၄ ဖွဲ့, ရှိသော သပိတ်သာ ဦနပဉ္စဗန္ဓန မည်သည် မဟုတ်သေး, လုံးလုံး မဖွဲ့ မတုပ်ရသေးသော သပိတ်လည်း ဦနပဉ္စဗန္ဓနပင် မည်သည်၊ ထို့ကြောင့် "တတ္ထ ၊ပေ၊ ဝုတ္တံ" ဟု ပဒဘာဇနီ ပါဠိတော်ကို ကိုးကား၍ ဆိုသည်။
စ၊ ဆက်။
ဦနပဉ္စဗန္ဓနေနာတိ၊ နဟူ၍။
ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။
ယဿ၊ အကြင်ရဟန်း၏။
ပတ္တော၊ သည်။
ပဉ္စဗန္ဓနော၊ ငါးဖွဲ့ရှိသည်။
ဟောတိ၊ ၏။
ဝါ၊ တစ်နည်း။
ပဉ္စဗန္ဓနောကာသော၊ ၅ ဖွဲ့ ဖွဲ့လောက်ရာ အရပ်ရှိသည်။
ပဉ္စဗန္ဓနောကာသော။ ။ ပဉ္စဗန္ဓနဿ+ဩကာသော ယဿာတိ ပဉ္စဗန္ဓနောကာသော၊ ငါးဖွဲ့ပြည့်အောင်တော့ မဖွဲ့တုပ်ရသေး၊ သို့သော် သပိတ်၌ ကွဲအက်နေသော အကြောင်းမှာ ၅ ဖွဲ့ ဖွဲ့တုပ်လောက်အောင် နေရာရှိနေသည်-ဟူလို။
(ဟောတိ၊ ၏။)
တဿ၊ ထိုရဟန်း၏။
သော၊ ထိုသပိတ်သည်။
အပတ္တော၊ သပိတ်မဟုတ်တော့၊ [အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သပိတ်မဟုတ်-ဟူလို။]
တသ္မာ၊ ကြောင့်။
အညံ၊ အခြားသပိတ်ကို။
ဝိညာပေတုံ၊ မိမိ အလိုရှိကြောင်းကို သိစေခြင်းငှာ။
(သဒ္ဒတ္ထ၊) ဝါ၊ တောင်းခြင်းငှာ။
(ဝေါဟာရတ္ထ၊) ဝဋ္ဋတိ၊ အပ်၏။
ပန၊ ဆက်။
ယသ္မိံ ပတ္တေ၊ ၌။
ယသ္မိံ ပန ပတ္တေ။ ။ ဖွဲ့တုပ်လောက်သော အရပ်၏ လက္ခဏာနှင့် ဖွဲ့ပုံ (ချည်တုပ် ပုံ) အစီစဉ်ကို ပြလို၍ "ယသ္မိံ ပန" စသည် မိန့်၊ [ပတ္တံ+ဝိဇ္ဇတိ ဧတေနာတိ ပတ္တဝေဓကော၊] သပိတ်နားခမ်း အစ၌ ဖောက်လျှင် သပိတ်ကွဲသွားမည်စိုး၍ နားခမ်းအောက် လက် ၂ သစ် လောက် အက်ကြောင်းရှိမှ လက် ၂ သစ် အဆုံးနေရာ၌ ဖောက်ပါဟု ဖောက်ဖို့နေရာကို ပြသည်။
မုခဝဋ္ဋိတော၊ နားခမ်းရစ်မှ။
ဟေဋ္ဌာ၊ အောက်၌။
ဘဋ္ဌာ၊ ကွဲအက်သော။
ဒွင်္ဂုလပ္ပမာဏာ၊ လက် ၂သစ် ပမာဏရှိသော။
ဧကာပိ၊ တစ်ခုလည်းဖြစ်သော။
ရာဇိ၊ အက်ကြောင်းသည်။
ဟောတိ၊ ရှိ၏။
တံ၊ ထိုသပိတ်ကို။
တဿာ ရာဇိယာ၊ ထိုအက်ကြောင်း၏။
ဟေဋ္ဌိမပရိယန္တေ၊ အောက်အစွန်၌။
ပတ္တ ဝေဓကေန၊ သပိတ်ထွင်း စူးငယ်ဖြင့်။
ဝိဇ္ဈိတွာ၊ ဖောက်ထွင်း၍။
ပစိတွာ၊ ဖုတ်၍၊ [ဖောက်သောနေရာ၌ အတွင်းသားကျက်၍ ခိုင်အောင် ပစိတွာဟု မီးဖုတ်ဖို့ ညွှန်ပြဟန်တူသည်။]
သုတ္တရဇ္ဇုကမကစိရဇ္ဇုကာဒီဟိဝါ၊ ချည်မျှင်ငယ်, သင်ပန်း လျှော်မျှင် ကြိုးငယ် အစရှိသည်တို့ဖြင့်သော်လည်းကောင်း။
တိပုသုတ္တကေနဝါ၊ သလွဲမည်း ချည်မျှင်ဖြင့်သော်လည်းကောင်း၊ [သံနန်းကြိုး, ကြေနန်းကြိုးငယ် များလည်း ရနိုင်သည်။]
ဗန္ဓိတွာ၊ ဖွဲ့တုပ်၍။
တံ ဗန္ဓနံ၊ ထိုဖွဲ့တုပ်အပ်သော အရပ်ကို၊ (ပဋိစ္ဆာဒေတဗ္ဗံ-၌ စပ်။)
အာမိသဿ၊ ဆွမ်းစသော အာမိသ၏။
အလဂ္ဂနတ္ထံ၊ မငြိ မကပ်ခြင်းအကျိုးငှာ။
ဝါ၊ မငြိကပ်အောင်။
တိပုပဋ္ဋကေနဝါ၊ သလွဲပြား ပါးပါးဖြင့် သော်လည်းကောင်း။
ကေနစိ၊ တစ်စုံတစ်ခုသော။
ဗန္ဓသိလေသာဒိနာဝါ၊ ဖွဲ့စပ် ငြိကပ်တတ်သော အစေးအစရှိသည်ဖြင့်သော်လည်းကောင်း။
ပဋိစ္ဆာဒေတဗ္ဗံ၊ ဖုံးထိုက်၏။
ပဋိစ္ဆာဒေတဗ္ဗံ။ ။ ချည်တုပ်ထားသော ကြိုးကလေးများ အပေါ်၌ ဆွမ်းစသော အာမိသကပ်စရာရှိ၍ (ထိုသို့ မကပ်အောင်) သလွဲပြား ပါးပါး, သို့မဟုတ် သစ်စေးဖြင့် ကြိုးကလေးများ ပေ် မှာ ဖုံးထားပါ-ဟူလို။
ဝါ၊ ဖုံးရမည်။
စ၊ ဆက်။
သော ပတ္တော၊ ထိုဖုံးအပ်သော သပိတ်ကို။
အဓိဋ္ဌဟိတွာ၊ ၍။
ပရိဘုဉ္ဇိတဗ္ဗော၊ ထိုက်၏၊ [အပေါက်ဖောက်တုန်းက ကျယ်သွားသဖြင့် အဓိဋ္ဌာန်ပျက်သောကြောင့် အဓိဋ္ဌာန်ထပ် တင်ပါ-ဟူလို။]
သုခုမံ၊ သိမ်မွေ့သေးငယ်သော။
ဆိဒ္ဒံဝါ၊ အပေါက်ကိုမူလည်း၊ (ဆတ်ဆန် ထမင်း မဝင်နိုင်လောက် သော အပေါက်ကိုမူလည်း။)
သုခုမံဝါ ဆိဒ္ဒံ။ ။ နောက်ထပ် အဓိဋ္ဌာန် မတင်လိုလျှင် အပေါက်ဖောက်စဉ်က အဓိဋ္ဌာန် မပျက်စေခြင်းငှာ ဆတ်ဆန်ထမင်း မထွက်နိုင်လောက်အောင် သေးငယ်သော အပေါက်ကိုသော်လည်း ဖောက်ပါ-ဟူလို။
ကတွာ၊ ပြီး၍။
ဗန္ဓိတဗ္ဗော၊ ဖွဲ့စပ်ထိုက်၏။
ဖာဏိတံ၊ တင်လဲကို။
ဝါ၊ သကာကို။
ဈာပေတွာ၊ မီးဖြင့်ချက်၍။
ပါသာဏစုဏ္ဏေန၊ ကျောက်မှုန့် ဖြင့်။
ဖာဏိတံ ဈာပေတွာ ပါသာဏစုဏ္ဏေန။ ။ ပါသာဏစုဏ္ဏေန သဒ္ဓိံ ဖာဏိတံ ပစိတွာ-ကျောက်မှုန့်ရော၍ တင်လဲရည် (သကာရည်-သကြားရည်-ထန်းလျက်ရည်) ကို ချက်ပြီးလျှင်၊ တထာပက္ကေန ပါသာဏစုဏ္ဏေန-ထိုနည်းအတိုင်း ချက်အပ်ပြီး၊ (ကျက်ပြီး) ဖြစ်သော [တင်လဲရည် အစေးပါသော၊] ကျောက်မှုန့်ဖြင့် အက်ကြောင်းကို ဖားထေးခြင်းငှာ အပ်သည်၊ ဤနည်း၌ အပေါက်ဖောက်ဖွယ် မလို။
ဗန္ဓိတုံပိ၊ ဖွဲ့စပ်ဖာထေးခြင်းငှာလည်း။
ဝဋ္ဋတိ၊ အပ်၏။
ပန၊ ဆက်။
ယဿ၊ အကြင်သပိတ်၏။
ဒွေ၊ ၂ ခုကုန်သော။
ရာဇိယောဝါ၊ အက်ကြောင်းတို့သည်သော်လည်းကောင်း။
ဧကာယေဝ၊ တစ်ခုသာလျှင်ဖြစ်သော။
စတု ရင်္ဂုလာ၊ လက် ၄ သစ်ရှိသော။
(ရာဇိဝါ၊ အက်ကြောင်းသည်သော်လည်းကောင်း။
ဟောတိ၊ ရှိ၏။)
တဿ၊ ထိုသပိတ်အား။
ဒွေ၊ ၂ ခုကုန်သော။
ဗန္ဓနာနိ၊ အဖွဲ့အတုပ် တို့ကို။
ဒါတဗ္ဗာနိ၊ ပေးထိုက်ကုန်၏။
ယဿ၊ အကြင်သပိတ်၏။
တိဿော၊ ကုန်သော။
ရာဇိယောဝါ၊ တို့သည်သော်လည်းကောင်း။
ဧကာယေဝ၊ ဖြစ်သော။
ဆဠင်္ဂု လာ၊ လက် ၆သစ်ရှိသော။
(ရာဇိဝါ၊ သည်သော်လည်းကောင်း။
ဟောတိ၊ ၏။)
တဿ၊ ထိုသပိတ်အား။
တီဏိ၊ ကုန်သော။
(ဗန္ဓနာနိ ဒါတဗ္ဗာနိ၊) ယဿ၊ အကြင် သပိတ်၏။
စတဿော၊ ကုန်သော။
ရာဇိယောဝါ, ဧကာယေဝ အဋ္ဌင်္ဂုလာ၊ လက် ရှစ်သစ်ရှိသော။
(ရာဇိဝါ ဟောတိ၊) တဿ၊ ထိုသပိတ်အား။
စတ္တာရိ၊ ကုန်သော။
(ဗန္ဓနာနိ ဒါတဗ္ဗာနိ၊) ယဿ၊ အကြင်သပိတ်၏။
ပဉ္စ၊ ကုန်သော။
ရာဇိယောဝါ၊ ဧကာယေဝ ဒသင်္ဂုလာ၊ လက် ၁၀ သစ်ရှိသော။
(ရာဇိဝါ ဟောတိ၊) သော၊ ထိုသပိတ်သည်။
ဗဒ္ဓေါ၊ ဖွဲ့အပ်သည်။
(သမာနော) ပိ၊ သော်လည်းကောင်း။
အဗဒ္ဓေါ၊ မဖွဲ့အပ်သည်။
(သမာနော) ပိ၊ သော်လည်းကောင်း။
အပတ္တောယေဝ၊ သပိတ် မဟုတ်တော့သည်သာ။
အညော၊ အခြားသပိတ်ကို။
ဝိညာပေတဗ္ဗော၊ တောင်းနိုင်၏။
ဧသ၊ ဤဆိုအပ်ပြီးကား။
တာဝ၊ သံသပိတ်မှ ရှေးဦးစွာ။
မတ္တိကာပတ္တေ၊ မြေသပိတ်၌။
ဝိနိစ္ဆယော၊ တည်း။
ပန၊ ကား။
အယောပတ္တေ၊ သံသပိတ်၌။
ပဉ္စဝါ၊ ၅ ပေါက်သော်လည်း ဖြစ်ကုန်သော။
အတိရေကာနိဝါ၊ ၅ ပေါက်ထက် အလွန်သော်လည်း ဖြစ်ကုန်သော။
ဆိဒ္ဒါနိ၊ အပေါက်တို့သည်။
သစေပိ ဟောန္တိ၊ အကယ်၍ပင် ရှိစေကုန်ဦးတော့။
တာနိ၊ ထိုအပေါက်တို့သည်။
အယစုဏ္ဏေနဝါ၊ သံမှုန့်ဖြင့်သော်လည်းကောင်း။
အာဏိယာဝါ၊ မယ်နဖြင့်သော်လည်းကောင်း။
ဝါ၊ စို့ဖြင့်သော်လည်းကောင်း။
လောဟမဏ္ဍလေနဝါ၊ သံပြားဝိုင်းဖြင့်သော်လည်းကောင်း။
ဗဒ္ဓါနိ၊ ဖွဲ့စပ်အပ်ကုန်သည်။
သမာနာနိ၊ ဖြစ်ကုန်လတ်သော်။)
မဋ္ဌာနိ၊ ညက်ညောကုန်သည်။
စေ ဟောန္တိ၊ ကုန်အံ့၊ [အပေါက်သေးလျှင် သံမှုန့်ဖြင့်ဖာ, နည်းနည်း ကြီးလျှင် စို့ဖြင့် ရိုက်၍ ဖာ, ထို့ထက်ကြီးလျှင် သံပြားဝိုင်းဖြင့် ဖာ-ဟူလို။]
(ဧဝံ ဟောန္တေသု၊ ကုန်လတ်သော်။)
သွေဝ၊ ထိုသပိတ်ကိုသာ။
ပရိဘုဉ္ဇိတဗ္ဗော၊ သုံးစွဲထိုက်၏။
ဝါ၊ ရမည်။
အညော၊ အခြား သပိတ်ကို။
န ဝိညာပေတဗ္ဗော၊ မတောင်းထိုက်။
ပန၊ သို့မဟုတ်။
ဧကံ၊ တစ်ပေါက်သော။
ဆိဒ္ဒံ၊ အပေါက်သည်။
(သမာနံ) ပိ၊ သော်လည်း။
မဟန္တံ၊ ကျယ်သည်။
အထ ဟောတိ၊ အံ့၊ (ကျယ်သောကြောင့်။)
လောဟမဏ္ဍလေန၊ ဖြင့်။
ဗဒ္ဓံ၊ ဖွဲ့စပ်အပ်သည်။
(သမာနံ)ပိ၊ သော်လည်း။
မဋ္ဌံ၊ ညက်ညောသည်။
န ဟောတိ၊ မဖြစ်တော့၊ (မညက် ညောသောကြောင့်။)
ပတ္တေ၊ ၌။
အာမိသံ၊ ဆွမ်းစသော အာမိသသည်။
လဂ္ဂတိ၊ ငြိကပ်၏၊ (ငြိကပ်သောကြောင့်။)
အကပ္ပိယော၊ မအပ်သည်။
အပတ္တော၊ သပိတ် မဟုတ်သည်။
ဟောတိ၊ ၏၊ (မအပ်သောကြောင့်။)
အညော၊ အခြားသပိတ်ကို။
ဝိညာပေတဗ္ဗော၊ ၏၊ [ရှေးရှေးဝါကျသည် ကာရဏ၊ နောက်နောက်ဝါကျသည် ဖလ၊ "အကပ္ပိယော ဟောတိ၊ အယံ ပတ္တော"ဟု အယံကို ကြိယာနောက်၌ ထားသည်ကား စာသွားရိုးရာ မကျ၊ "အကပ္ပိယော ဟောတိ အပတ္တော"ဟု ရှိမှ ရိုးရာ ကျမည်။]
ပန၊ ဆက်။
ယော၊ အကြင်ရဟန်းသည်။
ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။
ပတ္တသင်္ခေပဂတေ၊ သပိတ်အမျိုးအစား၌ ထည့်သွင်းအပ်သည်၏ အဖြစ်သို့ရောက်သော။
ပတ္တသင်္ခေပဂတေ။ ။ ပတ္တေ-သပိတ်အမျိုးအစား၌+သင်္ခပေါ-ထည့်သွင်းအပ်သော သပိတ်တည်း၊ ပတ္တသင်္ခေပံ - သပိတ်အမျိုးအစား၌ ထည့်သွင်းအပ်သည်၏ အဖြစ်သို့ (ဘာဝပ္ပဓာန)+ဂတော-ရောက်သော သပိတ်တည်း၊ ပတ္တသင်္ခေပဂဟော၊ အပ်သောသပိတ် အမျိုးအစားတွင် ပါဝင်နိုင်သော သပိတ်အစစ်ဖြစ်သည်၊ ခွက်အမျိုးအစား မဟုတ်-ဟူလို။
အယောပတ္တေ၊ သံသပိတ်သည်။
(သတိ)ဝါ၊ ရှိလျက်သော်လည်းကောင်း။
ဦနပဉ္စဗန္ဓနေသု၊ ယုတ်လျော့သော ၅ ဖွဲ့ရှိသော။
မတ္တိကာပတ္တေ၊ မြေသပိတ်သည်။
သတိဝါ၊ လျက်သော်လည်းကောင်း။
အညံ၊ အခြားသပိတ်ကို။
ဝိညာပေတိ၊ တောင်းအံ့။
(တဿ၊ ထိုရဟန်း၏။)
ပယောဂေ၊ ကြောင့်၊ [အတောင်းသွားဖို့ ပြင်ခြင်း, သွားခြင်း, တောင်းခြင်း ပယောဂကြောင့်။]
ဒုက္ကဋံ (ဟောတိ၊) ပဋိလာဘေ၊ ကြောင့်။
နိသဂ္ဂိယော၊ ဂ္ဂိထိုက်သည်။
နိသဇ္ဇိတဗ္ဗော၊ စွန့်ထိုက်သည်၊ (ထပ်ဖွင့်သည်။)
ဟောတိ၊ ၏။
နိသဇ္ဇန္တေန၊ သည်။
သံဃမဇ္ဈေဧဝ၊ သံဃအလယ်၌သာ။
နိသဇ္ဇိတဗ္ဗော၊ ၏။
တေန၊ ကြောင့်၊ (ထိုသို့ သံဃအလယ်၌သာ စွန့်ထိုက်သည်၏ အဖြစ်ကြောင့်။)
ဘိက္ခုပရိသာယ နိသဇ္ဇိတဗ္ဗောတိ၊ ဗ္ဗောဟူ၍။
(ဘဂဝတာ၊) ဝုတ္တံ။
**ယောစ ၊ပေ၊ ပရိသာယာ**တိ ဧတ္ထ၊ ယဟူသော ဤပါဌ်၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊) တေဟိ ဘိက္ခူဟိ၊ တို့သည်။
ပကတိယာဧဝ၊ ပင်ကိုယ်အားဖြင့်ပင်။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
အဓိဋ္ဌိတံ၊ အဓိဋ္ဌာန် တင်အပ်ပြီးသော၊ [ယခု ကိစ္စကြုံမှ အကောင်းသပိတ်ကို ပစ္စုဒ္ဓိုရ်ပြု၍ မကောင်းသပိတ်ကို အဓိဋ္ဌာန် မတင်ရ၊ ပင်ကိုယ်ကပင် အဓိဋ္ဌာန်တင်၍ ဆောင်ထားသော-ဟူလို။]
ပတ္တံ၊ ကို။
ဂဟေတွာ၊ ယူ၍။
သန္နိပတိတဗ္ဗံ၊ စည်းဝေးရာ၏။
ဝါ၊ ရမည်။
တတော၊ ထိုမှနောက်၌။
သမ္မ တေန၊ သမုတ်အပ်သော။
ဝါ၊ ပတ္တဂ္ဂါဟာပက သမ္မုတိရသော။
ပတ္တဂ္ဂါဟာပကေန၊ သပိတ်ကို ယူစေသော ရဟန်းသည်၊ [ပဒဘာဇနီ၌ လာသော ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်အပ်သောရဟန်း-ဟူလို၊ ထိုရဟန်းကို "ပတ္တဂ္ဂါဟာပကရဟန်း" ဟု ခေါ်သည်။]
ပတ္တဿ၊ ၏။
ဝိဇ္ဇမာနဂုဏံ၊ ထင်ရှားရှိသော ဂုဏ်ကို။
ဝိဇ္ဇမာနဂုဏံ။ ။ "အယံ ဘန္တေ ပတ္တော ပမာဏယုတ္တော-ဤသပိတ်ဟာ မကြီးလွန်း မငယ်လွန်းဘဲ တော်ရုံဘဲဘုရား၊ သုန္ဒရော ထေရာနုရူပေါ-တယ်ကောင်းပါတယ်၊ ဆရာတော် ဘုရားနှင့် တော်ပါတယ်" စသည်ဖြင့် ယူချင်လာအောင် အမှန်ရှိသော ဂုဏ်ကို လျှောက်၍-ဟူလို။
ဝတွာ၊ လျှောက်၍။
ဘန္တေ၊ ရား။
ဣမံ၊ ဤသပိတ်ကို။
ဂဏှထ၊ ယူပါကုန်။
ဣတိ၊ သို့။
ထေရော၊ ကို။
ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။
ထေရဿ၊ အား။
သော ပတ္တော၊ သည်။
သစေ န ရုစ္စတိ၊ အကယ်၍ မနှစ်သက်အံ့။
ဝါ၊ သို့မဟုတ်။
အပ္ပိစ္ဆတာယ၊ နည်းသော အလိုရှိသည်၏ အဖြစ်ကြောင့်။
(သစေ) န ဂဏှာတိ၊ အကယ်၍ မယူအံ့။
(ဧဝံ သတိ၊ ဤသို့ မယူလတ်သော်။)
ဝဋ္ဋတိ၊ အပ်၏။
ပန၊ ဆက်။
တသ္မိံ၊ ထိုသပိတ်တောင်း လာသောရဟန်း၌။
အနုကမ္ပာယ၊ သနားစောင့်ရှောက် ချီးမြှောက်ခြင်းအကျိုးငှာ၊ [သကို အာယပြုထားသော တဒတ္ထသမ္ပဒါန်။]
အဂဏှန္တဿ၊ မယူသော ထေရ်၏။
ဒုက္ကဋံ၊ သည်။
(ဟောတိ၊ ၏။)
ပန၊ ဆက်။
(ထေရော၊ သည်။)
သစေ ဂဏှာတိ၊ အကယ်၍ ယူအံ့။
(ဧဝံသတိ) ထေရဿ၊ ၏။
ပတ္တံ၊ ကို။
ဒုတိယထေရံ၊ ဒုတိယထေရ်ကို။
ဂါဟာပေတွာ၊ ယူစေ၍။
ဧတေနေဝ ဥပါယေန၊ ဤနည်းဖြင့်ပင်။
ယာဝသံဃနဝကာ၊ သံဃနော ရဟန်း တိုင်အောင်။
ဝါ၊ သံဃာတွင် အငယ်ဆုံးရဟန်းတိုင်အောင်၊ [တာဝ မပါသမျှ ပဉ္စမျန္တ နှင့်သာရှိရမည်။]
ဂါဟာပေတဗ္ဗော၊ ယူစေထိုက်၏။
ပန၊ ဆက်။
တေန၊ ထို သံဃာတွင် အငယ်ရဟန်းသည်။
ပရိစ္စတ္တပတ္တော၊ စွန့်လွှတ်အပ်သော သပိတ်သည်။
ပတ္တပရိယန္တောနာမ၊ န္တမည်၏။
[ပတ္တာနံ- သပိတ်တို့တွင်+ပရိယန္တော-အစွန်ဆုံး (နောက်ဆုံး) သပိတ်တည်း။
ပတ္တပရိယန္တော၊] သော၊ ထိုသပိတ်ကို။
တဿ ဘိက္ခုနော၊ ထိုသပိတ်တောင်းလာသော ရဟန်းအား။
ပဒါတဗ္ဗော၊ ပေးထိုက်၏။
တေနာပိ၊ ထို သပိတ်တောင်းသော ရဟန်းသည်လည်း။
သော၊ ထိုသပိတ်ကို။
ဝိညာ ပေတွာ၊ တောင်း၍။၏
ဂဟိတပတ္တောယထာ၊ ယူအပ်သော သပိတ်ကဲ့သို့။
ဧဝမေဝ၊ ဤအတူပင်။
သက္ကစ္စံ၊ ရိုသေစွာ။
ဝါ၊ ကောင်းကောင်းမွန်မွန်။
ပရိဘုဉ္ဇိတဗ္ဗော၊ သုံးစွဲထိုက်၏၊ [တောင်း၍ ရလာသော သပိတ်ကို သုံးစွဲသောနည်းဖြင့် သုံးစွဲပါ- ဟူလို။]
ပန၊ ဗျတိရိက်ကား။
တံ၊ ထိုအစွန်ဆုံး သပိတ်ကို။
ဇီဂုစ္ဆန္တော၊ စက်ဆုပ်သည်။
ဝါ၊ ရွံရှာသည်။
(ဟုတွာ၊) အဒေသေဝါ၊ မထားသင့်သော အရပ်၌မူလည်း။
အဒေသေ။ ။ညောင်စောင်း, အင်းပျဉ်ပေါ်, ထီးပေါ်၌လည်းကောင်း, ဆင်စွယ် ကောက်၌ ချိပ်၍လည်းကောင်း သပိတ်ကို မထားကောင်း၊ ထိုမဉ္စပီဌ စသော အရပ်များသည် "အဒေသ-ထားရာ မဟုတ်သောအရပ်" မည်၏၊ ထိုအရပ်များကား စူဠဝဂ္ဂ ခုဒ္ဒကဝတ္ထုက္ခန္ဓက၌ အကျယ်ပါသည်။
သစေ နိက္ခိပတိ၊ အကယ်၍ ထားအံ့။
အပရိဘောဂေနဝါ၊ မသင့်လျော်သော သုံးစွဲခြင်းဖြင့်မူလည်း။
အပရိဘောဂေန။ ။ ယာဂုရုန္ဓန, ရဇနပစနာဒိနာ-ယာဂုကြိုခြင်း, ဆိုးရည်ကြိုခြင်း အစရှိသော အယုတ္တပရိဘောဂေန-မသင့်သော သုံးစွဲခြင်းဖြင့်။ [လမ်းခရီး၌ ရောဂါဖြစ်လျှင်ကား အခြားအိုးခွက်လည်း မရှိလျှင် သပိတ်ကို မြေသရွတ်မံ၍ ထိုသပိတ်ဖြင့် ယာဂု-ရေနွေး ကြိုကောင်း၏။]
(သစေ) ပရိဘုဉ္ဇတိ၊ အကယ်၍ သုံးစွဲအံ့။
(သစေ) ဝိသဇ္ဇေတိဝါ၊ အကယ်၍မူလည်း စွန့်အံ့။
ဝိသဇ္ဇေတိ။ ။ သူတစ်ပါးပေးစွန့်ရာ၌ ဒုက္ကဋ်အာပတ် သင့်သော်လည်း တပည့်စသူက သူ၏ သပိတ်ကောင်းကို ပေး၍, ဤပတ္တပရိယန္တသပိတ်ဟာ သူနှင့် သင့်တော်ပါသည်-ဟု ယူလျှင် အပ်၏၊ ငါ၏ ပတ္တပရိယန္တသပိတ်ကို ပြန်ယူခဲ့ပါ-ဟု တောင်းဖွယ်မလို။
(ဧဝံသတိ၊) ဒုက္ကဋံ၊ သို့။
အာပဇ္ဇတိ၊ ရောက်၏။
(ဣဒံ သိက္ခာပဒံ၊ ကို။)
သက္ကေသု၊ သက္ကာဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၌။
ပေ၊ ဗဟူ၊ များစွာကုန်သော။
ပတ္တေ၊ တို့ကို။
ပေ၊ အဗန္ဓနေန၊ အဖွဲ့မရှိသော သပိတ်ဖြင့်။
(ဥပလက္ခိတော၊ မှတ်သားအပ်သည်။
ဟုတွာ၊ ၍။) [ဣတ္ထမ္ဘူတ လက္ခဏဖြစ်၍ ဤသို့လည်း ပေးနိုင်သည်။]
အဗန္ဓနံ၊ အဖွဲ့မရှိသော သပိတ်ကိုသော်လည်းကောင်း။
ဧကဗန္ဓနံ၊ တစ်ဖွဲ့ရှိသော သပိတ်ကိုသော်လည်းကောင်း။
ဒုဗန္ဓနံ၊ ၂ ဖွဲ့ ရှိသော သပိတ်ကိုသော်လည်းကောင်း။
တိဗန္ဓနံ၊ ၃ ဖွဲ့ရှိသော သပိတ်ကိုသော်လည်းကောင်း။
စတုဗန္ဓနံ၊ ၄ ဖွဲ့ရှိသော သပိတ်ကိုသော်လည်းကောင်း။
အဗန္ဓနောကာသံ၊ ဖွဲ့ခြင်း၏တည်ရာ အရပ်မရှိသော သပိတ်ကိုသော်လည်းကောင်း။
ဝါ၊ ဖွဲ့လောက်သော အရပ်မရှိသော သပိတ်ကိုသော်လည်းကောင်း။
ဧက (ဗန္ဓနောကာသံ)၊ တစ်ဖွဲ့၏ တည်ရာအရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း၊ ဝါ-တစ်ဖွဲ့ ဖွဲ့လောက်သော အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း၊ (ဝါကျချုံးထားသည်၊ ဗန္ဓနောကာသကို လိုက်၍ ပေး၊) ဒွိဗန္ဓနောကာသံ-၂ ဖွဲ့၏တည်ရာ အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
ဝါ၊ ၂ ဖွဲ့ ဖွဲ့လောက်သော အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
တိ (ဗန္ဓနောကာသံ)၊ သုံးဖွဲ့၏တည်ရာ အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
ဝါ၊ သုံးဖွဲ့ ဖွဲ့လောက်သော အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
စတုဗန္ဓနောကာသံ၊ ၄ ဖွဲ့၏တည်ရာ အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
ဝါ၊ ၄ ဖွဲ့ ဖွဲ့လောက်သော အရပ်ရှိသော သပိတ်ကိုသော်လည်းကောင်း။
စေတာပေတိ၊ တောင်းအံ့။
ဧဝံ၊ ဤသို့လျှင်။
ဧကေကေန၊ တစ်လုံးတစ်လုံးသော။
ပတ္တေန၊ ဖြင့်။
ဒသဓာ၊ ၁ဝပါး အပြားအားဖြင့်။
ဒသဝိဓံ၊ ဆယ်ပါးအပြားရှိသော။ဒသဓာဒသဝိဓံ။ ။ မိမိ၏ လက်ရှိသပိတ်မှာ လုံးလုံးအဖွဲ့အတုပ် မရှိသေးပါ ဘဲလျက် (၁) အဗန္ဓနသပိတ်ကို တောင်းလျှင် နိသဂ္ဂိပါစိတ်အာပတ်သင့်၏၊ ထို့အတူ (၂) ဧကဗန္ဓနသပိတ်ကို တောင်းလျှင် နိသဂ္ဂိပါစိတ်အာပတ်သင့်၏၊ ဤနည်းအတိုင်းပင် (၃) ဒွိ ဗန္ဓနကို (၄) တိဗန္ဓနကို, (၅) စတုဗန္ဓနကို [ပဉ္စဗန္ဓနကား သပိတ်မဟုတ်တော့၍ မလို၊] (၆) အဗန္ဓနောကာသ သပိတ်ကို, (၇) ဧကဗန္ဓနောကာသ သပိတ်ကို, (၈) ဒွိဗန္ဓနောကာသ သပိတ်ကို, (၉) တိဗန္ဓနောကာသ သပိတ်ကို, (၁ဝ) စတုဗန္ဓနောကာသ သပိတ်ကို တောင်းလျှင် နိသဂ္ဂိယပါစိတ်အာပတ် သင့်၏။ [အက်ကြောင်းရှိလျှင် မဖွဲ့မတုပ်ရသေးသော သပိတ်ကို "ဗန္ဓနောကာသ"ဟု ဆိုသည်။]
ဧကဗန္ဓနမူ စသည်။ ။ဤသို့ နိသဂ္ဂိပါစိတ် ၁ဝချက်သင့်သကဲ့သို့ ဧကဗန္ဓနသပိတ်ကို မူတည်၍ ဆယ်ချက်, ဒွိ, တိ-စတုဗန္ဓန သပိတ်တို့ကို မူတည်၍ ဆယ်ချက်စီ,အဗန္ဓနောကာသ-ဧက-ဒွိ-တိ-စတုဗန္ဓနောကာသ သပိတ်တို့ကို မူတည်၍လည်း ၁ဝ ချက်စီအားဖြင့် (တစ်ဆယ်ဆယ်လီ) နိသဂ္ဂိယပါစိတ် တစ်ရာဖြစ်သည်။ [ဒသဓာဒသဝိဓံ၊ တစ်ဆယ်ဆယ်လီ အပြားရှိသော။]
ပတ္တံ၊ ကို။
စေတာပနဝသေန၊ တောင်းခြင်း၏ အစွမ်းဖြင့်၊ (ဝသေန၏ နောက်၌ ပန ရှိသည်ကား အပို။)
ဧကံ နိသဂ္ဂိယပါစိတ္တိယသကံ၊ နိသဂ္ဂိပါစိတ် အာပတ်တစ်ရာသည်။
ဟောတိ၊ ၏။
နဋ္ဌပတ္တဿ၊ ပျောက်သော သပိတ်ရှိသော ရဟန်း၏လည်းကောင်း။
ဘိန္န ပတ္တဿ၊ ကွဲပြီးသော သပိတ်ရှိသော ရဟန်း၏လည်းကောင်း၊ (အတ္တနော စသည် မှာ ရှေ့၌ ပါခဲ့ပြီ။)
ပေ၊ အဓိဋ္ဌာနုပဂပတ္တဿ၊ အဓိဋ္ဌာန်လောက်သော သပိတ်၏။
ဦနပဉ္စဗန္ဓနတာ၊ ယုတ်လျော့သော ၅ ဖွဲ့ရှိသည်၏အဖြစ်လည်းကောင်း။
အတ္တုဒ္ဒေ သိကတာ၊ မိမိဟူသော ညွှန်ပြထိုက်သူ ရှိသည်၏အဖြစ်လည်းကောင်း။
ဝါ၊ မိမိဖို့ ဖြစ်ခြင်းလည်းကောင်း။
အကတဝိညတ္တိ၊ ("အလိုရှိလျှင် တောင်းပါ" ဟု) ဖိတ်မန်မှုကို မပြုအပ်ရာအရပ်၌တောင်းခြင်းလည်းကောင်း။
အကတဝိညတ္တိ။ ။ "ဝဒထ ဘန္တေ ပစ္စယေန-အရှင်ဘုရားတို့ ပစ္စည်းဖြင့် အလိုရှိလျှင် ပြောကြပါ-ဟု" ဧဝံ အကတဋ္ဌာနေ-ဤသို့ ဖိတ်မန်မှုကို မပြုအပ်ရာဌာန၌+ဝိညတ္တိ- အကတဝိညတ္တိ။ [မဖိတ်မန်သူကို တောင်းခြင်း-ဟူလို။]
တာယ၊ ထိုတောင်းခြင်းကြောင့်။
ပေ၊ ဓောဝါပနသိက္ခာပဒေ၊ စီဝရဓောဝါပန သိက္ခာပုဒ်၌။
ပေ၊.. ဒုတိယသိက္ခာပဒံ သမတ္တံ။