နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အရညာဂါမမာဂမ္မ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအရညဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အပျိုကြီးဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။
ရသေ့ငယ်သည်လည်း အဘလာသည်ရှိသော်။ ။
(၆၉၆)အရညာ ဂါမမာဂမ္မ၊ကိံသီလံ ကိံဝတံ အဟံ။
ပုရိသံ တာတ သေဝေယျံ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုအခါရသေ့ငယ်အားအဘသည် အဆုံးအမပေးလို၍။ ။
(၆၉၇)ယော တံ ဝိဿာသယေ တာတ၊ဝိဿာသဉ္စ ခမေယျ တေ။
သုဿူသီ စ တိတိက္ခီ စ၊တံ ဘဇေယျာသိတော ဂတော။ ။
(၆၉၈)ယဿ ကာယေန ဝါစာယ၊မနသာ နတ္ထိ ဒုက္ကဋံ။
ဥရသီဝ ပတိဋ္ဌာယ၊တံ ဘဇေဟိ ဣတော ဂတော။ ။
(၆၉၉)ဟလိဒ္ဒိရာဂံ ကပိ-စိတ္တံ၊ပုရိသံ ရာဂ-ဝိရာဂိနံ။
တာဒိသံ တာတ မာ သေဝိ၊နိမ္မနုဿမ္ပိ စေ သိယာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၉၇-၆၉၉)တာတ၊ ချစ်သား။ ယောပုရိသော၊ အကြင်သူသည်။ တံ၊ ချစ်သားကို။ ဝိဿာသယေ၊ ရွံရှာမရှိအကျွမ်းဝင်၏။ ယောစ၊ အကြင်သူသည်လည်း။ အတ္တနိ၊ မိမိ၌။ ဝိဿာသေ၊ အကျွမ်းဝင်ခြင်းကို။ တေ၊ သင်သည်။ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်။ နိရာသင်္ကော၊ ရွံရှာမရှိသည်ဖြစ်၍။ တေ၊ သင်၏။ တံဝိဿာသံ၊ ထိုအကျွမ်းတဝင်ပြုသောအမှုကို။ ခမေယျ၊ နှစ်သက်ရာ၏။ ယောစ၊ အကြင်သူသည်လည်း။ တဝ၊ သင်၏။ ဝိဿာသဝစနံ၊ အကျွမ်းတဝင်ဆိုသောစကားကို။ သုဿူသီ၊ နာခံခြင်းအလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ယောစ၊ အကြင်သူသည်လည်း။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ အပရာဓံ၊ အပြစ်ကို။ တိတိက္ခီ၊ သည်းခံခြင်းအလေ့ရှိသည်။ ဟောတိ၊ ၏။ တံပုရိသံ၊ ထိုဆိုအပ်ပြီးသောလေးယောက်သောသူကို။ ဣတော၊ ဤတောအရပ်မှ။ ဂတော၊ ရွာသို့ရောက်သည်ရှိသော်။ တွံ၊ ချစ်သားသည်။ ဘဇေယျာသိ၊ ဆည်းကပ်မှီဝဲလေလော့။ ။
တာတ၊ ချစ်သား။ ယဿပုရိသဿ၊ အကြင်သူအား။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ နှုတ်ဖြင့်၎င်း။ မနသာ၊ စိတ်ဖြင့်၎င်း။ ကတံ၊ ပြုအပ်သော။ (ထည့်)။ ဒုက္ကဋံ၊ မကောင်းမှုအကုသိုလ်သည်။ နတ္ထိ၊ မရှိ။ တံပုရိသံ၊ ထိုကိုယ်နှုတ်နှလုံးသုံးပါးဖြင့်မကောင်းမှုကိုမပြုသောသူကို။ တွံ၊ သင်ချစ်သားသည်။ ဣတော၊ ဤတောအရပ်မှ။ ဂတော၊ လူ့ပြည်အရပ်သို့သွားသည်ရှိသော်။ တဿ၊ ထိုကိုယ်နှုတ်နှလုံးသုံးပါးဖြင့်အကုသိုလ်တရားမမှားယွင်းသောသူ၏။ ဥရသိ၊ ရင်၌။ ပတိဋ္ဌာယ၊ တည်၍။ ဝဍ္ဎိတော၊ ကြီးပွါးသော။ ဩရသပုတ္တောဣဝ၊ ရင်သွေးရင်သားကဲ့သို့။ ဟုတွာ၊ ၍။ ဘဇေဟိ၊ ဆည်းကပ်မှီဝဲလေမောင်မင်း။ ။
တာတ၊ ချစ်သား။ ဟလိဒ္ဒိရာဂံ၊ နနွင်းဆိုးရည်ကဲ့သို့မမြဲသော စိတ်ရှိသောသူကို၎င်း။ ကပိစိတ္တံ၊ မျောက်စိတ်ကဲ့သို့ ဖြစ်လွယ်ပျက်လွယ် လျင်မြန်သောစိတ်ရှိသောသူကို၎င်း။ ရာဂဝိရာဂိနံ၊ ချက်တဖြုတ်တမဟုတ်မျှဖြင့်သာလျှင် ချစ်လွယ်မုန်းလွယ်ဖြစ်တတ်သောသူကို၎င်း။ တာဒိသံ၊ ထိုဆိုအပ်ပြီးသော သဘောရှိသော။ ပုရိသံ၊ ယောက်ျားကို။ သကလ ဇမ္ဗုဒီပတလံ၊ အလုံးစုံဇမ္ဗူကျွန်းခွင်မြေအပြင်သည်။ ကာယဒုစ္စရိတာဒိပိရဟိတဿ၊ ကာယဒုစရိုက်စသည်မှကင်းသော။ မနုဿဿ၊ လူ၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ နိမ္မနုဿမ္ပိ၊ မှီဝဲစရာလူမရှိသည်လည်း။ စေသိယာ၊ အကယ်၍ ဖြစ်စေကာမူ။ တွံ၊ ချစ်သားသည်။ မာသေဝိ၊ မမှီဝဲလေလင့်မောင်မင်း။ ။
(ဝိဿာသဉ္စစသောသုံးပုဒ်တို့၌ရှိသောစကိုယောစ၌ယှဉ်။ ။
တံဘဇေယျဣတောဂတော,ပါဌ်ရှိမူ၊ ပုရိသဝိပလ္လာသကြံရာ၏။ ။ ဘဇေယျာသိတောဂတော,ရှိမူ၊ ဝိပလ္လာသမကြံရပြီ၊ သင့်တော့သည်။ ။ အဋ္ဌကထာ၌လည်း။ တံဘဇေယျာသီတိတံပုရိသံဘဇေယျာသိပယိရုပါသေသိ,ရှိသော်ယုတ္တတရ ဖြစ်သတည်း)။ ။
အရညဇာတကံ အဋ္ဌမံ။၃၄၈။