နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဥဋ္ဌေဟိစောရ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပုစိမန္ဒဇာတ်ကို၊ ဝေဠုဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုကာလ၌ကား ခိုးသူတို့ကိုဖမ်း၍တမာသားတံကျင်၌ လျှိုကုန်သတတ်။ ထိုအခါတမာပင်စောင့်နတ်သည် ဤအရပ်သို့လူတို့သည်လာကုန်၍ ဤခိုးသူကို ဖမ်းကုန်သည်ရှိသော် ဤတမာပင်၏ အခက်ကို ဖြတ်၍ တံကျင်ပြု၍ ထိုခိုးသူကိုလျှိုကုန်ရာ၏။ ဤသို့ပြုသည်ရှိသော် တမာပင်သည်ပျက်စီးလတ္တံ့။ ယခုထိုခိုးသူကိုဤတမာပင်မှ နှင်ထုတ်အံ့ဟုကြံ၏။ ကြံပြီး၍ထိုတမာပင်စောင့်နတ်သည် ထိုခိုးသူနှင့်တကွ စကားပြောလိုရကား။ ။
(၅၄၈)ဥဋ္ဌေဟိ စောရ ကိံ သေသိ၊ကော အတ္ထော သုပိတေန တေ။
မာ တံ ဂဏှေယျုံ ရာဇာနော၊ဂါမေ ကိဗ္ဗိသ-ကာရကံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
(၅၄၈)စောရ၊ ခြံစပ် ဖောက်ထွင်း၊ နှိမ်နင်းကလူ၊နှိပ်စက်ယူသည့်၊ ခိုးသူမည်ရ၊မောင်စောရ။ ဥဋ္ဌေဟိ၊ ထလော့။ ကိံ၊ အဘယ့်ကြောင့်။ သေသိ၊ အိပ်ဘိသနည်း။ တေ၊ သင့်အား။ သုပိနေန၊ အိပ်ခြင်းဖြင့်။ ကောအတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသ-ကာရကံ၊ ကြမ်းကြုတ်သောခိုးမှုကိုပြုတတ်သော။ တံ၊ သင့်ကို။ ရာဇာနော၊ မင်းချင်းယောက်ျားတို့သည်။ မာဂဏှေယျုံ၊ မဖမ်းစေကုန်လင့်။ ။
ဤသို့ထိုခိုးသူကိုဆို၍ မင်းချင်းယောက်ျားတို့သည်သင့်ကိုမဖမ်းကုန်မီ တစ်ပါးသောအရပ်သို့ သွားလေဟုခြောက်လှန့်၍ပြေးစေ၏။ ။
ခိုးသူပြေးသည်ရှိသော်၊ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည်။ ။
(၅၄၉)ယံ နု စောရံ ဂဟေဿန္တိ၊ဂါမေ ကိဗ္ဗိသ-ကာရကံ။
ကိံ တတ္ထ ပုစိမန္ဒဿ၊ဝနေ ဇာတဿ တိဋ္ဌတော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍တမာပင်စောင့်နတ်သည်။ ။
(၅၅၀)န တွံ အဿတ္ထ ဇာနာသိ၊မမ စောရဿ စ-န္တရံ။
စောရံ ဂဟေတွာ ရာဇာနော၊ဂါမေ ကိဗ္ဗိသ-ကာရကံ။
အပ္ပေန္တိ နိမ္ဗ-သူလသ္မိံ၊တသ္မိံ မေ သင်္ကတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၅၀)အဿတ္ထ၊ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်။ တွံ၊ သင်သည်။ မမစ၊ ငါ၏၎င်း။ စောရဿစ၊ ခိုးသူ၏၎င်း။ အန္တရံ၊ တစ်ပေါင်းထည်း မနေသင့်သောအကြောင်းကို။ ဝါ၊ နေ၍မတော်သောအကြောင်းကို။ နဇာနာသိ၊ မသိ။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသ-ကာရကံ၊ ကြမ်းကြုတ်သောခိုးမှုကို ပြုတတ်သော။ စောရံ၊ ခိုးသူကို။ ရာဇာနော၊ မင်းချင်းယောက်ျားတို့သည်။ ဂဟေတွာ၊ ဖမ်း၍။ နိမ္ဗ-သူလသ္မိံ၊ တမာသားတံကျင်၌။ အပ္ပေန္တိ၊ လျှိုတပ်ကုန်၏။ ဝါ၊ လျှိုကုန်လတ္တံ့။ တသ္မိံ၊ ထိုအကြောင်း၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ရွံရှာ၏။ ။
ဤသို့ထိုရုက္ခစိုးနတ်တို့၏ အချင်းချင်းပြောဆိုကုန်စဉ်လျှင်၊ ဥစ္စာရှင်တို့သည် မီးရှူးကိုင်ကုန်လျက်ခြေရာသို့လျှောက်သောအားဖြင့်လာကုန်၍၊ ခိုးသူ၏အိပ်ရာအရပ်ကိုမြင်ကုန်၍၊ အချင်းတို့၊ ယခုပင်လျှင်ခိုးသူထ၍ပြေး၏။ ငါတို့သည်ခိုးသူကိုမရအပ်။ အကယ်၍ရကုန်အံ့၊ဤတမာပင်၏တံကျင်၌ခိုးသူကိုလျှို၍ တမာပင်၌ဆွဲ၍သွားကြကုန်အံ့ဟုဆို၍ထိုမှဤမှလိုက်၍ ခိုးသူကိုမမြင်၍လျှင်သွားကုန်၏။ ။
ထိုလူတို့၏စကားကိုကြား၍ညောင်ဗုဒ္ဓဟေစောင့်နတ်သည်။ ။
(၅၅၁)သင်္ကေယျ သင်္ကိတဗ္ဗာနိ၊ရက္ခေယျာ-နာဂတံ ဘယံ။
အနာဂတ-ဘယာ ဓီရော၊ဥဘော လောကေ အဝေက္ခတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၅၁)ဓီရော၊ ပညာရှိသည်။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှာရာ၏။ အနာဂတံ၊ လာလတ္တံ့သော။ ဘယံ၊ ပစ္စုပ္ပန်ဘေးသံသရာဘေးကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ အနာဂတဘယာအနာဂတဘယံ၊ လာလတ္တံ့သောဘေးကို။ ဘာယမာနော၊ ကြောက်သည်ဖြစ်၍။ ဥဘောလောကေ၊ ပစ္စုပ္ပန်လောက တမလွန်လောက နှစ်ပါးတို့ကို။ အဝေက္ခတိ၊ ဉာဏ်ဖြင့်ရှု၏။ ။
(ပစ္စုပ္ပန်ဘေးကိုကြောက်သောကြောင့်ပါပမိတ္တကိုကြဉ်ရှောင်သည်။ တမလွန်ဘေးကိုကြောက်သောကြောင့် ဒွါရသုံးပါးဖြင့်မကောင်းမှုဒုစရိုက်ကိုမပြုဟူလို)။ ။ (ဂဏှေယျုံ,လိုလျက် နိဂ္ဂဟိတ်ကျေသည်။ ရာဇာနောတိရာဇပုရိသေသန္ဓာယဝုတ္တံ။ ။ ဌာန၏အမည်ကိုဌာနီ၌တင်စား၍၊ ပုစိမန္ဒ,အဿတ္ထ,ဟုဆိုသည်)။ ။
ပုစိမန္ဒဇာတကံ ပဌမံ။၃၁၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိကဿပ မန္ဒိယာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကဿပမန္ဒိယဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသော အသက်ကြီးသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်နှစ်ယောက်ကုန်သော ရသေ့တို့ကို ဖြည်းညင်းစွာဆောင်၍ ပရိက္ခရာကိုသိုမှီး၍ အဘကို ရေချိုးစေ၍ ခြေဆေးခြင်း ကျောက်ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကိုပြု၍ မီးအိုးခင်းကိုတည်၍ ပင်ပန်းခြင်းငြိမ်းပြီးသော် အဘ၏အနီး၌နေ၍၊ ခမည်းတော်၊သူငယ်တို့ မည်သည်ကား၊မြေအိုးနှင့်တူကုန်၏။ တခဏဖြင့်လျှင်ကွဲတတ်ကုန်၏။ ကွဲသောကာလမှစ၍ တဖန်စေ့စပ်ခြင်းငှါမတတ်နိုင်ကုန်။ သူငယ်တို့ကို၊ ဆဲဆိုကုန်ငြားသော်လည်း ကြီးသောသူတို့ သည်းခံအပ်ကုန်၏ဟု ဆို၍အဘကိုဆုံးမလိုရကား။ ။
(၅၅၂)အပိ ကဿပ မန္ဒိယာ၊ယုဝါ သမ္ပဋိဟန္တိ ဝါ။
သဗ္ဗ-န္တံ ခမတေ ဓီရော၊ပဏ္ဍိတော တံ တိတိက္ခတိ။ ။
(၅၅၃)သစေပိ သန္တော ဝိဝဒန္တိ၊ခိပ္ပံ သန္ဓီယရေ ပုန။
ဗာလာ ပတ္တာ-ဝ ဘိဇ္ဇန္တိ၊န တေ သမထ-မဇ္ဈဂူ။ ။
(၅၅၄)ဧတေ ဘိယျော သမာယန္တိ၊သန္ဓိ တေသံ န ဇီရတိ။
ယော စာ-ဓိပန္နံ ဇာနာတိ၊ယော စ ဇာနာတိ ဒေသနံ။ ။
(၅၅၅)ဧတေဟိ ဥတ္တရိတရော၊ဘာရ-ဝဟော ဓုရ-ဒ္ဓရော။
ယော ပရေသာ-ဓိပန္နာနံ၊သယံ သန္ဓါတု-မရဟတိ။ ။
ဟူသောလေးဂါထာတို့ကိုဆို၏။ ။
(၅၅၂-၅၅၅)ကဿပ၊ ကဿပအနွယ်ဖြစ်သောဘခင်။ မန္ဒိယာ၊ ပညာနုံ့သည်၏အဖြစ်ကြောင့်။ ယုဝါ၊ သူငယ်တို့သည်။ သမ္ပဋိဟန္တိဝါ၊ ပုတ်ခတ်မူလည်းပုတ်ခတ်ကုန်ရာ၏၏။ ဝါ၊ ဆဲရေးမူလည်းဆဲရေးကုန်ရာ၏။ (ဝါ,ဖြင့်ယူ)။ အပိ၊ ထိုသို့ပင်ပုတ်ခတ်ဆဲရေးသော်လည်း။ ဓီရောဓိက္ကတပါပေါ၊ ထွီထွီပြုအပ်သော မကောင်းမှုရှိသော။ ဝါ၊ ကဲ့ရဲ့အပ်သောမကောင်းမှုရှိသောလူလိမ်မာသည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသူငယ်တို့သည်ပြုအပ်သောအပြစ်ဒေါသကို။ ခမတေ၊ သည်းခံရာ၏။ ပဏ္ဍိတော၊ ပညာရှိသောလူလိမ်မာသည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသူငယ်တို့သည် ပြုအပ်သောအပြစ်ဒေါသကို။ တိတိက္ခတိ၊ သည်းခံသင့်၏။ ။
သန္တော၊ သူတော်ကောင်းတို့သည်။ သစေပိဝိဝဒန္တိ၊ အကယ်၍မူလည်း တစိုးတစိအကြောင်းရှိ၍ ငြင်းခုံကြသည်ဖြစ်စေကုန်အံ့။ ပုန၊ တဖန်။ ခိပ္ပံ၊ လျင်စွာ။ သန္ဓီယရေ၊ မိတ်ခင်ပွန်း၏အဖြစ်ဖြင့်စေ့စပ်လွယ်ကြကုန်၏။ ဗာလာ၊ သူငယ်တို့မူကား။ ပတ္တာဝ၊ မြေခွက်တို့ကဲ့သို့။ ဘိဇ္ဇန္တိ၊ ကွဲတတ်ကုန်၏။ တေဗာလာ၊ ထိုမြေခွက်နှင့်တူသောသူငယ်တို့သည်။ အပ္ပမတ္တကမ္ပိ၊ အနည်းငယ်မျှလည်းဖြစ်သော။ ဝိဝါဒံ၊ ငြင်းခုံခိုက်ရန်ကို။ ကတွာ၊ ပြုကုန်ကြ၍။ သမထံ၊ ရန်ငြိမ်းခြင်းကို။ နအဇ္ဈဂူ၊ မရကုန်။ ။
ယောစ၊ အကြင်သူသည်လည်း။ အဓိပန္နံ၊ မိမိ၏လွန်ကျူးမိသောအပြစ်ကို။ ဇာနာတိ၊ သိ၏။ ယောစ၊ အကြင်သူသည်လည်း။ ဒေသနံ၊ မိမိ၏အပြစ်ကိုသိသောသူသည်ကြားအပ်သောအပြစ်ကို ကန်တော့ခြင်းကို။ ပဋိဂ္ဂဏှိတုံ၊ ခံခြင်းငှါ။ ဇာနာတိ၊ သိ၏။ ဧတေဒွေ၊ ထိုနှစ်ယောက်သောသူတို့သည်။ ဘိန္နာပိ၊ ကွဲပြားကြကုန်သော်လည်း။ ဘိယျော၊ တဖန်။ သမာယန္တိ၊ ညီညွတ်ခြင်းသို့ရောက်ကုန်၏။ တေသံ၊ ထိုနှစ်ယောက်သော သူတို့၏။ သန္ဓိ၊ မိတ်ခင်ပွန်းအဖြစ်ဖြင့် စေ့စပ်ခြင်းသည်။ နဇီရတိ၊ မဆွေးမြည့်။ ဝါ၊ မပျက်စီး။ ။
ယော၊ အကြင်သူသည်။ အဓိပန္နာနံ၊ ဒေါသသည် နှိပ်စက်အပ်ကုန်သော။ ဝါ၊ လွန်ကျူး၍အပြစ်ကိုပြုတတ်ကုန်သော။ ပရေသံ၊ သူတစ်ပါးတို့အား။ သယံ၊ မိမိသည်။ သန္ဓာတုံ၊ သာယာသောစကားဖြင့် စေ့စပ်ခြင်းငှါ။ အရဟတိ၊ ထိုက်၏။ ဧသောဧဝရူပေါ၊ ဤသို့သူတစ်ပါးသည်မခံလေငြားလည်း ဖြားယောင်းသာယာမေတ္တာဂဟေစပ်ပေတတ်သောသဘောရှိသောသူသည်။ ဧတေဟိ၊ ထိုဆိုအပ်ပြီးသောသူနှစ်ဦးတို့ထက်။ ဥတ္တရိတရော၊ အထူးသဖြင့်အလွန်မြတ်သော။ ဘာရ-ဝဟော၊ အဆွေခင်ပွန်း အဖြစ်တည်းဟူသောဝန်ကို ထမ်းနိုင်သောသူဟူ၍။ ဓုရဒ္ဓရော၊ အဆွေခင်ပွန်းအဖြစ်တည်းဟူသောဝန်ကိုဆောင်နိုင်သောသူဟူ၍။ သင်္ချံ၊ ခေါ်ဝေါ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ။
ဤသို့ဘုရားလောင်းသည် အဘအား အဆုံးအမကိုပေး၏။ ထိုအဘသည်လည်းထိုအခါမှစ၍ယဉ်ကျေးသည်ဖြစ်၏။ ။ (ဓီရောတိဓိက္ကတပါပေါ။ (အဋ္ဌကထာ)။ ဓိက္ကတပါပေါတိဂရဟိတပါပေါ။ ဋီကာဖွင့်သည်ကား။ ဓီရော,၌၊ဓီ,သဒ္ဒါသည်ဂရဟာအနက်ရှိသည်။ ဓီဧတဿအတ္ထီတိဓီရော။ ဧတဿ၊ ထိုသူအား။ ဓီ၊ ကဲ့ရဲ့စက်ဆုပ်အပ်သောမကောင်းမှုသည်။ အတ္ထိ၊ ရှိ၏။ ဤသို့ဝိဂြိုဟ်ဆိုလိုသည်။ ဓီဝါဝုစ္စတိပညာ။ တာယသမန္နာဂတောတိအတ္ထော။ အဋ္ဌကထာတနည်းလာပြန်သည်။ ပဏ္ဍိတောတံတိတိက္ခတိ,ကားဤစကား၏ပရိယာယ်တည်း။ ဣတရံပနဣမဿေဝဝေဝစနံ။ (၎င်းအဋ္ဌကထာ)။ ဥတ္တရာနံဝိသေသေန ဥတ္တရောတိဥတ္တရတရော,ဟူအပ်လျက်,ဣ,လာ၍၊ ဥတ္တရိတရ,နေသည်။ ဘာရဝဟော,ဓုရဒ္ဓရော,ကားဝေဝစနနှင်နှင်တည်း။ ဧသော, ကားယော၏နိယတ်ထည့်သည်။ ဧသောဟိ,ရှိမူ၊ဟိကိုဝိသေသတ္ထကြံ)။ ။
ကဿပမန္ဒိယဇာတကံ ဒုတိယံ။၃၁၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောတေဟတ္ထေစပါဒေစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္တိဝါဒီဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောအမျက်ထွက်တတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည်၊ရသေ့စဉ်းလဲ၊သင့်ခန္တိကို သင်သည်လျှင်ရွက်၍နေလော့ဟုဆို၍ ဘုရားလောင်းကိုရင်၌ခြေဖြင့်ကျောက်၍သွား၏။ ထိုမင်းသွားသည်ရှိသော်စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက်,ခြေ,နား,နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင့်၌ထည့်၍ဘုရားလောင်းကိုဖြည်းညင်းစွာထိုင်စေ၍ ရှိခိုးပြီးသော်တင့်အပ်စွာနေ၍၊ အသျှင်ဘုရား၊ အသျှင်ဘုရားတို့သည် အမျက်ထွက်လိုကုန်သည်ရှိသော်၊ အသျှင်ဘုရားတို့၌အပြစ်ပြုသောမင်းအားသာလျှင်အမျက်ထွက်ပါကုန်လော့။ တစ်ပါးသောသူတို့အား အမျက်မထွက်ပါကုန်လင့်ဟုတောင်းပန်လိုရကား။ ။
(၅၅၆)ယော တေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာ-ဝီရ၊မာ ရဋ္ဌံ ဝိနသ ဣဒံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၅၇)ယော မေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊န ဟိ ကုဇ္ဈန္တိ မာဒိသာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၅၅၇)ယော၊ အကြင်ကလာဗုမင်းသည်။ မေ၊ ငါ၏။ ဟတ္ထေစ၊ လက်တို့ကို၎င်း။ ပါဒေစ၊ ခြေတို့ကို၎င်း။ ကဏ္ဏ-နာသဉ္စ၊ နား-နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သောရာဇာ၊ ထိုကလာဗုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေသတည်း။ မာဒိသာ၊ ငါသို့သသူပညာတူသောလူသမ္မာတို့သည်။ နဟိကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။ ။
မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏မြင်ကောင်းသောအရပ်ကို စွန့်သောကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော ဤမြေကြီးသည် ဂစီဖြင့်ဖွဲ့သော ပုဆိုးကဲ့သို့ကွဲ၏။ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကိုအမျိုးပေးသောကမ္ဗလာနီဖြင့်ရုံသကဲ့သို့ရုံ၍ယူ၏။ ထိုကလာဗုမင်းသည်ဥယျာဉ်တံခါး၌လျှင်မြေသို့ဝင်၍ အဝီစိငရဲကြီး၌တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့ ထိုဥယျာဉ်၌လျှင် လွန်၏။ မင်း၏ပရိသတ်တို့သည်၎င်း၊ပြည်သူတို့သည်၎င်းနံ့သာပန်းအခိုးအထုံလက်စွဲကုန်လျက်လာလတ်ကုန်၍ဘုရားလောင်း၏အလောင်းကိုသင်္ဂြိုဟ်ကုန်၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။
(၅၅၈)အဟုံ အတီတ-မဒ္ဓါနေ၊သမဏော ခန္တိ-ဒီပနော။
တံ ခန္တိယာယေ-ဝ ဌိတံ၊ကာသိရာဇာ အဆေဒယိ။
(၅၅၉)တဿ ကမ္မ-ဖရုသဿ၊ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊နိရယမှိ သမပ္ပိတော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၅၈-၅၅၉)အတီတမဒ္ဓါနေ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းကျေးဇူးကိုပြတတ်သော။ သမဏော၊ ရသေ့ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရသေ့ကို။ ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ အဆေဒယိ၊ သတ်ဖြတ်စေပြီ။ ။
ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ နိရယမှိ၊ အဝီစိငရဲကြီး၌။ သမပ္ပိတောပတိဋ္ဌိတော၊ တည်သည်ဖြစ်၍။ တဿကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်စွာသော မကောင်းမှုကံ၏။ ယံဝိပါကံ၊ အကြင်မကောင်းကျိုးကို။ ဝေဒေသိ၊ ခံစားရ၏။ သောဝိပါကော၊ ထိုမကောင်းကျိုးသည်။ ကဋုကော၊ ပြင်းထန်သောဆင်းရဲသည်။ အဟု၊ ဖြစ်ပြီ။ ။ (အဟုံအတီတမဒ္ဓါနေ,၌ ဆန်းအလို့ငှာ နိဂ္ဂဟိတ်လာသည်)။ ။
ခန္တိဝါဒီဇာတကံ တတိယံ။၃၁၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဇ္ဇီဝိတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤလောဟကုမ္ဘိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါမင်းသည်ဘုရားလောင်းကိုရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေလျက်၊အသျှင်ဘုရား၊အသျှင်ဘုရားတို့သည်အကျွန်ုပ်အား ကြားအပ်သောအသံတို့၏ဖြစ်ခြင်းကိုသိကုန်သောဟူသည်မှန်သလောဟုမေး၏။ မြတ်သောမင်းကြီး၊သိသည်မှန်၏ဟုဆို၏။ အသျှင်ဘုရား၊ဆိုတော်မူကုန်လော့ဟုလျှောက်၏။ မြတ်သောမင်းကြီးထိုသူတို့သည် ရှေးဘဝ၌သူတပါးတို့သည်စောင့်ရှောက်ထိန်းသိမ်းအပ်သော မိန်းမတို့၌သွားလာကုန်၍ ဗာရာဏသီ၏အနီးလေးခုကုန်သော လောဟကုမ္ဘီငရဲတို့၌ဖြစ်ကုန်၍ကျိုက်ကျိုက်ဆူသောဆားငန်ရေဖြင့် အမြှုပ်ထလျက် ကျက်ကုန်၍အနှစ်ခြောက်သောင်းတို့ပတ်လုံး အောက်သို့သွား၍ ငရဲအိုးအပြင်သို့ရောက်၍ အထက်သို့တက်ကုန်သော်အနှစ်ခြောက်သောင်းဖြစ်လျှင်ငရဲအိုးမျက်နှာကိုမြင်၍အပကိုကြည့်၍လေးယောက်သောသူတို့သည် လေးဂါထာတို့ကို ပြည့်စုံစွာဆိုကုန်လျက်လည်း ဆိုအံ့သောငှာ မတတ်နိုင်ကုန်၍တစ်လုံးတစ်လုံးသောအက္ခရာကိုသာလျှင်ဆိုကုန်၍ တဖန်လောဟကုမ္ဘီငရဲ၌သာလျှင်နစ်ပြန်ကုန်၏။ ထိုလေးယောက်သောသူတို့တွင်၊ဒု,အက္ခရာကိုဆို၍ နစ်သောသတ္တဝါသည်။ ။
(၅၆၀)ဒုဇ္ဇီဝိတ-မဇီဝိမှ၊ယေသံ နော န ဒဒါမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ဒီပံ နာကမှ အတ္တနော။ ။
ဟူ၍ ဆိုလို၏။ ထိုဂါထာကို ပြည့်စုံစွာပြု၍ မဆိုနိုင်ဟု ဆို၍၊ဘုရားလောင်းသည် မိမိဉာဏ်ဖြင့်ထိုဂါထာကိုပြည့်စုံစွာပြု၍ဟော၏။ ကြွင်းသောဂါထာတို့၌လည်း၊ ဤနည်းအတိုင်းလျှင်သိအပ်၏။ ။
သ,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၁)သဋ္ဌိ-ဝဿ-သဟဿာနိ၊ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ကဒါ အန္တော ဘဝိဿတိ။ ။
ဟူသည်တည်း။ ။
န,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၂)နတ္ထိ အန္တော ကုတော အန္တော၊န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊မမ တုယှဉ္စ မာရိသ။ ။
ဟူသည်တည်း။ ။
သော,အက္ခရာကိုဆိုသောသူ၏အလိုဖြစ်သောဂါထာကား။ ။
(၅၆၃)သော-ဟံ နူန ဣတော ဂန္တွာ၊ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူသီလ-သမ္ပန္နော၊ကာဟာမိ ကုသလံ ဗဟုံ။ ။
ဟူသည်တည်း။ ။
(၅၆ဝ-၅၆၃)ယေသံနော ယေမယံ၊ အကြင်ငါတို့သည်။ ဒုဇ္ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကုန်၏။ ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်လျက်။ နဒဒါမှသေ၊ မပေးမလှူကုန်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ တည်ရာကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကို။ နအကမှ၊ မပြုမိကုန်။ ။
နိရယေ၊ ငရဲ၌။ ပစ္စမာနာနံ၊ ကျက်ရကုန်သောငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်စုံကုန်ပြီ။ ကဒါ၊ အဘယ်နံ့။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ ။
မာရိသ၊ ငါနှင့်တူသောအဆွေ။ မမ၊ ငါသည်၎င်း။ တုယှဉ္စ၊ သင်သည်၎င်း။ တဒါဟိ၊ ထိုသို့ရှေးလူစစ်ဖြစ်သောအခါ၌သာလျှင်။ ပါပံ၊ မကောင်းမှုဒုစရိုက်ကို။ ပကတံ၊ များစွာပြုအပ်ပြီ။ တေနကာရဏေန၊ ထိုသို့အကုသိုလ်များစွာပြုမိသောကြောင့်လျှင်။ အန္တော၊ အဆုံးသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ့်ကြောင့်။ အန္တော၊ အဆုံးအပိုင်းအခြားသည်။ အတ္ထိ၊ ရှိအံ့နည်း။ အန္တော၊ ဤမည်သောကာလလွတ်လတ္တံ့ဟူသောအပိုင်းအခြားသည်။ နပဋိဒိဿတိ၊ မထင်။ ။
သောအဟံ၊ ထိုငါသည်။ ဣတော၊ ဤငရဲမှ။ ဂန္တွာ၊ သွား၍။ မာနုသိံ၊ လူဖြစ်သော။ ယောနိံ၊ အမျိုးကို။ လဒ္ဓါန၊ ရ၍။ ဝဒညူ၊ အလှူခံသောသူ၏ စကားကိုသိသည်။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသည်။ ဟုတွာ၊ ဖြစ်၍။ နူန၊ စင်စစ်သဖြင့်။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ဒါနသီလစသည် ထိုထိုကုသိုလ်တရားကို။ ကာဟာမိ၊ ပြုအံ့။ ။
လောဟကုမ္ဘိဇာတကံ စတုတ္ထံ။၃၁၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဖရုသာဝတတေဝါစာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသဗ္ဗမံသလာဘဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်သာရိပုတ္တရာမထေရ်သည် ဝမ်းကျဆေးသောက်ကုန်သော ရဟန်းတို့အား ပေးအပ်သော အမဲ အရသာဆွမ်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ တစ်ယောက်သော မုဆိုးသည် များစွာသောအသားကိုရ၍ယာဉ်ကိုပြည့်စေ၍ရောင်းအံ့ဟုမြို့သို့လာ၏။ ထိုအခါဗာရာဏသီပြည်၌နေသောလေးယောက်ကုန်သော သူဋ္ဌေးသားတို့သည်မြို့မှ ထွက်၍တစ်ခုသောလမ်း၏ အနီး၌တစ်စုံတစ်ခု ကြားဖူးမြင်ဖူးသည်ကို ပြောဆိုကုန်လျက်နေကုန်၏။ ထိုလေးယောက်ကုန်သော သူဋ္ဌေးသားတို့တွင်တစ်ယောက်သောသူဋ္ဌေးသားသည် အမဲယာဉ်ကိုမြင်၍ထိုအမဲရောင်းသောမုဆိုးကို အမဲတုံးကိုပေးစေအံ့ဟုဆို၏။ သွားလော့ဆောင်ချေလော့ဟုဆိုကြကုန်၏။ ထိုသူဋ္ဌေးသားသည်မုဆိုးသို့ကပ်၍၊ ဟယ်မုဆိုး၊ငါ့အားအမဲတုံးကိုပေးလော့ဟုဆို၏။ မုဆိုးသည်၊အဆွေ၊တစ်စုံတစ်ခုကိုတောင်းသောသူမည်သည်ကား၊ချစ်ဖွယ်သော စကားကိုဆိုရာ၏။ သင်ဆိုအပ်သောစကားအားလျော်သောအမဲတုံးကိုရလတ္တံ့ ဟုဆို၍။ ။
(၅၆၄)ဖရုသာ ဝတ တေ ဝါစာ၊သမ္မ ယာစနကော အသိ။
ကိလောမ-သဒိသီ ဝါစာ၊ကိလောမံ သမ္မ ဒမ္မိ တေ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(၅၆၄)သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ယာစနကော၊ တောင်းသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဝတ၊ စင်စစ်။ ဖရုသာ၊ ကြမ်း၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ကိလောမ-သဒိသီ၊ အမှေးနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကိလောမံ၊ အမှေးကို။ ဒမ္မိ၊ ပေးအံ့။ ။
ဤအမှေးကိုယူလော့။ သင့်စကားနှင့်တူသောအမှေးကိုငါပေး၏ဟုဆို၍အသားအသွေးမရှိသောအမှေးကိုယူ၍ပေး၏။ ။
ထိုအခါတစ်ယောက်သောသူဋ္ဌေးသားသည်၊ ထိုသူဋ္ဌေးသားကို အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏။ ဟယ်ဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း မုဆိုးကိုတောင်းအံ့ဟုဆို၍၊ သွား၍၊အစ်ကိုယ်ကြီး၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲတုံးကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၅)အင်္ဂ-မေတံ မနုဿာနံ၊ဘာတာ လောကေ ပဝုစ္စတိ။
အင်္ဂ-ဿ သဒိသီ ဝါစာ၊အင်္ဂံ သမ္မ ဒဒါမိ တေ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၅၆၅)လောကေ၊ လူ့ရွာ၌။ ဘာတာ၊ ညီအစ်ကိုယ်ဟူသော။ ယဒိဒံယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ညီအစ်ကိုယ်ဟူသောဤစကားကို။ မနုဿာနံ၊ လူတို့၏။ အင်္ဂသဒိသတ္တာ၊ အင်္ဂါနှင့်တူသည်အဖြစ်ကြောင့်။ အင်္ဂ၊ ကိုယ်အင်္ဂါဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ အင်္ဂသဒိသီ၊ ကိုယ်အင်္ဂါနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ အင်္ဂံ၊ ကိုယ်သားကို။ ဒဒါမိ၊ ပေးအံ့။ ။
ဤသို့ဆို၍ကိုယ်သားကိုယူ၍ပေး၏။ ။
ထို သူဋ္ဌေးသားကို တစ်ယောက်သော သူဋ္ဌေးသားသည် အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏အစ်ကိုယ်ဆို၍ တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည် ငါလည်းမုဆိုးကိုအမဲတောင်းအံ့ဟုဆို၍၊ အဘ၊ငါ့အား အမဲတုံးကိုပေးပါဟုဆို၏။ မုဆိုးသည် သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၆)တာတာ-တိ ပုတ္တော ဝဒမာနော၊သမ္မေတိ ဟဒယံ ပိတု။
ဟဒယ-ဿ သဒိသီ ဝါစာ၊ဟဒယံ သမ္မ ဒမ္မိ တေ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၅၆၆)တာတာတိ၊ အဘဟူ၍။ ဝဒမာနော၊ ဆိုသော။ ပုတ္တော၊ သားသည်။ ပိတု၊ အဘ၏။ ဟဒယံ၊ နှလုံးကို။ သမ္မေတိ၊ ငြိမ်းအေးစေ၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဟဒယသဒိသီ၊ နှလုံးသားနှင့်တူ၏။ တေ၊ သင့်အား။ ဟဒယံ၊ နှလုံးသားကို။ ဒမ္မိ၊ ပေးအံ့။ ။
ဤသို့ဆို၍နှလုံးသားနှင့် တကွကောင်းသောအသားကိုပေး၏။ ။
ထိုသူဋ္ဌေးသားကိုလေးယောက်မြောက်ဖြစ်သောသူဋ္ဌေးသားသည် အဘယ်သို့ဆို၍ သင်တောင်းသနည်းဟုမေး၏။ အဘဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း တောင်းအံ့ဟုဆို၍၊အဆွေခင်ပွန်း၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။
(၅၆၇)ယဿ ဂါမေ သခါ နတ္ထိ၊ယထာ-ရညံ တထေဝ-တံ။
သဗ္ဗဿ-သဒိသီ ဝါစာ၊သဗ္ဗံ သမ္မ ဒဒါမိ တေ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၆၇)ယဿ၊ အကြင်သူအား။ ဂါမေ၊ ရွာ၌။ သခါ၊ အဆွေခင်ပွန်းသည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုသူ၏။ တံဌာနံ၊ ထိုအရပ်သည်။ အမနုဿံ၊ လူဆိတ်သော။ အရညံယထာ၊ တောကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ သုညံ၊ အဆွေခင်ပွန်းမှဆိတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ၊ သင်၏။ အယံဝါစာ၊ ဤစကားသည်။ သဗ္ဗဿသဒိသီ၊ စွန့်ကြဲအပ်သောအလုံးစုံသောမိမိဥစ္စာနှင့်တူ၏။ တသ္မာ၊ ထို့ကြောင့်။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ သဗ္ဗံ၊ ဤအလုံးစုံသောငါ၏ဥစ္စာအမဲကို။ ဒဒါမိ၊ ပေးအံ့။ ။
ဤသို့ဆို၍၊ အဆွေ၊ လာလော့၊ အလုံးစုံလျှင် ဖြစ်သော ဤယာဉ်၌ တင်သော အမဲကိုသင့်အိမ်သို့ဆောင်အံ့ဟုဆို၏။ သူဋ္ဌေးသားသည် မုဆိုးကို ယာဉ်ကိုနှင်စေလျက်၊ မိမိအိမ်သို့အမဲကို ဆောင်ခဲ့စေ၍ မုဆိုးအားပေးကမ်း ပူဇော်ခြင်းကိုပြု၍ မုဆိုး၏သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအမှုမှကြဉ်စေ၍ မိမိဥစ္စာအလယ်၌ နေစေလျက်၊ မုဆိုးနှင့်တကွ အဆွေခင်ပွန်း အဖြစ်မှမကွဲမပျက်သည်ဖြစ်၍ အသက်ထက်ဆုံး ညီညွတ်သင့်တင့်စွာနေကုန်၏။ ။ (အင်္ဂသဒိသီတေဝါစာ,ဆိုအပ်လျက်ဆန်းကိုငဲ့၍ဿဒွေးဘော်,သီ,၌ဤ,ကိုရဿပြု၍အင်္ဂဿသဒိသိ,ဆိုသည်။ ။ ဟဒယဿဒိသီ,၌ကား ရဿမပြုရပြီ။ သဿဧတဿသံသဗ္ဗဿံ။ ဿဒွေးဘော်ရောက်သည်။ ။
သဗ္ဗေနအတ္တနောသန္တကေနပိစာဂေနသဒိသီတိသဗ္ဗသသဒိသီ။ ဟူသောအနက်ကိုမှတ်ရမည်)။ ။
သဗ္ဗမံသလာဘဇာတကံပဉ္စမံ။၃၁၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သတ္တမေရောဟိတာမစ္ဆာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသသပဏ္ဍိတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ခပ်သိမ်းသောပရိက္ခရာအလှူကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ကား အချိန်၌သာလျှင်နေရာမှထွက်၍နေစာမြက်တို့ကိုစားအံ့ဟု မိမိနေရာချုံ၌လျှင် ဝပ်၍ မိမိသီလကိုဆင်ခြင်လျက် ငါ့အထံသို့လာကုန်သောအလှူခံတို့သည် မြက်ကိုစားခြင်းငှါမတတ်ကောင်းကုန်။ နှမ်း,ဆန်,အစရှိသည်တို့သည်လည်းငါ့အားမရှိကုန်။ ငါ့အထံသို့အလှူခံသည်အကယ်၍လာငြားအံ့၊ကိုယ့်အသားကိုလှူအံ့ဟုကြံ၏။ ဘုရားလောင်းသီလတန်းခိုးအားဖြင့်သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ ယုန်မင်းကိုစူးစမ်းအံ့ဟုရှေးဦးစွာဖျံ၏နေရာသို့သွား၏။ ပုဏ္ဏားအသွင်ဖြင့်ရပ်၏။ ပုဏ္ဏား၊ အဘယ်အကျိုးငှါရပ်သနည်းဟုမေးလတ်သော်၊ ပညာရှိ၊ တစ်စုံတစ်ခုသော အာဟာရကိုရသော် ဥပုသ်ဆောက်တည်၍နေအံ့ဟုရပ်၏ဟူ၍ဆို၏။ ဖျံသည်ကောင်းပြီ၊ သင့်အားအာဟာရကိုပေးအံ့ဟုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၈)သတ္တ မေ ရောဟိတာ မစ္ဆာ၊ဥဒကာ ထလ-မုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊စောသေး၏။ နောက်မှသိရအံ့ဟုဆို၍မြေခွေး၏ အထံသို့သွား၏။ မြေခွေးသည်လည်း အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မြေခွေးသည် ကောင်းပြီ၊ လှူအံ့ဟုထိုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၉)ဒုဿ မေ ခေတ္တ-ပါလဿ၊ရတ္တိံ ဘတ္တံ အပါ-ဘတံ။
မံသ-သူလာ စ ဒွေ ဂေါဓံ၊ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏နောက်မှသိရအံ့ဟုဆို၍မျောက်၏အထံသို့သွား၏။ မျောက်သည်လည်းအဘယ်အကျိုးငှာ ရပ်လာသနည်းဟုမေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မျောက်သည် ကောင်းပြီ လှူအံ့ဟုသိကြားမင်းနှင့်တကွပြောလိုရကား။ ။
(၅၇၀)အမ္ဗ-ပက္ကံ ဒကံ သီတံ၊သီတ-စ္ဆာယာ မနော-ရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏၊နောက်မှသိရအံ့ဟုဆို၍ ယုန်ပညာရှိအထံသို့သွား၏။ ယုန်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ ထိုစကားကို ကြား၍ဘုရားလောင်းသည် ဝမ်းမြောက်ခြင်းသို့ရောက်သည်ဖြစ်၍ ပုဏ္ဏားအား အာဟာရအကျိုးငှာ ငါ့အထံသို့လာသော သင်သည်ကောင်းသည်ကိုပြုအပ်၏။ ယနေ့ငါသည်မလှူဖူးသောအလှူကိုလှူအံ့။ သင်သည်ကားသီလရှိ၏၊ ပါဏာတိပါတ်ကိုမပြုလတ္တံ့။ ပုဏ္ဏား၊ သွားချေ၊ အထူးထူးသော ထင်းတို့ကိုစု၍မီးကျီးပြု၍ငါ့အားကြားလော့။ ငါသည်ကိုယ်ကိုစွန့်၍မီးကျီးစု၌ဆင်းအံ့။ ငါ၏ကိုယ်သည်ကျက်လတ်သော် သင်သည်အသားကိုစား၍ရဟန်းတရားကိုကျင့်လော့ဟု သိကြားနှင့်တကွပြောလိုရကား။ ။
(၅၇၁)န သသဿ တိလာ အတ္ထိ၊န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊မမံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၇၁)ဗြာဟ္မဏ၊ ပုဏ္ဏား။ သသဿ၊ ယုန်အား။ တိလာ၊ နှမ်းတို့သည်။ နအတ္ထိ၊ မရှိကုန်။ မုဂ္ဂါ၊ ပဲနောက်တို့သည်။ နအတ္ထိ၊ မရှိကုန်။ တဏ္ဍုလာပိ၊ ဆန်တို့သည်လည်း။ နအတ္ထိ၊ မရှိကုန်။ ဣမိနာအဂ္ဂိနာ၊ မီးထည့်လေဟုငါဆိုအပ်သောဤသည်မီးဖြင့်။ ပက္ကံ၊ ကျက်သော။ မမံ၊ ငါ့ကို။ တနည်းကား။ မမံ၊ ငါ၏။ မံသံ၊ အသားကို။ ဘုတွာ၊ အလိုအလျောက်ပရဘုတ်၍။ ဝနေ၊ ဤတော၌။ ဝသ၊ ရဟန်းတရားကိုကျင့်သုံး၍နေလော့။ ။
အဒုဿ,ဆိုလိုလျက် အ,ကျေသည်၊ ထို့ကြောင့်၊ဒုဿာတိအဒုဿ,ဟု၊အဋ္ဌကထာဖွင့်သောဝ်။ အမ္ဗပက္ကံဥဒကံ,ဖြတ်။ တနည်း၊ဒကံ,သည်ပင်လျှင်ရေဟောမှတ်။ ။ အာပေါ ပယော ဇလံ ဝါရိ၊ ပါနီယံ သလိလံ ဒကံ၊ အဏ္ဏောနီရံ ဝနံ ဝါလံ၊ တောယံ အမ္ဗု ဒကဉ္စ ကံ။ ။ (အဘိဓာန်)။ ။ ရေဟောပရိယာယ်)။ ။ ယုန်မင်းဆိုသောကာလမီးမရှိသေးငြားသော်လည်းမီးပြုလေဟုယုန်မင်း ဆိုအပ်သောမီးကိုပင်လျှင် မျက်မှောက်ပစ္စက္ခကဲ့သို့ မိမိဉာဏ်၌မြင်ရကား၊ ဣမိနာအဂ္ဂိနာ,ဟုဆိုသတည်း။ ထို့ကြောင့်၊ ယေနာဟံအဂ္ဂိံကရော ဟီတိဝဒါမိဣမိနာအဂ္ဂိနာ,ဟု၊အဋ္ဌကထာမိန့်သောဝ်)။ ။
သသပဏ္ဍိတဇာတကံ ဆဋ္ဌံ။၃၁၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မတံ မတံ ဧဝရောဒထ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမတရောဒနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသော၊ သာဝတ္ထိ ပြည်၌နေသော သူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သင်သည် အစ်ကိုယ်သေသော်အဘယ့်ကြောင့်မငိုသနည်းဟု ဘုရားလောင်းကိုကဲ့ရဲဲ့ကြကုန်၏။ ဘုရားလောင်းသည် ထိုသူတို့၏စကားကို ကြား၍ သင်တို့သည် အလွန်မိုက်သည်၏အဖြစ်ကြောင့် ရှစ်ပါးသော လောကဓံတရားကိုမသိကုန်၍ ငါ့အစ်ကိုယ်သေလတ်သော် ငိုကြကုန်၏။ ငါသည်လည်းသေရအံ့။ ထို့ကြောင့် ငါသည်ကားမငို။ သင်တို့သည် လည်းသေကုန်လတ္တံ့။ ထို့ကြောင့်ငါတို့သည်လည်းသေရကုန်လတ္တံ့ဟု နှလုံးသွင်းကုန်၍ မငိုကြကုန်လင့်။ ခပ်သိမ်းသောသင်္ခါရတို့သည် မမြဲကုန်၊ဖြစ်၍ချုပ်တတ်ကုန်၏။ ထိုသဘောဖြင့်တည်ခြင်းငှာစွမ်းနိုင်သော တစ်ပါးသောသင်္ခါရသည်လည်းမရှိ။ အလွန်မိုက်ကုန်သောသင်တို့သည်မသိအပ်သောသဘောရှိကုန်သော လောကဓံတရား ရှစ်ပါးတို့ကိုမသိ ကုန်၍ငိုကုန်သော်၊ ငါသည်အဘယ်အကျိုးငှာငိုရအံ့နည်းဟုဆို၍။ ။
(၅၇၂)မတံ မတံ ဧဝ ရောဒထ၊န ဟိ တံ ရောဒထ ယော မရိဿတိ။
သဗ္ဗေပိ သရီရ-ဓါရိနော၊အနုပုဗ္ဗေန ဇဟန္တိ ဇီဝိတံ။ ။
(၅၇၃)ဒေဝ-မနုဿာ စတုပ္ပဒါ၊ပက္ခိ-ဂဏာ ဥရဂါ စ ဘောဂိနော။
အသ္မိံ သရီရေ အနိဿရာ၊ရမမာနာဝ ဇဟန္တိ ဇီဝိတံ။ ။
(၅၇၄)ဧဝံ စလိတံ အ-သဏ္ဌိတံ၊သုခ-ဒုက္ခံ မနုဇေသွပေက္ခိယ။
ကန္ဒိတရုဒိတံ နိရတ္ထကံ၊ကိံ ဝေါ သောက-ဂဏာဘိကီရရေ။ ။
(၅၇၅)ဓုတ္တာစ သောဏ္ဍာ အကတာ၊ဗာလာ သူရာ အ-ယောဂိနော။
ဓီရံ မညန္တိ ဗာလော-တိ၊ယေ ဓမ္မဿ အ-ကောဝိဒါ။ ။
ဟူသောလေးဂါထာတို့ကိုဆို၏။ ။
(၅၇၂-၅၇၅)တုမှေ၊ သင်တို့သည်။ မတံမတံဧဝ၊ သေတိုင်းသေတိုင်းသောသူကိုသာလျှင်။ ရောဒထ၊ ငိုကြကုန်၏။ ယော၊ အကြင်သူသည်။ မရိဿတိ၊ သေလတ္တံ့။ တံ၊ ထိုသေလတ္တံ့သောသူကို။ နဟိရောဒထ၊ မငိုကြကုန်။ သဗ္ဗေပိ၊ ကုန်အောင်စုံလည်းဖြစ်ကုန်သော။ သရီရ-ဓာရိနော၊ ကိုယ်ကိုဆောင်သောသူတို့သည်။ အနုပုဗ္ဗေန၊ မိမိတို့သေချိန်ရောက်ကအစဉ်အားဖြင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ။
ဘောဂိနော၊ ခြွေရံစည်းစိမ်နှင့်ပြည့်စုံကုန်သော။ ဒေဝါ၊ နတ်တို့သည်၎င်း။ မနုဿာ၊ လူတို့သည်၎င်း။ စတုပ္ပဒါ၊ အခြေလေးချောင်းရှိသောသတ္တဝါတို့သည်၎င်း။ ပက္ခိဂဏာ၊ ငှက်အပေါင်းတို့သည်၎င်း။ ဥရဂါစ၊ မြွေနဂါးတို့သည်၎င်း။ အသ္မိံသရီရေ၊ ထိုကိုယ်၌။ အနိဿရာ၊ အစိုးမရကုန်သည်ဖြစ်၍။ ရမမာနာဝ၊ ဖြစ်ရာဖြစ်ရာ အရပ်၌မငြီးငွေ့မွေ့လျော် ကုန်လျက်သာလျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ရကုန်၏။ ။
မနုဇေသု၊ လူတို့၌။ ဧဝံ၊ ဤသို့။ စလိတံ၊ အမြဲမတည်တလှုပ်လှုပ်ဖြစ်ထသော။ အသဏ္ဌိတံ၊ ခိုင်ခံ့မြဲမြံစွာ မတည်ထသော။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ အပေက္ခိယ၊ ပညာဉာဏ်ဖြင့်အဖန်ဖန်ကြည့်၍။ ကန္ဒိတရုဒိတံ၊ မြည်တမ်းငိုကြွေးခြင်းသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ကိံ၊ အဘယ့်ကြောင့်။ ဝေါတုမှေ၊ သင်တို့ကို။ သောကဂဏာ၊ စိုးရိမ်ခြင်းအပေါင်းတို့သည်။ အဘိကီရရေ၊ နှိပ်စက်လွှမ်းမိုးကုန်ဘိသနည်း။ ။
ဓုတ္တာစ၊ မိန်းမကြူးသည်ကြွေအံကြူးသည်လည်းဖြစ်ကုန်သော။ သောဏ္ဍာစ၊ သောက်ကြူးစားကြူးသည်လည်းဖြစ်ကုန်သော။ အကတာ၊ သင်အပ်သောအတတ်ပညာ မရှိသည်လည်း ဖြစ်ကုန်သော။ သူရာ၊ မသင့်သောအားဖြင့်နှလုံးသွင်းခြင်းတို့၌ရဲရင့်ကုန်သော။ အယောဂိနော၊ ကောင်းသော ပယောဂကင်းကုန်သော။ ဝါ၊ အားထုတ်သင့်သောသုစရိုက်တို့၌အားထုတ်ခြင်းကင်းကုန်သော။ ဓမ္မဿ၊ ရှစ်ပါးအပြားရှိသော လောကဓံ၌။ အကောဝိဒါ၊ မလိမ်မာကုန်သော။ ယေဗာလာ၊ အကြင်သူမိုက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေဗာလာ၊ ထိုသူမိုက်တို့သည်။ ဓီရံ၊ ဆွေမျိုးတို့၏သေခြင်းအစရှိသည်တို့၌ လောကဓံတရားကိုအမှန်အားဖြင့်သိလျက်သတိဉာဏ်ထိန်း၍ မငိုကြွေးသော ငါကဲ့သို့သောပညာရှိကို။ ဗာလောတိ၊ သူမိုက်ဟူ၍။ မညန္တိ၊ အောက်မေ့ကုန်၏။ ။
(မတံ,စသောရှေးသုံးဂါထာဝေတာလီ။ ဓုတ္တာ,စသောစတုတ္ထဂါထာပထျာဝတ္တ)။ ။
မတရောဒနဇာတကံ သတ္တမံ။၃၁၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံန္တံဝဿန္တသမယံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသာမာသည် တစ်စုံတစ်ခုသောဥပါယ်ဖြင့် အသျှင်သားကိုရှာ၍ခေါ် စေအံ့ဟုကချေသည်တို့ကို ခေါ် စေ၍ တစ်ထောင်သောဥစ္စာကိုပေး၏။ သျှင်မ၊ အသို့ပြုရကုန်အံ့နည်းဟုဆိုကုန်သည်ရှိသော်၊ သင်တို့အား မရောက်သောအရပ်မည်သည်မရှိ။ သင်တို့သည်ရွာနိဂုံးမင်းနေပြည်တို့သို့လှည့်လည် ကုန်လျက်ပွဲသဘင်ပြု၍၊ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကိုသီကြကုန်လော့ဟုကချေသည်တို့ကိုသင်လျက် ရှေးဦးစွာသောဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော်အရှင်သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူစကားပြောဆိုလတ္တံ့။ ထိုအခါ အရှင်သားအား ငါ၏ ရောဂါကင်းနေသည့်အဖြစ်ကိုဆို၍ အရှင်သားကိုခေါ်၍လာကြကုန်လော့။ အကယ်၍မလိုက်လာအံ့၊ သတင်းစကားမှာထားလိုက် ကြကုန်လော့ဟုဆို၍ကချေသည်တို့ကိုလွှတ်လိုက်၏။ ကချေသည်တို့သည်ဗာရာဏသီမှထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့သွားကုန်၏။ ထိုခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရာဇ်၌ နေ၏။ ထိုကချေသည်တို့သည် ထိုအရပ်၌ပွဲသဘင်ပြုကုန်လျက်။ ။
(၅၇၆)ယံ-န္တံ ဝသန္တသမယေ၊ကဏဝေရေသု ဘာဏုသု။
သာမံ ဗာဟာယ ပီဠေသိ၊သာ တံ အာရောဂျမဗြဝိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ခိုးသူကြီးသည် ထိုစကားကိုကြား၍ ကချေသည်သို့ကပ်၍သင်သည် သာမာသည်ရှင်သေး၏ဟုဆို၏။ ငါမယုံဟုကချေသည်နှင့်စကားပြောဆိုလိုရကား။ ။
(၅၇၇)အမ္ဘော န ကိရ သဒ္ဓေယျံ၊ယံ ဝါတော ပဗ္ဗတံ ဝဟေ။
ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊သဗ္ဗမ္ပိ ပထဝိံ ဝဟေ။
ယတ္ထ သာမာ ကာလကတာ၊သာ မံ အာရောဂျမဗြဝိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ကချေသည်သည်ခိုးသူကြီးစကားကိုကြား၍။ ။
(၅၇၈)န စေဝ သာ ကာလကတာ၊န စ သာ အည-မိစ္ဆတိ။
ဧက-ဘတ္တိကိနီ သာမာ၊တမေဝ-အဘိကင်္ခတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်းဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ၊ သာမာဖြင့်ငါအလိုမရှိဟုဆို၍။ ။
(၅၇၉)အ-သန္ထုတံမံ စိရ-သန္ထုတေန၊နိမီနိ သာမာ အဓုဝံ ဓုဝေန။
မယာပိ သာမာ နိမိနေယျ အညံ၊ဣတော အဟံ ဒူရတရံ ဂမိဿံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၇၉)သာမာ၊ သာမာသည်။ အ-သန္ထတံ၊ မပေါင်းပေါ်ဖူးသော။ မံ၊ ငါ့ကို။ စိရသန္ထတေန၊ ကြာမြင့်စွာပေါင်းပေါ်သောသူဋ္ဌေးသားဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ အဓုဝံ၊ မမြဲသောငါ့ကို။ ဓုဝေန၊ မြဲသောလက်ဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ သာမာ၊ သာမာသည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ သွားအံ့။ ။
ငါ တစ်ပါးသောအရပ်သို့သွားသောအဖြစ်ကို သာမာအားပြောကြကုန်ဟုဆို၍။ ထိုကချေသည်တို့၏မြင်စဉ်လျှင် အလွန်မြဲစွာပုဆိုးကို ဝတ်၍စွာမြန်သောအဟုန်ဖြင့်ပြေး၏။ ကချေသည်တို့သည်သွား၍ခိုးသူကြီးပြုသောအမူအရာကိုသာမာအားပြောဆိုကုန်၏။ သာမာသည်နှလုံးမသာ၍ မိမိသဘောဖြင့်လျှင်ကာလကိုလွန်စေ၏။ ။
(ယန္တံ၌တံအနက်မရှိ။ ယံ-တွံရှိမူ၊ တွံ၊ အရှင်သားသည်။ ယံသာမံ၊ အကြင်သာမာကိုပေး။ ။ ကဏဝိရေသုလိုလျက်ဂါထာဖြစ်၍၊ဣ,ကိုဧး,ရေးသည်။ ။ အဘိဓာန်၌ကား။ ကရဝီရောဿမာရကော,ဟုဆို၏။ ။
ဒွယံကရဝီရေ။ ကုစ္ဆိတံရဝန္တိအဿာယေနကရဝီရော၊ဤရော။ အဿေမာရေတိတဿမာရကော။ ။ ၎င်းဋီကာ။ ။ သာမာ၊ သာမာသည်။ ဧကဘတ္တံ၊ တစ်ယောက်သောလင်ကို။ ကိနိ၊ ဝယ်၏၊ ဟုယောဇနာသည်ကားမသင့်။ ။ ဘတ္တုသဒ္ဒါလင်ဟော။ ဒုတိယန္တ ဖြစ်မှု၊ဘတ္တာရံ,နေသင့်၏။ ဘတ္တံ, မသင့်။ ဒွေဘတ္တာနိနဘုဉ္ဇတိ, ဟူသောရှေးစကားကိုထောက်၍၊တစ်ထပ်ထည်းသောထမင်းကိုသာစားသည်၊ယောဇနာသည်)။ ။
ကဏဝေရဇာတကံ အဋ္ဌမံ။၃၁၈။၊
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုသုခံဝတဇီဝါမိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို၊ ကောသမ္ဗီပြည်ကိုမှီ၍ ဆီးတောကျောင်း၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်ရာဟုလာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုငှက်မုဆိုးသည် များစွာကုန်သောခါတို့ကိုယူ၍ ရေသောက်အံ့ဟု ဘုရားလောင်း၏ ကျောင်းသို့ သွား၍ ထိုချိုင့်ကို ဘုရားလောင်းအထံ၌ထား၍ရေကိုသောက်၍ သဲအပြင်၌လျောင်းလျက် အိပ်ပျော်၏။ ခါသည် မုဆိုးအိပ်ပျော်သည်၏အဖြစ်ကိုသိ၍၊ ငါ၏ယုံမှားခြင်းကိုရသေ့ကိုမေးအံ့။ သိသည်ရှိသော် ငါ့အားဖြေလတ္တံ့ဟု ချိုင့်၌နေလျက်လျှင် ဘုရားလောင်းကိုမေးလိုရကား။ ။
(၅၈၀)သုသုခံ ဝတ ဇီဝါမိ၊လဘာမိ စေဝ ဘုဉ္ဇိတုံ။
ပရိပန္ထေ-ဝ တိဋ္ဌာမိ၊ကာ နု ဘန္တေ ဂတီ မမ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုခါ၏ပြဿနာကိုဖြေလိုရကား ဘုရားလောင်းသည်။ ။
(၅၈၁)မနော စေ တေန-ပ္ပဏမတိ၊ပက္ခိ ပါပဿ ကမ္မုနော။
အ-ဝါဝဋဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခါသည်။ ။
( ၅၈၂)ဉာတကော နော နိသိန္နောတိ၊ဗဟု အာဂစ္ဆတေ ဇနော။
ပဋိစ္စ ကမ္မံ ဖုသတိ၊တသ္မိံ မေ သင်္ကတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်။ ။
(၅၈၃)န ပဋိစ္စ ကမ္မံ ဖုသတိ၊မနော စေ န-ပ္ပဒုဿတိ။
အပ္ပေါ-ဿုက္ကဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၃)ပက္ခိ၊ ငှက်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ ပါပကိရိယာ၊ မကောင်းမှုကို ပြုခြင်းငှာ။ စေနပ္ပဒုဿတိ၊ အကယ်၍ မပြစ်မှားအံ့။ ဧဝံသန္တေ၊ ဤသို့နှလုံးမပြစ်မှားသည်ရှိသော်။ တံ၊ သင့်ကို။ ပဋိစ္စ၊ စွဲ၍။ လုဒ္ဒေန၊ မုဆိုးသည်။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ ပါဏာတိပါတ အကုသိုလ်ကံသည်။ တံ၊ သင့်သို့။ နဖုသတိ၊ မရောက်။ အပ္ပေါဿုက္ကဿ၊ မကောင်းမှုကို ပြုခြင်းငှာကြောင့်ကြ အားထုတ်ခြင်းကင်းသော။ ဘဒြဿ၊ စင်ကြယ် ကောင်းမြတ်သည်သာဖြစ်သော။ တေ၊ သင်အား။ ပါပံ၊ မကောင်းမှုအကုသိုလ်ကံသည်။ နဥပလိမ္ပတိ၊ မလိမ်းကျံမကပ်ငြိ။ ။
တိတ္တိရဇာတကံ နဝမံ။၃၁၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သုစဇံဝတနစ္စဇ္ဇိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုစဇ္ဇဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ တစ်ယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် မင်းအားခစားအံ့သောငှာ လာ၍ မိဖုရားနေသောကာလ၌၊ ရှင်မိဖုရား၊ ကျွန်ုပ်တို့သည် ရှင်မိဖုရားတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်ဟုဆို၏။ ဘခင်၊ကျွန်ုပ်သည်တစ်စုံတစ်ခုကိုမရပါ။ ဘခင်အား အဘယ်ကို ပေးရအံ့နည်း။ အရှင်မင်းသည် တောမှလာသော ကာလ၌ တစ်ခုသော တောင်ကိုမြင်၍ ဤတောင်ရွှေဖြစ်သော်ကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု မေးသည်ရှိသော်၊ သင်သည် အဘယ်မည်သောမိန်းမနည်း။ ငါသည်တစ်စုံတစ်ခုကိုမပေးဟုဆို၍ပေးလွယ်သောအရာကိုလည်းမပေး။ ထိုမင်းသည်ယခုအခါကျွန်ုပ်အားအဘယ်မည်သော ဥစ္စာကိုပေးလတ္တံ နည်းဟူသောအနက်ကိုပြလို၍။ ။
(၅၈၄)သုစ္စဇံ ဝတ န-စ္စဇ္ဇိ၊ဝါစာယ အ-ဒဒံ ဂိရိံ။
ကိံ ဟိတဿ စဇ-န္တဿ၊ဝါစာယ အ-ဒဒ ပဗ္ဗတံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(၅၈၄)တာတ၊ ဘခင်။ ဂိရိံ၊ တောင်ကို။ ဝါစာယ၊ စကားမျှဖြင့်လည်း။ အဒဒံ၊ မပေးသောမင်းသည်။ ဝတ၊ စင်စစ်။ သုစဇံ၊ လွယ်သဖြင့်စွန့်ခြင်းငှာ တတ်ကောင်းသော ဝတ္ထုကိုလည်း။ နစ္စဇ္ဇိ၊ မပေးမစွန့်။ ဝါစာယ၊ စကားမျှဖြင့်။ ပဗ္ဗတံ၊ တောင်ကို။ အဒဒံအဒဒန္တော၊ မပေးသောဤမင်းသည်။ မယာ၊ ငါသည်။ ယာစိတဿ၊ တောင်းအပ်သော။ ကိံဟိတဿ၊ကိံဟိတံ၊ အဘယ်အစီးအပွားကို။ စဇန္တော၊ ပေးစွန့်သည်။ အဿ၊ ဖြစ်လိမ့်နည်း။ ။
(ပေးလွယ်သောတောင်ကိုမျှ မပေးဘဲမင်းသည် ငါတောင်းအပ်သော်အဘယ်အစီးအပွားကိုပေးစွန့်လိမ့်နည်းဟူလိုသောဝ်)။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၅၈၅)ယဉှိ ကယိရာ တဉှိ ဝဒေ၊ယံ န ကယိရာ န တံ ဝဒေ။
အ-ကရောန္တံ ဘာသမာနံ၊ပရိဇာနန္တိ ပဏ္ဍိတာ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မိဘုရားသည်မင်းအားလက်အုပ်ချီ၍။ ။
(၅၈၆)ရာဇ-ပုတ္တ နမော တျတ္ထု၊သစ္စေ ဓမ္မေ ဌိတော ဝသိ။
ယဿ တေ ဗျသနံ ပတ္တော၊သစ္စသ္မိံ ရမတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ဤသို့မင်း၏ကျေးဇူးကိုဆိုသောမိဘုရား၏စကားကိုဘုရားလောင်းကြား၍မိဘုရား၏ကျေးဇူးကိုဆိုလိုရကား။ ။
(၅၈၇)ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
သာ ဟိ-ဿ ပရမာ ဘရိယာ၊သ-ဟိရညဿ ဣတ္ထိယော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၇)ကိတ္တိမ၊ ကျေးဇူးသတင်းကျော်စောခြင်းနှင့် ပြည့်စုံသော မင်း။ ယာဘရိယာ၊ အကြင်မယားသည်။ ဒဠိဒ္ဒဿသာမိကဿ ဒဠိဒ္ဒကာလေ၊ လင်ဆင်းရဲသောကာလ၌။ သယမ္ပိ၊ မိမိသည်လည်း။ ဒဠိဒ္ဒီ၊ ဆင်းရဲသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုဆင်းရဲသောလင်ကို။ နပရိစ္စဇတိ၊ တောင်ကပ်ဖားရားသွားတိုင်းလာတိုင်းလုပ်ကျွေးပြုစုလျက်မိမိအသက်နှင့်အတူ ချစ်ကြည်ဖြူသည်ဖြစ်၍မစွန့်မလွှတ်။ အဍ္ဎဿသာမိကဿအဍ္ဎကာလေ၊ လင်,ကြွယ်ဝ ကုံလုံသောကာလ၌။ အဍ္ဎာ၊ မိမိလည်းကြွယ်ဝသည်။ ဟုတွာ၊ ဖြစ်၍။ သာမိကမေဝ၊ လင်သို့သာလျှင်။ အနုဝတ္တတိ၊ အစဉ်လိုက်၏။ သမာနသုခဒုက္ခာ၊ တူမျှသော ချမ်းသာဆင်းရဲရှိသည်။ ဟောတိ၊ ဖြစ်၏။ သာဟိသာဧဝ၊ ထိုမယားသည်သာလျှင်။ အဿ၊ ထိုယောက်ျား၏။ ပရမာ၊ မြတ်သော။ ဘရိယာ၊ မယားကောင်းမည်၏။ သ-ဟိရညဿ၊ ရွှေငွေ ဥစ္စာ များစွာကြွယ်ဝသည်ဖြစ်၍ စိုးရသောစည်းစိမ်၌ တည်သောသူအား။ ဣတ္ထိယော၊ မယားလုပ်ချင်သောမိန်းမတို့မည်သည်။ အနစ္ဆရိယာဧဝ၊ မအံ့လောက်ကုန်သည်သာတည်း။ ။
ဘုရားလောင်းသည်ဤသို့ဆို၍၊ မြတ်သောမင်းကြီး၊ ဤရှင်မိဘုရားသည် ရှင်မင်းကြီး ဆင်းရဲသော ကာလ၊ တော၌နေလျက် အတူဆင်းရဲခံ၏။ ဤမိဘုရားအားချီးမြှောက်ခြင်းကိုပြုသင့်၏ဟုမိဘုရား၏ကျေးဇူးကိုဆို၏။ မင်းသည်ဘုရားလောင်း၏စကားဖြင့် မိဘုရားကျေးဇူးကိုအောက်မေ့၍၊ ပညာရှိ၊သင့်စကားဖြင့် ငါသည် မိဘုရားကျေးဇူးကို အောက်မေ့ပြီဟုဆို၍ မိဘုရားအားခပ်သိမ်းသော စည်းစိမ်ကိုပေး၏။ သင်ပညာရှိသည် မိဘုရားကျေးဇူးကို အောက်မေ့၏ဟုဘုရားလောင်းအားလည်းများစွာသောစည်းစိမ်ကိုပေး၏။ ။
သုစ္စဇဇာတကံ ဒသမံ။၃၂၀။ ပုစိမန္ဒဝဂ္ဂေါ ဒုတိယော။ ။ တဿု-ဒ္ဒါနံ။ ။
အထစောရကဿပခန္တိဝရော၊ဒုဇ္ဇီဝိတတာစဝရာဖရုသာ။
အထသသမတဉ္စဝသန္တသုခံ၊သုစဇံဝတနစ္စဇိနာစဒသ။ ။