Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

330. Sīlavīmaṃsajātakaṃ (4-3-10)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သီလံကိရေဝကလျာဏံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ သီလကိုစုံစမ်းတတ်သော ပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏ ။ ။

ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပုရောဟိတ်ဖြစ်၏။ ထိုဘုရားလောင်းသည် မိမိသီလကိုစုံစမ်းလိုရကား။ သုံးရက်ပတ်လုံး ရွှေပန်းထိမ်သည်၏ပျဉ်အသပြာကိုယူ၏။ ဘုရားလောင်းကိုခိုးသူဟုဖမ်း၍မင်းအားပြကုန်၏။ ဘုရားလောင်းသည်မင်း၏အထံ၌တည်လျက်။ ။

(၆၂၄)သီလံ ကိရေဝ ကလျာဏံ၊သီလံ လောကေ အနုတ္တရံ။

ပဿ ဃောရ-ဝိသော နာဂေါ၊သီလဝါတိ န ဟညတိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၆၂၄)မဟာရာဇ၊ မြတ်သောမင်းကြီး။ လောကေ၊ လူ့ရွာ၌။ သီလံဧဝ၊ သီလသည်သာလျှင်။ ကလျာဏံကိရ၊ ကောင်းသတတ်။ သီလံဧဝ၊ သီလသည်သာလျှင်။ အနုတ္တရံကိရ၊ အတုမရှိမြတ်သတတ်။ ပဿ၊ ရှုပါလော့။ ဃောရဝိသော၊ ကြမ်းသောအဆိပ်ရှိသော။ နာဂေါ၊ မြွေကို။ သီလဝါတိ၊ သီလရှိသောမြွေဟူ၍။ နဟညတိ၊ မညှဉ်းဆဲအပ်။ ။

ဤဂါထာဖြင့် သီလကိုချီးမွမ်း၍ မင်းကိုရဟန်းကိုခွင့်ပြုစေ၍ရဟန်းပြုအံ့သောငှါသွား၏။ ထိုအခါ တစ်နေ့သ၌ စွန်သည်ဈေးမှ အမဲအသားတစ်ကိုချီ၍ ကောင်းကင်၌ပျံ၏။ ထိုစွန်ကို တစ်ပါးသောငှက်တို့သည် ဝန်းရံ၍ ခြေသည်းဖျား,နှုတ်သီး စသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်သည် ဆင်းရဲကို သည်းခံအံ့သောငှါမတတ်နိုင်၍ အသားတစ်ကိုစွန့်၏။ တစ်ခုသောစွန်သည်ယူ၏။ ထိုအသားတစ်ကိုယူသောစွန်သည်လည်းတစ်ပါးသောငှက်တို့သည်ညှဉ်းဆဲအပ်သည်ရှိသော် ရှေးအတူလျှင်စွန့်၏။ ထိုအခါတစ်ပါးသောစွန်သည် ယူပြန်၏။ ထိုငှက်တို့တွင် အကြင်အကြင်ငှက်သည် ယူ၏။ ထိုထိုငှက်ကိုတစ်ပါးသောငှက်တို့သည်လိုက်ကုန်၏။ အကြင်အကြင် ငှက်တို့သည်စွန့်၏။ ထိုထိုငှက်သည် ချမ်းသာသည်လျှင်ဖြစ်၏။ ဘုရားလောင်းသည်မြင်၍၊ ဤကာမတို့မည်သည်ကား အသားတစ်နှင့် တူကုန်၏။ ဤကာမကိုယူကုန်သော သူတို့အားသာလျှင် ဆင်းရဲဖြစ်၏။ စွန့်ကုန်သောသူတို့အားချမ်းသာ၏ဟုကြံ၍။ ။

(၆၂၅)ယာဝဒေဝဿဟူ ကိဉ္စိ၊တာဝဒေဝ အခါဒိသုံ။

သင်္ဂမ္မ ကုလလာ လောကေ၊န ဟိံသန္တိ အကိဉ္စနံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၆၂၅)ယာဝဒေဝ၊ အကြင်မျှလောက်သော ကာလပတ်လုံးလျှင်။ အဿ၊ ထိုစွန်အား။ ကိဉ္စိ၊ နှုတ်သီးဖြင့်ချီအပ်သော တစ်စုံတစ်ခုသော သားတစ်သည်။ အဟု၊ ရှိ၏။ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံးလျှင်။ နံ၊ ထိုသားတစ်ချီသောစွန်ကို။ လောကေ၊ လူ့ပြည်၌။ ကုလလာ၊ စွန်အပေါင်းတို့သည်။ သင်္ဂမ္မ၊ ကပ်၍။ အခါဒိသုံ၊ ထိုးဆိတ်ကုန်၏။ တသ္မိံ၊ ထိုသားတစ်ကို။ ဝိဿဋ္ဌေပန၊ စွန့်လွှတ်အပ်သော်ကား။ အ-ကိဉ္စနံနိပ္ပလိဗောဓံ၊ ကြောင့်ကြစရာ သားတစ်မရှိသော။ တမေနံ၊ ထိုငှက်ကို။ သေသ ပက္ခိဂဏာ၊ ကြွင်းသောငှက်အပေါင်းတို့သည်။ နဟိံသန္တိ၊ မညှဉ်းဆဲကုန်။ ။

ထိုဘုရားလောင်းသည်မြို့မှထွက်၍ ခရီးအကြားတစ်ခုသောရွာဝယ် ညချမ်းအခါ တစ်ခုသောအိမ်၌အိပ်၏။ ထိုအိမ်၌ ပိင်္ဂလာမည်သောကျွန်မသည် ဤမည်သောအချိန်၌လာလော့ဟုယောက်ျားတစ်ယောက်နှင့်တကွ ချိန်းချက်ခြင်းကိုပြု၏။ ထိုပိင်္ဂလာမည်သောကျွန်မသည် အရှင်တို့၏ ခြေတို့ကိုဆေး၍ အရှင်တို့သည် အိပ်ကုန်လတ်သော်၊ ထိုယောက်ျား၏ လာခြင်းကို မြှော်လျက် တံခါးခုံ၌ထိုင်၍ ယခုလာလတ္တံ့၊ ယခုလာလတ္တံ့ဟု ပဌမယံ၊မဇ္ဈိမယံတို့ကိုလွန်စေ၏။ မိုးသောက်ထ၌ကား ယခုထိုယောက်ျားသည် မလာပြီဟုအာသာပြတ်လျက်လျောင်း၍အိပ်ပျော်ခြင်းသို့ ရောက်၏။ ဘုရားလောင်းသည် ဤအကြောင်းကိုမြင်၍ ဤကျွန်မသည်ထိုယောက်ျားကား ယခုလာလတ္တံ့ဟူသောအမှတ်ဖြင့် ဤမျှလောက်သောကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ၌ကား ထိုယောက်ျား၏မလာအံ့သောအဖြစ်ကိုသိ၍ အာသာပြတ်ရကား ချမ်းသာစွာအိပ်၏။ ကိလေသာတို့၌တောင့်တခြင်းအာသာမည်သည်ကားဆင်းရဲ၏။ အာသာမရှိသောအဖြစ်သည်လျှင်ချမ်းသာ၏ဟုကြံ၍။ ။

(၆၂၆)သုခံ နိရာသာ သုပတိ၊အာသာ ဖလဝတီ သုခါ။

အာသံ နိရာသံ ကတွာန၊သုခံ သုပတိ ပိင်္ဂလာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၆၂၆)နိရာသာ၊ အာသာပြတ်ကင်းမူ။ ဝါ၊ အာသာပြတ်ကင်းသည်ကိုပြု၍။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ ဖလဝတီ၊ ရအပ်ပြီးသော အကျိုးရှိသော။ အာသာ၊ အာသာသည်။ သုခါ၊ ချမ်းသာ၏။ အာသံ၊ တောင့်တသော အာသာကို။ နိရာသံကတွာန၊ အာသာပြတ်ကင်းသည်ကို ပြု၍။ ဝါ၊ အာသာကိုဖြတ်ပယ်စွန့်ခွာ၍။ ပိင်္ဂလာ၊ ပိင်္ဂလာမည်သော ကျွန်မသည်။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။

ထိုဘုရားလောင်းသည်နက်ဖြန်ထိုရွာမှတောသို့ဝင်လတ်သော်ဈာန်ဝင်စား၍နေသော တစ်ပါးသော ရသေ့ကိုမြင်၍၊ဤပစ္စုပ္ပန်လောက,တမလွန်လောက၌ ဈာန်ချမ်းသာထက် လွန်မြတ်သော ချမ်းသာမည်သည် မရှိဟုကြံ၍။ ။

(၆၂၇)န သမာဓိပရော အတ္ထိ၊အသ္မိံ လောကေ ပရမှိ စ။

န ပရံ နာပိ အတ္တာနံ၊ဝိဟိံသတိ သမာဟိတော။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၆၂၇)အသ္မိံ လောကေ၊ မျက်မြင်ပစ္စက္ခ ဤလောက၌၎င်း။ ပရမှိစ၊ မျက်ကွယ် တမလွန်လောက၌၎င်း။ သမာဓိပရော၊ သမာဓိထက် မြတ်သော သမာဓိထက်လွန်သောသမာဓိမှတစ်ပါးသောသုခတရားသည်။ နအတ္ထိ၊ မရှိ။ ဟိသစ္စံ၊ မှန်၏။ (ထည့်)။ သမာဟိတော၊ ဥပစာရသမာဓိ,အပ္ပနာသမာဓိနှင့်ပြည့်စုံသော သူသည်။ ပရံပိ၊ သူတစ်ပါးကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်း။ နဝိဟိံသတိ၊ မညှဉ်းဆဲ။ ။

အခါဒိသုံ၌ဥုံဝိဘတ်ကိုဣံ သုပြု၍ အခါဒိံ သုရှိလိုလျက်ဆန်းအလို့ငှါ နိဂ္ဂဟိတ်ကိုပြောင်း၍၊ အခါဒိသုံ,နေသည်။ အာသာဖလဝတိသုခါဝယ်အဓိပ္ပါယ်သော်ကား။ အကြင်တောင့်တအာသာ၏အကျိုးကို သိဝီမင်းကြီးထိုသို့ရအပ်ပြီ။ ထိုအာသာသည် အကျိုးသုခဖြစ်သောကြောင့် သုခမည်သတည်း။ အကြင်အာသာ၏အကျိုးကိုပိင်္ဂလာမည်သောကျွန်မတို့ကဲ့သို့ ချိန်းချက်သော ယောက်ျားမလာ၍ မရပါသေး၊ ထိုအာသာသည် တစ်တောင့်တတ မအိပ်တတ်, မစားတတ်, ဆင်းရဲကို ဖြစ်စေတတ်သောကြောင့်ဒုက္ခဟူလိုသတည်း။ ။

သီလဝီမံသဇာတကံ ဒသမံ။၃၃၀။ ကုဋိဒူသကဝဂ္ဂေါ တတိယော။ ။