Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

327. Kākavatījātakaṃ (4-3-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝါတိဝါယံတတော ဂန္ဓော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကာကဝတီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ၌ကား။ တစ်ခုသောဂဠုန်မင်းသည် လူ၏အသွင်ဖြင့်သွား၍ မင်းနှင့်တကွ ကြွေအန်ကစားလတ်သော်။ ကာကဝတီမိဘုရား၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကာကဝတီမိဘုရားကိုယူ၍ ဂဠုန်ပြည်သို့ ဆောင်၍ ထိုမိဘုရားနှင့်တကွ မွေ့လျော်၏။ မင်းသည် မိဘုရားကိုမမြင်လတ်သော်။ နဋကုဝေရမည်သော စောင်းသမားကိုမိဘုရားကို စုံစမ်းလော့ဟုဆို၏။ စောင်းသမားသည်စုံစမ်းလတ်သော် ထိုအကြောင်းကိုသိ၍၊ ဂဠုန်မင်းကိုစီး၍ အတောင်ကြားမှ ထွက်၍ တစ်ခုသောရေအိုင်ဝယ် ပြိတ်တော၌အိပ်၍။ ထိုပြိတ်တောမှ ဂဠုန်မင်း သွားသည်ကာလ အတောင်ကြား၌စီး၍ ဂဠုန်ပြည်သို့သွား၍ ကာကဝတီမိဘုရားနှင့်တကွ ကိလေသာ၏အစွမ်းအားဖြင့်ရောရှက်ခြင်းကိုပြု၍။ တဖန်ဂဠုန်မင်း၏ အတောင်ကြား၌ စီးလျက်လာ၏။ ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့်တကွ ကြွေအန်ကစားသောကာလ၌ စောင်းသမားသည်မိမိစောင်းကို ယူ၍ ကြွေအန်ကစားသောပွဲသို့သွား၏။ မင်း၏အထံ၌ရပ်လျက်သိသည်၏အစွမ်းအားဖြင့်။ ။

(၆၁၂)ဝါတိ ဝါ-ယံ တတော ဂန္ဓော၊ယတ္ထ မေ ဝသတီ ပိယာ။

ဒူရေ ဣတော ဟိ ကာကဝတီ၊ယတ္ထ မေ နိရတော မနော။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၆၁၂)ယတ္ထ၊ အကြင်ဂဠုန်ပြည်၌။ မေ၊ ငါ၏။ ပိယာ၊ မယားသည်။ ဝသတိ၊ နေ၏။ တတော၊ ထိုဂဠုန်ပြည်မှ။ အယံဂန္ဓော၊ ဤနတ်နံ့သာကိုလိမ်းကျံသောကာကဝတီမိဘုရား၏ ကိုယ်နံ့သည်။ ဝါတိဝ၊ လှိုင်သလျှင်ကတည်း။ ယတ္ထ၊ အကြင်ကာကဝတီမိဘုရား၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်၏။ ဝါ၊နိရတောလဂ္ဂေါ၊ ကပ်ငြိတပ်စွန်း၏။ (ဤကားဋီကာနက်)။ သာကာကဝတီ၊ ထိုကာကဝတီမိဘုရားသည်။ ဣတော၊ ဤဗာရာဏသီပြည်မှ။ ဒူရေ၊ ဝေးသောဂဠုန်ပြည်သာမောလက်ပံတော၌။ ဝသတိ၊ နေ၏။ ဟိကားအနက်မရှိ။ ။

ထိုစကားကိုကြား၍ဂဠုန်မင်းသည်။ ။

(၆၁၃)ကထံ သမုဒ္ဒမတရိ၊ကထံ အတရိ ကေပုကံ။

ကထံ သတ္တ သမုဒ္ဒါနိ၊ကထံ သိမ္ဗလိမာရုဟိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၆၁၃)တွံ၊ သင်သည်။ သမုဒ္ဒ၊ ဇမ္ဗူဒီပါကျွန်းဝန်းရံ၍တည်သော ဤသမုဒ္ဒရာကို။ ကထံအတရိ၊ အဘယ်သို့ကူးဘိသနည်း။ ကေပုကံ၊ ဇမ္ဗူဒီပါသမုဒြာမှပြင်ဘက်ဖြစ်သောကေပုကမည်သောမြစ်ကို။ ကထံအတရိ၊ အဘယ်သို့ကူးဘိသနည်း။ သတ္တသမုဒ္ဒါနိ၊ မြင်းမိုရ်နှင့်တောင်ခုနှစ်လုံးတို့၏အကြား၌တည်ကုန်သောသီတာသမုဒ္ဒရာခုနှစ်တန်တို့ကို။ ကထံအတရိ၊ အဘယ်သို့ကူးဘိသနည်း။ ဝါ၊ကထံကေနဥပါယေန အတရိ၊ အဘယ်သို့သောဥပါယ်ဖြင့် ကူးဘိသနည်း။ အတိက္ကမိတွာ၊ သမုဒ္ဒရာတို့ကို လွန်ပြီး၍။ ဌိတံ၊ တည်သော။ အမှာကံ၊ ငါတို့၏။ ဘဝနံ၊ ဗိမာန်ဖြစ်သော။ သိမ္ဗလိံ၊ ယူဇနာတစ်ရာမြင့်သော လက်ပံပင်ကြီးသို့။ ကထံအာရုဟိ၊ အဘယ်သို့သောဥပါယ်ဖြင့်တက်ဘိသနည်း။ ။

ထိုစကားကိုကြား၍ နဋကုဝေရစောင်းသမားသည်။ ။

(၆၁၄)တယာ သမုဒ္ဒမတရိံ၊တယာ အတရိ ကေပုကံ။

တယာ သတ္တ သမုဒ္ဒါနိ၊တယာ သိမ္ဗလိမာရုဟိံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၆၁၄)ဂရုဠ၊ ဂဠုန်မင်း။ အဟံ၊ ငါသည်။ တယာ၊ သင်ဖြင့်။ သမုဒ္ဒံ၊ ဇမ္ဗူဒီပါကျွန်းဝန်းရံ၍တည်သောဤသမုဒ္ဒရာကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ ကေပုကံ၊ ဇမ္ဗူဒီပါသမုဒ္ဒရာမှပြင်ဘက်ဖြစ်သောကေပုကမည်သောမြစ်ကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ သတ္တသမုဒ္ဒါနိ၊ မြင်းမိုရ်နှင့်တောင်စဉ်ခုနှစ်လုံး၏အကြား၌ တည်ကုန်သော သီတာ သမုဒ္ဒရာခုနှစ်တန်တို့ကို။ အတရိံ၊ ကူးပြီ။ တယာ၊ သင်ဖြင့်။ သိမ္ဗလိံ၊ ယူဇနာတစ်ရာမြင့်သောလက်ပံပင်ကြီးသို့။ အာရုဟိံ၊ တက်ပြီ။ ။

ထိုနောင်မှ ဂဠုန်မင်းသည်။ ။

(၆၁၅)ဓိရတ္ထုမံ မဟာ-ကာယံ၊ဓိ-ရတ္ထုမံ အ-စေတနံ။

ယတ္ထ ဇာယာယဟံ ဇာရံ၊အာဝဟာမိ ဝဟာမိစ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၆၁၅)ယတ္ထယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဇာယာယ၊ မယား၏။ ဇာရံ၊ သယောက်လင်ဖြစ်သောစောင်းသမားကို။ အာဝဟာမိစ၊ ဂဠုန်ပြည်သို့လည်းဆောင်ယူ၏။ ဝဟာမိစ၊ လူ့ပြည်သို့လည်းပို့ဆောင်၏။ တသ္မာ၊ ထို့ကြောင့်။ မဟာ-ကာယံ၊ ကြီးသောကိုယ်ရှိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ အ-စေတနံ၊ လေးသည့်အဖြစ်၊ပေါ့သည်အဖြစ်ကိုမသိသော။ မံ၊ ငါ့ကို။ ဓီရတ္ထု၊ ငါကဲ့ရဲ့၏။ ဝါ၊ ငါစက်ဆုပ်၏။ ။

(ကထံသမုဒ္ဒံတွံ ဣမံ ဇမ္ဗုဒီပသမုဒ္ဒံ,ဟုဖွင့်သောအဋ္ဌကထာကိုမြော်၍။ သမုဒ္ဒံ၊ ဇမ္ဗူဒီပါကျွန်းဝန်းရံ၍ တည်သော ဤသမုဒ္ဒရာကိုယောဇနာသည်။ ။ တဿပရတောကေပုကံနာမနဒိံ။ ဟူသည်ကိုမြော်၍။ ကေပုကံ၊ ဇမ္ဗူဒီပါသမုဒ္ဒရာမှပြင်ဘက်ဖြစ်သောကေပုကမည်သောမြစ်ကို, ယောဇနာသည်။ ။

ပဗ္ဗတန္တရေ သုဌိတာနိ သတ္တသမုဒ္ဒရာနိစကထံအတရိံကိုမြော်၍၊ သတ္တသမုဒ္ဒါနိ၊ မြင်းမိုရ်နှင့်တောင်စဉ်ခုနှစ်လုံးတို့၏ အကြား၌တည်ကုန်သော သီတာသမုဒ္ဒရာခုနှစ်တန်တို့ကို,ယောဇနာသည်။ ။ သိမ္ဗ မဏ္ဍလေ၊အလိ၊ အဿိ,ဟုအဘိဓာန်ဋီကာကိုရှု၍မသံယုဂ်နှင့်တတိယဗအက္ခရာသိမ္ဗလိ, ရေးရမည်။ ။ သဒ္ဒနီတိ၌ကား။ သဗိမဏ္ဍလေ,ဟူ၏။ ဣကာရန္တ ဓါတ်ဖြစ်၍ နိဂ္ဂဟိတ် လာသည်)။ ။

ကာကဝတီဇာတကံ သတ္တမံ။၃၂၇။