နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုသုခံဝတဇီဝါမိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို၊ ကောသမ္ဗီပြည်ကိုမှီ၍ ဆီးတောကျောင်း၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်ရာဟုလာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုငှက်မုဆိုးသည် များစွာကုန်သောခါတို့ကိုယူ၍ ရေသောက်အံ့ဟု ဘုရားလောင်း၏ ကျောင်းသို့ သွား၍ ထိုချိုင့်ကို ဘုရားလောင်းအထံ၌ထား၍ရေကိုသောက်၍ သဲအပြင်၌လျောင်းလျက် အိပ်ပျော်၏။ ခါသည် မုဆိုးအိပ်ပျော်သည်၏အဖြစ်ကိုသိ၍၊ ငါ၏ယုံမှားခြင်းကိုရသေ့ကိုမေးအံ့။ သိသည်ရှိသော် ငါ့အားဖြေလတ္တံ့ဟု ချိုင့်၌နေလျက်လျှင် ဘုရားလောင်းကိုမေးလိုရကား။ ။
(၅၈၀)သုသုခံ ဝတ ဇီဝါမိ၊လဘာမိ စေဝ ဘုဉ္ဇိတုံ။
ပရိပန္ထေ-ဝ တိဋ္ဌာမိ၊ကာ နု ဘန္တေ ဂတီ မမ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုခါ၏ပြဿနာကိုဖြေလိုရကား ဘုရားလောင်းသည်။ ။
(၅၈၁)မနော စေ တေန-ပ္ပဏမတိ၊ပက္ခိ ပါပဿ ကမ္မုနော။
အ-ဝါဝဋဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခါသည်။ ။
( ၅၈၂)ဉာတကော နော နိသိန္နောတိ၊ဗဟု အာဂစ္ဆတေ ဇနော။
ပဋိစ္စ ကမ္မံ ဖုသတိ၊တသ္မိံ မေ သင်္ကတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်။ ။
(၅၈၃)န ပဋိစ္စ ကမ္မံ ဖုသတိ၊မနော စေ န-ပ္ပဒုဿတိ။
အပ္ပေါ-ဿုက္ကဿ ဘဒြဿ၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၃)ပက္ခိ၊ ငှက်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ ပါပကိရိယာ၊ မကောင်းမှုကို ပြုခြင်းငှာ။ စေနပ္ပဒုဿတိ၊ အကယ်၍ မပြစ်မှားအံ့။ ဧဝံသန္တေ၊ ဤသို့နှလုံးမပြစ်မှားသည်ရှိသော်။ တံ၊ သင့်ကို။ ပဋိစ္စ၊ စွဲ၍။ လုဒ္ဒေန၊ မုဆိုးသည်။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ ပါဏာတိပါတ အကုသိုလ်ကံသည်။ တံ၊ သင့်သို့။ နဖုသတိ၊ မရောက်။ အပ္ပေါဿုက္ကဿ၊ မကောင်းမှုကို ပြုခြင်းငှာကြောင့်ကြ အားထုတ်ခြင်းကင်းသော။ ဘဒြဿ၊ စင်ကြယ် ကောင်းမြတ်သည်သာဖြစ်သော။ တေ၊ သင်အား။ ပါပံ၊ မကောင်းမှုအကုသိုလ်ကံသည်။ နဥပလိမ္ပတိ၊ မလိမ်းကျံမကပ်ငြိ။ ။
တိတ္တိရဇာတကံ နဝမံ။၃၁၉။