Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

326. Kakkārujātakaṃ (4-3-6)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယေနယော နာဝဟရေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

နတ်သားတို့သည်ကက္ကာရုမည်သော နတ်ပန်းတို့သည်ကားအာနုဘော်ကြီးကုန်၏။ နတ်တို့အားသာလျှင်ထိုက်ကုန်၏။ လူ့ ပြည်၌ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်သောနှလုံးသွင်းရှိကုန်သော သီလမရှိကုန်သောသူတို့အားမထိုက်ကုန်။ အကြင်လူတို့သည်ကား ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သောဂုဏ်တို့နှင့် ပြည့်စုံကုန်၏။ ထိုလူတို့ အားထိုက်ကုန်၏ဟုဆိုကုန်၏။ ဤသို့ဆိုပြီး၍ ထိုနတ်သားတို့တွင် နတ်သားကြီးသည်။ ။

(၆ဝ၈)ကာယေန ယော နာ-ဝဟရေ၊ဝါစာယ န မုသာ ဘဏေ။

ယသော လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၆၀၈)ယော၊ အကြင်သူသည်။ ကာယေန၊ ကိုယ်ဖြင့်။ ပရသန္ထကံ၊ သူတစ်ပါးဥစ္စာကို။ တိဏကလာပံပိ၊ မြက်တစ်ဆုပ်ကိုမျှလည်း။ နာဝဟရေ၊ မခိုးမယူ။ ဝါစာယ၊ နှုတ်ဖြင့်။ ဇီဝိတံ၊ အသက်ကို။ ပရိစ္စဇမာနောပိ၊ စွန့်ရသော်လည်း။ မုသာ၊ မုသာဝါဒကို။ နဘဏေ၊ မဆို။ ယသော၊ အစိုးရသောစည်းစိမ်ကို။ လဒ္ဓါ၊ ရ၍။ နမဇ္ဇေယျ၊ စည်းစိမ်ရပ်၍မကောင်းမှုကိုမပြုရာ။ သောဧဝရူပေါ၊ ဤသို့သောဂုဏ်နှင့်ပြည့်စုံသော သဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုမည်သောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။

ထိုစကားကိုကြား၍ ပုရောဟိတ်သည်ငါ့အားဤကျေးဇူးတို့တွင်တစ်ခုသောကျေးဇူးသည်မျှလည်းမရှိ၊ မဟုတ်မမှန်သောစကားကိုဆို၍ ထိုပန်းတို့ကိုယူ၍ပန်အံ့။ ဤသို့ပန်ဆင်သည်ရှိသော် လူများသည် ငါ့ကိုဤပုဏ္ဏားကားကျေးဇူးနှင့်ပြည့်စုံသောသူတည်းဟု သိလတ္တံ့ ဟုကြံ၏။ ကြံပြီး၍ ထိုပုရောဟိတ်သည် ကျွန်ုပ် ထိုကျေးဇူးနှင့် ပြည့်စုံ၏ဟုဆို၍ ထိုကက္ကာရုပန်းတို့ကိုပေးစေ၍ ပန်ဆင်၍ နှစ်ယောက်မြောက်သော နတ်သားကိုတောင်း၏။ ထိုနတ်သားသည်လည်း။ ။

(၆ဝ၉)ဓမ္မေန ဝိတ္တ-မေသေယျ၊န နိကတျာ ဓနံ ဟရေ။

ဘောဂေ လဒ္ဓါ န မဇ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၆၀၉)ယော၊ အကြင်သူသည်။ ဓမ္မေန၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော ဖြောင့်မှန်သောတရားဖြင့်။ ဝိတ္တံ၊ ရွှေငွေစသောဥစ္စာကို။ ဧသေယျ၊ ရှာရာ၏။ နိကတျာ၊ ကောက်ကျစ်စဉ်းလဲခြင်းဖြင့်။ ဓနံ၊ သူတစ်ပါးဥစ္စာကို။ နဟရေ၊ မဆောင်မယူရာ။ ဘောဂေ၊ အဝတ်တန်းဆာများစွာသောအသုံးအဆောင်တို့ကို။ လဒ္ဓါ၊ ရ၍။ နမဇ္ဇေယျ၊ စည်းစိမ်ရစ်၍မေ့လျော့သဖြင့်မကောင်းမှုကိုမပြုရာ။ သောဧဝရူပေါ၊ ထိုဆိုအပ်ပြီးသဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုအမည်ရှိသောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။

ပုရောဟိတ်သည်ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၍သုံးယောက်မြောက်သောနတ်သားကိုတောင်း၏။ သုံးယောက်မြောက်သော နတ်သားသည်လည်း။ ။

(၆၁၀)ယဿ စိတ္တံ အ-ဟာလိဒ္ဒ၊သဒ္ဓါ စ အ-ဝိရာဂိနီ။

ဧကော သာဒုံ န ဘုဉ္ဇေယျ၊သ ဝေ ကက္ကာရု-မရဟတိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၆၁ဝ)ယဿ၊ အကြင်သူ၏။ စိတ္တံ၊ စိတ်သည်။ အ-ဟာလိဒ္ဒံ၊ နနွင်းဆိုးရည်ကဲ့သို့ လျင်မြန်စွာ ပြယ်တတ်သည်မဟုတ်ဘဲ မြဲမြံသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သဒ္ဓါစ၊ ကံကံ၏အကျိုးကို၎င်း ယုံကြည်ထိုက်သော ဘုရားစသောသူတော်ကောင်းတို့၏စကားကို၎င်း ယုံကြည်သောသဒ္ဓါတရားသည်။ အ-ဝိရာဂိနီ၊ အနည်းငယ်ဖြင့်လျှင်ပြယ်ခြင်း ပျက်စီးခြင်းရှိသည်လည်းမဟုတ်။ ယာစကေဝါ၊ တောင်းသောသူတို့ကို၎င်း။ သံပိဘာဂါရဟေဝါ၊ တောင်းသောသူမှတစ်ပါး ဝေဖန်ကမ်းခြင်းငှာ ထိုက်သောသူတို့ကို၎င်း။ ဗဟိကတွာ၊ အပပြု၍။ ဧကော၊ တစ်ယောက်အထီးတည်း။ သာဒုံ၊ ကောင်းမွန်သာယာရသာထူးထွေကို။ နဘုဉ္ဇေယျ၊ မသုံးဆောင်ရာ။ သောဧဝရူပေါ၊ ထိုဆိုအပ်ပြီးသောသဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုအမည်ရှိသောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။

ပုရောဟိတ်သည် ကျွန်ုပ်ထိုဂုဏ်တို့နှင့်ပြည့်စုံ၏ဟုဆို၍ ထိုနတ်ပန်းတို့ကိုပေးစေ၍ပန်ဆင်၍ လေးယောက်မြောက်သောနတ်သားကိုတောင်း၏။ ထိုနတ်သားသည်။ ။

(၆၁၁)သမ္မုခါ ဝါ တိရောက္ခာ ဝါ၊ယော သန္တေ န ပရိဘာသတိ။

ယထာဝါဒီ တထာ-ကာရီ၊သ ဝေ ကက္ကာရု-မရဟတိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၆၁၁)ယော၊ အကြင်သူသည်။ သမ္မုခါဝါ၊ မျက်မှောက်၌၎င်း။ ပရံမုခါဝါ၊ မျက်ကွယ်၌၎င်း။ သန္တေ၊ သီလပညာသမာဓိက္ခန်စသောဂုဏ်နှင့်ပြည့်စုံသောပညာရှိသူတော်ကောင်းတို့ကို။ နပရိဘာသတိ၊ မဆဲရေး။ ယထာဝါဒီ၊ အကြင်အခြင်းဖြင့်ဆိုလေ့ရှိ၏။ တထာကာရီ၊ ထိုအခြင်းဖြင့်ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သောဧဝရူပေါ၊ ထိုဆိုအပ်ပြီးသော သဘောရှိသောသူသည်။ ဝေ၊ စင်စစ်။ ကက္ကာရုံ၊ ကက္ကာရုအမည်ရှိသောနတ်ပန်းကို။ အရဟတိ၊ ထိုက်၏။ ။

ပုရောဟိတ်သည် ပေးလော့၊ကျွန်ုပ်ထိုကျေးဇူးတို့နှင့်ပြည့်စုံ၏ဟုဆို၍၊ ထိုပန်းတို့ကိုပေးစေ၍ပန်ဆင်၏။ နတ်သားတို့သည်လေးခုသောပန်းကုံးတို့ကိုပုရောဟိတ်အားပေး၍နတ်ပြည်သို့လျှင်သွားကုန်၏။ နတ်သားတို့သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသည်ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသော အသွားဖျားရှိသော ဆောက်ဖြင့်ဖြတ်ဘိသကဲ့သို့၎င်း၊ သံပြားဖြင့် နှိပ်ဘိသကဲ့သို့ ၎င်းဖြစ်၏။ ထိုပုရောဟိတ်သည်ဝေဒနာသို့ရောက်၍ ထိုမှဤမှလူးလည်း၍ ကျယ်စွာသောအသံဖြင့်ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော်။ ငါသည် ငါ၏ကိုယ်တွင်း၌မရှိသော ဂုဏ်ကျေးဇူးကိုရှိ၏,ဟုမုသားဆို၍ ထိုနတ်သားကိုတောင်း၏။ ထိုငါသည်ဝေဒနာသို့ ရောက်၍ကိုယ်အလုံးတုန်လှုပ်၏။ ထိုပန်းကုံးတို့ကိုငါ၏ဦးခေါင်းမှပယ်ပါလော့ဟုဆို၏။ ထိုပန်းတို့ကိုပယ်အံ့သောငှါမတတ်နိုင်ကုန်။ သံပြားဖြင့်အပ်သကဲ့သို့ဖြစ်ကုန်၏။ ထိုအခါထိုပုရောဟိတ်ကိုချီ၍ အိမ်သို့ဆောင်ကုန်၏။ အိမ်၌ ထိုပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနှစ်နှစ်တို့သည် လွန်ကုန်၏။ မင်းသည်အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသောပုဏ္ဏားသည်သေလတ္တံ့ ၊ အဘယ်သို့ပြုကြကုန်အံ့နည်းဟုဆိုသည်ရှိသော်။ မြတ်သောမင်းကြီးတဖန် ပွဲသဘင် ပြုသည်ရှိသော်၊ နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟုလျှောက်ကုန်၏။ မင်းသည်ပွဲသဘင်ကိုပြုစေ၏။ နတ်သားတို့သည် တဖန်လာပြန်ကုန်၍ မြို့အလုံးကိုပန်းနံ့သာတို့ဖြင့် တစပ်ထည်းသောအနံ့ရှိသည်ကိုပြု၍ ရှေးအတူသာလျှင်မင်းရင်ပြင်၌ရပ်ကုန်၏။ လူများသည် စည်းဝေး၏။ သီလမရှိသောပုဏ္ဏားကိုဆောင်၍ နတ်သားတို့၏ရှေ့မှရင်ဖြင့်ဝပ်စေကုန်၏။ သီလမရှိသောထိုပုဏ္ဏားသည် အရှင်နတ်သားတို့။ အရှင်တို့သည် အကျွန်ုပ်အား အသက်ကို ပေးပါကုန်ဟု နတ်သားတို့ကိုတောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသောအမှုရှိသောသင်အား။ ဤပန်းတို့သည်မထိုက်မလျော်ကုန်။ သင်သည်ကားငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိ၏။ မိမိ၏ မုသာဝါဒအကျိုးကိုရ၏ဟု လူများအလယ်၌ဒုဿီလပုဏ္ဏားကိုကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအားအဆုံးအမပေး၍မိမိတို့၏အရပ်သို့လျှင်သွားကုန်၏။ ။

(ကက္ကရုဟူ၍၎င်း၊ ကက္ကာရုဟူ၍၎င်း နှစ်ထွေပါဠိရှိသည်တွင်။ တဏှံကရောတိ ဟိံသတီတိတဏှင်္ကရော၌ကဲ့သို့။ ကရဓာတ်၏ဟိံ သနအနက်ကိုယူ၍ ကာပုရိသေကရောတိဟိံသတီတိကက္ကာရု, ပြု၍ဏုပစ္စည်းသက်သော်ကက္ကာရုပင်လျော်သည်။ ကာပုရိသေ၊ သီလမရှိစက်ဆုပ်ဖွယ်သောသူတို့ကို။ ကရောတိ ဟိံ သတိ၊ ညှဉ်းဆဲတတ်၏၊ ဟုပေး)။ ။

ကက္ကာရုဇာတကံ ဆဋ္ဌံ။၃၂၆။