Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

301. Cūḷakāliṅgajātakaṃ (4-1-1)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဝိဝရထိမာသံဒွါရံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠကလိင်္ဂဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လေးယောက်သော ပရိဗိုဇ်မိန်းမတို့၏ ရဟန်းပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

အဿကမင်း၏နန္ဒိသေနမည်သောအမတ်သည်ပညာရှိ၏။ လိမ်မာ၏။ အကြောင်းဥပါယ်ကိုသိ၏။ ထိုနန္ဒိသေနအမတ်သည်၊ ဤမင်းသ္မီးတို့သည် အလုံးစုံသောဇမ္ဗူဒိပ်ကိုလှည့်လည်၍စစ်ထိုးဖက်ကိုမရကုန်။ ဤသို့ဖြစ်သော်ဇမ္ဗူဒိပ်သည် အချည်းနှီးမည်သည်ဖြစ်၏။ ငါသည်ကလိင်္ဂမင်းနှင့် တကွစစ်ထိုးအံ့ဟုကြံ၏။ ကြံပြီး၍ထိုနန္ဒိသေနအမတ်သည်မြို့တံခါးသို့သွား၍တံခါးစောင့်တို့ကိုခေါ်၍ထိုမင်းသ္မီးတို့အားတံခါးဖွင့်စိမ့်သောငှါ။

(၅၀၈)ဝိဝရထိ-မာသံ ဒွါရံ၊နဂရံ ပဝိသိတုံ မယာ။

အရုဏ-ရာဇဿ သီဟေန၊ သုသိဋ္ဌေန နန္ဒိသေနေန။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၅၀၈)ဣမာသံ၊ ဤမင်းသ္မီးတို့အား။ နဂရံ၊ မြို့သို့။ ပဝိသိတုံ၊ ဝင်စိမ့်သောငှါ။ အရုဏ-ရာဇဿ၊ အရုဏမည်သောမင်း၏။ သီဟေန၊ ပုရိသသီဟဖြစ်သော။ သုသိဋ္ဌေန၊ ဆရာတို့သည်ကောင်းစွာဆုံးမအပ်ပြီးသော။ နန္ဒိသေနေန၊ နန္ဒိသေနမည်သော။ မယာ၊ ငါသည်။ ပေသိတာ၊ စေအပ်ကုန်သော။ တုမှေ၊ သင်တံခါးစောင့်တို့သည်။ ဒွါရံ၊ တံခါးကို။ ဝိဝရထ၊ ဖွင့်ကြကုန်။ ။

ကလိင်္ဂမင်းပြေးသည်ကိုမြင်၍ တစ်ထောင်ကုန်သော အမတ်တို့သည် ကလိင်္ဂမင်းငမွဲ စစ်ပွဲမှရှုံး၍ပြေးလတ်ပြီဟု ပဲ့တင်ထပ်အောင် ကြော်ငြာကုန်၏။ ကလိင်္ဂမင်းသည်သေဘေးမှကြောက်၍ ပြေးလတ်သော်၊ထိုရသေ့ကိုဆဲရေးလိုရကား။ ။

(၅၀၉)ဇယော ကလိင်္ဂါန အ-သယှ-သာဟိနံ၊ပရာဇယော အနွိတော အဿကာနံ။

ဣစ္စေ-ဝ တေ ဘာသိတံ ဗြဟ္မစာရိ၊န ဥဇ္ဇုဘူတာ ဝိတထံ ဘဏန္တိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၀၉)ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကိုကျင့်သောရသေ့။ တေ၊ သင်ရသေ့သည်။ အသယှသာဟီနံ၊ သူတစ်ပါးတို့သည် နှိမ်နင်းလွှမ်းမိုးနိုင်ခဲသောတစ်ဖက်ရန်သူရဲမက်ဗိုလ်ထုကိုနှိမ်နင်းလွှမ်းမိုးချိုးဖျက်အောင်မြင် နိုင်ကုန်သော။ ကလိင်္ဂါနံ၊ ကလိင်္ဂတိုင်းသားတို့၏။ ဇယော၊ အောင်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အဿကာနံ၊ အဿကတိုင်းသားတို့၏။ ပရာဇယော၊ ရှုံးခြင်းသည်။ အနွိတော၊ အစဉ်တစိုက်လိုက်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣစ္စေဝဣတိဧဝ၊ ဤသို့မမှန်မကားချွတ်ယွင်းသောစကားကိုသာလျှင်။ ဘာသိတံ၊ ဆိုအပ်၏။ ဥဇုဘူတာ၊ ကိုယ်နှုတ်နှလုံးသုံးပါး၊မြားကဲ့သို့ဖြောင့်စွာဖြစ်သော သူတော်ကောင်းတို့မူကား။ ဝိတထံ၊ သည်ကဲ့သို့ချွတ်ယွင်းသောစကားကို။ နဘဏန္တိ၊ မဆိုကုန်။ ။

ဤသို့ထိုကလိင်္ဂမင်းသည်ရသေ့ကိုဆဲရေးလျက်ပြေး၍မိမိမြို့သို့လျှင်သွား၏။ ပြန်၍ကြည့်အံ့သောငှာလည်းမဝံ့။ ထိုနောင်မှနှစ်ရက်သုံးရက်လွန်သဖြင့်သိကြားသည်ရသေ့အထံသို့လာ၏။ ရသေ့သည်သိကြားနှင့် တကွစကားပြောဆိုလိုရကား။ ။

(၅၁၀)ဒေဝါ မုသာဝါဒ-မုပါတိဝတ္တာ၊သစ္စံ တထ-ပေမ-ကရံ နုသက္က။

တ-န္တေ မုသာ ဘာသိတံ ဒေဝ-ရာဇ၊ကိံ ဝါ ပဋိစ္စ မဃဝါ မဟိန္ဒ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၅၁၀)သက္က၊ သိကြားမင်း။ ဒေဝါ၊ နတ်တို့သည်။ မုသာဝါဒံ၊ မုသာဝါဒကို။ ဥပါတိဝတ္တာ၊ လွန်ကုန်သည်မဟုတ်လော။ (မုသာဝါဒမပြောမဆိုသည်မဟုတ်လောဟူလိုသည်)။ သစ္စံ၊ မှန်သော။ တထံ၊ မချွတ်မယွင်းသောစကားသည်။ ပေမကရံနု၊ သူတော်ကောင်းတို့၏ချစ်မြတ်နိုးခြင်းကို ပြုတတ်သည်မဟုတ်လော။ ဒေဝရာဇ၊ နတ်တို့၏မင်းဖြစ်သော သိကြားမင်း။ အတ္ထဘဉ္ဇနကမုသာဝါဒံ၊ စီးပွါးချမ်းသာကို ဖျက်ဆီးတတ်သော မုသာဝါဒကို။ ကထေန္တေန၊ ဆိုသော။ တေတယာ၊ သင်သည်။ ယံဝစနံ၊ အကြင်ကလိင်္ဂမင်းနိုင်လတ္တံ့, အဿကမင်းရှုံးလတ္တံ့ ဟူသောစကားကို။ မယှံ၊ ငါအား။ ဘာသိတံ၊ ဆိုအပ်၏။ တံဝစနံ၊ ထိုစကားကို။ တေတယာ၊ သင်သည်။ မုသာ၊ ချွတ်ယွင်းသောအားဖြင့်။ ဘာသိတံ၊ ဆိုအပ်၏။ မဟိန္ဒ၊ များစွာသော နတ်တို့ကိုအစိုးရသော။ မဃဝါ၊ သိကြားမင်း။ ကိံဝါ၊ အဘယ်အကြောင်းကိုမူလည်း။ ပဋိစ္စ၊ စွဲ၍။ တေတယာ၊ သင်သည်။ ဧဝံ၊ ဤသို့သောစကားကို။ ဘာသိတံနု၊ ဆိုအပ်ဘိသနည်း။ ။

ထိုစကားကိုကြား၍သိကြားမင်းသည်။ ။

(၅၁၁)နနု တေ သုတံ ဗြာဟ္မဏ ဘညမာနေ၊ဒေဝါ န ဣဿန္တိ ပုရိသ-ပရက္ကမဿ။

ဒမော သမာဓိ မနသော အ-ဘိဇ္ဇော၊အဗျဂ္ဂတာ နိက္ကမနဉ္စ ကာလေ။

ဒဠှဉ္စ ဝိရိယံ ပုရိသ-ပရက္ကမော စ၊တေနေ-ဝ အာသိ ဝိဇယော အဿကာနံ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၅၁၁)ဗြာဟ္မဏ၊ သျှင်ရသေ့။ တတ္ထဝစနေ၊ ကလိင်္ဂမင်းသည်အောင်လတ္တံ့,အဿကမင်းသည် ရှုံးလတ္တံ့, ဟူသောထိုစကားကို။ ဘညမာနေ၊ ငါသိကြားသည်ဆိုအပ်သော်လည်း။ ဒေဝါ၊ နတ်တို့သည်။ ပုရိသ-ပရက္ကမဿ၊ ယောက်ျားတော်တကာတို့၏ လုံ့လအားထုတ်ခြင်းအား။ နဣဿန္တိ၊ မငြူစူကုန်။ ဣတိဣဒံဝစနံ၊ ဤသို့သောစကားကို။ တေတယာ၊ သင်ရသေ့သည်။ နနုသုတံနသုတံကိံ၊ မကြားဖူးသလော။ ဝါ၊ မကြားဖူးယောင်တကား။ အဿကရညော၊ အဿကမင်း၏။ မဟာဝီရာနံ၊ ကြီးသောလုံ့လရှိကုန်သောရဲမက်တော်တို့၏။ ဝီရ-ကရဏ-ဝစနေန၊ ထမင်းသခင်အရှင့်အမှုတော်ကို စွန့်စွန့်စားစား အားထုတ်ကြဟု နန္ဒိသေနမတ် များတန်းခွန် သွန်သင်ဆုံးမသောစကားဖြင့်။ ဒမောစ၊ မိမိကိုယ်စိတ်ကို ဆုံးမခြင်းဟု ဆိုအပ်သောဒမသည်၎င်း။ မနသော၊ စိတ်၏။ အဘိဇ္ဇော၊ သူတစ်ပါးတို့သည် ဖျက်ဆီးခြင်းငှာ မတတ်နိုင်သော။ သမာဓိစ၊ မြဲမြံခိုင်ခန့်သည်ဖြစ်၍ အညီအညွတ်တည်တန့်သောဝီရိယသည်၎င်း။ ကာလိင်္ဂဿ၊ ကလိင်္ဂမင်း၏။ မနုဿာ၊ ရဲမက်တို့သည်။ ဝဂ္ဂါဝဂ္ဂါ၊ အစုအစု။ ဟုတွာ၊ ဖြစ်၍။ ဩသက္ကိံ သုယထာ၊ ဆုတ်နစ်ကုန်၏သို့။ ဧဝံတထာ၊ ထို့အတူ။ အနောသက္ကာနံ၊ အသက်မမှတ်၊ရေပြတ်သား စုပ်၊မဆုတ်မနစ်ကုန်သော။ တေသံ၊ ထိုနန္ဒိသေနကွပ်ဆုံးမသောအဿကမင်းရဲမက်တော်တို့၏။ အဗျဂ္ဂတာအဗျဂ္ဂတာယသမဂ္ဂဘာဝေန၊ အစုအစုဖရိုဖရဲမဟုတ်ဘဲတစ်လုံးတစ်ခဲညီညွတ်သည်၏အဖြစ်ဖြင့်။ ကာလေ၊ စစ်ကြီးတွေ့၍မရွေ့မဆုတ်အားထုတ်လုံ့လပြုသင့်သောကာလ၌။ နိက္ကမဉ္စ၊ သူ့ဗိုလ်ထုကို ဖျက်၍ထွက်မြောက်ကြောင်းဖြစ်သော လုံ့လသည်၎င်း။ ဝီရိယဉ္စ၊ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏ အဖြစ်တည်းဟူသောဝီရိယသည်၎င်း။ ဒဠှံ၊ သူတစ်ပါးတို့မဖျက်နိုင်ခိုင်ခန့်မြဲမြံသည်။ အဟောသိ၊ ဖြစ်ပြီ။ ပုရိသ-ပရက္ကမောစ၊ ယောက်ျားတော်တကာတို့၏အဆင့်ဆင့်သောကျေးဇူးအာနိသင်သို့ ရောက်ကြောင်းဖြစ်သော ကောင်းသော လုံ့လသည်လည်း။ တိရော၊ ခိုင်ခန့်တည်တန့်သည်။ အဟောသိ၊ ဖြစ်လတ်ပြီ။ တေနေဝကာရဏေန၊ ငါသိကြားမင်းရှုံးလိမ့်မဆိုသော်လည်းထိုဆိုအပ်ပြီးသောဒမော သမာဓိအစရှိသောအကြောင်းကြောင့်လျှင်။ အဿကာနံ၊ အဿကမင်းတို့၏။ ဝိဇယော၊ တစ်ဖက်ရန်ကိုလွှင့်မှုတ်၍ ချက်တဖြုတ်အောင်မြင်ခြင်းသည်။ အာသိ၊ ဖြစ်ပေသတည်း။ ။

(ပဝိသိတုံတယာဟူ၍၎င်း၊ပဝိသိတုံဘယာဟူ၍ ၎င်းရှိသည်ကားပါဌ်ပျက်။ မယာနန္ဒိသေနေန,ဟု၊အဋ္ဌကထာရှိရကား။ မယာ,သင့်သည်။ ထိုမင်း၏ကုလဒတ္တိယမယ်တော်ခမည်းတော်တို့ပေးအပ်သောအမည်သည်ကားအရုဏဖြစ်၍အရုဏရာဇဿ, ဟူသည်။ မင်းအဖြစ်၌တည်သောကာလတိုင်းအမည်အားဖြင့် အဿကတွင်ပြန်ရကားအဿကာနံဟူ,ပြန်သတည်း။ ။ ဇိဣစ္စေတဿဓာတုဿ ပရာပုဗ္ဗဿပယောဂေယောအသဟော သောအပါဒါနသညောဟောတိ၊ဤကဲ့သို့၊ အသယှသာဟိနံ,၌၊ သဟဓာတ်၏အနက်ကို မှတ်အပ်၏၊ သည်းခံခြင်းအနက်ကိုမလို။ အသယှသာဟီနန္တိ အသယှံဒုဿဟိတုံသမတ္ထာနံ၊ဟူသောအဋ္ဌကထာကိုမြော်၍အနက်ဆိုသည်။ ဣစ္စေဝတေဘာသိတံ, စသောပါဌ်ဝယ် အဓိပ္ပါယ်သော်ကား၊ မြတ်သော အကျင့်ကိုကျင့်၏ဟုဝန်ခံလျက် ရသေ့ပျက်သည် တံစိုးစားယူ၍ မအောင်မည့်သူကိုအောင်လမည်။ အောင်မည်သူကို ရှုံးလမည်ဟု၊အလုပ်အကြံမှောက်မှားအောင်မုသားဆိုသည်ဟု ဆဲရေးသည်။ ။

ဒေဝါမုသာဝါဒမုပါတိဝတ္တာ,ဝယ် အဓိပ္ပါယ်သော်ကား၊ နတ်တို့သည် မုသာဝါဒကို လွန်ကုန်သည်။ မုသားမဆိုကုန်သည်ဖြစ်ပါလျက် သင်သိကြားကား မုသားဆိုခဲ့သည်ဟူလိုသည်။ ။ ပေမတရံ,ဟု၊ဒန္တဇတ,နှင့်ရှိသည်ကားမသင့်၊ ကဏ္ဌဇ၊က,နှင့်လိုသည်။ တံတေမုသာဘာသိတံ,၌၊တံ,သည်ယံကိုငဲ့ရကား။ ယံတယာမယှံဘာသိတံအတ္ထဘဉ္ဇနကမုသာဝါဒံကထေန္တေန,ဟုထည့်ရပြန်သည်။ အလွန်သက်သက်အမြွက်မရှိဘဲကိုထည့်သည်မဟုတ်။ နနုတေသုတံဗြာဟ္မဏ ဘညမာနေ,စသည်၌န,ကားပဋိသေဓ၊နု,ကားကိံ သဒ္ဒါကဲ့သို့ပုစ္ဆာဇောတက။ တတ္ထဝစနေ,ကားပါဌသေသ။ ဒေဝါနဣဿန္တိ ပုရိသပရက္ကမဿ,ဝယ်အဓိပ္ပါယ်ကား၊ ငါသိကြားဆိုသော စကားမြဲစေရမည်ဟုသူ့ အလုပ်အကြံကိုမဖျက်။ အလုပ်အကြံအရည်အသွား ပယောဂအားဖြင့် ငါသိကြား၏ စကားကိုပင် ဖျက်ဆီးနိုင်ပေ၏ဟု နှစ် သက်သည်ပင် တမုံ့ ဟူလိုသည်။ သမာဓိသည်မနသော ခြားလျက် အဘိဇ္ဇောနှင့်အနက်စပ်ရကားမနသောအဘိဇ္ဇော အဘိဇ္ဇသမာဓိ,ဟု၊အဋ္ဌကထာဖွင့်သည်။ ။

အဘိဇ္ဇသမာဓိအညေဟိဘိန္ဒိတုံ အသမတ္ထသမဓီတိဝုတ္တံဟောတိ၊သမာဓီတိအတြဝီရိယံဝဒတိ,ဟု၊ ဋီကာမြင်၍ ယခင်အနက်ကိုယောဇနာသည်။ သမာဓိ,သည်ဧကဂ္ဂတာကိုမဟော၊ဤ၌ဝီရိယကိုဟေါပေသည်ဟုရခေါင်ရခဲမြဲစွာမှတ်ကြပါ။ အဗျဂ္ဂတာ,၌ပိဝိဓအဂ္ဂံအာရမ္မဏံ ဧတဿာတိဗျဂ္ဂေါ။ နဗျဂ္ဂေါအဗျဂ္ဂေါ။ အဗျဂ္ဂဿဘာဝေါအဗျဂ္ဂတာပြု,၍ ဧကဂ္ဂတာသမာဓိကိုမကောက်ရ။ နဝဂ္ဂါအဝဂ္ဂါ။ အဝဂ္ဂါနံဘာဝေါအဝဂ္ဂတာ,ဆိုလိုလျက်၊ ရ,အက္ခရာလာ၍၊ ဝ,ကိုဗ,ရေး၍၊ အဗျဂ္ဂတာ,နေသည်၊ထို့ကြောင့်အဗျဂ္ဂတာယယထာကလိင်္ဂဿမနုဿာ ဝဂ္ဂဝဂ္ဂါဟုတွာဩသက္ကိံသုအနောသက္ကာနံသမဂ္ဂဘာဝေန,ဟု၊အဋ္ဌကထာဖွင့်သည်။ အဗျဂ္ဂတာ,နောင်အာဝိကတာကဲ့သို့ ယ,ကျေသည်။ တနည်း။ ဝိဝိဓာအဂ္ဂါကောဋ္ဌာသာဗျဂ္ဂါ။ နဗျဂ္ဂါအဗျဂ္ဂါ,ပြု၍ အဝဂ္ဂနှင့်အဗျဂ္ဂနက်သမသည်။ နိက္ကမတိ ဧတေနာတိ နိက္ကမနံ,ပြု၍ ဗိုလ်ထုကို ဖျက်၍ ထွက်နိုင်ကြောင်းဝီရိယကိုရသည်။ ဝိဂတောဤရောစိတ္တသင်္ကောစော ဧတဿာတိဝီရော။ ဝီရဿ ဘာဝေါ ဝီရိယံ,ပြု၍ သူတစ်ပါးတို့ဖျက်ဆီးခြင်းငှါမတတ်နိုင် သံတိုင်ကဲ့သို့မြဲသောစိတ်ရှိရကား တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏အဖြစ်တည်းဟူသောလုံ့လကိုဝီရိယဟု ကောက်စေလို၍၊ အဘိဇ္ဇစိတ္တာနံဝီရိယံ,ဟု၊အဋ္ဌကထာဖွင့်ဆိုသည်။ အဋ္ဌကထာ၌၊ထိရော,ကားဒဠှံ၏အဖွင့်တည်း။ ဤသို့သောနည်းဖြင့်အဖွင့် အဋ္ဌကထာ,ဋီကာသဒ္ဒါနည်းကို စိစစ်၍ ထစ်ထစ်ခွခွ လောက်လောက် လားလားမှတ်သားလောက်အောင်နိဿရည်းနံစာရေးကုန်ရာသည်)။ ။

စူဠကာလိင်္ဂဇာတကံ ပဌမံ။၃၀၁။