နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အဒေယျေသု ဒဒံ ဒါနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟာအဿာရောဟဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါအမတ်တို့သည်အမျက်ထွက်၍၊မင်းသားကို၊အရှင်မင်းသား၊ မင်းသည်တစ်ယောက်သော သူကြွယ်အားထက်ဝက်သော မင်းအဖြစ်ကိုပေး၍ ထိုသူကြွယ်နှင့်တကွစား၏၊သောက်၏၊ အိပ်၏၊ သူငယ်တို့ကို လည်းရှိခိုးစေ၏။ ဤမင်းသည်ပြုအပ်သောအမှုကိုအကျွန်ုပ်တို့သည်မသိပါကုန်။ မင်းသည်အသို့ပြုသနည်း၊ အကျွန်ုပ်တို့ကို ရှက်စေသလော၊မင်းအားဆိုပါလော့ဟု ဆိုကုန်၏။ မင်းသားသည်ကောင်းပြီဟုဝန်ခံ၍ထိုအလုံးစုံသောစကားကိုမင်းအားကြား၍၊ မြတ်သောမင်းကြီး၊ဤသို့မပြုလင့်ဟုဆို၏၊ အမောင်၊ငါစစ်ရှုံး၍အဘယ်၌နေသနည်းဟုတစ်ပါးသောသူတို့ကိုလည်းထို အကြောင်းကိုမေးကုန်၏လောဟုဆို၏မြတ်သောမင်းကြီး၊ မသိကုန်ဟု မင်းသားဆို၏။ ငါသည်ထိုယောက်ျား၏ အိမ်၌ နေလျက် ရောဂါကင်း၍လာ၍မင်းပြု၏ ဤသို့ငါ့အားကျေးဇူးပြုသောသူအား အဘယ့်ကြောင့် စည်းစိမ်ကိုမပေးအံ့နည်းဟုဆို၍၊အမောင်၊အကြင်သူသည် ပေးအပ်သောသူအားမပေး၊ထိုသူသည်ဘေးရန်သို့ရောက်၍ကျေးဇူးပြုသောသူကိုလည်းမရဟုပြလိုရကား။ ။
(၅၁၂)အ-ဒေယျေသု ဒဒန္တာနံ၊ဒေယျေသု နပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယံ နာ-ဓိဂစ္ဆတိ။ ။
(၅၁၃)အ-ဒေယျေသု အ-ဒေန္တာနံ၊ဒေယျေသု ယော ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယ-မဓိဂစ္ဆတိ။ ။
(၅၁၄)သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊အနရိယ-ဓမ္မေသု သဌေသု နဿတိ။
ကတဉ္စ အရိယေသု စ အဇ္ဇဝေသု၊မဟပ္ဖလံ ဟောတိ အနုံပိ တာဒိသု။ ။
(၅၁၅)ယော ပုဗ္ဗေ ကတ-ကလျာဏော၊အကာ လောကေ သုဒုက္ကရံ။
ပစ္ဆာ ကယိရာ န ဝါ ကယိရာ၊အစ္စန္တံ ပူဇနာ-ရဟော။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၅၁၂- ၅၁၅)တာတ၊ ချစ်သား။ ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေး၌ပေးကမ်းပေသောသူတို့အား။ ဝါ၊ ရှေး၌ ကျေးဇူးပြုဖူးပေသောသူတို့အား။ နပဝေစ္ဆတိ၊ မပေးမကမ်း။ အ-ဒေယျေသု၊ မိမိအားရှေး၌ မပေးမကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူးမပြုဖူးသောသူတို့အား။ ဒဒန္တာနံ၊ ပေးကမ်းတတ်ကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်းသင့်သောသူတို့အား မပေးကမ်း,မပေးကမ်းသင့်သော သူတို့အား ပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲ ဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နာဓိဂစ္ဆတိ၊ မရ။ ။
ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေးကပေးကမ်းဖူးပေသောသူတို့အား။ ဝါ၊ ရှေးကကျေးဇူးပြုဖူးပေသောသူတို့အား။ ပဝေစ္ဆတိ၊ ပေး၏။ အ-ဒေယျေသု၊ မိမိအားရှေး၌မပေးကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူး မပြုဖူးသောသူတို့အား။ အဒေန္တာနံ၊ မပေးမကမ်းကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်း သင့်သော သူတို့အားပေးကမ်း, မပေးကမ်းသင့်သောသူတို့အားမပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ မ,စမည့်သူအဆွေခင်ပွန်းကောင်းကို။ အဓိဂစ္ဆတိ၊ ရ၏။ ။
အနရိယဓမ္မေသု၊ မဖြူစင်သောအကျင့်ရှိကုန်သော။ သဌေသုကေရာဋိကေသု၊ စဉ်းလဲကောက်ကျစ်သောသူတို့၌။ ကတံ၊ ပြုအပ်သော။ သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊ အတူ တကွ ပေါင်းဖော်ခြင်း,အတူတကွ သုံးဆောင်ခြင်း၏ ကျေးဇူးအထူးကိုငါ့အားဤအသျှင်သည်ကောင်းစွာပြုဖူးပေ၏ဟုဖော်ပြခြင်းသည်။ နဿတိ၊ ပျောက်၏။ အရိယေသုစ၊ မိမိအားပြုဖူးသော ကျေးဇူးကိုသိတတ်သဖြင့် စင်ကြယ်သော အကျင့်ရှိသည်လည်း ဖြစ်ကုန်ထသော။ အဇ္ဇဝေသုစ၊ မကောက်ကျစ်မစဉ်းလဲဖြောင့်မတ်သည်လည်း ဖြစ်ကုန်ထသော။ တာဒီသု၊ ထိုသို့သဘောရှိသောသူတို့၌။ ကတဉ္စ၊ ပြုအပ်သောကျေးဇူးသည်ကား။ အနုံပိ၊ အနည်းငယ်ပင်ဖြစ်သော်လည်း။ မဟပ္ဖလံ၊ ကြီးမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ ။
ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ လက်ဦး၌။ ကတကလျာဏော၊ ကောင်းမြတ်သောကျေးဇူးကိုပြုဖူးပေသည်။ ဟောတိ၊ ဖြစ်၏။ လောကေ၊ လူ့ရွာ၌။ သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲသောအမှုကို။ အကာ အကာသိ၊ ပြုဖူးပေ၏။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးပြုသည်မူလည်းဖြစ်စေ။ နကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးမပြုသည် မူလည်းဖြစ်စေ။ တေနေဝ၊ ထိုပဌမလက်ဦးပြုဖူးသောကျေးဇူးဖြင့်ပင်လျှင်။ အစ္စန္တံ၊ စင်စစ်။ ပူဇနာရဟော၊ အလုံးစုံသောပူဇော်သက္ကာရကိုခံထိုက်လှပေပြီ။ ။
သဌကေတဝေ၊ဟိံသာသံကိလေသေသုစ။ သဌတိ။ သဌော၊သဌောတိကေရာဋိကော,ဟု သဒ္ဒနီတိမုဒ္ဓဇ-ဌကာရန္တဓာတ်ဝယ်လာရှိရကား ၊သဌေသု,လိုသည်။ ဒန္တဇ-ထ,နှင့်မလို)။ ။
မဟာအဿာရောဟဇာတကံ ဒုတိယံ။၃ဝ၂။