Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

335. Jambukajātakaṃ (4-4-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗြဟာပဝဍ္ဎကာယော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဇမ္ဗုကဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ခြင်္သေ့စားကြွင်းဖြင့် ဆူဖြိုးသောကိုယ်ရှိသည်၏အဖြစ်သို့ ရောက်သော ထိုမြေခွေးအားတစ်နေ့သ၌ မာနရှိသည်ဖြစ်၏။ ထိုမြေခွေးသည် ခြင်္သေ့သို့ကပ်၍၊ အရှင်၊ အကျွန်ုပ်သည်အခါခပ်သိမ်းအရှင်တို့၏အလုပ်အကျွေးကိုခံ၍ အရှင်တို့သည်အခါခပ်သိမ်းအမဲကိုဆောင်ယူ၍ အကျွန်ုပ်ကိုကျွေးမွေးကုန်၏။ ယနေ့အရှင်သည်ဤနေရာ၌လျှင်နေလော့၊ အကျွန်ုပ်တစ်ခုသောဆင်ကိုသတ်၍အသားကိုစား၍ အရှင်သို့ဆောင်ခဲ့အံ့ဟုဆို၏။ ခြင်္သေ့သည်၊ မြေခွေး၊ သင်သည်ထိုအမှုကိုမနှစ်သက်လင့်။ သင်သည်ဆင်ကိုသတ်၍အသားကိုစားသောအမျိုး၌မဖြစ်။ ငါသည်သင်အားဆင်ကိုသတ်၍ပေးအံ့။ ဆင်မည်သည်ကားကြီးသောကိုယ်ရှိ၏။ သင်သည် ဆင်ကိုမဖမ်းလင့်၊ ငါ့စကားကိုနားထောင်လော့ဟုဆို၏။ ။

(၆၄၄)ဗြဟာ ပဝဍ္ဎကာယော သော၊ဒီဃဒါဌော စ ဇမ္ဗုက။

န တွံ တတ္ထ ကုလေ ဇာတော၊ယတ္ထ ဂဏှန္တိ ကုဉ္ဇရံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၆၄၄)ဇမ္ဗုက၊ မြေခွေး။ သောကုဉ္ဇရော၊ ထိုဆင်သည်။ ဗြဟာ၊ အလုံးအဖန်လည်းကြီးမား၏။ ပဝဍ္ဎကာယော၊ အထက်သို့မြင့်သောကိုယ်လည်းရှိ၏။ ဒီဃဒါဌောစ၊ ရှည်သောအစွယ်လည်းရှိ၏။ ယတ္ထ၊ အကြင်ခြင်္သေ့မျိုး၌။ ကုဉ္ဇရံ၊ ဆင်ကို။ ဂဏှန္တိ၊ ဖမ်းနိုင်ကုန်၏။ တတ္ထကုလေ၊ ထိုဆင်ကိုဖမ်းနိုင်သောခြင်္သေ့မျိုး၌။ တွံ၊ သင်သည်။ နဇာတော၊ မဖြစ်။ ဝါရဏံ၊ ဆင်ကို။ တွံ၊ သင်သည်။ မာဂဏှ၊ မဖမ်းလင့်။ ။

မြေခွေးသည် ခြင်္သေ့တားမြစ်လျက်လျှင် လိုဏ်မှထွက်၍ သုံးကြိမ်မြေခွေးသံကိုမြည်၍ တောင်ထိပ်၌ရပ်လျက် တောင်ခြေရင်းကို ကြည့်လတ်သော်၊ တောင်ခြေရင်းဖြင့် လာလတ်သော တစ်ခုသောမည်းသော ဆင်ကိုမြင်၍ခုန်၍ထိုဆင်၏ ဦးကင်း၌ကျအံ့ဟုလှိမ့်၍ဆင်း၍ ဆင်၏ခြေရင်း၌ကျ၏ ဆင်သည်ရှေ့ခြေကိုကြွ၍ မြေခွေး၏ဦးခေါင်းကို မုန့်မုန့်ကြေစေ၏။ မြေခွေးသည် ထိုအရပ်၌လျှင်ညည်းညူလျက် အိပ်၏။ ဆင်သည်ကြိုးကြာသံနှင့်တူသောအသံကိုမြည်လျက် ဖဲ၏။ ဘုရားလောင်းသည်သွား၍ တောင်ထိပ်၌ရပ်လျှင် ပျက်စီးခြင်းသို့ရောက်သော ထိုမြေခွေးကိုမြင်၍။ မိမိမာနကိုမှီ၍မြေခွေးသည်ပျက်စီး၏ဟု။ ။

(၆၄၅)အသီဟော သီဟ-မာနေန၊ယော အတ္တာနံ ဝိကုဗ္ဗတိ။

ကောဏ္ဍံဝ ဂဇမာသဇ္ဇ၊သေတိ ဘူမျာ အနုတ္ထုနံ။ ။

(၆၄၆)ယသဿိနော ဥတ္တမ-ပုဂ္ဂလဿ၊သဉ္ဇာတ-ခန္ဓဿ မဟဗ္ဗလဿ။

အသမေက္ခိယ ထာမ-ဗလူပပတ္တိံ၊သ သေတိ နာဂေန ဟတောယံ ဇမ္ဗုကော။ ။

(၆၄၇)ယော စီဓ ကမ္မံ ကုရုတေ ပမာယ၊ထာမဗ္ဗလံ အတ္တနိ သံဝိဒိတွာ။

ဇပ္ပေန မန္တေန သုဘာသိတေန၊ပရိက္ခဝါ သော ဝိပုလံ ဇိနာတိ။ ။

ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။

(၆၄၅-၆၄၇)အယံကုဏ္ဍော၊ ဤဉာဏ်တုံးသောမြေခွေးသည်။ အသီဟော၊ မိမိခြင်္သေ့မဟုတ်ဘဲလျက်။ သီဟမာနေန၊ ငါခြင်္သေ့ဟူသောမာနဖြင့်။ ဝါ၊ ခြင်္သေ့၏မာနကဲ့သို့သောမာနဖြင့်။ ဝိကုဗ္ဗန္တော၊ ဖောက်ပြန်၍ပြုလျက်။ (ထည့်)။ ဂဇံ၊ ဆင်ပြောင်ကို။ အာသဇ္ဇ၊ ထိပါး၍။ အနုတ္ထုနံအနုတ္ထုနန္တော၊ ညည်းညူလျက်။ ဘုမျာဘူမိယာ၊ မြေ၌။ သေတိဣဝ၊ အိပ်ရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ အညော၊ မြေခွေးမှတစ်ပါးသော။ ဒုဗ္ဗလော၊ အားနည်းသော။ ယော၊ အကြင်သတ္တဝါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝိကုဗ္ဗတိ၊ ဖောက်ပြန်၍ပြုအံ့။ ဗလဝတာ၊ အားရှိသောသတ္တဝါနှင့်တကွ။ ဝိဂ္ဂဟံ၊ ခိုက်ရန်ကို။ ကရောတိ၊ ပြုအံ့။ (ဝိကုဗ္ဗတိကိုဖွင့်သည်)။ သောပိ၊ ထိုမြေခွေးမှတစ်ပါးသောသတ္တဝါသည်လည်း။ ဧဝရူပေါဝ၊ ဤမြေခွေးကဲ့သို့ဆင်းရဲသို့ရောက်သောသဘောရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်တတ်၏။ ။

(ဤဂါထာ၌၊ ကုဏ္ဍံဝ,ဟုရှိ၏သိင်္ဂါလောဝဟူသော အဋ္ဌကထာကိုထောက်လျှင် ကုဏ္ဍောဝ,လိုမည် ထင်သည်။ အကယ်၍ လိင်္ဂဝိပလ္လာသကြံမူကား မထောင်းတာ။ ကုဏ္ဍံဝပင်နေရာ၏။ ။ ကုဏ္ဍဝါရှိသည်ကားမသင့်။ ။ ဣဒံဝုတ္တံဟောတိယထာ အယံကုဏ္ဍောမဟန္တံဝေဒနံပတွာ အနုတ္ထုနန္တော ဘူမိယံသေတိ၊ဧဝံယော အညောဒုဗ္ဗလောဗလဝတာ ဝိဂ္ဂဟံကရောတိ၊ သောပိဧဝရူပေါဝဟေါတီတိ,ဟူသောအဋ္ဌကထာကိုမျှော်၍အဓိပ္ပါယ်ပေါ်အောင်အတ္ထယောဇနာသည်)။ ။ ယသဿိနောဣဿရိယဝတော၊ အစိုးရခြင်းရှိထသော။ ဥတ္တမပုဂ္ဂလဿ၊ ကာယဗလဉာဏဗလဖြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ထသော။ သဉ္ဇာတခန္ဓဿ၊ ကောင်းစွာတည်သောကြီးကျယ်သောပခုံးရှိထသော။ မဟဗ္ဗလဿ၊ ကြီးမားသောအားအစွမ်းရှိထသော။ သီဟဿ၊ ခြင်္သေ့၏။ (ထည့်)။ ထာမဗလူပပတ္တိံ၊ ခြင်္သေ့၏အစွမ်းအားခြင်္သေ့၏ဇာတ်ဟူသောဥပပါတ်ကို။ အသမေက္ခိယ၊ ဉာဏ်ဖြင့်မဆင်ခြင်မူ၍။ ဝါ၊ မသိမမြင်မူ၍။ အတ္တာနံ၊ မိမိကိုယ်ကို။ သီဟေန၊ ခြင်္သေ့နှင့်။ သဒိသံ၊ တူ၏ဟူ၍။ မညမာနော၊ မှတ်ထင်သော။ သသော အယံဇမ္ဗုကော၊ ထိုဆိုအပ်ပြီးသောဤမြေခွေးသည်။ နာဂေန၊ ဆင်ပြောင်သည်။ ဟတော၊ နင်းသတ်အပ်သည်ဖြစ်၍။ သေတိ၊ သေသောအိပ်ခြင်း စင်းစင်းအိပ်ရာ၏။ ။

စ၊ အထူးကိုဆိုအံ့။ ဣဓလောကေ၊ ဤလူ့ ရွာ၌။ ပရိက္ခဝါ၊ ဆင်ခြင်စူးစမ်းတတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနိ၊ မိမိ၌။ ထာမဗလံ၊ ထင်ရှားရှိသောကိုယ်အစွမ်း ဉာဏ်အစွမ်းကို။ သံဝိဒိတွာ၊ ငါ၌ဤရွေ့ဤမျှသောကိုယ်စွမ်းဉာဏ်စွမ်းရှိ၏ဟုသိပြီး၍။ ဇပ္ပေန၊ မန္တရားမန္တန် စိပ်သဖြင့်၎င်း။ မန္တေန၊ တစ်ပါးသော ပညာရှိတို့နှင့်နှိုင်းညှိတိုင်ပင်သဖြင့်၎င်း။ သုဘာသိတေန၊ သစ္စာအစရှိသော ကျေးဇူးနှင့်ယှဉ်သော အပြစ်ကင်းသော စကားကောင်းဖြင့်၎င်း။ ပမာယပမိနိတွာ၊ စူးစူးစမ်းစမ်းနှိုင်းနှိုင်းယှဉ်ယှဉ်ပြု၍။ ကမ္မံ၊ ပြုဖွယ်ကိစ္စဟူသမျှကို။ ကုရုတေ၊ ပြုတတ်၏။ သောတာဒိသော၊ ထိုသို့သောသဘောရှိသောသူသည်။ ဝိပုလံ၊ ပြန့်ပြောကြီးကျယ် ထူးမြတ်သောအကျိုးကို။ ဇိနာတိ၊ အောင်နိုင်၏။ ဝါ၊ ရ၏။ ။

ထာမသင်္ခါတံဗလံထာမဗလံ၊ပြု၍ ထာမနှင့်ဗလအတ္ထ တူသည်။ ခြင်္သေ့၏ဇာတိကိုဥပပတ္တိဆိုသည်။ ။

ဇမ္ဗုကဇာတကံ ပဉ္စမံ။၃၃၅။