စတုတ္ထေ၊ ၌။
ယာနိ ခေါ ပန အာရညကာနီတိအာဒိ၊ ကာနိအစရှိသော ပုဒ်အပေါင်းကို။
စီဝရဝိပ္ပဝါသသိက္ခာပဒေ၊ ၌။
ဝုတ္တနယေနေဝ၊ သာ။
ဝေဒိတဗ္ဗံ၊ ထိုက်၏။
ပုဗ္ဗေ အဝဋိသံဝိဒိတန္တိဧတ္ထ၊ တံဟူသော ဤပါဌ်၌။
(ဝိနိစ္ဆယော၊ ကို။
ဧဝံ၊ ဖြင့်။
ဝေဒိတဗ္ဗော၊ ထိုက်၏။)
ယံ၊ အကြင် ခဲဖွယ် ဘောဇဉ်ကို။
ဣတ္ထိယာ ဝါ၊ မိန်းမသည်သော်လည်းကောင်း။
[အရောစိတံ၌စပ်။]
ပုရိသေန ဝါ၊ လည်းကောင်း။
ဂဟဋ္ဌေန ဝါ၊ အိမ်၌ တည်သူလူဝတ်ကြောင်သည်သော်လည်းကောင်း။
ပဗ္ဗဇိတေန ဝါ၊ ရင်္သေ့ ပရိဗ္ဗိုဇ်သည်သော်လည်းကောင်း။
အာရာမံ ဝါ၊ သို့သော်လည်းကောင်း။
အာရာမူပစာရံဝါ၊ သို့သော်လည်းကောင်း။
ပဝိသိတွာ၊ ဝင်၍။
ဘန္တေ၊ အရှင်ဘုရားတို့။
ဣတ္ထန္နာမဿ၊ ရှိသော။
ကုလဿ၊ အမျိုးသည်။
ခါဒနီယံ၊ ကို။
အာဟရိယိဿတိ၊ ပို့ဆောင်အပ်ပါလတ္တံ့။
ဣတိဝါ၊ ဤသို့သော်လည်းကောင်း။
ဘောဇနီယံ၊ ကို။
အာဟရိယိဿတိ၊ လတ္တံ့။
ဣတိဝါ၊ သော်လည်းကောင်း။
အာရောစိတံ၊ လျှောက်အပ်ပြီ။
တံ၊ ထိုခဲဖွယ်ဘောဇဉ်ကို။
ပစ္ဆာ၊ နောက်၌။
ယထာအာရောစိတမေဝဝါ၊ လျှောက်အပ်သည့်အတိုင်းသာလျှင်သော်လည်းကောင်း။
အာဟရိယတု၊ ပို့ဆောင်အပ်ပစေ။
တဿ၊ ထို ခဲဖွယ်ဘောဇဉ်၏။ယံ ဣတ္ထိယာ ဝါ၊ ပေ၊ အာရောစိတံ ။ ။အာရောစိတံသည် ပဋိသံဝိဒိတံ၏ အဓိပ္ပာယတ္ထတည်း၊ ပဋိသံဝိဒိတံ၌ ပဋိ+သံပုဗ္ဗ ဝိဒဓာတ်, ကာရိတ်ကျေ, တပစ္စည်းဖြစ်၍ "သိစေအပ်" ဟု သဒ္ဒတ္ထဖြစ်၏။ [ပဋိသံဝိဒိတန္တိ ပဋိကစ္စေဝ+သုဋ္ဌု+ဇာနာပိတံတိ အတ္ထော၊ ပါစိတျာဒိယောဇနာ၊] ဤဝါကျ၌ "ပဗ္ဗဇိတေန" အရကိုလည်း သာသနာပ ရင်္သေ့ ပရိဗ္ဗိုဇ်ကို ယူ၊ သီတင်းသုံးဖော် ၅ ဦးတွင် တစ်ဦးဦးကို လွှတ်၍ သိစေလျှင် အပ္ပဋိသံဝိဒိတပင်ဟု ပါဠိတော်၌ ရှိသည်။
မှတ်ချက် ။ ။ဣတ္ထိယာ ဝါ စသည်ဖြင့် ဝိကပ္ပနတ္ထ ဝါသဒ္ဒါများကို ကြည့်၍ ဣတ္ထိယာကို မူတည်-အာရာမံ, အာရာမူပစာရံဖြင့် မြှောက်, ၂ ဝါကျ ဖြစ်၏၊ ထိုကို တစ်ဖန် ခါဒနီယံ, ဘောဇနီယံဖြင့် မြှောက်, ၄ ဝါကျစီ ဖြစ်၏၊ ပုရိသေန စသည်ကို တည်၍လည်း ၄ ဝါကျစီ ဖြစ်ရကား အားလုံး ၁၆ ဝါကျကို တစ်ဝါကျတည်း ပေါင်းထားသည်ဟု မှတ်ပါ။
တဿ ပရိဝါရံ ။ ။နဂိုက "ယာဂု အပို့ လာပါလိမ့်မည်" ဟု သိထားစေသော်လည်း "ယာဂုချည်း လှူလို့ မကောင်းပါ, ယာဂု၏ အခြံအရံလုပ်၍ မုန့်- ထမင်းတို့ကိုလည်း လှူကြဦးစို့" ဟု တိုင်ပင်၍ ယာဂုမှတစ်ပါးသော ခဲဖွယ်ဘောဇဉ်များကိုလည်း အခြံအရံဖြင့် ဆောင်ပို့ကြသည်ကို "တဿ ပရိဝါရံ" ဟုဆိုသည်။ ပရိဝါရံ၊ အခြံအရံကို။ ကတွာ၊ ၍။ တေန၊ ထိုခဲဖွယ်ဘောဇဉ်နှင့်။ သဒ္ဓိံ၊ တကွ။ ဗဟုကမ္ပိ၊ များစွာလည်းဖြစ်သော။ အညံဝါ၊ အခြားသော ခဲဖွယ်ဘောဇဉ်ကိုမူလည်း။ (အာဟရိယတု၊ ပို့ဆောင်အပ်ပါစေ။) ဣတ္ထန္နာမံ၊ သော။ ကုလံ၊ သည်။ ပဋိသံဝိဒိတံ၊ တင်ကြို၍ သိစေအပ်, လျှောက်ထားအပ်သည်ကို။ ကတွာ၊ ၍။ ခါဒနီယံ၊ ကို။ ဂဟေတွာ၊ ၍။ ဂစ္ဆတိ၊ သွားမလို့။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ဘောဇနီယံ၊ ကို။ ဂဟေတွာ၊ ၍။ ဂစ္ဆတိ၊ မလို့။ ဣတိဝါ၊ သော်လည်းကောင်း။ သုတွာ၊ ၍။ အညာနိ၊ အခြားကုန်သော။ ကုလာနိဝါ၊ တို့သည်သော်လည်း။ တေဟိ၊ ထို(တင်ကြို၍ သိစေသော) အမျိုးတို့နှင့်။ သဒ္ဓိံ၊ တကွ။ အာဟရန္တု၊ ပို့ဆောင်ကြပါစေကုန်။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော ခဲဖွယ်ဘောဇဉ်သည်။ ပဋိသံဝိဒိတံနာမ၊ တမည်၏။

ပန၊ ဗျတိရိတ်ကား။
ယံ၊ အကြင် ခဲဖွယ်ဘောဇဉ်ကို။
ဧဝံ၊ ဤသို့။
အနာရောစိတံ စ၊ လျှောက်လည်း မလျှောက်အပ်။
[ဤပါဌ်ဖြင့် ကိုယ်တိုင်လျှောက်၍ ပို့အပ်သော ခဲဖွယ်ဘောဇဉ်၏ ပြောင်းပြန်ကို ပြသည်။]
အနာဟဋဉ္စ၊ ဆောင်လည်း မဆောင်အပ်။
[ဤပါဌ်ဖြင့် "တေဟိ သဒ္ဓိံ အာဟရန္တု" ဟု ဆိုအပ်သော ခဲဖွယ် ဘောဇဉ်၏ ပြောင်းပြန်ကို ပြသည်။]
တံ၊ ထိုခဲဖွယ်ဘောဇဉ်သည်။
အပ္ပဋိသံဝိဒိတံ နာမ၊ တမည်၏။
ယော၊ အကြင်ရဟန်းသည်။
ပိဏ္ဍာယ၊ ငှာ။
ဂန္တုံ၊ ငှာ။
သက္ကောတိ၊ ၏။
သော၊ သည်။
အဂိလာနော နာမ၊ န မည်၏။
ပါဋိဒေသနိယန္တိ၊ ကား။
ဧဝရူပံ၊ ဤသို့သဘောရှိသော ခဲဖွယ်ဘောဇဉ်ကို။
အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။
အာရာမမဇ္ဈေန၊ အာရာမ်၏အလယ်ဖြင့်။
ဂစ္ဆန္တေဟိ၊ ဖြတ်သွားကုန်သော။
အဒ္ဓိကေဟိ၊ ခရီးသွားသူတို့သည်။
ဒိန္နမ္ပိ၊ ပေးလှူအပ်သော ခဲဖွယ်ဘောဇဉ်ကိုလည်း။
အာရာမေဝါ၊ ၌သော်လည်းကောင်း။
အာရာမူပစာရေဝါ၊ ၌သော်လည်းကောင်း။
ပဋိဂ္ဂဟေတွာ၊ ခံယူ၍။
အဇ္ဈောဟရန္တဿ ပဋိဂ္ဂဟဏေ ဒုက္ကဋံ။
အဇ္ဈောဟာရေ အဇ္ဈောဟာရေ ပါဋိဒေသနီယံ။
ဣတိ၊ အသာဓာရဏဝိနိစ္ဆယ အပြီးတည်း။
(ဣဒံ သိက္ခာပဒံ)။
ပေ။
အာရာမေ၊ ၌။
စောရေ၊ ဓားပြတို့ကို။
ပဋိဝသန္တေ၊ နေသည်တို့ကို။
အနာရောစနဝတ္ထုသ္မိံ၊ မပြောခြင်းဟူသောအကြောင်းကြောင့်။
ပညတ္တံ၊ ပြီ။
အဂိလာနောတိ၊ ဟူသော။
အယံ၊ ဤပညတ်သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
ဧကာ၊ သော။
အနုပညတ္တိ၊ တည်း။
တိကပါဋိဒေသနီယံ၊ တည်း။
ယာမကာလိကာဒီသု၊ တို့၌။
အာဟာရတ္ထာယ၊ အာဟာရအကျိုးငှာ။
ပဋိဂ္ဂဟဏေပိ၊ ၌လည်းကောင်း။
အဇ္ဈောဟာရေပိ၊ ၌လည်းကောင်း။
ဒုက္ကဋမေဝ၊ သည်သာ။
ပဋိသံဝိဒိတေ၊ တင်ကြို၍ သိစေအပ်သော ခဲဖွယ်ဘောဇဉ်၌။
အပ္ပဋိသံဝိဒိတသညိနော၊ အပ္ပဋိသံဝိဒိတဟု အမှတ်ရှိသည်ဖြစ်၍။
(ပဋိဂ္ဂဟေတွာ၊ ၍။
ဘုဉ္ဇန္တဿ၊ ၏လည်းကောင်း။)
ဝေမတိကဿ၊ ၍။
(ပဋိဂ္ဂဟေတွာ, ဘုဉ္ဇန္တဿ)စ၊ ၏လည်းကောင်း။
တထာ၊ ထို့အတူ ဒုက္ကဋ်အာပတ်တည်း။
ပန၊ ကား။
(ပဋိသံဝိဒိတေ၊ ၌။)
ပဋိသံဝိဒိတသညိနော၊ ပဋိသံဝိဒိတဟု အမှတ်ရှိသည်ဖြစ်၍။
(ပဋိဂ္ဂဟေတွာ, ဘုဉ္ဇန္တဿ၊ ၏လည်းကောင်း။)
ဂိလာနဿ၊ ဂိလာနဖြစ်၍။
(ပဋိဂ္ဂဟေတွာ, ဘုဉ္ဇန္တဿ၊ ၏လည်းကောင်း။)
ယော၊ အကြင်ရဟန်းသည်။
ပဋိသံဝိဒိတဂိလာနာဝသေသကံဝါ၊ တင်ကြို၍ သိစေအပ်သော ခဲဖွယ်ဘောဇဉ်၏ အကြွင်းအကျန်, ဂိလာန၏အကြွင်းအကျန်ကိုသော်လည်းကောင်း။
[ပဋိသံဝိဒိတဉ္စ+ဂိလာနော စ ပဋိသံဝိဒိတဂိလာနာ၊ တေသံ+အဝသေသကံ-ဋီကာ။]
ဗဟာရာမေ၊ အာရာမ်၏ အပြင်ဘက်၌။
ပဋိဂ္ဂဟိတံ ဝါ၊ ခံယူအပ်သောဘောဇဉ်ကိုသော်လည်းကောင်း။
တတ္ထဇာတကမေဝ၊ ထိုအာရာမ်၌ပေါက်သည်သာလျှင်ဖြစ်သော။
မူလဖလာဒိံဝါ၊ သစ်မြစ် သစ်သီး အစရှိသည်ကိုသော်လည်းကောင်း။
ယာမကာလိကာဒီသု၊ တို့တွင်။
ယံကိဉ္စိ၊ သော။
ပစ္စယေ၊ သည်။
သတိ၊ သော်။
ပရိဘုဉ္ဇ၊ လော့။
ဣတိ၊ ဤသို့ လျှောက်၍ လှူသဖြင့်။
လဒ္ဓံ ဝါ၊ ရအပ်သောဝတ္ထုကိုသော်လည်းကောင်း။
ပရိဘုဉ္ဇတိ၊ ၏။
တဿစ၊ ထိုရဟန်း၏လည်းကောင်း။
[ပရိဘုဉ္ဇန္တဿဟု စာရှိသော်လည်း ယော၏ စပ်ပုဒ်မရှိသောကြောင့် "ပရိဘုဉ္ဇတိ၊ တဿ" ဟု ပါဌ်မှန် ရှိစေ။]
ဥမ္မတ္တကာဒီနဉ္စ, အနာပတ္တိ။
ယထာဝုတ္တအာရညကသေနာသနတာ၊ အကြင်အကြင် ဟောတော်မူအပ်သောသာသင်္ကသမ္မတ သပ္ပဋိဘယတောကျောင်း၏အဖြစ်လည်းကောင်း။
[သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိဟု ဟောတော်မူအပ်သည်ကို "ယထာဝုတ္တ" ဟုဆိုသည်။]
ယာဝကာလိကဿ၊ ၏။
အတတ္ထဇာတကတာ၊ ထိုတောကျောင်း၌ မဖြစ်သည်၏အဖြစ်လည်းကောင်း။
အဂိလာနကတာ၊ ဂိလာနမဟုတ်သူ၏အဖြစ်လည်းကောင်း။
အဂိလာနာဝသေသကတာ၊ ဂိလာန၏ အကြွင်းအကျန် မဟုတ်သည်၏အဖြစ်လည်းကောင်း။
အပ္ပဋိသံဝိဒိတတာ၊ တင်ကြို၍ မသိစေအပ်သော ခဲဖွယ် ဘောဇဉ်၏အဖြစ်လည်းကောင်း။
အဇ္ဈာရာမေ၊ အာရာမ်တွင်း၌။
ပဋိဂ္ဂဟဏံ၊ ခံယူခြင်းလည်းကောင်း။
အဇ္ဈောဟရဏံ၊ စားမျိုခြင်းလည်းကောင်း။
ဣတိ၊ သို့။
ဣမာနိ သတ္တ၊ ဤ ၇ပါးတို့သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
အင်္ဂါနိ၊ တို့တည်း။
သမုဋ္ဌာနာဒီနိ၊ တို့သည်။
ကထိနသဒိသာနေဝ၊ ကထိနသိက္ခာပုဒ်၏ သမုဋ္ဌာန် အစရှိသည်တို့နှင့် တူကုန်သည်သာ။
ပန၊ အထူးကား။
ဣဒံ၊ ဤသိက္ခာပုဒ်သည်။
ကိရိယာကိရိယံ၊ တည်း။
ဣတိ၊ အပြီးတည်း။
ကိရိယာကိရိယံ ။ ။ခံယူ၍ စားမျိုခြင်းလည်း ကိရိယ၊ တင်ကြို၍ မသိစေဘဲ ဆောင်ယူအပ်သော ခဲဖွယ် ဘောဇဉ် ဖြစ်လျှင် အာရာမ်၏ ပြင်ဘက်သို့ ပြန်၍ ပို့ပြီးမှ ပဋိသံဝိဒိတပြုစေရ၏၊ ထိုသို့ မပြုစေမှုကို အကိရိယ, (တစ်နည်း) ကျောင်းတွင်း၌ ဓားပြ ရှိလျှင် ရှိကြောင်းကို မပြောခြင်းသည် အကိရိယဟု ဆိုလိုဟန်တူသည် အဖွင့်၌ အထူး မဖွင့်ကြပါ။
**ပါဋိဒေသနီယဝဏ္ဏနာ၊ သည်။**
**နိဋ္ဌိတာ၊ ပြီ။**