Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇī-aṭṭhakathā
Kaṅkhāvitaraṇī-aṭṭhakathā

5. Aññacetāpanasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပဉ္စမေ၊ ၌။ အညံ စေတာပေတွာတိ၊ ကား။ အတ္တနော၊ ၏။ ကပ္ပိယဘဏ္ဍေန၊ အပ်စပ်သော ဘဏ္ဍာဖြင့်။ ဣမံ နာမ၊ ဤအမည်ရှိသောဝတ္ထုကို။ အာဟရ၊ ဆောင်ယူခဲ့ပါလော့။ ဣတိ၊ ဤသို့ပြော၍။ အညံ၊ အခြားသောဝတ္ထုကို။ ပရိဝတ္တာပေတွာ၊ လဲလှယ်စေပြီး၍။
အညံ စေတာပေယျာတိ၊ ကား။ ဧဝံ၊ ဤသို့ အခြားဝတ္ထုကို။ ဒတွာ၊ ပေးပြီး၍။ အညမ္ပိ၊ အခြား ဝတ္ထုကိုလည်း။ အာဟရိဿတိ၊ ‌ဆောင်ယူလတ္တံ့။ ဣတိ၊ သို့။အညေနပိ အတ္ထေ ။ ။ထောပတ်ကို ပဌမတောင်း၍ ရသောအခါ ဆေးဆရာက ထောပတ်နှင့် ဆီကို နှစ်မျိုးစလုံးစပ်၍ ချက်မည်ဟု ပြောသောကြောင့် ထောပတ်မှတစ်ပါးသော ဆီကိုလည်း အလိုရှိ ပြန်၍ ထပ်တောင်းသူ။
အာနိသံသံ ဒဿေတွာ ။ ။ထောပတ် တစ်ကျပ်ဖိုး ဝယ်၍ ပို့လာသောအခါ, ဆီဆိုလျှင် တစ်ကျပ်ဖိုးမှာ ဤထောပတ်၏ နှစ်ဆ ရနိုင်၏၊ ဤဆေးကိစ္စမှာ ဆီဖြင့်လည်း ပြီးစီး၏ဟု အကျိုးကို ပြောပြ၍ မူလတောင်းအပ်သော ထောပတ်မှ တစ်ပါးသော ဆီသက်သက်ကို တောင်းသူ။
မညမာနာ၊ မှတ်ထင်သည်။ (ဟုတွာ)။ မေ၊ အား။ ဣမိနာ၊ ဤဝတ္ထုဖြင့်။ န ‌အတ္ထော၊ အလိုမရှိ။ မေ၊ ငါ့ဖို့။ ဣမံ နာမ၊ ဤအမည်ရှိသော ဝတ္ထုကို။ အာဟရ၊ ဆောင်ခဲ့ပါလော့။ ဣတိ၊ ဤသို့ပြော၍။ တတော၊ ထိုမူလ လဲလှယ်စေအပ်ပြီးသော ဝတ္ထုမှ။ အညံ၊ အခြားသော ဝတ္ထုကို။ စေတာပေယျ၊ လဲလှယ်စေအံ့။
တဿာ၊ ထိုရဟန်းမ၏။ စေတာပနပ္ပယောဂေ၊ လဲလှယ်စေခြင်း ပယောဂကြောင့်။ ဒုက္ကဋံ (ဟောတိ)။ ပဋိလာဘေ၊ ရခြင်းကြောင့်။ တေန ဝါ၊ ထိုကပ္ပိယဘဏ္ဍာဖြင့်သော်လည်းကောင်း။ အညေန၊ အခြားသော။ မူလေန ဝါ၊ အဖိုးဖြင့်သော်လည်းကောင်း။ အာဟဋံ၊ ဆောင်ယူအပ်သော ဝတ္ထုသည်။ နိသဂ္ဂိယံ၊ သည်။ ဟောတိ၊ ၏။ သေသံ၊ ကြွင်းသောအစီအရင်သည်။ စတုတ္ထသဒိသမေဝ၊ စတုတ္ထသိက္ခာပုဒ်၏အစီအရင်နှင့်တူသည်သာ။ ဣတိ၊ တည်း။