နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မနုဿဿေဝတေသီသံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိင်္ဂါလသကုဏဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်မဟာကဿပမထေရ်၏ကုဋီကိုမီးတိုက်သောရဟန်းငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
လွန်လေပြီးသောအခါ၊ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည် သိင်္ဂါလငှက်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော်၊ နှစ်သက်ဖွယ်ရှိသော မိုဃ်းမယိုသောအသိုက်ကိုပြု၍ဟိမဝန္တာ၌နေ၏။ ထိုအခါတစ်ခုသောမျောက်သည်မိုဃ်းကာလ၌အရည်မပြတ် မိုဃ်းရွာလတ်သော် အချမ်းနှိပ်စက်၍ သွားချင်ချင် ကိုက်လျက်ဘုရားလောင်း၏အနီး၌နေ၏။ ဘုရားလောင်းသည် ပင်ပန်းသောထိုမျောက်ကိုမြင်၍ထိုမျောက်နှင့်တကွစကားပြောလိုရကား။ ။
(၅၈၈)မနုဿဿေ-ဝ တေ သီသံ၊ဟတ္ထ-ပါဒါ စ ဝါနရ။
အထ ကေန နု ဝဏ္ဏေန၊အဂါရ-န္တေ န ဝိဇ္ဇတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မျောက်သည်။ ။
(၅၈၉)မနုဿဿေ-ဝ မေ သီသံ၊ဟတ္ထ-ပါဒါ စ သိင်္ဂါလ။
ယာဟု သေဋ္ဌာ မနုဿေသု၊သာ မေ ပညာ န ဝိဇ္ဇတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၉၀)အနဝဋ္ဌိတ-စိတ္တဿ၊လဟု-စိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အ-ဓုဝ-သီလိဿ၊သုခ-ဘာဝေါ န ဝိဇ္ဇတိ။ ။
(၅၉၁)သော ကရဿု အာနုဘာဝံ၊ဝီတိဝတ္တဿု သီလိယံ။
သီတ-ဝါတ-ပရိတ္တာဏံ၊ကရဿု ကုဋဝံ ကပိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၉၀-၅၉၁)အနဝဋ္ဌိတ-စိတ္တဿ၊ မတည်ကြည်သော စိတ်ရှိထသော။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိထသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းပြစ်မှားတတ်ထသော။ နိစ္စံ၊ အမြဲ။ အဓုဝသီလိဿ၊ မမြဲသောသီလရှိသောသူအား။ သုခဘာဝေါ၊ ချမ်းသာသည့်အဖြစ်သည်။ နဝိဇ္ဇတိ၊ မရှိ။ ။
ကပိ၊ မျောက်။ သောတွံ၊ ထိုသင်သည်။ ပညာယ၊ ပညာ၏။ ဥပ္ပါဒနတ္ထံ၊ ဖြစ်ခြင်းအကျိုးငှာ။ အာနုဘာဝံ၊ အာနုဘော်ဟုဆိုအပ်သော ဗလဥပါယကို။ ကရဿု၊ ပြုလော့။ သီလိယံ၊ ဒုဿီလ၏အဖြစ်ဟုဆိုအပ်သောမျောက်တို့အလေ့အကျက်ကို။ ဝီတိဝတ္တဿု၊ လွန်စေလော့။ သီတဝါတပရိတ္တာနံ၊ အချမ်းလေကိုကွယ်ကာခြင်းငှါစွမ်းနိုင်သော။ ကုဋဝံ၊ အသိုက်ကို။ ဝါ၊ နေရာအိမ်ကို။ ကရဿု၊ ပြုလော့။ ။
မျောက်သည်ဤငှက်ကားမိမိမိုဃ်းမစွတ်ရာ၌နေရသည်၏အဖြစ်ဖြင့်ငါ့ကိုဆဲရေး၏။ ထိုငှက်ကိုဤအသိုက်၌ငါမနေစေအံ့ဟုကြံ၏။ ကြံပြီး၍ဘုရားလောင်းကိုဖမ်းလိုရကားပြေးလာ၏။ ဘုရားလောင်းသည်ပျံ၍တစ်ပါးသို့သွား၏။ မျောက်သည်အသိုက်ကိုဖျက်၍ မုန့်မုန့်ကြေစေ၍သွား၏။ ။
သိင်္ဂါလသကုဏဇာတကံ ပဌမံ။၃၂၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဒ္ဒုဘာယတိ ဘဒ္ဒန္တေ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒုဒ္ဒုဘာယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်မှ အပဖြစ်သောတိတ္ထိတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ခြင်္သေ့သည် စင်စစ်သဖြင့်ထန်းရွက်၏အထက်၌ ဥသျှစ်သီးမှည့်ကျ၍၊ဒုန်းဒုန်းဟူသော အသံကိုပြု၏။ ထိုယုန်ငယ်သည်ထိုအသံကိုကြား၍ မြေပြိုသည်ဟူသော အမှတ်ကိုဖြစ်စေ၍ ပြေးသည်ဖြစ်လတ္တံ့။ အဟုတ် အမှန်အားဖြင့် ထိုအကြောင်းကိုသိအောင်ပြုအံ့ဟုကြံ၏။ ကြံပြီး၍ခြင်္သေ့သည်ထိုယုန်ငယ်ကိုယူ၍နှစ်သိမ့်စေ၍၊ ဤယုန်ငယ်မြင်ရာအရပ်၌ မြေပြိုသည်၏အဖြစ်ကိုအဟုတ်အမှန်အားဖြင့် ငါသိအောင်ပြု၍လာသည်တိုင်အောင်သင်တို့သည် ဤ၌နေကြကုန်ဦးဟုဆို၍ယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ခြင်္သေ့၏အဟုန်ဖြင့်ပြေး၍ထန်းတော၌ယုန်ငယ်ကိုချ၍၊အချင်း၊ လာလော့၊သင်မြင်သောအရပ်ကိုပြလော့ဟုဆို၏။ သခင်၊ကျွန်ုပ်မပြဝံ့ဟုဆို၏။ အချင်း၊ မကြောက်လင့်ဟုဆိုလတ်သော်၊ ထိုယုန်ငယ်သည်ဥသျှစ်ပင်သို့ချဉ်းကပ်အံ့သောငှာမဝံ့ရကားအဝေး၌ရပ်၍၊ အရှင်၊ ဤအရပ်သည်ကားဒုန်းဒုန်းမြည်ရာအရပ်တည်းဟုဆို၍။ ။
(၅၉၂)ဒုဒ္ဒုဘာယတိဘဒ္ဒ-န္တေ၊ယသ္မိံ ဒေသေ ဝသာမ-ဟံ။
အဟံ ပေ-တံ န ဇာနာမိ၊ကိ-မေတံ ဒုဒ္ဒုဘာယတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
(၅၉၂)သာမိ၊ အရှင်။ တေ၊ အရှင်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ယသ္မိံဒေသေ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုဒ္ဒုဘာယတိ ဒုဒ္ဒုသဒ္ဒံကရောတိ၊ ဒုန်းဒုန်းအသံပြု၏။ ယံ၊ အကြင်ဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြု၏။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုသည်။ ကိံဝါ၊ အဘယ်ဝတ္ထုဖြစ်လိမ့်နည်း။ ကေနဝါကာရဏေန၊ အဘယ်အကြောင်းကြောင့်မူလည်း။ ဧတံ၊ ဤဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြုလေသနည်း။ ဣတိ၊ ဤသို့။ အဟံပိ၊ ငါသည်လည်း။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုကို။ ဝါ၊ ဒုန်းဒုန်းအသံပြုခြင်း၏အကြောင်းကို။ နဇာနာမိ၊ မသိ။ ။
ဤသို့ဆိုလတ်သော်၊ ခြင်္သေ့သည်ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောက်၌ယုန်ငယ် အိပ်ရာအရပ် ကို၎င်း၊ ထန်းရွက်ထက်ကျသောဥသျှစ်သီးမှည့်ကို၎င်း မြင်၍၊မြေမပြိုသည်၏အဖြစ်ကိုအမှန်အားဖြင့်သိ၍၊ ယုန်ငယ်ကိုကျောက်ကုန်း၌တင်၍ ခြင်္သေ့၏အဟုန်ဖြင့် လျင်မြန်စွာ သားအပေါင်းတို့၏အထံသို့သွား၍ အလုံးစုံသောအကြောင်းကိုကြား၍၊ သင်တို့သည် မကြောက်ကြကုန်လင့်ဟု သားအပေါင်းကိုနှစ်သိမ့်စေ၍လွှတ်လိုက်၏။ ထိုအခါဘုရားလောင်းမရှိငြားအံ့၊ ခပ်သိမ်းသောသားတို့သည်သမုဒ္ဒရာသို့ဝင်၍ ပျက်စီးကုန်ရာ၏။ ဘုရားလောင်းကိုမှီ၍၊ ခပ်သိမ်းသောသားတို့သည် အသက်ကိုရကုန်၏။
သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်ပြီး၍။ ။
(၅၉၃)ဗေလုဝံ ပတိတံ သုတွာ၊ဒုဒ္ဒုဘန္တိ သသော ဇဝိ။
သသဿ ဝစနံ သုတွာ၊သန္တတ္တာ မိဂ-ဝါဟိနီ။ ။
(၅၉၄)အ-ပ္ပတွာ ပဒ-ဝိညာဏံ၊ပရ-ဃောသာ-နုသာရိနော။
ပမာဒ-ပရမာ ဗာလာ၊တေ ဟောန္တိ ပရ-ပတ္တိယာ။ ။
(၅၉၅)ယေ စ သီလေန သမ္ပန္နာ၊ပညာယူ-ပသမေ ရတာ။
အာရကာ ဝိရတာ ဓီရာ၊န ဟောန္တိ ပရ-ပတ္တိယာ။ ။
ဟူသောဤသုံးခုကုန်သောအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၉၃-၅၉၅)သသော၊ ယုန်သူငယ်သည်။ ဒုဒ္ဒုဘန္တိ၊ ဒုန်းဒုန်းဟူသောအသံကို။ ကုရုမာနံ၊ ပြုလျက်။ ပတိတံ၊ ကြွေသော။ ဗေလုဝံ၊ ဥသျှစ်သီးမှည့်အသံကို။ သုတွာ၊ ကြား၍။ ဇဝိ၊ မဟာပထဝီပြိုခဲ့ပြီဟု၊ ဖန္တီဖန်တွတ်ရေးရွတ်မြည်လျက် အသက်လွတ်ပစေဟု၊ မနေမနားလွှားခုန်၍ပြေး၏။ သသဿ၊ ယုန်သူငယ်၏။ ဝစနံ၊ မဟာပထဝီပြိုခဲ့ပြီဟူသောစကားကို။ သုတွာ၊ ကြား၍။ မိဂဝါဟိနီ၊ သားအပေါင်းသည်။ သန္တတ္တာဥတြသ္တာ၊ ထိတ်လန့်သော နှလုံးရှိသည်ဖြစ်၍။ ဇဝိ၊ လျင်သောအဟုန်ဖြင့်ပြေး၏။ ။
ယေဗာလာ၊ အကြင်အန္ဓ ပုထုဇဉ်တို့သည်။ ပဒ-ဝိညာဏံ ဝိညာဏပဒံ သောတာပတ္တိဝိညာဏကောဋ္ဌာသံ၊ သောတာပတ္တိဝိညာဉ်အစုသို့။ အပတွာ၊ မရောက်မူ၍။ ဝါ၊ မရောက်သောကြောင့်။ ပရဃောသာနုသာရိနော၊ သူတစ်ပါးတို့၏စကားကိုအစဉ်မှီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဗာလာ၊ ထိုအန္ဓပုထုဇဉ်တို့သည်။ ပမာဒပရမာ၊ ထိုသူတစ်ပါးတို့၏အသံဟုဆိုအပ်သောမေ့လျော့ကြောင်းကို အမြတ်ဟူ၍မှတ်ထင်ကုန်သည်ဖြစ်၍။ ပရပတ္တိယာ၊ သူတစ်ပါးစကားကိုယုံကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဒ္ဒဟိတွာ၊ သူတစ်ပါးကိုယုံကြည်ခြင်းကြောင့်။ ယံဝါတံဝါ၊ ဟုတ်ဟုတ်ငြားငြားအကျိုးမရှိသောအမှုကို။ ကရောန္တိ၊ ပြုကုန်၏။
ယေဓီရာ၊ အကြင်ပညာရှိတို့သည်။ သီလေနစ၊ အရိယမဂ်ဖြင့်လာသောသီလနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ပညာယစ၊ အရိယာမဂ်ဖြင့်လာသော ပညာနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ဥပသမေ၊ ကိလေသာ၏ငြိမ်းရာဖြစ်သောနိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကုန်၏။ အာရကာ၊ မကောင်းမှုကိုပြုခြင်းမှဝေးကုန်သည်ဖြစ်၍။ ဝိရတာ၊ မကောင်းမှု အကုသိုလ်ဟူသော အညစ်တရားမှ အထူးသဖြင့်ကြဉ်ရှောင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဧဝရူပါ၊ ထိုဆိုအပ်ပြီးသော သဘောရှိကုန်သော သောတာပန်ပုဂ္ဂိုလ်တို့သည်။ ပရ-ပတ္တိယာ၊ သူတစ်ပါး စကားဖြင့် ယုံကြည်ရကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
ဒုဒ္ဒုဘဇာတကံဒုတိယံ။၃၂၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒွယံယာစနကောရာဇ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗြဟ္မဒတ္တဇာတ်ကို၊ အာဠဝီပြည်ကိုမှီ၍အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ်၊ ကုဋိကာရ သိက္ခာပုဒ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဗြဟ္မဒတ်မင်းသည်ဥယျာဉ်သို့သွား၍ ဘုရားလောင်းကိုရှိခိုး၍ နေလတ်သော်၊ ဘုရားလောင်းသည်ဆိတ်ကွယ်ရာအရပ်ကိုအလိုရှိ၏ဟုဆိုလတ်သော်၊ ပရိသတ်ကိုဖဲစေ၍ တစ်စုံတစ်ခုကိုဆိုခြင်းငှာမစွမ်းနိုင်သော ဘုရားလောင်းကို၊အသျှင်ဘုရား၊အသျှင်ဘုရားတို့သည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံးဆိတ်ကွယ်ရာ အရပ်ကိုအလိုရှိ၏ဟုဆို၍ ဆိတ်ကွယ်ရာအရပ်ကိုရသော်လည်း တစ်စုံတစ်ခုကိုဆိုခြင်းငှာမစွမ်းနိုင်ကုန်။ အကျွန်ုပ်သည် အသျှင်ဘုရားအား မင်းအဖြစ်ကိုအစပြု၍ အလုံးစုံကိုဖိတ်၏။ ကြောက်ခြင်း မရှိသည်ဖြစ်၍ အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုဝတ္ထုကိုတောင်းကုန်လော့ဟုဆို၏။ မြတ်သောမင်းကြီး၊ အကြင်ဝတ္ထုကိုငါတောင်းအံ့၊ ထိုဝတ္ထုကိုပေးအံ့လောဟုဆို၏။ အသျှင်ဘုရား၊ ပေးအံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ ခရီးသွားသောငါ့အား တလွှာဖိနပ်, သစ်ရွက်ထီးကို ရခြင်းငှာ သင့်၏ဟုဆို၏။ အသျှင်ဘုရား၊ အသျှင်ဘုရားတို့သည် ဤမျှသောဝတ္ထုတို့ကို တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းခြင်းငှာ မစွမ်းနိုင်ကုန် သလောဟုဆို၏။ မြတ်သောမင်းကြီး၊ မစွမ်းနိုင်သည် ဟုတ်၏ဟုဆို၏။ အသျှင်ဘုရား၊အဘယ်အကြောင်းကြောင့်ဤသို့ပြုကုန်သနည်းဟုဆို၏။ မြတ်သောမင်းကြီး၊ဤမည်သောဝတ္ထုကိုပေးပါလော့ဟုတောင်းသော သူသည်ငိုသည်မည်၏။ မရှိဟူ၍ဆိုသောသူသည်အတုငိုသောသူမည်၏။ တောင်းအပ်သောသင်သည် အကယ်၍မပေးငြားအံ့၊ ထိုငါ၏ငိုခြင်း၊ သင်မင်းကြီး၏အတုငိုခြင်းမည်သည်ကိုလူများသည် မမြင်စေသတည်း ဟုဆိတ်ကွယ်ရာကိုတောင့်တ၏ဟုပြလိုရကား။ ။
(၅၉၆)ဒွယံ ယာစနကော ရာဇ၊ဗြဟ္မဒတ္တ နိဂစ္ဆတိ။
အ-လာဘံ ဓန-လာဘံ ဝါ၊ဧဝံ-ဓမ္မာ ဟိ ယာစနာ။ ။
(၅၉၇)ယာစနံ ရောဒနံ အာဟု၊ပဉ္စာလာနံ ရထေသဘ။
ယော ယာစနံ ပစ္စက္ခာတိ၊တ-မာဟု ပဋိရောဒနံ။ ။
(၅၉၈)မာ မဒ္ဒသံသု ရောဒန္တံ၊ပဉ္စာလာ သုသမာဂတာ။
တုဝံ ဝါ ပဋိရောဒန္တံ၊တသ္မာ ဣစ္ဆာမ-ဟံ ရဟော။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၉၆-၅၉၈)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်အမည်ရှိသော။ ရာဇ၊ မင်းမြတ်။ ယာစနကော၊ တောင်းသောသူသည်။ အလာဘံဝါ၊ တောင်းပါသောဥစ္စာကိုမရခြင်းကို၎င်း။ ဓနလာဘံဝါ၊ တောင်းသောဥစ္စာကိုရခြင်းကို၎င်း။ ဣတိ၊ ဤသို့။ ဒွယံ၊ နှစ်ပါးသောသဘောကို။ နိဂစ္ဆတိလဘဟိ၊ ရ၏။ ဟိသစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းတို့သည်။ ဧဝံဓမ္မာဧဝံသဘာဝါ၊ ဤသို့ရခြင်းမရခြင်းသဘောရှိကုန်၏။ ။
ပဉ္စာလာနံ၊ ပဉ္စာလတိုင်းသူတို့၏။ ရထေသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသောမင်းမြတ်။ ယာစနံ၊ တောင်းခြင်းကို။ ရောဒနံ၊ ငိုခြင်းဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်သူသည်။ ယာစနံ၊ တောင်းခြင်းကို။ ပစ္စက္ခာတိ၊ ပယ်၏။ တံ၊ ထိုပယ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပဋိရောဒနံ၊ အတုငိုခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ။
ရောဒနံ၊ ငိုသောငါ့ကို၎င်း။ ပဋိရောဒန္တံ၊ အတုငိုသော။ တုဝံဝါ၊ သင့်ကို၎င်း။ သုသမာဂတာ၊ အညီအညွတ်ကောင်းစွာလာကုန်သော။ ပဉ္စာလာ၊ ပဉ္စာလတိုင်းသူတို့သည်။ မာအဒ္ဒသံသု၊ မမြင်စေကုန်သတည်းဟု။ မနသိကရောမိ၊ နှလုံး၌ထား၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ ။
မင်းသည်ဘုရားလောင်း၏ရိုသေခြင်းလက္ခဏာ၌ ကြည်ညို၍ဆုပေးလိုရကား။ ။
(၅၉၉)ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။
အရိယော ဟိ အရိယဿ ကထံ န ဒဇ္ဇာ၊သုတွာန ဂါထာ တဝ ဓမ္မ-ယုတ္တာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၉၉)ဗြာဟ္မဏ၊ ယုတ်မာညစ်ကျုမကောင်းမှုကို အပပြုပြီးသောသျှင်ရသေ့။ တေ၊ သျှင်ရသေ့အား။ ပုင်္ဂဝေန၊ နွားလားနှင့်။ သဟ၊ တကွ။ ရောဟိနီနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နို့ညှစ်နွားမတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ငါပေး၏။ ဟိသစ္စံ၊ မှန်၏။ တဝ၊ သင်၏။ ဓမ္မ-ယုတ္တာ၊ အကြောင်းနှင့်ယှဉ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ အရိယော၊ မြတ်သောအကျင့်နှင့်ပြည့်စုံသောသူသည်။ အရိယဿ၊ မြတ်သောအကျင့်နှင့်ပြည့်စုံသောသင်အား။ ကထံနဒဇ္ဇာ၊ အဘယ့်ကြောင့် မလှူအံ့နည်း။ ။
ဗြဟ္မဒတ္တဇာတကံ တတိယံ။၃၂၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကလျာဏရူပေါဝတာယံ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစမ္မသာဋကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ စမ္မသာဋကမည်သော ပရိဗိုဇ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်ယောက်သောစမ္မသာဋကပရိဗိုဇ်သည် ဗာရာဏသီပြည်၌ ဆွမ်းခံလတ်သော်နောက်သို့ဆုတ်သောသိုးကိုမြင်၍ ဤသိုးသည်ငါ့ကိုပူဇော်၏ဟုနောက်သို့မဖဲမူ၍ ဤမျှအတိုင်းအရှည်ရှိကုန်သောလူတို့၏အတွင်း၌ တစ်ယောက်သောလူသည်မျှ ကျေးဇူးကိုမသိဟုထိုသိုးအားလက်အုပ်ချီ၍ရပ်လျက်။ ။
(၆ဝဝ)ကလျာဏ-ရူပေါ ဝတာ-ယံ စတုပ္ပဒေါ၊သုဘဒ္ဒကော စေဝ သုပေသလော စ။
ယော ဗြာဟ္မဏံ ဇာတိမန္တူ-ပပန္နံ၊အပစာယတိ မေဏ္ဍ-ဝရော ယသဿီ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအရပ်၌နေသောပညာရှိသောကုန်သည်သည် ထိုပရိဗိုဇ်ကိုမြစ်လိုရကား။ ။
(၆၀၁)မာ ဗြာဟ္မဏ ဣတ္တရ-ဒဿနေန၊ဝိဿာသ-မာပဇ္ဇိ စတုပ္ပဒဿ။
ဒဠှ-ပ္ပဟာရံ အဘိကင်္ခမာနော၊အဝသက္ကတီ ဒဿတိ သုပ္ပဟာရံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၆၀၁)ဗြာဟ္မဏ၊ ပုဏ္ဏား ပရိဗိုဇ်။ ဣတ္တရဒဿနေန၊ ထိုခဏ၌ခြင်ကာမျှဖြင့်။ စတုပ္ပဒဿ၊ အခြေလေးချောင်းရှိသောသိုးအား။ ဝိဿာသံ၊ အကျွမ်းဝင်ခြင်းကို။ မာအာပဇ္ဇိ၊ မရောက်လင့်။ ဒဠှံ၊ ပြင်းစွာ။ ပဟာရံ၊ ဝှေ့တိုက်ခြင်းကို။ အဘိကင်္ခမာနော၊ အလိုရှိသည်ဖြစ်၍။ အပသက္ကတိ၊ နောက်သို့ဆုတ်၏။ သုပ္ပဟာရံ၊ ပြင်းစွာတိုက်ခြင်းကို။ ဒဿတိ၊ ပေးလတ္တံ့။ ။
ထိုပညာရှိကုန်သည်ဆိုစဉ်လျှင်ထိုသိုးသည်လျင်မြန်စွာသောအဟုန်ဖြင့်ပြေးလာ၍ပေါင်၌တိုက်၍၊ ထိုပရိဗိုဇ်ကိုထိုအရပ်၌လျှင်ဝေဒနာသို့ရောက်သည်ကိုပြု၍လည်းစေ၏။ ပရိဗိုဇ်သည် ဝေဒနာသို့ရောက် လတ်သော်ငိုလျက်အိပ်၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်ထိုအကြောင်းကိုပြလိုရကား။ ။
(၆ဝ၂)ဦရုဋ္ဌိ ဘဂ္ဂါ ပဝဋ္ဋိတောခါရိ-ဘာရော၊သဗ္ဗံ ဘဏ္ဍံ ဗြာဟ္မဏဿ ဘိန္နံ။
ဗာဟာ ပဂ္ဂယှ ကန္ဒတိ၊အဘိဓာဝထ ဟညတေ ဗြဟ္မစာရီ။ ။
ဟူသောဤတတိယဂါထာကိုဟောတော်မူ၏။ ။
ပရိဗိုဇ်သည်။ ။
(၆ဝ၃)ဧဝံ သော နိဟတော သေတိ၊ယော အ-ပူဇံ ပသံသတိ။
ယထာ-ဟ-မဇ္ဇ ပဟတော၊ဟတော မေဏ္ဍေန ဒုမ္မတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆ဝ၃)အဇ္ဇ၊ ယနေ့။ ဒုမ္မတိ၊ ပညာနည်းသော။ အဟံ၊ ငါ့ကို။ မေဏ္ဍေန၊ သိုးသည်။ ပဟတော၊ တိုက်ဝှေ့အပ်သည်ဖြစ်၍။ ဟတောယထာ၊ သတ်အပ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အပူဇံ၊ မပူဇော်ထိုက်သောသူကို။ ပသံသတိ၊ ချီးမွမ်း၏။ သော၊ ထိုသူသည်။ နိဟတော၊ သတ်အပ်သည်ဖြစ်၍။ သေတိ၊ အိပ်၏။ ။
ထိုပရိဗိုဇ်သည်ဤသို့ငိုလျက်ထိုအရပ်၌ပင်သေ၏။ ။
စမ္မသာဋကဇာတကံ စတုတ္ထံ။၃၂၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သမဏံတံမညမာနော, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဓရာဇဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ငါ့ကိုကားချော်လေ၏။ လေးပါးကုန်သောအပါယ်တို့ကိုကားမချော်ဟုဆိုလျက်ပြေး၍၊ စင်္ကြံဦး၌ရှိသောတောင်ပို့သို့ဝင်၍တစ်ပါးသောအပေါက်မှ ဦးခေါင်းကိုဖော်၍ ထိုရသေ့စဉ်းလဲနှင့်တကွစကားပြောလိုရကား။ ။
(၆ဝ၄)သမဏံ-န္တံ မညမာနော၊ဥပဂစ္ဆိ-မသညတံ။
သော မံ ဒဏ္ဍေန ပါဟာသိ၊ယထာ အဿမဏော တထာ။ ။
(၆၀၅)ကိံ-န္တေ ဇဋာဟိ ဒုမ္မေဓ၊ကိံ-န္တေ အဇိန-သာဋိယာ။
အဗ္ဘန္တရ-န္တေ ဂဟနံ၊ဗာဟိရံ ပရိမဇ္ဇသိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၀၄-၆၀၅)အဟံ၊ ငါသည်။ အ-သညတံ၊ ကိုယ်နှုတ်နှလုံးကိုမစောင့်ရှောက်သော။ တံ၊ သင့်ကို။ သမဏံမညမာနော၊ ရဟန်းထင်၍။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိ၏။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ အဿမဏော၊ ရဟန်းမဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုရဟန်းအမှုမဟုတ်သောအခြင်းအရာဖြင့်။ သောတွံ၊ ထိုသင်သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ ဆောက်ပုတ်ဖြင့်။ ပဟာသိ၊ ပစ်၏။ ။
ဒုမ္မေဓ၊ ကမ္မဿကတာပညာနည်းသောရသေ့စဉ်းလဲ။ တေ၊ သင်အား။ ဇဋာဟိ၊ ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ် အကျိုးရှိအံ့နည်း။ အဇိန-သာဋိယာ၊ ပခုံးတစ်ဖက် စမ္ပါယ်တင်အပ်သောသစ်နက်ရေဖြင့်။ တေ၊ သင်အား။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်တွင်းသည်။ ဂဟနံ၊ အဆိပ်ဖြင့် ပြည့်သောဗူးအုံကဲ့သို့၎င်း၊ မြွေဟောက်ဖြင့် ပြည့်သောတောင်ပို့ကဲ့သို့၎င်း၊ ကိလေသာထူထပ်၏။ ဗာဟိရံ၊ အပသည်။ ပရိမဇ္ဇသိ၊ ဆင် ချေးတုံးမြင်းချေးတုံးကဲ့သို့ပြေပြစ်၏။ ။
ထိုစကားကိုကြား၍ရသေ့သည်။ ။
(၆၀၆)ဧဟိ ဂေါဓ နိဝတ္တဿု၊ဘုဉ္ဇ သာလီန-မောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ပဟူတံ မယှ ပိပ္ဖလိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၀၇)ဧသ ဘိယျော ပဝေက္ခာမိ၊ဝမ္မိကံ သတ-ပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊အ-ဟိတံ မယှ ပိပ္ဖလိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆ဝ၇)ဒုဋ္ဌတာပသ၊ ရသေ့ပျက်။ တေလံ၊ ဆီကို၎င်း။ လောဏဉ္စ၊ ဆားကို၎င်း။ တွံ၊ သင်သည်။ ကိတ္တေသိ၊ ကြား၏။ တံဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ဧသဧသောအဟံ၊ ဤငါသည်။ ဘိယျော၊ လွန်စွာ။ သတပေါရိသံ၊ အသူတရာနက်သော။ ဝမ္မိကံ၊ တောင်ပို့ခေါင်းသို့။ ပဝေက္ခာမိ ပဝိသိဿာမိ၊ ဝင်အံ့။ ပိပ္ဖလိ၊ ပိတ်ချင်းအစရှိသောစပ်သောဘဏ္ဍာသည်။ မယှံ၊ ငါအား။ အဟိတံအသပ္ပါယံ၊ မလျောက်ပတ်။ ။
(ဥပလက္ခဏနည်းအားဖြင့်ပိပ္ဖလိဆိုသည်။ ထိုကြောင့် ဟိင်္ဂုဇိရကသိင်္ဂီဝေရလသုဏ မရိစပိပ္ဖလိပဘေဒကဋကဘဏ္ဍံပိဗဟုအတ္ထိ, ဟု၊အဋ္ဌကထာဖွင့်သည်)။ ။ ဤသို့ဆို၍ရသေ့စဉ်းလဲ၊ သင်သည်အကယ်၍ဤ၌နေအံ့၊ သင့်ကိုဆွမ်းခံရွာ၌လူတို့ကို ဤရသေ့ကားခိုးသူတည်းဟုဖမ်းစေ၍ ဖောက်ပြန်ခြင်းသို့ရောက်စေအံ့၊လျင်စွာပြေးလေဟုခြိမ်းခြောက်၏။ ရသေ့စဉ်းလဲသည် ထိုအရပ်မှပြေး၏။
ဂေါဓရာဇဇာတကံ ပဉ္စမံ။၃၂၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယေနယော နာဝဟရေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
နတ်သားတို့သည်ကက္ကာရုမည်သော နတ်ပန်းတို့သည်ကားအာနုဘော်ကြီးကုန်၏။ နတ်တို့အားသာလျှင်ထိုက်ကုန်၏။ လူ့ ပြည်၌ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်သောနှလုံးသွင်းရှိကုန်သော သီလမရှိကုန်သောသူတို့အားမထိုက်ကုန်။ အကြင်လူတို့သည်ကား ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သောဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ ထိုလူတို့ အားထိုက်ကုန်၏ဟုဆိုကုန်၏။ ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားကြီးသည်။ ။
(၆ဝ၈)ကာယေန ယော နာ-ဝဟရေ၊ဝါစာယ န မုသာ ဘဏေ။
ယသော လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ပုရောဟိတ်သည်ငါ့အားဤကျေးဇူးတို့တွင်တစ်ခုသောကျေးဇူးသည်မျှလည်းမရှိ၊ မဟုတ်မမှန်သောစကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ပန်အံ့။ ဤသို့ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကိုဤပုဏ္ဏားကားကျေးဇူးနှင့်ပြည့်စုံသောသူတည်းဟု သိလတ္တံ့ ဟုကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ် ထိုကျေးဇူးနှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကိုပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကိုတောင်း၏။ ထိုနတ်သားသည်လည်း။ ။
(၆ဝ၉)ဓမ္မေန ဝိတ္တ-မေသေယျ၊န နိကတျာ ဓနံ ဟရေ။
ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုရောဟိတ်သည်ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၍သုံးယောက်မြောက်သောနတ်သားကိုတောင်း၏။ သုံးယောက်မြောက်သော နတ်သားသည်လည်း။ ။
(၆၁၀)ယဿ စိတ္တံ အ-ဟာလိဒ္ဒ၊သဒ္ဓါ စ အ-ဝိရာဂိနီ။
ဧကော သာဒုံ န ဘုဉ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ပုရောဟိတ်သည် ကျွန်ုပ်ထိုဂုဏ်တို့နှင့်ပြည့်စုံ၏ဟုဆို၍ ထိုနတ်ပန်းတို့ကိုပေးစေ၍ပန်ဆင်၍ လေးယောက်မြောက်သောနတ်သားကိုတောင်း၏။ ထိုနတ်သားသည်။ ။
(၆၁၁)သမ္မုခါ ဝါ တိရောက္ခာ ဝါ၊ယော သန္တေ န ပရိဘာသတိ။
ယထာဝါဒီ တထာ-ကာရီ၊သ ဝေ ကက္ကာရု-မရဟတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၁၁)ယော၊ အကြင်သူသည်။ သမ္မုခါဝါ၊ မျက်မှောက်၌၎င်း။ ပရံမုခါဝါ၊ မျက်ကွယ်၌၎င်း။ သန္တေ၊ သီလပညာသမာဓိက္ခန်စသောဂုဏ်နှင့်ပြည့်စုံသောပညာရှိသူတော်ကောင်းတို့ကို။ နပရိဘာသတိ၊ မဆဲရေး။ ယထာဝါဒီ၊ အကြင်အခြင်းဖြင့်ဆိုလေ့ရှိ၏။ တထာကာရီ၊ ထိုအခြင်းဖြင့်ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သောဧဝရူပေါ၊ ထိုဆိုအပ်ပြီးသော သဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုအမည်ရှိသောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။
ပုရောဟိတ်သည် ပေးလော့၊ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍၊ ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၏။ နတ်သားတို့သည်လေးခုသောပန်းကုံးတို့ကိုပုရောဟိတ်အားပေး၍နတ်ပြည်သို့လျှင်သွားကုန်၏။ နတ်သားတို့သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသည်ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသော အသွားဖျားရှိသော ဆောက်ဖြင့်ဖြတ်ဘိသကဲ့သို့၎င်း၊ သံပြားဖြင့် နှိပ်ဘိသကဲ့သို့ ၎င်းဖြစ်၏။ ထိုပုရောဟိတ်သည်ဝေဒနာသို့ရောက်၍ ထိုမှဤမှလူးလည်း၍ ကျယ်စွာသောအသံဖြင့်ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော်။ ငါသည် ငါ၏ကိုယ်တွင်း၌မရှိသော ဂုဏ်ကျေးဇူးကိုရှိ၏,ဟုမုသားဆို၍ ထိုနတ်သားကိုတောင်း၏။ ထိုငါသည်ဝေဒနာသို့ ရောက်၍ကိုယ်အလုံးတုန်လှုပ်၏။ ထိုပန်းကုံးတို့ကိုငါ၏ဦးခေါင်းမှပယ်ပါလော့ဟုဆို၏။ ထိုပန်းတို့ကိုပယ်အံ့သောငှါမတတ်နိုင်ကုန်။ သံပြားဖြင့်အပ်သကဲ့သို့ဖြစ်ကုန်၏။ ထိုအခါထိုပုရောဟိတ်ကိုချီ၍ အိမ်သို့ဆောင်ကုန်၏။ အိမ်၌ ထိုပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနှစ်နှစ်တို့သည် လွန်ကုန်၏။ မင်းသည်အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသောပုဏ္ဏားသည်သေလတ္တံ့ ၊ အဘယ်သို့ပြုကြကုန်အံ့နည်းဟုဆိုသည်ရှိသော်။ မြတ်သောမင်းကြီးတဖန် ပွဲသဘင် ပြုသည်ရှိသော်၊ နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟုလျှောက်ကုန်၏။ မင်းသည်ပွဲသဘင်ကိုပြုစေ၏။ နတ်သားတို့သည် တဖန်လာပြန်ကုန်၍ မြို့အလုံးကိုပန်းနံ့သာတို့ဖြင့် တစပ်ထည်းသောအနံ့ရှိသည်ကိုပြု၍ ရှေးအတူသာလျှင်မင်းရင်ပြင်၌ရပ်ကုန်၏။ လူများသည် စည်းဝေး၏။ သီလမရှိသောပုဏ္ဏားကိုဆောင်၍ နတ်သားတို့၏ရှေ့မှရင်ဖြင့်ဝပ်စေကုန်၏။ သီလမရှိသောထိုပုဏ္ဏားသည် အရှင်နတ်သားတို့။ အရှင်တို့သည် အကျွန်ုပ်အား အသက်ကို ပေးပါကုန်ဟု နတ်သားတို့ကိုတောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသောအမှုရှိသောသင်အား။ ဤပန်းတို့သည်မထိုက်မလျော်ကုန်။ သင်သည်ကားငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိ၏။ မိမိ၏ မုသာဝါဒအကျိုးကိုရ၏ဟု လူများအလယ်၌ဒုဿီလပုဏ္ဏားကိုကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအားအဆုံးအမပေး၍မိမိတို့၏အရပ်သို့လျှင်သွားကုန်၏။ ။
(ကက္ကရုဟူ၍၎င်း၊ ကက္ကာရုဟူ၍၎င်း နှစ်ထွေပါဠိရှိသည်တွင်။ တဏှံကရောတိ ဟိံသတီတိတဏှင်္ကရော၌ကဲ့သို့။ ကရဓာတ်၏ဟိံ သနအနက်ကိုယူ၍ ကာပုရိသေကရောတိဟိံသတီတိကက္ကာရု, ပြု၍ဏုပစ္စည်းသက်သော်ကက္ကာရုပင်လျော်သည်။ ကာပုရိသေ၊ သီလမရှိစက်ဆုပ်ဖွယ်သောသူတို့ကို။ ကရောတိ ဟိံ သတိ၊ ညှဉ်းဆဲတတ်၏၊ ဟုပေး)။ ။
ကက္ကာရုဇာတကံ ဆဋ္ဌံ။၃၂၆။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝါတိဝါယံတတော ဂန္ဓော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၌ကား။ တစ်ခုသောဂဠုန်မင်းသည် လူ၏အသွင်ဖြင့်သွား၍ မင်းနှင့်တကွ ကြွေအန်ကစားလတ်သော်။ ကာကဝတီမိဘုရား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီမိဘုရားကိုယူ၍ ဂဠုန်ပြည်သို့ ဆောင်၍ ထိုမိဘုရားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဘုရားကိုမမြင်လတ်သော်။ နဋကုဝေရမည်သော စောင်းသမားကိုမိဘုရားကို စုံစမ်းလော့ဟုဆို၏။ စောင်းသမားသည်စုံစမ်းလတ်သော် ထိုအကြောင်းကိုသိ၍၊ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တစ်ခုသောရေအိုင်ဝယ် ပြိတ်တော၌အိပ်၍။ ထိုပြိတ်တောမှ ဂဠုန်မင်း သွားသည်ကာလ အတောင်ကြား၌စီး၍ ဂဠုန်ပြည်သို့သွား၍ ကာကဝတီမိဘုရားနှင့်တကွ ကိလေသာ၏အစွမ်းအားဖြင့်ရောရှက်ခြင်းကိုပြု၍။ တဖန်ဂဠုန်မင်း၏ အတောင်ကြား၌ စီးလျက်လာ၏။ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည်မိမိစောင်းကို ယူ၍ ကြွေအန်ကစားသောပွဲသို့သွား၏။ မင်း၏အထံ၌ရပ်လျက်သိသည်၏အစွမ်းအားဖြင့်။ ။
(၆၁၂)ဝါတိ ဝါ-ယံ တတော ဂန္ဓော၊ယတ္ထ မေ ဝသတီ ပိယာ။
ဒူရေ ဣတော ဟိ ကာကဝတီ၊ယတ္ထ မေ နိရတော မနော။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဂဠုန်မင်းသည်။ ။
(၆၁၃)ကထံ သမုဒ္ဒမတရိ၊ကထံ အတရိ ကေပုကံ။
ကထံ သတ္တ သမုဒ္ဒါနိ၊ကထံ သိမ္ဗလိမာရုဟိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ နဋကုဝေရစောင်းသမားသည်။ ။
(၆၁၄)တယာ သမုဒ္ဒမတရိံ၊တယာ အတရိ ကေပုကံ။
တယာ သတ္တ သမုဒ္ဒါနိ၊တယာ သိမ္ဗလိမာရုဟိံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုနောင်မှ ဂဠုန်မင်းသည်။ ။
(၆၁၅)ဓိရတ္ထုမံ မဟာ-ကာယံ၊ဓိ-ရတ္ထုမံ အ-စေတနံ။
ယတ္ထ ဇာယာယဟံ ဇာရံ၊အာဝဟာမိ ဝဟာမိစ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၁၅)ယတ္ထယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ သယောက်လင်ဖြစ်သောစောင်းသမားကို။ အာဝဟာမိစ၊ ဂဠုန်ပြည်သို့လည်းဆောင်ယူ၏။ ဝဟာမိစ၊ လူ့ပြည်သို့လည်းပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာ-ကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ အ-စေတနံ၊ လေးသည့်အဖြစ်၊ပေါ့သည်အဖြစ်ကိုမသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ ။
(ကထံသမုဒ္ဒံတွံ ဣမံ ဇမ္ဗုဒီပသမုဒ္ဒံ,ဟုဖွင့်သောအဋ္ဌကထာကိုမြော်၍။ သမုဒ္ဒံ၊ ဇမ္ဗူဒီပါကျွန်းဝန်းရံ၍ တည်သော ဤသမုဒ္ဒရာကိုယောဇနာသည်။ ။ တဿပရတောကေပုကံနာမနဒိံ။ ဟူသည်ကိုမြော်၍။ ကေပုကံ၊ ဇမ္ဗူဒီပါသမုဒ္ဒရာမှပြင်ဘက်ဖြစ်သောကေပုကမည်သောမြစ်ကို, ယောဇနာသည်။ ။
ပဗ္ဗတန္တရေ သုဌိတာနိ သတ္တသမုဒ္ဒရာနိစကထံအတရိံကိုမြော်၍၊ သတ္တသမုဒ္ဒါနိ၊ မြင်းမိုရ်နှင့်တောင်စဉ်ခုနှစ်လုံးတို့၏ အကြား၌တည်ကုန်သော သီတာသမုဒ္ဒရာခုနှစ်တန်တို့ကို,ယောဇနာသည်။ ။ သိမ္ဗ မဏ္ဍလေ၊အလိ၊ အဿိ,ဟုအဘိဓာန်ဋီကာကိုရှု၍မသံယုဂ်နှင့်တတိယဗအက္ခရာသိမ္ဗလိ, ရေးရမည်။ ။ သဒ္ဒနီတိ၌ကား။ သဗိမဏ္ဍလေ,ဟူ၏။ ဣကာရန္တ ဓါတ်ဖြစ်၍ နိဂ္ဂဟိတ် လာသည်)။ ။
ကာကဝတီဇာတကံ သတ္တမံ။၃၂၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗဟူနံဝိဇ္ဇတိဟောတိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအနနုသောစိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော် ၌သီတင်းသုံးနေတော်မူစဉ်၊ မယားသေသော သူကြွယ်တစ်ယောက်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ဆွမ်းခံဝင်သောအချိန်၌ ထိုရသေ့မိန်းမကို အကျွမ်းဝင်သဖြင့်ယူခဲ့၍ မြို့တံခါးသို့ဆောင်ခဲ့၍ တစ်ခုသောဇရပ်ပျဉ်၌အိပ်စေ၍ မိမိသည်ဆွမ်းခံဝင်၏။ ဘုရားလောင်းမြို့မှ မထွက်မီလျှင် ရသေ့မိန်းမသည်သေလွန်၏။ လူများသည်ရသေ့မိန်းမ၏ တင့်တယ်စွာသော အဆင်းကိုမြင်၍ခြံရံ၍ငို၏။ ဘုရားလောင်းသည်ဆွမ်းခံ၍လာလတ်သော် ရသေ့မိန်းမ၏သေသောအဖြစ်ကိုသိ၍ ပျက်စီးတတ်သော သဘောတရားသည်ပျက်စီး၏။ ခပ်သိမ်းသော သင်္ခါရတို့သည်မမြဲကုန်။ ဤသို့သဘောရှိကုန်သလျှင်ကတည်းဟုဆို၍ ထိုရသေ့မိန်းမလျောင်းသော ပျဉ်၌လျှင်ထိုင်၍ ရောသော ဆွမ်းကိုဘုန်းပေး၍ခံတွင်းကိုဆေး၏။ ခြံရံ၍ တည်သောလူများသည်။ အသျှင်ဘုရားဤရသေ့မိန်းမသည်အသျှင်ဘုရားနှင့်အဘယ်သို့ တော်ပါသနည်းဟုမေး၏။ လူဖြစ်စဉ်က ငါ၏ခြေရင်း၌ အလုပ်အကျွေးတည်းဟုဆို၏။ အသျှင်ဘုရား၊ အကျွန်ုပ်တို့သည်ပင် သဘောအားဖြင့် မတည်နိုင်ကုန်သေး၊ ငိုကျွေးကြကုန်၏။ အသျှင်ဘုရားတို့သည် အဘယ့်ကြောင့်မငိုကုန်သနည်းဟုမေးကုန်၏။ ဘုရားလောင်းသည် ဤရသေ့ မိန်းမကား အသက်ရှင်စဉ်ကပင်လျှင် ငါနှင့်တစ်စုံတစ်ခုတော်သည်မဟုတ်။ ယခုတမလွန်သို့သွားသော် အဘယ်သို့တော်အံ့နည်း။ ဤရဟန်းမိန်းမသည် သေမင်းနိုင်ငံသို့လိုက်သော် အဘယ့်ကြောင့် ငါငိုအံ့နည်းဟုလူများအားတရားဟောလိုရကား။ ။
(၆၁၆)ဗဟူနံ ဝိဇ္ဇတီ ဘောတီ၊တေဟိ မေ ကိံ ဘဝိဿတိ။
တသ္မာ ဧတံ န သောစာမိ၊ပိယံ သမ္မိလ္လဟာသိနိံ။ ။
(၆၁၇)တံန္တံ စေ အနုသောစေယျ၊ယံ ယံ တဿ န ဝိဇ္ဇတိ။
အတ္တာန-မနုသောစေယျ၊သဒါ မစ္စု-ဝသံ ပတံ။ ။
(၆၁၈)န ဟေ-ဝ တိဋ္ဌံ နာ-သီနံ၊န သယာနံ န ပတ္ထဂုံ။
ယာဝ ဗျာတိ နိမိသတိ၊တတြာပိ ရသတီ ဝယော။ ။
(၆၁၉)တတ္ထ-တ္တနိ ဝတဗန္ဓေ၊ဝိနာ-ဘာဝေ အ-သံသယေ။
ဘူတံ သေသံ ဒယိတဗ္ဗံ၊မတန္တံ နနုသောစိယံ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၁၆-၆၁၉)အယံဘောတိ၊ ဤပုဏ္ဏေးမသည်။ အမှေ၊ ငါတို့ကို။ ဆဍ္ဍေတွာ၊ စွန့်၍။ ဣဒါနိ၊ ယခုအခါ၌။ အညေသံ၊ ငါမှတစ်ပါးကုန်သော။ ဗဟူနံ၊ များစွာကုန်သောသူသေတို့၏။ အန္တရေ၊ အတွင်း၌။ ဝိဇ္ဇတိ၊ ရှိ၏။ တေဟိ၊ ထိုသူသေတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝတ္တမာနာ၊ ဖြစ်သောပုဏ္ဏေးမသည်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်သို့တော်စပ်လျဉ်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ ဘရိယာ၊ မယားသည်။ ဘဝိဿတိကိံ၊ ဖြစ်လတ္တံ့လော။ ဥဒါဟု၊ ထိုသို့မဟုတ်မူ။ ဘဂိနီဝါ၊ နှမသည်။ ဘဝိဿတိကိံ၊ ဖြစ်လတ္တံ့လော။ တသ္မာ၊ ထိုသို့မတော်မစပ်လျဉ်းသည့် အဖြစ်ကြောင့်။ ပိယံ၊ ယခုဘဝမယားဖြစ်သော။ ဧတံသမ္ပိလ္လဟာသိနိံ၊ ထိုသေ၍ သူသေတို့နှင့်တကွဖြစ်သော သမ္ပိလ္လဟာသိနီကို။ နသောစာမိ၊ ငါမစိုးရိမ်။ ။
ယံယံ၊ အကြင်အကြင်သေတိုင်းသေတိုင်းသော သူသည်။ တဿအနုသောစန္တဿ၊ ထိုစိုးရိမ်သောသူအား။ နဝိဇ္ဇတိ၊ မရှိ။ မတံ၊ သေလေပြီ။ နိရုဒ္ဓံ၊ ချုပ်လေပြီ။ တံတံ၊ ထိုထို သေတိုင်းသေတိုင်းသောသူကို။ စေအနုသောစေယျ၊ အကယ်၍စိုးရိမ်ငြားအံ့။ ဧဝံသန္တေ၊ ဤသို့သေတိုင်းသေတိုင်းကို စိုးရိမ်သည်ရှိသော်။ သဒါ၊ အခါခပ်သိမ်း။ မစ္စု-ဝသံ၊ သေမင်းနိုင်ငံသို့။ ပတံပတန္တံ၊ လိုက်ရသော။ အတ္တာနံ၊ မိမိကိုယ်ကို။ အနုသောစေယျ၊ စိုးရိမ်ရာ၏။ ။
ဟေ၊ အိုလူများတို့။ တိဋ္ဌံ၊ ရပ်သော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ အာသိနံ၊ ထိုင်သော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ သယာနံ၊ လျောင်းသော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သော သတ္တဝါသို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ ပတ္ထဂုံပရိဝတ္တေတွာစရမာနံ၊ ဘဝါးပြန်လှန်၍ သွားသော။ ကိဉ္စိသတ္တံဧဝ၊ တစ်စုံတစ်ယောက်သောသတ္တဝါ တို့သာလျှင်။ အာယုသင်္ခါရော၊ အာယုသင်္ခါရသည်။ နအနုဂစ္ဆတိ၊ လိုက်သည်မဟုတ်။ အထခေါ၊ အဟုတ်သော်ကား။ ယာဝ၊ အကြင်ရွေ့လောက်။ ဗျာတိ၊ မျက်စိဖွင့်၏။ ယာဝ၊ အကြင်ရွေ့လောက်။ နိမီသတိ၊ မျက်စိမှိတ်၏။ တတြာပိ၊ ထိုမျက်စိမှိတ်စဉ်ဖွင့်စဉ်လည်း။ ဝယော၊ အာယုသင်္ခါရ၏တည်ရာ မန္ဒာဒသက၊စသည်အပြားအရွယ်ဆယ်ပါးသည်။ ရသတိ၊ ယုတ်သည်သာတည်း။ နဝဍ္ဎတိ၊ မတိုးမပွါး။ ။
တတ္ထတသ္မိံ ဝတ္တမာနေဝယေ၊ ထိုသို့ဖြစ်သောအရွယ်၌။ အတ္တနိ၊ အတ္တဘောသည်။ ဝတ၊ စင်စစ်။ ဗန္ဓေ၊ စပ်သည်ရှိသော်။ ဝိနာ-ဘာဝေ၊ ကွေကွင်းကွဲပြားခြင်းသဘောသည်။ အသံသယေ၊ ယုံမှားမရှိရာဖြစ်လတ်သော်။ ယံဘူတံ၊ အကြင်သတ္တဝါသည်။ သေသံ၊ မသေမပျောက်ကြွင်းကျန်၏။ ဇီဝမာနံ၊ အသက်ရှင်သေး၏။ တံဘူတံ၊ ထိုမသေမပျောက်ကြွင်းကျန်၍ အသက်ရှင်သော သတ္တဝါကို။ ဒယိတဗ္ဗံ၊ သနားအပ်၏။ ဝါ၊ ချစ်ခင်အပ်၏။ အယံသတ္တော၊ ဤမသေမပျောက်ကြွင်းကျန်သောသတ္တဝါသည်။ အရောဂေါ၊ သလိပ်သည်းခြေသွေးဆိုး လေဆိုး အနာဆိုး ချောင်းဆိုး လည်နာကစ၊ဆံမျှရောဂါမရှိသည်။ သုခိတော၊ တက်ရေဖျားသို့တိုးပွါးသော ချမ်းသာသို့ ရောက်သည်။ အဝေရော၊ ရန်ဆူးရန်ငြောင့် အနှောင့်အရှက်မရှိသည်။ ဟောတု၊ ဖြစ်ပစေ။ ဣတံဧဝံ၊ ဤသို့။ တသ္မိံ၊ ထိုမသေမပျောက်ကြွင်းကျန်သောသူ၌။ မေတ္တာဘာဝနာ၊ မေတ္တာဘာဝနာကို။ ကာတဗ္ဗာ၊ ပြုအပ်၏။ မတံ၊ ဆွေမျိုးသားချင်းကိုစွန့်၍သေမင်းနိုင်ငံသို့လိုက်သော။ တံ၊ ထိုလူမဟုတ်ပြီသေမင်းလူဖြစ်သောသူကို။ အနနုသောစိယံ၊ ရင်ဘတ်စည်တီး ငိုကြီးရယ်ကြီးမစိုးရိမ်သင့်ပြီ။ ။
(နဟေဝတိဋ္ဌံနာသီနံ၊နသယာနံနပတ္ထဂုန္တိ ကိဉ္စိသတ္တံအာယုသင်္ခါရော အနုဂစ္ဆတီတိပါဌသေသော။ တတ္ထပတ္ထဂုန္တိ ပရိဝတ္တေတွာစရမာနံ။ ။
ဟူသော အဋ္ဌကထာကိုမြော်၍ ယောဇနာသည်။ ရသဟာနိယံ။ ရသတိ၊ရသနံ၊ရသော၊တတြာပိရသတိဝယော၊ ဟု-သဒ္ဒနီတိ လာရကား၊ရသတိ၊ယုတ်၏,ဟုအနက် ယောဇနာသည်။ ကာမတောဇာ ယတီသောကောကဲ့သို့ဆန်းအလိုငှါ၊တီ, ဟုဒီဃနှင့်ရေးရာသည်။ ။ ရသတိဗ္ဗယော၊ဟူ၍လည်းပါဠိရှိ၏။ သင့်သည်ပင်။ မတန္တံ အနနုသောစိယံ, ဖြတ်၊ဤပါဌ်ကိုစွဲ၍အနနုသောစိယဇာတ်ဟူသည်)။ ။
အနနုသောစိယဇာတကံ အဋ္ဌမံ။၃၂၈။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံအန္နပါနဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီ တင်းသုံးနေတော်မူစဉ်၊ ပျောက်သောလာဘသက္ကာရရှိသောဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏အဖြစ်ကြောင့် တစ်စုံတစ်ခုကိုမဆို။ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့်မျောက်အားဖြစ်သောလာဘသက္ကာရကိုသည်းမခံနိုင်သည်ဖြစ်၍အစ်ကိုယ်ကြီး၊ ဤမင်းအိမ်၌ကောင်းသော အရသာရှိကုန်သော ခဲဘွယ်အစရှိသည်တို့ကိုရှေး၌ကျွန်ုပ်တို့အားလျှင်ပေးကုန်၏။ ယခုကျွန်ုပ်တို့မရကုန်။ ကာဠဗာဟု ဟူသောမျောက်ညိုအားသာလျှင်ပေးကုန်၏။ ဓနဉ္စယမင်း၏အထံမှလာဘသက္ကာရကိုမရကုန်ဘဲဤအရပ်၌ကျွန်ုပ်တို့သည်အဘယ်ပြုကုန်အံ့နည်း။ လာလော့၊ တောသို့လျှင်သွား၍ နေကြကုန်အံ့ဟုရာဓကျေးသားနှင့်တကွစကားပြောလိုရကား။ ။
(၆၂၀)ယံ အန္န-ပါနဿ ပုရေ လဘာမ၊တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။
ဂစ္ဆာမ ဒါနိ ဝနမေဝ ရာဓ၊အသက္ကတာစ-မှဓနဉ္စယာယ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓကျေးသားသည်။ ။
(၆၂၁)လာဘော အလာဘော ယသော အယသော စ၊နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။
ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပေါဋ္ဌပါဒသည်မျောက်၌ ငြူစူခြင်းကိုပယ်အံ့သောငှါမတတ်နိုင်ရကား။ ။
(၆၂၂)အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊ဇာနာသိ အတ္ထာနိ အနာဂတာနိ။
ကထံ နု သာခမိဂံ ဒက္ခိသာမ၊နိဒ္ဓါပိတံ ရာဇကုလတောဝ ဇမ္မံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓသည်။ ။
(၆၂၃)စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
သယမေဝ တံ ကာဟတိ ကာဠဗာဟု၊ယေနာရကာ ဌဿတိ အန္န-ပါနာ။ ။
ဟူသောစတုတ္ထဂါထာကိုဆို၏။ ။
(၆၂၃)ပေါဋ္ဌပါဒ၊ ညီထွေးပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟုမျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ်၏။ ဘကုဋိံ ဘာကုဋိံ၊ မျက်မှောင်ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံမုဟုံ၊ ဟုတ်ချည်းဟုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယာပတေ၊ ကြောက်လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ တံကာရဏံ၊ ထိုအကြောင်းကို။ သယမေဝ၊ မိမိသည်ပင်လျှင်။ ကာဟတိ၊ ပြုလတ္တံ့။ တွံ၊ သင်သည်။ မာစိန္တယိ၊ မကြံလင့်။ ။
ကာဠဗာဟုမျောက်သည်လည်းနှစ်ရက်သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှနားနှာခေါင်းလှုပ်ခြင်းအစရှိသည်တို့ကိုပြု၍ မင်းသားငယ်တို့ကိုခြောက်၏။ မင်းသားငယ်တို့သည်ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ်နည်းဟုမေး၍ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကိုထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အားတဖန်ပကတိလာဘသက္ကာရသည်ဖြစ်၏။ ။ (ဓနဉ္စယာယာတိကရဏတ္ထေသမ္ပဒါနဝစနံ၊ ဓနဉ္စယေနာတိအတ္ထော။ ။ အတ္ထာနိကား။ ဓမ္မာနိဘုတွာနကဲ့သို့ လိင်္ဂဝိပလ္လာသ)။ ။
ကာဠဗာဟုဇာတကံ နဝမံ။၃၂၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သီလံကိရေဝကလျာဏံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ သီလကိုစုံစမ်းတတ်သော ပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏ ။ ။
ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပုရောဟိတ်ဖြစ်၏။ ထိုဘုရားလောင်းသည် မိမိသီလကိုစုံစမ်းလိုရကား။ သုံးရက်ပတ်လုံး ရွှေပန်းထိမ်သည်၏ပျဉ်အသပြာကိုယူ၏။ ဘုရားလောင်းကိုခိုးသူဟုဖမ်း၍မင်းအားပြကုန်၏။ ဘုရားလောင်းသည်မင်း၏အထံ၌တည်လျက်။ ။
(၆၂၄)သီလံ ကိရေဝ ကလျာဏံ၊သီလံ လောကေ အနုတ္တရံ။
ပဿ ဃောရ-ဝိသော နာဂေါ၊သီလဝါတိ န ဟညတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤဂါထာဖြင့် သီလကိုချီးမွမ်း၍ မင်းကိုရဟန်းကိုခွင့်ပြုစေ၍ရဟန်းပြုအံ့သောငှါသွား၏။ ထိုအခါ တစ်နေ့သ၌ စွန်သည်ဈေးမှ အမဲအသားတစ်ကိုချီ၍ ကောင်းကင်၌ပျံ၏။ ထိုစွန်ကို တစ်ပါးသောငှက်တို့သည် ဝန်းရံ၍ ခြေသည်းဖျား,နှုတ်သီး စသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်သည် ဆင်းရဲကို သည်းခံအံ့သောငှါမတတ်နိုင်၍ အသားတစ်ကိုစွန့်၏။ တစ်ခုသောစွန်သည်ယူ၏။ ထိုအသားတစ်ကိုယူသောစွန်သည်လည်းတစ်ပါးသောငှက်တို့သည်ညှဉ်းဆဲအပ်သည်ရှိသော် ရှေးအတူလျှင်စွန့်၏။ ထိုအခါတစ်ပါးသောစွန်သည် ယူပြန်၏။ ထိုငှက်တို့တွင် အကြင်အကြင်ငှက်သည် ယူ၏။ ထိုထိုငှက်ကိုတစ်ပါးသောငှက်တို့သည်လိုက်ကုန်၏။ အကြင်အကြင် ငှက်တို့သည်စွန့်၏။ ထိုထိုငှက်သည် ချမ်းသာသည်လျှင်ဖြစ်၏။ ဘုရားလောင်းသည်မြင်၍၊ ဤကာမတို့မည်သည်ကား အသားတစ်နှင့် တူကုန်၏။ ဤကာမကိုယူကုန်သော သူတို့အားသာလျှင် ဆင်းရဲဖြစ်၏။ စွန့်ကုန်သောသူတို့အားချမ်းသာ၏ဟုကြံ၍။ ။
(၆၂၅)ယာဝဒေဝဿဟူ ကိဉ္စိ၊တာဝဒေဝ အခါဒိသုံ။
သင်္ဂမ္မ ကုလလာ လောကေ၊န ဟိံသန္တိ အကိဉ္စနံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုဘုရားလောင်းသည်မြို့မှထွက်၍ ခရီးအကြားတစ်ခုသောရွာဝယ် ညချမ်းအခါ တစ်ခုသောအိမ်၌အိပ်၏။ ထိုအိမ်၌ ပိင်္ဂလာမည်သောကျွန်မသည် ဤမည်သောအချိန်၌လာလော့ဟုယောက်ျားတစ်ယောက်နှင့်တကွ ချိန်းချက်ခြင်းကိုပြု၏။ ထိုပိင်္ဂလာမည်သောကျွန်မသည် အရှင်တို့၏ ခြေတို့ကိုဆေး၍ အရှင်တို့သည် အိပ်ကုန်လတ်သော်၊ ထိုယောက်ျား၏ လာခြင်းကို မြှော်လျက် တံခါးခုံ၌ထိုင်၍ ယခုလာလတ္တံ့၊ ယခုလာလတ္တံ့ဟု ပဌမယံ၊မဇ္ဈိမယံတို့ကိုလွန်စေ၏။ မိုးသောက်ထ၌ကား ယခုထိုယောက်ျားသည် မလာပြီဟုအာသာပြတ်လျက်လျောင်း၍အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ဤကျွန်မသည်ထိုယောက်ျားကား ယခုလာလတ္တံ့ဟူသောအမှတ်ဖြင့် ဤမျှလောက်သောကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ၌ကား ထိုယောက်ျား၏မလာအံ့သောအဖြစ်ကိုသိ၍ အာသာပြတ်ရကား ချမ်းသာစွာအိပ်၏။ ကိလေသာတို့၌တောင့်တခြင်းအာသာမည်သည်ကားဆင်းရဲ၏။ အာသာမရှိသောအဖြစ်သည်လျှင်ချမ်းသာ၏ဟုကြံ၍။ ။
(၆၂၆)သုခံ နိရာသာ သုပတိ၊အာသာ ဖလဝတီ သုခါ။
အာသံ နိရာသံ ကတွာန၊သုခံ သုပတိ ပိင်္ဂလာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုဘုရားလောင်းသည်နက်ဖြန်ထိုရွာမှတောသို့ဝင်လတ်သော်ဈာန်ဝင်စား၍နေသော တစ်ပါးသော ရသေ့ကိုမြင်၍၊ဤပစ္စုပ္ပန်လောက,တမလွန်လောက၌ ဈာန်ချမ်းသာထက် လွန်မြတ်သော ချမ်းသာမည်သည် မရှိဟုကြံ၍။ ။
(၆၂၇)န သမာဓိပရော အတ္ထိ၊အသ္မိံ လောကေ ပရမှိ စ။
န ပရံ နာပိ အတ္တာနံ၊ဝိဟိံသတိ သမာဟိတော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၂၇)အသ္မိံ လောကေ၊ မျက်မြင်ပစ္စက္ခ ဤလောက၌၎င်း။ ပရမှိစ၊ မျက်ကွယ် တမလွန်လောက၌၎င်း။ သမာဓိပရော၊ သမာဓိထက် မြတ်သော သမာဓိထက်လွန်သောသမာဓိမှတစ်ပါးသောသုခတရားသည်။ နအတ္ထိ၊ မရှိ။ ဟိသစ္စံ၊ မှန်၏။ (ထည့်)။ သမာဟိတော၊ ဥပစာရသမာဓိ,အပ္ပနာသမာဓိနှင့်ပြည့်စုံသော သူသည်။ ပရံပိ၊ သူတစ်ပါးကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ ။
အခါဒိသုံ၌ဥုံဝိဘတ်ကိုဣံ သုပြု၍ အခါဒိံ သုရှိလိုလျက်ဆန်းအလို့ငှါ နိဂ္ဂဟိတ်ကိုပြောင်း၍၊ အခါဒိသုံ,နေသည်။ အာသာဖလဝတိသုခါဝယ်အဓိပ္ပါယ်သော်ကား။ အကြင်တောင့်တအာသာ၏အကျိုးကို သိဝီမင်းကြီးထိုသို့ရအပ်ပြီ။ ထိုအာသာသည် အကျိုးသုခဖြစ်သောကြောင့် သုခမည်သတည်း။ အကြင်အာသာ၏အကျိုးကိုပိင်္ဂလာမည်သောကျွန်မတို့ကဲ့သို့ ချိန်းချက်သော ယောက်ျားမလာ၍ မရပါသေး၊ ထိုအာသာသည် တစ်တောင့်တတ မအိပ်တတ်, မစားတတ်, ဆင်းရဲကို ဖြစ်စေတတ်သောကြောင့်ဒုက္ခဟူလိုသတည်း။ ။
သီလဝီမံသဇာတကံ ဒသမံ။၃၃၀။ ကုဋိဒူသကဝဂ္ဂေါ တတိယော။ ။