နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒါသိ ဒါနာနိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိသယှဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုနောင်ခုနှစ်ရက်မြောက်သောနေ့၌ခုနှစ်ရက်အာဟာရပြတ်သော အလွန်သိမ်မွေ့သော မြက်ကိုထမ်းသော ထိုဝိသယှသူဋ္ဌေး၏ မျက်စိတို့သည် နဖူး၌နေပူခတ်သဖြင့်လည်ကုန်၏။ ဝိသယှသူဋ္ဌေးသည်သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မြက်ကိုဘိ၍လည်း၏။ ထိုအခါ သိကြားသည်ထိုသို့ပြုသောသူဋ္ဌေးကိုစူးစမ်းလိုရကား ထိုခဏ၌လျှင် လာလတ်၍ ကောင်းကင်၌ရပ်၍။ ။
(၆၆၄)အဒါသိ ဒါနာနိ ပုရေ ဝိသယှ၊ဒဒတော စ တေ ခယ-ဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍ သင်သည်အဘယ်သူနည်းဟုမေး၏။ ငါသည်သိကြားတည်းဟုဆို၏။ ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍။ သိကြားမင်း၊ သကြားမည်သည်ကား ကိုယ်တိုင်အလှူပေး၍ သီလဆောက်တည်၍ ခုနှစ်ပါးသော ကျင့်ဝတ်တို့ကိုဖြည့်၍ သိကြားအဖြစ်သို့ရောက်၍သင်သည်ကား မိမိ၏အစိုးရခြင်းကို ပြုတတ်သော အလှူပေးခြင်းကိုတားမြစ်၏။ ယုတ်မာသောအမှုကိုပြု၏ဟုဆို၏။ ။
(၆၆၅)အနရိယမရိယေန သဟဿနေတ္တ၊သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇ၊ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။ ။
(၆၆၆)ယေန ဧကော ရထော ယာတိ၊ယာတိ တေနာပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္တံ၊ဝတ္တံ တညေဝဝါသဝ။ ။
(၆၆၇)ယဒိ ဟေဿတိ ဒဿာမ၊အသန္တေ ကိံ ဒဒါမသေ။
ဧဝံဘူတာပိ ဒဿာမ၊မာ ဒါနံ ပမဒမှသေ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၆၅-၆၆၇)သဟဿနေတ္တ၊ တစ်ထောင်မျက်စိ အမြင်ရှိသော သိကြားမင်း။ အရိယေန၊ စင်ကြယ်သောအကျင့်ရှိသောငါသည်။ သုဒုဂ္ဂတေနာပိ၊ ဆင်းရဲသည်ဖြစ်စေကာမူ။ အနရိယံ၊ ယုတ်မာသောအလှူမပေးခြင်းအမှုကို။ အကိစ္စံ၊ မပြုအပ်ဟူ၍။ အရိယာ၊ ဘုရားအစရှိသောအရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။ ဒေဝရာဇ၊ နတ်မင်း။ ယံဘောဂဟေတု၊ အကြင်စည်းစိမ်ဟူသောအကြောင်းကြောင့်။ မယံ၊ ငါတို့သည်။ သဒ္ဓံ၊ ကံကံ၏အကျိုးကိုယုံကြည်၍ အလှူပေးလိုသော သဒ္ဓါတရားကို။ ဝိဇဟေမု၊ စွန့်ရကုန်ငြားအံ့။ တံဓနံ၊ ထိုဥစ္စာသည်။ မာအဟု၊ မဖြစ်စေသတည်း။ ။
(တေတိနိပါတမတ္တံ)။ ။
ဝါသဝ၊ သိကြားမင်း။ ယေနမဂ္ဂေန၊ အကြင်ခရီးဖြင့်။ ဧကော၊ တစ်ခုသော။ ရထော၊ ရထားသည်။ ယာတိ၊ သွား၏။ တေနမဂ္ဂေန၊ ထိုရှေ့ရထားသွားသောခရီးဖြင့်။ ပရောရထော၊ နောက်ဖြစ်သောရထားသည်။ ယာတိ၊ သွား၏။ မယာ၊ ငါသည်။ ပေါရာဏံဝတ္တံ၊ ရှေး၌ဖြစ်သောကျင့်ဝတ်ကို။ နိဟိတံ၊ ဆောက်တည်အပ်၏။ တညေဝဝတ္တံ၊ ထိုငါဆောက်တည်သော ဝတ်သည်သာလျှင်။ တိဋ္ဌတု၊ တည်စေ။ တုမှေ၊ သင်တို့သည်ကား။ မာတိဋ္ဌထ၊ မတည်ကုန်လင့်။ ။
ယဒိဟေဿတိ၊ အကယ်၍ဥစ္စာရှိသည်ဖြစ်ငြားအံ့။ ဒဿာမ၊ လှူကုန်အံ့။ အသန္တေ၊ ဥစ္စာမရှိသော်။ ကိံဒဒါမသေ၊ အဘယ်ကိုလှူရအံ့နည်း။ ဧဝံဘူတာပိ၊ ဤသို့မြက်ရိတ်ရကုန်သော်လည်း။ ဒဿာမ၊ လှူကုန်အံ့။ ဒါနံ၊ အလှူပေးခြင်းကို။ မာပမဒမှသေ၊ မမေ့မလျော့ကုန်။ ။ ။
သိကြားမင်းသည် ဘုရားလောင်းကို တားမြစ်အံ့သောငှါမတတ်နိုင်ရကား။ အဘယ်အကျိုးငှါအလှူပေးသနည်းဟုမေး၏။ ဘုရားလောင်းသည် ငါကားသိကြားအဖြစ်ကို တောင့်တ၍လည်းအလှူမပေး။ ဗြဟ္မာ့အဖြစ်ကိုတောင့်တ၍လည်းအလှူမပေး။ သဗ္ဗညုတညာဏ်ကိုကား တောင့်တ၍ အလှူပေး၏ဟုဆို၏။ သိကြားမင်းသည် ဘုရားလောင်း၏စကားကိုကြား၍ နှစ်သက်၍လက်ဖြင့်ကျောက်ကုန်းကိုဆုပ်နယ်၏။ ထိုခဏ၌လျှင် စားရဘိသကဲ့သို့ ဘုရားလောင်း၏ ကိုယ်အလုံးသည်ပြည့်၏။ သိကြားအာနုဘော်ဖြင့်လည်း ဘုရားလောင်း၏အလုံးစုံသော စည်းစိမ်အခြံအရံသည် ပကတိလျှင်ဖြစ်၏။ သိကြားမင်းသည်၊ သူဋ္ဌေးကြီး၊ သင်သည်ယနေ့ မှစဉ် နေ့တိုင်း နေ့တိုင်း တစ်သန်းနှစ်သိန်းကုန်သောအသပြာတို့ကိုစွန့်လျက် အလှူကို ပေးလော့ဟုဆို၍ ဘုရားလောင်း၏အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာကိုပြု၍ ဘုရားလောင်းကိုလွှတ်လိုက်၍ မိမိနေရာသို့လျှင်သွား၏။ ။
ဝိသယှဇာတကံ ဒသမံ။ ။ ကောကာလိကဝဂ္ဂေါ စတုတ္ထော။၃၄၀။