Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

333. Pakkagodhajātakaṃ (4-4-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တဒေဝမေတွံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂေါဓဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်မိဘုရားကြီးအား ဆုလာဘ်ပေးခြင်းမြတ်နိုးတနာပြုစေလို၍ မင်း၏အထံ၌နေ၍။ ရှင်မ၊ ကျွန်ုပ်တို့သည် အရှင်မတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်။ ရှင်မတို့သည်ကျွန်ုပ်တို့ကိုမကြည့်ကုန်ပြီလောဟုဆို၏။ ဘခင်ကျွန်ုပ်သည်လျှင် မင်း၏အထံမှ တစ်စုံတစ်ခုကိုမရ၊ ဘခင်အား အဘယ်ကိုပေးပါရအံ့နည်း။ မင်းသည်လည်း ယခုကျွန်ုပ်အား အဘယ်ကို ပေးလတ္တံ့နည်း။ တောမှလာ သောကာလ၌ ဖွတ်ကင်ကိုတစ်ယောက်ထည်းသာလျှင်စား၏ဟုဆို၏။ ရှင်မဤသို့မဆိုလင့်၊ မင်းသည်ဤသို့ မပြုပေရာဟု ဘုရားလောင်းဆို၏။ ထိုအခါဘုရားလောင်းကို မိဘုရားသည်။ ဘခင်၊ ထိုကာလဖြစ်သော အမှုသည် ဘခင်တို့အား မထင်ရှား။ ကျွန်ုပ်နှင့်မင်းအားသာလျှင် ထင်ရှား၏ဟုဆို၍။ ။

(၆၃၆)တဒေဝ မေ တွံ ဝိဒိတော၊ဝန-မဇ္ဈေ ရထေသဘ။

ယဿ တေ ခဂ္ဂ-ဗဒ္ဓဿ၊သန္နဒ္ဓဿ တိရီဋိနော။

အဿတ္ထ-ဒုမ-သာခါယ၊ပက္ကာဂေါဓါ ပလာယထ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၆၃၆)ရထေသဘ၊ ရထားစီးသူရဲတို့၏ အကြီးအမှူး ဖြစ်တော်မူသောအရှင်မင်းကြီး။ ဝနမဇ္ဈေ၊ တော၏အလယ်၌။ ခဂ္ဂဗန္ဓဿ၊ သန်လျက်ဘွဲ့ထသော။ သန္နဒ္ဓဿ၊ ချပ်တန်းဆာဘွဲ့ထသော။ တိရီဋိနော၊ သစ်ခွံအဝတ်ဝတ်ထသော။ ယဿတေ၊ အကြင်သင်မင်းကြီး၏။ ဂမနကာလော၊ ခရီးသွားသောအခါသည်။ အတ္ထိ၊ ရှိ၏။ တဒေဝတသ္မိံ ယေဝကာလေ၊ ထိုခရီးသွားသောအခါ၌လျှင်။ တွံ၊ အရှင်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား။ နအဒါသိ၊ မပေး။ အဿတ္ထဒုမသာခါယ၊ ညောင်ဗုဒ္ဓဟေခက်မှ။ ပက္ကဂေါဓာ၊ ဖွတ်ကင်သည်။ ပလာယထ၊ ပြေး၏ဟူ၍။ ဝဒေသိ၊ ဆိုတော်မူ၏။ ဧဝံ၊ ဤသို့သောအဖြစ်ကို။ တယာ၊ ရှင်မင်းကြီးသည်။ ဝိဒိတော၊ သိအပ်၏။ အညေပန၊ တစ်ပါးသောသူတို့မူကား။ တဿဘာဝံ၊ ထိုသဘောကို။ နဇာနန္တိ၊ မသိကြကုန်။ ။

ဤသို့မင်းပြုသောအပြစ်ကိုလူများအလယ်၌ထင်ရှားစွာပြု၍မိဘုရားဆို၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍။ ရှင်မ၊ မင်းသည် မချစ်သောကာလမှစ၍ နှစ်ယောက်သောသူတို့၏မချမ်းသာခြင်းကိုပြု၍အဘယ့်ကြောင့်ဤ၌နေသနည်းဟုဆို၍။ ။

(၆၃၇)နမေ နမန္တဿ ဘဇေ ဘဇန္တံ၊ကိစ္စာနုကုဗ္ဗဿ ကရေယျ ကိစ္စံ။

နာနတ္ထကာမဿ ကရေယျ အတ္ထံ၊အသမ္ဘဇန္တမ္ပိ န သမ္ဘဇေယျ။ ။

(၆၃၈)စဇေ စဇန္တံ ဝနထံ န ကယိရာ၊အပေတ-စိတ္တေန န သမ္ဘဇေယျ။

ဒိဇော ဒုမံ ခီဏ-ဖလံဝဉတွာ၊အညံ သမေက္ခေယျ မဟာ ဟိ လောကော။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၆၃၇-၆၃၈)ဒေဝိ၊ ရှင်မိဘုရား။ နမန္တဿ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ညွတ်သောသူအားသာလျှင်။ နမေ၊ အတုံ့ပြန်၍ညွတ်ရာ၏။ ဘဇန္တံ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ဆည်းကပ်သောသူသို့သာလျှင်။ ဘဇေ၊ အတုံ့ပြန်၍ ဆည်းကပ်ရာ၏။ ကိစ္စာနိ၊ မိမိ၌ပေါ်ထွက်သောအမှုကိစ္စတို့ကို။ ကြုဗ္ဗဿ၊ မှိုင်းမကြည့်ရှုပြုသောသူ၏သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ပြုရာ၏။ အနတ္ထကာမဿ၊ မိမိအစီးအပွါးကို အလိုမရှိသောသူ၏။ အတ္ထံ၊ အစီးအပွါးကို။ နကရေယျ၊ မပြုရာ။ အသမ္ဘဇန္တံပိ၊ မိမိသို့မဆည်းကပ်သောသူသို့လည်း။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ။

တသ္မိံ၊ ထိုမိမိစွန့်ပစ်သောသူ၌,(ထည့်)။ ဝနထံတဏှာသ္နေဟံ၊ တဏှာအားဖြင့် ချစ်ခြင်းကို။ နကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ တပ်စွန်းခြင်းကင်းသောစိတ်ဖြင့်။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ ဒိဇော၊ ငှက်သည်။ ခီဏဖလံ၊ ကုန်သောအသီးရှိသော။ ဒုမံ၊ သစ်ပင်ကို။ ဉတွာ၊ သိ၍။ အညံ၊ အသီးရှိသောသစ်ပင်ကို။ သမေက္ခေယျဣဝ၊ ကြည့်ရာသကဲ့သို့။ တထာ၊ ထိုအတူ။ ခီဏရာဂံ၊ ကုန်ပြီးသောတပ်ခြင်းရှိသော။ ပုရိသံ၊ ယောက်ျားကို။ ဉတွာ၊ သိ၍။ အညံ၊ တစ်ပါးသော။ သေယျံ၊ မြတ်သောသူသို့။ ဥပဂစ္ဆေယျ၊ ကပ်ရာ၏။ ဟိသစ္စံ၊ မှန်၏။ လောကော၊ လောကဓာတ်သည်။ မဟာ၊ ကျယ်စွာ၏။ ။

မင်းသည်ဘုရားလောင်းဆိုတိုင်းဆိုတိုင်းမိဘုရားကျေးဇူးကိုအောက်မေ့၍။ ရှင်မ၊ ဤမျှလောက်သော ကာလပတ်လုံး သင့်ကျေးဇူးကိုငါမအောက်မေ့။ ပညာရှိ၏စကားဖြင့်အောက်မေ့၏။ ငါ၏အပြစ်ကိုသည်းခံလော့။ အလုံးစုံသော ဤမင်းအဖြစ်ကိုသင့်အားသာလျှင်ပေး၏ဟုဆို၍။ ။

(၆၃၉)သော တေ ကရိဿာမိ ယထာနုဘာဝံ၊ကတညုတံ ခတ္တိယော ပေက္ခမာနော။

သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ၊ယဿိစ္ဆသီ တဿ တုဝံ ဒဒါမိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၆၃၉)ဒေဝိ၊ မိဘုရား။ ကတညုတံ၊ ကျေးဇူးသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုသော။ ခတ္တိယော၊ ရေမြေရှင်ဖြစ်သော။ သောအဟံ၊ ထိုငါသည်။ တေ၊ သင်အား။ ယထာနုဘာဝံ ယထာသတ္တိယထာဗလံ၊ အစွမ်းအလျောက်-အားအလျောက်။ ကရိဿာမိ၊ ပြုအံ့။ ယဿ၊ အကြင်စည်းစိမ်ကို။ တုဝံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုသင်အလိုရှိသောစည်းစိမ်ကို။ တေ၊ သင့်အား။ ဒဒါမိ၊ ပေး၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ အစိုးရသည့်အဖြစ်ကိုလည်း။ ဒဒါမိ၊ ပေး၏။ ။

ဤသို့ဆို၍မင်းသည် မိဘုရားအား အလုံးစုံသောစည်းစိမ်ကိုပေး၏။ ဤပညာရှိသည်မိဘုရား၏ ကျေးဇူးကိုအောက်မေ့၏ဟုပညာရှိအားလည်း များစွာသောစည်းစိမ်ကိုပေး၏။ ။ ယဿတဿ၌၊ကမ္မတ္ထဆဋ္ဌီတည်း။ ထို့ကြောင့်။ ယံတွံဣစ္ဆသိတံဒဒါမိ၊ဟု-အဋ္ဌကထာဖွင့်သည်။ ။

ဂေါဓဇာတကံ တတိယံ။၃၃၃။