Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

313. Khantīvādījātakaṃ (4-2-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောတေဟတ္ထေစပါဒေစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္တိဝါဒီဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောအမျက်ထွက်တတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းသည်၊ရသေ့စဉ်းလဲ၊သင့်ခန္တိကို သင်သည်လျှင်ရွက်၍နေလော့ဟုဆို၍ ဘုရားလောင်းကိုရင်၌ခြေဖြင့်ကျောက်၍သွား၏။ ထိုမင်းသွားသည်ရှိသော်စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက်,ခြေ,နား,နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင့်၌ထည့်၍ဘုရားလောင်းကိုဖြည်းညင်းစွာထိုင်စေ၍ ရှိခိုးပြီးသော်တင့်အပ်စွာနေ၍၊ အသျှင်ဘုရား၊ အသျှင်ဘုရားတို့သည် အမျက်ထွက်လိုကုန်သည်ရှိသော်၊ အသျှင်ဘုရားတို့၌အပြစ်ပြုသောမင်းအားသာလျှင်အမျက်ထွက်ပါကုန်လော့။ တစ်ပါးသောသူတို့အား အမျက်မထွက်ပါကုန်လင့်ဟုတောင်းပန်လိုရကား။ ။

(၅၅၆)ယော တေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။

တဿ ကုဇ္ဈ မဟာ-ဝီရ၊မာ ရဋ္ဌံ ဝိနသ ဣဒံ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၅၅၆)မဟာ-ဝီရ၊ ကြီးသော လုံ့လရှိသော သျှင်ရသေ့။ ယော၊ အကြင်ကလာဗုမင်းသည်။ တေ၊ အသျှင်ရသေ့၏။ ဟတ္ထေစ၊ လက်တို့ကို၎င်း။ ပါဒေစ၊ ခြေတို့ကို၎င်း။ ကဏ္ဏ-နာသဉ္စ၊ နား-နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ တဿ၊ ထိုကလာဗုမင်းအား။ ကုဇ္ဈ၊ အမျက်ထွက်လော့။ ဣဒံရဋ္ဌံ၊ ဤနိပ္ပရာဓကာသိကတိုင်းကို။ မာဝိနာသ၊ မဖျက်ဆီးပါလင့်။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။

(၅၅၇)ယော မေ ဟတ္ထေ စ ပါဒေ စ၊ကဏ္ဏ-နာသဉ္စ ဆေဒယိ။

စိရံ ဇီဝတု သော ရာဇာ၊န ဟိ ကုဇ္ဈန္တိ မာဒိသာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၅၇)ယော၊ အကြင်ကလာဗုမင်းသည်။ မေ၊ ငါ၏။ ဟတ္ထေစ၊ လက်တို့ကို၎င်း။ ပါဒေစ၊ ခြေတို့ကို၎င်း။ ကဏ္ဏ-နာသဉ္စ၊ နား-နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သောရာဇာ၊ ထိုကလာဗုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေသတည်း။ မာဒိသာ၊ ငါသို့သသူပညာတူသောလူသမ္မာတို့သည်။ နဟိကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။ ။

မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏မြင်ကောင်းသောအရပ်ကို စွန့်သောကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော ဤမြေကြီးသည် ဂစီဖြင့်ဖွဲ့သော ပုဆိုးကဲ့သို့ကွဲ၏။ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကိုအမျိုးပေးသောကမ္ဗလာနီဖြင့်ရုံသကဲ့သို့ရုံ၍ယူ၏။ ထိုကလာဗုမင်းသည်ဥယျာဉ်တံခါး၌လျှင်မြေသို့ဝင်၍ အဝီစိငရဲကြီး၌တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့ ထိုဥယျာဉ်၌လျှင် လွန်၏။ မင်း၏ပရိသတ်တို့သည်၎င်း၊ပြည်သူတို့သည်၎င်းနံ့သာပန်းအခိုးအထုံလက်စွဲကုန်လျက်လာလတ်ကုန်၍ဘုရားလောင်း၏အလောင်းကိုသင်္ဂြိုဟ်ကုန်၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။

(၅၅၈)အဟုံ အတီတ-မဒ္ဓါနေ၊သမဏော ခန္တိ-ဒီပနော။

တံ ခန္တိယာယေ-ဝ ဌိတံ၊ကာသိရာဇာ အဆေဒယိ။

(၅၅၉)တဿ ကမ္မ-ဖရုသဿ၊ဝိပါကော ကဋုကော အဟု။

ယံ ကာသိရာဇာ ဝေဒေသိ၊နိရယမှိ သမပ္ပိတော။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။

(၅၅၈-၅၅၉)အတီတမဒ္ဓါနေ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းကျေးဇူးကိုပြတတ်သော။ သမဏော၊ ရသေ့ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရသေ့ကို။ ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ အဆေဒယိ၊ သတ်ဖြတ်စေပြီ။ ။

ကာသိရာဇာ၊ ကလာဗုမည်သော ကာသိမင်းသည်။ နိရယမှိ၊ အဝီစိငရဲကြီး၌။ သမပ္ပိတောပတိဋ္ဌိတော၊ တည်သည်ဖြစ်၍။ တဿကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်စွာသော မကောင်းမှုကံ၏။ ယံဝိပါကံ၊ အကြင်မကောင်းကျိုးကို။ ဝေဒေသိ၊ ခံစားရ၏။ သောဝိပါကော၊ ထိုမကောင်းကျိုးသည်။ ကဋုကော၊ ပြင်းထန်သောဆင်းရဲသည်။ အဟု၊ ဖြစ်ပြီ။ ။ (အဟုံအတီတမဒ္ဓါနေ,၌ ဆန်းအလို့ငှာ နိဂ္ဂဟိတ်လာသည်)။ ။

ခန္တိဝါဒီဇာတကံ တတိယံ။၃၁၃။