နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝနံယဒဂ္ဂိဒဟတိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂဇကုမ္ဘဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပျင်းရိသောရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ထိုလူပျင်းနှင့်တကွ စကားပြောလိုရကား။ အချင်းဂဇကုမ္ဘ၊ သင်တို့၏သွားခြင်းသည် နှေးလှစွာ၏။ ဤတောကိုတောမီးလောင်သည်ရှိသော်သင်တို့သည် အဘယ်သို့ပြုကုန်အံ့နည်းဟုဆို၍။ ။
(၆၈၄)ဝနံ ယဒဂ္ဂိ ဒဟတိ၊ပါဝကော ကဏှဝတ္တနိ။
ကထံ ကရောသိ ပစလက၊ဧဝံ ဒန္ဓ-ပရက္ကမော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဂဇကုမ္ဘသည်။ ။
(၆၈၅)ဗဟူနိ ရုက္ခ-ဆိဒ္ဒါနိ၊ပထဗျာ ဝိဝရာနိ စ။
တာနိ စေ နာဘိသမ္ဘောမ၊ဟောတိ နော ကာလ-ပရိယာယော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၈၆)ယော ဒန္ဓ-ကာလေ တရတိ၊တရဏီယေ စ ဒန္ဓတိ။
သုက္ခပဏ္ဏံဝ အက္ကမ္မ၊အတ္ထံ ဘဉ္ဇတိ အတ္တနော။ ။
(၆၈၇)ယော ဒန္ဓ-ကာလေ ဒန္ဓေတိ၊တရဏီယေ စ တာရယိ။
သသီဝ ရတ္တိံ ဝိဘဇံ၊တဿတ္ထော ပရိပူရတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၈၆-၆၈၇)ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြုသင့်သောကာလ၌။ တရတိ၊ လျင်မြန်စလိုတောက်တပိုပြု၏။ တရဏီယေစ၊ လျင်တောက်တပိုပြုသင့်သောကာလ၌လည်း၊ ဒန္ဓယိ ဂဇကုမ္ဘံကဲ့သို့လုံ့လမသည်းတဖြည်းဖြည်းပြု၏။ သော၊ ထိုသူသည်။ သုက္ခပဏ္ဏံ၊ ထန်းရွက်ခြောက်ကို။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ ယောက်ျားသည်။ အက္ကမ္မ၊ နင်း၍။ ဘဉ္ဇေယျယထာ၊ မုန့်မုန့်ညက်ညက်ဖျက်ဆီးရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အစီးအပွါးကို။ ဘဉ္ဇတိ၊ ဖျက်ဆီး၏။ ။
ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြုသင့်သောကာလ၌။ ဒန္ဓေတိ၊ အရေးမြော်တင်းလျက် ဖြည်းဖြည်းညင်းညင်းပြု၏။ တရဏီယေစ၊ လျင်တောက်တပိုပြုသင့်သောကာလ၌လည်း။ ကာရယိ၊ အလျင်အမြန်ပြု၏။ သသီ၊ ယုန်ရေးတံဆိပ်ရှိသောလမင်းသည်။ ရတ္တိံ၊ လကွယ်ပက္ခညဉ့်ကို။ ဝိဘဇံဝိဘဇန္တော၊ ကြည့်လျက်။ ဒိဝသေဒိဝသေ၊ နေ့တိုင်းနေ့တိုင်း။ ပရိပူရတိဣဝ၊ ပြည့်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တဿ ပုရိသဿ၊ ထိုသူ၏။ အတ္ထော၊ အစီးအပွားသည်။ ပရိပူရတိ၊ ပြည့်၏။ ။
ဂဇကုမ္ဘဇာတကံ ပဉ္စမံ။၃၄၅။