Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

315. Sabbamaṃsalābhajātakaṃ (4-2-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဖရုသာဝတတေဝါစာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသဗ္ဗမံသလာဘဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်သာရိပုတ္တရာမထေရ်သည် ဝမ်းကျဆေးသောက်ကုန်သော ရဟန်းတို့အား ပေးအပ်သော အမဲ အရသာဆွမ်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါတစ်နေ့သ၌ တစ်ယောက်သော မုဆိုးသည် များစွာသောအသားကိုရ၍ယာဉ်ကိုပြည့်စေ၍ရောင်းအံ့ဟုမြို့သို့လာ၏။ ထိုအခါဗာရာဏသီပြည်၌နေသောလေးယောက်ကုန်သော သူဋ္ဌေးသားတို့သည်မြို့မှ ထွက်၍တစ်ခုသောလမ်း၏ အနီး၌တစ်စုံတစ်ခု ကြားဖူးမြင်ဖူးသည်ကို ပြောဆိုကုန်လျက်နေကုန်၏။ ထိုလေးယောက်ကုန်သော သူဋ္ဌေးသားတို့တွင်တစ်ယောက်သောသူဋ္ဌေးသားသည် အမဲယာဉ်ကိုမြင်၍ထိုအမဲရောင်းသောမုဆိုးကို အမဲတုံးကိုပေးစေအံ့ဟုဆို၏။ သွားလော့ဆောင်ချေလော့ဟုဆိုကြကုန်၏။ ထိုသူဋ္ဌေးသားသည်မုဆိုးသို့ကပ်၍၊ ဟယ်မုဆိုး၊ငါ့အားအမဲတုံးကိုပေးလော့ဟုဆို၏။ မုဆိုးသည်၊အဆွေ၊တစ်စုံတစ်ခုကိုတောင်းသောသူမည်သည်ကား၊ချစ်ဖွယ်သော စကားကိုဆိုရာ၏။ သင်ဆိုအပ်သောစကားအားလျော်သောအမဲတုံးကိုရလတ္တံ့ ဟုဆို၍။ ။

(၅၆၄)ဖရုသာ ဝတ တေ ဝါစာ၊သမ္မ ယာစနကော အသိ။

ကိလောမ-သဒိသီ ဝါစာ၊ကိလောမံ သမ္မ ဒမ္မိ တေ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၅၆၄)သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ယာစနကော၊ တောင်းသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဝတ၊ စင်စစ်။ ဖရုသာ၊ ကြမ်း၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ကိလောမ-သဒိသီ၊ အမှေးနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ ကိလောမံ၊ အမှေးကို။ ဒမ္မိ၊ ပေးအံ့။ ။

ဤအမှေးကိုယူလော့။ သင့်စကားနှင့်တူသောအမှေးကိုငါပေး၏ဟုဆို၍အသားအသွေးမရှိသောအမှေးကိုယူ၍ပေး၏။ ။

ထိုအခါတစ်ယောက်သောသူဋ္ဌေးသားသည်၊ ထိုသူဋ္ဌေးသားကို အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏။ ဟယ်ဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း မုဆိုးကိုတောင်းအံ့ဟုဆို၍၊ သွား၍၊အစ်ကိုယ်ကြီး၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲတုံးကိုရလတ္တံ့ဟုဆို၍။ ။

(၅၆၅)အင်္ဂ-မေတံ မနုဿာနံ၊ဘာတာ လောကေ ပဝုစ္စတိ။

အင်္ဂ-ဿ သဒိသီ ဝါစာ၊အင်္ဂံ သမ္မ ဒဒါမိ တေ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၆၅)လောကေ၊ လူ့ရွာ၌။ ဘာတာ၊ ညီအစ်ကိုယ်ဟူသော။ ယဒိဒံယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ညီအစ်ကိုယ်ဟူသောဤစကားကို။ မနုဿာနံ၊ လူတို့၏။ အင်္ဂသဒိသတ္တာ၊ အင်္ဂါနှင့်တူသည်အဖြစ်ကြောင့်။ အင်္ဂ၊ ကိုယ်အင်္ဂါဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ အင်္ဂသဒိသီ၊ ကိုယ်အင်္ဂါနှင့်တူ၏။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ အင်္ဂံ၊ ကိုယ်သားကို။ ဒဒါမိ၊ ပေးအံ့။ ။

ဤသို့ဆို၍ကိုယ်သားကိုယူ၍ပေး၏။ ။

ထို သူဋ္ဌေးသားကို တစ်ယောက်သော သူဋ္ဌေးသားသည် အဘယ်သို့ဆို၍တောင်းသနည်းဟုမေး၏အစ်ကိုယ်ဆို၍ တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည် ငါလည်းမုဆိုးကိုအမဲတောင်းအံ့ဟုဆို၍၊ အဘ၊ငါ့အား အမဲတုံးကိုပေးပါဟုဆို၏။ မုဆိုးသည် သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။

(၅၆၆)တာတာ-တိ ပုတ္တော ဝဒမာနော၊သမ္မေတိ ဟဒယံ ပိတု။

ဟဒယ-ဿ သဒိသီ ဝါစာ၊ဟဒယံ သမ္မ ဒမ္မိ တေ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၅၆၆)တာတာတိ၊ အဘဟူ၍။ ဝဒမာနော၊ ဆိုသော။ ပုတ္တော၊ သားသည်။ ပိတု၊ အဘ၏။ ဟဒယံ၊ နှလုံးကို။ သမ္မေတိ၊ ငြိမ်းအေးစေ၏။ သမ္မ၊ အဆွေ။ တေ၊ သင်၏။ ဝါစာ၊ စကားသည်။ ဟဒယသဒိသီ၊ နှလုံးသားနှင့်တူ၏။ တေ၊ သင့်အား။ ဟဒယံ၊ နှလုံးသားကို။ ဒမ္မိ၊ ပေးအံ့။ ။

ဤသို့ဆို၍နှလုံးသားနှင့် တကွကောင်းသောအသားကိုပေး၏။ ။

ထိုသူဋ္ဌေးသားကိုလေးယောက်မြောက်ဖြစ်သောသူဋ္ဌေးသားသည် အဘယ်သို့ဆို၍ သင်တောင်းသနည်းဟုမေး၏။ အဘဆို၍တောင်း၏ဟုဆို၏။ ထိုသူဋ္ဌေးသားသည်ငါလည်း တောင်းအံ့ဟုဆို၍၊အဆွေခင်ပွန်း၊ ငါ့အားအမဲတုံးကိုပေးပါလော့ဟုဆို၏။ မုဆိုးသည်သင့်စကားအား လျော်သောအမဲကိုရလတ္တံ့ဟုဆို၍။ ။

(၅၆၇)ယဿ ဂါမေ သခါ နတ္ထိ၊ယထာ-ရညံ တထေဝ-တံ။

သဗ္ဗဿ-သဒိသီ ဝါစာ၊သဗ္ဗံ သမ္မ ဒဒါမိ တေ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၅၆၇)ယဿ၊ အကြင်သူအား။ ဂါမေ၊ ရွာ၌။ သခါ၊ အဆွေခင်ပွန်းသည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုသူ၏။ တံဌာနံ၊ ထိုအရပ်သည်။ အမနုဿံ၊ လူဆိတ်သော။ အရညံယထာ၊ တောကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ သုညံ၊ အဆွေခင်ပွန်းမှဆိတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ၊ သင်၏။ အယံဝါစာ၊ ဤစကားသည်။ သဗ္ဗဿသဒိသီ၊ စွန့်ကြဲအပ်သောအလုံးစုံသောမိမိဥစ္စာနှင့်တူ၏။ တသ္မာ၊ ထို့ကြောင့်။ သမ္မ၊ အဆွေ။ တေ၊ သင့်အား။ သဗ္ဗံ၊ ဤအလုံးစုံသောငါ၏ဥစ္စာအမဲကို။ ဒဒါမိ၊ ပေးအံ့။ ။

ဤသို့ဆို၍၊ အဆွေ၊ လာလော့၊ အလုံးစုံလျှင် ဖြစ်သော ဤယာဉ်၌ တင်သော အမဲကိုသင့်အိမ်သို့ဆောင်အံ့ဟုဆို၏။ သူဋ္ဌေးသားသည် မုဆိုးကို ယာဉ်ကိုနှင်စေလျက်၊ မိမိအိမ်သို့အမဲကို ဆောင်ခဲ့စေ၍ မုဆိုးအားပေးကမ်း ပူဇော်ခြင်းကိုပြု၍ မုဆိုး၏သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအမှုမှကြဉ်စေ၍ မိမိဥစ္စာအလယ်၌ နေစေလျက်၊ မုဆိုးနှင့်တကွ အဆွေခင်ပွန်း အဖြစ်မှမကွဲမပျက်သည်ဖြစ်၍ အသက်ထက်ဆုံး ညီညွတ်သင့်တင့်စွာနေကုန်၏။ ။ (အင်္ဂသဒိသီတေဝါစာ,ဆိုအပ်လျက်ဆန်းကိုငဲ့၍ဿဒွေးဘော်,သီ,၌ဤ,ကိုရဿပြု၍အင်္ဂဿသဒိသိ,ဆိုသည်။ ။ ဟဒယဿဒိသီ,၌ကား ရဿမပြုရပြီ။ သဿဧတဿသံသဗ္ဗဿံ။ ဿဒွေးဘော်ရောက်သည်။ ။

သဗ္ဗေနအတ္တနောသန္တကေနပိစာဂေနသဒိသီတိသဗ္ဗသသဒိသီ။ ဟူသောအနက်ကိုမှတ်ရမည်)။ ။

သဗ္ဗမံသလာဘဇာတကံပဉ္စမံ။၃၁၅။